21/02/2025
မြောက်ပြင်မှာ နေထိုင်ကြသော..
ကလေးငယ်တို့အတွက် လက်လွတ်မခံသင့်သော အခွင့်အရေးကောင်းတစ်ခု
-International School ကျောင်းများ၏ သင်ရိုးများနှင့် သင်ကြားရေးနည်းစနစ်များအား ထိတွေခွင့်မရသည့် အသက် ၅နှစ်မှ ၈နှစ်ကြား ကလေးငယ်များအတွက်.....
-တော်သော၊ထက်သော၊အရည်အချင်းပြည့်ဝသော...Teacherများ၏ဦးဆောင်မှုဖြင့်..
မေမေတို့ စိတ်ကျေနပ်မှု အပြည့်ရစေမည့် သင်ကြားရေး ပုံစံသစ်ဖြင့် ကလေးတို့ အရည်အသွေးတောက်ပြောင်လာစေရန် ...Talents Kids မှ ပြောင်းလဲပေးပါရစေရှင်!!!
-နွေရာသီတင်မက တစ်နှစ်တာပတ်လုံး ..ကျောင်းချိန်လွတ် တစ်ပတ် (၃)ရက်ပဲ အချိန်ပေးယုံနဲ့ မိမိတို့သားသားမီးမီးလေးတွေရဲ့ ပြောင်းလဲမှုကို မြည်းစမ်းကြည့်စေချင်ပါတယ်။
-ကျမတို့ရည်ရွယ်ချက်က ကလေးတွေ တောက်ပလာစေယုံသာ...
-သင်တန်းကြေးလေးက ကလေးမုန့်ဖိုးမျှသာ...
-တစ်ရက် ၂၀၀၀နှုန်းတောင် မကျတဲ့ သင်တန်းကြေးလေးနဲ့ ...ကလေးအရည်အသွေးမြှင့်ဖို့ ...ခုံနေရာလက်ဦးမှုယူဖို့တော့ မြန်ဖို့ လိုမယ်နော် ...မေမေတို့ရေ !!!
-English
-Maths
-Science.... (3)မျိုးပဲသင်မယ်။
March (1)ရက်နေ့စမယ် ရှင့်📣📣📣📣📣
👉-မေတ္တာကြေးနဲ့သင်တဲ့သင်တန်းလေးဖို့...ကလေးတွေတိုးတက်ရင် ကျမတို့ကျေနပ်ပြီ။
-မေတ္တာပေးလို့ မေတ္တာရ...ကလေးတိုင်းရဲ့ဘဝ အရောင်အသွေးစုံလင် လှပကြပါစေရှင်🩷🩷🩷🩷
အသေးစိတ်စုံစမ်းရန်
09269365592
09966226936
၇၅လမ်း၊၁၀လမ်းထောင့်
Talents Education Center
အောင်မြေသာဇံမြို့နယ်၊
မန္တလေးမြို့
15/02/2025
Master Thesis နှင့် Assignment ရေးသားရာမှာ လွယ်ကူစွာအခက်အခဲမရှိရေးသားနိုင်ရန်လမ်းညွှန်ပေးမည့် Mastering The Art of Academic Writing: Strategies for professional Success Course ကို March လမှာ Batch1 စတင်ဖွင့်လှစ်တော့မှာဖစ်ပါတယ်။📣📣📣📣
Mastering The Art of Academic Writing: Strategies for professional Success Course ကို ဘယ်သူတွေတက်ရောက်သင့်တာလဲ?📖📖
- MBA or Diploma သင်တန်းတခုတကိရောက်နေပြီး Paper နှင့် assignmentများရေးသားရာတွင် အခက်အခဲဖြစ်နေသူများ
-Assignment ရေးနည်း၊Group presentationတင်ဆက်ပုံများကို အသုံးအနှုန်းမှန်ကန်စွာ ရေးသားတတ်လိုသူများ တက်ရောက်သင့်ပါတယ်။
Mastering The Art of Academic Writing: Strategies for professional Success Course မှာဘာတွေသင်ယူရမှာလဲ.........
📚Method of Formal Writing
📚Applied for Research Methodology
📚A Brief Overview of the Assignment's Structure
📚Avoiding Plagiarism
📚How to prepare academic presentation
📚Method of Citations (referencing styles)
အစရှိတဲ့ဘာသာရပ်များကို Knowledge Navigator မှကျွမ်းကျင်သော ဆရာ/ဆရာမများနှင့် Onlineမှ Liveအနေနဲ့ တိုက်ရိုက် ထိရောက်စွာဖြင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။
သင်တန်းကာလ (၁)ကြာမြင့်မှာဖြစ်ပါတယ်။
သင်တန်းအကြောင်းကို အသေးစိတ်သိရှိလိုပါက Page Chat box (or) page ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 09785495463
🔔အစောဆုံးသင်တန်းအပ်နှံမည့် သင်တန်းသား/သူ (၁၀) ယောက် အတွက် early bird discount 99,000 ဖြင့်တက်ရောက် နိုင်မှာပဲဖြစ်ပါတယ်ရှင်။
သတ်မှတ်လူဦးရေမပြည့်ခင်အမြန်ဆုံး စာရင်းပေးသွင်းပြီးအပ်နှံနိုင်ပါပြီရှင်။
Duration: 1Month
Course Fees: (120000mmk)
Schedule : 8.3.2025
Weekend Class-Sunday( 7:00PM-8:00PM )
Enroll Now- 09-785495463
17/01/2025
“နှစ်သစ်အစမှာပဲ Business Management နဲ့ပတ်သက်သော ဘာသာရပ်များကို စတင်လေ့လာပြီး အောင်မြင်မှုတွေရယူလ်ိုသူများအတွက် 📚📚📚
“Business Foundations: A Beginner’s Guide to Management and Leadership” အတန်းကို တက်ရောက်ပြီး မိမိတို့၏ စီးပွားရေးစီမံခန့်ခွဲမှုစွမ်းရည်ကို မြှင့်နိုင်ပါပြီ။ 👩💻👩💻
Business Management ကို စတင်လေ့လာ သင်ယူလိုသူများအတွက် အခြေခံအကျဆုံးအကြောင်းအရာတွေ ကို သင်ကြားရေးဆိုင်ရာအတွေ့အကြုံရှိ ဝါရင့်ဆရာမကိုယ်တိုင် သင်ကြားပေးမှာဖြစ်လို့ စီးပွါးရေး စီမံခန့်ခွဲမှာဆိုင်ရာအကောင်းဆုံး အခြေခံ အုတ်မြစ် ကိုတည်ဆောက်ပြီး ဖြစ်ပါလိမ့်မယ်။
ဒီသင်တန်းကို ဘာကြောင့်ရွေးချယ်တက်ရောကါသင့်သလဲ?
✅ စီးပွားရေးစီမံခန့်ခွဲမှု၏ အခြေခံချက်များကို လေ့လာနိုင်ခြင်း
✅ လက်တွေ့အတွေ့အကြုံများနှင့် စီးပွါးစီခန့်ခွဲများအား လေ့လာနိုင်ခြင်း
✅ အတွေ့အကြုံမရှိပဲ business management အခြေခံ knowledge မလိုအပ်ပဲ စိတ်ဝင်စားမှုရှိသူတိုင်းအတွက် အထူးသင့်တော်ခြင်း
သင်တန်းတက်ရောက်ပြီးသင်ရရှိနိုင်မည့်အကျိုးကျေးဇူးများ
❗️စီးပွားစီမံခန့်ခွဲမှုကို ကောင်းစွာနားလည်ပြီး ထိရောက်စွာ စီမံခန့်ခွဲအသုံးချနိုင်ခြင်း။
❗️လူမှုဆက်သွယ်မှုနှင့် ပြဿနာဖြေရှင်းစွမ်းရည်များ။
❗️စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု၏ အခြေခံများကို ကောင်းစွာ ရရှိနိုင်မည်ဖြစ်ပါတယ်။
👩💻 ဘယ်သူတွေတက်ရောက်သင့်တာလဲ?
❗️စီးပွားရေးလုပ်ငန်း စတင်လိုသူများ
❗️ အလုပ်အကိုင် အရည်အချင်းမြှင့်တင်ချင်သူများ
❗️Business Management ကျောင်းသားလောင်းလျာများနှင့် စီးပွားရေးစီမံခန့်ခွဲမှုကို စိတ်ဝင်စားသူတိုင်း တက်ရောက်သင့်ပါတယ်ရှင်။
✅ သင့်အနာဂတ်ကို ယနေ့မှစပြီး အထိရောက်ဆုံး စီမံခန့်ခွဲနိုင်ဖို့ ယခုပဲစတင်အပ်နှံလိုက်ပါရှင်။
📅 သင်တန်းစတင်မည့်ရက်: 1.2.2025
👩💻သင်ကြားမှုပုံစံ: Zoom (Online Class)
💰 သင်တန်းကြေး: 120,000
သင်တန်းချိန် - 7:00 PM - 8:30 PM (Sat, Sun only)
Course Duration - 1 month
🔔အစောဆုံးသင်တန်းအပ်နှံမည့် သင်တန်းသား/သူ (၁၀) ယောက် အတွက် early bird discount 99,000 ဖြင့်တက်ရောက် နိုင်မှာပဲဖြစ်ပါတယ်ရှင်။
16/08/2023
Sales Management
Case နံပါတ် ၁
အင်တာဗျုးတစ်ခုတွင်ဖြစ်သည်။ အရောင်းဌာနအတွက် ခေါ်ခြင်းဖြစ်သည်။ အရောင်းဝန်ထမ်းလာလျှောက်သူကို အင်တာဗျူးသူက ဘောပင်တချောင်းပေးကာ သူ့ကိုရောင်းခိုင်းသည်။
လာလျှောက်သူက ဘောပင်ကိုယူပြီးအိတ်ထဲထည့်ထားလိုက်ပြီး ထထွက်မည့်ဟန် လုပ်သည်။
" ဟိတ် ဟိတ် ဘယ်သွားမလို့လည်း"
" ကျွန်တော်ပြန်တော့မလို့ပါ "
" အာ့ဆို ဘောပင်ထားခဲ့လေ"
" ဟုတ် ဘောပင် လိုချင်ရင်တော့ တချောင်းကို ၁၅၀ ပါ"
အင်တာဗျူးသူသဘောကျသွားပြီး ထိုလူငယ်အလုပ်ရသွားလေသည်။
ဒါကို direct line sales persuasion လို့ Sales Management မှာခေါ်ပါသည်။
Case နံပါတ် ၂
အင်တာဗျုးတစ်ခုတွင်ဖြစ်သည်။ အရောင်းဌာနအတွက် ခေါ်ခြင်းဖြစ်သည်။ အရောင်းဝန်ထမ်းလာလျှောက်သူကို အင်တာဗျူးသူက ဘောပင်တချောင်းပေးကာ သူ့ကိုရောင်းခိုင်းသည်။
လာလျှောက်သူကဘောပင်ကို အသာချထားပြီး မေးခွန်းစမေးသည်။
"မင်္ဂလာပါ ဦး က ဒီမှာ Department head ဆိုတော့ တော်တော်အရေးပါမှာပဲနော်။"
" အေး ဆိုပါတော့ကွာ"
"နေ့တိုင်းရော အရေးကြီးတဲ့မီတင်တွေ ဆုံးဖြတ်ချက်တွေ လက်မှတ်တွေလည်းထိုးရမှာပေါ့"
" အေးထိုးရတယ်"
" ဒီလိုအရေးကြီးတဲ့ လက်မှတ်တွေအတွက်ဆိုရင်တော့ သာမန်ဘောပင်နဲ့ထိုးမယ်ဆို ဘယ်ကောင်းမလည်းနော်။ အာ့လိုအရေးကြီးတဲ့လက်မှတ်တွေအတွက် တကယ့် CEO တွေ VIP တွေသုံးတဲ့ ကျွန်တော်တို့ company က product ဖြစ်တဲ့ ဟောဒီ ဘောပင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဘောပင်ဟာဆိုရင် ......."
အင်တာဗျူးသူသဘောကျသွားပြီး ထိုလူငယ်အလုပ်ရသွားလေသည်။
ဒါကို Sales and Sales Management မှာ Need basis selling ခေါ်ပါသည်။
14/08/2023
Management နဲ့ administration ဘာတွေကွာတာလည်း
Management ဆိုတာ အဖွဲ့အစည်းတခုအတွင်းမှာရှိတဲ့ လူတွေ အရာ၀တ္ထုပစ္စည်းတွေကိုစနစ်တကျစီမံခန့်ခွဲတာဖြစ်ပါတယ်။
Administration ဆိုတာကတော့ အဖွဲ့အစည်းတခုလုံးကို လူတစ်စုကနေစီမံခန့်ခွဲတာဖြစ်ပါတယ်။
Management က Functional level လို့ခေါ်တဲ့ ပြုလုပ်ဖော်ဆောင်ရတဲ့အပိုင်းဖြစ်ပြိး administration ကတော့ အာ့လို လုပ်ဆောင်ဖို့အတွက် အဓိက ကျတဲ့ ဆုံးဖြတ်ချက်တွေ ပေါ်လစီတွေချပေးရတဲ့ အပိုင်းဖြစ်ပါတယ်။
Management က ဝန်ထမ်းတွေနဲ့ ဆိုင်ပြီး administration ကတော့ ပိုင်ရှင်သို့ မဟုတ် BOD တွေနဲ့ပိုဆိုင်တာဖြစ်ပါတယ်။
Management က အလုပ်တွေကို ဘယ်သူက ဘယ်လိုလုပ်ရမလည်းပြောတာဖြစ်ပြီး administartion ကတော့ ဘယ်ချိန်နဲ့ ဘာလုပ်ရမယ်ဆိုတာညွှန်ပြတာဖြစ်ပါတယ်။
Management ရယ် administration ရယ်နဲ့ ပတ်သက်ရင် စတင်ပြောခဲ့ကြတာ industrial revolution လို့ခေါ်တဲ့ စက်မှုတော်လှန်ရေးကအစပြုခဲ့တာဖြစ်ပါတယ်။
Management ရယ် administration ရယ်နဲ့ ပတ်သက်ရင် နံမည်ကြိးတဲ့ ဂုရု ၂ ပါးရှိပါတယ်။ သူတို့ကတော့ Henry Fayol နဲ့ Fredrick Winslow Taylor ပဲ ဖြစ်ပါတယ်။
13/08/2023
Cause marketing
Cause mareting ဆိုတဲ့ စကားလုံးက ကျွန်တော်တို့အတွက် အသစ်အဆန်း ဖြစ်နေနိုင်ပေမယ့် ခင်ဗျားတို့ iPhone 7 plus red limited edition ကို ဝယ်ဖူးတယ်ဆိုရင်၊ Ooredoo ကနေ ရေဘေးလေဘေးအတွက် သင်ဘယ်လောက်လှူပြီးပါပြီဆိုတဲ့ SMS ရဘူးတယ်ဆိုရင် ခင်ဗျားက cause marketing campaign တခုခုမှာ ဝင်ပါပြီးသားဖြစ်သွားပါပြီ။
Cuase marketing ဆိုတာ စီးပွားရေးလုပ်ငန်းတခုခုက သူ့အတွက်အကျိုးအမြတ်ရဖို့ မားကတ်တင်းလုပ်ရင်း တခါတည်း လူမှုပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုနိုင်မယ့် အရာ၊ သတင်းစကားစတာတွေကို CSR နဲ့အညီ လုပ်ဆောင်ပေးသွားတာကို cuase marketing လို့ခေါ်ပါတယ်။
ကမ္ဘာမှာပထမဆုံးလို့ပြောရမယ့် cause marketing ကိုစခဲ့တာတော့ 7-eleven ပဲဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ မျိုးသုဉ်းခါနီး မျိုးစိတ်များကာကွယ်ရေးအတွက် National wildlif fedreation ကို မြေဝယ်ဖို့ 7-eleven ကနေပြီး အထူးပြုလုပ်ထားတဲ့ မတ်ခွက်ပေါင်း ၂ သန်းကိုရောင်းပေးခဲ့ပြီး တစ်ခွက်ရောင်းရတိုင်း ၁ ဆင့် ( 1 cent) ပေးခဲ့တာမို့ ဒေါ်လာ ၂၅၀၀၀၀ နီးပါးရရှိသွားခဲ့ပြီး မြေဝယ်ကာ ကြိုးဝိုင်းကန့်သတ်ထားနိုင်ခဲ့ပါတယ်။
Cause marketing ပုံစံတွေကတော့အမျိုးမျိုးရှိနိုင်ပြီး အများစုကိုခွဲကြည့်ရင် အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။
- [ ] Transactional campaign and non transactional campaign
တခုခုဝယ်ရင်သုံးစွဲရင် လှူပေးတာမျိုး ဥပမာ iPhone red edition for HIV patients, Ooredoo
ဒါမျိုးကို transactional ခေါ်ပြီး ဒီတိုင်းဘာမှလုပ်စရာမလိုပဲလှူတာကိုကျ non transactional ခေါ်ပါတယ်။
- [ ] Point of Sales Campaign
ဒါကတော့ ဝယ်ခြမ်းပြီးလို့ ငွေရှင်းကောင်တာမှာ အလှူခံပုံးသို့ recycle bag လိုမျိုးတွေဝယ်ခိုင်းတာမျိုး ထားတာမျိုးပါ။
- [ ] Message focus campaign
ဒါကတော့ ကိိုယ့် ကုန်ပစ္စည်းကိုကြော်ငြာရင်း သတိပြုမိဖွယ်သတင်းစကားတခုခုကို ထည့်ပြောပေးတာမျိုး။ အောက်ကပုံမှာဆို premier က ဧရာဝတီလင်းပိုင်တွေအတွက်လုပ်ပေးတာမျိုး
- [ ] Portion of sales
ရောင်းရငွေရဲ့တစိတ်တဒေသကို လှူပေးတာမျိုး
- [ ] Pin- ups
ဒါကတော့မြန်မာမှာသိပ်မတွေ့ရသေးဘူးထင်ပါတယ်။ တခုခုကိုလှူ နံမည်ထိုး ဆိုင်ထဲမှာချိတ်ပေးထားတာမျိုး။
- [ ] Buy one give one
ဒါလည်းသိပ်မတွေ့သေးဘူး။ တစ်ခုဝယ်ရင်ပုံစံတူတစ်ခုကို မရှိတဲ့လူတွေဆီလှူပေးတာမျိုး။ TOMS shoes ကတော့ အာ့လိုလုပ်ပေးနေတယ်။ တစ်ရံဝယ်ရင်ဆင်တူတစ်ရံကို လှူပေးတယ်။
- [ ] Volunteerism
ဒါကတော့ လုပ်အားနဲ့ကူတာပေါ့။ Clean Yangon လိုမျိုး။ခု Covid မှာ AYA က ဝန်ထမ်းတွေဝင်ကူသလိုမျိုး အဖွဲ့အစည်း အလိုက်ဝင်ပြီး ကူတာ။
- [ ] Digital Engagement
ဒါကတော့ အကြောင်းတခုခုနဲ့ပတ်သက်ပြီး digital နဲ့ social media မှာ ပိုပြီး ပျံ့နှံ့အောင် digital experience ရအောင် လုပ်ပေးတာမျိုး။ ဖြိုးပြည့်စုံတို့ရဲ့ Go Away Corona သီချင်းလိုမျိုးတွေပေါ့။
ကဲ ဒါကတော့ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသလို ကုသိုလ်လည်းရ sales and branding လည်းရတဲ့ Cause marketing အကြောင်းပါ။
ဒီထဲမှာ မထည့်မိတဲ့ Cause marketing campaignလေးတွေ တွေ့ဖူးရင်လည်း comment မှာ ပြောပေးသွားကြပါဦး။
Dr. Htet Lynn
11/08/2023
အင်တာဗျူးမှာ ပထမဆုံးမေးလေ့ရှိတဲ့ ကိုယ့်အကြောင်းလေးကိုယ်မိတ်ဆက်ပေးပါ ( tell me about yourself) ကိုဘယ်လိုဖြေမလည်း
အင်တာဗျူးတွေသွားဖြေတဲ့အခါ အမြဲတမ်းမေးလေ့ရှိတဲ့မေးခွန်းက ကိုယ့်အကြောင်းလေးကိုယ်မိတ်ဆက်ပေးပါဦးဆိုတာပါပဲ။
အာ့လိုမေးခံရရင် ခင်ဗျားတို့ ဘယ်လိုဖြေကြလည်း။
ကျွန်တော်နံမည်ကိုကျော်ကြီးပါ မန္တလေးမှာနေပါတယ်ဆိုပြီးစဖြေလား။ အာ့ဆိုဂွမ်းပြီသာမှတ်။ CV form ထဲမှာပါပြီးသားကိုဘယ်သူသိချင်မှာတုန်း။
ဒါမှမဟုတ် အမေနဲ့အဖေက ကျွန်တော့ကို မန္တလေးမှာမွေးပြီးမွေးချင်း ၅ ယောက်မှာ ကျွန်တော်ကျွန်မ အကြီးဆုံးပါ အာ့လိုကနေစလိုက်တာ မူလတန်းအလယ်တန်းအထက်တန်းတွေအကုန်အစုံပြောခဲ့လား။ နောက်ထပ် ဂွမ်းပြန်ပါပြီ။ မေးတဲ့ လူက အလုပ်ခန့်မယ့်လူ။ လဝက မဟုတ်ဘူးလေ။
အာ့ဆို ဘယ်လိုဖြေရမှာလည်း။ Dan Lok က သုံးချက်ပြောထားပါတယ်။
S သုံးလုံးပါ။
ပထမ S က Success! ခင်ဗျားတို့ရှေ့ကလုပ်ခဲ့တဲ့အလုပ်တွေကို ရှေ့နောက်အစီအစဉ်အလိုက်ပြောတဲ့အခါ အောင်မြင်မှုရရှိခဲ့တာတွေကိုရွေးပြောပါ။ ကြွားတာထက် ခင်ဗျားလုပ်ပေးခဲ့လို့ ကုမ္ပဏီမှာအောင်မြင်သွားတာတွေ၊ ပိုမို အမြတ်အစွန်းရခဲ့တာတွေ ပြောပါ။
ဒုတိယ S က Strengths! ခင်ဗျားရဲ့အားသာချက်တွေကိုပြောပါ။ အားသာချက်မှာ တင်းနစ်ရိုက်တာတော်တယ်တို့ ၊ ဘယ်လောက်သောက်သောက် မမူးဘူးတို့ဆိုတာထက် အလုပ်နဲ့ဆိုင်တဲ့ soft skills , hard skills တွေမှာကိုယ်က ဘယ်မှာအားသာပြီး ဒီအားသာချက်က လက်ရှိ လုပ်ငန်းခွင်မှာ ဘယ်လိုအကျိူးပြုနိုင်တယ်ဆိုတာ ပြောပါ။
နောက်ဆုံး S က Situation ပါ။ ခုလက်ရှိအလုပ်မှာ ခင်ဗျားလုပ်နေရတဲ့ အလုပ်၊ တာဝန်ယူမှု တာဝန်ခံမှု၊ team size ဆိုတာမျိုးတွေပြောရင်းနဲ့ ခုလာလျှောက်တဲ့ position မှာ ဘယ်လိုမျိုးမျှော်လင့်ထားပြီး ဘယ်လိုကူညီနိုင်မယ်ထင်လို့ဆိုတာမျိုးပြောပြပါ။
ခင်ဗျားကို အင်တာဗျူးတဲ့ လူက ခင်ဗျားရဲ့ ဘဝဇာတ်ကြောင်းထပ် ဒီအချက်တွေကိုပဲနားထောင်ချင်တာမို့ S သုံးလုံးကို ပြုံးပြုံးလေးပြောနိုင်ဖို့ ကြိုပြင်ဆင်ထားရင် အလုပ်ရဖို့တဝက်သေချာကြောင်းပြောချင်ပါတယ်။
ှာသင်ယူပါ
10/08/2023
3 M Strategy
ဟိုးတုန်းက အနောက်တိုင်းသားတွေကိုလိုနီနယ်ချဲ့ရင် 3 M ကိုသုံးတယ်လို့ပြောခဲ့ကြတယ်။
Missionary , Merchant နဲ့ Military ပေါ့။
ပထမဆုံး သာသနာပြုအဖွဲ့လွှတ်တယ်။ နောက်ကုန်သည်တွေလာတယ်။ နောက်ကမှ စစ်တပ်လိုက်လာတယ်။
ကျွန်တော်တို့ Marketing မှာလည်း ခုချိန် စီးပွားရေးနယ်ချဲ့ဖို့ 3 M လိုပါတယ်။
Market, Message နဲ့ Media ပါ။
ကိုယ့်ရဲ့ Target market အကြောင်း အူမချေးခါးမကျန်သိဖို့လိုပါတယ်။ Consumer behavior , Trends, Attitude စတာတွေပေါ့။
ဒုတိယက Message ပါ။ဘယ်လို branding message ကိုပေးမှာလည်း။ Message ကိုလွယ်လွယ်ပြောရင် Content + Context ပါ။ ကိုယ့် Target Market အတွက် Content ကို ဘယ်လို ရည်ရွယ်ချက် Context နဲ့ ဖန်တီးမလည်းပေါ့။
နောက်ဆုံးက Media ပါ။ ကိုယ့်market ကိုပေးမယ့် message ကို ဘယ် media ( ကြားခံ channel) တွေနဲ့ပို့ကြမလည်း။ ဘယ်လိုပေါက်အောင်လုပ်ကြမလည်းဆိုတာ စဉ်းစားရတော့မှာပါ။
ဒါကြောင့် ပြန်ပြောပါမယ်။ ကိုလိုနီနယ်ချဲ့ဖို့ 3 M ကို သုံးခဲ့ကြသလို ပြိုင်ဖက်တွေထက် ပိုမိုစီးပွားရေးနယ်ချဲ့နိုင် ဖို့ 3 M ကိုမမေ့ကြဖို့လိုပါတယ်။
09/08/2023
မားကတ်တင်းအဆင့် ၅ ဆင့်
ဖတ်ချိန် (၅-၈ မိနစ်)
Invent ➡️ Design ➡️ Tell a Story ➡️ Spread the word➡️ Show up regularly
Seth Godin ရဲ့ This is marketing ထဲက မားကတ်တင်းရဲ့ အဆင့် ၅ ဆင့်လေးကြိုက်လို့ ပြန်ရေးပြလိုက်ပါတယ်။
ပထမအဆင့်က လူတွေအတွက်အသုံးဝင်မယ့် အကျိုးပြုနိုင်မယ့် ယုတ်စွအဆုံး စကားထဲထည့်ပြောဖို့ တန်မယ်ထင်တဲ့ ကုန်ပစ္စည်းသို့ ဝန်ဆောင်မှု( Product or service) တစ်ခု ဖန်တီးပါ။ ( invent)
ဒုတိယအဆင့်က ဖန်တီးထားတဲ့ ကုန်ပစ္စည်းကို လူတွေအလွယ်တကူအသုံးပြုလို့ရအောင် အကျိုးရှိအောင် ပုံစံထုတ် ( design) လုပ်ပါ။ ( ဒီမှာ နည်းနည်းထပ်ပြောချင်တာက telephone ကို Alexander Graham Bell တီထွင်တယ်လို့ လူသိများကြပေမယ့် သူ့ရှေ့က စမ်းသပ်ခဲ့တဲ့လူတွေနံမည် ဘယ်သူမှမသိကြတော့တာ ဒီအကြောင်းကြောင့်ပါပဲ။ သူက တကယ်အသုံးပြုလို့ရတဲ့ model ကို စထွင်ခဲ့တာကိုး။ ဒီပုံစံအတိုင်းပါပဲ Edison ကိုလူသိများပေမယ့် တကယ့်ကျေးဇူးရှင် AC လျှပ်စစ် ဖခင် Nikola Tesla ကိုလူသိနည်းပါတယ်။) ( design)
တတိယအဆင့်အနေနဲ့ ထုတ်ထားတဲ့ product or services ကို တကယ်သုံးစွဲမယ့် မျှော်လင့်နေတဲ့လူတချို့သိဖို့ story တစ်ခုကိုဖန်တီးပြီးပြောပြပါ။ နောက်တနည်းပြောရင် ကိုယ့် product ကို လက်ခံမယ့် smallest viable market ကို ကိုယ့် product အကြောင်းသေချာသိအောင် ဖွင့်ပြောပြပါ။ ( tell a story)
စတုတ္ထအဆင့်အနေနဲ့ ကတော့ အာ့ လူနည်းစုကတွေနေတဆင့် လူအများစု စိတ်ဝင်စားမယ့် အချက်တွေကိုရွေးချယ်ပြီး လူသိများဖို့လုပ်ပါ။ ( spread the word)
နောက်ဆုံးအဆင့်ကတော့ marketer တွေမေ့လေ့ရှိတဲ့အရာပါပဲ။ စဉ်ဆက်မပြတ် အမြဲတမ်း ကိုယ့် product အကြောင်းကို ပြောနေပါ။ နှစ်စဉ်ဆက်တိုက် မပြတ်ပဲ ကိုယ့် product scope နဲ့ပတ်သက်ပြီး ဆက်သွယ်ပြောဆိုနေပါ။ ကိုယ့်ရဲ့ targeted customer တွေက ကိုယ့်ရဲ့ product အပေါ် confidence ရှိလာပြီး ယုံကြည်စွဲမြဲလာဖို့လုပ်ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်း brand အကုန်လုံးက တစ်နှစ် အတွင်း ဖြစ်လာတာမဟုတ်ဘူးဆိုတာ သတိရပါ။ ( show up regularly )
ကဲ နောက်ဆုံးပြန်ချုပ်ရရင် Seth Godin ပြောတဲ့ ငါးဆင့်က
Invent ➡️ Design ➡️ Tell a Story ➡️ Spread the word➡️ Show up regularly
Dr. Htet Lynn
08/08/2023
ငှက်တွေ ဘယ်လိုပျံကြလည်း
ညနေ နေဝင်အိပ်တန်းတက်ချိန်ဆို ကောင်းကင်ကိုမော့ကြည့်ဘူးလား။
ငှက်တွေ ပုံစံဖွဲ့ပြီးပျံနေတာတွေ့ရမယ်။ဘာလို့သူတို့အာ့လိုပျံနေကြတာလည်း။
ရှေ့ဆုံးက ခေါင်းဆောင်ငှက်နောက်ကို လိုက်ပျံကြလို့ပါ။ ဘာလို့ လိုက်ပျံကြလည်းဆိုတော့ ရှေ့က ခေါင်းဆောင်ငှက်က လေရဲ့ခုခံအားကို ခွင်းပေးတဲ့အခါမှာ နောက်ကလိုက်ပျံတဲ့ ငှက်တွေက သက်တောင့်သက်သာ ပျံလို့ရတာပေါ့။ အာ့လို တြိဂံပုံမပျံဘူးဆို ဆောင်းခိုငှက်တွေဟာ ဘယ်တော့ မှ အဝေးကြီးကို ပျံနိုင်မှာမဟုတ်တော့ဘူး။
Business မှာလည်းဒီလိုပါပဲ။ သာမန်လူတွေဟာ ခေါင်းဆောင် တယောက်က idea အသစ်အဆန်းတခုနဲ့ ထွက်လာမှာကို စောင့်ကြတယ်။ အသစ်အဆန်းတခု ရလာပြီဆို copy ကူးမယ်။ သက်တောင့်သက်သာနေမယ်။ ဒီလိုပဲတွေးကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ lookalike business လို့ခေါ်တဲ့ သူများဒါဆို ဒါလိုက်လုပ်တဲ့ business တွေများလာတာပဲဖြစ်ပါတယ်။ တွဲဖက် ( complementary) ဖြစ်တဲ့လုပ်ငန်းတွေကိုမစဉ်းစားပဲ idea အသစ်ယူလာမယ့် market leader ကိုစောင့်တာများပါတယ်။
ဒါမယ့် ငှက်တွေမှာ အမြဲတမ်း တစ်ကောင်ထဲက ရှေ့ဆုံးကပျံနေတာဟုတ်ရဲ့လား။ မိနစ်အနည်းငယ်ကြာတိုင်းမှာ ငှက်အုပ်ထဲက နောက်ဆုံးက ငှက်တစ်ကောင်က ရှေ့က leader နေရာကိုယူပြီး ခုန ငှက်က နောက်ကိုသွားပြီးအနားယူလေ့ရှိပါတယ်။ ဒီလိုနဲ့ရှေ့နောက်ပြောင်းပြီးသွားလို့သာ အကြာကြီးပျံနိုင်တာဖြစ်ပါတယ်။
Business တွေမှာလည်း ဒီလိုပါပဲ။ ဘယ် idea ပဲဖြစ်ဖြစ် safe ဖြစ်နေတယ် အကြာကြီးခံတယ်ဆိုတာမရှိပါဘူး။ တချိန်ချိန်မှာ နောက်ကိုရောက်သွားမှာပါပဲ။ ဒါကြောင့် သူများ ရဲ့ idea အသစ်အဆန်းကို follow လုပ်တာထက် ကိုယ့် ဘာသာ အသစ်တခုကိုရှာဖွေဖော်ထုတ်တာက business မှာ ပိုပြီးအဆင်ပြေပြေသွားနိုင်ပါလိမ့်မယ်။ Complementry ဖြစ်တဲ့ product or services တွေ idea တွေကို ရှာဖွေ ဖော်ထုတ် ရောင်းချနိုင်မယ်ဆို ပိုပြီး ကောင်းလာမှာပါ။
Career life မှာလည်း ဒီလိုပါပဲ။နေရာတခုမှာ ဦးဆောင်သူနေရာက အကြာကြီး မဖယ်ပဲခေါင်းမာမာနေရင် အာ့နောက်က လိုက်တဲ့ group တစ်ခုလုံးအတွက်အန္တရာယ်ရှိနိုင်ပါတယ်။ ဖယ်ပေးသင့်တဲ့အချိန်ဖယ်ပေးပြီး take a break လုပ်နိုင်မှ တဖွဲ့လုံးအောင်မြင်ပြီး ပန်းတိုင်ရောက်နိုင်မှာဖြစ်ပါတယ်။
07/08/2023
Online learning ဆိုတာဘယ်လိုလူတွေအတွက်လည်း
(နည်းနည်းတော့ အချိန်ပေးဖတ်ရပါမယ်။ မဖတ်ဖြစ်သေးရင် save post လုပ်ထားလည်းရပါတယ်၊ ဖတ်ချိန် ၁၀ မိနစ်)
online ကနေကျောင်းတက်ရတာကို အဆင်ပြေတဲ့လူတွေရှိသလို အဆင်မပြေတဲ့လူတွေလည်းရှိကြပါတယ်။ ဒါဆို သင်တန်းတစ်ခုခုကို online ကနေတက်သင့်မတက်သင့်ဘယ်လိုဆုံးဖြတ်ကြမလည်း။ ဘယ်လိုလူတွေက online ကနေတက်ဖို့ အဆင်ပြေတာလည်း။
၁ ။ အလုပ်လုပ်နေရသူတွေ
ပညာရေးဆိုတာ အလုပ်လုပ်နေရတဲ့သူတွေအတွက်တော့တကယ်ကို လိုအပ်တဲ့အရာဆိုတာတော့ ပြောစရာမလိုတော့ဘူးထင်ပါတယ်။ အလုပ်လုပ်ပြီး ဝင်ငွေရဖို့လိုအပ်နေချိန်မှာ ပညာ သင်ကြားဖို့ဆိုတာနောက်ကိုရောက်သွားတတ်ပါတယ်။ အလုပ်ရှုပ်တာ ပင်ပန်းတာတွေကြောင့်အချိန်ပေးပြီး တက်ဖို့မဖြစ်နိုင်ချိန်တွေမှာ online class and learning ကတော့ အဆင်ပြေဆုံးဖြစ်မယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ online class မှာ teaching material တွေအားလုံးက internet ပေါ်မှာပဲရှိနေတာမို့ အလုပ်ကိုသွားနေတုန်း bus ပေါ်မှာ taxi ပေါ်မှာ သင်ခန်းစာတွေကိုပြန်ကြည့်သွားနိုင်တယ်။ အလုပ်ကအားတဲ့ နေ့လည်ထမင်းစားချိန်လိုမျိုးမှာ ဖုန်းဖွင့် computer ဖွင့်ပြီး assignment တွေလုပ်နိုင်တယ်။ ဒါကြောင့် အလုပ်လုပ်နေရတဲ့လူတွေက အချိန်မရှိတာကြောင့် ကိုယ့်ဘ၀ရဲ့ တိုးတက်မယ့်လမ်းစဖြစ်တဲ့ ပညာရေးကို online class တွေကနေတဆင့်သင်ယူသင့်ပါတယ်။
၂။ နိုင်ငံတကာပညာရေးကို ဒီကပဲသင်ချင်တဲ့လူတွေ
ခုခေတ်မှာ နိုင်ငံခြားကိုသွားပြိးကျောင်းသွားတက်တာထက် အိမ်မှာနေရင်းကပဲ တခြားနိုင်ငံက အသိအမှတ်ပြုတဲ့ ဘဲွ့ ဒီဂရီတွေကို အင်တာနက် နဲ့ laptop computer ရှိရုံနဲ့ သင်လို့ရနေပါပြီ။ စရိတ်ကလည်းထက်ဝက်မက သက်သာနိုင်ပြိး အိုးမကွာအိမ်ကွာ အလုပ်ထွက်စရာမလိုပဲ သင်လို့ရတာမို့အလွန်အဆင်ပြေလှပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုယ့်မှာ ကိုယ်လက်အင်္ဂါမသန်စွမ်းနေရင်တောင်မှ အင်တာနက်ကနေတဆင့် နိုင်ငံတော်တော်များများက ပေးတဲ့ ဘဲွ့တွေ ပညာရေးတွေကို နယ်စည်းမခြားပဲသင်နိုင်နေပါပြီ။ တစ်ခုပဲရှိပါတယ်။ တက်တဲ့ကျောင်းက အာ့နိုင်ငံမှာ တကယ် campus တောင်မရှိပဲ ရုံးခန်းလေးပဲရှိပြိး ဘဲွ့တွေပေးနေတဲ့ ဂျင်းကျောင်းမဟုတ်ဖို့ပဲလိုပါတယ်။ Education scam လို့ခေါ်တဲ့ ဒီလို ကျောင်းအတုတွေက အရမ်းကိုပေါများတာမို့ မတက်ခင်မှာတော့သေချာစုံစမ်းဖို့လိုပါလိမ့်မယ်။
၃။ လုပ်ငန်းခွင်ပြောင်းချင်နေတဲ့လူတွေ
တချို့ရှိပါလိမ့်မယ်။ မတတ်သာလို့ sales လုပ်နေရတယ်တကယ်လုပ်ချင်တာက HR and Admin။ marketing တော့လုပ်နေရတယ်၊ ဒါမယ့်တကယ်လုပ်ချင်တာက finance ။ ဒီလိုမျိုးတွေလည်းရှိတတ်ပါတယ်။ပြဿနာက အလုပ်လုပ်နေရတာက field တစ်ခု လုပ်ချင်တာက field တစ်ခုဖြစ်နေတာမို့၊ ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ ပတ်သက်တာတွေကိုလေ့လာဖို့ အခွင့်အလမ်းမရှိနေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုလူတွေအတွက်လည်း online learning က အဖြေပါပဲ။ အရေးကြီးတာက တက်တဲ့သင်တန်းမှာ သီအိုရီတွေချည်းရွတ်ပြနေတာမဟုတ်ပဲနဲ့ တကယ်ကို လုပ်ငန်းအတွေ့အကြုံရှိတဲ့ဆရာတွေက သူတို့ရဲ့ အတွေ့အကြုံနဲ့ စာတွေ့လက်တွေ့ပေါင်းစပ်သင်ကြားပေးတဲ့ သင်တန်းမျိုးပဲဖြစ်ဖို့လိုပါတယ်။ ဒါမှသာ တကယ့်အပြင်လက်တွေ့မှာ သီအိုရီတွေကို အသုံးချပြီးဘယ်လို လုပ်ရတယ်ဆိုတာသိလာမှာဖြစ်ပါတယ်။
၄။ ကလေးရှိတဲ့မိဘတွေ
ကလေးတယောက်ကို ပြုစုပျိုးထောင်ရတာပင်ပန်းလှပါတယ်။ အဓိကတော့ အမေတွေပါပဲ။ အလုပ်လုပ်နေရတဲ့အမေတွေ၊ အိမ်မှုကိစ္စကို မပြတ်လုပ်ရတဲ့အမေတွေအတွက် ကလေးလေးကို ပြုစုပျိုးထောင်နေရတာနဲ့ပဲ အသက်တွေကြီးလာပြီး စာနဲ့ပေနဲ့ ပညာရေးနဲ့ဝေးနေတတ်ပါတယ်။ ဒီလိုအမေတွေမိဘတွေအတွက်လည်း self pace learning ဖြစ်တဲ့ online learning က အဖြေပါပဲ။ အတန်းကိုလိုက်တက်ဖို့မအားရင်တောင် lecture video တွေကို ကလေးလေးအိပ်တဲ့အချိန် နားတဲ့ အချိန်မှာ နားထောင်ပြီး ဆက်လက်သင်ယူလို့ရပါတယ်။ ဒီလိုသင်ယူခြင်းအားဖြင့်လည်း ကလေးလေး ကြီးလာတဲ့အခါမှာ သူ့ကိုပြန်လည်သင်ကြားပေးနိုင်မယ့်မေမေတွေ မိဘတွေဖြစ်လာမှာပါပဲ။ ကလေးလေးရှိတာနဲ့ သင်ကြားသင်ယူမှုတွေရပ်သွားစရာမလိုပါဘူး။ Social media အသုံး လျှော့ပြီး online class ကိုအချိန်လေးပေးရုံပါပဲ။
ဒါကတော့ online learning ကို ဘယ်လိုလူတွေတက်သင့်တယ်ဆိုတာလေးအကြံပေးထားတာဖြစ်ပါတယ်။ online class တက်ဖို့စဉ်းစားမယ်ဆိုရင် တော့ အောက်က အချက်တွေနဲ့ ချိန်ထိုးစဉ်းစားသင့်တယ်ထင်ပါတယ်။
a. သီအိုရီနဲ့ လက်တွေ့ပေါင်းစပ်သင်ပေးတဲ့သင်တန်းလား
b. သင်တန်းပြီးသွားရင်ဘယ်လောက်ထိအသုံးချနိုင် အသုံးဝင်နိုင်မှာလည်း
c. အသိအမှတ်ပြုမှု အာမခံချက်ဘယ်လောက်ထိရှိတာလည်း
d. တကယ့် အပြင်က class တွေလိုမျိုး face to face zoom teaching, google classroom , lecture videos စတာတွေနဲ့သင်တဲ့သင်တန်းမျိုးလား၊ video ဖိုင်ကြီးတင်ပေးထား ဘာမှ response မလုပ်တဲ့သင်တန်းမျိုးလား။
e. recommendations and testimonials တွေဘယ်လောက်ရှိတာလည်း။
f. နောက်ဆုံးကတော့ စျေးကဘယ်လောက်လည်း ၊ပေးရတာနဲ့တန်ရဲ့လား ၊ ဘာတွေပြန်ရမှာလည်း
ဒီအချက်တွေကိုမေးမြန်းစုံစမ်းပြိီးမှ ရွေးချယ်သင့်တယ်ထင်ပါတယ်။
Warren Buffet ရဲ့ quotes လေးနဲ့ အဆုံးသတ်ချင်ပါတယ်။ ‘ The best investment you can make is an investment in yourself” ပါတဲ့။
27/05/2023
ကဲ အားလုံးအတွက် TIA က မေတ္တာနဲ့ စီစဉ်ပေးထားတဲ့ ပညာဒါနအတန်း မနက်ဖြန် ရှိပါတယ်နော် 💙
ဘာအတန်းလေးလဲဆိုတော့ "Preparing Payroll Using Excel" အတန်းလေး ဖြစ်ပါတယ်ရှင်။
💫 One Day Training 💫 အတန်းလေးပါနော်။
သင့်ဟာ ရုံးမှာကွန်ပျူတာ အမြဲသုံးနေသူတစ်ယောက် Microsoft Excel ကို အသုံးပြုနေတဲ့သူတစ်ယောက်ဆို မိမိလုပ်ငန်းနဲ့ ကိုက်ညီတဲ့ Payroll Format တစ်ခု ကျွမ်းကျင်စွာ ရေးဆွဲနိုင်စေဖို့ အခု Course ကိုလာတက်လိုက်ပါ။
ဘာတွေပါမလဲဆိုတော့
💠ပထမပိုင်းအနေနဲ့
- လစာပေးဖို့ ဘယ်လိုတွက်မလဲ
- Payroll Format တစ်ခု ရေးဆွဲဖို့ ဘာတွေ သိထားဖို့လိုမလဲ
- Payroll Format တစ်ခုမှာ ဘာခေါင်းစဉ်တွေပါသင့်လဲ
- လူမှုဖူလုံရေးကြေး အကြောင်း ( SSB Charges )
- အချိန်ပိုကြေးတွက်ချက်ခြင်း အကြောင်း ( Overtime Calculation )
- လစာခေါင်းစဉ်အောက်မှ ဝင်ငွေခွန် အကြောင်း (Personal Income Tax)
- ဘာ Function တွေနဲ့ ဘယ်လို Formula တွေ သုံးမလဲ ဒါတွေကို ရှင်းပြပါမယ်။
💠 ဒုတိယပိုင်းအနေနဲ့
- သင်ပြပေးမယ့်ဆရာနဲ့အတူ Payroll Format တစ်ခု ရေးဆွဲခြင်း
- OT Calculation / Unpaid Leave နှုတ်ခြင်း
- Other Allowance/ Incentive တွေ တွက်ချက်ပေါင်းထည့်ခြင်း
- လစာခေါင်းစဉ်အောက်မှ ဝင်ငွေခွန် တွက်ချက်ခြင်းနှင့် နှုတ်ခြင်း
- Pay Slip နဲ့ ချိတ်ဆက်ခြင်း တွေကို အတူတကွ ပြုလုပ်ပါမယ်
💠 တတိယပိုင်းအနေနဲ့
- သိလိုတဲ့ မေးခွန်းများ မေးမြန်းခြင်းနဲ့ ဖြေကြားခြင်းအချိန်က
မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ (နေ့ခင်းထမင်းစားချိန် ၁ နာရီနားပါမယ်)
Location - Royal City Hotel
77 76 လမ်းကြား 27 လမ်း
လူဦးရေကန့်သတ်ထားတာမို့ page messenger ကို အပြေးလာပြီး စာရင်းသွင်းကြပါစို့နော်။