12/09/2025
✨ This is my little teaching corner ✨
It’s where I spend most of my time teaching English online and connecting with students from different places 🌍💻
Whether you want to build confidence in everyday conversation, improve pronunciation, or prepare for exams like IELTS, I design lessons that fit your needs and help you think in English instead of just memorizing.
Let’s make English a part of your daily life—not just something for exams!
21/03/2025
Although (သို့ပေမယ့်): Lesson 1
Although ဆိုတဲ့စာလုံးကို ဆန့်ကျင်ဘက်ကိုပြောချင်တဲ့အချိန်မှာ သုံးပါတယ်။ ပြောချင်တဲ့အရာနှစ်ခုဟာ မတူရင် သို့မဟုတ် ဆန့်ကျင်ဘက်ဖြစ်နေရင် သုံးပါတယ်။
Example (ဥပမာ): Although it was raining, we played football. (မိုးရွာနေပေမယ့် ကျနော်တို့ ဘောလုံးကန်ခဲ့ကြပါတယ်။)
'Although' use 1 (အသုံးပြုပုံ ၁) : Showing contrast between two ideas (အယူအဆနှစ်ခုကြား ဆန့်ကျင်ဘက်များကို ပြသခြင်း)
Sentence structure (ဝါကျဖွဲ့စည်းပုံ):
Although + (sentence 1), (sentence 2).
Example 1: Although it was raining, we played football.
👉Meaning (အဓိပ္ပါယ်) : It was raining (မိုးရွာနေခဲ့တယ်) = not good for football (ဘောလုံးကန်လို့မကောင်း) but we played anyway (ဒါပေမယ့် ကစားခဲ့ပါတယ်)
Example 2: Although I was tired, I finished my homework.
👉Meaning (အဓိပ္ပါယ်) : I was tired (ကျနော်ပင်ပန်းခဲ့တယ်် , but i did the work anyway (ဒါပေမယ့် ကျနော်အလုပ်လုပ် ခဲ့တယ်)
'Although' use 2 (အသုံးပြုပုံ ၂): Middle of the sentence (ဝါကျအလယ် တွင် အသုံးပြုခြင်း)
'Although' ကို ဝါကျ အလယ်တွင်ထည့် သုံးလည်း အတူတူပါပဲ။ အရေးအသားမှာ ',' ထည့်စရာမလိုတာကလွဲလို့ ဘာမှ မကွာသွားပါဘူး။
Sentence structure (ဝါကျဖွဲ့စည်းပုံ):
(Sentence 1) + although + (sentence 2).
Example 1: We played football although it was raining.
Example 2: I finished my homework although i was tired.
'Although' use 3 (အသုံးပြုပုံ ၃): With "be" verbs, short style ("be" verb များနှင့် အတိုကောက် အသုံးပြုနည်း)
တစ်ခါတရံမှာ စာကြောင်းအပြည့်အစုံကို မသုံးပါဘူး။ ဆန့်ကျင်ဘက်များကို အတိုကောက်ဖြင့် ရေးဖော်ပြလို့ရပါတယ်။
Example 1: The movie was fun, although a bit too long. ( ဇာတ်ကားက ပျော်စရာကောင်းပေမယ့် နည်းနည်းရှည်တယ်။ )
Example 2: He's friendly, although a little shy. ( သူသည် အနည်းငယ်ရှက်တတ်သော်လည်း ဖော်ရွေသည်။ )
ဒီနေ့ Although သင်ခန်းစာကို ဒီမှာပဲ ရပ်လိုက်ကြရအောင်။ အရမ်းများသွားရင် ရှုပ်သွားလိမ့်မယ်။ Practice လုပ်ဖြစ်သွား အောင် စိတ်ဝင်စားတဲ့လူ Although သုံးပြီး ဝါကျလေး comment or cb မှာရေးသွားကြနော်။ ရည်စရာကောင်းအောင်ရေးရင်ပို ကြိုက် 🤗 ။ နားမလည်တာရှိရင် မေးခွန်းများ always welcome နော်
Let's see, everyone.
18/03/2025
ဒီ page လေးကို ပစ်ထားတာအတော်ကြာသွားပြီပဲ။ အလုပ်နဲ့မအားတာရော ၊ post မတင်တတ်လောက်အောင် ခေတ်အောက်တာရော ကြောင့်ရောဖြစ်ပါတယ်။ ဆရာ့ကိုယုံကြည်ပြီး အတန်းအကြောင်းလာလာမေးကြတဲ့ တပည့်တွေရော မိဘတွေကိုရော ကျေးဇူးတင်ပါတယ်။ Follow လုပ်တဲ့ လူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဆရာ လာမဲ့အပတ်တွေထဲမှာ Speaking အတန်း (online) ဖွင့်ဖို့ရှိပါတယ်။ ကျောင်းသားအများကြီးဆိုရင် တစ်ယောက်ချင်းကို attention ရော့စေလို့ တစ်တန်းမှာ ၈ ယောက်ထက်လက်မခံပါဘူး။ ဆရာတစ်ခြားအတန်းတွေရှိသေးလို့ ၂ တန်း ပဲ လုပ်ဖြစ်ပါမယ်။ အသေးစိတ်က follow up post လေးတင်ပေးသွားမယ် နော် ။ အတန်းတက်ဖို့ စိတ်ဝင်စား သူ Cb မှာ စာပို့ထားပေးနော် ဆရာ့ကို။
10/02/2024
Ever tired from the same old ways of learning English?
Bored with the mind numbing homework and grammar exercises?
ဒါဆိုရင်တော့ ပျင်းရိညည်းငွေ့ဖွယ်ရာ lessons တွေနဲ့
အိပ်ငိုက်နေရတဲ့ class တွေကို
ရှောင်ရှားချင်တယ်ဆိုရင်တော့
အသစ်အသစ်တွေကို ဆက်တိုက်ချပြပီး
သင့်ရဲ့ English speaking level ကိုနောက်အဆင့်တစ်ခုကို
အချိန်တိုအတွင်းမှာ ထိထိရောက်ရောက်နဲ့
ခေါ်ဆောင်သွားပေးနိုင်မဲ့
ကျွန်တော်တို့ရဲ့ class လေးအပြင်
နေ့တဒူဝအသုံးဝင်မဲ့ quiz လေးတွေနဲ့အဆက်မပြတ်သွားဖို့ Page ကို Like & follow လုပ်ထားဖို့ပဲလိုပါမယ်နော်.
page မှာအခုလာမဲ့ summer class လေးရဲ့ Technique အမြည်းလေးတွေတင်သွားပေးပါမယ်.
နောက်ထပ်ဆက်တိုက်လဲ class လေးတွေအပြင်
knowledge sharing လုပ်သွားပါမယ်.
💪It's time to grow your English with us.
Dont hesitate.
Your English partner !!!