01/12/2025
Project Name >> U Myo Naing (Yee Shin)
Construction Management >> Max Dragon
ELV Solutions >> YMW Solutions
ကျွန်မတို့ YMW Solutions Company က
လူကြီးမင်းတို့ရဲ့ ကြီးကျယ်ခမ်းနားသော
Hotel ကြီးများ Luxury Home များအတွက် ELV Solutions (Wireless & Data Network CCTV Fire Alarm Access Control )များကိုဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။ YMW Solutions ရဲ့ Solutions အသစ်အဖြစ် Smart Home Solutions များကိုလူကြီးမင်းတို့ရဲ့ Luxury Home များအတွက် စတင်ဝန်ဆောင်မှုပေးနေပါပြီ။YMW Solutions Company ကိုရွေးချယ်ပြီးလုပ်ငန်းများအပ်နှံပေးခဲ့ကြတဲ့ Hotel လုပ်ငန်းရှင်ကြီးများ၊MNC Companies ကြီးများ၊Luxury Home ပိုင်ရှင်များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။🙏🙏🙏
22/11/2025
Project Name >> AYE YEIK MON RESIDENCE
by MRED COMPANY
ELV Solutions >> YMW Solutions
ကျွန်မတို့ YMW Solutions Company က
လူကြီးမင်းတို့ရဲ့ ကြီးကျယ်ခမ်းနားသော
Hotel ကြီးများ Luxury Home များအတွက် ELV Solutions (Wireless & Data Network CCTV Fire Alarm Access Control )များကိုဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။ YMW Solutions ရဲ့ Solutions အသစ်အဖြစ် Smart Home Solutions များကိုလူကြီးမင်းတို့ရဲ့ Luxury Home များအတွက် စတင်ဝန်ဆောင်မှုပေးနေပါပြီ။YMW Solutions Company ကိုရွေးချယ်ပြီးလုပ်ငန်းများအပ်နှံပေးခဲ့ကြတဲ့ Hotel လုပ်ငန်းရှင်ကြီးများ၊MNC Companies ကြီးများ၊Luxury Home ပိုင်ရှင်များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။🙏🙏🙏
17/11/2025
We are ready for delivery 🚛🚛🚛
Thanks to our Loyal customer.🙏🙏🙏
22/08/2025
IGCSE နဲ့ တက္ကသိုလ် ဝင်ခွင့် _ Computer Science & ICT ဘာသာရပ် အကြောင်း
မန္တလေး က ကလေး တွေ ဟာ IGCSE စာမေးပွဲ ကို ငလျင် လှုပ်ပြိးပြီးချင်း ဖြေ ရတာ ဖြစ်လို့ ငလျင် ရှောင် နေတဲ့ ကာလ အတွင်း စာမေးပွဲ အတွက် ပြင်ဆင် ပြီး ဖြေခဲ့ ကြရတာ ပါ။ ပထမ ဆုံး ဒီ စာမေးပွဲ မှာ ထူးထူးချွန်ချွန် အောင်မြင် ခဲ့ ကြတဲ့ ကလေး အားလုံးကို ဂုဏ် ပြုစကား ပြောချင် ပါတယ်။ ဒိ ကလေး တွေ ထဲ ကမှ ကျွန်တော့် ဆီ computer science နဲ့ ICT ဘာသာ ၂ ခု တက်ပြီး ၂ ဘာသာ လုံး grade 9 ရအောင် ဖြေခဲ့ ကြတဲ့ Alex နဲ့ July ကိုတော့ big congratulation ပါ။
ဒိ ပို့စ် က IGCSE ဆိုတာ ကို နိုင်ငံခြား တက္ကသိုလ် တက်လို့ ရမဲ့ စာမေးပွဲ လို့ ထင်နေကြတဲ့ မိဘ တွေ နဲ့ IGCSE အတွက် ဘာသာရပ် ရွေးချယ် ရာမှာ computer science နဲ့ ICT ဘာသာရပ် ကို ယူရမလား ဝေခွဲ မရဖြစ် နေတဲ့ ကျောင်းသား တွေ၊ မိဘ တွေ အတွက် ရည်ရွယ် ပါတယ်။
ပထမ ဆုံး မေးခွန်းက IGCSE အောင်ပြီးရင် တက္ကသိုလ် တက်လို့ ရလား ။
အဖြေ ကတော့ Yes and No လို့ ပဲ ဖြေရမှာ ပါ။ ဒီ Yes , No အဖြေ ၂ ခု မှာတောင် ကျွန်တော့် ကို တစ်ခုခု အတင်း ရွေးချယ် ခိုင်းရင် No လို့ ဖြေ မှာ ဖြစ်ပါတယ်။ တက္ကသိုလ် ပညာရေး အတွက် အခြေခံ ဝင်ခွင့် သတ်မှတ်ချက် က 12 years education ဖြစ်ပါတယ်။ ဒါကြောင့် တိုတို ပြောရရင် တက္ကသိုလ် တက်ဖို့ ဆိုရင် IGCSE အောင် လက်မှတ် နဲ့ မရပါဘူး၊ A level ဒါမှမဟုတ် IB diploma , university foundation programme တွေ ပြီး မှ ဆက်တက် လို့ ရပါတယ်။ ဒါဆို IGCSE အောင် ပြီး နိုင်ငံခြား တက္ကသိုလ် သွားတက် နေကြတာ ကရော လို့ မေးရင် တက္ကသိုလ် အမည်ခံ ထားတဲ့ စီးပွါးရေး ကုမ္ပဏီ တွေ တည်ထောင် ထားတဲ့ ကျောင်း တွေ လို့ ပဲ ဖြေချင် ပါတယ်။ ဒါဆို IGCSE အမှတ် တွေ က ဘာ မှ သုံးလို့ မရတော့ ဘူးလား ဆိုပြီး မေးခွန်း ထုတ် မိကြတော့မှာ ပါ။ မှန်ပါတယ် IGCSE အမှတ် တွေက 12 years education လိုတဲ့ တက္ကသိုလ် တွေ ဝင်ခွင့် ရဖို့ တိုက်ရိုက် အသုံးပြု လို့ မရပါဘူး။ ဒီ အမှတ် တွေ က 12 years education ပြီး လို့ တက္ကသိုလ် ဝင်ခွင့် လျောက် တော့မဲ့ အချိန် မှာ ကိုယိ ရွေးချယ် တဲ့ ဘာသာရပ် တွေ အပေါ် ဝင်ခွင့် ဆုံးဖြတ် ရေး အဖွဲ့ တွေ ဘက်က ကျောင်းဝင်ခွင့် နဲ့ scholarship အခွင့်အရေး တွေ အတွက် ကျောင်းသား ရဲ့ strength နဲ့ interest ကို ထည့်သွင်း စဉ်းစား တဲ့ နေရာ မှာတော့ အသုံးဝင် တယ် လို့ ပဲ ပြောချင် ပါတယ်။
တက္ကသိုလ် နဲ့ အလုပ် အကိုင် အခွင့်အရေး
မိဘ တွေ ရဲ့ နောက်မေးခွန်း တစ်ခု ကတော့ နိုင်ငံခြား ပို့ ကျောင်းထားပြီးရင် အလုပ် ရမှာ လား ဆိုတဲ့ မေးခွန်း ပါ။ အဖြေ ကတော့ ဘယ်တက္ကသိုလ် က မှ အလုပ် ရစေရမယ် လို့ အာမ မခံ ပါဘူး။ ဒါဆိုရင် IGCSE အမှတ် နဲ့ ကျောင်း ဝင်ခွင့် ရပြီး ၃ နှစ်
တက်ရုံ နဲ့ ဘွဲ့ရမဲ့ တက္ကသိုလ် တွေ နဲ့ years 12 education ပြီးမှ ခက်ခက်ခဲခဲ ဝင်ရမဲ့ တက္ကသိုလ် တွေ က ဘာကွာ တော့ မှာ လဲ လို့ ထပ်မေး ကြမှာ ပါ။ ရှင်းသွားအောင် year 12 education အပြီး ခက်ခက်ခဲခဲ နဲ့ ဝင်ခွင့် ရတဲ့ တက္ကသိုလ် ကို စင်ကာပူ က NTU လို့ ဆိုကြပါစို့။ IGCSE အမှတ် နဲ့ တက်လို့ ရတဲ့ တက္ကသိုလ် ကိုတော့ မင်္ဂလာ မန္တလေး မှာ ဖွင့်ထားတဲ့ တက္ကသိုလ် ကျောင်း တစ်ခု လို့ ဆိုကြပါစို့။ ဒီ ၂ ကျောင်း မှာ NTU ကနေ ကျောင်းပြီး ဖို့ IGCSE အပြိး A level နောက် ၂ နှစ် နဲ့ တက္ကသိုလ် ပညာသင်နှစ် ၄ နှစ် စူစုပေါင်း ၆ နှစ် ကြာပါမယ်။ မင်္ဂလာ မန္တလေး တက္ကသိုလ် ကတော့ IGCSE ပြီးပြီးချင်း ဆက်တက် လို့ ရပြီး နောက် ၃ နှစ် ဆိုရင် ဘွဲ့ လက်မှတ် တစ်ခု ရပါပြီ။ ကွာခြားချက်က ဒီ ကျောင်း ၂ ကျောင်းက ကျောင်းသား ၂ ယောက် အတူတူ
အလုပ် လျောက်ရင် အလုပ် အတွေ့အကြုံ မရှိတာချင်း အတူတူ NTU ကျောင်းဆင်း ဆိုတဲ့ ဂုဏ်ပုဒ် တစ်ခု နဲ့တင်
အလုပ်ရှင် တွေ ဘက်က လိုလိုလားလား ကမ်းလှမ်းတာကို ခံရနိုင် ပါတယ်။ ဒါ့အပြင် academic Career လို့ ခေါ်တဲ့ သုတေသန ပညာရှင်၊ ပါမောက္ခ ဆရာ တွေ၊ ပါရဂူ ဘွဲ့ တွေ အထိ ရည်ရွယ် ထားသူ ဆိုရင်တော့ NTU လို year 12 education နဲ့ မှဝင်ခွင့် ပြုတဲ့ တက္ကသိုလ် ဆင်း တွေ ကပဲ ဖြစ်နိုင် ပါတယ်။ ဒါ့အပြင် NTU Alumni ဆိုတဲ့ ပညာရှင် Network ထဲ ကို သူ့အလိုလို ရောက်သွားပြီး ဘဝ အတွက် လိုအပ်လာမဲ့ အဆက်အသွယ် တွေ ကို ဒီ Network ထဲကနေ ရရှိ လာမှာ ပါ။ မင်္ဂလာ မန္တလေး တက္ကသိုလ် ဆင်း တွေ ကတော့ ကိုယ်ရထားတဲ့ ဘွဲ့လက်မှတ် အရှိန်ကို အသုံးပြုလို့ မရတဲ့ အတွက် ကိုယ်ပိုင် အတွေ့အကြုံ နဲ့ အရည်အချင်း တွေ ပေါင်းစပ် ပြီး မှသာ အလုပ် နေရာ တစ်ခု ထဲကို ခြေချ နိုင်မှာ ပါ။
IGCSE Computer Science & ICT
ဒါဆို IGCSE ဘာသားရပ် ရွေးတဲ့ နေရာ မှာ computer science နဲ့ ICT ကို ရွေးရင် ဘာဖြစ် မှာလဲ၊ မရွေးရင်ရော ။
အပေါ် မှာ ပြောခဲ့ သလိုပါပဲ ဒီ ဘာသာ ၂ ခုကို ဖြေခြင်း မဖြေခြင်း နဲ့ တက္ကသိုလ် (years 12 ) ဝင်ခွင့် နဲ့ တိုက်ရိုက် မသက် ဆိုင်ပါဘူး။ တက္ကသိုလ် ဝင်ခွင့် အတွက် အဓိက ကြည့်မှာ က Year 12 level အမှတ် စာရင်း ပဲ ဖြစ်ပါတယ်။ တက္ကသိုလ် ဝင်ခွင့် အတွက် အဓိက ဘာသာ တွေက English , maths နဲ့ science ဘာသာတွဲ တွေ ပါ။ ဒါဆို IGCSE မှာ ဒီ ၂ ဘာသာ ယူလို့ ဘာထူး မှာ လဲ။ ကျွန်တော် ကိုယ်တိုင် ဒီ ၂ ဘာသာ ကို သင်တန်း ဖွင့်ထားသူ ဖြစ်ပေမဲ့ ကျောင်းသား မိဘ တွေ အတွက် အရိုးသား ဆုံး အဖြေ ပေးကြည့်ပါမယ်။ ဒီ ၂ ဘာသာ ဖြေမှ တက္ကသိုလ် ကောင်းကောင်း ရမယ် လို့ မပြောသလို မဖြေ လဲ ရပါတယ် လို့ မပြောချင် ပါဘူး။ ဒီ ၂ ဘာသာ မှာ A* တွေ၊ grade 9 တွေ ရလို့ လဲ ဘယ် တက္ကသိုလ် ကိုမှ တိုက်ရိုက် ဝင်ခွင့် မရပါဘူး။ ဒါပေမဲ့ ဒိ ၂ ဘာသာ က IT professional ၊ ဒါမှမဟုတ် electronic engineer အဖြစ် အသက် မွေးမယ် လို့ ရည်ရွယ် ထားသူ တွေ အတွက် တော့ year 12 education အပြီး တက္ကသိုလ် ဝင်ခွင့် လျောက်ထားရာမှာ အထောက်အကူ ပြု မဲ့ အမှတ် တွေ ဖြစ်ပါတယ်။ Engineering မေဂျာ၊ computer scienceမေဂျာ တွေ အတွက် တက္ကသိုလ် ဝင်ခွင့် လျောက်ထားချိန် မှာ IGCSE O level တုန်း က ဖြေထားတဲ့ ဘာသာရပ် တွေ ထဲက နေ ကျောင်းသား ရဲ့ strength နဲ့ main interest ကို ဝင်ခွင့် ရွေးချယ်ရေး အဖွဲ့ တွေက လေ့လာ သုံးသပ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် scholarship အခွင့်အရေး အတွက် လဲ IGCSE အမှတ် တွေက အထောက်အကူပြုပါလိမ့်မယ်။
Computer Science & ICT ဘာသာရပ် အကြောင်း
ဒီ အပိုင်း မှာတော့ ဒီ ၂ ဘာသာ အကြောင်း ဆွေးနွေး ပေးမှာပါ။ ကျွန်တော့်ရဲ့ သင်ကြားရေး အတွေ့ အကြုံအရ Computer Science ဘာသာရပ် မှာ ICT ဘာသာရပ် ရဲ့ ၅၀% လောက် ပါဝင် ပါတယ်။ ဆိုလိုတာ က ဒီ ၂ ဘာသာ ယူလို့ ၂ ဘာသာ အတွက် စာလုပ်ရတာ မဟုတ်ဘဲ ၁ ဘာသာခွဲ စာပဲ လုပ်ရတယ် လို့ ဆိုလိုတာပါ။ အလွယ် ပြောရရင်တော့ CS က programming ဘာသာရပ် ဖြစ်ပြီး ICT က practical application တွေ ဖြစ်တဲ့ web development, database, word , excel, PowerPoint တို့ ဖြစ်ပါတယ်။ ကျန်တဲ့ theory အပိုင်းကတော့ ၂ ဘာသာ လုံး က ၈၀ ရာခိုင်နှုန်း လောက် အထိ overlap ဖြစ်ပါတယ်။
အခုလို AI ခေတ် မှာ IT professional တွေ အတွက် တင် မဟုတ် ဘဲ engineer professional ဘက် ကို ရွေးချယ် မဲ့ လူတိုင်း အတွက် ဒီ ၂ ဘာသာ က အခြေခံ အကျဆုံး ဘာသာရပ် တွေ ပါ။ အခု ခေတ် မှာ ကွန်ပြူတာ မပါဝင် တော့တဲ့ ဘာသာရပ် မရှိတော့ သလို coding နဲ့ programming ဆိုတာ ကလဲ နေရာ တိုင်းမှာ လိုအပ် လာပါပြီ။ ဒါကြောင့် ဒီ ၂ ဘာသာ ကို ဖြေဆို ခြင်း က တက္ကသိုလ် ဝင်ခွင့် အတွက် သွယ်ဝိုက် အကျိုး ပြုမှာ ဖြစ်သလို တက္ကသိုလ် ကျောင်းသား ဘဝ နဲ့ career အတွက် အဓိက ကျတဲ့ foundation knowledge ကို ရရှိ နိုင်မှာ ဖြစ်ပါတယ်။
စာမေးပွဲ
စာမေးပွဲ အတွက် ကတော့ edexcel နဲ့ CIE ၂ ခု ခွဲ ပြောရမှာ ပါ။
Edexcel CS
Computer Science အတွက် Edexcel မှာ Theory paper နဲ့ programming paper ၂ ဘာသာ ဖြေရပါတယ်။ Programming paper ကို ကွန်ပြူတာ နဲ့ဖြေရပါတယ်။
CIE CS
Theory နဲ့ programming paper 2 ခု အတူတူ ပါပဲ။ ဒါပေမဲ့ CIE က programming paper ကို စာရွက် ပေါ်မှာ ပဲ ဖြေရပါတယ်။
Edexcel ICT
Theory နဲ့ practical ၂ ဘာသာ ဖြေရပါတယ်။ Practical ကို ကွန်ပြူတာ နဲ့ ဖြေရပါတယ်။
CIE ICT
Theory paper ၁ ခု နဲ့ practical အတွက် paper 2 နဲ့ 3 ဆိုပြီး ၃ ဘာသာ ဖြေရပါတယ်။ Paper 2 နဲ့ 3 ကို ကွန်ပြူတာ နဲ့ ဖြေရပါတယ်။
ဒီ လောက်ဆိုရင် IGCSE နဲ့ တက္ကသိုလ် ဝင်ခွင့်I ရော၊ CS နဲ့ ICT ၂ ဘာသာ အကြောင်းရော သိသင့်သလောက် သိပြီ လို့ ယူဆပါတယ်။
အသေးစိတ် သိချင်တာ တွေ ရှိရင် page messenger နဲ့ သင်တန်း ဖုန်းနံပတ်တွေကို ဖုန်းဆက် မေးမြန်း နိုင်ပါတယ်။
ပြီးခဲ့တဲ့ IGCSE မှာ Edexcel CS နဲ့ ICT ၂ ဘာသာလုံး Grade 9 နဲ့ အောင်မြင် ခဲ့တဲ့ ကျောင်းသား ၂ ဦး နဲ့ သူတိူ့ရဲ့ ရမှတ် တွေ ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖော်ပြ လိုက်ပါတယ်။
ရဲမင်းဝင်း
22-Aug-2025
20/06/2025
Finally,Finished !!!!!
♦️♦️TESTING & COMMISSIONING
OF FIRE DETECTION SYSTEM.♦️♦️
🔹 Termination works
🔹 Addressing works
🔹 Testing & Commissioning
🔹 Addr: Smoke detector
🔹 Heat Detector
🔹 Manual Call Point
🔹 Sounder
Project >> Hotel Hazel
ELV Solutions >>> YMW Solutions
ကျွန်မတို့ YMW Solutions Company က
လူကြီးမင်းတို့ရဲ့ ကြီးကျယ်ခမ်းနားသော Hotel ကြီးများ Luxury Home များအတွက် ELV Solutions (Wireless & Data Network CCTV Fire Alarm Access Control )များကိုဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။ YMW Solutions ရဲ့ Solutions အသစ်အဖြစ် Smart Home Solutions များကိုလူကြီးမင်းတို့ရဲ့ Luxury Home များအတွက် စတင်ဝန်ဆောင်မှုပေးနေပါပြီ။YMW Solutions Company ကိုရွေးချယ်ပြီးလုပ်ငန်းများအပ်နှံပေးခဲ့ကြတဲ့ Hotel လုပ်ငန်းရှင်ကြီးများ၊MNC Companies ကြီးများ၊Luxury Home ပိုင်ရှင်များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။🙏🙏🙏
08/02/2025
Finally,Finished !!!!!
Project >> Ibis Styles Hotel (Phase.2)
ELV Solutions >>> YMW Solutions
- Wifi Access Point Configuration
- Switch Installation and Configuration
- Wifi Controller Configuration
- Testing and commissioning
- Aruba 303 series Campus Access Point
- HPE 1820 24G PoE+(185W) Switch
- HPE X120 1G SFP LC SX Transceiver
- Aruba 1G SFP LC SX Transceiver
ကျွန်မတို့ YMW Solutions Company က
လူကြီးမင်းတို့ရဲ့ ကြီးကျယ်ခမ်းနားသော Hotel ကြီးများ Luxury Home များအတွက် ELV Solutions (Wireless & Data Network CCTV Fire Alarm Access Control )များကိုဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။ YMW Solutions ရဲ့ Solutions အသစ်အဖြစ် Smart Home Solutions များကိုလူကြီးမင်းတို့ရဲ့ Luxury Home များအတွက် စတင်ဝန်ဆောင်မှုပေးနေပါပြီ။YMW Solutions Company ကိုရွေးချယ်ပြီးလုပ်ငန်းများအပ်နှံပေးခဲ့ကြတဲ့ Hotel လုပ်ငန်းရှင်ကြီးများ၊MNC Companies ကြီးများ၊Luxury Home ပိုင်ရှင်များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။🙏🙏🙏
05/02/2025
YMW Solutions is now reseller of Alibaba Cloud Products.
Alibaba cloud service ကို Personal Credit Card တွေ နဲ့ ဝယ်တာနဲ့ reseller ဆီက ဝယ်တာ ဘာ ထူးခြား မှု ရှိလဲ
စီးပွါးရေး လုပ်ငန်း တွေ အတွက် လိုအပ် တဲ့ personal credit card ကို သုံးစရာ မလိုတဲ့ အတွက် auditing အတွက် လိုအပ်တဲ့ billing system ရရှိ မှာ ဖြစ်ပါတယ်။
ဒါ့အပြင် YMW Solutions ရဲ့ consultation service နဲ့ date migration service တွေ ပါ ရရှိ မှာ ပါ။
နောက်ဆုံး တစ်ချက် ကတော့ Alibaba cloud က ပြည်တွင်း က လုပ်ငန်း တွေ အတွက် အခြား cloud service တွေ လို restrictions အများကြီး
မရှိတာပဲ ဖြစ်ပါတယ်။
Alibaba Cloud နဲ့ ပတ်သတ် ပြီး စုံစမ်း
မေးမြန်းချင်ရင်
09-43160682
[email protected] ကို ဆက်သွယ် နိုင်ပါတယ်။
YMW Solutions
Technology Solutions Company providing ICT Solutions, Network, Server, System, Business Application a
10/01/2025
Project Name >>> Hotel 62 🏨🏨
ELV Solutions >>> YMW Solutions
Engineer >>> U Win Myit Naing
ကျွန်မတို့ YMW Solutions Company က
လူကြီးမင်းတို့ရဲ့ ကြီးကျယ်ခမ်းနားသော
Hotel ကြီးများ Luxury Home များအတွက် ELV Solutions (Wireless & Data Network CCTV Fire Alarm Access Control )များကိုဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။ YMW Solutions ရဲ့ Solutions အသစ်အဖြစ် Smart Home Solutions များကိုလူကြီးမင်းတို့ရဲ့ Luxury Home များအတွက် စတင်ဝန်ဆောင်မှုပေးနေပါပြီ။YMW Solutions Company ကိုရွေးချယ်ပြီးလုပ်ငန်းများအပ်နှံပေးခဲ့ကြတဲ့ Hotel လုပ်ငန်းရှင်ကြီးများ၊MNC Companies ကြီးများ၊Luxury Home ပိုင်ရှင်များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။🙏🙏🙏
07/11/2024
Finally,Finished !!!!!
Congratulations YMW Solutions Team.👏👏
Project Name. >>> Hotel (66)

02/10/2024
We are ready for delivery 🚛🚛🚛
Thanks to our Loyal customer.🙏🙏🙏