GL - Natural Soap Online Class

GL - Natural Soap Online Class

Share

🌻 ဓါတုလျှော့ချ
သဘာ၀ထုတ်ကုန်များ
ထုတ်လုပ်နည်း
အွန်လိုင်းသင်တန်း 📣📣📣

18/01/2026

Soap Packaging Idea 🥰🥰🥰

18/01/2026

တီချယ်အကောင့်အဟောင်းလေး
၀င်မရတော့လို့ အကောင့်အသစ်လေးပါ
Add & Follow လေးလုပ်ပေးကြပါအုံးနော် ☺️☺️☺️
အကောင့်လင့် 👇👇👇🥰🥰🥰
https://www.facebook.com/share/1Ae2rSmfeu/

17/01/2026

Soap Cutting Idea 🥰🥰🥰

21/08/2025

ဒါလေး ပြပေးမယ်နော်
Facebook Views ဝင်ငွေလေးပါ
ဒါပေမယ့် တစ်ချို့တွေလည်း သိချင်ကြမယ်
ဆိုတာသိလို့ ဒီတစ်ခါတော့ ပြပေးလိုက်တာပါ၊၊
အားလုံးကိုmoti လေး ရစေချင်တဲ့ စေတနာပါ၊၊
တကယ်ရှာရင် ဒါမျိုးက
အားလုံးရနိုင်တဲ့ အခွင့်ရေးမျိုးပါ၊၊
ကျတော်ကလည်း ငါပဲရရမယ်ဆိုတဲ့ သူမျိုး
မဟုတ်ပါဘူး၊၊ အဲဒါကြောင့်လည်း ကျတော့်လို
မျိုးလူငယ် ၊ လူရွယ်တွေ ကြိုးစားပြီး ရှာစေချင်
တာပါ၊၊ တကယ့်စေတနာပါ၊၊

အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ဖို့ပဲ အရေး
ကြီးတာပါ၊၊
ဒါပေမယ့် ဒီနေရာမှာ တစ်ခုအသိပေး
ချင်တာက လွယ်လွယ်နဲ့တော့ ရလာမယ်တော့
မထင်ပါနဲ့၊၊ ဘယ်အရာမှ လွယ်လွယ်နဲ့ မရပါဘူး၊၊
ကျတော်ကိုယ်တိုင်လည်း ဒါလေး ရဖို့
လွယ်လွယ်နဲ့ မရခဲ့ပါဘူး၊၊ တစ်လလုံး ကြိုးစားပြီး
fb မှာရော Tik tok မှာရော youtube မှာပါ
ရှာခဲ့ရတာပါ၊၊ဒါပေမယ့် လကုန်ခါနီးမှ ဒီလိုအရာကို
ရှာဖွေနိုင်ခဲ့တာပါ၊၊ပြီးတော့ တစ်ခုရှိတာက ဒါမျိုး
ဖို့က ကြိုးစားယုံနဲ့လည်း ရချင်မှရတာပါ၊၊ ကံနဲ့လည်းဆိုင်ပါတယ်၊၊ကျတော်က ကြိုးလည်းကြိုးစားတယ်ကံလည်းအရမ်းကောင်းလို့ ဒီမနက် ကျတော့်ရဲ့ new feed မှာတက်လာတာပါ၊၊

အဲဒါနဲ့ ကျတော်လည်းပျော်ပီး အခုလို save ထားနိုင်ခဲ့တာပါ၊၊
ကြိုးစားပြီး ရှာကြနော် ! 🤣🤣

20/08/2025

တချို့က လခ ၂သိန်းလောက်အတွက်လုပ်နေချိန်
တချို့က ၆သိန်းလောက်ရနေပြီ
တချို့က ၆သိန်းလောက်နဲ့ပျော်နေချိန်
တချို့က ၁၀သိန်းဝန်းကျင်ရှာနေနိုင်ပြီ
တချို့က ၁၀သိန်းဝန်ကျင်ရှာနိုင်ချိန်မှာ
တချို့က ၁၅သိန်း၊ သိန်း၂၀ရှာနေနိုင်ပြီ
တချို့က လစဉ်ဝင်ငွေ သိန်း၃၀ ၄၀. ၅၀ /၆၀........
လ၁လ ကုန်တာခြင်းတူပေမယ့် လုပ်နိုင်စွမ်းနဲ့ ရပိုင်ခွင့်တွေ ဝင်ငွေတွေ ကွာကုန်ပြီ။

အသက်တွေကြီးလာတာချင်းအတူတူ စုဆောင်းမှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေ ကွာလာကြပြီ........
လုပ်နိုင်စွမ်းရှိတဲ့ ငယ်ရွယ်ချိန်မှာ
ပိုရုန်းကန်ပါ စွန့်စားပါ....စိတ်ကူးအိမ်မက်တွေအကောင်ထည်ဖေါ်ပါ။

သတိ
သင့်အသက်ကြီးလာနေပါပြီ။သက်တောင့်သက်သာရှိတဲ့နယ်ပယ်)မှာပဲမပျော်ပါနဲ့။ ရုန်းထွက်ပါ။ စွန့်စားပါ။
သင်လိုချင်တဲ့ဘဝကိုသင်ကိုယ်တိုင်ဖန်တီးပါ။

ဝန်ထမ်းလုပ်မယ်ဆိုလည်း အရာရောက်ပြီး
အရေးပါတဲ့သူဖြစ်ပါစေ။
ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုလဲ
ဝီရိယနှင့်အမျှော်အမြင်ရှိပါစေ။

ကြိုးစားချင်စိတ်နဲ့ လေ့လာသင်ယူစိတ်ရှိဖို့က
အဓိကကျပါတယ်။

17/08/2025

အသက်အရွယ်က တားမြစ်ချက် မဟုတ်ပါ။
သူများကို မထိခိုက်သရွေ့
ပျော်တာပဲ လုပ်ပါ။
ဝတ်ချင်တာ ဝတ်၊ သွားချင်ရာ သွား။
ဘဝက သင့်ကိုလည်း
ပျော်ရွှင်ခွင့် တကယ်ပေးထားပါတယ်။

“ဒီအရွယ်မှာ…” ဆိုတဲ့ စကားတွေကို
နားမထောင်ဘူး။
ဘယ်အရွယ်မှာမဆို
ပျော်နေရင် – တန်ဖိုးရှိတယ်။

🌿🍂🌱

02/08/2025

"နေ့စဉ်အသုံးစရိတ်ကို တွက်ချက်ပါ"
ပိုက်ဆံမစုနိုင်ဘူး ညည်းမိလို့ နေ့စဉ်အသုံးစရိတ်တွေ၊ လစဉ်အသုံးစရိတ်တွေကို စာရင်းလုပ်ထားလေ ဆိုပြီးပြောလာရင် ကျွန်မအရမ်းလန့်တယ်။

ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်း
ကိုယ် သိတယ်လေ။
မဆင်မခြင် လိုရင်လိုသလို သုံးပစ်
တတ်တဲ့အကျင့်ရှိတာကိုး။
အံ ဒါကြောင့် တွက်ရမှာကိုတောင် ကြောက်မိတာပါ။
ဒါပေမဲ့လည်း တကယ် တွက်ကြည့်တော့ အတော်လေးအသုံးဝင်တယ်။

တစ်နေ့တစ်နေ့ ကိုယ်ဘယ်လောက်သုံးလဲ၊ ဒီတစ်ပတ်ပိုက်ဆံ ဘယ်လောက်ကုန်သွားလဲ၊ လစဉ်ဘယ်လောက်ကုန်နေလဲ ဆိုတာတွေကို ကိန်းဂဏန်းအတိအကျနဲ့ မြင်နေရတဲ့အခါ တော်ရုံနဲ့လည်း ပိုက်ဆံသုံးချင်စိတ် မရှိတော့ဘူး။

ချွေတာချင်စိတ်လည်း ပိုများလာတယ်။
ဆင်ဆင်ခြင်ခြင်လည်း နေတတ်လာတယ်။
အဲတော့ ငွေပိုလေးတွေ ထွက်လာတယ်ပေါ့။

ဒါကပိုက်ဆံစုဖို့အတွက် အရမ်းကိုအသုံးဝင်သလို
ပိုက်ဆံမစုဖြစ်ဘူးဆိုရင်တောင် သေချာပေါက်
လုပ်ကြည့်သင့်တဲ့အရာပါ။..

မိမိရဲ့ငွေကြေးကို စီမံခန့်ခွဲနိုင်ခြင်းက အရမ်းအရေးကြီးတာကြောင့် ဝင်ငွေ၊ ထွက်ငွေ နေ့စဉ်စာရင်းလုပ်ထားပါ။
တစ်နေ့ တစ်နေ့သုံးလိုက်တဲ့ အသေးအမွှားလေးကအစ အကုန်လုံးမှတ်ထားပါ။ ဒါဆိုရင် အသုံးစရိတ်လည်း ချွေတာမိသလို ငွေလည်းပိုစုမိစေပါလိမ့်မယ်။...
#ဗဟုသုတများ

07/07/2025

သင့်မှာ အိပ်စရာနေရာရယ် ၊
ဝတ်စရာအဝတ်တွေရယ် ၊ နောက်နေ့အတွက်
စားစရာတွေလည်း ရှိနေသေးရင် ၊
" သင်က ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ
၇၅% ထက် ချမ်းသာ နေပါသေးတယ် "
သင့် ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံလည်း
ရှိပြီးတော့ ကိုယ်သွားချင်တဲ့ နေရာကို
သွားလို့ ရနေသေးတယ်ဆိုရင် ၊
" သင်က ကမ္ဘာ့လူဦးရေထဲက ၁၈% သော
ကြွယ်ဝတဲ့ လူတွေ စာရင်းထဲမှာ ပါနေပါပြီ "
သင်က ဒီနေ့ အသက်ရှင်နေတယ်၊
ကျန်းမာနေတယ် ဆိုရင် ၊
" မကျန်းမာကြလို့ ဒီအပတ်ထဲမှာ
သေဆုံးကြတော့မယ့် လူသန်းပေါင်းများစွာထက် အများကြီး ကံကောင်းနေပါသေးတယ် "
ကျွန်တော် အခုရေးနေတဲ့စာကို
သင်ဖတ်နိုင် နေသေးတယ်ဆိုရင် ၊
" မျက်စိ မမြင်ရလို့ ဒီစာကို မဖတ်နိုင်ကြတဲ့
သူတွေနဲ့ စာသင်ကြားခွင့် မရကြလို့
စာမဖတ်တတ်ကြတဲ့ လူသားပေါင်း
သန်း(၃၀၀၀) ထက် သင်အများကြီး
ကံကောင်း နေပါသေးတယ် "
" ဘဝဆိုတာ ကိုယ့်မှာမရှိတဲ့ အရာတွေကို
Complain တက်ပြီး စိတ်ပျက်ဝမ်းနည်း နေဖို့မဟုတ်ဘူး။"
" ကိုယ့်မှာရှိနေတာကို တန်ဖိုးထားပြီး
နေ့ရက်တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့
ဖြတ်သန်းတာကိုမှ ဘဝလို့ခေါ်တာပါ"

15/06/2025

ငယ်ငယ်က မိဘတွေ
အပြင်ကပြန်လာရင်
သမီးတို့ သားတို့အတွက်ဘာပါလဲ
ဆိုပြီး အလုအယက် ဆီးကြိုမေးကြတယ်

သားသမီးတွေ ကြီးလာတော့
အိမ်ပြန်တဲ့အချိန် မိဘအတွက်ဆိုတာ
မေ့နေတတ်ကြတယ်

ငယ်ငယ်က မိဘတွေဆီက
လိုချင်တာကို
မရမက ပူဆာတတ်ကြတယ်
မိဘတွေက ပိုက်ဆံမရှိရင်တောင်
ချေးငှားပြီး လိုအပ်တာဖြည့်ပေးတတ်ကြတယ်

သားသမီးတွေ ကြီးလာတဲ့ အချိန်ကြတော့
မိဘတွေအတွက်လိုအပ်တာ၀ယ်ပေးဖို့တောင်
တွန့်ဆုတ်နေတတ်ကြတယ်

သားသမီးတွေ ဖျားနာရင်
မိဘတွေက နေ့နေ့ညညမအိပ်ပဲ
ပြုစုပေးနိုင်ကြတယ်

မိဘတွေ ဖျားနာတော့
ဆေးခန်းလိုက်ပို့ဖို့တောင်
ငြူစူတတ်ကြတယ်

မိဘတွေက သားသမီးတွေကို
အများနဲ့တန်းတူ
မျက်နှာမငယ်အောင် ရှာဖွေကျွေးမွေး
နိုင်ကြတယ်

သားသမီးတွေ ပိုက်ဆံရှာနိုင်တဲ့အချိန်
မိဘကို မျက်နှာမငယ်ရအောင်
ထားဖို့ မေ့နေတတ်ကြတယ်

မိဘ နှစ်ယောက်က သားသမီး
၁၀ ယောက်ရှိလည်း ထမင်းနှပ်မှန်အောင်
ရှာဖွေကျွေးမွေး ပြုစုနိုင်ကြတယ်

သားသမီး ၁၀ ယောက်က
မိဘနှစ်ယောက်ကို ထမင်းနှပ်မှန်အောင်
ကျွေးမွေးနိုင်ဖို့ ခက်ခဲကြတယ်

ငယ်ငယ်က ဒါငါ့အဖေ ငါ့အမေ
ဆိုပြီး ၀ိုင်းလုတဲ့သူတွေ
မိဘတွေ အသက်ကြီးလာတော့
ဒါမင်းအဖေ မင်းအမေဆိုပြီး
တွန်းပို့နေတတ်ကြတယ်

ကမ္ဘာပေါ်မှာ ရှိတဲ့သားသမီးတွေ
အားလုံး မိဘတွေပေါ်မှာ
သိတတ် လိမ္မာသူတွေ
ဖြစ်ကြပါစေ

ကမ္ဘာပေါ်မှာရှိတဲ့ မိဘတွေအားလုံးလည်း
ကျမ်းမာ ချမ်းသာ
ပျော်ရွှင်ကြပါစေ

❝ 𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥
𝐅𝐚𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 ❞
(15.6.2025) မှာ ကျရောက်တဲ့
(အဖေများနေ့)လေးမှာ
ဖေဖေ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး
ကမ္ဘာပေါ်ရှိ ဖေဖေများအားလုံးလည်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
လိုအင်ဆန္ဒများပြည့်ဝကြပါစေ ။ 💕🥰

#1562025

31/05/2025

ဦးနှောက်ကို ဂရုစိုက်ပါ..........။
သွေးကြောပေါက်ခြင်း၊ သွေးကြောကျဥ်း (သွေးကြောပိတ်ခြင်း) များကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းစေပါသည်။

လေဖြတ်ခြင်း၊ လေတစ်ခြမ်းဖြန်းခြင်း၊ လေငန်းရောဂါ၊ ခေါင်းကိုက်ခြင်း ကိုသက်သာစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်ဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ကို သက်သာစေပါသည်။

ဆဲလ်များ ယိုယွင်းပျက်စီးမှုကိုလည်း လျှော့ချပေးပါသည်။

အသုံးပြုနည်း.........

ဂျင်းစိမ်း လက်လက်ဆက်ဆက်ကို ပါးပါးလှီးပြီး သကြားညိုနှင့် တို့စားပါ။ တစ်ကြိမ်လျှင် ၁ ချပ်၊ တစ်နေ့ ၃ ကြိမ်လောက် စားပါ။ အကယ်၍ အစိမ်းမစားနိုင်ပါက ပြုတ်၍ စားပါ။ ဒါမှမဟုတ် ဂျင်း ၂-၃ ချပ်ကို ရေနွေးတစ်ခွက်ထဲထည့်စိမ်ပြီး သောက်သုံးနိုင်ပါသည်။

အလွန်ကောင်းလို့မျှဝေပေးပါတယ်။
ကျန်မာပျော်ရွှင်ကြပါစေခင်ဗျာ🙏🙏🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
MON SOUNG

03/05/2025

#သေသူကိုသတိရတဲ့အခါ
**********************

ဖတ်ကြည့်နော်.....

#အကောင်းဆုံးလက်ဆောင်ပေးလိုက်ပါ

လူတိုင်းမှာ အသိမိတ်ဆွေထဲက
ဖြစ်ဖြစ် မိသားစုဝင်ထဲကပဲ ဖြစ်ဖြစ်
သေဆုံးသွားသူတွေ ရှိကြမှာပါပဲ..။

ကျန်ခဲ့သူတွေအတွက်ကတော့
အကြောင်းအားလျော်စွာ တိုက်ဆိုင်လာတိုင်း သတိရကြမိပါ..။

#သေသူကို သတိရတဲ့ အခါ
၁။ ဘုရားရှိခိုးပါ

နမော တဿ ဘဂဝတော
အရဟေတာ သမၼာသမၺဳဒၶႆ..လို့
စိတ်ထဲကနေ ရွတ်ဆိုပြီး ဘုရားရှိခိုးလိုက်ပါ..။

၂။ ဂုဏ်တော်ပွားပါ
ဂုဏ်တော်(၉)ပါးထဲက ကိုယ်နှစ်သက်ရာ
တစ်ခုခုကို ပွားလို့လည်း ရပါတယ်..။

တခြား ဂုဏ်တော်ပွားဖို့ ခက်ခဲနေရင်
အရဟံဂုဏ်တော်ကိုပဲ ပွားလိုက်ပါ..။

အရဟံ- ပူဇော်အထူးကို
ခံယူတော်မူသော မြတ်စွာဘုရား၊

အရဟံ - ကိလေသာ ကင်းစင်တော်မူသော
မြတ်စွာဘုရား

အရဟံ- ဆိတ်ကွယ်ရာအရပ်၌ပင်
မကောင်းမှုကို ပြုတော်မမူသော
မြတ်စွာဘုရားလို့ ပွားလို့ ရပါတယ်။

အရဟံဆိုတဲ့ ပါဠိလေးရယ်၊ အရဟံရဲ့ အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့
သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက်ကလေးပါပဲ..။

၃။ မေတ္တာပို့ပါ

ကိုယ့်ပို့နေကျ မေတ္တာပို့ ဒါမှမဟုတ်
မေတ္တာသုတ်တော်လာ မေတ္တာပို့
အကုန်မရရင်တောင်

လုံးစုံများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ..။
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ..လို့ ရွတ်ဆိုပြီး မေတ္တာပို့လိုက်ပါ..။

ဒါဆို အချိန်ခဏလေးအတွင်းမှာပဲ
ကုသိုလ်တွေ အများကြီးရလာပါပြီ
ယခုလိုရလာတဲ့ ကုသိုလ်တွေကို အမျှဝေပေးပါ

၄။ အမျှဝေပါ

ယခုပြုလုပ်ရသော
ကုသိုလ်ကံစေတနာ အကျွန်ုပ်သိတတ်ချိန်မှ
စ၍ ယနေ့အချိန်ထိ ပြုလုပ်ခဲ့ဖူးသာ
ကုသိုလ်ကံစေတနာ အဖြာဖြာတို့သည်
ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွေ့သွားသော (ကိုယ်သတိရနေတဲ့ သေသူနာမည်ထည့်ပါ)
ထံ ရောက်ပါစေ

ထိုမှတပါး ဤကောင်းမှု့ကိုသိုလ်၏
အဖို့ဘာဂသည် (ကိုယ်သတိရနေသည့် သေသူနာမည်ထည့်ပါ) မှ အစပြု၍ ၍ သုံးဆယ်တစ်ဘုံမှာရှိကြကုန်သော
လူနတ်ဗြဟ္မာသတ္တဝါ အပေါင်းတို့အား ဤကောင်းမှု့နှင့်စပ်သမျှ
အမျှ အမျှ အမျှ ပေးဝေပါ၏

ထိုမှတပါး ဤကောင်းမှု့အဖိုဘာဂသည် အမျှပေးသည့်အခါ၌ (ကိုယ်သတိရနေသည့် သေသူနာမည်ထည့်ပါ) သည် အကယ်၍ အမျှပေးသည့်အခါ၌ မသိလိုက်
မကြားလိုက်သည်ရှိသော်

ဤကုသိုလ်ကောင်းမှုကို အမျှရကြကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့မှ တဆင့်တဆင့်ပြောကြား၍ ၀မ်းမြောက်နုမော်
သာဓု ခေါ်ဆိုနိုင်ရန် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်..။

ဤကောင်းမှု့နှင့်စပ်သမျှ အကျွန်ုပ်နှင့်
ထပ်တူ ထပ်မျှ ရကြပါစေ..

အမျှ အမျှ အမျှ လို့ဆိုပြီး အမျှပေးဝေလိုက်ပါ..။

အစပိုင်းမှာ လုပ်ရတာ ခက်ခဲချင်
ခက်ခဲနေနိုင်ပေမဲ့ လုပ်ပါများလာရင် ကျင့်သားရသွားမှာပါ..။

သေသူကို သတိရတဲ့ အခါ
သတိရခြင်းလေးကို အကြောင်းပြုပြီး
သေသူအတွက် ပိုကောင်းမွန်ပြည့်စုံတဲ့
ဘဝကို ရသွား ရောက်သွား နိုင်လောက်တဲ့ထိ အကျိုးများစေနိုင်သလို ကိုယ့်အတွက်လည်း ကုသိုလ်တိုးပွားစေပါတယ်..။

သေသူကို သတိရတဲ့ အခါ
အချိန်နည်းနည်းလေးဖြစ်ဖြစ် ပေးပြီး အမျှပေးဝေလိုက်ခြင်းဟာ

ကိုယ့်သတိရနေတဲ့သေသူကို
အကောင်းဆုံး လက်ဆောင်
ပေးလိုက်နိုင်ခြင်းဖြစ်သလို
ကိုယ့်အတွက်လည်း ကုသိုလ်တိုးပွားတာမို့ အကောင်းဆုံးလက်ဆောင် ရလိုက်ခြင်းပါပဲ..။



,,

မေတ္တာဖြင့်
အရှင်ကောသိယ.ငါန်းဇွန်

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay