21/02/2026
ကလေးငယ်တို့ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ Writing Skills တိုးတက်စေဖို့ 𝗘𝘀𝘀𝗮𝘆𝘀 & 𝗟𝗲𝘁𝘁𝗲𝗿𝘀 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 ဖွင့်လှစ်လိုက်ပါပြီ📣
𝗦𝗲𝗻𝗶𝗼𝗿 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀 & 𝗝𝘂𝗻𝗶𝗼𝗿 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀
_____________________________________
📌𝗣𝗮𝗿𝗮𝗴𝗿𝗮𝗽𝗵 𝗪𝗿𝗶𝘁𝗶𝗻𝗴 မှစ၍ 𝗘𝘀𝘀𝗮𝘆𝘀 & 𝗟𝗲𝘁𝘁𝗲𝗿𝘀 အတန်း များအထိစနစ်တကျ၊ အဆင့်ဆင့် သင်ကြားပေးမယ့် 𝗢𝗻𝗹𝗶𝗻𝗲 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀 ဖြစ်ပါတယ်။
🔹 𝗚𝗿𝗮𝗺𝗺𝗮𝗿 အခြေခံမှ စတင်ပြီး
𝗦𝗲𝗻𝘁𝗲𝗻𝗰𝗲 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲𝘀
𝗣𝗮𝗿𝗮𝗴𝗿𝗮𝗽𝗵 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲𝘀
𝗘𝘀𝘀𝗮𝘆𝘀 & 𝗟𝗲𝘁𝘁𝗲𝗿𝘀 အမျိုးမျိုး၏
👉 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲𝘀 & 𝗙𝗼𝗿𝗺𝗮𝘁𝘀 များကို စနစ်တကျ သင်ကြားပေးမယ့်အတန်းဖြစ်ပါတယ်။
🔹 ရေးတတ်ဖို့အတွက် တွေးတတ်ဖို့လိုတာကြောင့်
𝗦𝗮𝗺𝗽𝗹𝗲 𝗘𝘀𝘀𝗮𝘆𝘀များကို 𝗔𝗻𝗮𝗹𝘆𝘀𝗲လုပ်ရင်း
📖 စာဖတ်နည်း
✍️ စာရေးနည်းကို လက်တွေ့လေ့ကျင့်ရမယ့်အတန်း ဖြစ်ပါတယ်။
🔹 တစ်ဦးချင်း စစ်ဆေးပြင်ဆင် လမ်းညွှန်ပေးနိုင်ဖို့တန်းခွဲတစ်ခုလျှင် အတန်းသားဦးရေကန့်သတ်ပြီး ၁၂ယောက်သာ လက်ခံပါမယ်။
📌 မှတ်ချက်
𝗦𝗲𝗻𝗶𝗼𝗿 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀သည်Intensive Class ဖြစ်သောကြောင့်
👉 Grammar Awareness – 𝗘𝗹𝗲𝗺𝗲𝗻𝘁𝗮𝗿𝘆 𝗟𝗲𝘃𝗲𝗹 အနည်းဆုံးရှိရန် လိုအပ်ပါသည်။
📆 𝗦𝘁𝗮𝗿𝘁𝗶𝗻𝗴 𝗗𝗮𝘁𝗲 - 𝟵.𝟯.𝟮𝟬𝟮𝟲
👨💻- 𝗭𝗼𝗼𝗺 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀
𝗝𝘂𝗻𝗶𝗼𝗿 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀- 8:00 p.m - 9:00 p.m(Mon - Thurs)
𝗦𝗲𝗻𝗶𝗼𝗿 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀- 7:30 a.m - 8:30 a.m(Mon - Thurs)
💬Page Messenger မှဖြစ်စေ
📞 𝟬𝟵-𝟰𝟬𝟰𝟮𝟵𝟬𝟲𝟲𝟳 (𝗩𝗶𝗯𝗲𝗿) , 𝟬𝟵-𝟳𝟳𝟳𝟱𝟰𝟴𝟵𝟭𝟬 မှဖြစ်စေ သင်တန်းစုံစမ်းအပ်နှံနိုင်ပါတယ်။
၅၆ (C) လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
31/01/2026
သားသားမီးမီးတို့အတွက် နွေရာသီပိတ်ရက်မှာ အကျိုးရှိစေဖို့ 𝗘𝗻𝗴𝗹𝗶𝘀𝗵စာ သင်တန်းကောင်းရှာနေပါသလား❓
ဒီနွေရာသီမှာ 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 အခြေခံမပိုင်သေးသူကို အခြေခံခိုင်အောင်လုပ်ပြီး
𝗟𝗲𝘃𝗲𝗹 တစ်ခု ရောက်နေပြီးသူကို 𝗟𝗲𝘃𝗲𝗹 𝗯𝗼𝗼𝘀𝘁 လုပ်မယ့် 𝗜𝗻𝘁𝗲𝗻𝘀𝗶𝘃𝗲 𝗖𝗹𝗮𝘀𝘀𝗲𝘀တွေဖွင့်ပါတော့မယ်။
✔️𝗘𝗻𝗴𝗹𝗶𝘀𝗵စာသင်ကြားမှုအတွေ့အကြုံ ၁၈ နှစ်ကျော်ရှိ
ဆရာနဲ့ သင်ယူရမှာဖြစ်ပြီး
📍လူဦးရေကတော့ ကောင်းကောင်း 𝗵𝗮𝗻𝗱𝗹𝗲လုပ်ရင်း
တစ်ဦးချင်း သေချာဂရုစိုက်သင်ကြားပေးနိုင်မယ့် အရေအတွက်ထိပဲ ကန့်သတ် လက်ခံပါမယ်။
📍 သင်တန်းနေရာ
၅၆ (C) လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြား၊
ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
စာရင်းသွင်းရန် 𝟬𝟵-𝟰𝟬𝟰𝟮𝟵𝟬𝟲𝟲𝟳(𝗩𝗶𝗯𝗲𝗿)
30/01/2026
မနက်က ကျနော်သင်နေတဲ့ကျောင်းမှာ နောက်ဆုံးရက်အနေနဲ့ ကလေးတွေက ကန်တော့ကြတော့ ကိုယ်သင်တဲ့ကလေးတွေအတွက် သီးသန့် ဆုံးမစကားပြောဖြစ်တယ်။ ဆုံးမတဲ့နေရာမှာတော့ တခါတလေ သူတို့လုပ်ရပ်က ဒေါသထွက်စရာဆိုရင်တော့ လေသံမာမာနဲ့ပြောတတ်ပေမယ့် ပုံမှန်ဆိုရင်တော့ လေအေးကလေးနဲ့ဆုံးမတာပါပဲ။ ဒီနေ့ပြောဖြစ်တဲ့ စကားလေးနှစ်ခွန်းကတော့
(၁) မြင်းထိန်းနဲ့မြတ်စွာဘုရား အမေးအဖြေဥပမာလေးဆောင်ပြီး မြတ်စွာဘုရားဟာ အခါခါပြောဆိုဆုံးမလို့မရသူတွေကို ဘာမှထပ်မပြောတော့ဘဲ ဥပေက္ခာပြုလိုက်ခြင်းဖြင့် အဲဒီလူတွေရဲ့ ကောင်းကျိုးကို ပညာရှိနည်းနဲ့ သတ်ပစ်လိုက်တာမျိုးဖြစ်တဲ့အကြောင်း။ ဆရာတွေ မိဘတွေက ကိုယ့်ကို ဆုံးမနေသေးတယ်ဆိုတာ ကိုယ့်ကောင်းကျိုးကို လိုလားသေးလို့ ဆိုးကျိုးကို ကာကွယ်ပေးချင်သေးလို့ ဆုံးမနေတာဖြစ်တယ်လို့မှတ်ပြီး ကိုယ့်ကိုယ်ကို ဆရာမနိုင်၊ မိဘမနိုင်တဲ့အဖြစ်မျိုးမရောက်စေဖို့ သတိထား ထိန်းသိမ်းရမယ့်အကြောင်းပြောဖြစ်တယ်။
(၂) နောက်တစ်ခုမှတ်ဖို့က ဘဝမှာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို သိအောင်လုပ်နိုင်ရုံတင်မကဘဲ တစ်ခုခုလုပ်တော့မယ်ဆိုရင် ဆိုးကျိုးအနည်းဆုံးဖြစ်အောင်၊ ဆိုးကျိုးဖြစ်ရင်တောင် သူများမထိခိုက်အောင် အကောင်းဆုံးနည်းလမ်းတွေကို ကိုယ်ကျင့်တရားအခြေခံ စဉ်းစားပြီး လုပ်တတ်မှသာ ပညာလို့ခေါ်နိုင်ကြောင်းပြောဖြစ်တယ်။
ကိုယ့်စကားလေးတွေကြောင့် ကလေးတွေအများကြီးထဲက လိမ္မာတဲ့သူက ပိုလိမ္မာမြဲ လိမ္မာပြီး ဆိုးတဲ့သူတွေထဲက တစ်ယောက်တစ်လေ အသိတရားဆိုက်လို့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ထိန်းသိမ်းသွားမယ်ဆိုရင်ပဲ ပြောရကျိုး မှာရကျိုးနပ်မယ်ထင်ပါရဲ့။ ကလေးနှစ်ယောက်ကတော့ လာပြောရှာတယ်။ ဆရာ့ကို ကန်တော့တာ ဘာပစ္စည်းမှတောင်မပ့လိုက်ဘူးတဲ့။ ကျနော့်ကို ကန်တော့ဖို့ ပစ္စည်းမလိုသလို ကျနော်ပြန်ပေးနိုင်တာလည်း ဆုထက် အမှာစကားပဲရှိပါတယ်။ ဆုကိုတော့ ကျနော်ဟာ မေတ္တာပို့တဲ့သဘောနဲ့သာပေးတာပါပဲ။ ပစ္စေကဗုဒ္ဓာ မဟုတ်တဲ့ကျနော့်အနေနဲ့ ဣစ္ဆိတံ ပတ္တိတံ တုယှံ ခိပ္ပမေဝ သမိဇ္ဈတု (ပါဠိစာလုံးပေါင်းမှားရင် ပြင်ပေးကြပါဦး။) ဆိုရုံနဲ့ ကလေးတွေအပေါ် ပြည့်မှာမဟုတ်ပေမယ့် ကိုယ်ပြောလိုက်တဲ့အမှာစကားလေးတွေ စိတ်ထဲမှာ စွဲသွားကြရင်ဖြင့် အကျိုးရှိကောင်းပါရဲ့ဆိုတဲ့ စိတ်နဲ့ပဲ ပြောဖြစ်နေတာပါပဲ။
Tr. Thant Zin
(Dream High Education)
28/01/2026
Study Session အတွက် ပြင်ဆင်ဖို့နည်းလမ်းများ
=================================
22/01/2026
✍️ 𝗘𝘀𝘀𝗮𝘆𝘀 & 𝗟𝗲𝘁𝘁𝗲𝗿𝘀 𝗪𝗿𝗶𝘁𝗶𝗻𝗴 မရေးတတ်မှာ စိုးရိမ်နေပါသလား?
အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအတွက် 𝗘𝘀𝘀𝗮𝘆𝘀 & 𝗟𝗲𝘁𝘁𝗲𝗿𝘀 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀 ဖွင့်လှစ်ပါပြီ📣
📌𝗣𝗮𝗿𝗮𝗴𝗿𝗮𝗽𝗵 𝗪𝗿𝗶𝘁𝗶𝗻𝗴 မှစ၍ 𝗘𝘀𝘀𝗮𝘆𝘀 & 𝗟𝗲𝘁𝘁𝗲𝗿𝘀 အတန်း များအထိစနစ်တကျ၊ အဆင့်ဆင့် သင်ကြားပေးမယ့် 𝗜𝗻𝘁𝗲𝗻𝘀𝗶𝘃𝗲 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀 ဖြစ်ပါတယ်။
🔹 𝗚𝗿𝗮𝗺𝗺𝗮𝗿 အခြေခံမှ စတင်ပြီး
𝗦𝗲𝗻𝘁𝗲𝗻𝗰𝗲 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲𝘀
𝗣𝗮𝗿𝗮𝗴𝗿𝗮𝗽𝗵 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲𝘀
𝗘𝘀𝘀𝗮𝘆𝘀 & 𝗟𝗲𝘁𝘁𝗲𝗿𝘀 အမျိုးမျိုး၏
👉 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲𝘀 & 𝗙𝗼𝗿𝗺𝗮𝘁𝘀 များကို စနစ်တကျ သင်ကြားပေးမယ့်အတန်းဖြစ်ပါတယ်။
🔹 ရေးတတ်ဖို့အတွက် တွေးတတ်ဖို့လိုတာကြောင့်
𝗦𝗮𝗺𝗽𝗹𝗲 𝗘𝘀𝘀𝗮𝘆𝘀များကို 𝗔𝗻𝗮𝗹𝘆𝘀𝗲လုပ်ရင်း
📖 စာဖတ်နည်း
✍️ စာရေးနည်းကို လက်တွေ့လေ့ကျင့်ရမယ့်အတန်း ဖြစ်ပါတယ်။
🔹 တစ်ဦးချင်း စစ်ဆေးပြင်ဆင် လမ်းညွှန်ပေးနိုင်ဖို့တန်းခွဲတစ်ခုလျှင် (12) ယောက်သာ လက်ခံပါမယ်။
📌 မှတ်ချက်
Intensive Class ဖြစ်သောကြောင့်
Grades 10, 11, 12 ကျောင်းသားများအနေဖြင့်
👉 Grammar Awareness – 𝗘𝗹𝗲𝗺𝗲𝗻𝘁𝗮𝗿𝘆 𝗟𝗲𝘃𝗲𝗹 အနည်းဆုံးရှိရန် လိုအပ်ပါသည်။
🗓 𝗪𝗲𝗲𝗸𝗱𝗮𝘆𝘀 / 𝗪𝗲𝗲𝗸𝗲𝗻𝗱𝘀
ပုံမှန်တန်းခွဲများ စုံစမ်းအပ်နှံနိုင်ပါပြီ။
📆 𝗦𝘁𝗮𝗿𝘁𝗶𝗻𝗴 𝗗𝗮𝘁𝗲 - 𝟮.𝟯.𝟮𝟬𝟮𝟲 (𝗠𝗼𝗻𝗱𝗮𝘆)
⏳ 𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 - 𝟯 Months
👥 𝗖𝗹𝗮𝘀𝘀 𝗦𝗶𝘇𝗲 - 𝟭𝟮 Seats Only
⚠️ အတန်းတိုင်း လူဦးရေ ကန့်သတ်ထားပါသည်။
📍 သင်တန်းနေရာ
၅၆ (C) လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
📞 ဆက်သွယ်ရန်
𝟬𝟵-𝟰𝟬𝟰𝟮𝟵𝟬𝟲𝟲𝟳 (𝗩𝗶𝗯𝗲𝗿) , 𝟬𝟵-𝟳𝟳𝟳𝟱𝟰𝟴𝟵𝟭𝟬
01/01/2026
Study session အတွက် ပြင်ဆင်ဖို့နည်းလမ်းများ
================================
ကိုယ့်ရဲ့ တစ်နေ့တာအတွက် ကျောင်းမှာမဟုတ်ဘဲ self-study
စလုပ်ဖို့အတွက် ပြင်ဆင်တော့မယ်ဆိုရင်
1. Organise your study environment.
2. Decide how long you want to study.
3. Decide what you want to work on.
ဆိုတဲ့ အချက်သုံးချက်ကို ပြင်ဆင်ရမှာပါ။
1. Organise your study environment.
ကိုယ် study လုပ်မယ့် ပတ်ဝန်းကျင်ကို စီစဉ်တဲ့အခါ အလင်းရောင်ကောင်းကောင်းရဖို့၊ လေဝင်လေထွက်ကောင်းပြီး အနံ့ဆိုးကင်းနေစေဖို့၊ လုံလောက်တဲ့အနွေးဓာတ်ရှိနေစေဖို့၊ သက်တောင့်သက်သာရှိနေစေဖို့၊ ရေကလွဲပြီး အစားအသောက်တွေ ရှိမနေစေဖို့၊ ကိုယ် study လုပ်မယ့်အရာနဲ့ မဆိုင်တာတွေ ရှိမနေစေဖို့၊ မဖြစ်မနေ ဖုန်းရှိရမယ်ဆိုရင်လည်း silent လုပ်ပြီး screen ကိုမှောက်ထားဖို့လိုအပ်ပါတယ်။ study time အတွင်း ဘယ်အရာကမှ destruct မဖြစ်စေဖို့လိုပါတယ်။
2. Decide how long you want to study.
ကိုယ် study လုပ်မယ့်အချိန်ကို သတ်မှတ်တဲ့အခါ တဆက်တည်း အကြာကြီးသတ်မှတ်ရင် ငြီးငွေ့သွားနိုင်ပါတယ်။ ဒါ့ကြောင့် 25 mins study လုပ်ပြီး 10 mins break သို့မဟုတ် 45 mins study လုပ်ပြီး 15 mins break ယူတာက ဦးနှောက်အတွက် မပင်ပန်းဘဲ လေ့လာသမျှကို absorb လုပ်နိုင်ပါလိမ့်မယ်။ break အချိန်မှာတော့ time consuming ဖြစ်စေမယ့် ရုပ်ရှင်ကြည့်တာတို့ ဖုန်းသုံးတာတို့ ရှောင်ရပါမယ်။ ကိုယ့်စိတ်ကို relaxed ဖြစ်စေဖို့ physical activities တစ်ခုခုလုပ်ရင် ပိုကောင်းပါတယ်။
3. Decide what you want to work on.
Study time မတိုင်ခင်မှာ ကိုယ်ဘာကို လေ့လာမလဲ ကြိုဆုံးဖြတ်ထားပါ။ အဲဒီလိုဆုံးဖြတ်ထားမယ်ဆိုရင် study time အတွင်း ခက်တဲ့အရာကို ပမာဏနည်းနည်းပဲလေ့လာပြီး လွယ်တဲ့အရာကို ပိုလေ့လာနိုင်တဲ့အတွက် ပိုထိရောက်တဲ့လေ့လာမှုဖြစ်နိုင်ပါတယ်။
.
30/09/2025
ကျနော်တို့ရဲ့ နေ့စဉ်ဘဝနဲ့ Small talk
--------------------------------
Small talk ဆိုတာ တစ်ယောက်နဲ့တစ်ယောက် စပြီးမိတ်ဆွေဖြစ်ဖို့၊ conversation တစ်ခုအစပြုဖို့ ပြောတဲ့ သာမန်အကြောင်းအရာလေးတွေပါ။
Just for breaking the ice ဖြစ်လို့ serious ဖြစ်တဲ့အကြောင်းအရာတွေ controversial ဖြစ်တဲ့အကြောင်းအရာတွေ
မပြောရသလို၊ seriously ဆွေးနွေးငြင်းခုံစရာလည်း မလိုပါဘူး။ နှစ်ဦးနှစ်ဖက်ကြား common interest ရှိစေမယ့် အကြောင်းအရာလေးတွေပြောရတာပါ။
Small talk မှာ ပြောလေ့ရှိတဲ့အကြောင်းအရာတွေကတော့ sport, weather, surrounding, recent event, work, hobbies, food, travel စတာတွေပဲဖြစ်ပါတယ်။
ထိလွယ်ရှလွယ်ဖြစ်စေတဲ့အကြောင်းအရာတွေ ဖြစ်တဲ့ politics, religion, income, salary, personal problem, age, relationship, health issue စတာတွေကို မပြောရပါဘူး။
Small talk တွေကို ရိုးရှင်းတဲ့ မေးခွန်းလေးတွေနဲ့ စနိုင်ပါတယ်။ ဥပမာ
- Did you have a nice weekend? (holiday)
- Did you watch the football match on TV last night? (sport)
- It's a lovely day, isn't it? (weather)
- What do you like doing in your free time? (hobby)
- What attracts you to work here? (workplace)
- The bus is late today, isn't it? (current situation)
အဲဒီလို Small talk လေးတွေကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေအနေနဲ့
- Social tension လျှော့ချနိုင်ခြင်း၊
- အချင်းချင်းကြား ဆက်သွယ်မှုတည်ဆောက်နိုင်ခြင်း၊
- Communication skill တိုးတက်စေနိုင်ခြင်း၊
- မိတ်ဆွေသူငယ်ချင်းအသစ်တိုးခြင်း၊
- Social network ချဲ့နိုင်ခြင်း၊
- Active listening and speaking လေ့ကျင့်နိုင်ခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် Small talk ကနေ ခိုင်မာတဲ့ relationship တစ်ခုလည်း ရသွားနိုင်ပါတယ်။ ဒီတော့ ရောက်လေရာအရပ်မှာ တစ်ယောက်တည်း ကြောင်တောင်တောင်နဲ့ အချိန်ကုန်သွားမယ့်အစား အကျိုးရှိရှိနဲ့အချိန် ကုန်မှန်းမသိကုန်သွားအောင် ကိုယ့်ဘက်ကစပြီး Small talk လေးစပြောကြည့်လိုက်ကြရအောင်။။
Photo credit:
26/09/2025
ကျနော်နှင့် မန္တလေးမှစာကြည့်တိုက်များ
၂၀၀၇ လောက်ကဖြစ်သည်။ ကျနော် ၁၀ တန်းဖြေအပြီး သာသနာ့ဘောင်သို့ဝင်သည့်နှစ်။ ရန်ကင်းတောင်ခြေ ဥယျာဉ်စာသင်တိုက်တွင် ကိုရင်ကြီးဘဝနှင့် ကျောင်းစာကြည့်တိုက်မှ ပထမဆုံးစာအုပ်ငှားဖတ်ဖြစ်သည်။ ထိုစဉ်က အဖိတ်နေ့တိုင်းစာကြည့်တိုက်ဖွင့်၍ စာအုပ်အငှားအအပ် လုပ်ရသည်။ တစ်ခါငှားလျှင် နှစ်အုပ် ၇ရက်။ အဲဒီနောက် ၂၀၀၈ လောက်မှာ ကိုရင်တစ်ဝါရအပြီး လူပြန်တော်ဘဝရောက်သွားသည်။
တက္ကသိုလ် မတက်ခင်ကာလ ကျနော် ဒုတိယမြောက်ရောက်သည့် စာကြည့်တိုက်မှာ ဘူတာကြီးမြောက်ဘက်နားရှိ မြန်မာ့မီးရထားပိုင် ရွှေဥဒေါင်းစာကြည့်တိုက်ဖြစ်သည်။ စာကြည့်တိုက်ရှေ့တွင် ဆရာကြီးရွှေဥဒေါင်း ဆေးတံခဲနေသည့်ပုံ ရုပ်ထုနှင့် အတ္ထုပ္ပတ္တိကျောက်စာတိုင်ရှိသည်။ စာကြည့်တိုက် ဆင်ဝင်အောက်တွင် စားပွဲနှစ်လုံးဆက်ထားပြီး ခုံတန်းရှည်အနိမ့်လေးများနှင့် သတင်းစာ၊ ဂျာနယ်များ ဖတ်ရန်ချထားပေးသည်။ စာကြည့်တိုက်ထဲသို့ အပြင်လူဝင်လေ့မရှိ။ စာကြည့်တိုက်လုပ်အားပေးဝန်ထမ်းတို့သာ ဝင်ရသည်။ စာငှားချင်သူက စာကြည့်တိုက်ကောင်တာရှေ့တွင်ချထားသော စာအုပ်စာရင်းကိုကြည့်ပြီး ကိုယ်ဖတ်ချင်သည့် စာအုပ်အမည်၊ စာရေးဆရာနှင့် စာအုပ်အမှတ်စဉ်တို့ကို စာရွက်လေးပေါ်တွင်ရေးပေးလိုက်လျှင် သူတို့ကရှာပေးသည်။ သတင်းစာဆိုလည်း နိုင်ငံတော်သတင်းစာ၊ ပုဂ္ဂလိကသတင်းစာ အမျိုးအစားတော်တော်စုံသည်။ ဟိုးပဝေသဏီကစ ခုနှစ်အလိုက် စနစ်တကျထိန်းသိမ်းထားသဖြင့် ကိုယ်လိုချင်သည့် သတင်းစာ နေ့စွဲကိုပြောလိုက်လျှင်ရသည်။ နေ့စဉ်သတင်းစာကစလို့ အပတ်စဉ်၊ လစဉ် ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်လှူဒါန်းသူတွေလည်းပေါများသဖြင့် စုံစုံလင်လင်ဖတ်ရသည်။ ကျနော် ငှားခါစက အသင်းဝင် ကြေး ၂၀၀၀ ပေးရသည်။ လစဉ်ကြေး ၇၀၀ လားပေးရသည်။ ရက်လွန်လျှင် တစ်ရက် ၁၀၀ ရက်လွန်ကြေး ပေးရသည်။ ညနေ ၄ နာရီဆိုလျှင် စာကြည့်တိုက်ဖွင့်ပြီ။ ၆ နာရီဆိုလျှင်ပိတ်သည်။ ကျနော်က ၅ နာရီကျော် နေအေးမှ သွားလေ့ရှိသည်။ ကျနော်ရောက်ချိန်တိုင်းတွင် စာဖတ်သူ စာငှားသူ လေးငါးဆယ်ဦးတော့ ရှိနေတတ်သည်။ နောက်ပိုင်း လစဉ်ကြေး ၂၀၀၀ ဖြစ်သွားတဲ့အချိန်အထိ အဲဒီစာကြည့်တိုက်တွင် လေးငါးနှစ်လောက် ဆက်တိုက်ဖတ်ခဲ့ဖူးသည်။ ၂၀၁၆ လောက်အထိ ထိုစာကြည့်တိုက်ကို ခပ်ကျဲကျဲရောက်ဖြစ်သေးသည်။ တလောကတော့ အဲဒီစာကြည့်တိုက်ကို ဆက်ပြီး ထိန်းသိမ်းလုပ်ကိုင်မယ့်သူမရှိသဖြင့် ဖျက်သိမ်းရတော့မည်ဟု သတင်းသဲ့သဲ့ကြားသည်။ စိတ်ထဲမကောင်း။
ရွှေဥဒေါင်းစာကြည့်တိုက်အပြင် တက္ကသိုလ်တက်နေစဉ် နောက်ထပ်ကျနော်ရောက်ဖြစ်သော စာကြည့်တိုက်မှာ Jefferson Center နှင့် ရတနာပုံတက္ကသိုလ် စာကြည့်တိုက်တို့ဖြစ်သည်။ JC ကတော့ အင်္ဂလိပ်စာအုပ်များသည်။ Language နဲ့ Literature စိတ်ဝင်စားတဲ့ကျနော့်အဖို့ JC ကိုသွားဖြစ်ခြင်းက ရေငတ်တုန်းရေတွင်းထဲကျသလိုဖြစ်သည်။ Language နဲ့ Literature အပြင် အခြားကဏ္ဍစုံစာအုပ်များလည်း ရှိသည်။ Internet လည်းပေးထားသဖြင့် ကိုယ်သိချင်တာ ရှာချင်ရင်လည်း အဆင်ပြေသည်။ အဲဒီခေတ်က အခုလို ဖုန်းအင်တာနက်တွေမပေါ်သေး။ G talk ကို အင်တာနက်ကဖေးမှာ သွားပြောရသောခေတ်ဖြစ်သည်။ အဲဒီခေတ်မှာ ကျနော့်အတွက် JC မှာ Google ခေါက်ရတာ ပထမဆုံးဖြစ်သည်။ ဒါ့အပြင် Reception မှာ Kindle လေးတွေချထား ပေးတာလည်းတွေ့ရသည်။ ကျနော်တော့ အဲဒါနဲ့ တစ်ခါမှမဖတ်ဖူးခဲ့။ တကယ်တော့ JC သည် စာကြည့်တိုက်တစ်ခုဆိုတာထက်ပိုသည်။ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ သင်တန်းတွေရှိသည်။ အပတ်စဉ်ကျင်းပတဲ့ စကားဝိုင်းတွေရှိသည်။ နိုင်ငံရေးသင်တန်းတွေရှိသည်။ စသဖြင့် activities အတော်လေးစုံသည်။ ထိုစဉ်က ကျနော်သည် JC ကိုစနေနေ့တိုင်းသွားသည်။ တခါတလေ ကျနော့်သူငယ်ချင်းတွေပါပါလာတတ်သည်။ နှစ်အတော်ကြာထိ သွားဖြစ်ခဲ့သော်လည်း JC မှာ ကျနော်သိသူအနည်းအကျဉ်းသာရှိခဲ့သည်။ ရောက်လျှင် စာဖတ်သည်။ စာအုပ်ငှားသည်။ ပြန်သည်။ JC ရဲ့ activities တွေမှာ ကျနော်သိပ်မပါဖြစ်ခဲ့။ မှတ်မှတ်ရရ ဧရာဝတီစာပေပွဲတော်အတွက် JC ကနေ volunteer ဝင်လုပ်ခဲ့ဖူးတာပဲရှိသည်။
တဖက်မှာလည်း တက္ကသိုလ်တက်နေရင်း ပထမနှစ်ကစလို့ မဟာတန်းနောက်ဆုံးနှစ်အထိ ပုံမှန်ရောက်ဖြစ်နေသည်မှာ ရတနာပုံတက္ကသိုလ်စာကြည့်တိုက်ဖြစ်သည်။ ကျနော်ကျောင်းတက်စက စာကြည့်တိုက်သည် တက္ကသိုလ်၏ ဟိုးအရှေ့ဘက်ဆုံး စာသုဌာနနှင့်တွဲလျက်ဖြစ်သည်။ စာသုဌာန၏အပေါ်ထပ်တွင် နှစ်ခန်းတွဲအဆောက်အဦးကို စာကြည့်တိုက်အဖြစ်လုပ်ထားခြင်းဖြစ်သည်။ တဖက်ခန်းတွင် မိတ္တူဆွဲပေးသည့်အခန်းရှိသည်။ စာကြည့်တိုက်ဝင်ပေါက်ကနေဝင်လျှင် အရှေ့ဘက်နံရံမှာ စာအုပ်ကက်တလောက်အံဆွဲလေးတွေကပ်ထားပြီး မျက်နှာချင်းဆိုင်မှာ စာငှားကောင်တာရှိသည်။ ကောင်တာ၏နောက်တွင် စာအုပ်စင်များရှိသည်။ စာငှားခန်းနှင့် ကပ်လျက်အနောက်ဘက်ခန်းတွင် reference room ရှိသည်။ စာအုပ်ငှားပြီးလျှင် ကျနော်စာဖတ်နေကျအခန်းဖြစ်သည်။ ကျနော်တို့တုန်းက နေ့တစ်ပိုင်းသာ ကျောင်းတက်ရသည့်အတွက် မနက်ပိုင်းကျောင်းတက်ရလျှင် တနေ့လယ်လုံး စာကြည့်တိုက်မှာ ကျနော်စာဖတ်တတ်သည်။ နေ့ခင်းပိုင်း ကျောင်းတက်ရလျှင်တော့ မနက်ခင်းငှားရုံ အပ်ရုံသာရောက်ဖြစ်သည်။ ငှားပြီး အချိန်ပိုမှ ထိုင်ဖတ်ဖြစ်သည်။ နောက်တော့ သက်တမ်းရှည်ကျောင်းသားတစ်ယောက်အနေနှင့် စာကြည့်တိုက် နေရာပြောင်းတဲ့အချိန်အထိ လိုက်ဖတ်ဖြစ်ခဲ့ပြီး စာကြည့်တိုက်ဝန်ထမ်းများနှင့်ပင် ခင်မင်ရင်းနှီးလာခဲ့သည်။ တက္ကသိုလ်၏အလယ် ပင်မဆောင်၏ နောက်ကျောတွင် ထီးထီးကြီးရှိနေသော ကျောင်းစာကြည့်တိုက်သည် ခမ်းနားလှသလို စာအုပ်နှင့် facilities များလည်း ပိုပြီးစုံလာခဲ့သည်။ သို့သော် ကျနော့်ကိုတွေ့ရလေ့ရှိသည့်နေရာမှာ စာဖတ်ခန်းနှင့် စာငှားကောင်တာသာဖြစ်သည်။ တခြားဘယ်အထပ်မှ ကျနော်မရောက်ဖြစ်ခဲ့။
ထို့နောက် ကျနော်နှင့် ရေစက်ဆုံသော နောက်ထပ်စာကြည့်တိုက်များမှာ မန္တလေးတက္ကသိုလ် မြန်မာစာဌာနစာကြည့်တိုက်နှင့် မန္တလေးတက္ကသိုလ် စာကြည့်တိုက်တို့ဖြစ်သည်။ ကျနော်မန္တလေးတက္ကသိုလ်တွင် ကျောင်းထပ်တက်စဉ် မြန်မာစာဌာန နေရာပြောင်းခါစဖြစ်၍ စာကြည့်တိုက်သည် ငှားလို့ရသည့်အနေအထားမဖြစ်သေး။ စာအုပ်တွေ သန့်ရှင်းရေးလုပ်၊ စာရင်းပြုစု၊ နေရာချနှင့် လုပ်အားပေးခဲ့ရဖူးသည်။ ဌာနစာကြည့်တိုက်ဖြစ်သည့်အတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများတော့ အတော်စုံသည်။ တဖက်တွင်လည်း အေးအေးလူလူစာဖတ်၊ စာလုပ်ရင်း စာအုပ်ငှားလို့ရသည့် မန္တလေးတက္ကသိုလ်စာကြည့်တိုက်သို့ အတန်းအားသည်နှင့် မကြာမကြာရောက်သည်။ စာကြည့်တိုက်အဆောက်အဦးမှာ လေးထပ်တိုက်ကြီးဖြစ်သည်။ စာဖတ်ခန်း၊ discussion များ၊ သင်တန်းများအတွက်အခန်းများအပြင် အခြားစာအုပ်သိုလှောင်ထိန်းသိမ်းသည့် အခန်းများစွာလည်းရှိသည်။ နိုင်ငံတကာစာကြည့်တိုက်များနဲ့ ချိတ်ဆက်ထားပြီး စာအုပ်သန်းပေါင်းများစွာကို အွန်လိုင်းမှ download ရယူနိုင်ရန်လည်း စီစဉ်ပေးထားသည်။ ကွန်ပျူတာခန်းတွင် ကိုယ်ကူးချင်သည့် စာအုပ်ကို memory stick ထဲကူးသွားနိုင်သည်။ ကျနော်ကတော့ တခါတလေ မြေညီထပ်မှာ ဂျာနယ်၊ မဂ္ဂဇင်းဖတ်သလို တခါတလေ reference room မှာ စာရှာရင်း စာလုပ်နေသည်လည်းရှိသည်။ တခါတလေ သရဲခြောက်သည်ဟုပြောသည့် လေးထပ်အထိ စာအုပ်တက်ငှားသည်။ တခါတလေ စာကြည့်တိုက်မြေညီထပ်မှာ စာအုပ်တွေ download ဆွဲချင်လည်း ဆွဲနေတတ်သည်။ အမြဲတမ်းလို မီးလာသဖြင့် အဲကွန်းနဲ့နေလို့ကောင်းသည်။ ဒီမှာက တစ်ခါငှားရင် လေးအုပ်ငှားခွင့်ပေးသည်ထင်သည်။ မမှတ်မိတော့။
တက္ကသိုလ်ကျောင်းသားဘဝ နောက်ထပ်ရောက်ဖြစ်သော စာကြည့်တိုက်တစ်ခုရှိသေးသည်။ ၎င်းသည် ရှေ့ကလို အဖွဲ့အစည်းဆိုင်ရာ၊ ကျောင်းဆိုင်ရာ စာကြည့်တိုက်မဟုတ်။ ပုဂ္ဂလိကစာကြည့်တိုက်ဖြစ်သည်။ ဆန်းထွန်း (မန်းတက္ကသိုလ်) ရာပြည့်ပွဲအမှတ်တရ ဦးဆန်းထွန်း၏ စာမူများကို စုဆောင်းဖို့လုပ်အားပေးရင်း ရောက်ဖြစ်သွားခြင်းဖြစ်သည်။ စာကြည့်တိုက်သည် အမေလူထုဒေါ်အမာတို့တည်ထောင်ခဲ့သည့် မိသားစုပိုင် ပုဂ္ဂလိကစာကြည့်တိုက်ဖြစ်သည်။ ဝင်ချင်တိုင်းဝင်လို့မရ။ သက်ဆိုင်ရာမိသားစုထံတွင် ခွင့်တောင်းရသည်။ အထောက်အထားပြရသည်။ စာအုပ်များကို အပြင်ထုတ်မငှား။ စည်းကမ်းကြီးသည်။ လိုချင်သည့်စာအုပ်ရှိလျှင် စာကြည့်တိုက်မှူး ကိုအောင်မြင့်ဦးကိုပြောလိုက်လျှင် ရှာပေးသည်။ ဦးဆန်းထွန်းစာမူများပြန်ရှာသည့်ကိစ္စတွင် သူ၏အကူအညီအတော်ပါခဲ့သည်။ စာကြည့်တိုက်တစ်ခုလုံး ဘယ်နေရာ ဘယ်စာအုပ်ကအစ သေချာသိသူဖြစ်သည်။ စာကြည့်တိုက်သည် လေးထပ်တိုက်ကြီး ဖြစ်မည်ထင်သည်။ အထပ်တိုင်း အထပ်တိုင်းတွင် စာအုပ်စင်အမြင့်ကြီးများရှိသည်။ ရှေးကျသော သတင်းစာများမှအစ ယခုခေတ် စာအုပ်များအထိရှိသည်။ လိုချင်တာရှိလျှင် မိတ္တူကူးသွားလို့ရသည်။ စာကြည့်တိုက်အပြင်ဘက်တွင် မြက်ခင်းပြင်နှင့် အလှပန်းပင်လေးများဖြင့် သာသာယာယာရှိလှသည်။ ပုဂ္ဂလိကစာကြည့်တိုက်ဖြစ်သော်လည်း လူထုဟူသည့်အတိုင်း လူထုဂုဏ်ဆောင်နေဆဲပင်ဖြစ်သည်။ ထိုဦးဆန်းထွန်း စာမူကိစ္စနှင့်ပတ်သက်၍ နန်းရှေ့ရပ်ကွက်တစ်ခုရှိ နောက်ထပ်စာကြည့်တိုက်တစ်ခုကိုရောက်ဖြစ်သေးသည်။ ထိုစာကြည့်တိုက်သည်လည်း သက်တမ်းမနည်းတော့သောစာကြည့်တိုက်တစ်ခုဖြစ်သည်။ တစ်ခါသာရောက်လိုက်သဖြင့် စာကြည့်တိုက်အမည်နှင့် ရပ်ကွက်အမည် မမှတ်မိတော့။
ကျောင်းတက်ရင်း နောက်ထပ်ရောက်ဖြစ်သော စာကြည့်တိုက်မှာ ဗြဟ္မစိုရ်အသင်းပိုင်စာကြည့်တိုက်ဖြစ်သည်။ ကျနော်တို့ဆရာကြီး ဒေါက်တာမောင်မောင်လေး၏ တိုက်တွန်းချက်အရ ရောက်သွားခြင်းဖြစ်သည်။ ဗြဟ္မစိုရ်နာမှုကူညီရေးအသင်းပေါက်ကနေဝင်သွားလျှင် အတန်းကျောင်း အဆောက်အဦးလေး၏ အောက်ထပ်တွင်ရှိသည်။ ပထမ စရောက်ခါစက စာကြည့်တိုက်၏စာအုပ်စင်များထားသောအခန်းသို့ ဝင်ကြည့်ခွင့်ရခဲ့သည်။ သူလည်းစာအုပ်ပေါင်းသောင်းချီရှိသော စာကြည့်တိုက်တစ်ခုပင်ဖြစ်သည်။ စာငှားကောင်တာအနီးတွင် ကတ်တလောက်ဗီရိုရှိပြီး ဖတ်ချင်သည့် စာအုပ်အမည်နှင့် စာရေးဆရာအမည်၊ တိုက်နံပါတ်တို့ရေးပေးလိုက်လျှင် သူတို့ကရှာပေးသည်။ တခါတလေ ကောင်တာရှေ့ရှိစားပွဲပေါ်တွင် သူများအပ်သွားသော စာအုပ်များထဲမှ ကိုယ့်အကြိုက်တွေ့လျှင်လည်း ကျနော်တန်းငှားလိုက်သည်လည်းရှိသည်။ ဖတ်ချင်တဲ့စာအုပ် ပြောထားလျှင် စာ ကြည့် တိုက်မှာမရှိလျှင်လည်း ရှိသည့်နေရာက ရအောင်ရှာပေးသည်။ အသင်းအဖွဲ့နှင့် အထိန်းသိမ်းကောင်းသည့် စာကြည့်တိုက်တစ်ခုဖြစ်သည့်အတွက် အခုထိရှိနေဦးမည်ထင်သည်။ ကျနော်တော့ အလုပ်စဝင်ကတည်းက မရောက်ဖြစ်တော့။
နောက်ထပ် ကျနော်သွားဖြစ်သော စာကြည့်တိုက်မှာ British Council ကဖွင့်သော စာကြည့်တိုက်ဖြစ်သည်။ ထုံစံအတိုင်း Language and literature တွေကို အင်္ဂလိပ်လိုဖတ်ချင်၍ ရောက်သွားခြင်းဖြစ်သည်။ ယခင်က လမ်း ၃၀၊ ၃၁ကြား၊ ၇၇လမ်း၊ ၇၈လမ်းကြားက ဝင်းတစ်ခုအတွင်းမှာရှိသည်။ သူလည်း စာကြည့်တိုက်အသင်းဝင်ကြေးနှင့် လစဉ်ကြေးပေးရသည်ထင်သည်။ ရက်လွန်လျှင် ရက်လွန်ကြေးပေးရသည်။ ပေးလျှင် AYA ဘဏ် ATM ကဒ်နှင့်ပေးရသည်။ ပေးပြီးလျှင် ဖြတ်ပိုင်းလေးပြန်ပေးတတ်သည်။ အထပ်မြင့်တိုက်ကြီးတစ်ခု၏ မြေညီထပ်တွင် ဖွင့်ထားပြီး စာအုပ်ငှားရန်နှင့် စာဖတ်ရန်နေရာကို တနေရာတည်းပေါင်းထားသည်။ စာငှားကောင်တာ၏နောက်ဘက်တွင် ကွန်ပျူတာခန်းရှိသည်ထင်သည်။ ကျနော်တော့တခါမှမဝင်ဖူး။ ဒီမှာတော့ JC လို activities များထက်စာရင် ကျောင်းသားတွေ၊ ဆရာတွေအတွက် အင်္ဂလိပ်စာသင်တန်းအစုံရှိတတ်သည်။ မန္တလေးမြို့ရှိ Cambridge စာမေးပွဲများကို BC က ဦးဆောင်ကျင်းပလေ့ရှိသည်။ ကိုဗစ်ကာလကစပြီး ဒီကြားကာလထဲ စာကြည့်တိုက်ခဏနားသွားသေးသည်။ ငှားလက်စစာအုပ်များကိုမူ ကျနော်တို့သိမ်းထားပြီး ပြန်ဖွင့်မှ သွားအပ်ရသည်။ ယင်းနောက်ပိုင်းတွင် လမ်း ၈၀ပေါ်ရှိ Capital သို့ပြောင်းသွားသည်။ အရင်လိုမြေညီထပ်မဟုတ်တော့။ အဆင့်မြင့်သွားချေပြီ။ ၁၁ ထပ်မြောက်ထိ ဓာတ်လှေကားနှင့်တက်ရပြီး သွားဖို့အတွက် တစ်ရက်ကြိုတင်ရက်ချိန်းယူရသည်။ ကျနော်ရောက်တုန်းက ပြင်ဆင်နေရာချစဖြစ်၍ထင်သည်။ ငှားရုံ အပ်ရုံသာဆောင်ရွက်ပေးသည်။ စာအုပ်လည်း အရင်နေရာတုန်းကထက်စာရင် နည်းသွားသည်ဟုထင်သည်။ မည်သို့ပင်ဆိုစေ ခုထိရှင်သန်နေသော စာကြည့်တိုက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
နောက်ထပ် ကျနော်ငှားခဲ့ဖူးသော စာကြည့်တိုက်မှာ ရပ်ကွက်ဓမ္မာရုံတွင်ဖွင့်သော စာကြည့်တိုက်ဖြစ်သည်။ အဲဒီတုန်းက ရပ်ကွက်လူကြီးကိုယ်တိုင်ကလည်း စာဖတ်ဝါသနာထုံသူဖြစ်သည့်အလျောက် သူ့စာအုပ်များနှင့် အခြားအလှူခံရရှိသော စာအုပ်များပေါင်းကာ ရပ်ကွက်ရဲ့ တပိုင်တနိုင်စာကြည့်တိုက်ကလေး လုပ်ဖြစ်ခြင်းပင်။ ထိုစာကြည့်တိုက်ကလေးကား သက်တမ်းသိပ်မရှည်လှ။ စာဖတ်သူနည်းခြင်း၊ အချိန်ပေးပြီး လုပ်အားပေးမည့်သူမရှိခြင်းတို့ကြောင့် လအနည်းငယ်နှင်ပင် ပျက်သွားခဲ့သည်။ စာအုပ်တွေလည်း ဘယ်ရောက်မှန်းမသိ။
နောက်စာကြည့်တိုက်သုံးခုကတော့ ကျနော် နာမည်သာကြားဖူးသည်။ မသွားဖြစ်လိုက်။ တစ်ခုက မြမန္တလာဟိုတယ်ရဲ့ စာကြည့်တိုက်ဖြစ်သည်။ ဟိုတယ်နေရာတော့ ပတ်ရှာလိုက်သေးသည်။ သို့သော်ဟိုတယ်စာကြည့်တိုက်ဖြစ်သည့်အတွက် တကူးတက မသွားဖြစ်။ ဟိုတယ်ယဉ်ကျေးမှုနဲ့ အကျွမ်းတဝင်မဖြစ်တာကြောင့်လည်းပါမည်။ ယခုထိ ထိုစာကြည့်တိုက် ရှိနေသေးသည်ဟုသိရသည်။ ငလျင်ကြောင့် ခဏနားထားရုံမှလွဲ၍ မဖျက်သိမ်းသေးကြောင်း ကြားရသည်မှာ သတင်းကောင်းတစ်ခုပင်။ နောက်တစ်ခုသည် Intensity စာကြည့်တိုက်ဖြစ်သည်။ ထိုစာကြည့်တိုက်သည် ကျနော့်ဘော်ဒါ ညီငယ်လေးများကတဆင့် သိရသောစာကြည့်တိုက်ဖြစ်သည်။ စာကြည့်တိုက်တည်ထောင်သူဆရာက အင်္ဂလိပ်စာသင်တန်းနဲ့ တွဲဖွင့်ထားပြီး စာကြည့်တိုက်ပညာများလည်း ဖြန့်ဝေသည်ဟုသိရသည်။ တခါတလေ ဂီတအနုပညာဆိုင်ရာ သင်တန်းများလည်း တွေ့ရတတ်သည်။ ထိုစာကြည့်တိုက်သည်လည်း ယနေ့ထိ မောင်းနှင်အားကောင်းကောင်းနှင့် ရှင်သန်နေဆဲဖြစ်သည်။ နောက်စာကြည့်တိုက်တစ်ခုမှာ ယုံကြည်ရာစာကြည့်တိုက်ဖြစ်သည်။ စာပေနှင့် အသိပညာကိုချစ်မြတ်နိုးသောလူငယ်များစု၍ တပိုင်တနိုင်တည်ထောင်ကြခြင်းဖြစ်မည်။ ထိုစာကြည့်တိုက်ကိုတော့ ကျနော်တစ်ခေါက်နှစ်ခေါက် ရောက်ဖူးလိုက်သေးသည်။ စာအုပ်တော့ မငှားဖြစ်ခဲ့။ ထိုစာကြည့်တိုက်ကဖွင့်သော သင်တန်းတစ်ခုသွားတက်ခြင်းဖြစ်သည်။ ယခု ထိုစာကြည့်တိုက် ရှိသေးသလားမသိရ။ ဘာသံမှမကြားတော့ပေ။
ယခုမူ ကျနော့်မှာ ဖော်ပြပါစာကြည့်တိုက်များနှင့် ကင်းကွာနေသည်မှာ နှစ်အတော်တန်ကြာနေပြီဖြစ်သည်။ ကိုယ်တိုင်စာဖတ်နည်းလာတာကြောင့်လည်းဖြစ်သလို အရင်လို စာကြည့်တိုက်ကိုသွားချိန်မရလောက်အောင် အလုပ်များလာသောကြောင့်လည်းဖြစ်မည်။ အရင်က ကျနော်က ကျောင်းသား။ အိမ်ရဲ့စားဝတ်နေရေးကို အပြည့်တာဝန်ယူစရာမလိုသေး။ ကိုယ့်တာဝန်ကိုယ်ယူရင်း လွတ်လပ်ပေါ့ပါးနေချိန် အလုပ်လည်း အများကြီးလုပ်စရာမလိုသေးသည့်အရွယ်ဖြစ်သည်။ ခုတော့ ခုနှစ်ရက်လုံး အလုပ်လုပ်နေရသည်။ စာကြည့်တိုက်သွားချိန်မရှိတော့။ social media အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စာဖတ်အားနည်းလာသည့် ကိုယ့်ကိုယ်ကိုယ် စာဖတ်ဖို့ မကြာခဏ သတိပေးနေရသည်။ စာဖတ်အားနည်းလာသော်လည်း တဖက်တွင် စာအုပ်ဝယ်အားများလာလေသည်။ အရင်က စာဖတ်သမား အခု စာစုသမားဖြစ်မှန်းမသိဖြစ်လာသည်။ အစကတော့ ကိုယ့်လိုင်း ကိုယ့်အကြိုက် စာအုပ်တွေဝယ်စုသည်။ နောက်တော့ ကျနော့်သင်တန်းလာ ကလေးတွေအတွက်ပါ ရည်ရွယ်ပြီး ဝယ်ဖြစ်လာသည်။ ကလေးတွေကို ကျနော်ပြောဖြစ်သည့်စကားတစ်ခွန်းရှိသည်။ မင်းတို့ငယ်တုန်းစာဖတ်။ မိသားစုစားဝတ်နေရေးအတွက် လုပ်စရာအလုပ်တွေ များမလာခင်စာဖတ်ဟု အမြဲပြောဖြစ်သည်။ အသက် ကြီး တာဝန်တွေကြီးလာလျှင် အင်တိုက်အားတိုက်စာမဖတ်ဖြစ်တော့။ ဖတ်နိုင်တုန်းက ဖတ်ထားမှတော်ကာကျမည်။ ကိုယ်ဖတ်ထားတဲ့စာတွေက နောင်တချိန် တနည်းနည်းအထောက်အကူဖြစ်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲကြောင်း သူတို့သိစေချင်သည်။ ကျနော် စာဖတ်နည်းလာသော်လည်း သူတို့ကိုတော့ ငယ်တုန်း စာဖတ်များစေချင်သည်။ သူတို့လေးတွေ စာအုပ်ဆီရောက်အောင် စာကြည့်တိုက်ဆီရောက်အောင် တွန်းသင့်ကတွန်းရမည်။ ဆွဲသင့်ကဆွဲရမည်။ လိုအပ်လျှင် သူတို့ဘေးမှာ စာအုပ်ပုံကြီး ချထားပေးသင့်က ချထားပေးရပေမည်။ စာမှတဆင့် ဉာဏ်ပညာ၊ ကိုယ်ကျင့်တရားနဲ့ ချစ်ခြင်းမေတ္တာတို့ ရသွားစေချင်သည်။ စာကြည့်တိုက်များလည်း အဓွန့်ရှည်စည်ကားနေစေချင်သည်။
ဆောင်းဖျားလူ (၂၃၇၂၅)
07/07/2025
📍𝐄𝐧𝐠𝐥𝐢𝐬𝐡စာ သင်ကြားရေးအတွေ့အကြုံ (၁၇)နှစ်ကျော်ရှိ ဆရာနဲ့ ထိထိရောက်ရောက် လေ့လာသင်ကြားချင်တဲ့ သူများ စာရင်းပေးသွင်းလို့ရပါပြီ 🔈
07/07/2025
📌သင်ယူမှုစွမ်းရည် တိုးတက်စေမယ့်နည်း ၅မျိုး
ဒီ၅ချက်ကိုသာ သေချာလုပ်ဆောင်မယ်ဆိုရင်
သင်ရဲ့သင်ယူလေ့လာသမျှကို ထိထိရောက်ရောက်
မှတ်မိစေနိုင်ပြီး သူများထက်ပို နားလည်နိုင်စေဖို့ အထောက်အကူပြုနိုင်ပါလိမ့်မယ်✨
25/06/2025
Part-Time 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐚𝐜𝐡𝐞𝐫 (1 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧)
(male / female)
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬
- B.A (Eng) or M.A (Eng) or other teaching related qualifications: TKTs, CELTA, TESOL, ELT
- at least 3 years experience
- able to teach B1 level
- proficiency level B2 and above
- age between 25 and 40
𝐉𝐨𝐛 𝐃𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧𝐬
- Deliver the lessons in English
- Prepare lesson plans or scheme of work for the course.
- Give assessments and feedback
- Be aware of classroom management and teaching methods
- Be punctual, patient, kind, flexible, professional and dedicated to teaching.
Working hours -8:00 - 12:30 (Weekend)
Salary - Negotiable
Send 𝐂𝐕 to [email protected]
𝐕𝐢𝐛𝐞𝐫 - 09-404290667