04/05/2021
ကျောင်းတက်မယ် တွေးတိုင်း
တော်လှန်ရေးမှာ
-အသက်ပေးခဲ့ရတဲ့ ကျောင်းသား/သူတွေကို သတိရပါ။
-အခုထိ သံတိုင်တွေကြား ရောက်နေဆဲ ကျုပ်တို့သူငယ်ချင်း ကျောင်းသား/သူတွေ သတိရပါ။
"ကျောင်းသားနဲ့ ထောင် သည် လားလားမျှ မဆိုင်။"
#ပြောင်းလဲချင်ရင်ကျောင်းထဲမဝင်နဲ့
#ကျောင်းဝသွားရင်ပြောင်းဝရောက်မယ်
#စစ်ကျွန်ပညာရေးအလိုမရှိ
#အရေးတော်ပုံအောင်ရမည်
04/03/2021
ယခုအချိန်တွင် TUM CDM Support Team အတွက်
IT မိသားစု ညီကိုမောင်နှမများ ထံမှ ကောက်ခံရရှိငွေမှာ
"၁၅၀၈၀၀၀(၁၅ သိန်း ၈ ထောင်)ကျပ်တိတိ" 😍❣️
ရရှိထားပြီး ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
(စာရင်းများလဲ တိကျစွာ ထားရှိပါတယ် 🙏)
ထိုသို့ တတ်အားတရွေ့ အလှူငွေပါဝင်ထည့်ဝင်
ပေးကြသော တယောက်ချင်းစီတိုင်းကိုလဲ
IT မိသားစု မှ အထူးကျေးဇူးတင်ရှိပါတယ်။ 🙇🙇♀️
11/02/2021
မင်္ဂလာပါ …..
TUM က မေဂျာစုံ ကျောင်းသား၊ ကျောင်းသူဟောင်းတို့ရေ….
Civil Disobedience Movement မှာပါ၀င်တဲ့
TUM က ဆရာ၊ ဆရာမများနဲ့ ၀န်ထမ်းများ အားလုံးကို တတ်နိုင်တဲ့ဘက်ကနေ Support ပေးဖို့…
အလှူငွေကောက်ခံလိုပါတယ်…
ဆက်လက်တက်ရောက်ဆဲ မောင်ငယ်၊ ညီမငယ်တွေက… သက်ဆိုင်ရာမေဂျာအလိုက်
အတန်းခေါင်းဆောင် (EC) တွေကို…
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားပြီး
ဖြစ်ပါတယ်…
နည်းသည် ၊များသည် မဆိုထားဘဲ… တတ်အားတရွေ့ အချိန်မရွေး ထည့်ဝင်၊ လှူဒါန်းနိုင်ပါတယ်နော်… ကျောင်းသားတစ်ယောက်ချင်းစီရဲ့အားနဲ့ မျှထမ်းကြရအောင်…
“ငါတို့ TUM သမိုင်း ဘယ်တော့မှမရိုင်း” ခဲ့ကြောင်း… တတ်နိုင်တဲ့ဘက်က ပြကြရအောင်ပါ…
အောက်မှာဖော်ပြထားတဲ့ အကောင့်နံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ပြီး… အခက်အခဲ တစ်စုံတစ်ရာရှိခဲ့မယ် ဆိုပါကလည်း… ကျနော်/ကျမ တို့က အိမ်အထိ လာရောက် ကောက်ခံပေးပါမယ်နော်…
လက်ရှိ ကျောင်းတွင်းအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး… ကောက်ခံရရှိတဲ့ အလှူငွေများကို… အခါအားလျော်စွာ ရှင်းလင်းချပြသွားပါ့မယ်…
တစ်ယောက်ချင်းစီကိုယ်တိုင်က ပါဝင်မှသာ… စည်းလုံးခြင်းဆီသို့ရောက်ရှိပြီး… မတရားမှုမှန်သမျှကို တော်လှန်နိုင်မှာမို့… ညီညွှတ်ကြပါစို့…
ကျောင်းသူ/သားဟောင်း တိုင်းနှင့် ရက်ရောလှူဒါန်းလိုသူ အလှူရှင်တိုင်း ပါဝင်လှူဒါန်း နိုင်ကြဖို့… ရှဲလ်ပေးကြပါဦးနော်…
**မှတ်ချက် ။ ။ ငွေလွှဲတဲ့အခါ Description မှာ CDMTUM ဆိုပြီး ထည့်ရေးပေးဖို့ မေတ္တာရပ်ခံပါရစေနော်…**
Daw Yi Mon Paing
YOMA Bank - 0018 1011 9005 198
AYA Bank - 0050 2010 1007 3378
CB Bank - 0031 6001 0006 3126
KBZ Bank - 2413 0199 9203 47902
Thet Htar Wai
Kpay/Wavepay – 09 256 137 059
Thawtar Shein
Kbz Bank - 0413 0104 1017 28501
Kpay/Wavepay - 09 686 443 271
Khaing Nwe Nwe Zin
Kpay/Wavepay – 09 968 970 470
Zin Mar Linn
Kpay/Wavepay – 09 960 733 546
'sFightTogether
10/02/2021
CDM funds အတွက်
-> IT ကျောင်းသား/သူများ ♥️
-> ကျောင်းသားဟောင်းများ ❤️
-> ပြင်ပ အလှူရှင်များ 💓
ဂါဝရတရားဦးထိပ်ထား၍ 🤲
တတ်အားသရွေ့💪 လွတ်လပ်စွာဖြင့် 🙏🇲🇲
@ မိမိအတန်းရှိအတန်းခေါင်းဆောင်ECများ(1 to 6 BE)
@ Hein Htet Soe
ဖုန်းနံပါတ်~ 09-797204216 (KBZPay)
(အိမ် လာယူ/လာပေးမယ် ဆိုလဲရပါတယ်
only Mandalay😁)
မှ ဖြစ်စေ ကူညီထည့်ဝင်နိုင်ပါကြောင်း 😍
လေးစားစွာဖြင့် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
🎯(စာရင်းမှတ်တမ်းနှင့် သေချာစွာဖြင့် အသုံးပြုလုပ်ဆောင်သွားပါမည်) 🇲🇲
08/02/2021
"ဂုဏ်ယူ ဝမ်းမြောက်ခြင်း" 🇲🇲♥️
04/02/2021
သဘောထားထုတ်ပြန်ချက်(၄/၂၀၂၁)
၁။ ၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ပြုလုပ်ခဲ့သောအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားများသည် မိမိနှစ်သက်ရာပါတီကို လွတ်လပ်စွာမဲ ပေးခဲ့ကြပြီး ရွေးကောက်ပွဲရလဒ်သည်လည်း တရားမျှတသည်ဟု သုတနည်းပညာအင်ဂျင်နီယာဘာသာရပ်အသင်းက ယုံကြည်ပါသည် ။
၂။ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ(၁) ရက်နေ့ နံနက်တွင် တပ်မတော်က နိုင်ငံတော်၏အာဏာကို သိမ်းယူပြီး ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော် အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များနှင့်ပုဂ္ဂိုလ်အချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
၃။ အဆိုပါအာဏာသိမ်းမှုသည် Covid-19 ကပ်ရောဂါအပါအဝင် အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်နေ ရသောပြည်သူအားလုံးအတွက် ကြီးစွာသော ထိခိုက်နစ်နာမှုဖြစ်ပေါ်စေသည့်အပြင် ကျောင်းသားကျောင်းသူများ၏ ပညာရေးကိုပါ အဟန့်အတားအနှောက်အယှက် ဖြစ်စေ ပါသည်။
၄။ တပ်မတော်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော ပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုပါသည် ။
၅။ သုတနည်းပညာအင်ဂျင်နီယာဘာသာရပ်အသင်းအနေဖြင့် ပြည်သူ့ဝန်ထမ်းများ၏ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့် Civil Disobedience Campaign တွင် ပြည်သူများ၏သဘောဆန္ဒအတိုင်း ရပ်တည်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည် ။
နည်းပညာတက္ကသိုလ်(မန္တလေး )
သုတနည်းပညာအင်ဂျင်နီယာဘာသာရပ်အသင်း
IT Development Team (TUM(MDY))
18/06/2020
COURSERA.........
Coursera ဆိုသည်မှာ သင်ရိုးများ၊ အထူးပြုသင်ရိုးများနှင့် ဘွဲ့ဒီဂရီများကို အင်တာနက်မှ လေ့လာနိုင်ရန် စတန်းဖို့ဒ် တက္ကသိုလ်မှ ပါမောက္ခ အန်ဒရိုး (Andrew Ng) နှင့် Daphne Koller တို့မှ ပြုလုပ်ပေးထားသည့် အင်တာနက်ပညာသင်ကြားရေး စနစ် တစ်ခုဖြစ်သည်။
Coursera သည် တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူး ပေါင်း၍ အင်တာနက်အသုံးပြု၍ သင်ကြားနိုင်သည့် သင်ရိုးများ၊ အထူးပြုသင်ရိုးများ နှင့်ဘွဲ့ဒီဂရီများကို ဘာသာရပ်များစွာအတွက် ပေးအပ်နေသည်။ ဥပမာအားဖြင့် အင်ဂျင်နီယာ၊ လူမှုသိပ္ပံ၊ ဆေးပညာ၊ ဇီဝဗေဒ၊ သင်္ချာ၊ စီးပွားရေး၊ ကွန်ပျူတာသိပ္ပံ၊ ဒစ်ဂျစ်တယ် မားကတ်တင်း၊ ဒေတာဆိုင်းရင့် စသဖြင့် ဘာသာရပ် မျိုးစုံပါဝင်သည်။
Online learning platform တစ်ခုဖြစ်တဲ့ Coursera ကနေ Covid-19 ကြောင့် ရပ်နားထားရတဲ့ တက္ကသိုလ်တွေ ကျောင်းတွေကို Online ကနေ လေ့လာနိုင်ဖို့ Coursera for Campus အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီ Coursera for Campus အစီအစဉ်ကို TUM အနေနဲ့ ချိတ်ဆက်နိုင်ခဲ့ပါပြီ။ tum-mandalay.edu.mm နဲ့ email account ရှိတဲ့သူတိုင်း Online Course ပေါင်း 3800 ကျော်ကို လေ့လာခွင့်ရမှာပါ။ အရင်က free course ပေါင်း ၁၀၀ ကျော်ဘဲ ပေးခဲ့ပြီး certificate ယူချင်ရင် ပိုက်ဆံပေးရပါတယ်။ အခု Coursera for Campus အစီအစဉ်နဲ့ free Course ပေါင်း ၃၈၀၀ ကျော်ကို free certificte ပါ ပေးပါတယ်။ ဘယ်အချိန်ထိရမလဲ ဆိုတော့ July 31 ရက်မတိုင်ခင် enroll လုပ်ရမှာပါ။ မိမိနှစ်သက်ရာ course တွေကို September 30 မတိုင်ခင် အပြီးတက်ရောက်ရ မှာပါ။ September 30 မတိုင်ခင် ပြီးတဲ့ course တွေကို certificate free ရမှာပါနော်။ လျှောက်ထားလိုသူများသည်TUM on Coursera ကို join နိုင်ရန်အတွက် Name/roll no./ email address/phone no. များအား [email protected] (or) [email protected]သို့ ပေးပို့ထားနိုင်ပါသည်။
credit: TUM
17/06/2020
AZ-900 (Networking and Cloud Computing)
23/03/2020
#နည်းပညာတက္ကသိုလ်များ
နည်းပညာတက္ကသိုလ်များ
အားလုံးတွင်
ယခု ကျင်းပနေသော First Semester စာမေးပွဲများကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ပြန့်ပွားမှူထိမ်းချုပ်ရန်အတွက် တက္ကသိုလ် Senate (ပညာရေးအဖွဲ့) နှင့် ကျောင်းသားသမဂ္ဂ သဘောတူဆွေးနွေး ဆုံးဖြတ်ချက်အရ ၂၄-၃-၂၀၂၀
နံနက်ပိုင်းမှစရျ် ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသောဘာသာများအတွက် ပြန်လည်ဖြေဆိုရမည့်ရက်ကို ထပ်မံကြေငြာပေးမည်ဖြစ်ပါသည်။ ဖြေဆိုပြီးသော ဘာသာများထပ်မံဖြေဆိုရန်မလိုပါ။
အဆောင်နေကျောင်းသား ကျောင်းသူများ နေရပ်ပြန်ရေးအတွက် အဆောင်မှူးများနှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့မှ ကြီးကြပ်စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
***နယ်မှသူများ မြို့ကို lockdown မလုပ်ခင် မြန်မြန်
အိမ်သို့ အတတ်နိုင်ဆုံး ပြန်ကြပါရန်***