Sayar Ye Marn

Sayar Ye Marn Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sayar Ye Marn, Language school, between 21 22/86 Street, Mandalay.

IPA ကိုဘာကြောင့်လိုအပ်တာလဲ?     👍👍👍 သင်က နိုင်ငံခြားဘာသာစကားတစ်ခုခုကိုလေ့လာသင်ယူနေသူလား? ဒါဆိုရင် အခုကျွန်တော်ပြောမယ့်အက...
23/12/2023

IPA ကိုဘာကြောင့်လိုအပ်တာလဲ?
👍👍👍 သင်က နိုင်ငံခြားဘာသာစကားတစ်ခုခုကိုလေ့လာသင်ယူနေသူလား? ဒါဆိုရင် အခုကျွန်တော်ပြောမယ့်အကြာင်းအရာလေးက သင့်အတွက်ဖြစ်ပါတယ်။
IPA ကို အပြည်ပြည်ဆိုင်ရာစကားအသံများဆိုင်ရာအဖွဲ့အစည်းကြီးက ၁၈၈၆ခုနှစ်မှာ ပဲရစ်မြို့မှာ တီထွင်ခဲ့ကြပါတယ်။ IPA ဆိုတာ သင်္ကေတတစ်ခုစီကို သီးသန့်အသံစနစ်တစ်ခုစီနဲ့ တီထွင် ဖွဲ့စည်းထားတဲ့အသံစနစ်ကိုခေါ်တာပါ။ IPA အသံသင်္ကေတတွေကိုအသုံးပြုပြီး မည်သည့်ဘာသာစကားကိုမဆိုတိတိကျကျ အသံထွက်နိုင်မှာဖြစ်ပါတယ်။
👌👌👌 IPA ဆိုတာ ဘယ်စကားလုံးကို ဘယ်လို အသံထွက်ရမယ်ဆိုတာ ကူညီပေးပါတယ်။ IPA သင်္ကေတပေါင်း ၁၆၀ ကျော် ရှိပါတယ်။ English အသံအတွက် ၄၄ သံ (သင်္ကေတ ၄၄လုံး တို့ရဲ့အသံ) သာလိုအပ်ပါတယ်။ ကျွန်တော်တို့က English အသံ၊ မြန်မာအသံ၊ ပါဠိအသံတို့နဲ့ ရင်းနီးသူတွေဖြစ်ကြပါတယ်။
👍👍👍 English အသံ မြန်မာအသံ ပါဠိအသံတွေကို လေ့ကျင့်ထားမယ်ဆိုရင် သင့် အနေနဲ့ ဘယ်ဘာသာစကားကိုမဆို သင်ယူရတာလွယ်ကူသွားမယ်ဆိုတာသေချာပါတယ်။အသံသဘောတရား အသံရဲ့ အသေးဆုံးUnit အသံရဲ့အတက်အကျ အနိမ့် အမြင့် အတို အရှည် ပြင်းသံ ညှင်းသံ ပေါ့သံ လေးသံ အစရှိတဲ့ အသံသဘောတရားတွေကို နားလည်မယ်ဆိုရင် သင့်အနေနဲ့ ဘယ်ဘာသာ စကားကိုမဆို ထိထိရောက်ရောက်လွယ်လွယ်ကူကူလေ့လာနိုင်မှာဖြစ်ပါတယ်။
👌👌👌English IPA 44 လုံးက English အက်ခရာတွေကိုဘယ်လို ဘယ်လိုအသံထွက်ရမယ်ဆိုတာကိုတိတိကျကျသိရှိနိုင်ဖို့ကူညီပေးပါတယ်။
English စာလုံးပေါင်းစနစ်မှာ အသံထွက်ကို ပုံသေမှတ်ယူလို့မရတဲ့အတွက် IPA က အလွန် အရေးကြီးပါတယ်။English အက်ခရာ ၂၆ လုံးမှာ သရအဖြစ် အသုံးပြုတဲ့ အရေးအက်ခရာ A E I O U ဆိုတဲ့ သရ ငါးလုံးပဲရှိပါတယ်။ ဒါပေ အပြောစကား အသံမှာ သရအသံ ၂၀ ရှိပါတယ်။ ဒါ့ကြောင့် English စကားလုံးတွေရဲ့အသံထွက်ကို ဖော်ပြတဲ့အခါမှာ အရေးသရ အက်ခရာ ၅ လုံးကို အမျိုးမျိုးပေါင်းစပ်ပြီး English အပြောစကားသရသံ ၂၀ အတွက် အသုံးပြုရတာဖြစ်လို့ အရေးသရအက်ခရာ ၅ လုံးကိုကြည့်ပြီးဘယ်လိုအသံထွက်ရမယ်ဆိုတာ မသိနိင်ပါဘူး။
👍👍👍ဥပမာ Love, Cove, Move,
Love မှာ(အာ့) ဆိုတဲ့ သံတိုသရသံ (လာ့ဗ်) Short Vowel Sound
Cove မှာ (အိုး) ဆိုတဲ့ နှစ်လုံးတွဲသရသံ (ကိုးဗ်) Double Vowel Sound
Move မှာ (အူး) ဆိုတဲ့ သံရှည်သရသံ (မူးဗ်) Long Vowel Sound
စသည်ဖြင့်အသံထွက်ရပါတယ်။ ဘယ်စကားလုံးကိုဘယ်လိုအသံထွက်ရမယ်ဆိုတာ IPA အသံထွက်အက်ခရာတွေကိုကြည့်ပြီး သိနိုင်ပါတယ်။ IPA ကို မသိရင် သင့်အနေနဲ့ အသံထွက်အမှန်ကို သိဖို့ သူများဘယ်လိုထွက်သလဲလိုက်မေး
ရပါတယ်။ ကြားတဲ့အတိုင်းသံရောင်လိုက်ပြီး ထွက်ရပါတယ်။ မှန်လားမမှန်လား ဇဝေ ဇဝါ့ပါ။။ ဒါဟာ တော်တော် အဆင်မပြေပါဘူး။ကျွန်တော်တို့ တတွေက IPA ကို မသိတဲ့အတွက် English စာကိုငယ်ကတည်းက သင်ယူခဲ့ကြပြီး အားမရဖြစ်နေရတာဟာ IPA ကို နားမလည်လို့ မလေ့လာလို့ မသိလို့ဖြစ်ပါတယ်။
👌👌👌ကျွန်တော့်အနေနဲ့ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ အလွယ်ကူဆုံး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်လေ့လာနိုင်အောင် အထူးကြိုးစားစီစဉ်ထားပါတယ်။
English အက်ခရာ ၂၆ လုံးနဲ့ English IPA အသံ ၄၄ သံကို ပါဠိအသံ မြန်မာအသံတို့နဲ့ တွဲစပ်သင်ကြားပေးထားတဲ့ သင်ကြားရေး Video လေးတွေကို ကြိုးစားစီစဉ်ထားပါတယ်။ တစ်လမှ ၄၅ ရက်ခန့် လေ့လာရမှာဖြစ်ပါတယ်။
Private group , Facebook Messenger နဲ့ Telegram ကနေ နေ့ အလိုက် Video လေးတွေပို့ပေးပြီးသင်ပေးမှာဖြစ်ပါတယ်။
👌09891154349👍

18/12/2023

IPA ကိုလူတွေသတိထားပြီး မလေ့လာမိကြတဲ့အတွက် အင်္ဂလိပ်အသံထွက်တဲ့အခါမှာ မမှန်တာတို့ နိုင်ငံခြားသားတွေရဲ့စကားကိုနားမလည်တာ တို့တွေကစပြီး အသံမထွက်ရဲတော့တာ ကိုယ်ပြောတာ အခြားသူနားမလည်မှာကို စိုးရွံ့နေရတဲ့အဖြစ်မျိုးမကြုံချင်တော့ဘူးဆိုရင် ၄.၁.၂၀၂၄ မှာဖွင့်မယ် IPA CLass ကိုတက်ဖို့ဖိတ်ခေါ်ပါတယ်။
နှစ်သစ်အစမှာဖွင့်တာဖြစ်လို့ အားလုံးတက်နိုင်အောင် ဆရာ့ဘက်က သင်တန်းကြေး ၅၀၀၀၀ ဖြင့်သာစီစဉ်ပေးထားပါတယ်။
Messenger မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်။

16/12/2023

English စာ ကျွမ်းကျင်တတ်မြောက်သွားရင် လူငယ်တွေအတွက် အခွင့်အလမ်းတွေက ဆက်တိုက်ရောက်လာမယ်ဆိုတာ မလွဲဧကန်ပါပဲ။

အခြေခံကစပြီးသင်ယူချင်သူများ Messenger မှာဆက်သွယ်ပေးပါ။

14/12/2023

🏅English စာကိုအသံထွက်မှန်မှန်နဲ့ထိထိရောက်ရောက်လေ့လာချင်တဲ့သူတွေအတွက်.........
🏅English စာကိုအခြေခံကနေစပြီးလေ့လာချင်တဲ့သူတွေအတွက်.......
🏅English စာကိုငယ်ကတည်းကသင်ခဲ့ပြီးဘွဲ့ရတဲ့အထိတတ်သလားမတတ်သလားဝေခွဲရခက်နေသူတွေအတွက်..........
🏅English စာကိုအသက်မွေးဝမ်းကြောင်းနယ်ပါယ်မှာအသုံးပြုလိုသူတွေအတွက်္္္္္္္္.........
🏅English စာကိုစိတ်ဝင်စားပြီးဘယ်ကစလေ့လာရမှန်းမသိဖြစ်နေသူတွေအတွက်..........
🏅🎖ဆရာ ဒီ IPA သင်တန်းကို အကောင်းဆုံးစီစဥ်ဖွင့်လှစ်လိုက်ပါတယ်။
🏅🎖IPA ဆိုတာ International Phonetic Alphabet (အပြည်ပြည်ဆိုင်ရာစကားအသံထွက်ဗျည်းသရအက္ခရာ)လို့ ခေါ်ပါတယ်.......
🏅🎖🥇ဘာတွေသင်ပေးမှာလဲဆိုရင် Englishသံရင်းဖြစ်တဲ့ ၄၄ သံကို English အက္ခရာ ၂၆ လံုးနဲ့ တွဲပြီး သင်ပေးမှာဖြစ်ပါတယ်.......
🏅🎖🥇အသေးဆုံးအသံUnitကနေစပြီး ချိတ်ဆက်သံ Linking Sound နဲ့ ဝါကျသံ Sentences Sound တွေအထိ သင်ပေးသွားမှာဖြစ်ပါတယ်.......
🏅🎖🥇အသံတွေကိုမှတ်ပုံမှတ်နည်း အဆင့်ဆင့်လေ့ကျင့်နည်းတွေကို သဘာဝကျကျမြန်မာသဒ္ဒါနဲ့တွဲပြီး ဥပမာ ဥပမေယျ ပုံပြင်ဟာသတွေနဲ့ သင်ကြားပေးတာဖြစ်လို့ အလွယ်တကူ တတ်မြောက်လာမှာဖြစ်ပါတယ်...........
🏅🎖🥇🥈ဘယ်လိုသင်ပေးမှာလဲဆိုရင်
Facebook Messenger နဲ့ Telegram ကနေ Group ဖွဲ့ပြီးနေ့အလိုက် Video file နဲ့ audio file တွေ ပေးပြီးသင်ပါမယ်......
ဆရာကိုယ်တိုင်သင်ပေးထားတဲ့Video file ၃၅ ပုဒ်
Native Speaker Video file 30နဲ့
Audio တွေကို ကြည့်ပြီး နားထောင်ပြီး မိနစ်၃၀ လေ့လာရမယ် မိနစ် ၃၀ လေ့ကျင့်ရမယ်.......
ရေးစရာရှိတာရေးရမယ် ရွတ်စရာရှိတာရွတ်ရမယ် လေ့ကျင့်ခန်းလုပ်ရမယ် စာလေ့ကျင့်ခန်း အသံ လေ့ကျင့်ခန်းတွေကို ဆရာက ​စောင့်ကြည့်စစ်ဆေးပေးမယ်.......
လိုအပ်တဲ့အခက်အခဲတွေကို video call နဲ့ဖြစ်ဖြစ် ဖုန်းဆက်ပြီးဖြစ်ဖြစ်လိုအပ်သလို ရှင်းပြပေးမယ်....ဖြေရှင်းပေးမယ်.......
သင်တန်းကာလက တစ်လကြာမယ်.......
🏋🏋️‍♀️တစ်ရက်တစ်နာရီ အချိန်ပေးတာနဲ့ တစ်လအတွင်း English စာ သိသာတိုးတက်လာမယ်ဆိုတာ ဆရာအာမခံတယ်..........
🏅🎖🥇
သင်တန်းကြေးက ၅၀၀၀၀ ကျပ်(ငါးသောင်းကျပ်)
🏆🏆🏆🏆🏆🏆🏆🏆🏆🏆
သင်တန်းစဖွင့်မယ့်နေ့က
4.1.2024
ညနေ=၅ နာရီ
🎗🎗🎗🎗🎗🎗🎗🎗🎗🎗🎗
တစ်ယောက်စီကိုသင်တန်းကာလအတွင်းအထူးမျက်ခြေမပြတ်ဂရုစိုက်သင်ကြားပေးရမှာဖြစ်လို့လူဦးရေကန့်သပ်ထားတယ်.......
သင်တန်းအပ်မယ်ဆိုရင် ဖုန်းဆက်ပြီး စာရင်းပေးသွင်းနိုင်ပါပြီ......
🥇🥈🥉🎖🏅🥉🥈🥇🎖🏅
09 891154349

ရေးတော့အမှန် ဖတ်တော့အသံဟု ဆိုရိုးစကားရှိသည်။မည်သည့်ဘာသာစကားမဆိုရေးတဲ့အတိုင်းဖတ်တာရှိလည်းရှိသည်။ဖတ်တဲ့အတိုင်း နှုတ်က ရွတ်...
08/12/2023

ရေးတော့အမှန် ဖတ်တော့အသံဟု ဆိုရိုးစကားရှိသည်။မည်သည့်ဘာသာစကားမဆိုရေးတဲ့အတိုင်းဖတ်တာရှိလည်းရှိသည်။ဖတ်တဲ့အတိုင်း နှုတ်က ရွတ်သည့်အတိုင်း ရေးတာလည်းရှိသည်။
မြန်မာအသံ၌ ရန်ကုန်ဟုရေး၍ ရန်ဂုန်ဟုဖတ်သည်။ရွတ်သည်။
မကွေးကို မဂွေးဟုဖတ်သည်။ရွတ်သည်။
🏅🎖🥇🥈🥈🥉🥉🥉🏆🏆🏆
English စာ၌ Go ကို "ဂိုး"ဟုဖတ်သည်။ At ကို အက်ဟုတ်ရွတ်သည်။ Goat " ဂိုးအက်"ဟု မဖတ်ဘဲ "ဂုတ်"ဟု ရွတ်ကြဖတ်ကြသည်။
To ကို "တူ" ဟုဖတ်သည်။ Do ကိုကျတော့" ဒူ ''ဟု မဖတ်ဘဲ ဘယ်လိုကြောင့် "ဒူး" ဟုဖတ်ကြလေသနည်း ။😁😁😁😁😁😁
English စာ လေ့လာလိုသူများအတွက် ပထမခြေလှမ်းအဖြစ် IPA အသံသင်ကေတကို အနန္တငါးပါးကို အာရုံပြု၍ ငါးခေါက် ရေးကူးပါ😊😊😊😊😊😊😊😊😊😊😊

02/11/2023

English for Beginner 1

အားလုံး မင်္ဂလာပါကျွန်တော်က အင်္ဂလိပ်စာ သင်ကြားပေးနေတဲ့ ဆရာရဲမာန်ဖြစ်ပါတယ်//ဒီကနေ့ အင်္ဂလိပ်စာ/အင်္ဂလိပ် စကားကို စတင်လေ့...
02/11/2023

အားလုံး မင်္ဂလာပါ
ကျွန်တော်က အင်္ဂလိပ်စာ သင်ကြားပေးနေတဲ့ ဆရာရဲမာန်ဖြစ်ပါတယ်//
ဒီကနေ့ အင်္ဂလိပ်စာ/အင်္ဂလိပ် စကားကို စတင်လေ့လာလိုသူများအတွက် လေ့လာနည်းအဆင့်ဆင့်ကိုပြောပြမှာဖြစ်ပါတယ်//
English for Beginner
(1) Alphabet........အင်္ဂလိပ် အက္ခရာ (26)လုံးကို (A B C D E F G H I J K L M N O P Q R S T U V W X Y Z) ကို အင်္ဂလိပ် စကားပြောတဲ့ English native speaker တွေ အသံထွက်အတိုင်း လိုက်ဆို ပြီး အသံထွက်မှန်အောင်လေ့ကျင့်ရမှာဖြစ်ပါတယ်//
(2)Basic Vocabulary........common words တွေ phrases တွေကိုလေ့လာရမှာဖြစ်ပါတယ်//common sentences တွေကို လေ့ကျင့်ရမှာဖြစ်ပါတယ်//
(3)Grammar....အခြေခံဝါကျတည်ဆောက်တတ်အောင် Noun. Verb. Adjective နဲ့ ရိုးရိုးဝါကျ Simple sentences တည်ဆောက်တတ်အောင်လေ့ကျင့်ရမှာဖြစ်ပါတယ်///
(4) Tenses........အင်္ဂလိပ် တွေ အများဆုံးအသုံးပြုတဲ့ present simple & past simple (ရိုးရိုးပစ္စုပ္ပန် ရိုးရိုးအတိတ်) ပုံစံကို လေ့ကျင့် ရမှာ ဖြစ်ပါတယ်///
(5)Reading & Writing.......အင်္ဂလိပ်ပုံပြင်စာအုပ်တွေ ကဗျာတွေကို (ကလေးများအတွက်ပုံပြင်နဲ့ကလေးများအတွက်ကဗျာ)တွေကိုဖတ်ရပါမယ် လိုက်ရေးရပါမယ် မှန်မမှန်စစ်ဆေးလေ့ကျင့်ရပါမယ်...ကိုယ်ပိုင်ဝါကျတိုလေးတွေ စာပိုဒ်တိုလေးတွေ ရေးတတ်အောင် လေ့ကျင့်ရပါမယ်///
(6)Listening & Speaking......အင်္ဂလိပ်အသံတွေနားထောင်ပြီး ကြားတဲ့အတိုင်း နားလည်တဲ့အတိုင်း လိုက်ပြော လိုက်ဆိုရပါမယ်.အသံမှန်ကြားတဲ့အထိ အသံမှန်ရွတ်နိုင်တဲ့အထိ လေ့ကျင့်ရမှာဖြစ်ပါတယ်....
ဟုတ်ကဲ့ ဒီအဆင့် ခြောက်ဆင့် ကျော်ဖြတ်ပီးရင် Beginner level အတွက် ပြည့်စုံပါပြီ...............
(ဒီအဆင့် အတွက်ကျွန်တော့်ဆီမှာအချိန်တစ်လလေ့ကျင့်ရင်ရပါတယ်)

02/11/2023

YE MARN (ENGLISH FOR MYANMAR)

ကျွန်တော် နောက်ပိုင်း အားလုံးတွက်အကျိုးရှိမယ့် ကျွန်​ေတာ်လေ့လာထားတဲ့ English စာ ပညာတွေကိုအခြေ ခံ ကနေ စပြီး  မျှဝေပေးသွား...
02/11/2023

ကျွန်တော် နောက်ပိုင်း အားလုံးတွက်အကျိုးရှိမယ့် ကျွန်​ေတာ်လေ့လာထားတဲ့ English စာ ပညာတွေကိုအခြေ ခံ ကနေ စပြီး မျှဝေပေးသွားပါမယ်

ကျွန်တော် အင်္ဂလိပ်စာကိုခြောက်နှစ်ကြာလေ့လာသင်ယူခဲ့ပါတယ်။ဘာဖြစ်လို့ခြောက်နှစ်ကျော်ကြာတဲ့အထိလေ့လာနေခဲ့ရတာလဲဆိုရင်ကျွန်တော်...
02/11/2023

ကျွန်တော် အင်္ဂလိပ်စာကိုခြောက်နှစ်ကြာလေ့လာသင်ယူခဲ့ပါတယ်။
ဘာဖြစ်လို့ခြောက်နှစ်ကျော်ကြာတဲ့အထိလေ့လာနေခဲ့ရတာလဲဆိုရင်ကျွန်တော်နဲ့ကိုက်ညီတဲ့နည်းမတွေ့လို့ပါ။
နည်းလမ်းသိပြီးတဲ့နောက် အဲ့ဒီနည်းအတိုင်း ဆက်လေ့လာတဲ့အခါ သုံးလနဲ့ အားရလောက်တဲ့အခြေနေတစ်ခုထိတိုးတက်လာခဲ့ပါတယ်။
နောက်ပိုင်း ဒီနည်းလမ်းကိုအသုံးချပြီး အခြားလူငယ်တွေကို သင်ကြားပေးချင်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုးနှစ်ကျော်အထိ ကျွန်တော့်နည်းတွေကို ပညာဒါနအဖြစ်ပြန်လည်မျှဝေတဲ့အခါမှာ ၆ လအတွင်း အတော် ထိရောက်မှုရှိခဲ့ပါတယ်။
အခြားဘာသာစကားတစ်ခုကိုသင်ယူတဲ့အခါမှာ သဒါ (Grammar)နဲ့စတင်ချဉ်းကပ်မယ်ဆိုရင် ခြောက်လခန့်သာ အချိန်ယူရပါတယ်။
ကိုယ့်ရဲ့အားနည်းချက်ကိုပြင် အားသာချက်ကိုအသုံးချ ပြီး အားစိုက်လေ့ကျင့်လိုက်ရင် အင်္ဂလိပ်စာ လေ့လာတယ်ဆိုတာ
ခရု ခါးတောင်းကျိုက် ဖမ်းနေစရာ မလိုပါဘူးဗျ😊
မိတ်ဆွေတို့လည်း ကျွန်တော့်လို ၆ နှစ် သို့မဟုတ် ၆ နှစ်မက လေ့လာရှာဖွေရင်း လမ်းမတွေ့သေးသူတွေလည်း ရှိနေပါလိမ့်မယ်။
ဒီလို လိုအပ်နေသူတွေအတွက် ကျွန်တော်အထိရောက်ဆုံးသင်ကြားလေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ယခုလို အွန်းလိုင်း အပြင် အချိန်ပိုင်းတွေသင်ကြားပေးဖြစ်နေခြင်းဖြစ်ပါတယ်။
မိတ်ဆွေရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေကို ခွဲဝေရခက်လို့ ....အင်္ဂလိပ်စာလေ့လာချင်သော်လည်း ဘယ်ကစလေ့လာရမှန်းမသိလို့ .....ဘာညာ ဘာညာ စသည်ကြောင့်ဆိုလျှင် ကျွန်တော့်ကိုဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

#09891154349...

Address

Between 21 22/86 Street
Mandalay

Telephone

+959891154349

Website

Alerts

Be the first to know and let us send you an email when Sayar Ye Marn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share