31/08/2023
🌕 ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ 🌕
🙏မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ရဟန်းတော် ငါးရာကို အကြောင်းပြုပြီး မေတ္တာသုတ်တော်ကို ဟောကြားပေးတဲ့ နေ့ရက်ဟာ ဝါခေါင်လပြည့်နေ့ဖြစ်တဲ့အတွက်
🌕ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့” လို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ်..🙏
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ နေ့တွေထဲ တစ်ရက် အပါအဝင်ဖြစ်တဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ (၇) ရက်သားသမီးများအားလုံး ကိုယ်စိတ်နှလုံး သုံးပါးလုံးကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများတိုးပွားကာ ကုသိုလ်ထူးကုသိုလ်မြတ်များရရှိနိုင်ကြပါစေကြောင်း Youth Dream Kids International College (YDK)မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့် 🙏🙏🙏
#ဝါခေါင်လပြည့်
#မေတ္တာအခါတော်နေ့
31/08/2023
အလကားလူမဖြစ်စေနဲ
***************
ကိုယ့်မှာအားနည်းချက်ရှိရင် သူတစ်ပါးပျော့ကွက်ကို ချမနင်းဘဲ နေတတ်ရမယ်။
ကိုယ့်မှာခံနိုင်ရည်မရှိရင် သူတစ်ပါးရင်နာစရာစကားကို ဆင်ခြင်ပြောဆိုတတ်ရမယ်။
ကိုယ့်မှာဒုက္ခဆိုတာရှိရင် သူတစ်ပါးဘဝပျက်စီးကြောင်းကို ရှောင်ရှားတတ်ရမယ်။
ကိုယ့်မှာအရှက်ရှိရင် သူတစ်ပါးဂုဏ်သိက္ခာကို ငဲ့ညှာတတ်ရမယ်။
ကိုယ့်အပေါ်မပြုစေချင်တဲ့အရာရှိရင် သူတစ်ပါးမနှစ်သက်ရာကို မလုပ်မိအောင် စာနာတတ်ရမယ်။
ကိုယ့်မှာအပြစ်မကင်းရင် သူတစ်ပါးအမှားကို လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။
ကိုယ့်မှာဝေဒနါရှိရင် သူတစ်ပါးနာကျင်မှုကို ခံစားပေးတတ်ရမယ်။
ကိုယ့်ကိုကဲ့ရဲ့တာမကြိုက်ရင် သူတစ်ပါးမကောင်းကြောင်းကို မပုတ်ခတ်မိအောင် သတိတားရမယ်။
ကိုယ့်မှာအမာရွက်ရှိရင် သူတစ်ပါးဒဏ်ရာကို နားလည်ပေးနိုင်ရမယ်။
#ဒါဟာကိုယ်ချင်းစာတရားပဲ။
ဘယ်လောက်ပဲချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲတတ်တတ်၊ ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ။
#လေးစားစွာဖြင့်ပြန်လည်ဝေမျှပါသည်
21/07/2022
🎌🇯🇵 #အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်အတွက်အောင်လက်မှတ်ရှိထားသူများအမြန်အလိုရှိပါသည်
仕事内容ーシェアホウスの掃除(ビルクリング)
➡️💢ဂျပန်နိုင်ငံဖက်မှတိုက်ရိုက်အလုပ်ခေါ်ပြီးကိုယ်တိုင်ဂျပန်နိုင်ငံသို့တရားဝင်ပို့ေဆာင်ခွင့်ရအေးဂျင့်ဖြင့်ပါသဖြင့်သွားလိုသူများကိုယ်တိုင်အမြန်ဆက်သွယ်လာပေးပါရန်နှင့်အမြန်ဆုံးအင်တာဗျုးခေါ်ဆောင်ပါမည်။🆗
🔹🔹🔹🔹🔹🔹🔹🔹🔹🔹
🗾လုပ်ငန်းနေရာ - တိုကျို၊ ရှီဘူယာမြို့
👷လိုအပ်သောဝန်ထမ်းဦးရေ - ၂၀ ဦး (ကျား/မ)
🪙အခြေခံလစာ -၁၇၅၀၀၀ ယန်း
💴လစဉ်လစာ - ¥ 22 သောင်း (အခြေခံလစာ + အချိန်ပို 33 နာရီ 45,000 ယန်း၊ စုစုပေါင်း 220,000 ယန်း)၊
🏂ပိတ်ရက် - တစ်ပတ် 1-2
🚆ခရီးစားရိတ်(ရထားခ) - ၈၀၀ ယန်း (၁ ရက်)
🏬ကုမ္ပဏီမှစီစဉ်ပေးသည့်အဆောင်ခ (20,000 မှ 40,000 ယန်း)
✈️🧳လုပ်သက်တနှစ်ပြည့်လျှင် (၁၀)ရက်လစာပြည့်အိမ်ပြန်နားခွင့်ဖြင့် vacation ရရှိခံစားနိုင်ပါသည်။
⏰ အလုပ်ချိန် - 9:00-19:00
仕事内容ーシェアホウスの掃除(ビルクリーンニング)
場所ー東京渋谷
募集人数ー20名
資本給 ー175000円
月給ー(資本給+残業33時間分45000 、合計220000円)
休日ー週1〜2
交通費 ー800円(1日)
社宅ー寮あり (20000円〜40000円)
有給あり
通勤時間ー9:00〜19:00
☎️အလုပ်လျှောက်ထားလိုပါက page messenger, ဖုန်း မှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
ဖုန်း ☎️ 09797775456, 09 797776456
-Myanmar
#ဂျပန်
#ဂျပန်စာသင်တန်း
08/07/2022
ကောလိပ်လား Language School လား
* * * * * * * * * * * * * * * * * * * *
(ပူးတွဲပါ စာအား အကီ Page မှ ကူးယူဖော်ပြပါသည်။ ) မူရင်း ပိုစ့်နှင့် အကီ page link ကို စာ၏အောက်ဆုံးတွင် တွဲထားပါသည်။
* * * * * * * * * * * * * * * * * * * *
ဂျပန်မှာ ကျောင်းသွားတက်ဖို့ ရည်ရွယ်ထားတဲ့လူတွေ မေးလေ့မေးထရှိတဲ့ မေးခွန်းလေးတစ်ခုပါ။
မြန်မာနိုင်ငံကနေ ကောလိပ်တိုက်ရိုက်သွားတက်တာကောင်းလား၊ ဒါမှမဟုတ် Language School တက်ပြီးမှ ကောလိပ်(専門学校) ဆက်တက်တာကောင်းလား ဆိုပြီး မေးတတ်ကြပါတယ်။
ဒီ Post မှာ အထက်ပါ မေးခွန်းအတွက် အသုံးဝင်မယ်လို့ထင်တဲ့ အချက်လေးတွေကို ဝေမျှပေးသွားပါ့မယ်။
ပုံမှန်အားဖြင့် ဂျပန်မှာ ကျောင်းသွားတက်ကြတာဟာ Language School ကနေ စတက်ကြတာများကြပါတယ်။ Language School တစ်နှစ်၊ ၂နှစ် တက်ပြီးမှ တက္ကသိုလ်တွေ၊ ကောလိပ်တွေ ဆက်တက်ကြတာ များပါတယ်။
လက်ရှိအခြေအနေအရ ကိုဗစ်ကာလမို့ ဂျပန်ဘက်က ကာလအတန်ကြာ ဗီဇာတွေ ပိတ်ထားခဲ့တာတွေကြောင့် ဂျပန်စာ လေ့လာနေသူတွေဟာ မသိမသာ ဂျပန်စာ Level တွေ မြင့်လာနေပါတယ်။ ပထမက Language School သွားတက်ဖို့သာ စဉ်းစားခဲ့တဲ့လူတွေဟာလည်း၊ ဂျပန်စာ Level မြင့်လာတဲ့အတွက် ကောလိပ်၊ တက္ကသိုလ်တွေကို တိုက်ရိုက် တက်ရောက်ချင်လာကြပါတယ််။
ဂျပန်က 専門学校(senmongakkou)လို့ခေါ်တဲ့ ကောလိပ်ကျောင်းတွေဟာ ဘယ်လိုကျောင်းတွေလဲ၊ ဘယ်နှနှစ်တက်ရတာလဲ၊ Language School နဲ့က ဘယ်လိုကွာခြားသလဲ စသည်ဖြင့် သိချင်လာကြပါတယ်။
ဒီနေရာမှာ Language School အကြောင်းကို အရင်ပြောရမယ်ဆိုရင်၊ သူကရိုးရှင်းပါတယ်။ ဘာသာစကားကို သင်ပေးတဲ့ ကျောင်းတွေပါ။ အထူးသဖြင့် နိုင်ငံခြားသားတွေကို ဂျပန်ဘာသာစကား ကိုသင်ပေးပါတယ်။ Language School ပြီးရင် ကိုယ့်ရဲ့ ဂျပန်စာအရည်အချင်းအပေါ်မူတည်ပြီး ကောလိပ်၊ တက္ကသိုလ် စသည့်ဖြင့် ဂျပန်မှာ ဆက်တက်ကြရပါတယ်။ မြန်မာနိုင်ငံမှာ ဘွဲ့ကောင်းပြီး လုပ်ငန်းအတွေ့အကြုံ ရှိခဲ့တဲ့လူတွေထဲက အချို့က Language School ပြီးတာနဲ့ ပညာရှင်အနေဖြင့် Work Visa ကို ပြောင်းသွားတဲ့လူတွေလည်း ရှိပါတယ်။ နောက်တစ်ခုက ယခုနောက်ပိုင်းမှာ Language School တက်နေစဉ် တိုခုတဲဂိနိုး စာမေးပွဲတွေ ဝင်ဖြေထားပြီး၊ Language School ပြီးတော့ တိုခုတဲဂိနိုးဗီဇာဘက်ကို ပြောင်းသွားကြတဲ့ လူတွေလဲ ရှိပါတယ်။
Language School တွေက တစ်နှစ်မှာ ၄ကြိမ် ဝင်ခွင့် ခေါိကြပေမယ့်၊ မြန်မာနိုင်ငံဘက်ကနေ ကျောင်းလျှောက်ပေးကြတာက ၄လပိုင်း တန်း(၂နှစ်တက်ရတဲ့အတန်း)နဲ့၊ ၁၀လပိုင်းတန်း(တစ်နှစ်ခွဲ တက်ရတဲ့ အတန်း)တွေက များပါတယ်။ အခြား တစ်နှစ်သာတက်ရတဲ့ အတန်းတွေ၊ တစ်နှစ်နဲ့ ၃လသာ တက်ရတဲ့ အတန်းတွေလည်း ရှိပါသေးတယ်။ ဂျပန်စာ N5 Level လောက်ရှိရင် Language School က စလျှောက်ခွင့် ရှိပါပြီ။ ကျောင်းလခ အနေဖြင့်ကတော့ တစ်နှစ်ကို ယန်း သောင််း ၇၀ကနေ သောင်း ၉၀ လောက်အထိ ရှိတတ်ပါတယ်။
Language School တွေက ပုံမှန်အားဖြင့် မနက်ပိုင်းတစ်ပိုင်း(သို့မဟုတ်) ညနေပိုင်း တစ်ပိုင်းသာ တက်ရပါတယ်။
専門学校လို့ခေါ်တဲ့ ကောလိပ်ကျောင်းက အသက်မွေးဝမ်းကျောင်းပညာရပ်ကို သီးသန့် သင်ပေးတဲ့ ကျောင်းတွေဖြစ်ပါတယ်။ ဥပမာ။ ။ ကွန်ပျူတာပညာ၊ ကားပြုပြင်ရေးပညာ၊ Business ပိုင်း၊ Design ပိုင်း စတာတွေကို သင်ပေးတာပါ။
လွယ်လွယ်ပြောရမယ်ဆိုလျှင် မြန်မာနိုင်ငံက ကွန်ပျူတာ သင်တန်းကျောင်းတွေ၊ Business သင်တန်းကျောင်းတွေနဲ့ ဆင်တူပါတယ်။
ကောလိပ်ကျောင်းတွေက ၂နှစ်၊ ၃နှစ်၊ ၄နှစ် စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။
၂နှစ်နဲ့၃နှစ်သင်တန်းတွေက 専門士(senmonshi) လို့ခေါ်တဲ့ diploma ရရှိကြပြီး၊ ၄နှစ်တက်ရတဲ့သင်တန်းတွေကတော့ 高度専門士(koudosenmonshi) လို့ခေါ်တဲ့ advance diploma ရရှိကြပါတယ်။ (bachelor degree ကတော့ တက္ကသိုလ် ကျောင်းဆင်းတွေကိုသာ ပေးလေ့ရှိပါတယ်။) ကောလိပ်ကျောင်းဆင်းတွေဟာ တက္ကသိုလ်ရဲ့ ဒုတိယနှစ်(သို့) တတိယနှစ်ကို ဆက်လက်တက်ရောက်ဖို့ လျှောက်ထားခွင့် ရှိကြပါတယ်။
ကောလိပ်ကျောင်းတွေဟာ တစ်နေကုန်(မနက်၈နာရီ၊ ၉နာရီကနေ ညနေ၄နာရီ၊ ၅နာရီ ခန့်အထိ) တက်ရတာများပါတယ်။ ကျောင်းလခကတော့ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ယန်း သောင်း ၉၀ကနေ ယန်း သောင်း ၁၂၀၊ ၁၃၀ အထိ ရှိနိုင်ပါတယ်။ မိမိယူတဲ့ ဘာသာရပ်နဲ့လိုက်ပြီး ကျောင်းလခ အနည်းအများ ကွာပါတယ်။
ကောလိပ်ကျောင်းတွေကို မြန်မာနိုင်ငံကနေ တိုက်ရိုက် လျှောက်ဖို့က JLPT N2 နဲ့အထက် လိုအပ်ပါတယ်။ အချို့ကျောင်းတွေက EJU ကို လက်ခံကြပြီး၊ EJU ဂျပန်စာ ရမှတ် ၂၀၀ အထက် လိုအပ်ပါလိမ့်မယ်။
ကောလိပ်ကျောင်းဆင်းလျှင် ဂျပန်မှာ ပညာရှင်အနေဖြင့် Work Visa ဖြင့် အလုပ်ဝင်ကြတာများပါတယ်။ အချို့က ကောလိပ်ပြီးသွားပြီး တက္ကသိုလ်(သို့မဟုတ်) ကောလိပ်ကိုပဲ ဆက်တက်ကြတဲ့လူတွေလည်း ရှိပါတယ်။
ဒီလောက်ဆိုရင် Language School နဲ့ 専門学校လို့ခေါ်တဲ့ ကောလိပ်အကြောင်းကို အနည်းငယ် သဘောပေါက်လာပြီလို့ ထင်ပါတယ်။
ဒါဆိုရင် အမေးအဖြေ ပုံစံလေးတွေဖြင့် ဆက်ပြီး လေ့လာကြည့်ကြပါစို့။
မေး။ ။ Language School နဲ့ 専門学校ရဲ့ အားနည်းချက် အားသာချက်တွေကို ပြောပြပေးပါ။
ဖြေ။ ။ Language School တွေရဲ့ အားသာချက်တွေကတော့ ကောလိပ်ကျောင်းတွေထက် ကျောင်းလခ စျေးသက်သာပါတယ်။ ပြီးတော့ ကျောင်းတက်ရတဲ့ အချိန်က တိုတဲ့အတွက်၊ စာလေ့လာတာတို့ အချိန်ပိုင်းအလုပ် လုပ်ဖို့ အချိန်တွေ ရှိပါတယ်။ Language School ပြီးတဲ့အချိန် ကိုယ့်မှာ ဂျပန်စာ level မြင့်နေမယ်ဆိုရင်၊ ကိုယ်ကြိုက်တဲ့တက္ကသိုလ်၊ ကောလိပ်တွေ ဆက်တက်ခွင့် ရှိပါတယ်။ မေဂျာကိုလည်း ကိုယ်ကြိုက်တဲ့ မေဂျာ ရွေးချယ်လျှောက်ထားခွင့် ရှိပါတယ်။
Language School တွေရဲ့ အားနည်းချက်ကတော့ တစ်နှစ်ခွဲ(သို့) ၂နှစ်ခန့်အချိန်ပေး တက်ရောက်ရပြီးမှ တက္ကသိုလ်(သို့) ကောလိပ် ဆက်တက်ကြရတဲ့အတွက် အလုပ်အကိုင်ရဖို့ အချိန် အနည်းဆုံး ၃နှစ်၊ ၄နှစ် ပေးရတဲ့အချက်ပါ။
ကောလိပ်ကျောင်းတွေ အနေနဲ့ကတော့ ၂နှစ်တက်ပြီးတာနဲ့ အလုပ်လုပ်လို့ရပါပြီ။ ၂နှစ်ခန့် အချိန်ပေး ကြိုးစားလျှင် ပညာရှင်အနေဖြင့် ဂျပန်မှာ တောက်လျှောက် အလုပ်လုပ်နိုင်တာက ကောလိပ်ကျောင်းတွေရဲ့ အားသာချက်ပါ။
ကောလိပ်ကျောင်းတွေရဲ့ အားနည်းချက်ကတော့ ကျောင်းလခစျေးများတာနဲ့ ကျောင်းချိန်ကို အပြည့် တက်ကြရတာပဲဖြစ်ပါတယ်။ နောက်တစ်ခုက စာသင်တဲ့အခါ နည်းပညာ ပညာရပ်တွေကို ဂျပန်လိုသာ သင်ကြားကြရပါတယ်။ ဂျပန်စာ အခြေခံမကောင်းတဲ့လူ၊ Level မမြင့်တဲ့လူတွေ စာမလိုက်နိုင်တာတွေ ရှိတတ်ပါတယ်။
မေး။ ။ 専門学校ကို မြန်မာနိုင်ငံကနေ တိုက်ရိုက်သွားတက်ကြတဲ့အခါ ဘာဘာသာရပ်တွေ သင်ယူလို့ ရပါသလဲ။
ဖြေ။ ။ ကျောင်းဝင်ခွင့် သတ်မှတ်ချက်တွေ ပြည့်မှီမယ်ဆိုရင် IT(programming၊ game၊ web၊ robot)၊ Business၊ Management နဲ့ အခြား ကားစက်ပြင်၊Design(ဖက်ရှင်၊စက်ပစ္စည်း၊ interior)နှင့် အခြား engineering နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေ၊ အခြားသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို စိတ်ကြိုက် ရွေးချယ်တက်ရောက်လို့ ရပါတယ်။ (ဆေးပညာနဲ့ ပတ်သက်တာကတော့ တက္ကသိုလ်တွေမှာသာ သင်ကြားပေးပါတယ်။)
မေး။ ။ ကောလိပ်ကျောင်းဝင်ခွင့်ရဖို့ အတွက် ဘာအရည်အချင်းတွေ ရှိထားဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ ဂျပန်နိုင်ငံရဲ့ ၁၂တန်း ပညာရေးအရ၊ မြန်မာနိုင်ငံမှာ တက္ကသိုလ် ပထမနှစ် အောင်ထားရပါမယ်။ အသက် ၁၈နှစ်နဲ့အထက် ဖြစ်ရပါမယ်။ ဂျပန်စာ N2 နဲ့အထက် ဖြစ်ရပါမယ်။ အချို့ကျောင်းတွေက EJU ရဲ့ ဂျပန်စာရမှတ် ၂၀၀ နဲ့အထက် တောင်းဆိုတာတွေ ရှိပါတယ်။
ဝင်ခွင့်ပြုတဲ့ ကျောင်းတွေနဲ့၊ ဝင်ခွင့်သတ်မှတ်ချက်တွေကို အောက်ပါlink မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။
https://www.jasso.go.jp/ryugaku/eju/examinee/use/pro_training.html
မေး။ ။ EJU ဆိုတာ ဘာကိုဆိုလိုတာပါလဲ။
ဖြေ။ ။ EJU ဆိုတာ Examination for Japanese University Admission for International Students ရဲ့အတိုကောက်ပါ။ EJU အကြောင်း အသေးစိတ်ကို ဒီအောက်က link မှာ ဝင်ဖတ်ကြည့်ပါ။
https://www.facebook.com/1484209378562149/posts/2653747318275010/?d=n
မေး။ ။ ဂျပန်မှာ ကောလိပ်သွားတက်ချင်ပါတယ်။ ဘယ်လိုလျှောက်ရမလဲ။
ဖြေ။ ။ ကောလိပ်ကျောင်းတွေကို မိမိဘာသာ တိုက်ရိုက် လျှောက်လို့ရသလို၊ မြန်မာနိုင်ငံဘက်မှာ ပညာရေး ဝန်ဆောင်မှု ပေးနေတဲ့ သင်တန်းကျောင်းတွေ အေးဂျင့်တွေကနေလည်း လျှောက်လို့ ရပါတယ်။
မေး။ ။ ကောလိပ်ကျောင်းပြီးရင် ဘွဲ့ရပါသလား။
ဖြေ။ ။ အထက်မှာ ပြောခဲ့သလိုပါပဲ၊ ကောလိပ်ကျောင်းတွေဟာ diploma ပဲ ပေးပါတယ်။ ဘွဲ့ဆိုတဲ့ bachelor degree ကို မပေးပါဘူး။
မေး။ ။ ကောလိပ်ကျောင်းပြီးသွားရင် ဘယ်လိုကျောင်းတွေ ဆက်တက်လို့ ရပါသလဲ။
မေး။ ။ ကောလိပ်ကျောင်းပြီးသွားရင် တက္ကသိုလ်(သို့) ကောလိပ်တွေ ဆက်တက်လို့ရပါတယ်။ အထက်မှာ ပြောခဲ့သလိုပါပဲ၊ တက္ကသိုလ်ရဲ့ ဒုတိယနှစ် တတိယနှစ်တွေ ဆက်တက်ခွင့် ရှိပါတယ်။(၄နှစ်ကောလိပ် ပြီးထားတဲ့လူတွေ မာစတာ ဝင်ခွင့် လျှောက်ထားခွင့် ရှိပါတယ်။) သက်ဆိုင်ရာ ဝင်ခွင့်စာမေးပွဲတွေတော့ ပြန်ဖြေရပါတယ်။ အချို့က ကောလိပ်ပြီး အခြားကောလိပ်ဆက်တက်ကြတာတွေလဲ ရှိပါတယ်။
မေး။ ။ 専門学校 တက်ရင် scholarship လျှောက်လို့ရနိုင်ပါလား။ ဘယ်လိုအဖွဲ့အစည်းတွေကိုလျှောက်လို့ရနိုင်ပါသလဲ။
ဖြေ။ ။ 専門学校သမားတွေအတွက် စကော်လာက အရမ်းနည်းပါတယ်။ တက္ကသိုလ်တွေက စကော်လာပိုများပါတယ်။ 専門学校သမားတွေအတွက်က ဂျပန်ကျောင်းသားအဖွဲ့အစည်း JASSO ကပေးတဲ့ စကော်လာ၊ မိမိကျောင်းကပေးတဲ့စကော်လာနဲ့၊ ကျောင်းရှိတဲ့ အရပ်ဘက် အဖွဲ့အစည်း၊ ကုမ္ပဏီတွေက ပေးတဲ့ စကော်လာလောက်သာ ရနိုင်ပါတယ်။ အချို့ကျောင်းတွေက EJU ရမှတ်ကောင်းရင် ကျောင်းလခ % နဲ့ ကင်းလွတ်ခွင့် ပေးကြပါတယ်။ နောက်တစ်ခုက သတင်းစာစကော်လာ လျှောက်လို့ ရပါတယ်။ Language School တွေ ထက်တော့ scholar လျှောက်ခွင့်က ပိုများပါတယ်။ မြန်မာနိုင်ငံကနေ တိုက်ရိုက်လျှောက်မယ်ဆိုရင် ဂျပန်အစိုးရက ပေးတဲ့ MEXT စကော်လာလည်း ကောလိပ်ကျောင်းတွေအတွက် လျှောက်လို့ရပါတယ်။ သူက အကောင်းဆုံးတွေထဲက အကောင်းဆုံး စကော်လာ တစ်ခုပါ။ သူ့အကြောင်း လေ့လာချင်ရင်တော့ ဒီ link ထဲမှာ အသေးစိတ် ဝင်လေ့လာပါ။
https://www.facebook.com/1484209378562149/posts/2594896304160112/?d=n
မေး။ ။ သတင်းစာ စကော်လာက ဘယ်လိုစကော်လာ အမျိုးအစားပါလဲ။
ဖြေ။ ။ ဒါလေး လေ့လာကြည့်ပါ။
https://www.facebook.com/1484209378562149/posts/2223957401254006/?d=n
မေး။ ။ ဂျပန်မှာ ကောလိပ်ပြီးတာနဲ့ အလုပ် တန်းရပါသလား။
ဖြေ။ ။ ကျောင်းပြီးတာနဲ့ အလုပ်တန်းမရကြပါဘူး။ ကျောင်းမပြီးခင် အလုပ်ရှာရပါတယ်။ ကျောင်းမှန်မှန်တက်ပြီး ပုံမှန် ကြိုးစားသွားရင်တော့ အလုပ်ရပါတယ်။
မေး။ ။ အိမ်ကလည်း ကျောင်းစားရိတ် အများကြီး မထောက်ပံ့နိုင်ပါဘူး။ ဂျပန်မှာ အချိန်ပိုင်း အလုပ်လုပ်ရင် ကောလိပ်ဆက်တက်လို့ ရနိုင်ပါ့မလား။
ဖြေ။ ။ တကယ်ကြိုးစားရင် ဖြစ်နိုင်ပါတယ်။ ဒါလေးဖတ်ကြည့်ပါ။
https://www.facebook.com/1484209378562149/posts/2483845405265203/?d=n
မေး။ ။ Language School နဲ့ 専門学校က ဘယ်ဟာ ပိုကောင်းပါသလဲ။
ဖြေ။ ။ တက္ကသိုလ်က အကောင်းဆုံးပါ။ တက္ကသိုလ်ကို ၄နှစ်အထိ မတက်နိုင်တဲ့လူတွေအတွက်က ၂နှစ်သာ တက်ရတဲ့ 専門学校 က ပိုသင့်လျှော်ပါတယ်။ မိမိက မြန်မာနိုင်ငံမှာ ဂျပန်စာ N2 အောင်ထားပြီးပြီး၊ ကျောင်းစားရိတ်လည်း အတန်အသင့် တက်နိုင်တယ်ဆိုရင်တော့ 専門学校က Language
School ထက် ပိုကောင်းပါတယ်။ ကျောင်းပြီးဖို့ ၂နှစ်သာ လိုအပ်ပြီး၊ ကိုယ်က ကြိုးစားမယ်ဆိုရင် ၂နှစ်ပြီးတာနဲ့ အလုပ်ရနိုင်လို့ပါ။ Language School နဲ့ဆိုရင် ၂နှစ်(သို့) တစ်နှစ်ခွဲလောက်တက်ပြီးမှ 専門学校တို့ တက္ကသိုလ်တို့ ဆက်တက် ရမှာပါ။
ကိုယ်က ဂျပန်စာ Level က နိမ့်နေသေးတယ်၊ အသက်ကလည်း ငယ်နေသေးတယ်ဆိုရင်၊ Language School နဲ့ သွားသင့်ပါတယ်။ ကိုယ်က အသက်ကလည်း ရနေပြီး၊ ဂျပန်စာ Level ကလည်း မြင့်နေတယ်ဆိုရင်တော့ ကောလိပ်၂နှစ် သွားတက်တာက ပိုအဆင်ပြေပါလိမ့်မယ်။
အခြားသိချင်တာများရှိရင်လည်း မေးနိုင်ပါတယ်။
အာလုံးအဆင်ပြေကြပါစေ။
မေတ္တာဖြင့်
အကီ ။ ။
https://www.facebook.com/profile.php?id=100044162933278
https://www.facebook.com/100044162933278/posts/612818070200285/?d=n
日本留学試験(EJU)利用校(専門学校)
独立行政法人日本学生支援機構(JASSO)の公式ホームページです。
13/03/2022
ယခုလို Crisisကာလမှာ 👩💻👨🏫👷👩🎓
🥇 ပညာရေးခရီးလမ်းတပိုင်းတစ ဖြစ်နေသော ကျောင်းသားကျောင်းသူ များ၊အစိုးရကျောင်း 10 တန်းအောင်မြင်ပြီးသူများ ၊ IGCSE အောင်မြင်ပြီးသူများ ၏ အနာဂတ်ပညာရေးအတွက်အိမ်မက်များ အကောင်အထည်ဖော် ပညာသင်ကြားနိုင်စေရန်ရည်ရွယ်ပြီးဖွင့်လှစ်ပေးထားခြင်းဖြစ်ပါတယ်။
Start to enroll now for Sepember 2022 intake for UK Universities‼❗
အနာဂတ်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ စီးပွားရေးပညာ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ computer professional ပဲဖြစ်ဖြစ်၊ engineer professional ပဲဖြစ်ဖြစ်စီးပွားရေးဆိုင်ရာဘာသာရပ်တွေကို ကိုယ်တိုင် ပြန်လည်သင်ကြား ပို့ချပေးချင်တာပဲဖြစ်ဖြစ်၊ စီးပွားရေးအတိုင်ပင်ခံပဲဖြစ်ဖြစ် Professional အသက်မွေးဝမ်းကျောင်းတစ်ခုအတွက် ပညာသင်ကြားရန် ဘာသာရပ်တွေကို လေးလေးနက်နက် စဉ်းစားတော့မယ်ဆိုရင် Business Management ၊ Business Administration ၊ Marketing ၊ Economic ၊ Accounting , computing , engineering ဘာသာရပ်တွေကို လေ့လာသင်ယူဖို့လိုအပ်ပါတယ် ။
professional ဘာသာရပ်တွေကို မြန်မာနိုင်ငံက ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ UK နိုင်ငံများတွင်ပညာသင်ကြားပြီး ဘွဲ့ရရှိပြီးတဲ့အခါ လုပ်ခလစာကောင်းကောင်းနှင့်လုပ်ကိုင်ဆောင်ရွက်နိုင်အောင် နိုင်ငံ၊ ဘာသာရပ်၊ ကျောင်းရွေးချယ်ခြင်းနှင့် ဗီဇာလျှောက်ထားခြင်းများအတွက် Mega Ace Education & IBMA Services မှ ဝန်ဆောင်မှုပေးပါသည်။
လက်ရှိကျောင်းသားများ၏ပညာရေးအခြေခံပေါ် တွင်လိုအပ်သော အချက်အလက်များနှင့်ဝန်ဆောင်မှုများကို Mega Ace & SIBCမှ အကောင်းဆုံးတိုင်ပင်ဆွေးနွေးအကြံပေးပါသည်။
https://www.facebook.com/107934227451216/posts/490228402555128/
https://www.facebook.com/101771909126162/posts/111825731454113/
Free Consultation for student who want to study at UK Universities
🏆Mega Ace Education & SIBC Team🏆
Free to contact ☎☎☎☎☎
09977122395,09797790638
095141446, 095032762, 09420086151
-Myanmar(Mdy)
-Myanmar(Ygn)
Bamaw
Ace Education (Ygn)
International College(SIBC)
10/03/2022
🇯🇵ဂျပန်နိုင်ငံအစိုးရအသိအမှတ်ပြုစီးပွါးရေးကောလိပ်မှာရှိသောဂျပန်ဘာသာစကားဆိုင်ရာမေဂျာတွင်အချိန်တိုကာလ( တနှစ်နှင့်ခြောက်လ)အတွင်းတက်ရောက်လိုပါသလား✨✨
ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ 日本留学試験 ကိုဖြေဆိုရန်မလိုပါ။ JLPT (သို့မဟုတ်)မည်သည့်အောင်လက်မှတ်များမလိုပါ။
🔹 #လိုအပ်သည့်အရည်အချင်း
အနည်းဆုံးတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများနှင့်ဂျပန်ဘာသာအခြေခံအဆင့် N5 ရှိသူများ ( မရှိလျှင် Mega Ace Education & SIBCမှစီစဉ်ဆောင်ရွက်ပေးပါသည်)
🔹 #တက်ရောက်နိုင်သည့်တက္ကသိုလ်များ
Chiba International Business College,
Nagoya University 名古屋大学 နဲ့ အခြားတက္ကသိုလ်များ( ကျောင်းဒါရိုက်တာအဖွဲ့အစည်းအဝေးတွင်လက်ခံထားနိုင်မှုနှင့်တက်ရောက်နိုင်သောတက္ကသိုလ်များ)
🔹 #လျှောက်ထားနိုင်သည့်ကာလ( Mega Ace & SIBC Campus Time table )
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကျောင်းဝင်ခွင့်ေလျှာက်ထားသူအတွက် .....
#လျှောက်လွှာပိတ်ရက် - ၂၀၂၂ခုနှစ်၊ မတ်လ (၃၁)ရက်။
၂၀၂၃ ခုနှစ် ဧပြီလကျောင်းဝင်ခွင့်ေလျာက်ထားသူအတွက်.....
#လျှောက်လွှာပိတ်ရက် - ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်။
🔹 #အခွင့်အလန်းများ
➡️Certificate of Eligibility (COE) ကျပြီးမှကျောင်းလခ(တနှစ်စာ)ပေးသွင်းရမှာဖြစ်ပါသည်။( ယခုမြန်မာကျောင်းသားမျာအတွက်ေကျာင်းလခခွဲသွင်းေပးနိုင်ရန်စီစဉ်ေပးေနပါသည်)
➡️ကျောင်းတက်နေစဉ်ကာလအတွင်း အချိန်ပိုင်းအလုပ်လုပ်နိုင်ရန် ( တပါတ် ၂၈နာရီ)စီစဉ်ပေးခြင်း။
➡️ကျောင်းပြီးလျှင် အချိန်ပြည့်အလုပ်အတွက်ပါေကျာင်းမှဆက်လက်စီစဉ်ပေးခြင်း။
➡️ကျောင်းအချိန်ပြည့်တက်ေရာက်ေအာင်မြင်ပြီးလျှင်လည်းမိမိကြိုက်နှစ်သက်ရာအခြားတက္ကသိုလ်များသို့တက်ရောက်ပညာသင်ကြားနိုင်ရန်စီစဥ်ေပးခြင်း။
➡️ကျောင်းတက်စဉ်အချိန်ပိုင်းအလုပ်လုပ်ပြီးမှရသည့်လခထဲကဝင်ငွေခွန် 所得税(shotokuzei) ပေးဆောင်ထားသည့်အတွက်...ကျောင်းသားရဲ့ဘဝေရှ့ေရးတေလျှာက်ကျမ်းမာရေးအာမခံ၊ အလုပ်ကောင်းရရှိရန်အာမခံ၊ ကျောင်းစကောလားရှစ်ရရန်၊ Master Course ဆက်လက်တက်ရောက်နိုင်ရန်အခွင့်အလန်းများရရှိခံစားနိုင်ပါသည်။
#အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက
Mega Ace Education &SIBC၏ messenger မှလည်ကောင်း
09977122395သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
10/03/2022
England နိုင်ငံရှိ Universities များတွင် June / September 2022 တွင်ဖွင့်လှစ်မည့် သင်တန်းများအတွက် ပညာတော်သင် သွားရောက်ရန်ကျောင်းအပ်လက်ခံပေးနေပါပြီ။
England နိုင်ငံရှိ Universities များတွင် Undergraduate နှင့် Post Graduate အတန်းများအတွက် ကျောင်းစတင်လျောက်ထားပေးပါသည်။
BA (Hons) Business Management
BA (Hons) Business Administration
BA (Hons) Business / Accounting
BA (Hons) Health Care / Nursing
BSC (Hons) Engineering
BSC (Hons) Computer Scinence
LLB (Hons) Law
LLM (Law)
MSC Engineering
MSC Computer Science
MSC Public Health
MBA Master of Business Administration
Mega Ace Education & SIBCမှ ကျောင်းအပ်လက်ခံခြင်း (Enrolment Process) မှစ၍ Student Visa ရရှိပြီးချိန်အထိ လိုအပ်သော ဝန်ဆောင်မှုများကို စီစဉ်ဆောင်ရွက်ပေးပါသည်။
Student Visa ရရှိပြီးနောက်
Englandနိုင်ငံသို့ ရောက်သွားသည့်အခါတွင်လည်း
လေဆိပ်မှကြိုပေးခြင်း(Airport Pick Up Services)၊
အချိန်ပိုင်းအလုပ်များနှင့်ချိတ်ဆတ်ပေးခြင်း (Part Time Job)၊
နေထိုင်ရေးအတွက် (Student Accommodation)များကိုလည်း
Mega Ace Education& SIBCမှ စီစဉ်ဆောင်ရွက်ပေးပါသည်။
Contact Us
Mega Ace Education & SIBC Team
Phone / Viber: 09797790639/09263766576
26/07/2021
Mini -MBA Program (UK) 🇬🇧🇬🇧🇬🇧🇬🇧🇬🇧 (Intake-3)
Intake -1+2( Online )ကို မမီလိုက်တဲ့သူများ၊ အကြောင်း အမျိုးမျိုးကြောင့် မတက်လိုက်ရသူများ၏ တောင်းဆိုချက်အရ
စီ စဥ် ဖွင့် လှစ်လိုက်ပါတယ်…
မာယာများတဲ့ စီးပွားရေးနယ်ပယ်မှာကိုယ်ပိုင်လုပ်ငန်းစတင် ဖို့အခက်တွေ့နေတဲ့သူလား?
Professional ဆန် ဆန် ၊ Smart ကျ ကျ စီမံ ခန့်ခွဲနိုင်ဖို့လိုအပ်နေပြီလား?
သင်ဟာရာထူးတိုး၊ လစားတိုးဖို့အတွက်မိမိရဲ့ personal empowermentမြင့်မားလာစေဖို့ကြိုးစားနေတဲ့သူလား?
စီမံခန့်ခွဲမှုနယ်ပယ်မှာ သူများတွေထက်နှာတစ်ဖျားသာနေချင်ပြီလား?
သင့်ရဲ့ကြိုးစားမှု/အခက်တွေ့မိနေသောအချိန်ကာလတစ်ခုကနေပြေလည်ပြီးProfessional ဆန် စွာ အနုပညာမြောက်စွာ စီမံခန့်ခွဲမှု
နယ်ပယ်မှာတခြားသူတွေထက်သာလွန်နေစေဖို့သင်ဟာသင့်ရဲ့ပညာရေးအဆင့်မြှင့် ဖို့လိုနေပါပြီ?
သင့်အတွက်ေတာက်ပတဲ့ အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံနိုင်ဖို့သင်တန်းတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ🤝🤝🤝
⭐SIBC⭐မှသင်ကြားနေတဲ့ Mini-MBA ဟာ International Management နယ်ပယ်ကနေ သိရှိထားသင့်တဲ့ MBA ရဲ ့အဓိကသင်ရိုးတွေကို Mini Content တွေအဖြစ် သင်ကြားပေးမှာဖြစ်ပါတယ်။
ကျယ်ပြန့်လှတဲ့ စီးပွားရေးလောကရဲ့သဘောတရား နိယာမ အကြောင်းတွေကို Theories, Concepts သာမကလက် တွေ့ နည်းစနစ် များ နဲ့ပါ နားလည်လွယ်အောင် သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
Mini MBA program လေးမှာ သင်ကြားပေးမယ့် ဘာသာရပ်တွေကတော့ 👩💻👨💻👩💻
🎯 Business Policy
🎯 Business Strategy
🎯 Corporate Entrepreneurship
🎯 Financial Management
🎯 General Management
🎯 Human Resources Management
🎯 Marketing Management
🎯 Organizational Behavior
🎯 Project Management
တို့ပဲဖြစ်ပါတယ်။
#သင်တန်းကြေး
*******************
ပုံမှန်သင်တန်းကြေး 800,000ကျပ် ကို
Register fees 35,000ကျပ်ဖြင့်သွင်း၍လေ့လာနိုင်ပါပြီ။
⭐ ပထမဦးဆုံးအပ်နှံသူအယောက်(30) ဦးသာ။⭐
သင်ကြားမည့်ရက်📆📆📆
21.8.2021(Sat)
22.8.2021(Sun)
Augustလ တတိယ ပါတ်တွင်စတင်မည်ဖြစ်သည်။
(အပတ်စဉ် စနေ၊ တနင်္ဂနွေ)
သင်ကြားမည့်အချိန် ⏰
6:00 PM To 8:00 PM
သင်တန်းကာလ♦
(၂) လခွဲ ကြာမြင့်မည်ဖြစ်ပါသည်။
⭐SIBC⭐ မှတည်ထောင်ဖွင့်လှစ်ထားတဲ့
သင်တန်းကျောင်းရဲ့. ထူးခြားချက်ကတော့ စာတွေ့
သက်သက်ကိုသာ သင်ကြားပို့ချတာမျိုး မဟုတ်ဘဲ
လက်တွေ့လုပ်ငန်းခွင်ကိစ္စရပ်များ (Case Study) များဖြင့် ဝါရင့်ဆရာ/ဆရာမ ကြီးများမှ စာတွေ့လက်တွေ့
ပေါင်းစပ်ပြီး ဆွေးနွေးသင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။
သင်ကြားမည့်ပုံစံ🎯🎯🎯
********************
100% Assignment , Presentation System ဖြင့်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက 🏆🏆🏆🏆🏆
**********************
Mini Master Of Business Administration လက်မှတ်ကိုရရှိမှာဖြစ်ပြီး Landon Qualifications Board (UK) အသိအမှတ်ပြု ကို စတာလင်ပေါင် (၁၀၀) ကိုပေးသွင်းပြီးရယူနိုင်ပါပြီ။
London Qualification Board ဆိုတာဘာလဲ?
London Qualification Board (LQB) , UK တွင် ယနေ့ချိန်ထိအောင်မြင်စွာ တည်ရှိနေသော ပညာရေးအဖွဲ့အစည်းတစ်ခု။
London Qualification Board (LQB), UK သည် International အသိအမှတ်ပြု ဘွဲ့လွန်/ ဘွဲ့ကြို Program များကို ATHE (UK), European Global School , France နှင့် Swico School of Business and Management ,Switzerland တို့နှင့် ပူးပေါင်းပို့ချလျက်ရှိသော အဖွဲ့အစည်းတစ်ခု။
London Qualification Board (UK) မှပေးအပ်သော Diploma Program များသည် ATCHE (Uk) မှ အရည်အသွေးစိစစ်ပြီးမှပေးအပ်ချီးမြှင့်မှာပဲဖြစ်ပါသည်။
London Qualification Board (UK) နှင့်ပတ်သတ်ပြီးအသေးစိတ်သိရှိလိုပါwww.lqb.education တွင် ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။
ဘယ်လိုသင်ယူနိုင်မလဲ👩💻👩💻👩💻
အချိန်မရွေး/နေရာမရွေး သင်ယူနိူင်ပြီးတော့
Computer (or) Phone And Internet ရှိရုံနဲ့ လွယ်ကူလျှင် မြန်စွာလေ့လာနိုင်မှာပဲဖြစ်ပါတယ်နော်။
Online Program နဲ့ ပတ်သတ်ပြီးဘယ်လိုယုံကြည်ရမလဲ?💯💯💯
သမာရိုးကျ Online Program တွေနဲ့မတူပဲ သင်ယူသူနဲ့ သင်ကြားသူနှစ်ဦးနှစ်ဖက်လုံး Security Save ဖြစ်စေမယ့် နည်းလမ်းတွေနဲ့ သင်ကြားပေးမှာမို့ ယုံကြည်စိတ်ချစွာလေ့လာသင်ယူနိုင်ပါတယ်နော်။
Exam အတွက် လုံလောက်သော သင်ရိုးတွေနှင့်အတူ အလွယ်ကူဆုံးသင်ကြားမှုများဖြင့်သင်ကြားပေးမည်ဖြစ်သောကြောင့် စာမေးပွဲဖြေဆိုမှုနှင့်ပတ်သက်ပြီး စိတ်ပူစရာ လုံး၀ လုံး၀ မလိုပါဘူးနော်။ 👌👌👌
ထိရောက်သော သင်ကြားမှုဖြစ်စေရန် ရည်ရွယ်၍
သင်တန်းသား/သူဦးရေကန့်သတ်ထားပါသော
ကြောင့် အမြန်ဆုံးကျောင်းအပ်ပေးဖို့ တိုက်တွန်းလိုက်ပါသည်။🤗🤗🤗
အသေးစိတ်ထပ်မံသိရှိလိုပါက...
☎ 09 955683020
☎ 09 797790638
☎ 09 977122395
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
သင့်ဘဝရဲ့အကောင်းဆုံး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို စတင်ချမှတ်တော့မယ်ဆိုရင်တော့ ⭐SIBC ⭐ ကိုအခုပဲ ဆက်သွယ်လိုက်ပါ။
International Business College
26/05/2021
📢📢📢
အကြပ်အတည်းကာလမှာ
အလုပ်အကိုင်အခက်အခဲရှိသူများ အတွက်Job star မှ #ဝန်ဆောင်မှုအခမဲ့ #ဖြင့်အလုပ်ကိုင်အခွင့်လှမ်းများကိုချိတ်ဆက်ပေးနေပါပြီ။
စိတ်ပါဝင်စားသူများမည်သူမဆိုလျှောက်ထားလို့ရပါပြီရှင်။
အလုပ်လျှောက်ထားသူများ သိရှိလိုက်နာရန်စည်းကမ်းချက်များ👇👇👇
https://www.facebook.com/114098590381260/posts/297538715370579/
26/05/2021
📢📢📢
အကြပ်အတည်းကာလမှာ
အလုပ်အကိုင်အခက်အခဲရှိသူများ အတွက်Job star မှ #ဝန်ဆောင်မှုအခမဲ့ #ဖြင့်အလုပ်ကိုင်အခွင့်လှမ်းများကိုချိတ်ဆက်ပေးနေပါပြီ။
စိတ်ပါဝင်စားသူများမည်သူမဆိုလျှောက်ထားလို့ရပါပြီရှင်။
အလုပ်လျှောက်ထားသူများ သိရှိလိုက်နာရန်စည်းကမ်းချက်များ👇👇👇
#အသေးစိတ်စုံစမ်းရန်
#09 955683020