03/10/2023
"လူချမ်းသာတွေမလုပ်တဲ့ လူဆင်းရဲတွေသာလုပ်တဲ့ အချက်(၇)ချက်"
1️⃣ လူဆင်းရဲတွေ က TVဇာတ်လမ်း အကြည့်များတယ်။
လူချမ်းသာတွေကတော့ စာပေဗဟုသုတ ရှာဖတ်ကြတယ်။
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဝါရင်းဘက်ဖက်ကတော့ တစ်ရက် ကို အနည်းဆုံး စာမျက်နှာ 500 ခန့် ဖတ်တယ်တဲ့။ စာဖတ်လို့ရတဲ့ ဗဟုသုတတွေကတော့ တန်ဖိုးဖြတ်လို့မရဘူးပေါ့။
အောင်မြင်တဲ့သူ တော်တော်များများကို ကြည့်မယ်ဆိုရင်လည်း TV ကြည့်ဖို့ထက် စာဖတ်ဖို့ကိုပဲ ပို အလေးထားကြတယ် ဒါဆိုရင် ငါတို့လည်း စာဖတ်ဖို့ ရည်ရွယ်ချက် ထားပြီး ကိုယ်ပိုင်အရည်အချင်းတွေ တိုးတတ်ဖို့ လုပ်ဆောင်ကြရမယ်။
2️⃣ လူဆင်းရဲတွေက အချိန်ပေါ် မှီခိုပြီး ပိုက်ဆံရကြပေမယ့် လူချမ်းသာတွေကတော့ ရလဒ်ပေါ် မူတည်ပြီး ရကြတယ်။
Result က ဘယ်လောက်ထိ အရေးပါလဲ သိပါသလား?
သင်လုပ်ငန်းခွင်မှာ အတော်ဆုံးဖြစ်နေရင် ဖြစ်နေမယ် သို့သော် သင်သာ Result တစ်ခုခု ချမပြနိုင်ရင်တော့ သင်ဟာ သူများတွေနဲ့ မထူးခြားနားပဲ။
ပိုမိုကြီးမားတဲ့ ခြေလှမ်းများ လှမ်းပြီး ပိုမိုကောင်းမွန်တဲ့ ရလာဒ်တွေ ချပြနိုင်ဖို့ လုပ်ကြရမယ် ဒါမှ ပိုမိုကောင်းမွန်တဲ့ အရာတွေ ပိုင်ဆိုင်နိုင်မှာပါ။
3️⃣ လူဆင်းရဲတွေ ကတော့ သူများအပေါ် အပြစ်တင်တယ်။
လူချမ်းသာတွေကတော့ ကိုယ့်ဘာသာ တာဝန်ယူမှု တာဝန်ခံမှု ထားကြတယ်။
သူများက ကိုယ့်အပေါ် အပြစ်တွေ လွှဲချခံရဖူးသလား?
ကိုယ်ကရော သူများတွေ ကို အပြစ်တင်ဖူးလား?
(ဒီကိစ္စ ကြီးက သူ့ကြောင့်ပါ ကိုယ့်အပြစ်တစ်ခုမှမပါဘူး)
ကဲ အခုကစပီး ပြောင်းလဲဖို့က ကိုယ့်တာဝန်ပဲ။
လူချမ်းသာတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု လက်ကိုင်ထားကာ ပိုမိုကောင်းမွန်တဲ့ အရာတွေ လက်တွေ့လုပ်ကြပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိကြတယ်။
သူတစ်ပါးကို အပြစ်တင်ဖို့ထက် ကိုယ့်တာဝန်ကို တာဝန်ယူပြီး
စွမ်းဆောင်နိုင်အောင် ကြိုးစားပါ။
4️⃣ လူဆင်းရဲတွေ က ပိုက်ဆံ စုတယ်။
လူချမ်းသာတွေကတော့ ရင်းနှီးမြုပ်နှံတယ်။
ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းအနည်းငယ်ကို ချွေတာ စုဆောင်းနေတယ် ဒါ အလုပ်ဖြစ်မယ်ထင်သလား ပိုသုံးချင်ရင် ပိုရှာရမယ်။
လူဆင်းရဲတွေ ရဲ့ အဓိက အမှားက ပိုက်ဆံ ကိုယ့်လက်ထဲ ပိုစုဆောင်းပြီး ဘုရားသခင်လို ကိုးကွယ်နေကြတာပဲ။
လူချမ်းသာတွေ အတွက်ကတော့ ပိုက်ဆံက သူတို့ အခိုင်းအစေ ပဲ ပိုက်ဆံ ကို လက်နက် တစ်ခုလို အသုံးပြုပြီး ပိုက်ဆံ ဆတိုးရှာဖို့ ကောင်းကောင်းအသုံးချတယ်။
ပိုက်ဆံဆိုတာ စုဆောင်းသိမ်းဆည်း ထားရင် ပွားမလာဘူး ဆိုတာ သိရမယ်. ပိုမိုကောင်းမွန်တဲ့ အရာတွေ ပိုင်ဆိုင်ဖို့ ပြန်လည်အသုံးချပြီး ရင်းနှီးမြုပ်နှံရမယ်။
5️⃣ လူဆင်းရဲတွေ မှာ အဖြေအကုန် ရှိတယ်။
သင်မယုံရင် လူဆင်းရဲ တစ်ယောက်ယောက်ကို မေးကြည့်လိုက် မင်းဘာလို့ ဆင်းရဲနေတာလဲလို့. သူ့မှာ အဖြေရှိပြီးသား ချက်ချင်း ဖြေလိမ့်မယ် ဘာကြောင့်ပါ ညာကြောင့်ပါပေါ့ . လူဆင်းရဲ တွေက သူမသိတာ မရှိဘူး အဲ့ဒါ မချမ်းသာရတဲ့ အကြောင်းထဲက တစ်ချက်ပဲ။
လူချမ်းသာတွေ ကတော့ စဉ်ဆက်မပြတ် လေ့လာသင်ယူနေတယ် မသိတာရှိရင်လည်း သိချင်တယ် သင်ယူချင်တယ် လေ့လာချင်တယ် ဒါတွေကပဲ တိုးတတ်ဖို့ လမ်းစတွေဆီ ခေါ်ဆောင်သွားတာပဲ။
နေရာတကာ မသိပဲနဲ့ ကိုယ်သိကိုယ်တတ် ပုံစံနဲ့ အာရုံစိုက်ခံချင်တာက တကယ်တော့ လူမုန်းများပါတယ် လူမုန်းများသွားရင် ကိုယ့် level ကို ဆွဲချသလိုဖြစ်သွားပြီး ရှေ့မရောက်တော့ပါဘူး။
မသိတာ မတတ်တာ ရှိရင် သင်ယူပါ ဟန်မဆောင်ပါနဲ့ နားထောင်ဖို့ ဝန်မလေးပါနဲ့။
6️⃣ လူဆင်းရဲ တွေက မသမာသူနဲ့ပိုက်ဆံ အတူရှိတယ်လို့ ယုံကြည်ကြတယ်။
ဒီလိုထင်နေရင်တော့ မသမာမှုတွေပဲ လုပ်ကြနေမှာပေါ့။
ငွေကြေးကလည်း အသုံးချတဲ့နေရာမှာ အကောင်း အဆိုး ရှိနိုင်ပါတယ်။
လူချမ်းသာအများစုကတော့ အလှူအတန်း ရက်ရောပါတယ်။
လူဆင်းရဲ တွေ အမြင်မှာ သူတို့ဖြစ်ချင်တာ မဖြစ် မလှူမတန်းနိုင်ရင် ပိုက်ဆံဆိုတာအရာဝတ္ထု တစ်ခုလိုပဲလို့ ဆင်ခြေပေးတော့တာပဲ။
ပြောင်းလဲ ပြီးမြင်ကြည့်ပါ ဆင်ခြေပေးမနေပါနဲ့ ပိုမိုချမ်းသာရင် သူတစ်ပါးကို ပိုမိုကူညီ လှူဒါန်းနိုင်ပါတယ် အလှူအတန်းက မွန်မြတ်ပါတယ် ပီတိဖြစ်ရပါတယ်။
ပိုမိုချမ်းသာအောင်နေဖို့ ပိုကောင်းတဲ့ အရာတွေကို ဖန်တီးဖို့ လိုပါတယ်။
7️⃣ လူဆင်းရဲတွေက ကံတရားရဲ့ဆောင်မမှုကို လိုချင်ကြတယ်။
လူဆင်းရဲ အများစုက ချမ်းသာချင်ကြတယ်။
ဘယ်လိုနည်းလမ်းနဲ့လဲဆိုရင် ထီပေါက်ရင်ပေါ့တဲ့။
ထီပေါက်ဖို့ ကံကောင်းဖို့ ဆိုတာ လွယ်ပါသလား?
ထီကသာ ဆင်းရဲတွင်းက လွတ်မြောက်မယ်လို့ ထင်နေပါသလား?
အိပ်မက်မက်မနေပဲ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်လိုက်ပါ။
အောင်မြင်ချမ်းသာမှု ဆိုတာ ထီကရတာ မဟုတ်ပါဘူး။
ဆုတောင်းနေရုံနဲ့လည်း မရနိုင်ပါဘူး။
ကိုယ်လိုချင်တဲ့အရာတွေ ပိုင်ဆိုင်နိုင်ဖို့ လက်တွေ့အကောင်ထည်ဖော် ဆောင်ရွက်ခြင်းကသာ နည်းလမ်းအမှန်ပါ။
👉 ကံ ဆိုတာ အလုပ်ပါ 👈
မလျော့သောဇွဲ လုံ့လ ကံ ဥာဏ် ဝိရိယ အသုံးချပြီး မိမိလိုရာ ပန်းတိုင်ကို လျောက်လှမ်းနိုင်ပါစေ။
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
📧 [email protected]
Website: www.whiterichmond.com
11/09/2023
၁၁.၀၉.၂၀၂၃ နေ့တွင်
ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်းကို
ငါးရံ့မင်း ဆားခါတောင် သာသနာ့ရောင်ခြည် မိုးကုတ်ရိပ်သာ ကျောင်းတိုက်၌ သက်သက်လွတ် အာရုံဆွမ်း၊ နေ့ဆွမ်းများနှင့် ဝတ္ထုငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
06/08/2023
🤗မင်္ဂလာပါ🤗
HR အတန်းတက်ချင်လို့ မေးမြန်းထားကြတဲ့/ စောင့်နေကြတဲ့သူတွေအတွက် WRBS မှ HR Diploma အတန်းလေး ဖွင့်လှစ်ပေးလိုက်ပါပြီနော်။
🎓 Diploma in Human Resource Management (IQN, UK)
✔ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတိုးတက်လာတာနဲ့အမျှ အဖွဲ့အစည်းတစ်ခုရဲ့လိုအပ်နေတဲ့ ဝန်ထမ်းရေးရာတို့ကို နည်းဗျူဟာကျကျ စီမံခန့်ခွဲလိုသူများအတွက် HRက ပိုမိုကျယ်ပြန့်လာပြီဖြစ်ပါတယ်။
✔ ဒါကြောင့်HR ပညာရပ်ကို အခြေခံကျကျ သိလိုသူများ၊ HR တစ်ယောက်အဖြစ် ရပ်တည်လိုသူများ၊
HR သင်တန်းတွေကတော့ တက်ပြီးပြီ ဒါပေမယ့် လုပ်ငန်းခွင်အတွင်း ဘယ်လို အသုံးချရမယ်ဆိုတာမသိ ဖြစ်နေသူများအတွက် အချိန်တိုအတွင်း ပြည့်ပြည့်စုံစုံ သိရှိသွားစေရန် ထိရောက်တဲ့ သင်ကြားမှု ပုံစံဖြင့်သင်ကြားရပါ့မယ်။
MBA တက်ရောက်ရန်ရည်ရွယ်ထားသူများအတွက် အထူးသင့်လျော်တဲ့အတန်းဖြစ်ပါတယ်။
💁IQN ဆိုတာဘာလဲ?💁
IQN (International Qualification Network) က ပေးအပ်ချီးမြှင့်တဲ့ ဒီပလိုမာများသည် UK ရဲ့ စကော်တလန် ပညာရေး စီစစ်အဖွဲ့ဖြစ်တဲ့ SCQF (Scottish Credit and Qualification Framework) က အသိအမှတ်ပြုပေးထားတာကြောင့်ဖြစ်ပါတယ်။ ဥရောပက EQF (European Qualification Framework) အဖွဲ့ကြီးကပါထပ်ဆောင်းအသိအမှတ်ပြုထားပါသေးတယ်။ ဒါ့အပြင် စကော်တလန်ရဲ့ မော်ဒန်တက္ကသိုလ်ပညာရေးဖက်မှာ နာမည်ကြီးတက္ကသိုလ် တစ်ခုဖြစ်တဲ့ The University of the West of Scotland တက္ကသိုလ်ကြီးကလည်းအသိအမှတ်ပြုထားလို့ပဲဖြစ်ပါတယ်။
======================================
💢 ဒီအတန်းမှာ ဘာတွေသင်ရမှာလဲ?💢
1) Introduction Human Resource Management
2) Workforce Planning and Talent Management
3) Recruitment and Selection
4) Employee Engagement, Induction Turnover, And Retention
5) Performance Management
6) Managing Rewards
7) Learning And Development
8) Career Development
9) Employee Relations
10) Welfare, Health & Sefety
11) Equal Opportunities
12) Exit Management
13) Human Resource Analytics
14) Human Resource Information Systems
15) Human Resource Audit
16) Islamic HRM
17) International HRM
======================================
👨🎓 သင်ကြားမည့်ဆရာ 👨🎓
👨⚕️ ဒေါက်တာစိုင်းနေလင်း
BDS (Mdy), MBA (Mdy), PGDE (MUFL)
📅 သင်တန်းစတင်မည့်နေ့ 📅
၁၆၊ စက်တင်ဘာ၊ ၂၀၂၃
> ၁ ပတ် ၃ ရက် < (သောကြာ၊ စနေ၊ တနင်္ဂနွေ)
📆 သင်တန်းကာလ 📆
ခန့်မှန်းခြေ ၃ လ (နာရီ ၅၀)
⏰ သင်တန်းချိန် ⏰
ည ၇ နာရီ မှ ည ၉ နာရီ အထိ
👩💻သင်ကြားမည့်ပုံစံ👩💻 - ကျောင်းရဲ့ Classroom ထဲမှာသင်ကြားရသလို Zoom Application ကို အသုံးပြုပြီးတော့ Face to Face တိုက်ရိုက်သင်ကြားမှာ ဖြစ်ပါတယ်။
သင်ကြားမှုပြီးသွားတဲ့အချိန်မှာ UK ကနေ တိုက်ရိုက်ချီးမြှင့်မယ့် Certified လက်မှတ် ကိုရယူချင်တဲ့သူတွေအတွက် online မှတိုက်ရိုက်စစ်ဆေးတဲ့ MCQ ပုံစံစာမေးပွဲကိုဖြေဆိုရန် လိုအပ်ပါတယ်။✍✍✍
======================================
(Textbook အပါအဝင် အားလုံးအပြီးအစီး)
သင်တန်းကြေး - (၅) သိန်း ကျပ်
ကျောင်းသားဟောင်း (20%Off). - (၄) သိန်း ကျပ်
စာရင်းပေးသွင်းရန် -
https://docs.google.com/forms/d/e/1FAIpQLSdQu9G1u0OMkUGdJ5G8MuteEy2UUWdaOj1EvQFaVu_dXxBz9Q/viewform?usp=sf_link
======================================
💸 ငွေပေးချေရန် 💸
KBZ Pay - 0943108154
ငွေလွဲပြီးပါက ပြေစာကို chat box သို့ ပို့ထားပေးပါနော်။ 🤗
======================================
🏡 White Richmond Business School 🏡
🌐 www.whiterichmond.com
📧 [email protected]
23/07/2023
"လူချမ်းသာတွေသာလုပ်ပြီး လူဆင်းရဲတွေမလုပ်နိုင်တဲ့ နည်းလမ်း (၇) ချက်"
သင်ချမ်းသာချင်ပါသလား???
ဒါဆို လူချမ်းသာတွေကိုယ်တိုင် လိုက်နာတဲ့ နည်းလမ်းတွေကို လိုက်နာဖို့လိုမယ်နော်။
1️⃣ လူချမ်းသာတွေ က အောင်မြင်ကြီးပွားတိုးတတ်ဖို့အရေး စာပေဗဟုသုတ ရှာဖတ်ကြတယ်။
စာအုပ်စာပေတွေဟာ ဈေးနှုန်းသက်သာသော်လည်း Ideas အများအပြားပါဝင်နေပါတယ် သေချာနားလည်စွာ ဖတ်ရှုမယ်ဆို အဖိုးမဖြတ်နိုင်တဲ့အရာပါ။လူချမ်းသာတွေဟာ စဉ်ဆက်မပြတ်သင်ယူလေ့လာနေကြတယ်။အမေရိကန်က ထိပ်တန်း CEO တွေက တစ်နှစ်ကို အနည်းဆုံး စာအုပ်ပေါင်း 50 ဖတ်ကြတယ်။အမေရိကန်နိုင်ငံသားအများစုဟာ တစ်နှစ် ကို 2 အုပ်နီးပါး အောင်မြင်ရေး စာအုပ်တွေ ဖတ်ကြတယ်လို့ စစ်တမ်းကောက်ယူထားတယ်။ သင်ရော ဒီနှစ်ထဲ စာဖတ်ဖြစ်ပါသလား။
2️⃣ လူချမ်းသာတွေ က သူတို့အနာဂတ် အတွက် ရင်းနှီးမြုပ်နှံတယ်။သူတို့က အချိန်တွေ ငွေတွေ ကို သူတို့ အနာဂတ်အတွက် ရင်းနှီးတယ်။ဥပမာ ပညာရေး ဒါမှမဟုတ် သူတို့ လျောက်ချင်တဲ့ careers တစ်ခုခုမှာပေါ့။ ညဘက်တွေလည်း အချိန်ကိုတန်ဖိုးရှိစွာ အသုံးချပြီး ပိုမိုတိုးတတ်အောင်ကြိုးစားနေတယ်။ ပြသာနာ တစ်ခုခု ကြုံလာရင်လည်း မရှောင်လွဲပဲ ရင်ဆိုင်ဖြေရှင်းချင်တယ်။ လူဆင်းရဲတွေကတော့ လက်ရှိအနေအထားကိုသာ ကျေနပ်နေပီး ပေါ့ပေါ့ပါးပါး နေကြတယ်။TV, အားကစား, social media အရမ်းသုံးကြတယ်။ ဂိမ်းကစားမယ်, သောက်မယ်စားမယ်, အပျော်အပါး မက်ကြတယ်။ ဒါတွေက သူတို့ကို ဆင်းရဲတွင်းကနေ လွတ်မြောက်မယ်လို့ ထင်ပါသလား။
3️⃣ လူချမ်းသာတွေ က ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးကြတယ်။ 85% ခန့် သူဠေးတွေဟာ ကိုယ်တိုင်ကြိုးစားပြီး ချမ်းသာခဲ့တဲ့သူတွေပါ။ အမွေရလာတာ မဟုတ်သလို ခိုးလာခဲ့တာမဟုတ်ဘူး။ ထီပေါက်ထားတာလည်း မဟုတ်ဘူး။ ချမ်းသာဖို့ လိုအပ်တယ်ဆိုတာ သိလို့သာ ကြုံခဲ့ရတဲ့ အရာတွေကနေ တစ်ဆင့်ချင်း သင်ယူရတာပါ။ လူဆင်းရဲ တွေကတော့ တစ်ယောက်ယောက်က သူတို့ကို ကူညီကယ်တင်ဖို့ မျှော်လင့်တယ်။ ပြသာနာ တစ်ခုခု ကြုံလာတိုင်း သူများအပေါ်အပြစ်တင်တယ်။ တစ်ခုခုကြောင့် သူတို့ ချမ်းသာလာမယ်လို့ မျှော်လင့်နေကြတယ်။
4️⃣ လူချမ်းသာတွေ က ငွေကြေးပန်းတိုင် သတ်မှတ်ထားတယ်။ ဥပမာ အသက် 55 နှစ်မှာ အနားယူမယ် ပြီးရင် အိမ်ကောင်းကောင်းတစ်လုံး နဲ့ သုံးစရာ ငွေကြေး ဘယ်လောက်စုထားမယ်။ ဒါကြောင့် သူတို့က သူတို့ ရည်မှန်းချက် ပြည့်ဝဖို့ လစဉ် နှစ်စဉ် Goals ပြည့်ဖို့ တွက်ချက်ထားကြပီးသားပါ။ သူတို့ Goals တွေ ချပြီးထားသည်နှင့် တစ်ပြိုင်နက် တစ်ရက်ချင်းစီ တိုင်း လုပ်စရာများကို ချရေးပြီး အပြီးသတ် လုပ်ဆောင်တယ်။ လူဆင်းရဲ တွေကတော့ ငွေကြေးပန်းတိုင် မရှိသလို အနာဂတ်အတွက်ဘာမှ မမြင်ကြဘူး။
5️⃣ လူချမ်းသာတွေ က ကျန်းမာရေး လည်း လိုက်စားကြတယ်။ အားကစား လိုက်စားတယ်, ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစာ ကို သင့်တင့်မျှတစွာ စားတယ်။ ဘေးဖြစ်မယ့် အစာတွေ ရှောင်တယ်။ နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ကြတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတာ နားလည်ကြတယ်။
လူဆင်းရဲ တွေကတော့ စားချင်တာ စားတယ်။ သွေးတိုး ဆီးချို ဘာဖြစ်ဖြစ် ဂရုမစိုက်ချင်ကြဘူး။
6️⃣ လူချမ်းသာတွေ က အောင်မြင်ချမ်းသာတဲ့သူတွေနဲ့ပဲ အချိန်တွေ အသုံးချတယ်။ အောင်မြင်ပျော်ရွှင်တဲ့သူတွေ ဘယ်လိုနေလည်းဆိုတာ လေ့လာသင်ယူတယ်။အောင်မြင်တဲ့သူတွေကြားထဲမှာ အောင်မြင်ဖို့ နည်းလမ်းတွေ စဉ်ဆက်မပြတ်ကြားရပြီး စိတ်ခွန်အားဖြစ်စေတယ် ။ လူဆင်းရဲ တွေကတော့ လူညံ့တွေကြားထဲမှာပဲ နေကြတယ်။ မကောင်းအလေ့အကျင့်တွေကြားထဲမှာပဲ ပျော်မွေ့ချင်ကြတယ်။
7️⃣ လူချမ်းသာတွေ ဟာ ချေးငွေ ကို အကျိုးရှိစွာ အသုံးချတယ်။ချေးငွေတွေဟာ ရေရှည် အနေနဲ့ ပြန်ပေးဆပ်ရမှာပါ။ သူတို့ကတော့ သူတို့ရဲ့ ပညာရေး လုပ်ငန်းအသစ် ရေရှည်တိုးတတ်မှုတွေအတွက် သာ သုံးတယ်။ မလိုအပ်တဲ့ အရာတွေအတွက် အလဟဿ မသုံးကြပါဘူး။ လူဆင်းရဲတွေကတော့ ချေးငွေတွေကို ဈေးကြီးတဲ့ ဖုန်းတွေ အဝတ်အစားတွေ ပွဲလတ်မှတ်တွေ အပျော်ခရီးတွေ လက်ဆောင်တွေ အတွက်ပဲ အသုံးချကြတယ်။
👉 သင်ရော ဘယ်လိုလူအမျိုးအစားထဲပါနေပြီလဲ?👈
တကယ်အောင်မြင်ချင်တဲ့သူဖြစ်ချင်ရင် ဒီအချက်လေးတွေလိုက်နာလုပ်ဆောင်ပြီး အောင်မြင်တဲ့သူတွေဖြစ်ပါစေ။
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
သင်တန်းစုံစမ်းရန် -
📧 [email protected]
page : https://www.facebook.com/whiterichmond.business.school
18/07/2023
ကျောင်းရဲ့ Billboard Design 😍
08/07/2023
🤗မင်္ဂလာပါ🤗
WRBSမှ စီမံခန့်ခွဲမှုဆိုင်ရာနဲ့ပက်သက်ပြီး တစ်ခါတည်း ခြုံငုံလေ့လာသင်ယူနိုင်မယ့် ဘာသာရပ်တစ်ခုကို မိတ်ဆက်ပေးပါရစေ။
🎓Certified Strategic Manager (IQN,UK)🎓
✍️Management ရဲ့ Senior ထိပ်ပိုင်းကို ရောက်လာတာနဲ့အမျှမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ
ချမှတ်နိုင်စွမ်းဟာ ပိုမိုအရေးကြီးလာပါတယ်။
✍️နောက်လိုက်ကောင်းဖြစ်ဖို့ လိုအပ်ခဲ့သလို ကိုယ်ဦးဆောင်ရတဲ့ အခါမှာလည်း စီမံခန့်ခွဲမှုကျွမ်းကျင်တဲ့ Leader Manager ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။
✍️ဘာလို့လဲဆိုတော့ Company တစ်ခုရဲ့ ရေရှည်အောင်မြင်နိုင်စွမ်းဟာကောင်းမွန်မှန်ကန်တဲ့ မဟာဗျူဟာတွေ ရေးဆွဲပြင်ဆင် ချမှတ်နိုင်မှုအပေါ်မှာ အများကြီး မူတည်နေလို့ ဖြစ်ပါတယ်။
✍️ရာထူးငယ်တုန်းက မိမိတာဝန်ယူထားတဲ့အပိုင်းသာ အထူးသိဖို့လိုအပ်ပေမယ့် ရာထူးကြီးလာတဲ့အလိုက် လုပ်ငန်းရဲ့ကဏ္ဍတွေကို ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစပ်သိဖို့မြင်ဖို့ Strategic အမြင်ရှိဖို့လိုအပ်လာပါတယ်။ Planning ကောင်းဖို့ လုပ်ငန်းရဲ့အနာဂတ်တွေကို ဝေးဝေးမြင်နိုင်ဖို့ ကျယ်ကျယ်မြင်နိုင်ဖို့ ကြိုမြင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ Ex*****on အကောင်အထည်ဖော်ရာမှာလည်း Strategic Thinking ရှိရှိ စနစ်တကျ ဦးစားပေးလုပ်ဆောင်မှသာ အောင်မြင်နိုင်မှာပါ။
✍️မိမိရဲ့လက်ရှိနေရာကနေ Management Level နောက်တဆင့် တက်လှမ်းဖို့ပြင်နေတယ်ဆိုရင်တော့ Strategic မဟာဗျူဟာကျကျ သိဖို့ တွေးနိုင်ဖို့၊ စီမံဆောင်ရွက်နိုင်ဖို့ White Richmond Business School မှ ကြိုဆိုပါတယ်။
💁IQN ဆိုတာဘာလဲ?💁
IQN (International Qualification Network) က ပေးအပ်ချီးမြှင့်တဲ့ ဒီပလိုမာများသည် UK ရဲ့ စကော်တလန် ပညာရေး စီစစ်အဖွဲ့ဖြစ်တဲ့ SCQF (Scottish Credit and Qualification Framework) က အသိအမှတ်ပြုပေးထားတာကြောင့်ဖြစ်ပါတယ်။ ဥရောပက EQF (European Qualification Framework) အဖွဲ့ကြီးကပါထပ်ဆောင်းအသိအမှတ်ပြုထားပါသေးတယ်။ ဒါ့အပြင် စကော်တလန်ရဲ့ မော်ဒန်တက္ကသိုလ်ပညာရေးဖက်မှာ နာမည်ကြီးတက္ကသိုလ် တစ်ခုဖြစ်တဲ့ The University of the West of Scotland တက္ကသိုလ်ကြီးကလည်းအသိအမှတ်ပြုထားလို့ပဲဖြစ်ပါတယ်။
ဘာတွေသင်ရမှာလဲ .. ?
PART A : UNDERSTANDING STRATEGY
+ ORGANISATION & STRATEGY
+ THE EXTERNAL ENVIRONMENT
+ INTERNAL ANALYSIS
+ STRATEGIC POSITIONING
+ THE PLANNING FRAMEWORK
Part B: MARKETING
+ MARKETS & MARKETING
+ THE MARKETING PROCESS: STRATEGY & PLANNING
+ CUSTOMER FOCUS
PART C : HUMAN RESOURCE MANAGEMENT
+ INTRODUCING HUMAN RESOURCE MANAGEMENT
+ WORKFORCE PLANNING & TALENT MANAGEMENT
+ RECRUITMENT & SELECTION
PART D : FINANCIAL MANAGEMENT
+ COMPANY FINANCIAL STATEMENTS
+ STATEMENT OF CASH FLOWS
+ CVP ANALYSIS
စသည့်အကြောင်းအရာများကိုဆွေးနွေး သင်ကြားပေးသွားမှာဖြစ်ပါတယ်။
======================================
👨🎓ဘယ်သူတွေ တက်ရောက်သင့်သလဲ ??
*********
- Management role ကို စတင်တာဝန်ယူကိုင်တွယ်ရသူများ
- Managment ကို ဗျူဟာမြောက် စနစ်တကျ စီမံခန့်ခွဲလိုသူများ
- လက်ရှိ Position role ကို Managment level ပိုပြီး အဆင့်မြှင့်တင်လိုသူများ
- စီးပွားရေးစီမံခန့်ခွဲမှူပညာကို လေ့လာနေသူများ၊
- လုပ်ငန်းခွင်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများ၊
- အဆင့်မြင့်မဟာဗျူဟာမြောက် မန်နေဂျာအဖြစ် ရပ်တည်လိုသူများ၊
- စီးပွားရေးလုပ်ငန်းရှင်များ၊ ဒါရိုက်တာရာထူးများ၊
- Business Consultant စီးပွားရေးအကြံပေးများ
- MBA တက်ရောက်ရန်ရည်ရွယ်ထားသူများအတွက် အထူးသင့်လျော်တဲ့အတန်းဖြစ်ပါတယ်။
======================================
👨🎓 သင်ကြားမည့်ဆရာ 👨🎓
👨⚕️ ဒေါက်တာထက်ထက်ကျော်ညွန့်
BCom, MBA, Phd in Business
(Sunchon National University, South Korea)
👨⚕️ ဒေါက်တာစိုင်းနေလင်း
BDS, MBA, PGDE
👨⚕️ ဒေါက်တာမင်းသွင်စိုး
M.B.B.S, MBA,
Credit ECTS Holder (DHBW, Germany)
👨⚕️ ဦးထွန်းလင်းဦး
(Founder of White Richmond Business School)
📅 သင်တန်းစတင်မည့်နေ့ 📅
(၁၆)၊ ဇူလိုင်လ၊ ၂၀၂၃
> ၁ ပါတ် တနင်္ဂနွေ (၁) ရက်<
📆 သင်တန်းကာလ 📆
ခန့်မှန်းခြေ ၃ လ (နာရီ ၅၀)
⏰ သင်တန်းချိန် ⏰
နံနက် (၉ မှ ၁၁) နာရီ
ညနေ (၆ မှ ၈) နာရီ
တနင်္ဂနွေ တစ်ရက်ထဲတွင် (၂)ချိန် သင်ကြားပါမည်။
👩💻သင်ကြားမည့်ပုံစံ👩💻 - ကျောင်းရဲ့ Classroom ထဲမှာသင်ကြားရသလို Zoom Application ကို အသုံးပြုပြီးတော့ Face to Face တိုက်ရိုက်သင်ကြားမှာ ဖြစ်ပါတယ်။
သင်ကြားမှုပြီးသွားတဲ့အချိန်မှာ UK ကနေ တိုက်ရိုက်ချီးမြှင့်မယ့် Certified လက်မှတ် ကိုရယူချင်တဲ့သူတွေအတွက် online မှတိုက်ရိုက်စစ်ဆေးတဲ့ MCQ ပုံစံစာမေးပွဲကိုဖြေဆိုရန် လိုအပ်ပါတယ်။✍✍✍
======================================
(Textbook အပါအဝင် အားလုံးအပြီးအစီး)
သင်တန်းကြေး - (၅) သိန်း ကျပ်
ကျောင်းသားဟောင်း (20%Off). - (၄) သိန်း ကျပ်
စာရင်းပေးသွင်းရန် -
https://docs.google.com/forms/d/17BELxCkWJVrVbvYW4FA7DN-w1-G3K8qMFjfk1cRc4cg/edit
======================================
💸 ငွေပေးချေရန် 💸
KBZ Pay - 0943108154
ငွေလွဲပြီးပါက ပြေစာကို chat box သို့ ပို့ထားပေးပါနော်။ 🤗
======================================
🏡 White Richmond Business School 🏡
☎ 09-400400352
🌐 www.whiterichmond.com
📧 [email protected]