12/02/2026
2026-2027ပညာသင်နှစ်အတွက်
Grade12(စာသင်နှင့်စာကျက်ဝိုင်း)အတန်းများအတွက်မိဘများ၏တောင်းဆိုမှူ့ဖြင့်Feb(16)ရက်နေ့တွင်ပထမအသုတ်အားစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားပါသည်ရှင့်။ပထမအသုတ်အားလူဦးရေ(20)သာလက်ခံသင်ကြားပေးမည်ဖြစ်ပါသည်ရှင့်။
27/07/2025
မောင်ဘုန်းခန့်ဇော် 3D(Phy.Chem.Bio)
မသွန်းနဒီအောင် 2D(Chem.Bio)
မအိမ့်ဖြူစင်ကျော်2D(Chem.Bio)
မအေးငြိမ်းသူ
မောင်အံ့ဘုန်းဆက်
မောင်သူရမင်းထက်
၆ယောက်လုံးအောင်မြင်လို့ကျေးဇူးတင်ပါတယ်။မျှော်မှန်းထားသလောက်ဖြစ်မလာပေမယ့်လဲရှေ့ဆက်လျှောက်ရမယ့်အနာဂတ်မှာအကောင်းဆုံးကြိုးစားသွားကြပါကလေးတို့ရေ🥰🥰🥰
love u all
15/02/2025
ဒီနေ့ Grade-11 mathematicsထဲက Number and Equationsအကြောင်းရှင်းပြသွားပါ့မယ်နော်🥰🥰🥰
**Numbers and Equations** သည် Grade 11 သင်္ချာဘာသာရပ်၏ အရေးကြီးသော အခန်းတစ်ခုဖြစ်ပါသည်။ ဤအခန်းတွင် ကိန်းဂဏန်းများ၊ ညီမျှခြင်းများ၊ ညီမျှခြင်းစနစ်များနှင့် သူတို့၏ အသုံးဝင်ပုံများကို လေ့လာရပါမည်။ အောက်ပါတို့သည် အဓိက ခေါင်းစဉ်များနှင့် အသေးစိတ်အကြောင်းအရာများဖြစ်ပါသည်။
---
# # # 1. **ကိန်းဂဏန်းအမျိုးအစားများ (Types of Numbers)**
- **ကိန်းပြည့်များ (Integers)**: ဥပမာ -3, -2, -1, 0, 1, 2, 3
- **သဘာဝကိန်းများ (Natural Numbers)**: ဥပမာ 1, 2, 3, 4, ...
- **ရာရှင်နယ်ကိန်းများ (Rational Numbers)**: ဥပမာ 1/2, 3/4, -5/6
- **အိုင်ရာရှင်နယ်ကိန်းများ (Irrational Numbers)**: ဥပမာ √2, π
- **ကိန်းစစ်များ (Real Numbers)**: ရာရှင်နယ်နှင့် အိုင်ရာရှင်နယ်ကိန်းများ ပါဝင်သည်။
---
# # # 2. **ညီမျှခြင်းများ (Equations)**
- **Linear Equations (တစ်ထပ်ညီမျှခြင်းများ)**:
ဥပမာ - \( ax + b = 0 \)
ဤညီမျှခြင်းကို ဖြေရှင်းရန် \( x = -\frac{b}{a} \) ဖြစ်သည်။
- **Quadratic Equations (နှစ်ထပ်ညီမျှခြင်းများ)**:
ဥပမာ - \( ax^2 + bx + c = 0 \)
ဖြေရှင်းနည်း - Quadratic Formula:
\[
x = \frac{-b \pm \sqrt{b^2 - 4ac}}{2a}
\]
- **Polynomial Equations (ဗဟုဂဏန်းညီမျှခြင်းများ)**:
ဥပမာ - \( ax^3 + bx^2 + cx + d = 0 \)
---
# # # 3. **ညီမျှခြင်းစနစ်များ (Systems of Equations)**
- **Linear Systems (တစ်ထပ်ညီမျှခြင်းစနစ်များ)**:
ဥပမာ -
\[
\begin{cases}
a_1x + b_1y = c_1 \\
a_2x + b_2y = c_2
\end{cases}
\]
ဖြေရှင်းနည်း - Substitution, Elimination, Matrix Method
- **Non-linear Systems (နှစ်ထပ်ညီမျှခြင်းစနစ်များ)**:
ဥပမာ -
\[
\begin{cases}
x^2 + y^2 = 25 \\
x + y = 7
\end{cases}
\]
---
# # # 4. **ညီမျှခြင်းများကို ဖြေရှင်းနည်းများ (Methods to Solve Equations)**
- **Substitution Method (အစားထိုးနည်း)**
- **Elimination Method (ဖယ်ထုတ်နည်း)**
- **Graphical Method (ဂရပ်ဆွဲနည်း)**
- **Matrix Method (မဟာဗျူဟာနည်း)**
---
# # # 5. **အသုံးဝင်ပုံများ (Applications)**
- **ပုံဆွဲခြင်း (Graphing)**: Linear, Quadratic, Polynomial Functions
- **ပြဿနာဖြေရှင်းခြင်း (Problem Solving)**: ဥပမာ - စီးပွားရေး၊ သိပ္ပံနှင့် အင်ဂျင်နီယာပြဿနာများ
- **ဂျီဩမေတြီ (Geometry)**: ဥပမာ - မျဉ်းဖြောင့်နှင့် မျဉ်းကွေးများ၏ ဆုံမှတ်များ
---
# # # 6. **အရေးကြီးသော ဖော်မြူလာများ (Key Formulas)**
- **Quadratic Formula**:
\[
x = \frac{-b \pm \sqrt{b^2 - 4ac}}{2a}
\]
- **Linear Equation Solution**:
\[
x = -\frac{b}{a}
\]
- **Distance Formula**:
\[
d = \sqrt{(x_2 - x_1)^2 + (y_2 - y_1)^2}
\]
--**Numbers and Equations** သည် သင်္ချာဘာသာရပ်၏ အခြေခံဖြစ်ပြီး နောက်ပိုင်းတွင် ပိုမိုခက်ခဲသော သင်္ချာပြဿနာများကို ဖြေရှင်းရာတွင် အသုံးဝင်တဲ့အတွက်ကြောင့် ဤအခန်းကို ကောင်းစွာနားလည်ရန် အရေးကြီးပါသည်။ 😊
11/02/2025
မိဘအုပ်ထိန်းသူများသိရှိစေရန်
2025-2026 ပညာသင်နှစ်အတွက်
ဖွင့်လှစ်မည့်သင်တန်းများကိုကြေညာပေးပါ့မယ့်ရှင့်
Teacher Chawsu ကိုယ်တိုင်ဦးစီးသင်ကြားမည့်
-9+10+11+12 စာသင်၊စာကျက်ဝိုင်းများ
+10+11+12အထိ_ကျောင်းသင်ရိုး
(ဘာသာစုံ စာသင်ဝိုင်းများ)
-9+10+11+12အထိ_ကျောင်းသင်ရိုး
(ဘာသာစုံ စာကျက်ဝိုင်း/guide တန်းများ)
-12ကျောင်းသင်ရိုး
တစ်ဘာသာချင်း သီးသန့် ရွေးတက်လိုသူများ
5+6+7+8 အတန်းများအတွက်နွေရာသီသင်တန်း (English + Maths)တန်းခွဲ
တို့ကိုဖွင့်လှစ်သင်ကြားပေးပါမယ်ရှင်
#သင်တန်းစမည့်နေ့ 3 .3 .2025
လိပ်စာ- ၈၆လမ်း၁၇လမ်းကျောကပ်အိမ်
09444044532,09403207915
စာကျက်ဝိုင်း(Guideဝိုင်း)မှာတော့ ကျောင်းသင်ရိုးကိုပြန်လည်လေ့ကျင့်ပေးခြင်း စစ်ပေးခြင်းနှင့် ဖြည့်စွက်မေးခွန်းများလေ့ကျင့်ပေးခြင်းတို့ကိုဆောင်ရွက်ပေးတာဖြစ်ပါတယ်.
ဝါရင့်အတွေ့အကြုံများသောဆရာ၊ဆရာမများနဲ့စုစည်းပြီးသင်ကြားထားတာမို့ ကျောင်းသား၊ကျောင်းသူထံမှ နာခံတတ်မှု နဲ့ဝီရိယထားကြိုးစားမှုသာယူလာပါအားလုံးအဆင်ပြေအောင်မြင်ရစေပါ့မယ်
01/02/2025
ဆရာ/ ဆရာမ က ဘယ်လောက်သင်သင်
ဘယ်လို Plan ပေးပေး ကျောင်းသား/သူက
မလုပ်ရင် ဘာမှအရာမထင်ပါဘူး။
ကျူရှင်ဘယ်နှစ်ခုတက်တက်
Guide ဘယ်နှစ်ယောက်ခေါ်ခေါ်
အရာအားလုံး ပလုံပါဘဲ။
Theory တွေသင်တယ်
Notes တွေ ရေးပေးတယ်
Highlight တွေ လုပ်ပေးတယ်
အထပ်ထပ်ရှင်းတယ်
အကြိမ်ကြိမ်ပြောတယ်
ပါးစပ်က အမြှပ်ထွက်အောင်ပြောတယ်
နားထဲဝင်အောင် ဖန်တရာထေပြောတယ်
ဘယ်လိုပြောပြော ဘယ်လောက်ပြောပြော
ဆရာသင်ပြီးလို့ စာအုပ်ပြန်လှန်မကြည့်ရင်
အဲ့ကျောင်းသားက သူနဲ့တန်သလောက်ပဲရမယ်။
ဒီနေ့သင်လိုက်တယ်
အိမ်ရောက်ရင် လွယ်အိတ်မဖွင့် စာအုပ်မလှန်ဘဲ
နောက်နေ့ပြန်လာခါနီးမှ
မနေ့ကလွယ်အိတ်ကောက်လွယ်ခဲ့ရင်
မနေ့ကဟာ ဘယ်လောက်နားလည်ခဲ့ပါစေ
နှလုံးသားမှာ ကြာရှည်မစွဲမြဲဘူး။
ဦးနှောက်နဲ့ နားလည်တာကို
စိတ်မှာစွဲအောင်မလုပ်ရင်
မင်းမှာ ဗလာနတ္ထိ စမ်းမကြည့်နဲ့
အားလုံး သုည Workdone zero ပဲ ရမယ်။
စွဲမြဲအောင် မလေ့လာ
မှတ်မိအောင် မကျက်မှတ်ရင်
မင်းရဲ့ ဉာဏ် မိုးပျံအောင်ကောင်းနေပါစေ
မင်းက အောင်တဲ့အဆင့်မှာ ရပ်သွားမယ်။
မင်းက ဉာဏ်ရည်အားနည်းရင်
ရှုံးတဲ့အဆင့်ကိုရောက်သွားမယ်။
တတ်သည့်ပညာ မလေ့လာ
မကြာမရှည် မေ့တတ်သည်တဲ့။
ဓားလို ခဏခဏ သွေးနေမှ
တုံးမသွားဘဲ ထက်နေမှာ။
ကိုယ်တိုင်ကလည်း Effort ရှိရမယ်။
ဋ္ဌာန်နဲ့ ကရိုဏ်းရှိပေမယ့်
ပယတ်သာမရှိခဲ့ရင် အသံမထွက်ပါဘူး။
စောင်းနဲ့ စောင်းကြိုးရှိပေမယ့်
လက်နဲ့မတီးခတ်ရင် စောင်းသံမထွက်ဘူး။
အလွတ်ကျတ်တာ မကြိုက်ပါတို့
သီအိုရီနားလည်ရင် ရပြီတို့
Own creation နဲ့ နားလည်သလိုရေးမှာတို့မလုပ်နဲ့
Formula အလွတ်ရမှ တွက်လို့ရမယ်
အဲ့တော့ ကျက်ရမယ်။
Theory တွေ Law တွေ မှန်အောင်ရေးရမယ်
Own Sentence ရေးမယ်ဆိုရင်
Pattern မှန်အောင် ရေးနိုင်ရဲ့လား။
ခက်ဆစ်ကို မကျက်ဘဲ ဖတ်ထားတာနဲ့
အလွတ်ချရေးလို့ရမယ်ထင်လား
အမှတ်ရမယ်ထင်လား
ရရင် လုပ်ကြည့်လိုက်လေ။
ပလိုင်းပေါက်နဲ့ ဖားကောက်သလို
ခြင်းကြားနဲ့ ရေသယ်သလိုဖြစ်မယ်
အချိန်ကုန်လူပင်ပန်းတာကလွဲလို့
ကျန်တာ ထွေထွေထူးထူးမရှိဘူး။
ပိုးကြိုးတွေသာ အခွေခွေကုန်မယ်
ဘယ်သောခါမှ စောင်းတီးဖို့တတ်မှာမဟုတ်ဘူး။
အဲ့တော့ မိဘ ဘယ်လောက်ရစေချင်ချင်
ဆရာ / ဆရာမ ဘယ်လောက်နားလည်အောင်သင်သင်
ဆရာ/ ဆရာမ ဘယ်လောက်စေတနာထားထား
ကျောင်းသားမှာ ရချင်စိတ်နဲ့ လုပ်ချင်စိတ်မရှိရင်
မဖြစ်ထွန်းတာသေချာနေပြီမို့လို့
ဘာမှမမျှော်လင့်ပါနဲ့တော့။
နေမင်းခန့်
20/01/2025
We Are Hiring!
Assistant Teacher Position
D-Day Education Center နှင့် လက်တွဲလုပ်ကိုင်ရန် Assistant Teacher ရာထူးများကို လျှောက်ထားနိုင်ပါသည်။
Postion : Assistant Teacher
Number of Position : 2 Posts
Working Days : Monday to Friday
Work Time: 9 AM to 3:30 PM
Location : the corner of 86th & 17th (Mandalay)
Phone - 09444044532 , 09403207915
Email : [email protected]
CV Form နှင့်တကွ လူကိုယ်တိုင် လျှောက်ထား၍ ရသလို Email မှတစ်ဆင့် CV Form Soft Copy ပေးပို့၍လည်း လျှောက်ထားနိုင်ပါသည်။