University of Computer Studies, Mandalay (UCSM)

University of Computer Studies, Mandalay (UCSM)

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from University of Computer Studies, Mandalay (UCSM), College & University, Mandalay.

Photos from Computer University Mandalay Students' Union's post 25/10/2019
Photos from University of Computer Studies, Mandalay (UCSM)'s post 04/08/2017

ရာထူးတိုး

Photos from University of Computer Studies, Mandalay (UCSM)'s post 01/08/2017

တက္ကသိုလ် ဆရာ၊ ဆရာမများ ရာထူးတိုးမညီမျှမှု ဖြေရှင်းမပေးပါက ဆန္ဒဖော်ထုတ်မည်
____________
Byဆုဆက်On Tue, 2017-08-01 06:30Location ရန်ကုန်Issue No.No.1521 Tuesday, August 1, 2017

ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့် မြင့်ပညာရေးဦးစီးဌာနအောက်ရှိ တက္ကသိုလ်များတွင် တာဝန်ထမ်း ဆောင်နေသော ဆရာ၊ ဆရာမ များကို ရာထူးတိုးပေးရာတွင် ညီမျှမှုမရှိခြင်းကို ဖြေရှင်းပေးရန် ပညာရေးဝန်ကြီးဌာနသို့ တင်ပြ တောင်းဆိုပြီး မဖြေရှင်းပေးပါက ဆန္ဒ ဖော်ထုတ်မည်ဟု နည်းပညာ တက္ကသိုလ် ဆရာ၊ ဆရာမများက ပြောသည်။.

နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ အင်ဂျင်နီယာဘွဲ့၊ မဟာအင်ဂျင်နီယာဘွဲ့ရ ဆရာ၊ ဆရာမများသည် လုပ်သက်ငါးနှစ်မှ ကိုးနှစ်အထိရှိသော်လည်း ရာ ထူးတိုးခန့်ထားမပေးခြင်းကြောင့် နစ်နာမှုများရှိနေသည်ဟု နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမအချို့က ဇူလိုင် ၃၁ ရက်တွင် ရန် ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲပြု လုပ်ပြောကြားသည်။

အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း များမှ ရာထူးတူ၊ လုပ်သက်တူများ ကို ဇွန်နှင့် ဇူလိုင်လများက ရာထူးတိုးပေးခဲ့သော်လည်း အဆင့်မြင့် ပညာဦးစီးဌာနအောက်ရှိ နည်း ပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များမှ ဆရာ၊ ဆရာမ များကို ရာထူးတိုးပေးရန် ချန်လှပ် ခဲ့ခြင်းဖြစ်ကြောင်း ဆရာ၊ ဆရာမ များက ဆိုသည်။

ယင်းသို့ ရာထူးတိုးမမျှတမှု များအတွက် တစ်နိုင်ငံလုံးရှိ နည်း ပညာတက္ကသိုလ် ၃၃ ကျောင်း၊ ကွန်ပျူတာတက္ကသိုလ် ၂၇ ကျောင်းမှ ဆရာ၊ ဆရာမများ သည် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၄ ရက်အထိ ကျောင်းချိန်အတွင်း ရင်ဘတ်တွင် ဖဲကြိုးပြာတံဆိပ် တပ်ကာ ဖဲကြိုးပြာလှုပ်ရှားမှုပြု လုပ်တောင်းဆိုနေသည်။

‘‘လုပ်သက်ချင်းအတူတူ၊ ဘွဲ့ချင်းအတူတူကို တစ်ဖက်ကို ရာထူးတိုးပေးပြီး တစ်ဖက်ကို မတိုးပေးဘူးဆိုတာ ခွဲခြားဆက် ဆံခံရတယ်လို့ မြင်ပါတယ်။ အဲဒီ အတွက် အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ ဖြေရှင်းမပေး ရင်တော့ ဆန္ဒဖော်ထုတ်တဲ့အထိ လုပ်ဖို့ ရည်ရွယ်ထားပါတယ်’’ဟု မုံရွာနည်းပညာတက္ကသိုလ် လက်ထောက်ကထိက ဦးမြင့်မောင် မောင်သန်းက ပြောသည်။

နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ရာ ထူးတိုးမညီမျှမှုဆိုင်ရာ စစ်တမ်း များ ကောက်ယူနေပြီး ဇူလိုင် ၃၁ ရက်အထိ စစ်တမ်း ၁,၇၂၄ စောင် ရရှိထားပြီဟု သိရသည်။

ယင်းစစ်တမ်းကို အစီရင်ခံ စာရေးကာ ဩဂုတ်အတွင်း နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ နိုင်ငံ တော်သမ္မတရုံး၊ ပညာရေးဝန်ကြီး ဌာနနှင့် လွှတ်တော်သို့ တင်ပြမည် ဖြစ်ပြီး မဖြေရှင်းပေးပါက ဆန္ဒ ဖော်ထုတ်မည်ဟု ဆိုသည်။

‘‘အခု ဖဲကြိုးပြာကမ်ပိန်းလုပ် နေတယ်။ ပြီးရင် အစီရင်ခံစာတင် မယ်။ အစိုးရဘက်က တစ်ခုခုဖြေ ရှင်းပေးဖို့ စောင့်ပါမယ်။ နစ်နာ တဲ့ ဝန်ထမ်းတွေအတွက် ဘယ်လို ဆောင်ရွက်ပေးမလဲပေါ့။ နောက် ပြီး ရာထူးတိုးမူဝါဒတွေ ဆောင် ရွက်တဲ့အခါမှာ လုပ်သက်ကြာဝန် ထမ်းတွေအတွက် ထည့်သွင်းစဉ်း စားဖို့လည်း တောင်းဆိုချင်ပါ တယ်’’ဟု ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကထိက ဒေါ်မူမူအေးက ပြောသည်။

ဇူလိုင် ၂၄ ရက်မှ ၂၅ ရက် အထိ ကျင်းပသော အဆင့်မြင့် ပညာကဏ္ဍနှီးနှောဖလှယ်ပွဲတွင် အဆင့်မြင့်ပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် တင်သွင်းသော စာတမ်းအရ အနည်းဆုံး မဟာ ဘွဲ့၊ မဟာဒဿနဘွဲ့ရရှိပြီး သရုပ်ပြလုပ်သက် သုံးနှစ်ပြည့်သူ များကို လက်ထောက်ကထိကအ ဖြစ်လည်းကောင်း၊ အနည်းဆုံး မဟာဘွဲ့၊ မဟာဒဿနဘွဲ့ရရှိပြီး လက်ထောက်ကထိက လုပ်သက် သုံးနှစ်ပြည်သူများကို ကထိကအ ဖြစ်လည်းကောင်း ရာထူးတိုးပေး ရန် သတ်မှတ်ထားသည်။

Photos from University of Computer Studies, Mandalay (UCSM)'s post 31/07/2017

ရန်ကုန်မြို့ မှော်ဘီနည်းပညာတက္ကသိုလ်တွင် ဖဲကြိုးပြာကမ်ပိန်းပြုလုပ်

၃၁၊ ဇူလိုင်၊ ၂၀၁၇

ရန်ကုန်ုမြို့ မှော်ဘီမြို့နယ် မှော်ဘီနည်းပညာတက္ကသိုလ်ရှိ နည်းပြ၊သရုပ်ပြ၊ လက်ထောက်ကထိက ဆရာ၊ ဆရာမများက ယနေ့ ဇူလိုင် ၃၁ ရက်မှစတင်ပြီး ဖဲကြိုးပြာကမ်ပိန်းတရပ် ပြုလုပ်ကြသည်။

ကျောင်းတက်ချိန်အတွင်း ယူနီဖောင်းများတွင် ဖဲကြိုးပြာ တပ်ဆင်ကာ ဆန္ဒပြု လှုပ်ရှားကြသည်ဟုသိရသည်။ ကျောင်းဆင်းနှစ်တူ၊ ဘွဲ့၊ လုပ်သက်နှင့် ၀န်ကြီးဌာန တူသော်လည်း ဦးစီးဌာန မတူသဖြင့် နည်းပညာတက္ကသိုလ်နှင့် နည်းပညာ အထက်တန်းကျောင်းများတွင် ရာထူးတိုးစနစ်များ ကွာခြား၍ နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမများ နစ်နာမှု ရှိနေသည်ဟုဆိုကာ ကမ်ပိန်းပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

ဖဲကြိုးပြာလှုပ်ရှားမှုကို မှော်ဘီ၊ လှိုင်သာယာနှင့် ပြည် နည်းပညာတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများက ဦးဆောင်ပါဝင်ပြုလုပ်ကြပြီး ထူးခြားမှုမရှိပါက ခွင့်ပြုမိန့်တင်ပြီး ဆန္ဒပြတောင်းဆိုမည်ဟုလည်း သိရသည်။

ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ

Photos from University of Computer Studies, Mandalay (UCSM)'s post 31/07/2017

မုံရွာ နည်းပညာ တက္ကသိုလ်
31.7.2017

31/07/2017

မန္တလေးနည်းပညာတက္ကသိုလ် မှ ဆရာ၊ ဆရာမများ ဖဲကြိုးပြာကမ်ပိန်းပြုလုပ်

ရာထူးတိုးမညီမျှမှုကြောင့် မန္တလေးနည်းပညာတက္ကသိုလ် (မန္တလေး)မှ ဆရာ၊ဆရာများက ပြီး အပြာရောင် ဖဲကြိုးကမ်ပိန်းကို ယနေ့(ဇူလိုင်၃၁ရက်) နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်က တက္ကသိုလ်များ၊ ကောလိပ်များရှိ ဆရာ၊ဆရာမများ ရာထူးတိုးခဲ့သော်လည်း နည်းပညာနှင့် ကွန်ပြူတာတက္ကသိုလ်တို့တွင် ရာထူးတိုးမှုမရှိခဲ့သည့်အတွက် ဆရာ၊ဆရာမအချို့က ဖဲကြိုးပြာ ကမ်ပိန်းပြုလုပ်ခြင်းဖြစ်ကြောင်း နည်းပညာတက္ကသိုလ် (မန္တလေး) ဆရာများသမဂ္ဂ ဥက္ကဌ ဦး ကျော်ကျော်ကပြောသည်။

ကျွန်တော်တို့က ရာထူးတိုးတယ်ဆိုရင် ညီတူညီမျှဖြစ်စေချင်တာပါဟု ဦးကျော်ကျော်က ပြောသည်။
ဖဲကြိုးပြာကမ်ပိန်းတွင် နည်းပညာတက္ကသိုလ်(မန္တလေး)မှ ဆရာ၊ ဆရာမများအားလုံးပါဝင်ပြီး ကမ်ပိန်းကာလကိုတစ်ပတ်ပြုလုပ်သွားမည်ဖြစ်ကြောင် ဦးကျော်ကျော်ကပြောသည်။

တခြားကျောင်းတွေမှာလည်း လုပ်ဖို့ရှိတယ်။ ကျွန်တော်လုပ်သက် ၈နှစ်ကျော်ပြီ။ ကျွန်တော်နဲ့ တန်းတူတွေကတိုးပြီး ကျွန်တော်ကကျန်ခဲ့တယ် ဟု သရုပ်ပြ ဆရာ ဦး သန်းစိုးကပြောသည်။

ဓာတ်ပုံ -ဖြိုးဖြိုးဇော်

Photos 13/10/2016
Photos 11/08/2016

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်လောင်းအဖြစ်
ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ လူငယ် ကိုကျော်ဇေယျ ဖြစ်ပါတယ်.......

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်....

ဦးကျော်ဇေယျ
မြန်မာလူမျိုး/ဗုဒ္ဓဘာသာ
B.C.Sc ( Hons ; )
M.C.Sc
DIR, DPS
"အိမ်ရှင်မ" ငံပြာရည် လုပ်ငန်း။
အမှတ်(၁၂)၊ ၈၅ လမ်း၊ ၂၈×၂၉ လမ်းကြား၊ ဈေးချို ဝါးတန်း၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ကျနော်တို့ UCSM First Batch ကျောင်းသားဟောင်းကြီး ကို အားပေးကြပါဦး။

Photos 11/09/2015

မန္တလေး ကွန်ပျူတာ တက္ကသိုလ် ကျောင်းဆင်း (First Batch) မှ ဦးသက်ခိုင် စလင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ၀င်ပြိုင်မည်။

08/09/2015

မန္တလေး ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းဆင်း ကျောင်းသားဟောင်း တစ်ဦး NLD မှ ယှဉ်ပြိုင် ရွေးချယ်ခံမည်ဖြစ်ပါသည်။ ဘယ်သူ ဖြစ်နိုင်တယ် ဆိုတာ ခန့်မန်းကြည့်ရအောင်။ မနက်ဖြန် အဖြေပေးပါမယ်။

03/08/2015

ကလေးကွန်ပြူတာ တက္ကသိုလ်တွင် ပိတ်မိနေသူများကို အစားရေစာ ထောက်ပံ့ရန် သွားရောက်ခဲ့သော်လည်း လမ်းတစ်ဝက်မှ လှည့်ပြန်လာခဲ့ရ
==============================
၂..၈..၁၅
-
ကလေးကွန်ပြူတာ တက္ကသိုလ် တွင် ရေပတ်လည်ဝိုင်း ပိတ်မိနေခဲ့သည့် ဆရာ ဆရာမနှင့် ကျောင်းသားကျောင်းသူ ၄၈ ဦးအတွက် အစာရေစာ ထောက်ပံ့ရန် ရဲတပ်ဖွဲ့ဝင်အချို့ လှေဖြင့်သွားရောက်ခဲ့ သော်လည်း လမ်းတစ်ဝက်မှပင် လှည့်ပြန်လာခဲ့ရသည်။
-
''ကျောင်းထိရောက်အောင် ဆက်သွားလို့ မရတော့ဘူး။ ကျီးကုန်းရွာအလွန်ကပဲ လှည့်ပြန်လာကြတယ်''ဟု ကလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် လားထန်ခူးက ပြောသည်။
-
ကလေးကွန်ပြူတာတက္ကသိုလ်သည် ကလေးမြို့မှ ၁၃ မိုင်ခန့် ကွာဝေးပြီး ယခုအခါ တက္ကသိုလ်ဝန်းကျင်တွင် ရေပြင်ကျယ်ကြီးကဲ့သို့ဖြစ်နေပြီး ရေအတိမ်အနက်ကို တွက်ချက်မရသဖြင့် စက်လှေများ
မလိုက်ရဲကြကြောင်း ၄င်းက ပြောသည်။
-
ပိတ်မိနေသူများသည် အစာရေစာ ပြတ်လပ် နေသည်မှာ ကြာနေပြီ ဖြစ်သဖြင့် လေကြောင်းသုံး၍ အမြန်ဆုံးကယ်တင်သင့်သည်ဟု ကလေးကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက ဒေသအာဏာပိုင်များကို တောင်းဆိုထားသည်။
=========
Newsland Media

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address


Mandalay