21/11/2024
Phrasal verbs for feelings
ခံစားချက်များနဲ့ဆိုင်သော စကားစုများ
1. bottle up – ခံစားချက်တွေကို ရင်ထဲမှာထားပြီး ထုတ်မပြောခြင်း
Eg. It's not good to bottle up your feelings.
ခံစားချက်တွေကို ဖုံးဖိထားရတာက မကောင်းပါဘူး။
2. open up – ခံစားချက်များကို ပွင့်ပွင့်လင်းလင်း မျှဝေခြင်း
Eg. I've tried to get him to open up to me, but with no success.
သူငါ့ကို ဖွင့်ပြောအောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။
3. hold (something) back – တစ်ခုခုကို လုပ်ဖို့ ပြောဖို့ တွန့်ဆုတ်သည်၊ ထိန်းချုပ်လိုက်သည်
Eg. She kept trying to hold back her tears.
သူမရဲ့မျက်ရည်တွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။
4. break down – စိတ်ခံစားမှုများကို မချုပ်ထိန်းနိုင်ဘဲ လွှတ်ချလိုက်သည်၊ ငိုချလိုက်သည်။
Eg. She broke down after she heard the news.
သတင်းကိုကြားကြားချင်း သူမက ကြေကွဲခဲ့ရတယ်။
5. blow up – စိတ်ခံစားချက်ကို ဒေါသထွက်ပြီး လွှတ်ချလိုက်သည်
Eg. My mom blew up when she found out I had failed the exam.
ငါစာမေးပွဲကျတာကို အမေသိသွားတော့ စိတ်တိုသွားတယ်။
6. freak out – လန့်သွားသည်။ အံ့ဩသည်။
Eg. He freaked out when he heard he got the job.
သူအလုပ်ရတယ်လို့ ကြားတော့ သူအံ့ဩသွားတယ်။
7. calm down – စိတ်အေးအေးထားပါ
Eg. I need to calm down after this long stressful day.
ဒီ ဖိအားအရမ်းများတဲ့ ရှည်လျားတဲ့နေ့ရက်ပြီးရင် ငါ စိတ်အေးအေးထားရမယ်။
8. chill out – စိတ်လျှော့ထားပါ၊ စိတ်အေးအေးထားပါ။
Eg. They sometimes meet up to chill out and watch a movie.
တခါတလေ သူတို့က စိတ်အပန်းဖြေဖို့ နဲ့ ရုပ်ရှင်ကြည့်ဖို့ တွေ့ကြတယ်။
Key Institute
"Build your future here!"
လူတိုင်းမေး Business Services , 5th Floor, 74 St , Bet; 35th & 36th St, Mahar Aung Myay Tsp, Mandalay.
+95 9 775 514 463, +95 9 969 660 691, +95 9 969 669 698
[email protected], [email protected]