Guiding Star English Learning Centre

Guiding Star English Learning Centre

Share

Learn English for your future

19/05/2026

She placed her hand on his drooping shoulders.
သူ့ရဲ့ စိတ်ပျက်အားလျော့ပြီး တွဲကျနေတဲ့ ပုခုံးပေါ်ကို သူမက လက်ကလေး တင်ပေးလိုက်တယ်။
Drooping shoulders စိတ်ပျက်နေလို့ လက်မှိုင်ချတဲ့ပုံစံ

We rented a twelve-seater bus for our family trip. ကျွန်တော်တို့ မိသားစု ခရီးစဉ်အတွက် ၁၂ ယောက်စီး ဘတ်စ်ကားတစ်စီး ငှားခဲ့တယ်။
twelve-seater bus = 12 ယောက်စီးကား

The driver had squeezed twenty people into his twelve-seater bus. ယာဉ်မောင်းသည် ၁၂ ယောက်ဆန့် ဘတ်စ်ကားလေးထဲသို့ လူအယောက်နှစ်ဆယ်ကို ကြပ်ညှပ်နေအောင် အတင်းထိုးထည့်ပြီး တင်ဆောင်လာခဲ့သည်။"

He edged his way on in the crowd. "သူ လူအုပ်ကြီးထဲကနေ (ကိုယ်လေးစောင်းပြီး) တစ်ရွေ့ရွေ့နဲ့ အတင်းတိုးဝှေ့ ရှေ့ဆက်သွားခဲ့တယ်။"
edge his way ပုခုံးလေးစောင်းပြီးပိုယ်ကို ကျုံ့ပြီး နေရာလွတ်ရှာပြီး ဖြည်းဖြည်းချင်းတိုးသွား

They tried to smuggle drugs into the country.
သူတို့က တိုင်းပြည်ထဲကို မူးယစ်ဆေးဝါးတွေ တရားမဝင် မှောင်ခိုသယ်ဖို့ ကြိုးစားခဲ့ကြတယ်
smuggle တရားမဝင်မှောင်ခိုသယ်သည်
human smuggling တရားမဝင်လူကုန်ကူးမှု

18/05/2026

The palm oil company logged the forest, uprooted the coffee plants.
=ဆီအုန်းကုမ္ပဏီက သစ်တောကို သစ်ခုတ်ယူပြီး ကော်ဖီပင်တွေကို အမြစ်နဲ့ဆွဲထုတ်ပစ်ခဲ့သည်

Abandoned longhouse
လူသူမနေဘဲ ပစ်ထားတဲ့ ခြေတံရှည်အိမ်ကြီး

Shrug (shoulders) = ပုခုံးတွန့်တာ

Big/Large < huge < gigantic
Gigantic wave
Gigantic plantation
Gigantic mistake

Tribal people တိုင်းရင်းသားမျိုးနွယ်စုများ (သို့) မျိုးနွယ်စုဝင်များ

Logging silted up the river.
သစ်ခုတ်ခြင်းကြောင့် မြစ်များ နုန်းကျဆင်းပြီး တိမ်ကောကုန်သည်။"

His coffee plants had failed to produce beans four years in a row.
​"သူ့ကော်ဖီပင်တွေကနေ ကော်ဖီစေ့မထွက်တာ လေးနှစ်ဆက်တိုက်ရှိပြီ။"
Four years in a row = four consecutive years

17/05/2026

He squelched his way to the Jetty.

​"သူက ရွံ့ဗွက်တွေကို ဖွပ်ဖွပ် (စွပ်စွပ်) မြည်အောင် နင်းပြီး လှေဆိပ်တံတားဆီကို လျှောက်သွားခဲ့တယ်။"

The young orangutan squirmed out of his grip လူဝံပေါက်စလေးဟာဖမ်းချုပ်ထားတဲ့သူဆီကနေ လွတ်အောင် တွန့်လိမ်ပြီး ရုန်းထွက်လိုက်တယ်

I will be back tomorrow to net the orangutan. အဲဒီမျောက်ဝံလေးကို ပိုက်ကွန်နဲ့ဖမ်းဖို့နက်ဖြန်ပြန်လာမယ်။

Who will pay for the damage?
ပျက်စီးသွားတာတွေအတွက်ဘယ်သူပေးမှာတုန်း

Pout = စိတ်ကောက်လို့၊ မကျေနပ်လို့၊ ဒါမှမဟုတ် ချစ်စနိုးနဲ့ အောက်နှုတ်ခမ်းလေးကို ရှေ့ကို ထိုးထွက်ပြီး နှုတ်ခမ်းစူပြတာ

retrieve= ပြန်လည်ရယူသည်

13/05/2026

When she could not see her pony anywhere, her chest tightened. မြင်းပုလေးကို ဘယ်နေရာမှာမှ ရှာမတွေ့တော့တဲ့အခါ သူမရဲ့ ရင်ထဲမှာ မွန်းကျပ်လာတယ်

“It’s too late to shut the stable door after the horse has bolted.”
မြင်းပြေးပြီးမှ တံခါးပိတ်တာနောက်ကျသွားပြီ (English စကားပုံ)
ဖြစ်ပြီးမှ ပြင်လို့ မမီတော့ဘူး

Tears rolled down her cheeks.
Tears fell down her cheeks. ပါးပေါ်မျက်ရည်တွေကျလာတယ်

Don't think the worst. အဆိုးဆုံးတွေကို မတွေးပါနဲ့

He pulled up the car . ကားကိုလမ်းဘေးထိုးရပ်လိုက်တယ်

Fire trucks with sirens wailing dashed past our motorbikes.
ကျွန်တော်တို့၏ ဆိုင်ကယ်များဘေးမှ မီးသတ်ကားများ ဥဩဆွဲလျက် အရှိန်ဖြင့် ဖြတ်သန်းသွားကြသည်"

Remember he's tough and he isn't silly. သူက စိတ်ဓာတ်ခိုင်မာပြတ်သားသူတစ်ယောက် နုံအသူတစ်ယောက်မဟုတ်ဘူးဆိုတာမှတ်ထားပါ

10/05/2026

Horse trailer မြင်းသယ်ကားနောက်တွဲ

Unsaddle the horse မြင်းနှီးကုန်းဖြုတ်သည်

Halter Vs Bridle
Halter က simple control အတွက်သုံးတယ် အစာကျွေးဖို့ ဆွဲသွားရမှာ သုံးတယ် မြင်းနှောင်ကြိုး
Bridle က riding control အတွက်သုံးတယ် မြင်းစီး မြင်းလှည်းဆွဲတဲ့အခါသုံး ဘယ်လှည်ြညာကွေ့လုပ်ခိုင်းလို့ရတယ် မြင်းဇက်ကြိုး

The puppy went astray. ခွေး‌‌ေလး လမ်းပျောက်သွားတယ်
Our plan went astray. ငါ့တိုအစီအစဉ် လွဲချော်သွားတယ်

I put my phone on silent before the meeting. Phone ကို အသံပိတ်ထားတယ် ( in silence, in silent လို့သုံးလေ့မရှိ)

Ramp လျောစောက်လမ်း

Wheelchair ramp= wheelchair သမားတွေ သွား‌လို့ရအောင်လုပ်ထားတဲ့လျောစောက်
Trolley ramp

I bribed the kid with ice cream to get him to tidy my room= ကလေးကို ရေခဲ့မုန့်ကျွေးမယ်ဆိုပြီးချော့ခိုင်းတာ အခန်းသန့်ရှင်းခိုင်း

I tried to persuade her, but she wouldn’t budge.
ကျွန်တော် ချော့ပြောခဲ့ပေမယ့် သူမ စိတ်မပြောင်းဘူး။

The baby is being fussy. ကလေးက ဂျီကျတာ
Fussy eater အစားအသောက်ဂျေးများသူ
is fussy about small things အသေးအမွှားလေးတွေ ကိုလိုက်ဇီဇာကြောင်တာ

07/05/2026

She rolled up her pants. ဘောင်ဘီကို‌လိပ်တင်လိုက်တယ် (ရေထဲဆင်းခါနီဘောင်ဘီမစိုအောင်)
She tucked up her pants.ညောင်းဘီကိုခေါက် တင်လိုက်တယ် (အနားစအရမ်းရှည်နေလို့ မနင်းမိအောင် အတွင်းကိုခေါက်ပြီးတင်လိုက်တာ)

Knee-deep water = ဒူလောက်နက်တဲ့ရေ
waist-deep water = ခါးလောက်နက်တဲ့ရေ
chest-deep water = ရင်ဘတ်လောက်နက်တဲ့ရေ
Neck-deep water = လည်ပင်းလောက်နက်တဲ့ရေ
Overhead water or the water is over my head. တစ်ကိုယ်လုံးမြုပ်နိုင်တဲ့ အနက်ရောက်ရင် သုံး

She stooped to pick up the coin.
stoop = ခါးရှေ့ကိုကုန်းတယ်

Wildfire တောမီး (ပိုမိုကျယ်ပြန့်တဲ့သဘော forest, grassland, bushes , Field,အကုန်ပါတယ်)

Forest fire = forest ထဲမှပဲလောင်နေတဲ့သဘော

Rodeo grounds ဆိုတာ ရိုဒီယို (Rodeo) လို့ခေါ်တဲ့ cowboy တွေ မြင်းစီးအတတ်၊ နွားရိုင်းဖမ်း အတတ်တွေကို ယှဉ်ပြိုင်တဲ့ ပွဲလမ်းသဘင်တွေ ကျင်းပရာ ကွင်းပြင်

There's a slight chance of winning.
A slight chance of something ဖြစ်နိုင်ခြေ အနည်းငယ်ပဲရှိတယ်

06/05/2026

Hiking trail: တောင်တက်လမ်း သို့မဟုတ် ခြေကျင်ခရီးသွားလမ်း။
Nature trail: သဘာဝအလှအပတွေကို ကြည့်ရှုရင်း လမ်းလျှောက်ဖို့ သတ်မှတ်ထားတဲ့ လမ်း။
Horse trail: မြင်းစီးသူတွေအတွက် သီးသန့်လမ်း။

What took you so long? ဘာလို့ဒီလောက်တောင်ကြာနေတာလဲ

The riders went single file down the trail. မြင်းစီးသူတွေက လမ်းကြောင်းအတိုင်း တစ်ယောက်နောက်တစ်ယောက် စီတန်းပြီး သွားကြတယ်။

Walk in single file: တစ်ယောက်နောက် တစ်ယောက် တန်းစီလျှောက်သည်။

I will lead the way. ငါရှေ့ကနေ ဦးဆောင်သွားမယ်

They are working with the least possible effort.
"သူတို့က အားထုတ်တယ်ဆိုရုံလောက်လေးလုပ်နေတာ"
"သူတို့က အလုပ်ကို မဖြစ်စလောက် အားစိုက်ပြီး လုပ်နေကြတာ။"
"သူတို့က အလုပ်ကို ပြီးစလွယ် (ဒါမှမဟုတ်) ဝတ္တရားအရပဲ လုပ်နေကြတာ။"

Hitching rail မြင်းချည်တိုင်/မြင်းချည်တန်း

He unbuckled the girth သူမြင်းရဲ့ ဗိုင်ချည်ကြိုးကို ြဖုတ်လိုက်တယ်

He drew up the stirrups. "သူ မြင်းကုန်းနှီးက ခြေတင်ကွင်းတွေကို ဆွဲတင်လိုက်တယ်။"

05/05/2026

The knight did battle with the dragon.
မြင်းစီးသူရဲ‌ေကာင်းက နဂါနဲ့ တိုက်ခိုက်ခဲ့တယ်
do battle with someone= တိုက်ခိုက်တယ် ( တိုက်ပွဲဝင်သလို အားထုတ်ပြီးယှဉ်ပြိုင်တိုက်ခိုက်ရတာ)

They coiled up the hoses. သူတို့ ရေပိုက်များကို ပြန်ခွေသိမ်းလိုက်တယ်
Coil up = ကြိုး / ပိုက်တွေကို ခွေပြီး ပြန်သိမ်းတာ

I got soaked in the rain. ကျွန်တော်ရွှဲစိုသွားတယ်
(get wet in the rain ထက် ပိုပြီး ရွှဲစိုတာကို ပုံဖော်တယ်)

He sauntered around the corner. သူလမ်းထောင့်ကို အေးအေးလူလူလျှောက်လာတယ်။

Go tack up the pony. We’re going riding.
သွားမြင်းကိုစီးဖို့ပြင်လိုက်။ မြင်းစီးထွက်ကြမယ်။
tack up = saddle , bridle တွေဘမြင်းကိုယ်ပေါ်မှာတပ်ဆင်တာ

04/05/2026

Today Vocabulary
She gave him a friendly nudge.
သူမ သူ့ကို ချစ်ခင်စွာ တံတောင်နဲ့ ပေါ့ပေါ့ပါးပါး တို့လိုက်တယ်။

စိတ်ပြေလက်ပျောက်‌shopping သွားမယ်သူ့ငယ်ချင်းကို
"Have fun shopping!"
"Enjoy shopping"
"Have a great time shopping!"

She plodded down beside me.
သူမ ကျွန်တော့်ဘေးမှာ ဗုန်းခနဲ ထိုင်ချလိုက်တယ်။ (ပင်ပန်းလို့ထိုင်ချလိုက်တဲ့သဘော)

She took a gulp from her drink bottle.
သူမ ပုလင်းကို တစ်ကျိုက်တည်း မော့သောက်လိုက်တယ်။( ရေအရမ်းဆာနေလို့ဖြစ်နိုင်)

She outgrew her shoes. ဖိနပ်က မတော်တော့ဘူး
(သူမခြေထောက်size ထွားလာလို့ ကလေးတွေမှာ အသုံများ)

Creamy mane = နို့နှစ်ရောင်လည်ဆံမွှေး (မြင်း)

04/05/2026

Vocabulary
Take the lead= ရှေ့မှ ဦးဆောင်သွားသည်။ ဦးဆောင်နေသည်။
Race into the lead = ပြိုင်ပွဲမှာလျင်မြန်စွာဦးဆောင်သွားတယ်

in scorching temperatures = အလွန်ပူပြင်းတဲ့ အပူချိန်ထဲမှာ temperature ကို အဓိကထားပြော)
အရမ်းပူပြင်းတဲ့ ရာသီဥတုအောက်မှာ (climate ကို အဓိကထားပြော)

In sticky heat = စိုစွတ်ပြီး အိုက်စပ်စပ် ဖြစ်နေတဲ့ အပူထဲမှာ (ချွေးထွက်လို့ စိုသလိုဖြစ်နေတာ)

Scruffy hair = စုတ်ဖွာနေသော ဆံပင် (messy hair / untidy hair)

pasture= မြင်းနွားသိုးဆိတ် စားကျက်မြေ

The horse whinnies = မြင်းဟီသည်
The horse snorts = မြင်းနှာမှုတ်သည်
The horse huffs = အသက်ပြင်းပြင်းရှူသည်

The dragon snorts fire= နှာမှုတ်ရင်းမီးဖျော့‌ေျဖာ့လေးထွက်သည်
The dragon breathes fire=မီးမှုတ်ထုတ်သည်

He looks exasperated. သူ ကြည့်ရတာ စိတ်ပျက်ပြီး စိတ်ရှုပ်နေသလိုပဲ။ (sad and anger ထက် impatient and frustrated ပုံစံ)

He hasn't seemed himself all morning. သူ တစ်မနက်ခင်းလုံးစိတ်နဲ့ လူနဲ့မကပ်ဘူး တူတယ် (သူမနက်ခင်းလုံးပုံမှန်မဟုတ်ဘူး)

She ticked off the ingredients on her fingers: flour, sugar, and eggs."
(သူမက လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို လက်ချိုးပြီး ရေတွက်ပြတယ် - ဂျုံ၊ သကြားနဲ့ ကြက်ဥတို့ပေါ့။)

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Sabai Lane Bet 70 & 71, 32 & 33, Chanayetharzan
Mandalay
095