03/03/2018
မန္တလေးမြို့၃၅လမ်းအနောက်ဘက်ခြမ်းရှိကျွန်ုပ်တို့ဆိုင်မှwave moneyဖြင့်ဘဏ်မရှိသောကျေးရွှာမြို့ငယ်အပါအဝင်နိုင်ငံအရပ်ရပ်မှ Wave Money ဆိုင်ပေါင်း၁သောင်း၂ထောင်ကျော်သို့(သို့မဟုတ်)မှ ငွေအများဆုံးကျပ်၅သိန်းထိ လွယ်ကူလျင်မြန်စွာ ငွေလွှဲနိုင်/ထုတ်ခြင်းလုပ်ဆောင်နိုင်ပါပြီ...
ငွေထုတ်လျင် အခမဲ့ဖြစ်ပြီး ဘာငွေကြေးမှ ပေးဆောင်စရာမလိုဘဲ...
ငွေလွှဲလျင်တော့ လွှဲခအတွက်...
💲၁ကျပ် - ၁၀,၀၀၀ ကျပ်ဆို ၄၀၀ကျပ်
💲၁၀,၀၀၁ကျပ်-၂၅,၀၀၀ကျပ်ဆို ၇၀၀ကျပ်
💲၂၅,၀၀၁ကျပ်-၅၀,၀၀၀ကျပ်ဆို ၁,၀၀၀ကျပ်
💲၅၀,၀၀၁ကျပ်-၁၀၀,၀၀၀ကျပ်ဆို ၁,၅၀၀ကျပ်
💲၁၀၀,၀၀၁ကျပ်-၁၅၀,၀၀၀ကျပ်ဆို ၂,၀၀၀ ကျပ်
💲၁၅၀၀၀၁ကျပ်-၂၀၀၀၀၀ကျပ်ဆို ၂,၅၀၀ ကျပ်
💲၂၀၀,၀၀၁ကျပ်-၃၀၀,၀၀၀ကျပ်ဆို ၃,၀၀၀ ကျပ်
💲၃၀၀,၀၀၁ကျပ်-၄၀၀,၀၀၀ကျပ်ဆို ၄,၀၀၀ ကျပ်
်💲၄၀၀,၀၀၁ကျပ်-၅၀၀,၀၀၀ကျပ်ဆို ၄,၅၀၀ ကျပ် ပေးဆောင်ရမယ်ဖြစ်တယ်..
Wave Money မှဘယ်လိုငွေလွှဲတာကို အသေးစိပ်သိချင်ရင် အောက်ပါလိပ်စာ linkမှ စက္ကန့်၃၀စာဗီဒီယိုကိုကြည့်ရှုခံစားကြည့်ပါ...
https://m.facebook.com/story.php?story_fbid=1811953595765222&id=1506717646288820
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏
Wave Money ဆိုတာဘာလဲကွယ်?
Wave Money ဆိုတာ ငွေလွှဲပြောင်းနိုင်တဲ့ အဆင့်မြင့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Wave Money နဲ့ဆို ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာကနေ ငွေလွှဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။ သင့် မိုဘိုင်းဖုန်း၊ သို့မဟုတ် သင့်အနီးအနားရှိ ယုံကြည်စိတ်ချနိုင်တဲ့ Wave Shop ကိုယ်စားလှယ်များမှ တဆင့် လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
Wave Money က သင့် ကို လုံခြုံစိတ်ချရပြီး အဆင်ပြေသော ငွေပို့ခြင်း၊ ငွေလက်ခံခြင်း ၀န်ဆောင်မှုတွေကို ပေးစွမ်းမှာ ဖြစ်လို့ သင့် ငွေကြေးကိစ္စအဝဝကို မိုဘိုင်းဖုန်းမှ တဆင့် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။
လူမှုအဖွဲ့အစည်းကို အတူတကွ စွမ်းအားမြှင့် တင်ပြီး ပြည်သူများရဲ့ ဘဝတွေ ပိုမိုတိုးတက်စေခြင်းအားဖြင့် မြန်မာ့စီးပွားရေးကို ဖွံ့ဖြိုးအောင် ကူညီကြပါစို့။
WAVE MONEYအကြောင်း
WAVE MONEY ၏ နောက်ခံအချက်အလက်များ
Wave Money သည်တယ်လီနောနှင့်ရိုးမဘဏ်တို့ပူးပေါင်းဆောင်ရွက်သည့် လွယ်ကူ၊လုံခြုံ၊အဆင်ပြေ ပြီး မြန်မာတစ်နိုင်ငံလုံး ဖြန့်ကျက်ရောက်ရှိသောကိုယ်စားလှယ်ကွန်ရက်သို့မဟုတ်သင့်မိုဘိုင်းဖုန်းရှိ Wave အကောင့် တို့မှတဆင့်သုံးစွဲနိုင်သောမိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။
တယ်လီနောလုပ်ငန်းစုသည်နိုင်ငံပေါင်း၁၃နိုင်ငံတွင်သုံးစွဲသူပေါင်း၁၉၂သန်းရှိသည့်ကမ္ဘာ့အကြီးဆုံးမိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများအနက်မှတစ်ခုဖြစ်
ပါသည်။တယ်လီနောလုပ်ငန်းစုနှင့်ပတ်သက်၍အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက http://www.telenor.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ရိုးမဘဏ်သည်ဦးဆောင်နေသောထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး၁၉၉၃ခုနှစ်ကတည်းကစတင်လည်ပတ်ခဲ့ကာ မြန်မာနိုင်ငံတစ်ဝန်းရှိဘဏ်ခွဲပေါင်း၅၇ခုတွင်ဝန်ထမ်းပေါင်း၂,၀၀၀ ကျော်အထိရှိသည်။ရိုးမဘဏ်နှင့်ပတ်သက်၍အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက http://www.yomabank.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ရည်မှန်းချက် (Our Vision)
မြန်မာပြည်သူများကို၎င်းတို့အနှစ်သက်ဆုံးနည်းလမ်းများဖြင့်
ငွေကိုစီမံခန့်ခွဲခွင့်ရရှိရန်လမ်းဖွင့်ပေးခြင်းဖြင့်လူနေမှုဘဝများကိုစွမ်းအားမြှင့်တင်ရန်
ရည်ရွယ်ချက် (Our Mission)
ကျယ်ပြန့်သောကိုယ်စားလှယ်ကွန်ရက်များနှင့်အ
လွယ်တကူသုံးစွဲနိုင်သောမိုဘိုင်း
ဖုန်းများဖြင့်ယုံကြည်စိတ်ချရသော၊ရိုးရှင်းသော၊
ဈေးနှုန်းသက်သာသောအားကိုးအားထားပြုနိုင်သည့်
ငွေကြေးဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးရန်
Wave Money ကတိစကား ( Our Promise)
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် Wave Money တစ်ခုတည်းကသာသင့်ကိုလျင်မြန်၊လုံခြုံ၊အဆင်ပြေစွာ ငွေလွှဲပြောင်းစေနိုင်မည်ဖြစ်ပြီးပုံမှန်ငွေလွှဲမှုပုံစံများကြောင့်ကြန့်ကြာရခြင်းကိုကင်းဝေးစေရန်
#ငွေလွှဲ #ငွေထုတ်ာရေးကိရိယာဆိုင်