Synergy English Language Class

Synergy English Language Class

Share

We offer English proficiency class for both adults and young learners.

Photos from Synergy English Language Class's post 22/02/2026

🙏မင်္ဂလာပါ🙏

🔸သင်ကြားရေးနယ်ပယ်ကို စတင်ဝင်ရောက်လာသည့်/မည့် ဆရာ/မများ၊
🔹လက်ရှိ သင်တန်းများ၊ ကျောင်းများတွင် သင်ကြားနေသည့် ဆရာ/မများ
🔸 teaching career အတွက် professional development training လိုချင်သူများအတွက် သင့်တော်သော

🏛️Cambridge Assessment English မှ ပေးအပ်သည့်

🎓vocational certificate: Teaching Knowledge Test (TKT)
Module 1, Module 2 နှင့် Module 3 ကို

🗓️March 7 တွင် ပူးတွဲပါ အချိန်ဇယားအတိုင်း Zoom online class ဖွင့်လှစ်သင်ကြားပါမည်။

Module 1 Sat-Sun 7:00-8:30pm (Mar 7-May 3)
Module 2 Sat-Sun 8:30-10:00pm (Mar 7-May 3)
Module 3 Mon-Tue 8:30-10:00pm (Mar 9-May 5)

🔸သင်တန်းကြေး ၁သိန်း၂သောင်းကျပ်

📌British Council မှကြီးမှူးကျင်းပမည့် May 11 စာမေးပွဲတွင် ဖြေဆိုချင်သူများ March 23 နောက်ဆုံးထား exam registration ပြုလုပ်ရမည်ဖြစ်သည်။

🔍စိတ်ပါဝင်စားသူများ page messenger မှဖြစ်စေ အောက်ဖော်ပြပါ အီးမေးလ်မှဖြစ်စေ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
📧 [email protected]

အတန်းတက်ရောက်ရန် ပုံပါ QR code ကနေဖြစ်စေ first comment မှာပါတဲ့ linkကနေဖြစ်စေ စာရင်းပေးနိုင်ပါပြီ။

13/02/2026

■■ Galentine’s Day ■■

Did you know today is Galentine's day?

Synergizers တို့ရေ February 13 ဟာ Galentine’s Day နေ့ဆိုတာ သိပါသလား။

Galentine's Day, celebrated annually on February 13, is an unofficial holiday dedicated to honoring female friendship, popularized by the TV show Parks and Recreation. Occurring one day before Valentine's Day, it encourages women to celebrate their bonds with friends, often with brunch, gifts, and festivities.

Galentine's Dayဆိုတာ နှစ်စဉ် ​ဖေ​ဖော်ဝါရီလ ၁၃ရက်​​နေ့မှာ ကျင်းပတတ်ကြတဲ့ unofficial holidayတစ်ခုဖြစ်ပါတယ်။ ဒီ​နေ့​လေးကိုတော့ ချစ်သူရည်းစား​တွေကြားက အချစ်အစား သူငယ်ချင်းမိန်းက​လေး​တွေကြားက အချစ်အတွက် အမှတ်တရသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီ​နေ့​​​လေးက Parks and Recreationဇာတ်လမ်းတွဲက​နေ စခဲ့တာဖြစ်ပါတယ်။ ဒီ​နေ့​​လေးမှာ မိန်းက​လေးသူငယ်ချင်း​တွေ အတူတူ​စား​သောက်​ပျော်ပါးကြပြီး လက်​ဆောင်​တွေလည်းဖလှယ်​လေ့ရှိကြပါတယ်။

Let’s send “Happy Galentine’s Day “ wishes to our female friends to appreciate our lovely friendship!

ဒါကြောင့်မို့ Synergizer တို့လည်း ကိုယ့်မိန်းကလေးသူငယ်ချင်းတွေဆီ Happy Galentine’s Day wishလေးပို့ပြီး ခုလိုချစ်စရာကောင်းတဲ့ ခင်မင်မှုလေးအတွက် ကျေးဇူတင်လိုက်ရအောင်နော်။

03/02/2026

🎧■■ Learning from Podcasts ■■🎧

Listening to podcasts regularly (everyday, if possible) is super helpful not only for training your English listening muscles, but also for learning new things. Today we’d like to share with Synergizers a collection of podcasts that features real personal stories of people.

Podcast​တွေကို ပုံမှန်နား​​​ထောင်ခြင်း(ဖြစ်နိုင်ရင် ​နေ့တိုင်းနား​​ထောင်ခြင်း)က ကိုယ့်ရဲ့ English listening စွမ်းရည်ကို ရင့်သန်​​စေရုံသာမကဘဲ အ​ကြောင်းအရာအသစ်​တွေကိုလည်း ​လေ့လာသင်ယူခွင့်ရ​စေမှာဖြစ်ပါတယ်။ ဒီ​နေ့မှာ​တော့ Synergizersတို့အတွက် တကယ့်လူ​​တွေရဲ့ ဘဝဇာတ်လမ်း​တွေကို နား​ထောင်နိုင်မယ့် podcast​လေး​တွေကို ​ဝေမျှချင်ပါတယ်။ ဒီpodcast​လေး​တွေကို အင်တာနက်ရှိရုံနဲ့ အခမဲ့ streamပြီးဖြစ်​စေ downloadပြီးဖြစ်​စေ နား​ထောင်နိုင်ပါတယ်။

🔹️Modern Love🔹️
This podcast explores the complicated love lives of real modern people. Each episode is within 1 hour.
ဒီ podcast​​လေးက​တော့ အခု​ခေတ်လူ​တွေရဲ့ ရှုပ်​ထွေးတဲ့ အချစ်​ရေးဘဝ​တွေအ​ကြောင်းကို နား​ထောင်နိုင်မှာပါ။
✅️Level: CEFR B2

🔸️This Is Love🔸️
This podcast investigates stories of romance, obsessions, and relationships. Each episode is around 30 minutes.
ဒီ podcast​လေးက​တော့ အချစ်၊ စွဲလမ်းမှု၊ ဆက်ဆံ​ရေးစတဲ့ အရာ​တွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်း​တွေကို နား​ထောင်နိုင်မှာပါ။
✅️Level: CEFR B2

🔹️the memory palace🔹️
This podcast features short, narrative essays on moments and lives from America’s past. Each episode is within 20 minutes.
ဒီ podcast​လေးက​တော့ အ​မေရိကားရဲ့အတိတ်က အဖြစ်အပျက်​တွေ လူ​​တွေအ​ကြောင်း အက်​ဆေး​တွေကို နား​ထောင်ရမှာပါ။
✅️Level: CEFR B2

Learning is facilitated when our emotions are involved. We hope these captivating podcasts about human lives help you improve your English.

ခံစားချက်​တွေ ပါဝင်လာရင် သင်ယူရတာပိုပြီး လွယ်ကူထိ​ရောက်တတ်ပါတယ်။အသည်းနှလုံးကိုတို့ထိနိုင်တဲ့ ဒီpodcast​လေး​တွေကို နား​​ထောင်ရင်း Synergizersတို့ အင်္ဂလိပ်စာတိုးတက်​အောင်လုပ်နိုင်ကြမယ်လို့ ​မျှော်လင့်ပါတယ်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

Synergizer​တို့​ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်​လေး​တွေ စဖွင့်​နေပြီ​​နော်။

IELTSနဲ့ TOEFLတို့လိုစာ​မေးပွဲ​တွေအတွက်ဖြစ်​စေ၊ လက်​တွေ့ဘဝမှာ လူမှုဆက်ဆံ​ရေး၊ ပညာ​ရေး၊ စားဝတ်​နေ​ရေးအတွက်ဖြစ်​စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်​တော့ Communicative English 101 အတန်း​လေးရှိတယ်​​နော်။

GED၊ SAT၊ IELTS စတဲ့ စာ​မေးပွဲ​​တွေအတွက်ဖြစ်​စေ၊ တက္ကသိုလ်ပညာ​ရေးအတွက်ပြင်ဆင်ဖို့ဖြစ်​စေ English Readingနဲ့ Writing အ​ခြေခံ ခိုင်ခိုင်မာမာဖြစ်​အောင် လုပ်ချင်တယ်ဆို​ရင်​တော့ Comprehension & Composition 1 အတန်း​လေးရှိတယ်​နော်။

သင်တန်း​တွေအတွက် စာရင်း​ပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအ​ကြောင်း အ​သေးစိတ်ကို first commentက link​တွေမှာ ဝင်​ရောက်ကြည့်ရှုနိုင်ပါတယ်။

02/02/2026

😌■■ Viral Vernacular ■■😌

Have you ever wanted to express your genuine feelings to someone but you don’t want to make it sound too intense? Luckily, the internet has created the adverb for it.

Synergizerတို့ တစ်စုံတစ်​ယောက်ကို ကိုယ့်ခံစားချက်​တွေကို ရိုးရိုးသားသားဖွင့်​ပြောချင်​ပေမယ့် အရမ်းကြီး ပြင်းပြတဲ့​လေသံမ​ပေါက်ချင်တာမျိုး ခံစားဖူးကြပါသလား။ Internetက ဒီအ​ခြေအ​နေအတွက် စကားလုံး​လေးတစ်ခု ဖန်တီး​ပေးထားပါတယ်။

“LOWKENUINELY” /loʊˈkiːnjuːɪnli/

According to the Merriam-Webster Dictionary, “lowkenuinely” means “in a manner both genuine and low-key”. It is a slang created from combining “low-key” and “genuinely”. It is used to characterize an emotion, desire, or action as being sincere while maintaining a casual and nonchalant tone.

Merriam-Webster Dictionaryအရ "Lowkenuinely"ဆိုတာ "စိတ်ရင်းနှင့်​​ ဒါ​ပေမယ့်အရမ်းပြင်းပြင်းပြပြမဟုတ်ဘဲ"လို့ အဓိပ္ပါယ်ရပါတယ်။ သူက "lowkey" (​အေး​အေး​ဆေး​ဆေး၊ နည်းနည်းပါးပါး) နဲ့ "genuinely" (စိတ်ရင်းနှင့်) ဆိုတဲ့ စကား၂ခုကို​ပေါင်းထားတာဖြစ်ပါတယ်။ သူ့ကို ကိုယ့်ရဲ့ခံစားချက်၊ ဆန္ဒ၊ လုပ်ရပ် စတာ​တွေဟာ စိတ်ရင်းနဲ့ဆို​ပေမယ့် အရမ်းကြီး ပြင်းပြင်းပြပြ အတည်အတန့်အကြီး မဟုတ်ဘူးလို့ ​​ပြောချင်တဲ့အခါသုံးပါတယ်။

ဥပမာ -

I am lowkenuinely in love with him.

Lowkenuinely, it has always been my dream to be a doctor

Now, it’s your turn to tell us what you lowkenuinely feel about something in the comments.
Synergizerတို့​ရော lowkenuinely ခံစားရတာ​လေး​တွေ comment​ပေးခဲ့ကြပါဦး။

▪︎ ▪︎ ▪︎ ▪︎ ▪︎

Synergizer​တို့​ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်​လေး​တွေ စဖွင့်​နေပြီ​​နော်။

IELTSနဲ့ TOEFLတို့လိုစာ​မေးပွဲ​တွေအတွက်ဖြစ်​စေ၊ လက်​တွေ့ဘဝမှာ လူမှုဆက်ဆံ​ရေး၊ ပညာ​ရေး၊ စားဝတ်​နေ​ရေးအတွက်ဖြစ်​စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်​တော့ Communicative English 101 အတန်း​လေးရှိတယ်​​နော်။

GED၊ SAT၊ IELTS စတဲ့ စာ​မေးပွဲ​​တွေအတွက်ဖြစ်​စေ၊ တက္ကသိုလ်ပညာ​ရေးအတွက်ပြင်ဆင်ဖို့ဖြစ်​စေ English Readingနဲ့ Writing အ​ခြေခံ ခိုင်ခိုင်မာမာဖြစ်​အောင် လုပ်ချင်တယ်ဆို​ရင်​တော့ Comprehension & Composition 1 အတန်း​လေးရှိတယ်​နော်။

သင်တန်း​တွေအတွက် စာရင်း​ပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအ​ကြောင်း အ​သေးစိတ်ကို first commentက link​တွေမှာ ဝင်​ရောက်ကြည့်ရှုနိုင်ပါတယ်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

29/01/2026

💖■■ Phrase of the Week ■■💖

Can’t stop thinking about someone? Or can’t move on from someone? Today, we want to introduce a new phrase to describe such a feeling.

တစ်​ယောက်​ယောက်ကို အ​တွေးထဲကထုတ်မရဖြစ်​နေလား။ ဒါမှမဟုတ် တစ်​ယောက်​ယောက်ကို ​မေ့မရဖြစ်​နေလား။ ဒီ​နေ့ အဲ့ဒီခံစားချက်​လေးကို ​ဖော်ပြတဲ့ phrase​လေးနဲ့ Synergizerတို့ကို မိတ်ဆက်​ပေးချင်ပါတယ်။

To be hung up on someone is to be obsessed with someone. It is used to describe the situation when you have an intense crush on someone or when you can’t get over someone from your past.

"To be hung up on someone"ဆိုတာက တစ်စုံတစ်​ယောက်ကို စွဲလမ်း​​နေတယ်လို့ ​အဓိပ္ပါယ်ရပါတယ်။ တစ်​ယောက်​ယောက်ကို ရူးရူးမူးမူး တစ်ဖက်သတ်ချစ်မိ​နေတဲ့အခါမျိုး၊ ဒါမှမဟုတ် အတိတ်ကတစ်​ယောက်​ယောက်ကို မ​မေ့နိုင်တဲ့အခါမျိုးမှာ သုံးပါတယ်။

ဥပမာ -

He can’t stop thinking about the girl he met yesterday, he’s still hung up on her.

She is still hung up on her ex-boyfriend, even though they broke up over a year ago.

Are you hung up on someone? Tell us your experience in the comments.

သင်​ရော တစ်​ယောက်​ယောက်ကို hung upဖြစ်​နေတုန်းပဲလား။ Commentထဲမှာ ​ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေ ပြောခဲ့ကြပါဦး။

▪︎ ▪︎ ▪︎ ▪︎ ▪︎

Synergizer​တို့​ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်​လေး​တွေ စဖွင့်​နေပြီ​​နော်။

IELTSနဲ့ TOEFLတို့လိုစာ​မေးပွဲ​တွေအတွက်ဖြစ်​စေ၊ လက်​တွေ့ဘဝမှာ လူမှုဆက်ဆံ​ရေး၊ ပညာ​ရေး၊ စားဝတ်​နေ​ရေးအတွက်ဖြစ်​စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်​တော့ Communicative English 101 အတန်း​လေးရှိတယ်​​နော်။

GED၊ SAT၊ IELTS စတဲ့ စာ​မေးပွဲ​​တွေအတွက်ဖြစ်​စေ၊ တက္ကသိုလ်ပညာ​ရေးအတွက်ပြင်ဆင်ဖို့ဖြစ်​စေ English Readingနဲ့ Writing အ​ခြေခံ ခိုင်ခိုင်မာမာဖြစ်​အောင် လုပ်ချင်တယ်ဆို​ရင်​တော့ Comprehension & Composition 1 အတန်း​လေးရှိတယ်​နော်။

သင်တန်း​တွေအတွက် စာရင်း​ပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအ​ကြောင်း အ​သေးစိတ်ကို first commentက link​တွေမှာ ဝင်​ရောက်ကြည့်ရှုနိုင်ပါတယ်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

27/01/2026

💕■■ Learning from Films ■■💕

To get ourselves in the mood for February, we want to recommend 3 rom-com films from the early 2000s. Not only are these films entertaining, they are also a great opportunity to learn English.

ဒီ​နေ့မှာ​​တော့ ရိုမန်တစ်ဆန်တဲ့ Februaryကို ကြိုဆိုဖို့အတွက် 2000ခုနှစ်​တွေတုန်းက အင်္ဂလိပ်အချစ်ဟာသဇာတ်ကား​​လေး​တွေကို ညွှန်းချင်ပါတယ်။ ဒီကား​လေး​တွေက စိတ်ကြည်နူး​စေရုံသာမကဘဲ အင်္ဂလိပ်စာ​လေ့လာဖို့လည်း အ​ထောက်အကူဖြစ်​​စေပါတယ်။

Bridget Jones’s Diary
“Bridget Jones is determined to improve herself while she looks for love in a year in which she keeps a personal diary.” -IMDB
Bridget Jonesဆိုတဲ့​ကောင်မ​လေးက သူ့ကိုယ်သူ တစ်နှစ်အတွင်း အချစ်ကိုရှာရင်း တိုးတက်​ပြောင်းလဲ​အောင်​လုပ်မယ်ဆိုပြီး သူ့ရဲ့အ​တွေ့အကြုံ​ကို diaryစ​ရေးပြီး​​နောက် သူ​​တွေ့ကြုံရတာ​တွေကို ကြည့်ရမယ့် ဇာတ်ကား​လေးပါ။

13 Going on 30
“Unpopular schoolgirl Jenna Rink makes an unusual wish on her birthday. Miraculously, her wish comes true and the 13-year-old Jenna wakes up the next day as a 30-year-old woman.” -IMDB
​​ကျောင်းမှာ ဘယ်သူမှ သတိမထားမိတဲ့ Jenna Rinkဆိုတဲ့ ​ကောင်မ​လေးက သူ့​မွေး​နေ့မှာ ဆု​တစ်ခုတောင်းခဲ့ပါတယ်။ ​ဆု​တောင်းပြီး​နောက်​နေ့ သူ အသက်၃၀ မိန်းမတစ်​ယောက်အ​နေနဲ့ နိုးလာတဲ့အခါ ကြုံ​တွေ့ရတဲ့ အရာ​တွေကို ကြည့်ရမယ့် ဇာတ်ကား​လေးပါ။

How to Lose a Guy in 10 Days
“An advertising executive and ladies' man, to win a big campaign, bets that he can make a woman fall in love with him in 10 days.” -IMDB
မိန်းမရှုပ်တဲ့ Advertising Executiveတစ်​​ယောက်က ၁၀ရက်အတွင်း မိန်းမတစ်​ယောက်ကို သူ့ကိုချစ်သွား​အောင်လုပ်နိုင်တယ်ဆိုပြီး အ​လောင်းအစားလုပ်ပြီး​​နောက် ဘာ​တွေဖြစ်မလဲဆ်ုတာကို ကြည့်ရမယ့် ဇာတ်ကား​လေးပါ။

May your February be filled with joy and love.

အားလုံးရဲ့ Februaryမှာ ​ပျော်ရွှင်မှု​တွေ အချစ်​တွေနဲ့ ပြည့်နှက်​နေကြပါ​စေ။

▪︎ ▪︎ ▪︎ ▪︎ ▪︎

Synergizer​တို့​ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်​လေး​တွေ စဖွင့်​နေပြီ​​နော်။

IELTSနဲ့ TOEFLတို့လိုစာ​မေးပွဲ​တွေအတွက်ဖြစ်​စေ၊ လက်​တွေ့ဘဝမှာ လူမှုဆက်ဆံ​ရေး၊ ပညာ​ရေး၊ စားဝတ်​နေ​ရေးအတွက်ဖြစ်​စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်​တော့ Communicative English 101 အတန်း​လေးရှိတယ်​​နော်။

GED၊ SAT၊ IELTS စတဲ့ စာ​မေးပွဲ​​တွေအတွက်ဖြစ်​စေ၊ တက္ကသိုလ်ပညာ​ရေးအတွက်ပြင်ဆင်ဖို့ဖြစ်​စေ English Readingနဲ့ Writing အ​ခြေခံ ခိုင်ခိုင်မာမာဖြစ်​အောင် လုပ်ချင်တယ်ဆို​ရင်​တော့ Comprehension & Composition 1 အတန်း​လေးရှိတယ်​နော်။

သင်တန်း​တွေအတွက် စာရင်း​ပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအ​ကြောင်း အ​သေးစိတ်ကို first commentက link​တွေမှာ ဝင်​ရောက်ကြည့်ရှုနိုင်ပါတယ်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

26/01/2026

🍞■■ Viral Vernacular ■■🍞

Love is in the air. Or is it? As we slowly approach Valentine's day, we want to introduce you to an internet slang that will help you examine whether someone is truly in love with you or not.

ဒါဟာအချစ်လား၊ အချစ်မဟုတ်ဘူးလား။ ချစ်သူများ​​နေ့နဲ့ တဖြည်းဖြည်းချင်း နီးကပ်လာပြီဆို​တော့ သူကိုယ့်ကို တကယ်ချစ်တာလား ကစား​နေတာလား ဆိုတာသုံးသပ်နိုင်ဖို့ Synergizerတို့ကို internet slang​လေးတစ်ခုနဲ့ မိတ်ဆက်​ပေးချင်ပါတယ်။

“Breadcrumbing” refers to the practice of giving someone small, inconsistent signals of interest such as occasional messages or likes without any intention of pursuing a real relationship. It is a form of manipulation someone people use to keep you around without any commitment.

"Beadcrumbing"ဆိုတာ တစ်စုံတစ်​​ယောက်ကို အမှန်တကယ် လက်တွဲချင်လို့မဟုတ်ဘဲ စိတ်ဝင်စားသ​ယောင် လက္ခဏာ​လေး​​တွေ ပြလိုက်မပြလိုက်နဲ့ စိတ်ကိုကစားတဲ့ လုပ်ရပ်ကို ​ခေါ်ပါတယ်။ ဒါဟာ လူ့စိတ်ကိုလှည့်စားတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး လူတစ်​ယောက်ကို ဘာcommitmentမှမ​ပေးဘဲ ကိုယ့်နားမှာဆက်ထားချင်တဲ့အခါ သုံး​လေ့ရှိကြပါတယ်။

ဥပမာ -

She stopped replying to his messages when she realized he was breadcrumbing her.

Breadcrumbing can initially be mistaken as genuine interest.

Have you ever experienced breadcrumbing before? Share your stories in the comments below.
Synergizerတို့​ရော breadcrumbingအလုပ်ခံရဖူးကြပါသလား။ Commentထဲမှာ ​ပြောပြခဲ့ကြပါဦး​နော်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

Synergizer​တို့​ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်​လေး​တွေ စဖွင့်​နေပြီ​​နော်။

IELTSနဲ့ TOEFLတို့လိုစာ​မေးပွဲ​တွေအတွက်ဖြစ်​စေ၊ လက်​တွေ့ဘဝမှာ လူမှုဆက်ဆံ​ရေး၊ ပညာ​ရေး၊ စားဝတ်​နေ​ရေးအတွက်ဖြစ်​စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်​တော့ Communicative English 101 အတန်း​လေးရှိတယ်​​နော်။

GED၊ SAT၊ IELTS စတဲ့ စာ​မေးပွဲ​​တွေအတွက်ဖြစ်​စေ၊ တက္ကသိုလ်ပညာ​ရေးအတွက်ပြင်ဆင်ဖို့ဖြစ်​စေ English Readingနဲ့ Writing အ​ခြေခံ ခိုင်ခိုင်မာမာဖြစ်​အောင် လုပ်ချင်တယ်ဆို​ရင်​တော့ Comprehension & Composition 1 အတန်း​လေးရှိတယ်​နော်။

သင်တန်း​တွေအတွက် စာရင်း​ပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအ​ကြောင်း အ​သေးစိတ်ကို first commentက link​တွေမှာ ဝင်​ရောက်ကြည့်ရှုနိုင်ပါတယ်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

22/01/2026

🏋‍♂️■■ Phrase of the Week ■■🏋‍♂️

Is life getting harder and you feel like giving up? This week we want to introduce you to a phrase to give you some strength to keep going.
ဘဝက ခက်ခဲကြမ်းတမ်းလာပြီး အရာအားလုံးကို လက်​လျှော့လိုက်ချင်​နေပြီလား။ ဒီအပတ်မှာ​တော့ Synergizerတို့ကို အ​လျှော့မ​ပေးဘဲ ​ရှေ့ဆက်ကြိုးစားနိုင်​စေဖို့ phrase​လေးတစ်ခုနဲ့ မိတ်ဆက်​ပေးပါမယ်။

According to Cambridge Dictionary, “to tough something out” means “to deal with a difficult period or situation with little help, while remaining determined to continue”. In short, it means to endure a difficult phase in life without giving up.
Cambridge Dictionaryအရ "To tough something out"ဆိုတာ "ခက်ခဲကြမ်းတမ်း​သော အ​ခြေအ​နေ/အချိန်တစ်ခုတွင် ပြင်ပအကူအညီတစ်စုံတစ်ရာမရသည့်တိုင် ​သန္နိဌာန်ခိုင်မာစွာ​​ရှေ့ဆက်သည်"လို့ အဓိပ္ပါယ်ရပါတယ်။ အတို​ပြောရရင် ခက်ခဲတဲ့အချိန်မှာ လက်မ​လျှော့ဘဲ အားတင်း​ပြီး ရှေ့ဆက်တယ်လို့ ဆိုလိုတာပါ။

ဥပမာ -

Despite the pain, the athlete toughed out the final minutes of the match.

We decided to tough out the long studying hours until the finals are over.

With this phrase, we want to ask you to tough out this difficult chapter of your life. Better days are ahead! Feel free to share your stories in the comments below.
ဒီphrase​လေးနဲ့ အခုလိုခက်ခဲတဲ့ ဘဝရဲ့ အပိုင်း​လေးတစ်ခုကို "tough out"လုပ်ဖို့ ​​ပြောရင်း အား​ပေးလိုက်ပါတယ်​နော်။ ပို​ကောင်းတဲ့​နေ့​တွေ ​ရောက်လာမှာပါ။ အားလုံးကိုယ့်ရဲ့ အခက်အခဲ​တွေ commentမှာ မျှ​ဝေနိုင်ပါတယ်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

Synergizer​တို့​ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်​လေး​တွေ စဖွင့်​နေပြီ​​နော်။

IELTSနဲ့ TOEFLတို့လိုစာ​မေးပွဲ​တွေအတွက်ဖြစ်​စေ၊ လက်​တွေ့ဘဝမှာ လူမှုဆက်ဆံ​ရေး၊ ပညာ​ရေး၊ စားဝတ်​နေ​ရေးအတွက်ဖြစ်​စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်​တော့ Communicative English 101 အတန်း​လေးရှိတယ်​​နော်။

GED၊ SAT၊ IELTS စတဲ့ စာ​မေးပွဲ​​တွေအတွက်ဖြစ်​စေ၊ တက္ကသိုလ်ပညာ​ရေးအတွက်ပြင်ဆင်ဖို့ဖြစ်​စေ English Readingနဲ့ Writing အ​ခြေခံ ခိုင်ခိုင်မာမာဖြစ်​အောင် လုပ်ချင်တယ်ဆို​ရင်​တော့ Comprehension & Composition 1 အတန်း​လေးရှိတယ်​နော်။

သင်တန်း​တွေအတွက် စာရင်း​ပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအ​ကြောင်း အ​သေးစိတ်ကို first commentက link​တွေမှာ ဝင်​ရောက်ကြည့်ရှုနိုင်ပါတယ်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

20/01/2026

🎧■■ Learning from Podcasts ■■🎧

Listening to podcasts regularly (everyday, if possible) is super helpful not only for training your English listening muscles, but also for learning new things. Today we’d like to share with Synergizers a collection of podcasts by BBC Learning English.
Podcast​တွေကို ပုံမှန်နား​​​ထောင်ခြင်း(ဖြစ်နိုင်ရင် ​နေ့တိုင်းနား​​ထောင်ခြင်း)က ကိုယ့်ရဲ့ English listening စွမ်းရည်ကို ရင့်သန်​​စေရုံသာမကဘဲ အ​ကြောင်းအရာအသစ်​တွေကိုလည်း ​လေ့လာသင်ယူခွင့်ရ​စေမှာဖြစ်ပါတယ်။ ဒီ​​နေ့မှာ​တော့ Synergizersတို့အတွက် BBC Learning Englishက podcast​လေး​တွေကို ​ဝေမျှ​ပေးလိုက်ပါတယ်။ ဒီpodcast​လေး​တွေကို အင်တာနက်ရှိရုံနဲ့ အခမဲ့ streamပြီးဖြစ်​စေ downloadပြီးဖြစ်​စေ နား​ထောင်နိုင်ပါတယ်။

🔹️English Grammar🔹️
You can listen to discussions on a variety of grammar-related topics, such as superlative adjectives, articles, how to correctly use certain phrases, etc. Each episode is within 10 minutes.
ဒီ podcast​လေးမှာ​တော့ အမျိုးမျိုး​သော English grammarနဲ့ ဆိုင်တဲ့ အ​ကြောင်းအရာ​တွေကို နား​ထောင်နိုင်ပါတယ်။ အပိုင်းတစ်ပိုင်းက 10မိနစ်အတွင်းသာ ကြာမြင့်ပါတယ်။
✅️Level: CEFR B1

🔸️English Vocabulary🔸️
You can listen to discussions on interesting English words and phrases and how to use them. Each episode is within 10 minutes.
ဒီ podcast​လေးမှာ စိတ်ဝင်စားစရာ​ကောင်းလှတဲ့ English စကားလုံး​တွေနဲ့ စကားစု​တွေအ​ကြောင်းနဲ့ သူတို့ကို ဘယ်လိုသုံးရမလဲဆိုတာကို နား​ထောင်သင်ယူနိုင်မှာပါ။ အပိုင်းတစ်ပိုင်းက 10မိနစ်အတွင်းသာ ကြာမြင့်ပါတယ်။
✅️Level: CEFR B1

🔹️English Conversations🔹️
You can listen to discussions on English expressions used in everyday conversations. Each episode is approximately 3 minutes.
ဒီ podcast​လေးမှာ ​​နေ့စဉ်စကား​ပြောမှာ သုံးကြတဲ့ English expression​တွေအ​ကြောင်း နား​ထောင်သင်ယူနိုင်ပါတယ်။ အပိုင်းတစ်ပိုင်းက ၃မိနစ်ခန့်သာ ကြာမြင့်ပါတယ်။
✅️Level: CEFR B1

🔸️English Stories🔸️
You can listen to stories and dramas and improve your English. Each episode is within 10 minutes.
ဒီ podcast​လေးမှာ ပုံပြင်​ဇာတ်လမ်းလေး​တွေကို နား​ထောင်ရင်း English​စာ ​တိုးတက်​အောင် သင်ယူနိုင်မှာပါ။ အပိုင်းတစ်ပိုင်းက 10မိနစ်အတွင်းသာ ကြာမြင့်ပါတယ်။
✅️Level: CEFR B1

Let’s kick off our new year by adopting the new habit of listening to podcasts everyday.
ကဲ...နား​ထောင်စရာ podcast​လေး​တွေ ​မျှ​ဝေပြီးပြီဆို​တော့ နှစ်သစ်မှာ podcast​တွေ ​နေ့တိုင်းနား​ထောင်တဲ့ အကျင့်​ကောင်း​လေး ​စတင်​လိုက်ကြ​ရ​အောင်​နော်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

Synergizer​တို့​ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်​လေး​တွေ စဖွင့်​နေပြီ​​နော်။

IELTSနဲ့ TOEFLတို့လိုစာ​မေးပွဲ​တွေအတွက်ဖြစ်​စေ၊ လက်​တွေ့ဘဝမှာ လူမှုဆက်ဆံ​ရေး၊ ပညာ​ရေး၊ စားဝတ်​နေ​ရေးအတွက်ဖြစ်​စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်​တော့ Communicative English 101 အတန်း​လေးရှိတယ်​​နော်။

GED၊ SAT၊ IELTS စတဲ့ စာ​မေးပွဲ​​တွေအတွက်ဖြစ်​စေ၊ တက္ကသိုလ်ပညာ​ရေးအတွက်ပြင်ဆင်ဖို့ဖြစ်​စေ English Readingနဲ့ Writing အ​ခြေခံ ခိုင်ခိုင်မာမာဖြစ်​အောင် လုပ်ချင်တယ်ဆို​ရင်​တော့ Comprehension & Composition 1 အတန်း​လေးရှိတယ်​နော်။

သင်တန်း​တွေအတွက် စာရင်း​ပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအ​ကြောင်း အ​သေးစိတ်ကို first commentက link​တွေမှာ ဝင်​ရောက်ကြည့်ရှုနိုင်ပါတယ်။

Photos from Synergy English Language Class's post 16/01/2026

Synergizer​တို့​ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်​လေး​တွေ စဖွင့်​နေပြီ​​နော်။

အတန်းတိုင်းအတွက် Early bird discount ၅သောင်း cash back ၅ဦးထိပေးမယ့် အစီအစဉ်လေး ရှိတာမို့ ခုပဲစာရင်းသွင်းလိုက်တော့နော်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

🔹️🔸️Communicative English 101🔸️🔹️

IELTSနဲ့ TOEFLတို့လိုစာ​မေးပွဲ​တွေအတွက်ဖြစ်​စေ၊ လက်​တွေ့ဘဝမှာ လူမှုဆက်ဆံ​ရေး၊ ပညာ​ရေး၊ စားဝတ်​နေ​ရေးအတွက်ဖြစ်​စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်​တော့ Communicative English 101 အတန်း​လေးရှိတယ်​​နော်။

📆 သင်တန်းကာလ
ဇန်နဝါရီလ ၃၁ရက်​​နေ့မှ ဧပြီလ ၇ရက်​နေ့အထိ စုစု​ပေါင်း ၁၀ပတ် (၃၀နာရီ)

🕑 သင်တန်းအချိန်
အပတ်တိုင်း စနေ တနင်္ဂနွေ အင်္ဂါ ညနေ ၇-၈နာရီ

💰 သင်တန်း​ကြေး
၃၀၀,၀၀၀ (သုံးသိန်းကျပ်)

▪︎ ▪︎ ▪︎ ▪︎ ▪︎

🔹️🔸️Comprehension & Composition 1🔸️🔹️

GED၊ SAT၊ IELTS စတဲ့ စာ​မေးပွဲ​​တွေအတွက်ဖြစ်​စေ၊ တက္ကသိုလ်ပညာ​ရေးအတွက်ပြင်ဆင်ဖို့ဖြစ်​စေ English Readingနဲ့ Writing အ​ခြေခံ ခိုင်ခိုင်မာမာဖြစ်​အောင် လုပ်ချင်တယ်ဆို​ရင်​တော့ Comprehension & Composition 1 အတန်း​လေးရှိတယ်​နော်။

📆 သင်တန်းကာလ
ဇန်နဝါရီလ ၃၁ရက်​​နေ့မှ ဧပြီလ ၇ရက်​နေ့အထိ စုစု​ပေါင်း ၁၀ပတ် (၄၅နာရီ)

🕑 သင်တန်းအချိန်
အပတ်တိုင်း စနေ တနင်္ဂနွေ တနင်္လာ ညနေ ၅-၆:၃၀နာရီ

💰 သင်တန်း​ကြေး
၄၅၀,၀၀၀ (လေးသိန်း ငါးသောင်းကျပ်)

▪︎ ▪︎ ▪︎ ▪︎ ▪︎

ဒီအတန်းကို ကိုယ်တိုင်စီစဉ်ဒီဇိုင်းဆွဲပြီး ဦး​ဆောင်သင်ကြား​ပေးသွားမယ့်သူက​တော့ တီချယ်သိမ်​မွေ့ရည်ပဲဖြစ်ပါတယ်။

တီချယ်သိမ်​မွေ့ရည်ဟာဆိုရင် English language သင်ကြားရေး အ​တွေ့အကြုံ ၁၀နှစ်​ကျော်နဲ့ teacher training ၅နှစ်တာ အတွေ့အကြုံရှိတဲ့ အ​တွေ့အကြုံရင့် ESL ဆရာမတစ်ဦးဖြစ်ပါတယ်။

သူဟာ USAID Burma Lincoln Scholarship ပညာသင်ဆုဖြင့် အ​မေရိကားရဲ့ Lehigh Universityမှာ Graduate Program ကို တက်ရောက်သင်ယူပြီး Master of Education in Teaching and Learningကို ရရှိထားပြီး TESOL, ELT နဲ့ TKT လက်မှတ်များလည်း ကိုင်ဆောင်ထားသူဖြစ်ပါတယ်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

အတန်း​တက်​ရောက်ဖို့ စာရင်း​ပေးချင်တယ်ဆိုရင်​တော့ ပုံပါ QR codeက​နေဖြစ်​စေ၊ first commentမှာပါတဲ့ linkက​​နေဖြစ်​စေ စာရင်း​ပေးနိုင်ပါပြီ။

​နောက်​နေ့​တွေမှာလည်း ​နောက်ထပ်အတန်းသစ်​လေး​တွေ မိတ်ဆက်​ပေးဦးမှာမို့ ​စောင့်​မျှော်​ပေးကြပါဦး​နော်။

12/01/2026

🤳■■ Viral Vernacular ■■🤳

Have you ever spent hours scrolling mindlessly through your social media feed as your mind goes numb and heavy, unable to stop to focus on anything?

Synergizerတို့ ကိုယ့်ရဲ့social media feedကို နာရီ​ပေါင်းများစွာ အသိစိတ်မကပ်ဘဲ ပွတ်ဆွဲရင်း စိတ်ထုံထိုင်း​လေးလံလာပြီး ကိုယ့်ကိုယ်ကိုလည်းရပ်မရ၊ ဘယ်အရာကိုမှလည်း သေချာအာရုံမစိုက်နိုင် ဖြစ်ဖူးပါသလား။

That experience is often described as “brain rot.” It’s an informal slang term defined by Oxford English Dictionary as “the supposed deterioration of a person’s mental or intellectual state, especially viewed as the result of overconsumption of material (now particularly online content) considered to be trivial or unchallenging OR something characterized as likely to lead to such deterioration”

​ဒီလို အဖြစ်အပျက်ကို "brain rot"လို့​ခေါ်ပါတယ်။ Oxford English Dictonaryက​တော့ "brain rot"ကို "အရည်မရအဖတ်မရ အကျိုးမရှိ​​သော သို့မဟုတ် စဉ်းစားအားစိုက်ထုတ်ရန်မလိုအပ်​သော material များ (အများအားဖြင့်online contentများ)ကို အလွန်အမင်းကြည့်ရှုရင်း ဖြစ်​ပေါ်လာ​သော လူတစ်​ယောက်၏ စိတ်ခံစားချက် သို့မဟုတ် ဉာဏ်ရည်ဉာဏ်​သွေး ဆုတ်ယုတ်ပျက်စီးခြင်း" ဒါမှမဟုတ် "ထိုသို့ဆုတ်ယုတ်ပျက်စီးခြင်းကို ဖြစ်​စေနိုင်​သော အရာများ" လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။

ဥပမာ -

▪︎ After a weekend of nonstop scrolling, I had brain rot and struggled to focus on my assignments.

▪︎ Constant exposure to brain rot content can make deep thinking and sustained attention much harder.

Have you ever experienced brain rot before? Share your experiences in the comments.

Synergizerတို့​ရော brain rotဖြစ်ဖူးကြလား။ ကိုယ့်ရဲ့ အ​တွေ့အကြုံ​လေး​တွေကို commentမှာ မျှ​ဝေကြပါဦး။

▪︎ ▪︎ ▪︎ ▪︎ ▪︎

Synergizer​တို့​ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်​လေး​တွေ စဖွင့်​နေပြီ​​နော်။

IELTSနဲ့ TOEFLတို့လိုစာ​မေးပွဲ​တွေအတွက်ဖြစ်​စေ၊ လက်​တွေ့ဘဝမှာ လူမှုဆက်ဆံ​ရေး၊ ပညာ​ရေး၊ စားဝတ်​နေ​ရေးအတွက်ဖြစ်​စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်​တော့ Communicative English 101 အတန်း​လေးရှိတယ်​​နော်။

GED၊ SAT၊ IELTS စတဲ့ စာ​မေးပွဲ​​တွေအတွက်ဖြစ်​စေ၊ တက္ကသိုလ်ပညာ​ရေးအတွက်ပြင်ဆင်ဖို့ဖြစ်​စေ English Readingနဲ့ Writing အ​ခြေခံ ခိုင်ခိုင်မာမာဖြစ်​အောင် လုပ်ချင်တယ်ဆို​ရင်​တော့ Comprehension & Composition 1 အတန်း​လေးရှိတယ်​နော်။

သင်တန်း​တွေအတွက် စာရင်း​ပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအ​ကြောင်း အ​သေးစိတ်ကို first commentက link​တွေမှာ ဝင်​ရောက်ကြည့်ရှုနိုင်ပါတယ်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

Photos from Synergy English Language Class's post 09/01/2026

Synergizer​တို့​ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်​လေး​တွေ စဖွင့်​နေပြီ​​နော်။

အတန်းတိုင်းအတွက် Early bird discount ၅သောင်း cash back ၅ဦးထိပေးမယ့် အစီအစဉ်လေး ရှိတာမို့ ခုပဲစာရင်းသွင်းလိုက်တော့နော်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

🔹️🔸️Communicative English 101🔸️🔹️

IELTSနဲ့ TOEFLတို့လိုစာ​မေးပွဲ​တွေအတွက်ဖြစ်​စေ၊ လက်​တွေ့ဘဝမှာ လူမှုဆက်ဆံ​ရေး၊ ပညာ​ရေး၊ စားဝတ်​နေ​ရေးအတွက်ဖြစ်​စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်​တော့ Communicative English 101 အတန်း​လေးရှိတယ်​​နော်။

📆 သင်တန်းကာလ
ဇန်နဝါရီလ ၃၁ရက်​​နေ့မှ ဧပြီလ ၇ရက်​နေ့အထိ စုစု​ပေါင်း ၁၀ပတ် (၃၀နာရီ)

🕑 သင်တန်းအချိန်
အပတ်တိုင်း စနေ တနင်္ဂနွေ အင်္ဂါ ညနေ ၇-၈နာရီ

💰 သင်တန်း​ကြေး
၃၀၀,၀၀၀ (သုံးသိန်းကျပ်)

▪︎ ▪︎ ▪︎ ▪︎ ▪︎

🔹️🔸️Comprehension & Composition 1🔸️🔹️

GED၊ SAT၊ IELTS စတဲ့ စာ​မေးပွဲ​​တွေအတွက်ဖြစ်​စေ၊ တက္ကသိုလ်ပညာ​ရေးအတွက်ပြင်ဆင်ဖို့ဖြစ်​စေ English Readingနဲ့ Writing အ​ခြေခံ ခိုင်ခိုင်မာမာဖြစ်​အောင် လုပ်ချင်တယ်ဆို​ရင်​တော့ Comprehension & Composition 1 အတန်း​လေးရှိတယ်​နော်။

📆 သင်တန်းကာလ
ဇန်နဝါရီလ ၃၁ရက်​​နေ့မှ ဧပြီလ ၇ရက်​နေ့အထိ စုစု​ပေါင်း ၁၀ပတ် (၄၅နာရီ)

🕑 သင်တန်းအချိန်
အပတ်တိုင်း စနေ တနင်္ဂနွေ တနင်္လာ ညနေ ၅-၆:၃၀နာရီ

💰 သင်တန်း​ကြေး
၄၅၀,၀၀၀ (လေးသိန်း ငါးသောင်းကျပ်)

▪︎ ▪︎ ▪︎ ▪︎ ▪︎

ဒီအတန်းကို ကိုယ်တိုင်စီစဉ်ဒီဇိုင်းဆွဲပြီး ဦး​ဆောင်သင်ကြား​ပေးသွားမယ့်သူက​တော့ တီချယ်သိမ်​မွေ့ရည်ပဲဖြစ်ပါတယ်။

တီချယ်သိမ်​မွေ့ရည်ဟာဆိုရင် English language သင်ကြားရေး အ​တွေ့အကြုံ ၁၀နှစ်​ကျော်နဲ့ teacher training ၅နှစ်တာ အတွေ့အကြုံရှိတဲ့ အ​တွေ့အကြုံရင့် ESL ဆရာမတစ်ဦးဖြစ်ပါတယ်။

သူဟာ USAID Burma Lincoln Scholarship ပညာသင်ဆုဖြင့် အ​မေရိကားရဲ့ Lehigh Universityမှာ Graduate Program ကို တက်ရောက်သင်ယူပြီး Master of Education in Teaching and Learningကို ရရှိထားပြီး TESOL, ELT နဲ့ TKT လက်မှတ်များလည်း ကိုင်ဆောင်ထားသူဖြစ်ပါတယ်။

▪︎ ▪︎ ▪︎ ▪︎ ▪︎

အတန်း​တက်​ရောက်ဖို့ စာရင်း​ပေးချင်တယ်ဆိုရင်​တော့ ပုံပါ QR codeက​နေဖြစ်​စေ၊ first commentမှာပါတဲ့ linkက​​နေဖြစ်​စေ စာရင်း​ပေးနိုင်ပါပြီ။

​နောက်​နေ့​တွေမှာလည်း ​နောက်ထပ်အတန်းသစ်​လေး​တွေ မိတ်ဆက်​ပေးဦးမှာမို့ ​စောင့်​မျှော်​ပေးကြပါဦး​နော်။

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Mandalay

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00