Mining engineering. students

Mining engineering. students

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mining engineering. students, Mandalay Technological University, Mandalay.

Photos from Mining engineering. students's post 02/09/2016
Photos 02/09/2016
Photos 02/09/2016

Mining law is the branch of law relating to the legal requirements affecting minerals and mining. Mining law covers several basic topics, including the ownership of the mineral resource and who can work them. Mining is also affected by various regulations regarding the health and safety of miners, as well as the environmental impact of mining.

Photos 16/05/2016

Bucket Wheel Excavator, in a German Coal Mine

Photos 07/05/2016

ကျွန်တော်တို့ကျောင်းသားဘဝတုန်းကအမြဲမေးခံရတဲ့မေးခွန်းလေးပေါ့ What is Mining Engineeringဆိုတာလေးပါ

Mining Engineering is the application of various disciplines of engineering to extract and process minerals from environment successfully.

Photos 07/05/2016

တွင်းထွက်သယံဇာတနှင့် အင်ဂျင်နီယာ ရှုထောင့် (၂)

သတ္ထုတွင်းအင်ဂျင်နီယာများ၏ အရေးကြီးဆုံးကျင့်ဝတ်

သတ္ထုတွင်းအင်ဂျင်နီယာများအနေနဲ့ အင်ဂျင်နီယာ ကျင့်ဝတ် အမှတ်စဉ် (က) တွင်ပါရှိတဲ့ မိမိတို့ တတ်ကျွမ်းသော ပညာရပ်ဖြင့် လူနေမှုဘ၀နှင့် ပတ်ဝန်းကျင် တိုးတက်စေရန်မှာ Mining Engineering Profession ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အဓိကထား ကျင့်သုံးရန် လိုအပ်ပါတယ်။ ပတ်ဝန်းကျင် လူထု၏ လူနေမှုဘ၀ လုံခြုံရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀ မြှင့်တင်ရေးတို့ အဓိကပါဝင်တယ်။ သတ္ထုတွင်းလုပ်သားများနှင့် သတ္ထုတွင်း ပတ်ဝန်းကျင်ရှိ ပြည်သူများအပေါ် သတ္ထုတွင်းမှ စွန့်ထုတ်သော ဓာတ်ငွေ့များ၊ စွန့်ပစ်ရေများ၊ ဖုန်မှုန့်များ၊ စွန့်ပစ်မြေနှင့် ကျောက်များ၊ စွန့်ပစ်ပစ္စည်းများ၊ ယမ်းခွဲမှုကြောင့် လွင့်စင်သော ကျောက်တုံးကျောက်ခဲများ အသုံးပြုသော စက်ယန္တယားများကြောင့် ထိခိုက်မှုများ၊ သတ္ထုတွင်း ပတ်ဝန်းကျင်ရှိ ရေထု၊ မြေထု၊ လေထု၊ သစ်ပင်၊ သစ်တော၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်စတဲ့ ပတ်ဝန်းကျင်အား ထိခိုက်မှု မရှိစေရေး အထူးဂရုစိုက် ထိန်းသိမ်းဆောင်ရွက်ရပါမယ်။

သတ္ထုတွင်းလုပ်ငန်းဟာ တွင်းထွက်သယံဇာတကို အမှီပြုပြီး ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်တာကြောင့် Mining in Any Form is Unsustainable ဟု ပြောစမှတ် ပြုကြပါတယ်။ ဒီအတွေးအခေါ်ဟာ ခေတ်နှင့် မညီ တာ့ပါ။ “Economic Sustainability” ဖြစ်ရေးအတွက် သတ္ထု တူးဖော်ရေး လုပ်ငန်း စတင် ထူထောင်စဉ်ကပင် Reclamation, Post Closure Plan စသည်တို့ကို ရေးဆွဲ အကောင်အထည်ဖော်ာရန် တာဝန်ရှိပါတယ်။ လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သတ္ထုတူးဖော်ခဲ့သည့် နေရာတွင် သတ္ထုမတူးဖော်မီ အခြေအနေသို့ရောက်ရန် မြေပြုပြင်ခြင်း (Minie Reclamation) လုပ်ငန်းများ လုပ်ဆောင်ရန်။ ယင်းနေရာများတွင် မူလသဘာဝ ပေါက်ပင်များ ပြန်လည်ရှင်သန်စေရန် လယ်ယာစိုက်ခင်းများ ထူထောင်ရန်၊ အပန်းဖြေစခန်းများ၊ သစ်တောများ ထူထောင်ရန် တာဝန်ရှိပါတယ်။ သတ္ထုတွင်းလုပ်ငန်းကို လုပ်ကိုင်ရင်း ပတ်ဝန်းကျင်လူထု လူနေမှုဘ၀ကို မြှင့်တင်ပေးရန် တာဝန်ရှိပါတယ်။

သတ္ထုသယံဇာတများမှာ တောတောင်များ တွင်သာ အများအပြား တည်ရှိရာ သတ္ထုတွင်းတစ်ခုအဖြစ် ထူထောင်ရင်းဖြင့် တောကို မြို့ဖြစ်အောင် ပြောင်းလဲပေးခြင်းဖြင့် ပတ်ဝန်းကျင်လူထု လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် တိုးတက်ရေး၊ ပညာရေး တိုးတက်ရေး၊ ကျန်းမာရေး တိုးတက်ရေးတို့ ဖြစ် ထွန်းလာနိုင်ပါတယ်။ အလုပ်အကိုင်သစ် များပေါ်ထွန်းပြီး ပတ်ဝန်းကျင်လူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးရပါမယ်။ လုပ်ငန်းခွင် သင်တန်းများဖွင့်ပြီး ဆောင်ရွက်ပေးရပါမယ်။ ဖြစ်နိုင်ပါက သတ္ထုတွင်းလုပ်ငန်းနှင့် ဆက်စပ်နေသော စက်မှုလုပ်ငန်းများ ထူထောင်ပေးရပါမယ်။ ဒီလုပ်ငန်းစဉ်တွေဟာ သတ္ထုတွင်းတစ်ခုအား တာဝန်ယူ ဆောင်ရွက်ရတဲ့ သတ္ထုတွင်းအင်ဂျင်နီယာများရဲ့ အဓိက တာဝန် ဖြစ်ပါတယ်။ ယင်းသို့ ဆောင်ရွက်ရာတွင် အုပ်ချုပ်သူ အစိုးရ ပတ်ဝန်းကျင်ဒေသရှိ ပြည်သူ၊ သက်ဆိုင်ရာ ပညာရှင်များနှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ပါမယ်။

လက်ရှိသတ္ထုတွင်းများအခြေအနေ

မြေပေါ်မြေအောက် သယံဇာတဖြစ်သော ထုံးကျောက်၊ ဂေါ်တန်ကျောက်၊ လမ်းခင်းကျောက် ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ရွှေ၊ ငွေ၊ ကြေးနီ၊ နီကယ်၊ သံ၊ ခဲမဖြူ၊ အဖြိုက်နက်၊ အင်တီမိုနီ စသည့် သတ္ထုထုတ်လုပ်ခြင်း လုပ်င
န်းများ၊ ပတ္တမြား၊ နီလာ ကျောက်စိမ်းစသည့် အဖိုးတန် ကျောက်မျက် ထုတ်လုပ်ခြင်းလုပ်ငန်းများအားလုံးဟာ လူတို့ သုံးစွဲနိုင်ရေးအတွက် စီးပွားဖြစ် တူးဖော်ထုတ်လုပ်တဲ့ သတ္ထုတွင်းလုပ်ငန်းများပင်ဖြစ်ပါတယ်။ ယင်းလုပ်ငန်းများအားလုံးဟာ သတ္ထုထုတ်လုပ်တဲ့ဒေသရှိ ပြည်သူလူထု၊ အာဏာပိုင် နိုင်ငံတော်အစိုးရ၊ သတ္ထုထုတ်လုပ်သည့် အဖွဲ့အစည်းတို့ အတွက် အကျိုးအမြတ်ရှိ မရှိ၊ သယံဇာတလေလွင့် ပြုန်းတီးမှု ရှိ မရှိ၊ ပတ်ဝန်းကျင်ထိခိုက် ညစ်ညမ်းမှုရှိ၊ မရှိ သတ္ထုတူးဖော် ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်များဟာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာတွင် ပါဝင်တဲ့ သတ္ထုတွင်းပုံစံ နည်းစဉ်များ လုပ်ငန်းစဉ်များတွင် ပါဝင်သည့်အတိုင်း ဟုတ်မဟုတ်။ မြေအသုံးချမှု၊ အပေါ်ယံမြေစွန့်ပစ်မှုနဲ့ ပွင့်လင်းမြင်သာမှု ရှိ/မရှိ စသည်တို့ကို အမြဲမပြတ် စိစစ်ကြပ်မတ်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် တာဝန်ရှိပါတယ်။

လက်ရှိအခြေအနေတွင် ရွှေတူးဖော်မှုများ၊ ကျောက်မျက် ရတနာ တူးဖော်မှုများ ကျောက်မီးသွေး တူးဖော်မှုများ၊ လုပ်ကိုင်နေသူ အများစုဟာ ဥပဒေအရ ခွင့်ပြုထားသည့် ကာလတိုအတွင်း အကျိုးအမြတ်ရရှိရေး အတွက် သတ္ထုတွင်းပုံစံမရှိ၊ ကျွမ်းကျင်တဲ့ သတ္ထုတွင်း အင်ဂျင်နီယာ မသုံး သတ္ထုတွင်းပိတ်သိမ်းလျှင် ဆောင်ရွက်ရမည့် အစီအစဉ်အမရှိ ပွင့်လင်းမြင်သာမှုမရှိ သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူကို အလေး မထားဘဲ စက်ယန္တရားများ ပုံအောပြီး အမြတ်ရရှိရေး တစ်ခုတည်းကိုသာ ဦးတည် ထုတ်လုပ်ကြပါတယ်။ ဖားကန့် ဒေသမှာဆိုရင်
ကမ္ဘာပေါ်မှာ စက်ယန္တရား (မြေထိုးစက်၊ မြေကော်စက်၊ မြေတူးစက်၊ သွန်ကား) အင်အား အထူ ထပ်ဆုံးနေရာ ဖြစ်နေသည်ကို တွေ့ရပါတယ်။

သတ္ထုတူးဖော်ခွင့်ကာလတိုခြင်း၊ သတ္ထုတွင်းပုံစံမရှိခြင်း၊ အပေါ်ယံမြေများ ဖြစ်သလို စုပုံခြင်းတို့ကြောင့် မြေပြို လူသေဆုံးမှု များဖြစ်ခြင်း၊ မြေစာများ၊ မြစ်များချောင်းများတွင် မျောပါပြီး မြစ်ချောင်းများ ကြမ်းပြင် မြင့်တက်လာခြင်း၊ ရေကြီးရေလျှံမှု ဖြစ်ပွားခြင်း၊ ပတ်ဝန်းကျင်ရှိ ပြည်သူ လူထု ဘေးဒုက္ခတွေ့ကြုံခြင်း စသည်တို့ ဆက်တိုက် ဖြစ်ပေါ် လာပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရမည့်ခေတ်
ယနေ့ခေတ်မှာတော့ ကမ္ဘာကြီးပူနွေးလာပြီး အပူအအေး ပြင်းထန်မှု၊ ရေကြီးရေလျှံမှု စသည့် ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကို ခံစားနေရပြီဖြစ်ပါတယ်။ ဒီအတွက် သစ်ပင်တွေ၊ သစ်တောတွေ ထိန်းသိမ်းဖို့ လိုလာသလို သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးမည့် သတ္ထုတူးဖော်ခြင်း လုပ်ငန်းများကို စနစ်တကျဖြစ်အောင် လုပ်ဖို့လိုလာပြီ
ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းအောင် ဖျက်ဆီးသူမှာ လူပင် ဖြစ်ပါတယ်။ လူများကို စည်းကမ်း ဥပဒေနှင့်အညီ ထိန်းသိမ်း လုပ်ဆောင်စေရမည် ဖြစ်ပါတယ်။ သတ္ထုသယံဇာတ ဆိုသည်မှာ အလွယ်တကူဖြစ်ပေါ်ခြင်းမရှိပါ။ နှစ်သန်းပေါင်း မြောက်များစွာကြာပြီးမှ ဖြစ်တည်ခဲ့ပါတယ်။ တချို့သော သတ္ထုသယံဇာတများစွာမှာ အရည်အသွေး နိမ့်ခြင်း၊ အရေးအတွက် နည်းပါးခြင်းတို့ကြောင့် လက်ရှိ အခြေအနေတွင် စီးပွားဖြစ် မထုတ်ယူနိုင်သေးပါလျှင်လည်း စီးပွားဖြစ် ထုတ်နိုင်သော အရည်အသွေးမြင့် သတ္ထုရိုင်းသိုက်ကိုတော့ စနစ်တကျ ထုတ်ယူသင့်ပါတယ်။ ကမ္ဘာပေါ်တွင် ချမ်းသာသော တိုင်းပြည် အများစုမှာ သတ္ထုသယံဇာတအများစုကို အမှီပြုကာ စနစ်တကျ စီမံခန့်ခွဲနိုင်မှုကြောင့် စက်မှုလက်မှု ထွန်းကားပြီး ချမ်းသာလာခြင်းဖြစ်ပါတယ်။

သို့ဖြစ်ရာ မိမိတို့ခေတ်ကာလတွင် စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် သတ္ထုရိုင်းသိုက်များကို စနစ်တကျ ထုတ်ယူပြီး ပြည်သူလူထု၏ လူမှုဘ၀များ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရပါမယ်။ လတ်တလော အခြေအနေအရ စီးပွားဖြစ် မထုတ်လုပ် နိုင်သေးသည့် အရည်အသွေးနိမ့် သတ္ထုရိုင်းသိုက်များကို နောင်လာ နောက်သားများ အတွက် နောင်တွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာပါက ထုတ်ယူသုံးစွဲရန် ချန်ထားရပါမယ်။ ထို့အတူ ပြည်တွင်း စက်မှုလက်မှုလုပ်ငန်း မဖွံ့ဖြိုးသေးသဖြင့် ပြည်တွင်း လိုအပ်မှုမရှိဘဲ ပြည်ပသို့ ထုတ်လုပ်ရောင်းချ နေရသည့် နီကယ်၊ ကြေးနီနှင့် သဘာဝဓာတ်ငွေ့စသည်တို့ကို နောင်သားစဉ်မြေးဆက် အသုံးပြုနိုင်ရန် အချို့ ချန်ထား သင့်ပါတယ်။ ကျောက်မျက်၊ ကျောက်စိမ်းတို့ကို စနစ်တကျ တူးဖော်ပြီး အချောထည်များ ပြုလုပ်ရောင်းချစေ သင့်ပါတယ်။ နည်းပညာတက္ကသိုလ်နှင့် သိပ္ပံ ကျောင်းများမှ အောင်မြင်သော သတ္ထုတွင်း အင်ဂျင်နီယာများကို လေ့ကျင့်ပျိုးထောင်ပြီး သတ္ထုတွင်းလုပ်ငန်းတွေမှာ အသုံးချရပါမယ်။

မြေလွှာကိုဖွင့် ပြည်ကိုမြှင့်

သတ္ထုသယံဇာတများ ထုတ်လုပ်ရောင်းချခြင်းကို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် မလုပ်သင့်ပါ။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ခေါ်ယူလုပ်ကိုင်စေပြီး နိုင်ငံတော်မှ ဓာတ်သတ္ထုခွန်၊ ပုံသေမြေငှားရမ်းခ နှင့် အခြား အခွန်အခ များကိုသာ ကောက်ယူသင့် ပါတယ်။ ယင်းသို့ လုပ်ဆောင်ရာမှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နှင့် စံချိန်စံညွှန်းများအတိုင်း ထိန်းချုပ် ဆောင်ရွက်ရန် အတွက် အဖွဲ့အစည်းများတွင်
ကျွမ်းကျင်ပညာရှင်များ လိုအပ်ပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံတော် အကျိုးစီးပွားအတွက် သတ္ထုတွင်းလုပ် ငန်းတွေကို ဥပဒေ၊ နည်းဥပေ ဒများနဲ့ ထိန်းချုပ်ဆော င်ရွက်ကြမဲ့ သတ္ထုတွင်းစစ်ဆေးရေး အရာထမ်း (Mine Inspectors) များဟာလည်း ကျွမ်းကျင်ပညာရှင်များ ဖြစ်ရပါမယ်။ သတ္ထုတွင်းဝန်ကြီးဌာနရှိ လုပ်ငန်း အသီးသီးအား ဦးဆောင်မည့် သူများသည် ကျွမ်းကျင်ပညာရှင်များဖြစ်ရန် လိုအပ်ပါတယ်။ လက်ရှိသတ္ထုတွင်း ဌာနတွင် ဘူမိဗေဒ လေ့လာရေးဦးစီးဌာနမှလွဲ၍ ၀န်ကြီးရုံးများ အပါအ၀င် ဌာနများမှာ ဦးစီးနေသူများဟာ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ ပင်ရင်းဝန်ထမ်းများ မဟုတ်ကြဘဲ အများစုဟာ မိုးကျရွှေကိုယ်များသာ ဖြစ်နေပါတယ်။ ဒီမိုကရေစီစနစ်သို့ ဦးတည်ရွှေ့လျားနေသော မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတစ်ခုကို တာဝန်ယူရမည့်သူ အသစ်တစ်ဦး ရောက်ရှိ လာပါက နောက်တော်ပါ မိုးကျရွှေကိုယ်များ ပူးတွဲပါလာရန် မသင့်တော့ပါ။ အစိုးရမင်းများကလည်း သတ္ထုတွင်းလုပ်ငန်းရဲ့ သဘောသဘာဝကို နားမလည်တဲ့ မိုးကျရွှေကိုယ်များ သတ္ထုတွင်း ၀န်ကြီးဌာနကို မစေလွှတ်သင့်တော့ပါ။

သတ္ထုသယံဇာတမှာ နှစ်သန်းပေါင်းများစွာရှိမှ ဖြစ်တည်ရာ မိမိတို့ခေတ်တွင် စီးပွားဖြစ် ထုတ်လုပ်ရန် တွေ့ရှိပါက ထုတ်လုပ်အသုံးချရပါမယ်။ ယင်းသို့ အသုံးချရမည်ဆိုပါက ယင်းလုပ်ငန်းများ ဆောင်ရွက်နေတဲ့ လုပ်ငန်းနှင့် ကုမ္ပဏီများတွင် တတ်ကျွမ်းသူပညာရှင် အင်ဂျင်နီယာများ ဦးစီးပါဝင် လုပ်ကိုင်သင့်ပါတယ်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ထိန်းသိမ်းကွပ်ကဲရမဲ့ အဖွဲ့အစည်း အသီးသီး တွင်လည်း သက်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များ လုံလောက်စွာဖြင့် ဥပဒေ၊ နည်းဥပဒေများ အတိုင်း အဂတိ ကင်းရှင်းစွာဖြင့် ကြီးကြပ်ကွပ်ကဲရပါမယ်။ အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေသည့် ပညာရှင် အင်ဂျင်နီယာများ ဟာလည်း မိမိတို့ လိုက်နာစောင့်ထိန်းရမည့် “ကျင့်ဝတ်” အတိုင်း လိုက်နာဆောင်ရွက် ရပါမယ်။ မြန်မာနိုင်ငံ၏ တရားဝင် သတ္တုသယံဇာတ တူးဖော်ထုတ်ယူ အသုံးချမှုမှာ နိုင်ငံဧရိယာ အကျယ်အ၀န်းနှင့် နှိုင်းစာလျှင် မပြောပလောက်သော အနေအထားသာရှိပါ တယ်။ နည်းစနစ်တကျ သတ္ထုတူးဖော်ပြုလုပ်ပါက သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေဘဲ နိုင်ငံအကျိုးရှိမည်ဖြစ်ပါတယ်။

Mining in Any Form is Unsustainable ဟု ပြောစမှတ်ပြုနေသည်ကို ၀ိုင်းဝန်းကာကွယ်ရပါမယ်။ တက်ညီလက်ညီနဲ့ ဆောင်ရွက်နိုင်ရင် သတ္ထုတွင်း လုပ်ငန်းများကြောင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် လာမယ် ဖြစ်ပါတယ်။ သတ္ထုတွ င်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျ အောင်မြင်အောင် မဆောင်ရွက်နိုင်ပါက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့် ၀ိရောဓိဖြစ်လာပြီး ပြည်သူလူထု၏ အမြင်လွဲမှား ဆန့်ကျင်မှုကို ခံရမယ်ဖြစ်ပါတယ်။ သတ္ထုရိုင်းသိုက်များကို စနစ်တကျ ထုတ်ယူနိုင်ခြင်းဖြင့် တင်ပြခဲ့သော အနိဌာရုံများမဖြစ်ရ အောင်
ဆောင်ရွက်ရပါမယ်။

သတ္ထုတွင်းအင်ဂျင်နီယာများသည်လည်းကောင်း၊ အင်ဂျင်နီယာများနှင့် ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ အစိုးရမင်းများဟာ သတ္ထုတွင်းလုပ်ငန်းများရဲ့ သဘောသဘာဝကို နားလည်ပြီး မိမိတို့ လိုက်နာရမယ့် ကျင့်ဝတ် သိက္ခာများကို တိကျစွာ ကျင့်သုံးကြဖို့ လိုအပ်ပါတယ်။ ပြည်ထောင်စုအတွင်းရှိ ဓာတ်သတ္ထု သယံဇာတ ရင်းမြစ်များကို အကျိုးရှိအောင် ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ စီမံခန့်ခွဲပြီး ထုတ်ယူသုံးစွဲရင်း “မြေလွှာကိုဖွင့် ပြည်ကိုမြှင့်အံ့” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြ ပါရန် တိုက်တွန်းအပ်ပါတယ်။

ထင်လင်းဖေ

[ဆောင်းပါးရှင်သည် ရန်ကုန်စက်မှုတက္ကသိုလ်မှ B.E (Mining) ဘွဲ့ကို ရရှိခဲ့ပြီး သတ္ထုတွင်းဝန်ကြီးဌာနတွင် လ/ထ သတ္ထုတွင်း အင်ဂျင်နီယာမှ ဦးဆောင်ညွှန်ကြားရေးမှူးအထိ ရာထူး အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်သည်။]

Photo>> ဖားကန့်ကျောက်စိမ်းမြေ- bbc.com

Photos from Mining engineering. students's post 22/07/2015

Miningနှင့်သက်ဆိုင်သောအကြောင်းအရာများနှင့်သိကောင်းစရာများကိုဆရာကြီးများကDiscussionပြုလုပ်ပေးမဲ့ပွဲလေးတစ်ခုဖြစ်ပါတယ။တတ်ရောက်ကြသူများအတွက်နောင်တစ်ချိန်မှာအလုပ်အကိုအခွင့်လမ်းများစွာရောknowledgeတွေပါရှိစေနိုင်မဲ့ပွဲလေးတစ်ခုဖြစ်ပါတယ်တတ်ရောက်ကြဖို့တိုက်တွန်းအပါပါတယ်ဗျာ
Contact-09402665304
-092036592
-09259125055်

Mobile uploads 20/02/2015

Mining Third Generation လေးတွေရဲ့Rehearsal Convocation Dayပါ

Photos 16/01/2015

Little learner operators!

**Send mining related photos in via a Facebook message**

Mobile uploads 16/01/2015

Komatsu 930E's lined up for photo day in Pilbara, WA.

**Send in your best photos via a Facebook message**

Photos 16/01/2015

Replacing a tip on a 996!

**Send in mining photos via a Facebook message**

09/01/2015
Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address


Mandalay Technological University
Mandalay
123456789