Highway English

Highway English

Share

Highway English is an English Language Training Centre founded by Tr. August (Mandalay). Our vision is to install English language skills to Myanmar people.

16/08/2025

📣ဆရာဂုတ်ရေ...
English တော့ လေ့လာချင်တယ်၊ ဘယ်ကစရမလဲ မသိဘူး။
လုပ်တော့လုပ်နေတယ်ဆရာ တိုးတက်တယ်မခံစားရဘူး။
ခဏခဏတော့ သင်တန်းတွေတက်တယ်၊ ဘာမှထူးမလာလို့ ဆရာရေ... ဆိုတဲ့ လူတွေအတွက်..တောင်းဆိုမှုများတဲ့ အတန်းလေး ပြန်ဖွင့်ပါမယ်။ 👏👏👏👏👏

Online Class ပါ။ လိုတဲ့ သူများမြင်အောင် Share ပေးပါဦး ခင်ဗျာ။

😎အခုဖွင့်မဲ့အတန်းလေး ပြီးရင်...
1. ကိုယ်တိုင်ကိုယ်ကျ အချိန်ဇယားဆွဲပြီး လေ့လာနိုင်မဲ့ plan တစ်ခုပေါ်လာမယ်။
2. ဘယ်အပိုင်းတွေကို ဘယ်လိုလုပ်ဆိုတဲ့ နည်းလမ်း တွေလည်း သိသွားမယ်။
3. ဘာသာစကားလေ့လာတာကို အရှိန်မြှင့်ပေးမဲ့ ဘာသာစကားလေ့လာမှု အခြေခံတွေ သိသွားမယ်။
4. ကိုယ်လုပ်နေတာတွေအတွက် ကိုယ်တိုင်အကဲဖြတ်လေ့လာပြီး တိုးတက်မှုကို အတိုင်းသားမြင်ရမယ်။
5. ကိုယ်တိုင်လမ်းကြောင်းမှန်ပေါ်ရောက်လာသလို သူများကိုလည်းဆွဲတင်နိုင်လာလိမ့်မယ်။

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

🙋ဘယ်သူတွေအတွက်လဲ..
အခြေခံအားဖြင့် A2 နဲ့ အထက် English level ရှိတဲ့ လေ့လာသူတိုင်းအတွက် ဖြစ်ပေမဲ့
CPD လုပ်ချင်တဲ့ Teacher တွေ၊ English level ခပ်မြင့်မြင့်ကို တဆင့်ချင်းတက်မဲ့
Student တွေ/ scholarship hunter လုပ်မဲ့သူတွေ၊ ရေရှည်မှာ ပညာရပ်ဆိုင်ရာတခုခုကို
ကျောင်းတွေ/Uni တွေမှာလေ့လာကြတော့မဲ့သူတွေ တက်သင့်ပါတယ်။

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

💯ဘာတွေသင်ပေးတာလဲ..
ကို​ယ်တိုင် ဦးစီးဦးဆောင်ပြုပြီး ဆက်လက်လေ့လာသွားနိုင်ဖို့ အခြေခံလိုအပ်ချက်တွေပေးတာပါ။ ခက်လှပါတယ်ဆိုတဲ့ English ကို ဘယ်လိုလွယ်အောင် ဘယ်ရှုထောင့်ကကြည့်တယ်၊ ဘယ်လိုမှတ်မိအောင် ဘာနည်းလမ်းတွေသုံးတယ်။ ကြားသမျှမြင်သမျှတွေ အပိုင်ရအောင် ဘယ်လို မှတ်သားတယ်... ဘယ်လိုလေ့ကျင့်တယ်ဆိုတာမျိုးတွေသင်တာပါ။ စကားတွေရဲ့ အသံ၊ စကားတွေရဲ့ ဖွဲ့စည်းဖြစ်ပေါ်တတ်ပုံနဲ့ ဘယ်ကဘယ်လိုဖြစ်ပေါ်လာကြသလဲဆိုတာတွေ ရှာဖွေ၊ သိရှိ၊ မှတ်သား၊ ခံစားတတ်သွားရင် မေ့ဖျောက်ဖို့ ခက်တဲ့ မှတ်ဥာဏ်တွေ ဖြစ်လာတာမို့ ဒါက်ို အထူးအလေးထားသင်ပေးပါတယ်။

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

✅ဘယ်လိုသင်တာလဲ....
များသောအားဖြင့်တော့ ကျွန်တော်က သဘောတရားတခု ပြောပြတဲ့အခါ နမူနာဥပမာတွေနဲ့ တင်ပြပြီးရင် အားလုံးပါဝင်တဲ့ ဆွေးနွေးမှုလုပ်ပါတယ်။ ကျွန်တော်နဲ့အတူ
စမ်းသပ်လုပ်ဆောင်မှုတွေပါပါတယ်။ ဒါကို လေ့လာသူများက မှတ်တမ်းတင်ထားပြီး ကိုယ်အားမဲ့ အချိန်မျိုးမှာ ပြန်လည်လေ့ကျင့်စေဖို့ဖြစ်ပါတယ်။ သင်ခန်းစာတခု ဆိုတာထက် သင်တန်းပြီးတဲ့ အခါ မိမိဖာသာတယောက်တည်း လေ့ကျင့်နိုင်စေဖို့ နည်းလမ်းများကို ဦးတည်ပြီး ပြောပြပေးတာဖြစ်ပါတယ်။

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

❓ဘယ်လိုခံယူချက်နဲ့ ဒီသင်တန်းဖွင့်တာလဲဆိုရင်
ဘာသာစကားဆိုတာ ကိုယ်တိုင်လေ့လာ လေ့ကျင့်နိုင်ကြောင်း သက်သေပြချင်တယ်။ ဦးနှောက်က ဖန်တီးထားတဲ့ အကြောက်တရားကို ကျော်လွန်ပြီး လက်တွေ့မှ ကိုယ်တိုင်တိုးတက်မှုလုပ်ဆောင်နိုင်တဲ့ အလုပ်တွေကို မီးမောင်းထိုးပြပြီး အသင့်တော်ဆုံး နည်းလမ်းတွေကိုရွေးချယ်အသုံးပြုနိုင်အောင် ဦးဆောင်ပေးမယ်။

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

⚠️တချို့ကတတ်မြောက်မှုရှိသွားတယ်..ဘယ်လို့လုပ်လိုက်လို့ တိုးတက်သွားတယ်ဆိုတဲ့ ကိုယ့်အတွက်ထိရောက်တဲ့ လေ့လာမှုပုံစံကို မသိလိုက်ကြဘူး။ ဆိုတော့ တခုမှာ ကျွမ်းကျင်ပေမဲ့ အဲ့ဒီအရာကို နောက်တခုမှာ ပြန်ပြီး အသုံးမချတတ်ကြတော့ဘူး။ ဘာသာစကားတိုင်းဟာ
လေ့လာပုံလေ့လာနည်း သိပ်ပြီးကွာတာမဟုတ်ဘူး။ ကိုယ်က ချက်ကောင်းကို ထိအောင်ပြစ်နိုင်ရင် အချိန်/ငွေ/အင်အား သက်သာသလို အခြားလေ့လာမှုတွေမှာလည်း အသုံးချလို့ရတယ်။ ဘာသာစကားလေ့လာမှု ဖြစ်စဥ်ကို သဘောပေါက်နားလည်သွားတဲ့အခါ English မှမဟုတ်ပဲ အခြားဘာသာစကားတွေကိုလည်း ထိထိရောက်ရောက်လေ့လာတတ်လာမယ်။

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

ℹ️ချွင်းချက်အနေနဲ့ A2 level လောက်အနည်းဆုံးရှိမှ တက်စေချင်တယ်။ ပြီးတော့ အချိန်မအားတဲ့သူတွေလည်း စိတ်မပူဖို့ပြောချင်တယ်။ Record လုပ်ထားတဲ့
Video file ကို Telegram မှာတင်ထားပေးမယ်။

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

❤️ဘာတွေ အပိုရမလဲ...
စာသင်ချိန်ပြီးတိုင်း Q&A Session ရှိမယ်။ ကြိုက်တဲ့ အကြောင်းအရာကို ဆွေးနွေးမေးမြန်းနိုင်မယ်။
အတွေ့အကြုံတွေရော အခက်အခဲတွေရာ ပြောပြပြီး လိုချင်တဲ့ ပန်းတိုင်အတွက် ဆရာဂုတ်က ကူပြီးစဥ်းစားပေးမယ်။ ဒါ့အပြင်.. အခွင့်အရေးရရင်ရသလို ဆရာဂုတ်အပြင် အခြားသက်ဆိုင်ရာနယ်ပယ်က ဆရာ/ဆရာမ တွေနဲ့ Private Webinar Session လေးတွေတက်ခွင့်ရအောင် ဖိတ်ခေါ်စီစဥ်ပေးမယ်။

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

🏆ဘာလို့ဖွင့်သလဲ-
ဆရာဂုတ်က 𝐨𝐧𝐞-𝐨𝐧-𝐨𝐧𝐞 တွေချည်း သင်နေတာမို့
လူအများကြီးကို 𝐜𝐨𝐧𝐭𝐫𝐢𝐛𝐮𝐭𝐞 မလုပ်နိုင်ဘူး။
လူအများနဲ့ အတန်းတွေ ဖွင့်ချင်ခဲ့တယ်။ ပြောပြပေးချင်တယ်။ ဒီတော့ ဖွင့်မှရမယ်။ နည်းစနစ်နဲ့ အခြေခံဗဟုသုတရှိပြီး ကိုယ့်ဖာသာ လေ့လာနိုင်တာဟာ ရွှေထက် အဖိုးတန်တယ်။ ဒီသင်တန်းက သင်တန်းကင်းမဲ့ ဇုန် ကို ရောက်ဖို့ ရည်ရွယ်တာ။
ဟုတ်ပါတယ်...ဒါဟာ အသစ်အများကြီးထည့် ထပ်ပြီး မွမ်းမံထားတဲ့ အရင်တခေါက်က ဖွင့်ခဲ့တဲ့ Sunflower Class ပါပဲ။

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

👀 Review သိချင်ရင် ဒီမှာကြည့်
https://www.facebook.com/share/p/19eA5egzmV/?mibextid=wwXIfr

🥎 (၈) ပတ်ကြာမယ်။
🥎 September 8 ရက်နေ့စမယ်။
🥎 Monday, Wednesday ညနေ MMT 7:30 to 9:00 pm
🥎 Fees 300,000, August လက ကျွန်တော့မွေးလမို့ August လထဲမှာ သင်တန်းအပ်မယ်ဆို Early Bird Discount အနေနဲ့ 200,000 ပဲသွင်းရမှာပါ။ 👏👏👏

သင်တန်းကြေး အခက်အခဲရှိတဲ့ ဆရာ/ဆရာမ ဖြစ်သူ ဆိုရင် လာပြောပါ။ commitment တခုရရင် လျှော့ပေးပါ့မယ်။

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

🏆ဘယ်လို အပ်ရမလဲ
Kpay U Min Htet
09458888778 ကို
Note မှာ DIY+[your name] ဥပမာ- [DIY-Mg Phyu] ရေးပြီး သင်တန်းကြေး လွှဲပါ။
ပြီးရင် screenshot နဲ့ ကျနော့ Account Chat Box or IELTS by Teacher August Page ရဲ့ Chat box မှာ လာပြောပေးပါ။

03/02/2025

Highway English အင်္ဂလိပ်သင်တန်းက
နွေအတန်းများ၊ လူအများနဲ့ အတန်းများ
မဖွင့်နိုင်ခဲ့တာ ၂ နှစ်ရှိပါပြီ။
နေရာလိုအပ်ချက်အရကြောင့် အဓိကဖြစ်ပါတယ်။
Highway English ရဲ့ တည်ထောင်သင်ကြားသူ
ဆရာမင်းထက် (Teacher August) ကတော့
IELTS By Teacher August Page မှာ နဲ့
August Htet Account မှာ Active ဖြစ်ပါတယ်။
တစ်ဦးချင်းသင်တဲ့ Class တွေ ဖွင့်လှစ်သင်ကြားနေတာပါ။
လူအများနဲ့ ဒါမှမဟုတ် Online သင်တန်းတွေ ဖွင့်ဖို့လည်း
အစီစဉ်ရှိတာမို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်တဲ့အခါ
ဒီ Page ကနေလည်း တင်သွားပေးပါမယ်ခင်ဗျာ။

Highway English

24/09/2024

Language learners need tons of successful moments of conveying their thoughts and ideas through the target language. That is the one and only way to boost their confidence.
Educators who neglect the emotional well-being of students deserve nothing.

Do correct me if I am wrong.
Sir Goth

20/05/2024

🎁🎉𝐀𝐩𝐩𝐫𝐞𝐜𝐢𝐚𝐭𝐢𝐨𝐧 𝐏𝐨𝐬𝐭 & 𝐑𝐞𝐬𝐮𝐥𝐭 𝐑𝐞𝐜𝐨𝐫𝐝🎉🎊

ကျွန်တော်က 𝐎𝐧𝐞-𝐨𝐧-𝐨𝐧𝐞 𝐈𝐄𝐋𝐓𝐒 𝐓𝐫𝐚𝐢𝐧𝐞𝐫 ဖြစ်လို့ ကျောင်းသားများများစားစား မရှိပါဘူး။ ဒါပေမဲ့
ဘဝမှာ အောင်မြင်အောင် လုပ်နိုင်တဲ့ 𝐦𝐢𝐥𝐞𝐬𝐭𝐨𝐧𝐞 လေးတွေကို အမှတ်တရ သိမ်းထားချင်လို့ပါ။

ကျွန်တော်အတန်းရဲ့ မူဝါဒက
“𝐈𝐄𝐋𝐓𝐒 လုပ်ရင်း 𝐋𝐢𝐟𝐞-𝐥𝐨𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 အတွက် ပြင်ဆင်” ပါ။ ကျွန်တော့် 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 တွေနဲ့ ကျွန်တော့ရဲ့ အဓိက 𝐌𝐢𝐬𝐬𝐢𝐨𝐧 က 𝐈𝐄𝐋𝐓𝐒 𝐬𝐜𝐨𝐫𝐞 မဟုတ်ပါဘူး။ 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐉𝐨𝐮𝐫𝐧𝐞𝐲 တစ်ခုလုံးအတွက် 𝐑𝐞𝐚𝐝𝐲 ဖြစ်ဖို့ပါ။

ဒီနေရာမှာ ကျွန်တော်က 𝐢𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐜𝐨𝐮𝐫𝐬𝐞 တွေ ပေးရသူမို့
ပြင်ဆင်ချိန် အနည်းဆုံး 1.5 𝐦𝐨𝐧𝐭𝐡 to 4 𝐦𝐨𝐧𝐭𝐡 ပေးထားပြီး ရရှိခဲ့တဲ့ 𝐒𝐜𝐨𝐫𝐞 တွေဖြစ်ပါတယ်။

ကျောင်းသားက ဆရာ ကျွန်တော်တော့/ ကျွန်မတော့ ဒီ 𝐃𝐚𝐭𝐞 ဖြေမှ ဖြစ်မယ်ဆိုပြီး ရောက်ချလာကြတာပါ။
ကျွန်တော်က သူတို့ မှန်းတဲ့ 𝐒𝐜𝐨𝐫𝐞 ထက် အမြဲပိုပေးနိုင်အောင် physically and mentally strong ဖြစ်အောင် အချိန်တိုအတွင်း လုပ်ပေးရတာပါ။ အချိန်ရရင်တော့ Language ပိုပြည့်အောင် အားထုတ်ပေးပါတယ်။

ဒီနေရာမှာ တကယ်ကို ကျေးဇူးတင်မဆုံးဖြစ်ရတာ ကျွန်တော့ရဲ့ ချစ်လှစွာသော 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 တွေပါ။
ဆရာတွေးခိုင်းသလို လိုက်တွေး၊ လုပ်ခိုင်းတာတွေလုပ်၊ 𝐟𝐞𝐞𝐝𝐛𝐚𝐜𝐤 တွေကို သေချာနားထောင်ပြီး ကြိုးစားပြင်ဆင်ကြလို့ အောင်မြင်ကြရတာဖြစ်ပါတယ်။
ကျွန်တော် ဘာပဲသင်ပေးပေး ကိုယ်တိုင် အားမထုတ်ရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ 𝐓𝐡𝐚𝐧𝐤𝐬 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐡𝐚𝐫𝐝 𝐰𝐨𝐫𝐤. ☺️

ရှေ့ဆက်ပြီးတော့လည်း ဒီထက်ပိုကောင်းတဲ့ ပိုထိရောက်တဲ့ အားထုတ်မှုတွေ ပေးနိုင်အောင် ပိုကြိုးစားပါ့မယ်လို့ ဆရာ ဩဂတ်စ် ကတိပြုပါတယ်။ 🙌

Teacher August

03/03/2024

IELTS High-achiever Training

ခုကစ နောက်ပိုင်း ielts one-on-one Students တွေကို
Test တွေ အိမ်မှာလုပ်ခိုင်းပြီးFeedback ပေးတာမလုပ်တော့ဘူး။ သင်တန်းမှာပဲ တစ်ရက်(၃)နာရီ လာရောက် လေ့ကျင့်ဖို့ လုပ်တော့မယ်။ ဖင်ကိုက် ခေါင်းကိုက်၊ ခရီးသွား၊ သမီးရည်းစားစကားများနဲ့ အတော် အလုပ်မလုပ်ကြလို့။ ကျောင်းဖွင့်ရင်တော့ coffee shop ပါတွဲဖွင့်မယ် ရှုပ်လို့။ ရှိသမျှအကုန် အဲ့ဆိုင်ထဲထည့်ပြီး practice test ထိုင်ဖြေခိုင်းမယ်။ mentor တစ်ယောက် standby ထားပြီး Speaking Test ပါနေ့တိုင်း ဖြေခိုင်းမယ်။
အခုတက်ချင်သူတွေက -
🎁E ကောင်းပြီးသာဆို Test Structure (2) လ + practice (၁)လ စုစုပေါင်း (၃)လ လာတက်ပါ။
🎁E မကောင်းရင် E အရင် တင်ပါ။ တင်ချင်တဲ့နေရာမှာတင်ခဲ့ပါ။
🎁IELTS prep class တခြားဆီမှာ တက်ပြီးသားဆို
High-achiever Training(1) လ၊ Practice (1) လ လာတက်ပါ။ ခုတော့ကိုယ်တစ်ယောက်တည်း သင်တာမို့ very limited နော်။ one-on-one ရမယ်။ သူငယ်ချင်းတွေစုတက်ချင်ရင် (၅) ယောက်စုခဲ့နော်။ one - on - one ထက် ပိုသက်သာမယ်။

Score ကောင်းကောင်းကို ကိုယ်တိုင် လိုချင်မှလာခဲ့နော် ။
မလွယ်တာကို လုပ်ရမှာမို့ပါ။

Photos from Highway English's post 15/10/2023

Making Gimbap in the classroom.
Learning is fun.
Highway English Weekend Reading & Speaking Class.
❤️

19/09/2023

❤️

14/09/2023

“Grammar မသင်တဲ့အတန်း (ခ) လေ့ကျင့်တန်း”
In-person- mdy- no grammar- easy - fun
Learning ❌
Acquiring ✅

Grammar မသင်ပဲ တတ်ပါ့မလားဆရာရယ်။
လောင်းကြေးထပ်မလား😁။
ဆရာဩဂတ်စ် ကိုယ်တိုင်သင်ပါမယ်။

👉Grammar မသင်တာထက် Grammar ကို Naturally acquire လုပ်သွားတဲ့ပုံစံပါ။ တစ်ကမ္ဘာလုံးသိတဲ့ အင်္ဂလိပ်ဆရာ AJ Hoge ရဲ့နည်းဖြစ်သလို ကလေးငယ်တွေမိခင်ဘာသာစကားကို လေ့လာသလို comprehensible input ထည့်ပြီး လေ့ကျင့်နေတဲ့ အတန်းပါ။🫵

ဒီအတန်းလေး run နေတာကြာပြီ။ ခုမှ ကြေငြာဖြစ်တာပါ။ ပုံမှန် လေ့ကျင့်နေတဲ့ သင်တန်းသားတွေလည်းရှိတာမို့
လူဦးရေ အကန့်သတ်ရှိပါမယ်။

🫵ထုံးစံအတိုင်း အသက်(၁၅) ပြည့်မှလာအပ်ပါ။
Mixed-age / mixed-level ပါ။
စာဖတ်မယ်/ video ကြည့်မယ်/ စကားပြောမယ်
ဒါပဲလုပ်တဲ့ အတန်းပါ။ အရေးတတ်ချင်ရင် တခြားအတန်း joinပါ ။ speaking ကောင်းချင်မှ လာတက်ပါ။

💪အဆင်ပြေတဲ့ စနေ/တနင်္ဂနွေကစပြီး Join နိုင်ပါတယ်။
လိုအပ်သူများကို ပြောပြပေးပါ။ သတင်းကောင်းပေးပေးပါ။💪

👨‍🏫သိလိုသမျှ cb မှာလာ​မေးပါ။

Tr August

05/09/2023

“2024 မရောက်ခင် English ကျွမ်းမယ်”
“Teacher August ရဲ့ Foundation အတန်းတက်ပြီးရင်
အင်္ဂလိပ်ဘာသာစကား လွယ်သွားတယ်လို့ ပြောကြတယ်။”

ဘယ်သူတွေတက်သင့်တာလဲ??
👉 IELTS/ GED/ IGCSE ပြင်ဆင်မဲ့ ကျောင်းသူ/သားတွေ။
👉 အင်္ဂလိပ်ဘာသာစကားကို စနစ်တကျ အခြေခံရချင်သူတွေ။
👉အင်္ဂလိပ်ပဲ ကွက်ညံ့နေတယ်လို့ ထင်နေသူတွေ။
👉နိုင်ငံရပ်ခြားမှာ ကျောင်းတက်ချင်တဲ့သူတွေ။
👉နိုင်ငံရပ်ခြားက အလုပ်ကိုင်အခွင့်လမ်းရှာသူတွေ။
👉အင်္ဂလိပ်စာနဲ့ ဝေးနေလို့ လေ့လာဖို့ မဖြစ်နိုင်ဘူးထင်တဲ့သူတွေ။
အဓိက တက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။

ဘာတွေသင်ပေးမလဲ/လေ့ကျင့်ပေးမလဲ။
👉အရိုးရှင်းဆုံး Grammar သဘောတရားတွေ သင်မယ်။
👉အသံပြင်မယ်။ ဗိုလ်သံပေါက်ရန် မဟုတ််။ ရှင်းလင်းပြတ်သားစွာ အများနားလည်အောင် ပြောနိုင်ဖို့။
👉ဝေါဟာရ Vocabulary ဆပွါးတက်တဲ့ စနစ်တွေပေးမယ်။

👉စာဖတ်ပြီး စကားပြော လေ့ကျင့်မယ်။
👉နားထောင်ပြီး စကားပြော လေ့ကျင့်မယ်။
👉စနစ်တကျ ရေးနည်းပေးမယ်။

⚠️သိထားရမှာက - ⚠️
🫵အတန်းမှန်ရမယ်။ ✍️တအားဝန်မပိစေတဲ့ ပေါ့ပေါ့ပါးပါး အိမ်စာ ပေးမှာမို့ စာလိုက်လုပ်ရမယ်။✍️တက်တက်ကြွကြွ ပူးပေါင်းပါဝင်ရမယ်။
👉လူတွေ့သင်တန်း ဖြစ်တယ်။ မန္တလေး အရှေ့ပြင်မှာ လာတက်ရမယ်။ ⚠️လူဦးရေ အကန့်သတ်ရှိတယ်။

👉CEFR နဲ့ဆို A2, B1 သမားတွေ B2 တက်သွားနိုင်တဲ့ အတန်းဖြစ်မယ်။

Highway English ရဲ့ တည်ထောင်သူ 👨‍🏫Teacher Augustကိုယ်တိုင်သင်မယ်။ သင်ကြားရေးအတွေ့ကြုံ (၉) နှစ်နီးပါးမှာ ကျောင်းသားပေါင်းထောင်ချီ သင်ပေးခဲ့ဖူးတာမို့ ကျောင်းသားရဲ့ လိုအပ်ချက်ကို သိပြီး တောက်လျှောက်ထိန်းကျောင်းပေးနိုင်တယ်။

သင်တန်းကြေး - 250,000 (3-လစာ အပြီး)
30% discount for old students
နောက်ဆုံးအပ်နှံရမည့်ရက်-15/9/2023

⚠️ဆရာနဲ့ ဆွေးနွေးတိုင်ပင်လိုသော မိဘများ
ဖုန်းဆက်ပြီး appointment ယူပေးပါ။

Hotline: 09 45 8888 778
58(A), 25x26 , မန္တလေးမြို့။

05/09/2023

“အင်္ဂလိပ်သင်တန်း တန်အောင်တက်နည်း”
————————————————————
အင်္ဂလိပ်ဘာသာစကားလေ့လာကြတယ်။
သင်တန်းတက်နိုင်လှ ၁/၂ နှစ်အလွန်ဆုံးပေါ့။
သွားရ/လာရ၊ ငွေကုန်ကြေးကျခံရ။ အချိန်ပေးရနဲ့။
ထိထိရောက်ရောက်နဲ့ အကျိုးရှိအောင်တက်ရင်
(၃)လနဲ့လည်း အဆင်ပြေနိုင်တယ်။
ဒီအချက်လေးတွေ လုပ်ကြည့်ပါ။

၁။ အတန်းမှန်မှန်တက်ပါ။
ဒါမှ စာတွေ အားလုံး သေချာလေးလိုက်နိုင်မယ်။
သင်တန်းက လေ့ကျင့်ပေးတဲ့ ဟန်ကိုရမယ်။

၂။ ဆရာ/ဆရာမနဲ့ ရင်းနီးအောင်နေပါ။
နားမလည်တာရှိရင် အချိန််မရွေး မေးနိုင်အောင်ပါ။
ဒီထက်အရေးကြီးတာက ကိုယ်ဖြစ်ချင်တဲ့ ရလဒ်ကို
ဆရာဆရာမတွေက ဆွေးနွေးအကြံပေးနိုင်ပါတယ်။
သင်တန်းသား ဦးရေ သိပ်များရင် မတက်ပါနဲ့။
၂၀ လောက်က ပုံမှန်ပါပဲ။

၃။ မိတ်ဆွေဖွဲ့ပါ။
သင်တန်းကိုလာတက်ရခြင်းမှာ တတ်ကျွမ်းဖို့ပြီးရင်
အဓိက အရေးကြီးဆုံးပါပဲ။ ဆရာဆီကပဲ လေ့လာမနေပါနဲ့
အချင်းချင်းပြန်သင်တာ ထိရောက်မှန်း သိတယ်မဟုတ်လား။
အရမ်းကို တက်ကြွစွာ ပူးပေါင်းပါဝင်ပါ။

၄။ ကိုယ်တက်တဲ့ သင်တန်းကနေ တခြားဘာတွေရနိုင်သေးလဲမေးပါ။
ဥပမာ - free class တွေ၊ social club တွေ ၊ အခြားအတန်းတွေအတွက် discount တွေ စာအုပ်ငှါးတာတွေ ၊ စာသင်ခန်းပြင်ပ လေ့ကျင့်မှုတွေအတွက် အကူညီတွေ၊ scholarship လျှောက်ဖို့ အလုပ်ဝင်ဖို့ recommendation letter စတာတွေပေါ့။

၅။ သင်တန်းတက်နေတုန်း အပြင်မှာ Self-study အသားကုန်လုပ်ပါ။
မသိတာမှန်သမျှ သင်တန်းကို စောစောသွားပြီးမေးပါ။
မေးရင်ဖြေပါတယ်။ ဆရာဆိုတာ မေးခံချင်လွန်းလို့ စောင့်နေကြတဲ့သူတွေချည်းပါ။

၆။ သင်တန်းပြီးရင် ထပ်ပြီး ဆက်ပြီး ဘယ်လိုလေ့လာရမလဲမေးပါ။ အတန်းသစ်တွေ နောက်Level တွေ join ခိုင်းတတ်ပါတယ်။ ကိုယ်က မ join နိုင်လည်း ဘာမှမဖြစ်ပါ။ ဆရာ မပါပဲ လေ့လာနိုင်မဲ့ နည်းတွေ တောင်းပါ။

ဒါတွေအသုံးချမယ်ဆို သင်တန်းတက်ရတာ
တအားတန်ပါတယ်။

Highway English, Mandalay

Photos from Highway English's post 03/09/2023

Sat & Sun Skill Training ❤️

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


58(B), 30(E) And 32, ChanAyeTharZan Township
Mandalay

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30