Online Courses With Certificate

Online Courses With Certificate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Online Courses With Certificate, Angkasa Impian.2, Jln Sahabat, Bukit bintang, Mandalay.

"ယုံကြည်ရတဲ့သူ ဖြစ်အောင်လုပ်ပါ"လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ ဘယ်အဖွဲ့အစည်းက ဘယ်ရာထူးမှာ လုပ်နေပါစေ၊ သူဟာ ယုံကြည်...
18/04/2026

"ယုံကြည်ရတဲ့သူ ဖြစ်အောင်လုပ်ပါ"

လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ ဘယ်အဖွဲ့အစည်းက ဘယ်ရာထူးမှာ လုပ်နေပါစေ၊ သူဟာ ယုံကြည်ရတယ်၊ Reliable ဖြစ်တယ် ဆိုပြီး နာမည်ရသွားရင်၊ လူကြီးတွေက သိသွား၊ လက်ခံသွားရင် အဲဒါ အမြင့်ကို ဆက်တက်ဖို့ လှေကားတစ်စင်းရပြီလို့ပဲ မှတ်ပါတဲ့…။

ခေါင်းဆောင်တစ်ယောက်ရယ်လို့ ဖြစ်လာရင် သူလုပ်ရမယ့် အရေးကြီးတာ၀န်တစ်ရပ်က သူ့လိုခေါင်းဆောင်တွေ မွေးထုတ်နိုင်ဖို့ပါပဲ။ ဒါကြောင့် ခေါင်းဆောင်တွေဟာ Potential (အလားအလာ) ရှိတဲ့သူတွေကို အမြဲစောင့်ကြည့်နေတတ်တယ်။ ဒီလိုပဲ၊ စီမံခန့်ခွဲရတဲ့သူတွေမှာလည်း Delegation ဆိုတဲ့ တာ၀န်ခွဲပေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရတယ်၊ သူတစ်ယောက်တည်း အကုန်လိုက်လုပ်နေလို့ မရနိုင်ဘူး။ ဒီအခါမှာ အဲဒီမန်နေဂျာဟာ သူပေးလိုက်တဲ့တာ၀န်ကို အကောင်းဆုံးလုပ်နိုင်တဲ့သူ၊ ပြီးပြီလားလို့ တွန်းနေစရာ မလိုတဲ့သူ၊ သပ်သပ်ရပ်ရပ် လုပ်တတ်တဲ့သူကို လိုချင်မှာအမှန်ပဲ။ အဲဒီလို စိတ်ချရတဲ့ လူတွေဟာလည်း ဒီခေတ်မှာ ရှားပါးလှတာမို့ တစ်ယောက်တစ်လေ တွေ့လိုက်ရင်ကို လစာတွေအများကြီးပေးပြီး ကိုယ့်ဆီက ထွက်မသွားအောင် ဆွဲခေါ်ထားတတ်ကြတယ်။ ဒါကြောင့် ကိုယ့်ဘက်ကသာ အသင့်ပြင်ထားမယ်ဆိုရင် အခွင့်အလမ်းက ကိုယ်နဲ့လက်တစ်ကမ်းမှာပဲ ရှိလိမ့်မယ်။

ဒါဖြင့် ယုံကြည်ရတဲ့သူ (Reliable person) တစ်ယောက်မှာ ဘယ်လိုစရိုက်လက္ခဏာတွေ ရှိနေတတ်သလဲ။ လူငယ်ဘ၀မှာ ကိုယ့်နာမည်ကို ကြားလိုက်တာနဲ့ သူကတော့ သိပ်စိတ်ချရတယ်၊ သိပ်အားကိုးရတယ် ဆိုတာမျိုး လူကြီးတွေက တွဲမြင်နေအောင် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ။

၁။ ရိုးသားမှု (Honesty)

ငွေရေးကြေးရေးအရ ရိုးသားဖို့ လိုပါတယ်။ ကျန်တာမှားသွားလို့ ကိစ္စမရှိပေမယ့် အဲဒီရိုးသားမှုအပိုင်းမှာ အမည်းစက်ထင်သွားရင်တော့ ဘယ်လောက်တော်တဲ့သူ ဖြစ်ပါစေ၊ ရှေ့ဆက်ဖို့ ခက်ခဲသွားတတ်ပါတယ်။ ရိုးသားမှုဆိုတဲ့နေရာမှာ ငွေကြေးအပြင် အလုပ်နဲ့ပတ်သက်ရင်လည်း ရိုးသားဖို့ လိုပါတယ်။ မသိရင် မသိကြောင်း၊ မတတ်ရင် မတတ်ကြောင်း ပြောပါ။ မလုပ်တတ်တာကို လုပ်နိုင်သလိုလိုနဲ့ တာ၀န်ယူလာပြီးမှ အချိန်မီ မပြီးတာမျိုး၊ လုပ်ရင်းကိုင်ရင်း မှားသွားတဲ့အခါ ပွင့်ပွင့်လင်းလင်း မပြောဘဲ အကြောင်းလျှောက်ပြတာမျိုးတွေဟာလည်း ရိုးသားမှု မရှိတာကို ပြပါတယ်။

၂။ လုပ်ဆောင်နိုင်စွမ်း (Capacity)

အလုပ်တာ၀န် ဖြစ်လို့ ရိုးသားမှုတစ်ခုတည်း မလုံလောက်ပါဘူး၊ လုပ်ဆောင်နိုင်စွမ်းလည်း အရေးကြီးပါသေးတယ်။ ပွဲတစ်ခုကို စီစဉ်ပေးစေချင်တယ်၊ အကြောင်းအရာတစ်ခုကို စုံစမ်းခိုင်းချင်တယ်၊ အစည်းအဝေးတစ်ခုကို ဦးဆောင်စေချင်တယ်၊ ဒီလိုတာ၀န်တွေ ပေးလိုက်တဲ့အခါမှာ အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ကိုယ့်အလုပ်က ဘယ်လိုကျွမ်းကျင်မှုမျိုး ရှိထားဖို့ တောင်းဆိုသလဲ၊ အဲဒါကို ရှိနေအောင် လုပ်ပါ။

၃။ အသေးစိတ်များကို ဂရုစိုက်နိုင်ခြင်း (Detail oriented)

အဖွဲ့အစည်းတစ်ခုမှာ အဆုံးအဖြတ်ပေးရတဲ့ အဆင့်မျိုးရောက်လာရင် အသေးစိတ်တွေ အကုန်လိုက်ကြည့်ဖို့ ခက်လာပါတယ်။ ဒီအတွက် ကိုယ်အသေးစိတ်စစ်ဆေးထားပြီး အချက်အလက် အမှားအယွင်းကင်းတဲ့ အစီရင်ခံစာမျိုးကို တင်ပေးနိုင်မယ်ဆို သူတို့တွေ သိပ်သဘောကျပါလိမ့်မယ်။ လူငယ်ဘ၀မှာပဲ အဲဒီလို အသေးစိတ်တွေ အာရုံစိုက်နိုင်တာပါ။ အဲဒီမှာ အောက်သက်ကြေခဲ့မှ အဆင့်မြင့်မြင့်နေရာမျိုး ရောက်တဲ့အခါ အဆင်ပြေပါလိမ့်မယ်။ ခု လူငယ်ဘ၀မှာကို အသေးစိတ်တွေ သတိမထားတတ်ရင်၊ အမှားအယွင်းများနေရင် ယုံကြည်ခံရဖို့ ခက်ပါတယ်။ Devil is in the detail ပါ။ ကိုယ့်ကို ဒုက္ခပေးသွားနိုင်တဲ့၊ ကိုယ့်အလုပ်ကို ထိခိုက်သွားစေနိုင်တဲ့အရာတွေဟာ အဲဒီအသေးအဖွဲလေးတွေမှာ ရှိနေတတ်တယ်။ ဒါတွေကို မစစ်ဆေးမိလိုက်ဘဲ လွတ်ထွက်မသွားဖို့ ဂရုစိုက်ကြရပါမယ်။

၄။ မိမိအသိစိတ်ဖြင့် ဆောင်ရွက်ခြင်း (Initiative)

ခိုင်းမှလုပ်တတ်တဲ့ အကျင့်မျိုး ဖျောက်ဖို့လိုပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် စတင်လုပ်ဆောင်တတ်တဲ့ Self-starter ဖြစ်ရပါမယ်။ တစ်ခါပြပြီးရင် နောက်တစ်ခါ ထပ်ပြစရာ မလိုတော့ဘူး၊ ဒီအလုပ်တစ်ခုတည်းတင် မဟုတ်ဘဲ သူနဲ့သက်ဆိုင်ရာ၊ တခြားလိုအပ်မယ်ထင်တာလေးတွေကိုပါ ကြိုတင်လုပ်ထားတတ်မယ်ဆိုရင် လူကြီးတွေ သိပ်သဘောကျမှာပါ။

၅။ အချိန်မီ ပြီးစီးခြင်း (Timeliness)

အလုပ်တစ်ခု တာ၀န်ပေးခံရပြီဆိုပါတော့။ ဘယ်အချိန်ပြီးရမယ် ဆိုတဲ့ Deadline လည်း တစ်ပါတည်း ပြောလိုက်ပါလိမ့်မယ်။ အဲဒါကို ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားပါ။ ၃ရက်စာ လုပ်ရမယ့်အလုပ်ကို ညနေအပြီး လုပ်ခိုင်းတယ်ဆိုရင် မဖြစ်နိုင်ကြောင်း၊ အချိန်ပေးဖို့လိုကြောင်း ရှင်းရှင်းလင်းလင်းပြောပါ။ အဲဒီလို တာ၀န်တစ်ခုကို လက်ခံပြီးပြီဆိုရင်တော့ အချိန်မီပြီးစီးအောင် ကြိုးစားဖို့ လိုပါတယ်။ Deadline ပြည့်တဲ့နေ့ရောက်မှ မလုပ်ရသေးဘူး၊ မေ့နေလို့ ဆိုတာမျိုးတွေက ကိုယ့်အပေါ် ယုံကြည်မှုကို လျော့စေပါတယ်။

၆။ မဆိုင်းမတွ တုံ့ပြန်ဆောင်ရွက်ခြင်း (Responsiveness)

တာ၀န်တစ်ခု ပေးလိုက်တဲ့အခါ ဘယ်လောက်မြန်မြန် စလုပ်တတ်သလဲ၊ ဘယ်လောက်အချိန်တိုအတွင်း ပြီးစီးသလဲ ဆိုတာကလည်း လူငယ်တွေအတွက် အရေးကြီးပါတယ်။ တချို့ဆို တာ၀န်ပေးလိုက်ရင် တော်တော်နဲ့ စမလုပ်ဘူး။ လုပ်တတ်ပါရက်နဲ့ အချိန်ဆွဲနေတယ်။ အဓိကက စိတ်ဓါတ်တက်ကြွမှု မရှိတာနဲ့လည်း ဆိုင်ပါတယ်။ စိတ်ဓါတ်တက်ကြွမှုဆိုတာကလည်း အလုပ်အပေါ် သူ ဘယ်လိုသဘောထားသလဲဆိုတာကနေ ပေါ်လာတာမျိုးပါ။ ဒီလိုပဲ ခိုင်းရင်လုပ်လိုက်တာပေါ့ ဆိုတာထက် ငါ ဒီမှာဘယ်လိုအရေးကြီးတဲ့ အခန်းကဏ္ဍကနေ အလုပ်လုပ်နေတယ်ဆိုတာမျိုး တွေးထားရင် လူဟာ စိတ်ဓါတ်တက်ကြွတယ်၊ အလုပ်လုပ်ချင်စိတ် အပြည့်ဖြစ်နေတယ်။ ဒီတော့ တာ၀န်တစ်ခုပေါ်လာရင် မဆိုင်းမတွ ချက်ချင်းစလုပ်တတ်တယ်။

၇။ ဆက်သွယ်ပြောဆိုခြင်း (Communication skill)

အလုပ်တာ၀န်နဲ့ ပတ်သက်တဲ့ ဆက်သွယ်ပြောဆိုခြင်းဆိုတာဟာ အဓိကအားဖြင့် အစီရင်ခံစာ ရေးတာ၊ အချိန်နဲ့တပြေးညီ အခြေအနေကိုတင်ပြတာမျိုးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ပင်ပင်ပန်းပန်း အလုပ်လုပ် ဆို လုပ်လိုက်မယ်၊ အစီရင်ခံစာလေး တစ်မျက်နှာလောက် ရေးဖို့ကိုတော့ အင်မတန်တွန့်ဆုတ်ကြတယ်။ အင်္ဂလိပ်လို ရေးရမယ်ဆို ပိုလို့တောင် ဆိုးသေးတာပေါ့။ တာ၀န်တစ်ခု ပေးလိုက်ပြီဆို အဲဒါ အဆင်ပြေမပြေ၊ ပြီးမပြီး လူတိုင်း ပြန်သိချင်ပါတယ်။ စိတ်ချချင်တာလည်း ပါသလို၊ လိုအပ်တဲ့ အကူအညီပေးဖို့ရှိတယ်ဆိုလည်း ပေးနိုင်အောင် သိချင်ကြတာပါ။ ဒါကြောင့် ဘာတာ၀န်မျိုးကို ယူခဲ့ပါစေ၊ အမြဲတမ်း Report back လုပ်ပါ။ အဲဒီအလေ့အကျင့်ဟာ လူကြီးနဲ့ကိုယ်နဲ့ကြား ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ပြီးသား ဖြစ်သွားနိုင်သလို ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကိုလည်း သတိထားမိသွားစေနိုင်ပါတယ်။

၈။ လွှမ်းမိုးနိုင်စွမ်း ရှိခြင်း (Influence)

ရာထူးငယ်ငယ်မှာ Technical skill ရှိရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲရတဲ့ Managerial role တစ်ခု ရဖို့ဆိုရင်တော့ လူတွေကို စည်းရုံးလှုံ့ဆော်နိုင်တဲ့၊ လွှမ်းမိုးနိုင်တဲ့ အရည်အသွေးမျိုး ရှိဖို့ လိုအပ်လာပါတယ်။ လူငယ်တွေကို ကြည့်လိုက်ရင် တစ်ချို့ဟာ သူတို့သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်မှုရှိပေမယ့် လူတွေကို Motivation Inspiration ပေးရတဲ့အပိုင်းတွေမှာ မလုပ်ချင်ကြတာ၊ မလုပ်နိုင်ကြတာကို တွေ့ရပါတယ်။ အဲဒီအခါ ခေါင်းဆောင်နေရာ၊ စီမံခန့်ခွဲရတဲ့နေရာမျိုးကို လွှဲပေးဖို့ အင်မတန်ခက်ပါတယ်။ ။

Youth is an opportunity to do something and to become somebody in life.

လူငယ်ဆိုတာ ဘ၀မှာ တစ်စုံတစ်ယောက် ဖြစ်လာဖို့အတွက် တစ်ခုခုလုပ်နေရမယ့် အချိန်ကောင်းပါပဲ တဲ့။ ခပ်ရှင်းရှင်းပြောရရင် လူငယ်ဘ၀ဆိုတာ လူကြီးဖြစ်လာတဲ့အခါ အောင်မြင်မှုတွေရဖို့ ပြင်ဆင်ရတဲ့ အချိန်ကာလတစ်ခုပါ။

အောင်မြင်သူတစ်ယောက်ကို တွေ့တဲ့အခါ လူတွေဟာ ပင်လယ်ပြင်မှာ မျောနေတဲ့ ရေခဲတုံးကြီးကို မြင်ရသလိုမျိုး ပြောတတ်ကြတယ်။ တကယ်ဆို အပေါ်ယံမြင်သာတာလေးက နည်းပြီး ရေအောက်မှာ မြုပ်နေတဲ့ အစိုင်အခဲကြီးက အကြီးကြီးပါ။ ခုလည်း ဒီသဘောပါပဲ၊ အသက်အရွယ်ချင်းအတူတူ၊ လုပ်သက်ချင်းအတူတူ၊ အလုပ်လုပ်တာချင်းလည်း အတူတူမှာ တစ်ယောက်က ရာထူးတွေတစ်ဆင့်ပြီးတစ်ဆင့် တက်သွားတဲ့အခါ ထင်တတ်ကြတယ်၊ သူက လူကြီးနဲ့ပိုင်အောင်ပေါင်းလို့ နေမှာပေါ့။ အပြစ်တင်မိတတ်တယ်၊ အတူတူချင်းကို သူ့ကျ ရာထူးတိုးပေးတယ်၊ မတရားဘူး၊ မဖြစ်သင့်ဘူးပေါ့။ ဒါပေမယ့် သူတို့မမြင်လိုက်တာက အပေါ်ယံကြည့်လိုက်ရင်တော့ ဟုတ်တယ်၊ လုပ်သက်တူတယ်၊ အလုပ်လုပ်ရတာချင်းတူတယ်၊ ဒါပေမယ့် စေတနာချင်းကွာတယ်၊ ရိုးသားမှုချင်းကွာတယ်၊ မဆိုင်းမတွ လုပ်တတ်တာ၊ သတင်းပြန်ပို့တတ်တာ၊ အချိန်မီပြီးစီးတာ၊ မြန်မြန်လုပ်ဖို့ တွန်းမနေရတာ၊ ဒါတွေကွာတယ်။ ဒီအခါမှာ ရလာတဲ့အခွင့်အလမ်းချင်းလည်း ကွာသွားတယ်။ ဒီတော့ အဆင့်တွေကွာတယ်၊ ရာထူးတွေကွာလာတယ်၊ နောက်ဆုံး အောင်မြင်မှုတွေ ကွာသွားတော့တာပဲ။

တကယ်တော့ နိစ္စဓူဝ လုပ်ငန်းခွင်ထဲမှာ တွေ့နေရတဲ့ ကိုယ့်ရဲ့အရည်အသွေး၊ ခံယူချက်၊ တာဝန်ယူမှု၊ စေတနာ၊ ပေါင်းသင်းဆက်ဆံရေး၊ ကျင့်ဝတ်ကို အလေးထားမှု စတာတွေဟာ ကိုယ်ဘယ်လိုလူလဲဆိုတာကို ပြသနေတာပဲ ဖြစ်တယ်၊ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ပိုင် Brand Image တစ်ခုကို တည်ဆောက်နေတာလည်းပဲ ဖြစ်ပါတယ်၊၊

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။
ကိုယ့်နာမည်ကို လူတွေကြားလိုက်ရတဲ့အချိန်မှာ သူတို့စိတ်ထဲ ဘယ်လိုပေါ်လာစေချင်သလဲ။

စွမ်းဆောင်ရည်မြင့်တဲ့သူလား၊ ယုံကြည်စိတ်ချရသူလား၊ နှစ်လိုဖွယ်ကောင်းတဲ့သူလား၊ ပရော်ဖက်ရှင်နယ်ပီသသူလား၊ ဒါမှမဟုတ် အဲဒါတွေရဲ့ ဆန့်ကျင်ဘက်အနေအထားနဲ့လား။

ကိုယ့်ကို ပုံဖော်ပေးနေတဲ့ အဲဒီ Image ကပဲ မာရသွန်ပြေးပွဲလို ရှည်လျားလှတဲ့ ဘဝပြိုင်ပွဲမှာ အောင်မြင်မှာလား ရှုံးနိမ့်မှာလား ဆိုတာကို အဓိက အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

လူငယ်ဘ၀မှာ ယုံကြည်ရတဲ့သူ (Reliable person) တစ်ယောက်အဖြစ် ကိုယ့် Image ကို တည်ဆောက်သွားနိုင်ရင်တော့၊ ကျွန်တော့်ဆရာ ပြောသလိုပြောပါမယ်၊ အဲဒါ လှေကားတစ်စင်း ရလိုက်တာပါပဲ။
- - - - - - - -
. ဒေါက်တာဖြိုးသီဟ


17/12/2024
  ဆိုတာကလည်း
24/04/2023

ဆိုတာကလည်း

💯 Hay Guys! ¯\_(ツ)_/¯ 💭 နဲ့ပတ်သတ်ပြီး အကုန်လုံးကို အလွယ်တကူလေ့လာနည်း။௹₼plz! Like & Share for others
29/01/2021

💯 Hay Guys!
¯\_(ツ)_/¯ 💭 နဲ့ပတ်သတ်ပြီး အကုန်လုံးကို အလွယ်တကူလေ့လာနည်း။
௹₼plz! Like & Share for others

1) Brand                =အမှတ်တံဆိပ်2) Budget              =အသုံးစရိတ်လျာထားချက်3) Commission      =ကိုယ်စားလှယ်ခ4) Adve...
14/11/2020

1) Brand =အမှတ်တံဆိပ်
2) Budget =အသုံးစရိတ်လျာထားချက်
3) Commission =ကိုယ်စားလှယ်ခ
4) Advertisement =ကြော်ငြာ
5) Advantage =ကောင်းကျိုး
6) Disadvantage =ဆိုးကျိုး
7) Costs =ကုန်ကျစရိတ်များ
8) Debt =ကြွေးမြီ
9) Customer =ဖောက်သည်
10) Confirmation =အတည်ပြုခြင်း
11) Authorization =ခွင့်ပြုချက် ၊ ခွင့်ပြုမိန့်
12) Agenda =အစီးအဝေးအစီအစဉ်
13) Bill =ကျသင့်ငွေတောင်းခံသည်၊ အဖိုးအခ
14) Employee =အလုပ်သမား
15) Facilities =လိုအပ်သည့်အထောက်အပံ့ပစ္စည်း
16) Estimate =ခန့်မှန်းခြေ
17) Goal =ပန်းတိုင်
18) Employer =အလုပ်ရှင်
19) Feedback =တုန့်ပြန်ချက်
20) Growth =လုပ်ငန်းကြီးထွားမှု
21) Deficit =လိုငွေပြမှု
22) Equipment =ပစ္စည်းကိရိယာများ
23) Guarantee =အာမခံချက်
24) Distribution =ဖြန့်ဖြူးရောင်းချခြင်း
25) Decrease =လျော့ကျသည်
26) Increase =တိုးပွားသည်
27) Experience =အတွေ့အကြုံ
28) Product =ထုတ်ကုန်
29) Order =မှာထား၍ပေးသွင်းရန်ပစ္စည်း
30)Market =ဈေးကွက်
31) Output =ကုန်ပစ္စည်းထုတ်လုပ်မှု
32) Industry =စက်မှုလုပ်ငန်း
33) Payment =ငွေပေးချေခြင်း
34) Interest =အတိုး
35) Penalty =အပြစ်ဒဏ်
36) Invoice =ပို့ကုန်စာရင်း
37) Offer =ကမ်းလှမ်းသည်
38) Improvement =တိုးတက်မှု
39) Achievement =အောင်မြင်မှု
40) Capacity =လုပ်နိုင်စွမ်း
41) Profit =အမြတ်
42) Promotion =စည်းရုံးလှုပ်ရှားမှု၊ ရာထူးတိုးမြှင့်ခြင်း
43) Risk =ဆုံးရှုံးမှု
44) Result =ရလဒ်၊ အကျိုး
45) Rise =တက်သည်
46) Stock =ရောင်းရန်အသင့်ရှိသောကုန်များ၊ စတော့
47) Salary =လစာ
48) Supply =ထောက်ပံ့သည်
49) Purchase =ဝယ်ယူသည်
50) Fund =ရန်ပုံငွေ
51) Refund =ငွေပြန်အမ်းသည်
52) Support =အကူအညီပေးသည်
53)Report =သတင်းပို့သည်


အင်္ဂလိပ်စာလေ့လာနေသူများအတွက်👍 like 👍ရဲ့အသုံးပြုပုံများlike ကို ကြိုက်သည် ဆိုပြီးတစ်ခုတည်းသုံးတာမဟုတ်ဘဲ အမျိုးမျိုးအသုံး...
01/11/2020

အင်္ဂလိပ်စာလေ့လာနေသူများအတွက်👍 like 👍ရဲ့အသုံးပြုပုံများ
like ကို ကြိုက်သည် ဆိုပြီးတစ်ခုတည်းသုံးတာမဟုတ်ဘဲ အမျိုးမျိုးအသုံးပြုပုံကို လေ့လာကြရအောင်



လမ်းညွှန်တဲ့အခါသုံးပါ။
06/10/2020

လမ်းညွှန်တဲ့အခါသုံးပါ။

Address

Angkasa Impian.2, Jln Sahabat, Bukit Bintang
Mandalay
55100

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00

Telephone

+60165222085

Alerts

Be the first to know and let us send you an email when Online Courses With Certificate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Online Courses With Certificate:

Shortcuts

Share