Royal Treasure

Royal Treasure

Share

School

14/10/2020

ကိုယ်ပိုင်စီးပွါးရေးလုပ်မယ့် သူတိုင်းသိထားသင့်တဲ့အချက် (၆)ချက်

ကိုယ်ပိုင်စီးပွါးရေးလုပ်တာကချမ်းသာတာမှန်ပေမဲ့ကျရှုံးနေတဲ့တဲ့သူတွေလဲအများကြီးရှိပါတယ်။ဒါကြောင့်ကိုယ်ပိုက်စီးပွါးရေးလုပ်တာ့မယ်ဆိုရင်မဖြစ်မနေသိထားသင့်တဲ့အခြေခံအချက်(၆)ချက်ကိုအကြံပြုချင်ပါတယ်ခင်ဗျ ။

(၁) လိုအပ်ချက်ကိုကြည့်ပါ။

ကုန်ပစ္စည်းတခုကိုထုတ်လုပ်ရောင်းချတော့မယ်ဆိုရင်လက်ရှိစျေးကွက်မှာရှိနေတဲ့ပစ္စည်းကိုထုတ်လုပ်ရောင်းချမယ်ဆိုရင်သူ့ကိုကျော်ပြီးစျေးကွက်ထဲကိုထိုးဖောက်ဖို့ဆိုတာမလွယ်ပါဘူး။ဒါကြောင့်ကိုယ့်ပက်ဝန်းကျင်ရဲ့လိုအပ်ချက်ကိုလေ့လာပြီးအမှန်တကယ်လိုအပ်နေတဲ့ပစ္စည်းကိုထုတ်လုပ်ရောင်းချပါ။

(၂) ကြော်ငြာအားကောင်းရမယ်။

ကိုယ့်ရဲ့ products ကကြီးသည်ပဲဖြစ်စေ၊ သေးသည်ပဲဖြစ်စေစျေးကွက်ထဲကိုရောက်ဖို့အတွက်ကြော်ငြာအားကောင်းဖို့လိုပါတယ်။ကိုယ်ထုတ်လုပ်လိုက်တဲ့ပစ္စည်း Quality ကဘယ်လောပဲကောင်းနေပါစေကြော်ငြာ အားမကောင်းပဲစျေးကွက်ထဲကိုရောက်ဖို့မလွယ်ပါဘူး။အဒီအတွက် ကိုယ်ပိုင် Websites , Page တွေထောင်ပြီးအဒီကနေကြာ်ငြာလို့ရပါတယ်။

(၃) ပေါင်းသင်းဆက်ဆံရေရှိရမယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါ Network ကအင်မတန်အရေးကြီးပါတယ်။ ကိုယ့်အပေါင်းအသင်းတွေက ကိုယ့်လုပ်ငန်းကိုဝန်းရံ ပေးဖို့လိုပါတယ် ။အပေါင်းအသင်း တွေက အားပေးတာနဲ့ သင့်လုပ်ငန်းလည်ပတ်နေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ဆိုရင် Network တည်ဆောက်ဖို့လိုပါတယ် ။ဒါကြောင့်ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေဟာကိုယ့်ရဲ့လုပ်ငန်းကိုပိုမိုတွင်ကျယ်ပြီးပိုမိုအောင်မြင်နိုင်ပါတယ်။

(၄) ဦးဆောင်နိုင်မှု စွမ်းရည်

သင့်လုပ်ငန်းကြီးထွားလာတာနဲ့အမျှ သင့်ရဲ့ဦးဆောင်မှု စွမ်းရည်ဟာအရေးကြီးလာပါပြီးလူတွေကိုဦးဆောင်ဖို့လိုလာပါပြီ လူတွေကိုဦးဆောင်ဖို့ရာသင့်ကိုသင်ဦးဆောင်ဖို့လိုပါတယ် ။လူတွေကိုအားပေးနိုင်ရမယ် လူတွေကိုလမ်းညွှန်နိုင်ရမယ် လူတွေကို အုပ်ချုပ်နိုင်ရမယ် ဒါကြောင့်သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ပညာလိုအပ်ပါတယ်။

(၅) ငွေကြေးစီမံခန့်ခွဲမှု

လုပ်ငန်းတိုင်းက ငွေနဲ့လည်ပတ်ကြတာပါ ။ငွေမပါပဲလည်ပတ်တဲ့လုပ်ငန်းမရှိပါဘူး ။ဒါကြောင့်ငွေကို ကောင်းကောင်းစီမံနိုင်ဖို့လိုပါတယ် ။လုပ်ငန်းက မြတ်နေတဲ့အခါ ထပ်ချဲ့သင့်မချဲ့သင့်စဉ်းစားရသလို လုပ်ငန်းရှုံးနေတဲ့အခါ ထက်ထည့်သင့်မထည့်သင့်စဉ်းစားရပါတယ် ။လုပ်ငန်းတိုင်းဟာငွေကြေးပေါ်အခြေခံပြီးလုပ်ကြရတာဖြစ်တဲ့အတွက် ငွေကို မစီမံတတ်ရင်အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်နေပါလိမ့်မယ်။ငွေစာရင်းရှင်းတမ်းတွေကအစသေချာထုတ်ပြန်ဖို့လိုသလို ငွေကိုလဲစိစစ် သုံးစွဲဖို့လိုပါမယ်။

(၆) တောင့်ခံနိုင်မဲ့ငွေအရင်းအနီး

ကိုယ်ကပထဆုံးစလုပ်တာဖြစ်တဲ့အတွက်စျေးကွက်ထဲလွယ်လွယ်နဲ့ရောက်ဖို့တော့မလွယ်ပါဘူး။အချိန်အတိုင်းအတာတခုထိတော့စောင့်ရမယ်။အချို့လုပ်ငန်းတွေဆိုသူတို့ရဲ့ Products ကစားသုံးသူတွေလက်ထဲရောက်ပြီးစသိလာချိန်လေးမှာလုပ်ငန်းဆက်ပြီးလည်ပက်ဖို့အတွက်ငွေအရင်းပြတ်တောက်သွားတဲ့အတွက်ဆက်ပြီးမလည်ပတ်တော့ပဲရပ်လိုက်ရတာမျိုးလဲရှိပါတယ်။အလိုမဖြစ်အောင်ကိုယ့်ရဲ့ထုတ်ကုန်ကိုစားသုံးသူလက်ထဲရောက်တဲ့အထိလည်ပတ်နိုင်အောင်တောင့်ခံနိုင်တဲ့ငွေအရင်းနှီးလည်းရှိထားဖို့လိုပါတယ်။

Credit: Than Min Aung

💎Royal Treasure
https://www.facebook.com/royal.treasure.mandalay/


12/10/2020

“နေ့စဥ်တိုက်ပွဲ”

ကျွန်တော်တို့တွေက အောင်မြင်သူတွေကို အားကျတတ်ကြပါတယ်။

ဒါက အင်မတန်ကောင်းပါတယ်၊ ဒီလို အားကျတဲ့အခါမှာ သူတို့ ပိုင်ဆိုင်တာ၊ ရရှိနေတာတွေကို ကြည့်ပြီး သူတို့တွေ ကံကောင်းလိုက်တာ၊ တော်လိုက်ကြတာ လို့ တွေးတတ်ကြပါတယ်။ဒီအချက်လေးကတော့
နည်းနည်းလေး အယူမှားနေတယ်မြင်မိပါတယ်။

‍‍‍‍‍‍ ‍‍
အောင်မြင်နေတဲ့သူတွေကို ကြည့်လိုက်ရင် နေ့ချင်းညချင်းဖြစ်လာတယ်။
ကံအရမ်းကောင်းလွန်းတယ် ယူဆကြပါတယ်။
တကယ်အောင်မြင်နေတဲ့ သူတိုင်းကို မေးကြည့်ပါ။
ဒီအယူအဆကို ခါးခါးသီးသီး ငြင်းကြပါလိမ့်မယ်။

သူတို့ဟာ နေ့ချင်းညချင်း အောင်မြင်လာတာ မဟုတ်သလို၊ ကံကောင်းတာ တခုတည်းကို လက်ကိုင်ထားပြီး မျက်စိစုံမှိတ်လုပ်ပြီးအောင်မြင်လာကြတာလည်း မဟုတ်ပါဘူး။

‍‍‍‍‍‍ ‍ဘယ်လိုတွေ လုပ်ကြပါသလဲ❓

လူတိုင်းလူတိုင်းမှာ နေ့စဉ်တိုက်ပွဲတခုစီ ရှိပါတယ်။
ဒီတိုက်ပွဲရဲ့ နှစ်ဖက်စစ်တပ်တွေကတော့ တိုးတက်လိုစိတ်နဲ့ အချောင်ခိုစိတ်ပါ။
နေ့တိုင်း မျက်စိနှစ်လုံး စပွင့်ပြီဆိုတာနဲ့ သူတို့နှစ်ဦး
စတိုက်ပါတယ်။

- ငါ...စောစော ထရင်ကောင်းမလား❓
ဆက်မှေးရင်ကောင်းမလား❓

- ငါ...လေ့ကျင့်ခန်း လုပ်ရင်ကောင်းမလား❓
ဖုန်းဆက်ပွတ်နေရင်ကောင်းမလား❓

- ငါ...စာဖတ်ရင်ကောင်းမလား❓
ဂိမ်းဆော့ရင်ကောင်းမလား❓

- ငါ...ထမင်းထပ်ထည့်ရင်ကောင်းမလား❓
သစ်သီးပဲစားရင်ကောင်းမလား❓

- ငါ...နောက်နေ့မှလုပ်ရင်ကောင်းမလား❓
အခုပြီးအောင် လုပ်မလား❓

- ငါ...အပန်းဖြေဖို့ ရုပ်ရှင်ကြည့်ရင်ကောင်းမလား❓ မိတ်ဆွေတွေနဲ့ စကားပြောမလား❓

- ငါ...ဘောပွဲညဉ့်နက်ခံစောင့်ကြည့်မလား❓
စောစောအိပ်ယာဝင်မလား❓
‍‍‍‍‍‍ ‍‍

မြင်လာပြီလား။
နေ့စဉ် စစ်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ မပြတ်နွှဲနေကြတာ
နားရတယ်လို့ မရှိပါဘူး။
‍အောင်မြင်သူတွေဟာ ဒီစစ်ပွဲတိုင်းမှာ (စစ်ပွဲ အများစုမှာ) တိုးတက်လိုစိတ် စစ်တပ်ကို အနိုင်ပေးပါတယ်။ နေ့စဉ် ဒီလို အနိုင်ပေးရင်းပေးရင်းနဲ့ပဲ သူတို့ရဲ့ ဘဝတွေ ပိုပိုပြီး တိုးတက်လို့လာပါတယ်။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာချိန်မှာ အောင်ပွဲအလီလီ ဆွတ်ခူးခဲ့တဲ့ တိုးတက်မှု စစ်တပ်ကြီးနဲ့အတူ ကျွန်တော်တို့ ယခု မြင်နေရတဲ့ နေ့ချင်းညချင်း အောင်မြင်သူ ကံအလွန်ကောင်းသူကြီး ဖြစ်လာပါတော့တယ်။

‍‍‍‍‍ကဲ... နေ့ချင်းညချင်း အောင်မြင်ချင်တယ်။
ကံအလွန်ကောင်းသူကြီးဖြစ်ချင်တယ်ဆိုရင်တော့ နေ့စဉ်တိုက်ပွဲတိုင်းကို အာရုံစိုက်ပြီးတိုက်ပေတော့။

‍‍‍‍‍ကျိန်းသေတဲ့ အောင်မြင်တဲ့ အနာဂတ်က စောင့်မျှော်နေပါလိမ့်မယ်။



💎Royal Treasure
https://www.facebook.com/royal.treasure.mandalay/


05/10/2020

တန်ဖိုးမဲ့ ကျောက်တုံးတဲ့
===============

တစ်နေ့မှာ လူငယ်တစ်ယောက်က
သူ့အဖေကို မေးတယ်....
သူ့ဘဝက ဘယ်လောက်
အဖိုးတန်သလဲတဲ့လေ....

သူ့အဖေက သူ့မေးခွန်းကို ဖြေရမဲ့အစား ကျောက်တုံးတစ်တုံးပေးလိုက်တယ်... ပြီးရင် မင်းစျေးထဲမှာ သွားရောင်းပါလို့ ပြောလိုက်တယ်... တစ်စုံတစ်ယောက်က ကျောက်တုံးကို ဝယ်ဖို့ စျေးလာမေးခဲ့မယ်ဆိုရင် ဘာမှပြန်မပြောနဲ့ လက်နှစ်ချောင်းပဲထောင်ပြပါလို့ မှာလိုက်တယ်...

လူငယ်လေးက ကျောက်တုံးကို ယူပြီးစျေးမှာ သွားရောင်းတယ်... အဲဒီအချိန်မှာ မိန်းမ တစ်ယောက်က လာမေးတယ် ဒီကျောက်တုံးလေးကို သူ့ခြံထဲမှာ အလှထားချင်လို့ ဘယ်လောက်နဲ့ ရောင်းမှာလဲတဲ့.... ကောင်လေးက သူ့အဖေ မှာထားတဲ့ အတိုင်းပဲ လက်နှစ်ချောင်းထောင်ပြလိုက်တယ်...

အဲဒီမှာစျေးလာမေးတဲ့ အမျိုးသမီးပြောတယ်.... နှစ်ဒေါ်လာ လားတဲ့.... အိုခေ ဝယ်မယ်လေတဲ့...

သူက ( မရောင်းပဲ) အိမ်ကို ပြန်သွားတယ်... သူ့အဖေကို ပြန်ပြောပြတယ်... အမျိုးသမီးတစ်ယောက်ကတော့ နှစ်ဒေါ်လာပေးမယ်တဲ့.....

ငါ့သား ဒီကျောက်တုံးကို ပြတိုက်တစ်ခုကို ယူသွား... တစ်စုံတစ်ယောက်က ဝယ်ဖို့ မေးလာရင် ဘာမှပြန်မပြောနဲ့ လက်ချောင်းနှစ်ချောင်းပဲ ထောင်ပြလိုက်ပါလို့... ထပ်မှာလိုက်တယ်....

လူငယ်လေးက ပြတိုက်တစ်ခုကို ယူသွားပြီး ကျောက်တုံးကို ရောင်းတယ်.... အဲဒီအချိန်မှာ လူတစ်ယောက်က စျေးလာမေးတယ်... ကောင်လေး ဒီကျောက်တုံးကို ဘယ်လောက်နဲ့ ရောင်းမှာလဲတဲ့... ကောင်လေးက သူ့အဖေမှာတဲ့ အတိုင်းပဲ... ဘာမှပြန်မပြောဘူး လက်ချောင်းလေးနှစ်ချောင်းပဲ ထောင်ပြလိုက်တယ်... အဲဒီမှာ လာဝယ်တဲ့လူက မေးတယ်.... ဒေါ်လာ နှစ်ရာလားတဲ့... အိုခေ ဝယ်မယ်လေတဲ့....

လူငယ်လေးက အံ့သြသွားတယ်.... ပြီးတော့ အိမ်ပြန်သွားပြီး ပြောတယ်... အဖေ လူတစ်ယောက်က ဒေါ်လာ နှစ်ရာနဲ့ဝယ်မယ်လို့ ပြောတယ်ဆိုပြီးပြောပြတော့.... ငါ့သား ဒီကျောက်တုံးကို နောက်ဆုံးနေရာတစ်ခုကို ယူပြီး သွားရောင်းကြည့်ပါဦး..... အဲဒီနေရာကတော့ တန်ဖိုးကြီး ကျောက်တွေကြီးပဲ ရောင်းတဲ့ဆိုင်.... ပြီးရင်.... ဆိုင်ပိုင်ရှင်ကို ဒီကျောက်တုံးကို ပြလိုက်ပါ.... ဘာမှမပြောနဲ့ သူစျေးမေးလာရင် လက်နှစ်ချောင်းပဲ ထောင်ပြလိုက်ပါ... ဆိုပြီး ထပ်သွားရောင်းခိုင်းတယ်...

အဲဒီမှာ ကောင်လေးက တန်ဖိုးကြီး ကျောက်မျက်အရောင်းဆိုင်ကို သွားပြီး ဆိုင်ရှင်ကို ကျောက်တုံးပြတယ်.... အဲဒီမှာ ကောင်လေးကို ဆိုင်ရှင်က မေးတယ်...

မင်းဒီကျောက်တုံးကို ဘယ်ကနေရလာတာလဲ...
ဒီကျောက်တုံးက ကမ္ဘာမှာ အရှားပါးဆုံးကျောက်အမျိုးစားထဲက တစ်ခုပဲ...
မင်းဘယ်လောက်နဲ့ ရောင်းမှာလဲတဲ့...
ကောင်လေးက လက်ညိုးနှစ်ချောင်းထောင်ပြတယ်....
ဒေါ်လာ နှစ်သိန်းလား... ဝယ်မယ်လို့ ပြောတယ်....

လူငယ်က အိမ်ကို အပြေးပြန်သွားပြီး သူ့အဖေကို ပြောတယ်... ဆိုင်ရှင်က ဝယ်ချင်တယ် ဒေါ်လာ နှစ်သိန်းပေးမယ်ပေ့ါ...

သူ့အဖေက သူ့ကိုပြန်ပြောပြတယ်...
သား မင်းဘဝရဲ့ တန်ဖိုးကို အခု မင်းသိပြီလား...

မင်းတွေ့တယ်ဟုတ်... မင်းဘယ်ကနေလာတယ်.... မင်းဘယ်မှာမွေးတယ်... မင်းရဲ့အသားရောင်က ဖြူချင်ဖြူမယ်မဲချင်မဲမယ်.... မင်းမွေးတုန်းက ပိုက်ဆံ ဘယ်လောက်ရှိတယ်ဆိုတာတွေက..... အရေးမကြီးပါဘူး.....

အရေးကြီးတာက မင့်ဘဝကို ဘယ်နေရာမှာ ထားမလဲဆိုတာကပဲ အရေးကြီးပါတယ်....

မင်းဟာ မင့်ဘဝရဲ့ တန်ဖိုးကို နှစ်ဒေါ်လာပဲတန်တယ်လို့ တွေးပြီးနေရင်တော့... မင်းဟာ နှစ်ဒေါ်လာတန်ပဲဖြစ်နေမှာပဲ... မင့်ဘဝကြီးမှာ ပတ်ဝန်းကျင်ကလူတွေကလဲ မင့်ကို နှစ်ဒေါ်လာပဲတန်တဲ့လူလို့ပဲ မြင်ကြလိမ့်မယ်....

ဒါပေမယ့် လူတိုင်းရဲ့ ရင်ဘတ်ထဲမှာ စိန်တုံးလို အဖိုးတန်တဲ့ ဘဝရှိတယ်... ဒါပေမယ့် မင့်ဘဝကို စိန်လို တန်ဖိုးထားတဲ့လူ... မင့်အရည်ချင်းဟာ စိန်လိုအဖိုးတန်တယ်ဆိုတာ သိမြင်နိုင်တဲ့ ပတ်ဝန်းကျင်ကို မင်းမှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ပဲလိုတယ်...

ငါတို့ရဲ့ ဘဝကို နှစ်ဒေါ်လာလောက်ပဲ တန်တဲ့ စျေးထဲမှာ ထားနိုင်သလို ငါတို့ဘဝကို အဖိုးတန်ကျောက်မျက်တွေ ရောင်းတဲ့ဆိုင်မှာလဲ ထားနိုင်တယ်.... အဲဒါကို ငါတို့ဘာသာ ငါတို့ရွေးချယ်ရမှာ.... အဲလိုပဲ... ငါတို့တွေဟာ... တစ်ခြားလူတွေရဲ့ တန်ဖိုးကိုကြည့်မြင်ရွှေးချယ်နိုင်တယ်....

အဲလို စိန်လို အဖိုးတန်တဲ့ အရည်ချင်းရှိတဲ့လူကို တွေ့ခဲရင်လဲ သူ့တို့ကို ကူညီပေးပါ...

အဲလိုလုပ်ခြင်းဟာ... မင့်ဘဝကို မင်းကိုယ်တိုင် ပြောင်းလဲနိုင်ပါလိမ့်မယ်....

မင်းဟာ ဘယ်လောက်ပဲ အရည်ချင်းရှိနေပါစေ.... မင်းကို နှစ်ဒေါ်လာပဲတန်တယ်လို့ မြင်တဲ့ ပတ်ဝန်းကျင်မှာတော့ မင်းဟာ နှစ်ဒေါ်လာတန်ပဲဆက်ဖြစ်နေမှာပဲ... မင်းအရည်ချင်းကို ဒေါ်လာ နှစ်သိန်းတန်တယ်လို့ ပတ်ဝန်းကျင်ကို ရွေးချယ်ရင်တော့ မင်းဟာ ဒေါ်လာနှစ်သိန်းတန်လာမှာပဲ....

အဲလိုပဲ တချို့လူတွေက မင့်ကို ဘာမှတန်ဖိုး မရှိတဲ့လူလို့ မြင်လိမ့်မယ်....

Credit: ဘာသာပြန်ဆို သူ

04/10/2020

သင်လုပ်ဆောင်သမျှအရာတိုင်းမှာ အသိတရားကိုရှေ့ဆောင်ထား

အဘိုးအိုတစ်ယောက်ဟာ ရေနစ်နေတဲ့ ကင်းမြီးကောက်ကိုတွေ့တဲ့အခါ ရေထဲကဆယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်... အဲ့ဒီသတ္တဝါလေးဆီရောက်အောင် သူ့လက်ကို တဖြည်းဖြည်းဆန့်ထုတ်လိုက်တယ်... ကင်းမြီးကောက်ကိုဖမ်းကိုင်လိုက်တဲ့အခါမှာတော့ သူ့ကိုအမြီးနဲ့တုပ်လိုက်ပါတယ်....

စူးခနဲ နာကျင်သွားတဲ့ဝေဒနာကြောင့် အဘိုးအိုက အဲဒီသတ္တဝါလေးကို ပြန်လွှတ်ချလိုက်တယ်... ကင်းမြီးကောက်က ရေထဲပြန်ကျသွားတာပေါ့...

ကင်းမြီးကောက်ရေပြန်နစ်တော့မှာကိုသိတဲ့ အဘိုးအိုဟာ ကင်းမြီးကောက်ကို ပြန်ဆယ်ယူဖို့ကြိုးစားပြန်တယ်... ထိမိတာနဲ့ ကင်းမြီးကောက်ကလည်း သူ့ကိုတုပ်ပြန်ရော... သူကလည်း နောက်တစ်ခါ ထပ်လွှတ်ချလိုက်မိပြန်တယ်...

ဘေးမှာရပ်ကြည့်နေတဲ့ လူငယ်လေးတစ်ယောက်က အဘိုးအိုနားချဉ်းကပ်လာပြီးပြောတယ်...

"ကျွန်တော်တစ်ခုပြောပါရစေခင်ဗျ... ဒီလိုသတ္တဝါဆိုးလေးကို ကယ်တဲ့အတွက် အဘကိုယ်အဘ နာအောင်လုပ်နေသလိုဖြစ်နေတာပဲ... ဘာလို့မရမကလုပ်နေတာလဲ အဘရယ်... အဘက ဒီကင်းမြီးကောက်ကို ကယ်ဖို့လုပ်လိုက်တိုင်း ဒီကောင်ကအဘကို ပြန်တုပ်နေမယ်ဆိုတာ သဘောမပေါက်သေးလို့လားဗျာ..."

အဘိုးအိုက ပြန်ပြောတယ်...
"ကင်းမြီးကောက်ရဲ့ သဘောသဘာဝကိုက တုပ်ဖို့လေကွယ်... ကူညီကယ်တင်ရမှာကတော့ ငါ့သဘောသဘာဝပဲ... အဲ့တော့ ကင်းမြီးကောက်ကို ကယ်တဲ့နေရာမှာလည်း ငါ့ရဲ့သဘောသဘာဝက ပြောင်းလဲသွားမှာမဟုတ်ဘူး..."

အဲ့ဒီနောက် အဘိုးအိုက ခဏလောက်စဉ်းစားလိုက်ပြီး ဘေးနားမှာရှိတဲ့ သစ်ပင်တစ်ပင်က သစ်ရွက်တစ်ရွက်ကိုခူးယူလိုက်တယ်... သစ်ရွက်နဲ့ ကင်းမြီးကောက်ကို ရေထဲကနေဆယ်ယူပြီး ကယ်တင်လိုက်ပါတော့တယ်...

ဒီဇာတ်လမ်းလေးကပေးတဲ့ သင်ခန်းစာကတော့...
သင့်ရဲ့သဘောသဘာဝကို မပြောင်းလဲပစ်ပါနဲ့... တစ်စုံတစ်ယောက်က သင့်ကိုအန္တရာယ်ပြုလာမယ်ဆိုရင်တောင် ကြိုတင်ကာကွယ်မှုတစ်ခုခုလုပ်လိုက်ရုံပါပဲ... သင်လုပ်ကိုင်သမျှအရာတိုင်းမှာ အသိတရားကို ရှေ့ဆောင်ထားလိုက်ပါ... သင်ပျော်ရွှင်နိုင်ပါလိမ့်မယ်...

♥️

29/09/2020

ခေါင်းဆောင်မတင်ထိုက်သူ(၆)ယောက်
~~~~~~~~~~~~~~~~
ဂဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ
ဤခြောက်ဝ နာယက မတင်ထိုက်။

၁။ ဂဏန်း= လက်မထောင်ခြင်း။
၂။ ပုတ်သင်= ပြောသမျှခေါင်းငြိမ့်ခြင်း။
၃။ကိုင်းပင်= လေသင့်ရာ ယိမ်းတတ်ခြင်း။
၄။နွားသိုး= ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း။
၅။လိပ်မျိုး= မိမိဘက်သို့ယတ်တတ်ခြင်း။
၆။ခြေးအ= ကောက်ကျစ်ခြင်း။
ဤခြောက်ဝမှတ်ပါ အနာယက။

၁။ဂဏန်း
ဂဏန်းနဲ့တူတဲ့ လူစားမျိုးပါ။ ဂဏန်းဆိုတဲ့အမျိုးဟာ အမြဲတမ်း
လက်မတစ်ထောင်ထောင်နဲ့ ရှိနေတတ်ပါတယ်။ ငါမွတတ္တာ၊ မင်းတို့ဘာမှသိတာမဟုတ်ဘူး။ ငါ့ဆရာလာမလုပ်နဲ့ဆိုတဲ့လူစားမျိုးပါ။အောက်လက်ငယ်သားကို ကျွန်လိုဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ပုတ်သင်
ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်း ဘာမွမရွိပါဘူး။ သူများပြောတိုင်း ခေါင်းငြိမ့်တယ်၊ ဘယ်သူကပြောပြော `အေး လုပ်လိုက်ဆိုတာချည်းပဲ။ ဒီလိုလူမျိုးကို ဆရာတင်မိပြန်ရင်လည်း ငါးပါးမကဘူး ဆယ့်ငါးပါးလောက်မှောက်ရော။

၃။ကိုင်းပင်
ကိုင်းပင်လို လူစားမျိုးတဲ့။ ဒီလူကေတာ့ ခပ်ညံ့ညံ့လူစားမျိုး ။ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှုမရှိဘူး။နေရတကာ ရေလိုက်ငါးလိုက်ဆိုတဲ့ လူစားမျိုး။အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ကောင်းတာဆို အစွယ်ကောင်းရင် လုပ်တယ်၊မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင် လုပ်တယ်။ပျော့ညံ့တဲ့ လူစားမျိုး။ ဒီလိုလူမျိုးကိုလည်းဆရာ တစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ဘူး။

၄။နွားသို
နွားသိုးလို လူမျိုးပေါ့။ ဒီကောင်ကတော့ အမှားအမှန် မေဝခြဲဘူး။ဘာမဆို ရှူးရှူးဒိုင်းဒိုင်း စွတ်လုပ်တတ်တယ်။ နှလုံးရည် နည်းပြီး လက်ရုံးရည် အားကိုးတဲ့ သူမျိုးပါ။ဒီလို လူမျိုး ဆရာအဖြစ် တင်မိရင်လည်း အားလုံးပျက်စီးဖို့များပြီ။

၅။လိပ်မျိုး
လိပ်နဲ့တူတဲ့ လူစား။ သူကေတာ့ အတ္တကြီးတဲ့လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။`ငါခေါင်းဆောင် ၊ငါပေးမှ မင်းတို့ရမယ်၊ငါပြီးမှ ပြီးမယ်ဆိုတဲ့ လူစားမျိုး၊ကိုယ့်ကျိုးစီးပွားပဲ သိတယ်။ အများအတွက် ထည့်မတွတ်တတ်တဲ့လူစားမျိုးပါ။(ပရဟိတ စိတ်မဝင်စားတဲ့ လူစားမျိုး)

၆။ ခွေးအ
ခွေးအနဲ့ တူတဲ့လူစား။ ဒီလူမျိုးကတော့ ကောက်ကျစ်တယ်။ဘယ်နေရာမဆို နည်းမှန် လမ်းမှန်နဲ့မသွားတတ်ဘူး။ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့ လူမျိုး။ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုပ်ထဲမှရေလို ကိုယ္လိုရာမွာ အသုံးချတတ်တဲ့လူမျိုး။

Credit : Original Writer

💎Royal Treasure
https://www.facebook.com/royal.treasure.mandalay/


24/09/2020

လူတစ်ယောက် တော်တာက
သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။
အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင်
အများဆုံးသူတစ်ကြိမ်ပဲတော်နိုင်မှာပါ။
အကယ်၍ အကြိမ်ပေါင်းများစွာ အချိန်ကြာရှည်စွာ
လူတစ်ယောက်ကတော်တယ်ဆိုရင်အဲ့ဒီအရာကို
အရည်အချင်းလို့ခေါ်ပါတယ်။
အရည်အချင်းက ခက်ခက်ခဲခဲ လေ့ကျင့်လို့
ရလာတာပါ။
“ဘာဖြစ်လို့အဲ့လောက်တော်တာလဲ မွေးရာပါ
ပါရမီလား” ဆိုပြီးတချို့ကမေးကျတယ်။
အဖြေက “မဟုတ်ပါဘူး။”
တော်ရတဲ့အကြောင်းရင်းက သူများထက်
🔶 ပင်ပင်ပန်းပန်းလေ့ကျင့်လို့
🔶 အရာမှန်သမျှသင်ယူလေ့လာလို့
🔶 သူများထက်ပိုဖတ်လို့
🔶 သူများထက်ပိုကြည့်လို့
🔶 သူများထက်ပိုကြုံတွေ့ရလို့
🔶 သူများထက်ပိုပြီးနာကျင်ရလို့ပဲ
လူတစ်ယောက်ကိုသူများထက်ပိုတော်အောင်
ဖန်းတီးပေးတာပါ။
ဒါဆိုရင်နောက်မေးခွန်းတစ်ခုက
“ပါရမီကတကယ်ရှိလား”လို့ မေးလိမ့်မယ်။
အဖြေက “တကယ်ရှိပါတယ်။”
ဒါပေမဲ့ ပါရမီဆိုတဲ့အရာက ကျွန်တော်တို့ကို
အကြောင်းပြချက်မရှိပဲအရာတစ်ခုကို
နှစ်သက်အောင်လုပ်ပေးရုံပဲရှိပါတယ်။
ဒါကြောင့်ကျွန်တော်တို့အဲ့ဒီအရာကိုအာရုံစိုက်ပြီး
လုပ်နိုင်တော့ အစပိုင်းမှာအဲ့ဒီအရာကို
ကောင်းကောင်းဆောင်ရွက်နိုင်တာပေါ့ ။
ဒါပေမဲ့ ရေရှည်အတွက် အဲ့ဒီပါရမီက
မလုံလောက်ပါဘူး။
ဒါကြောင့်ဘယ်အရာမဆိုကျွန်တော်တို့ခက်ခက်ခဲခဲ
လေ့ကျင့်ရမှအဲ့ဒီအရာအပေါ်တော်မယ့်လူတစ်ယောက်ဖြစ်မှာပါ။လွယ်လွယ်ပြောရရင် Bus ကားလိုမျိုးပါပဲ။
ကျွန်တော်တို့ကို လမ်းထိပ်ထိပဲချပေးမှာပါ။
အဲ့ဒီကနေ ကျွန်တော်တို့လူတွေက
ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ့်ပန်းတိုင်ကိုဆက်ပြီး
ကြိုးစားပြီးသွားရမှာပါ။
သူများထက်ပိုပြီးကြိုးစားလေ့ကျင့်ရင်
သူများရဲ့အရှေ့မှာလျှောက်ရမှာပါ။
သူများလိုမလေ့ကျင့်မကြိုးစားတဲ့သူကတော့
နောက်ဆုတ်သလိုဖြစ်နေမှာပါ။
ဒါကြောင့်ဒီလောကက မတရားဘူးလို့မပြောပါနဲ့။
တကယ်ဆိုရင် ကိုယ်ကိုတိုင် အသုံးမကျတာပါ။
ဒါကြောင့် တော်တာက ဘယ်တော့မှ ကံကောင်းမှု
ကြောင့်မဟုတ်ပါဘူး။
ဒါကြောင့်ဒီနေ့ကစပြီး ကိုယ့်စိတ်ထဲမှာ
"သူဘာဖြစ်လို့တော်တာလဲ❓”ဆိုတဲ့မေးခွန်းကိုထုတ်ထားလိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့အဖြေကတစ်ခုပဲရှိပါတယ်။
“သူက သူများထက် ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်ပြီး
ဝီရိယကိုပိုင်ဆိုင်ထားလို့ပါ။”

်းစနစ်ကျကျအတွေးအခေါ်

💎Royal Treasure
https://www.facebook.com/royal.treasure.mandalay/

17/09/2020

ငွေရှာနည်း လျှို့ဝှက်ချက်များ
══════════════════

Step 1 (Dream & Burning desire)

ဘာအလုပ် စလုပ်လုပ် အိမ်မက်ရှိရမယ်။
တော်တော်များများ က အိမ်မက်ကို ဝင်ငွေအပေါ်မူတည်ပြီး မက်ကြတယ်။
တချို့က အိမ်မက်ကို မရှိကြဘူး ။
အတွေးကို ပြောင်းပြန်တွေးလိုက်ပါ။
ဝင်ငွေ အပေါ်မူတည်ပြီး အိမ်မက် မမက်ဘဲ
အိမ်မက်အပေါ်မူတည်ပြီး ဝင်ငွေများအောင်လုပ်ရမယ်။
နောက်တခုက အိမ်မက်ပဲရှိလို့မရဘူး။
ပြင်းပြတဲ့စိတ်ဆန္ဒရှိပါစေ ။

Step 2

ကိုယ့် goal ကို စဉ်းစားလိုက်တိုင်း ပျော်ရွှင်ပါစေ။
ဒါမှလည်း ပိုလုပ်ချင်စိတ်များပြီး satisfied ဖြစ်ပါလိမ့်မယ်။

Step 3 (Dream stealers)

မအောင်မြင်တဲ့သူတွေရဲ့ ဘေးမှာ အိမ်မက်သူခိုးတွေရှိနေတတ်ပါတယ်။ တခုခုလုပ်တော့မယ်ဆို ဘေးကနေ ဒါကတော့မဖြစ်နိုင်ဘူး ၊ မင်းမလုပ်နိုင်ဘူးဆိုပြီးပြောတဲ့ အိမ်မက်သူခိုးတွေရှိနေတတ်ပါတယ်။
ဆန့်ကျင်ဘက် အောင်မြင် တဲ့သူတွေ ဘေးမှာတော့အိမ်မက်ကို အမြဲ အားပေးတဲ့ ကူညီတဲ့ အပြု့သဘောဆောင်တဲ့သူတွေရှိနေတတ်တယ်။
ဒါကြောင့် အိမ်မက်သူခိုးတွေ အနားမှာမရှိပါစေနဲ့။
မပတ်သက်မိပါစေနဲ့။

Step 4

အကောင်းမြင်စကားများများပြောပါ။
ကိုယ်ပြောတဲ့စကားက ကိုယ့်ကိုဆုံးဖြတ်ပေးသည်။

"ဒီနေ့တော့ကံမကောင်းဘူးကွာ"
"ဒီနေ့အဆူခံရပြန်ပြီ"
"အဆင်မပြေလိုက်တာကွာ"
မိတ်ဆွေရော? ဘယ်လိုငြီးတတ်လဲ?
အောင်မြင်တဲ့သူတွေက အပြုသဘော ဆောင်တဲ့စကားပဲပြောတယ်။
ဘာလို့လဲဆိုတော့ စကားလုံးတွေမှာ စွမ်းအားတွေရှိလို့ပါ။
တစုံတယောက်က အဆင်ပြေလားမေးရင် အကောင်းဆုံး အဆင်ပြေပါတယ် ၊ အခြေအနေကောင်းပါတယ် အစရှိတာတွေပဲ ဖြေပါ။

Step 5

ဖြစ်ချင်တာကို ခဏခဏစဉ်းစားပါ။
ကိုယ့်အိမ်မက်အကြောင်းကို ကိုယ့်ဟာကို ပြန် remind လုပ်ပါ ။
စဉ်းစားတိုင်းလည်းပျော်ရွှင်ပါစေ။

Step 6

စာအုပ်တွေဖတ်ပါ။
Leaders are always readers.
နောက်တခုက facebook ပေါ်က အဆိုးမြင်စာတွေကို လုံးဝမဖတ်ပါနဲ့။ သရောစာတွေ၊ ပျက်လုံးတွေ၊ negative စာပေတွေကို ရှောင်ပါ။ အဆိုးတွေဖတ်ပြီး အဆိုးတွေ တွေးရင် အဆိုးတွေရပါလိမ့်မယ်။
အတွေးအခေါ်တွေမှန်အောင်တွေးပါ။ မှားနေရင် ဘယ်လိုပြင်မလဲ?
စာဖတ်ပါ။ စိတ်ဓာတ်ခွန်အား ရမဲ့စာတွေ များများဖတ်ပါ။

Step 7

ပညာပေး video file တွေ ၊ စာပေဟောပြောပွဲ ခွေတွေတနေ့တခု ကြည့်ပါ။ အကောင်းတွေသာ ပတ်ဝန်းကျင်မှာ ဝန်းရံနေပါစေ။

Step 8

Seminar တွေ ၊ ဟောပြောပွဲတွေ ခဏခဏ တက်ရောက်ပါ။
အဲလိုတက်ရောက်ခြင်းဖြင့် အကောင်းမြင်စိတ်လေး ၊ ကောင်းတဲ့အတွေးလေး ရရှိနိုင်ပါမယ်။
အဲလိုပတ်ဝန်းကျင် ရဲ့ အကောင်းမြင်မူ ရိုက်ခတ် တဲ့ ကြိမ်နှုန်းက အရမ်းများရင် တနေ့တာလုပ်ရှားနေတဲ့ စိတ်အတွေးအခေါ် ကြိမ်နှုန်းတွေပါ လိုက်ပြီး ပြောင်းလဲသွားပါလိမ့်မယ်​။

Step 9

သူများအောင်မြင်မှုကိုချီးကျူပါ။

ကိုယ့်ချီးကျူးသံကြောင့် သူတို့မှာ ပြောင်းလဲမှုတွေအများကြီးဖြစ်လာနိုင်ပါတယ်။ပိုကြိုးစားလာနိုင်ပါတယ်။ဒါကြောင့် အောင်မြင်သူတယောက်ကို တွေ့တာနဲ့ ဝမ်းမြှောက်ဝမ်းသာအသိအမှတ်ပြုပေးဖို့လိုပါတယ်။
ကိုယ်ရဲ့ အသိအမှတ်ပြုတဲ့ တုန်ခါမှုလှိုင်းက
အခြားတယောက်ဆီ ကူးစက်သွားနိုင်ပါတယ်။
ကူးစက်သွားတဲ့သူလည်း အကောင်းမြင်လှိုင်းရသလို ပို့လွှတ်လိုက်တဲ့ သူကိုယ်တိုင်လည်း အဲအတိုင်းပြန်လည်ရရှိပါတယ်။ အမြင့်ကိုဆွဲခေါ်မဲ့သူငယ်ချင်းမျိုးလိုပါတယ်။

Step 10

စိတ်ဓာတ်အဆင့်အတန်း မြင့်သူ ၊ ဝင်ငွေမြင့်မားသူ ၊ အိမ်မက်ကြီးသူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့လိုပါတယ်။
ကိုယ့်ကို ကိုယ်ရဲ့ အိမ်မက်တွေကို
"ခင်ဗျား လုပ်နိုင်မယ်" လို့ ပြောတဲ့ သူငယ်ချင်းတွေ
မိမိလိုပဲ အိမ်မက်ကြီးတဲ့ မိတ်ဆွေ အနားပဲနေပါ။

ကဲ...သင်လည်း လွတ်လပ်စွာအိမ်မက် ကြီးကြီးမက်ပြီး အကောင်အထည်ချက်ချင်းဖော်နိုင်ပါစေ။

Credit : Original Writer

💎Royal Treasure
https://www.facebook.com/royal.treasure.mandalay/


12/09/2020

ပုလင်းထဲက ကြွက် မဖြစ်ပါစေနဲ့

တစ်ခါက ကြွက်ငယ်လေးတစ်ကောင်က ပြောင်းဆန်တွေအပြည့်ထည့်ထားတဲ့ ပုလင်းတစ်လုံးရဲ့ အဝကို ရောက်သွားပါတယ်။

ကြွက်လေးက စားစရာတွေအများကြီးကို တွေ့လိုက်ရတာကြောင့် အလွန်ပျော်သွားခဲ့တာပေါ့။

ဒါနဲ့ တခြားနေရာတွေကို လျှောက်သွားပြီး အစာရှာမနေတော့ပဲ ပုလင်းဝမှာပဲ ပြောင်းဆန်တွေကို စားပြီးနေပါတော့တယ်။

စားစရာအတွက် ပူပန်နေစရာမလိုတဲ့ သူ့ဘဝကို ကျေနပ်ရင်း ပြောင်းဆန်တွေကို စားလိုက်တာ နောက်ဆုံး ပုလင်းအောက်ခြေနားရောက်တဲ့ထိပါပဲ။

ဒီလိုနဲ့ နောက်ဆုံးလက်ကျန်ပြောင်းဆန်တွေကို စားပြီးတော့မှ ပုလင်းထဲက ပြန်ထွက်လို့ မရတော့တာကို သတိပြုမိခဲ့ပါတယ်။

ပုလင်းထဲမှာ စားစရာလည်းမရှိ၊ ပြန်လည်းထွက်လို့ မရဖြစ်နေခဲ့ပါတယ်။

ဒီအချိန်ကြွက်ငယ်လေးရဲ့ အခြေအနေက အသက်ရှင်ရပ်တည်ဖို့ အခြားတစ်စုံတစ်ယောက်က ကျွေးသလောက်ကိုပဲ စားရမှာဖြစ်သလို၊ ဘာစားချင်တာလဲဆိုတာကိုလည်း မရွေးချယ်နိုင်တော့ပါဘူး။

အသက်ရှင်ဖို့ အိုးထဲကို ထည့်ပေးတဲ့ အစာကိုပဲ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စားပြီးနေရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အများစုကလည်း ဒီအကြောင်းအရာထဲက ကြွက်ငယ်လေးလိုပဲ အားလုံးအသားကျအဆင်ပြေနေပြီးသား အခြေအနေ (Comfort Zone) ထဲမှာ ပိတ်မိနေတတ်ကြပါတယ်။

အလုပ်အကိုင်လေးတစ်ခုမှာ အဆင်ပြေနေတယ်လို့ ယူဆပြီး နောက်ထပ်ကိုယ်ပိုင်အရည်အချင်းတွေ တိုးတက်ဖို့ လေ့လာသင်ယူမှု မရှိတော့တာက အခြားနေရာမှာ အစာမရှာတော့တာပါပဲ။

နောက်ဆုံး တစ်နေရာထဲမှာ ပိတ်မိနေပြီး ရသမျှလေးနဲ့ မကျေမနပ်ရှင်သန်နေကြရတာများပါတယ်။

ဒီလိုမဖြစ်ဖို့ သိထားရသင့်တဲ့ အချက်တွေက -

၁။ ရေတိုသာယာမှုတွေက ရေရှည်မှာ ထောင်ချောက်မိသလို ပိတ်မိနေစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၂။ သင့်အတွက် အရာအားလုံးက အဆင်ပြေချောမွေ့ပြီး သက်တောင့်သက်သာရှိနေပြီဆိုရင် တိုးတက်မှုထက် ရပ်တည်မှုကို ဦးစားပေးနေရလိမ့်မယ်။

၃။ သင့်ရဲ့ ဖြစ်နိုင်ချေရှိတဲ့ အလားအလာတွေကို အကောင်အထည်မဖော်ဘူးဆိုရင် လုံးဝဆုံးရှုံးသွားရလိမ့်မယ်။

၄။ လုပ်သင့်တဲ့အရာတွေကို အချိန်ရှိတုန်းမလုပ်ရင် လက်ရှိအခြေအနေနဲ့ အဆုံးသတ်ပြီး သွားချင်တဲ့နေရာကို ရောက်မှာမဟုတ်ဘူး

၅။ အခုချက်ချင်း လုပ်စရာရှိတာကို လုပ်ပါ။ သက်တောင့်သက်သာရှိမှုမှာ သာယာမနေပါနဲ့။ အောင်မြင်မှုဆီသို့ သွားတဲ့လမ်းခရီးက ဘယ်တော့မှ သက်တောင့်သက်သာမရှိပါဘူး။

Credit : Original Writer

💎Royal Treasure
https://www.facebook.com/royal.treasure.mandalay/


27/08/2020

ဘဝကို သတ္တိ ရှိရှိရင်ဆိုင်ပါ။
===================
လူရယ်လို့ဖြစ်လာပြီဆိုကတည်း အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ ဘဝကို ဖြတ်သန်းသွားရတယ်ဆိုတဲ့လူကတော်တော့်ကိုရှားပါတယ်။
မိသားစုစားဝတ်နေရေးကြောင့် ၊ အလုပ်ကြောင့် ၊ အချစ်ရေးကြောင့် ၊ အကြောင်းအမျိုးမျိုးကြောင့်တခါလေမှာစိတ်ဓာတ်အရမ်းကျရတဲ့အချိန်တွေနဲ့ကြုံတွေ့ရတာဟာ လူ့ရဲ့သဘာဝပါ။
အလိုမျိုးတွေကြုံလာရတဲ့အ ခါကိုယ့်ရဲ့စိတ်ကို အားတင်းထားဖို့လိုပါတယ်။ မြှင့်တင်ထားဖို့လိုပါတယ်။ ဘဝအောင်မြင်ရေးနဲ့ပက်သပ်တဲ့စာပေတွေကိုများများဖက်ဖို့လိုပါတယ်။ ပုံပြင်လေးနဲ့ပြောရရင်ဖြင့် လိပ်ကလေးတွေက အကောင်ပေါက်ဖို့အတွက်မိခင်လိပ်မကြီးက လှိုင်းနဲ့ဝေးတဲ့ သဲသောင်ပြင်မှာဥ ဥတယ် ပြီးတော့သဲတွေနဲ့ဥကိုဖုံးပြီး ပင်လယ်ထဲကိုပြန်လာတယ်။အချိန်တန်လို့သားပေါက်တဲ့အခါဥထဲကနေထွက်တာနဲ့ လိပ်ကလေးတွေဟာတစ်ကောင်ထဲဘဝကိုရပ်တည်ရတယ်။သူတို့ကို ကူညီမဲ့သူမရှိဘူး သူတို့ရဲ့အခက်အခဲဟာ အဲဒီအချိန်မှာပဲစတင်ပါတယ်။အပေါ်ကိုရောက်ဖို့ သဲတွေကိုစတင်ထိုးဖောက်ရတယ်။ပင်လယ်ထဲရောက်ဖို့ သဲသောင်ကနေ တဖြေးဖြေးဖြတ်သန်းရတယ် အဒီချိန်မှာသူတို့ကိုထိုးချီပြီးစားဖို့ ဌက်တွေရဲ့ အန္တရယ် ကိုလည်းရင်ဆိုင်ရတယ်။
ဒါပေမဲ့သူတို့က ငှက်တွေကိုကြောက်လို့တွင်းထဲမှာပဲပုန်းမနေဘူး။သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ပင်လယ်ပြင်ကြီးစီကိုရောက်အောင်သွားကြတယ်။
ဒါကြောင့် စာဖတ်မိတ်ဆွေတွေလည်း ကိုယ့်ရဲ့အောင်မြင်မှုပန်းတိုင်ဆီကို လျှောက်လှမ်းတဲ့အခါ ဘယ်လိုအခက်ခဲ အတားအစီးတွေ နဲ့ကြုုံတွေ့နေပါစေ ဇွဲမလျှော့ပဲသတ္တိ ရှိရှိနဲ့ရင်ဆိုင်ကျော်ဖြတ်သွားကြပါလို့ အားပေးချင်ပါတယ်ခင်ဗျ။

Credit : Original Writer

💎Royal Treasure
https://www.facebook.com/royal.treasure.mandalay/


23/08/2020

#ပါဝါနိုးပြီးဘာမှမလာတော့တဲ့_Desktop_Computer ကို စစ်ဆေးခြင်း
========================================
အခြေခံ သဘောတရားအနေနဲ့ ပါဝါနိုးပြီး Boot မတတ်တာကိုအရင်မစဉ်းစားဘဲ .. Board မတတ်တာကို အရင်စဉ်းစားရမှာဖြစ်ပါတယ်။

Board တတ်ဖို့ဆိုတာ ...........
► Board ( Mother Board )
► CPU
► RAM ( Randon Access Memory )
အဲဒီ (၃) ခုကစည်းချက်ညီနေရမှာဖြစ်ပါတယ်။ အဲဒီ (၃) ခုတည်းက တစ်ခုခုသာဖောက်နေရင် ပါဝါနိုးပြီးဘာမှ လာတော့မှာမဟုတ်ပါဘူး ......
အဲဒီတော့ အရင်ဆုံးစစ်ဆေးပေးရမှာက

RAM Stick ( မန်မိုရီချောင်း ) ပါ။ RAM Slot တွေချောင်နေလို့ RAM တွကြွနေလားဆိုတာအရင်ကြည့်ပါ။သေသေချာချာဖိစိုက်ပြီး စက်ကိုနှိုးကြည့်ပါ။ အကယ်၍ RAM 2 ချောင်းစိုက်ထားတဲ့ Computer ဆိုရင် ဟိုဘက် ဒီဘက် နေရာလဲပြီး RAM ကိုတပ်ကြည့်ပါ။ ဘယ်လိုပြောင်းတပ်တပ် မရဘူးဆိုရင် တစ်ချောင်းခြင်းစီစိုက်ပြီးနှိုးကြည့်ပါ။ မရဘူးဆိုရင် Memory ကို ဂျီးဆေးပါ။ ရွှေရောင်ကြေးပြားလေးတွေကို ခဲဖျက်နဲ့ပွတ်တိုက်ပေးပါ။ အဲဒီကြေးပြားလေးတွေမှာဂျီးများနေရင် Error တတ်ပါတယ်။ မရသေးဘူးဆိုရင် Memory အသစ်ထည့်ပြီးနှိုးပါ။ အတွေ့အကြုံအရတော့ Memory မှာ Error တတ်တာများပါတယ်။ နောက်ထပ်အလွယ်စစ်နည်းကတော့ အဲဒီစက်က Memory ကို
တစ်ခြားစက်မှာသွားတပ်ပြီးစမ်းကြည့်ပါ။
အဲဒီစက်လည်းမတတ်တော့ဘူးဆိုရင်တော့တရားခံကဒီကောင်ပေါ့။ ကဲ ... ဒါလည်းမနိုးဘူးလို့ထားလိုက်ပါ။

နောက်တစ်ခုထပ်စစ်ပါတော့မယ်။ CPU ကိုစစ်ပါမယ်။ Cooling Fan ကကောင်းကောင်းလည်ရဲ့လားဆိုတာအရင်ကြည့်ပါ။ ဖုန်တွေရှင်းပေးပါ။ ဖုန်မှုန့်တွေကပ်တာများနေရင် Fan က
ကောင်းကောင်းလည်မှာမဟုတ်ပါဘူး။ Fan Speed ကျနေရင် CPU Heat တတ်လာမှာပါ။CPU Heat တတ်လာရင် စက်ကပါဝါပြန်ပြန်ပိတ်သွားမှာဖြစ်ပါတယ်။ သတ်မှတ်အပူချိန်( Temperature ) ထက်ကျော်လာရင် အလိုအလျောက် Restart ကျဖို့Mother Board မှာ Program ရေးပြီး ထုတ်လုပ်ထားတာပါ။
Fan Speed ကောင်းတယ်လို့သဘောထားပြီးဆက်ပြောပါ့မယ်။ CPU Fan ကိုဖြုတ်ပါ။ အောက်မှာ CPU Chip ကိုတွေ့ပါလိမ့်မယ်။ သတိထားပြီးဖြုတ်ပါ။ CPU နဲ့ထိစပ်နေတဲ့ Pin လေးတွေ ကောက်သွားတတ်ပါတယ်။ ကောက်သွားရင် အာရုံနောက်ပါလိမ့်မယ်။
နေရင်းထိုင်ရင်း Mother Board တစ်ခုလျော်ပေးနေရပါလိမ့်မယ်။ CPU Fan ဖြုတ်ပြီးသွားရင် CPU ပေါ်မှာ Compound တစ်မျိုးသုတ်ထား တာကိုတွေ့ရပါလိမ့်မယ်။အသုံးပြုတာ ကြာလာတဲ့ Computer တွေမှာ CPU အပေါ်မှာ သုတ်ထားတဲ့ Compound တွေက CPU အပူချိန်ကြောင့် ခြောက်သွေ့လာတတ်ပါတယ်။ ခြောက်နေတဲ့ Compound တွေးကို Tissue လေးနဲ့ဖယ်ရှားပြီး ဂွမ်းတုတ်တံလေးနဲ့Thermal Paste အသစ်သုတ်ပေးလိုက်ပါ။ ပြီးရင် CPU ကို Motherboard ပေါ်မှာ ဂျက်ကျအောက်ပြန်တပ်ပါ။ CPU Fan ကိုလည်း စနစ်တကျ သေသေ ချာချာတတ်ပါ။ ပြီးရင် Computer ကို Power ပြန်နှိုးကြည့်ပါ။ မရရင် တစ်ခြားအသုံးပြုနေတဲ့ အမျိုးအစားတူ Computer ထဲက CPU တစ်လုံးအစားထိုးကြည့်ပါ။ ဒါဆိုရင်တော့နိုးပါပြီ။ နောက်ထပ်အလွယ်စစ်နည်းကတော့ အဲဒီစက်က CPU ကိုတစ်ခြားစက်မှာသွားတပ်ပြီးနိုးကြည့်ပါ။အဲဒီစက်လည်း မတတ်တော့ဘူးဆိုရင်တော့တရားခံကဒီကောင်ပေါ့။
ကဲ ... ဒါလည်းမနှိုးဘူးလို့ထားလိုက်ပါ။

နောက်တစ်ခုထပ်စစ်ပါတော့မယ်။
Mother Board အသစ်တစ်ခုလဲပြီးစမ်းကြည့်ဖို့ပါပဲ။

Credit : Original Writer

💎Royal Treasure
https://www.facebook.com/royal.treasure.mandalay/


Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No (243) 69th Street, Between 31 X 32
Mandalay