13/01/2026
သင်တန်းတွေတော့ တက်ဖြစ်ပါတယ်
ဒါပေမယ့် fluency က မတက်လာဘူး 🥲
ဆိုတဲ့ အခြေအနေကို ကြုံတွေ့နေရပြီဆိုရင်
ဒါလေးကို ဖတ်ကြည့်ပါ 👇
ဒါက နောက်ပိုင်း intermediate level ရောက်လာတဲ့သူတွေ အများဆုံးကြုံရတဲ့ barrier တစ်ခုပါ။
သင်တန်းတွေတော့ တက်ဖြစ်တယ်
အတန်းထဲမှာလည်း စာလုပ်ဖြစ်တယ်
ဒါပေမယ့် တကယ် ပြောရမယ်ဆိုရင် ဘယ်က စရမှန်း မသိတော့တာမျိုး ပေါ့။
ဒါဆိုရင် ကိုယ့်ကိုယ်ကို မေးကြည့်ရမယ့် မေးခွန်းလေးတစ်ခုရှိပါတယ်။
👉 သင်တန်းမှာ လေ့လာထားတဲ့ အကြောင်းအရာတွေကို အပြင်မှာ တကယ် အသုံးချပြီး လေ့ကျင့်ဖြစ်လား?
MAKE IT YOURS
Vocabulary / phrasal verb / grammar တစ်ခုခုကို လေ့လာပြီးပြီဆိုရင်
👉 ကိုယ့်စကား ဖြစ်အောင် လုပ်ရပါမယ်
ကိုယ့်အတွက် မှန်တဲ့ အကြောင်းအရာတစ်ခုကို သင်ယူထားတဲ့ language တွေသုံးပြီး
များများ ရေးကြည့်ပါ၊ ပြောကြည့်ပါ။
Sometimes, you can even make things up 😉
ဥပမာ 👇
Take over (phrasal verb)
Meaning (Cambridge):
to get control, or to do something instead of someone else
Sentence:
Maria takes over her family business.
Explanation:
Maria starts taking responsibility for her family business, usually because a family member has stopped running it.
Maria becomes the person in charge of the company.
Pronunciation: /teɪ'kəʊvə/
Take over ရဲ့ pronunciation ကို self-study လုပ်တော့မယ်ဆိုရင် သင်တန်းတွေမှာ သင်ပေးထားတာကို လေ့ကျင့်လို့ရသလို ကိုယ်က တခြားsourceတွေကနေ တဆင့် နားထောင်ပြီး လေ့ကျင့်ချင်တယ်ဆိုရင်
စာကြောင်းထဲမှာ ထည့်ပြောထားတာကို လေ့ကျင့်တာ ပိုပြီး ထိရောက်ပါတယ်။
ဒါဆို Youglish.com လို website မှာ နားထောင်ရင်း လေ့ကျင့်လို့ရပါတယ်။
ဒါနဲ့ မပြီးသေးပါဘူး ❌
👉 ဒီစာလုံးကို ကိုယ့်အတွက် မှန်တဲ့ စာကြောင်းတွေ အဖြစ်
အနည်းဆုံး ၃ ကြောင်းလောက် ပြန်ရေးကြည့်ရပါမယ်။
✔ I'll take over my friend's mini project because he's feeling sick.
✔ The theme of the games changed as soon as a new PD took over the Running Man TV programme.
✔ Once I took over as the chef at home, I started cooking more vegetables than fatty meat. 😁 (ကျန်းမာစေချင်လို့ပါ 🥦)
💡 Useful tips
Take over ရဲ့ နောက်မှာ လိုက်လေ့ရှိတာတွေက—
🔹 A role
I'll take over as a manager for a while.
🔹 A responsibility / project / business
Maria takes over her family business.
🔹 From someone
Her manager is going on maternity leave, so she takes over from her manager.
ကဲ စာတွေ တူတူလုပ်ကြမယ်နော်။
How to Pronounce English Naturally | YouGlish
Struggling with English pronunciation? YouGlish uses real people speaking real English to help you master tricky sounds. No more dictionary confusion!
28/12/2025
Englishစာ လေ့လာဖို့ သင်တန်းတွေ တက်ကြတော့မယ်ဆိုရင်...
🍀 English language သင်တန်းတစ်ခု တက်ဖို့ဆုံးဖို့ ဆုံးဖြတ်ကြတဲ့အခါမှာ learnerေတွ အတွက် အရေးကြီးတာတစ်ခုက တစ်ပြိုင်တည်းမှာ အတန်းတွေ ၂ခု၊ ၃ခု ပြုံ မတက်ဖို့ပါ။ ( I'm dead serious. Don't! 😅)
🍀 "ဆရာများ သားသေ" ဆိုတဲ့ အတိုင်းပဲ သင်တန်း တစ်ခုနဲ့ တစ်ခု မတူညီတဲ့ သင်ပုံ သင်နည်းတွေ အောက်မှာ မှတ်ရတာတွေ များပြီး စာမနိုင် ဖြစ်လာတတ်ပါတယ်။ 🥹
🍀 တစ်ပြိုင်တည်း တက်ရောက်တယ် ပြောတဲ့နေရာမှာ ကိုယ်က ဒီ Grammar တစ်မျိုးတည်းကိုပဲ ဒီ lesson ဒီcourse တစ်ခုတည်းကိုပဲ နှစ်ခု ပြိုင်တတ်တာကို ဆိုလိုပါတယ်။
🍀 အဓိကက ကျောင်းသား မှတ်ရတာ များသွားတဲ့ အခါ ဘယ်ဖက်က ပြောတာကို နားထောင်ပြီး ဘာလုပ်ရမှန်း မသိ ဗျာများတတ်လို့ပါ (ကိုယ်တွေ့ 😅)။
🍀 အဲ့တော့ အချိန်ကုန် လူပင်ပမ်း၊ ငွေကုန် ဖြစ်မယ့် အစား ကိုယ်နဲ့ သင့်လျော်တဲ့ course တစ်ခုကို သေချာ ရွေးချယ် တက်ရောက် သင့်ပါတယ်။ 🙋🏻♀️
🍀 ဒါက English ဘာသာ တစ်ခုထဲမှာ မဟုတ်ပဲ ဘယ် language နေနေပေါ့နော်။
ကိုယ့်အတွက် သင့်တော်ပြီး ကိုက်ညီတဲ့ သင်တန်းကို စုံစမ်းပြီး ရွေးချယ် တက်ရောက်သင့်ပါတယ်။
🍀 သင်တန်း ရွေးချယ် တက်ရောက်ပြီဆိုရင်လဲ ကိုယ်က အသားကျအောင် တစ်လတန်သည် နှစ်လတန်သည် ဇွဲရှိရှိ တက်ကြည့်ပြီးမှ ကိုက်ညီမှုရှိရင် တစ်စိုက်မှတ်မှတ် ဆက်ပြီး တက်ရောက်တာ ပိုပြီးထိရောက်မှု ရှိပါတယ်။
🍀 ကိုယ်က self-study အများဆုံးလုပ်နေတဲ့သူဆိုရင်လဲ ကိုယ်နဲ့ ကိုက်ညီနဲ့ YouTube channel, podcast တစ်ခုခုကို သေချာကြည့်ပြီး နားထောင်တာ၊ မှတ်သားတာ ပိုအဆင်ပြေပါတယ်။
Less is more. Read again! 🌸😘🙂↕️
25/12/2023
အိမ်မှာနေရင်းနဲ့ အင်္ဂလိပ်စာကို Native Speaker ဆရာတွေရဲ့ အသံနဲ့ အခမဲ့လေ့လာဖို့ အကောင်းဆုံး website ကတော့ ဒီမှာ link ပေးထားတဲ့ British Council ရဲ့ official website ပါပဲ။
Reading, Writing, Listening, Speaking skill လေးခုစလုံးကို CEFR level အလိုက်
Beginner A1
Pre-intermediate A2
Intermediate B1
Upper intermediate B2
Advanced C1 စသည်ဖြင့် Level ခွဲပေးထားလို့ မိမိနဲ့ သင့်တော်မယ့် အဆင့်မှ စလေ့လာနိုင်တယ်။
ဒါ့အပြင် Grammar, Vocabulary, IELTS, Business English, General English စသည်ဖြင့်လည်း ထပ်ပြီးလေ့လာဖို့ အခန်းကဏ္ဍခွဲထားပေးထားသေးတယ်။
Self-study သမားတွေအတွက်ရော ဆရာတွေအတွက်ပါ အဖိုးတန်တဲ့ teaching and learning resources တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားတာပါ။
Internet connection ကောင်းဖို့တော့လိုတယ်။ အချို့ဟာတွေ download လုပ်ထားလို့ရတယ်။ လေ့ကျင့်ခန်းတွေလုပ်ပြီး အဖြေ ပြန်တိုက်ကြည့်နိုင်တယ်။
အိမ်မှာ တည်တည်ငြိမ်ငြိမ်ထိုင်ပြီး computer ရှေ့မှာ၊ သို့မဟုတ် မိမိရဲ့ phone နဲ့ headphone လေးတပ်ပြီး တစ်နေ့ တစ်နာရီ နေ့စဥ်လေ့လာနိုင်ရင် အင်္ဂလန်မှာ ကျောင်းသွားတက်လိုက်ရသလိုပဲ မိမိရဲ့ အင်္ဂလိပ်စာ တိုးတက်လာပါလိမ့်မယ်။
အောက်က link လေးကို နှိပ်ပြီး ဝင်လေ့လာပါတော့။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း
https://learnenglish.britishcouncil.org/skills/listening

20/11/2023
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Collocation အကြောင်းနဲ့ အသုံးများတဲ့ collocations အချို့ကို ရေးပေးခဲ့ပြီးပါပြီ။ အခု စာဖတ်သူ ကျောင်းဆရာတစ်ဦးက collocation ဆိုတာဘာလဲလို့ မေးခဲ့တာကို ပြန်ဖြေပြထားတဲ့ ဆောင်းပါးလေးကို background reading အနေဖြင့် ဖတ်လို့ရအောင် ပြင်ဆင်တင်ဆက်လိုက်ပါတယ်။
🚩ဆရာခင်ဗျား
collocation ဆိုတာ ဘာတွေလဲ။ ကျောင်းသားတွေသိအောင် ဘယ်လိုသင်ပေးရမှာလဲ....ဆိုတဲ့မေးခွန်းပါ။
ပထမဦးဆုံးပြောချင်တာက collocation ဆိုတာကို သိပြီ ကြားဖူးပြီဆိုရင် colligation ကိုပါထပ်ပြီး မှတ်သင့် သိသင့်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ပထမအနေနဲ့ collocation ကိုရှင်းပြပြီးရင် ဒုတိယ colligation ကို ဒီ post မှာရှင်းပြပေးပါ့မယ်။
📍Collocation ဆိုတာ ဘာလဲ.....
A collocation is a combination of words that are commonly used together.
ပေါင်းဖက်တွဲသုံး၍ရသော ဝေါဟာရများ၊ စကားလုံးများကို ဆီလျော်စွာတွဲသုံးခြင်း လို့ အဓိပ္ပါယ် ဖွင့်လို့ရပါတယ်။
မှတ်ထားရမှာ collocation ဟာ word level စကားလုံး အဆင့်မှာပဲ ဆွေးနွေးမှာပါ။ ဒီအချက်ကို သိထားရင် colligation နဲ့ ဘယ်လိုခြားနားတယ်ဆိုတာ မှတ်ရလွယ်သွားပါလိမ့်မယ်။
ကဲ...collocation ကို မြန်မာလိုရှင်းအောင် ဥပမာပေးဖို့ အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ ဘိလပ်ပြန်မောင်သောင်းဖေ အင်္ဂလန်မှ မြန်မာပြည်ပြန်ရောက်တော့ ပြောတဲ့မြန်မာစကား "ရေချမ်းချမ်းတစ်ခွက်ပေးပါ" ကိုသွားသတိရမိတယ်။
အင်္ဂလိပ်လို cold ကို ရာသီဥတုအေးရင် The weather is cold.
သောက်ရေအေးအေးကို a cold glass of water..စတဲ့နေရာနှစ်ခုလုံးမှာ သုံးလို့ရပေမဲ့ မြန်မာလို "ရေချမ်းချမ်း" လို့သုံးလေ့မရှိကြလို့ ဒီလို အသုံးဟာ မဆီလျော်ဘူး။ It's a wrong collocation. လို့ပြောရမှာပါ။
ရေအေးအေးတစ်ခွက်
ဆောင်းတွင်းမှာချမ်းတယ်....
ထိုနည်းတူစွာပဲ အင်္ဂလိပ်စာမှာလည်း တချို့စကားလုံးတွေကို ပုံမှန်တွဲသုံးတတ်ကြပြီး (right collocation) တချို့သောစကားလုံးများကိုတော့ တွဲသုံးလေ့မရှိကြပါ( wrong collocation or odd collocation)။
ဥပမာလေးတွေကြည့်လိုက်ရင် ပိုရှင်းသွားပါလိမ့်မယ်။
အင်္ဂလိပ်စာကို ကိုယ်ပိုင်ဘာသာစကားအနေဖြင့်သုံးသူတွေ Native speakers of English တွေဟာ....
I firmly believe. ငါ အခိုင်အမာယုံကြည်တယ်...လို့သုံးကြပေမဲ့ I firmly think. လို့ မသုံးကြပါ။
I fully understand. သုံးပေမဲ့ I fully like. လို့ မသုံးပါ။
လူတစ်ယောက်ကို a heavy smoker, a devoted friend လို့ ပြောလို့ရပေမဲ့ a heavy friend, a devoted smoker မသုံးကြပါ။
a burning desire သာသုံးပြီး a blazing desire လို့ မသုံးပါ။
a golden opportunity လို့သာသုံးပြီး a golden chance လို့မသုံးပါ။
I change my mind. လို့သာသုံးပြီး I change my thoughts. လို့သုံးလေ့မရှိ။
Thanks a lot. လို့သာပြောလေ့ရှိပြီး Thank you a lot. လို့မပြောကြ။
ဒီဥပမာတွေကိုကြည့်ရင် collocation ကိုနားလည်လောက်ပါပြီ။
📍
မေးခွန်းရဲ့ ဒုတိယပိုင်း follow up question က ဒီ collocation တွေကို ကျောင်းသားတွေကို ဘယ်လိုသင်ပေးရမှာလဲတဲ့။
ဟုတ်ကဲ့... collocation dictionary တွေရှိပါတယ်။ စာသင်သားတွေနဲ့ မသက်ဆိုင်လှဘူးလို့ထင်ပါတယ်။ စာရေးဆရာဖြစ်ဖို့ကြိုးစားနေသူတွေ၊ advanced learners တွေအတွက်သာ အဲဒီလို dictionary ဟာ သင့်တော်ပါတယ်။
ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေအတွက် collocation အတွက်လုပ်ပေးလို့ရတာ နှစ်ခုတော့ရှိပါတယ်။
ပထမတစ်ခုက အရေးကြီးတဲ့ အသုံးများတဲ့ မှားတတ်လေ့ရှိကြတဲ့ collocation တွေကို စုစည်းသင်ကြားပေးခြင်းပါ။
ဥပမာ do နဲ့ make ရဲ့ collocation တွေ။ ပုံသေတွဲသုံးလေ့ရှိကြတဲ့ အတွဲလေးတွေကို သင်ပေး ပြီးတော့ exercise လုပ်ခိုင်းတာမျိုး။
do your homework, do exercise, do the dishes; make breakfast, make money, make friends စသည်ဖြင့် do နဲ့ make နောက်မှာလိုက်သုံးလေ့ရှိတဲ့ collocations တွေကို သင်ပေးလို့ရတယ်။
ဒုတိယ တစ်ခုက ကျောင်းသားတွေ ရေးရင် ပြောရင် မှားတဲ့ အမှားပေါ်မှာ မူတည်ပြီး ဒီစာလုံးကို အဲဒီစာလုံးနဲ့ တွဲသုံးလို့မရပါဘူးလို့ ထောက်ပြပြီး မှန်တဲ့ collocation ကို feedback အနေနဲ့ပေးလို့ရပါတယ်။
ခက်တာက အင်္ဂလိပ်စာမှာ ဒါမျိုး collocation တွေက အများကြီးဆိုတော့ အားလုံးစုံစေ့အောင် တမင်သင်ပေးလို့မရနိုင်ပါဘူး။ extensive reading လို့ခေါ်တဲ့ အင်္ဂလိပ်စာအုပ်ပေါင်းများစွာကို ဝါသနာအရဖတ်နေမှ၊ စာဖတ်နာမှ၊ အင်္ဂလိပ်စကားကိုလည်း နေ့စဉ်တကယ့်လက်တွေ့မှာ သုံးနေတော့မှ အချိန့်နဲ့ အတွေ့အကြုံပေါ်မူတည်ပြီး sense of the language ကိုပိုင်ဆိုင်လာကာ collocation ကို အထာပေါက်လာပါလိမ့်မယ်။
ဒါကတော့ collocation အကြောင်းပါ။ ဝေါဟာရ စကားလုံးအဆင့် word level မှာပဲရှိပါတယ်။
📍colligation ကတော့ fixed expressions တွေလို့ပြောရမယ် ထင်ပါတယ်။ word level ထက်ပိုတယ်။ ဥပမာ....
We look forward to seeing you. ဆိုတဲ့ဝါကျမှာ to ရဲ့နောက်မှာ see လို့သုံးရင်မှားတယ်။ seeing လို့သာ look forward to ရဲ့နောက်မှာ သုံးရမယ်လို့ သိတာ..colligation ကိုနားလည်ခြင်းပါပဲ။
အင်္ဂလိပ်တစ်ယောက် ကားဝပ်ရှော့မှာ အင်ဂျင်ဝိုင်စစ်ခိုင်းချင်တယ်ဆိုပါစို့။ သူဟာ ဝပ်ရှော့ဆရာကို.....
Could you check the oil? လို့ပဲပြောပြီးခိုင်းလိမ့်မယ်။
ဒီအထာကို မသိပဲ အင်္ဂလိပ်စာတော်တော်လေးတတ်တဲ့ နိုင်ငံခြားသားတစ်ယောက်က.....
Could you inspect the oil? သို့မဟုတ်
Could you see how much oil there is in the engine? ......
စသည်ဖြင့်ပြောမိရင် အထာမကျတော့ဘူး။ နားထဲမှာ ကန့်လန့်ဖြစ်နေလိမ့်မယ်။ သူတို့ဆီမှာ သူတို့စကားကို အဲလိုပုံစံပြောလေ့မရှိလို့ပေါ့။ တခါတလေမှာ ကိုယ်တွေက မြန်မာလိုတွေးပြီး ပြောချလိုက်တဲ့ အင်္ဂလိပ်စကားဟာ native speaker တွေက သူတို့စကားကို သဘာဝကျကျသုံးသလို အထာမကျလို့ odd collocation တွေဖြစ်နေတတ်လို့ သူတို့က ကိုယ်ပြောတာကို နားလည်ကောင်းလည်နိုင်မှာ ဖြစ်ပေမဲ့ အင်္ဂလိပ်စာတော့မဟုတ် Myanglish ဖြစ်နေတတ်ပါတယ်။
ကဲ...ဒီလောက်ဆိုရင် collocation နဲ့ colligation ကို သိလောက်ပြီလို့ထင်ပါတယ်။ ဆရာ ဆရာမတွေလည်း သဘာဝကျတဲ့ အင်္ဂလိပ်စာ collocations တွေမှန်ကန်စွာ သုံးနိုင်ဖို့ အရေးကြီးပါတယ် ခင်ဗျား။
With love,
Dr.Soe Than
17/11/2023
အခန်းထဲက ဆင်ကြီး
There is none so deaf as those who will not hear.
တမင်မကြားချင်သူတွေလောက် နားထိုင်းတဲ့သူမရှိ။
There's none so blind as those who will not see.
တမင်မကြည့်သူတွေလောက် မျက်စိကန်းသူမရှိ။
ဒီဝါကျနှစ်ခုစလုံးဟာ အင်္ဂလိပ် စကားပုံတွေဖြစ်တယ်။ ကြာလာတော့လည်း idiom လို့တောင် လက်ခံလာကြတယ်။ ရှေ့ဆုံးက There is ကိုဖြုတ်ပြီး
None so deaf as those who will not hear.
None so blind as those who will not see.
ဆိုပြီး ခပ်တိုတိုလည်း အသုံးများတယ်။
ကိစ္စတစ်ခု၊ ပြဿနာတစ်ခုကို သိရဲ့ မြင်ရဲ့ ကြားရဲ့နဲ့ တမင်ခေါင်းမာပြီး မသိချင်ယောင်ဆောင်နေကြသူတွေကို ရည်ညွှန်းတဲ့ ဆိုရိုးစကားတွေပေါ့။ အိပ်ချင်ယောင်ဆောင်သူဟာ နှိုးရခက်တယ် ဆိုတဲ့ သဘောမျိုးပါပဲ။
အင်္ဂလိပ်စကားမှာ elephant in the room အခန်းထဲက ဆင်ကြီးဆိုတဲ့ idiom တစ်ခုရှိတယ်။ ပြဿနာကြီးက အကြီးကြီးပဲ၊ အခန်းထဲမှာ ဆင်ကြီးတစ်ကောင် ဝင်ထိုင်နေသလိုပဲလို့ တင်စားလို့ရတယ်။ ဒါပေမယ့် အဲဒီဆင်ကြီးတစ်ကောင်လုံးကို မမြင်ယောင်ဆောင်နေကြတယ်တဲ့။ ဒီပြဿနာ (problem)၊ ဒီကိစ္စ (issue)၊ အမှန်တရား (truth) ကို ဘယ်သူမှ မဆွေးနွေးချင်၊ မပြောချင်၊ မဖြေရှင်းချင်ကြဘူး။ မသိချင်ယောင်ဆောင်နေလိုက်တော့ ကိုယ် သက်သာတယ်ဆိုတဲ့ အချောင်လိုက်ချင်တဲ့ စိတ်ပေါ့။
the elephant in the room = a major problem or controversial issue that is obviously present but avoided as a subject for discussion because it is more comfortable to do so
We both know that we can't carry on like this – it's the elephant in the room.
ငါတို့ ဒီလိုဆက်စခန်းသွားလို့ မဖြစ်ဘူးဆိုတာ ငါတို့ နှစ်ယောက်လုံး သိကြတယ်၊ ဒီသိသာတဲ့ ကိစ္စကိုပဲ မပြောဖြစ်အောင် ရှောင်နေကြတာ။
His alcoholism was the elephant in the room. Everyone knew he had a drinking problem but no one said anything.
သူ အရက်စွဲနေတာက လူသိရှင်ကြား ကိစ္စကြီးပါ။ အားလုံး သိကြပေမယ့် ဘာမှမပြောကြဘူး။
Politicians are focusing on the wrong issue and ignoring the elephant in the room.
နိုင်ငံရေးသမားတွေက တကယ့်သိသာတဲ့ ပြဿနာကြီးကို လျစ်လျူရှုပြီး ဘာမဟုတ်တဲ့ကိစ္စတွေကို အာရုံစိုက်နေကြတယ်။
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
17/11/2023
My all time favorite => The Alchemist by Paulo Coelho
Photo crd
20/10/2023
Be who you are.
ကိုယ့်ပုံစံအတိုင်းပဲနေပါ။
📍အင်္ဂလိပ်စာလည်းလေ့လာ၊ ဘဝနေထိုင်မှုအတွက် ဆင်ခြင်စဥ်းစားစရာလေးတွေလည်း ရစေချင်လို့ မှတ်ထား၊ စုထားတဲ့ စာတိုပေစလေးများကို ဘာသာပြန်ပေးလိုက်ပါတယ်။
You are not everyone's cup of tea.
သင့်ကို လူတိုင်းကတော့ ကြိုက်မှာမဟုတ်ဘူး။
The world is filled with people who, no matter what you do, no matter how you try, will simply not like you.
သင်ဘာကိုပဲလုပ်လုပ်၊ ဘယ်လောက်ပဲကြိုးစားပါစေ သင့်ကိုမကြိုက်မယ့်လူတွေက လောကကြီးမှာ ဒုနဲ့ဒေးပဲ။
But the world is also filled with those who will love you fiercely.
သို့သော် လောကကြီးမှာ သင့်ကို အလွန်ချစ်ကြသူတွေလည်း အပြည့်ပါပဲ။
The ones who love you: they are Your People.
သင့်ကိုချစ်ခင်ကြသူတွေဟာ သင့်ရဲ့လူတွေပေါ့။
Don't waste your finite time and heart trying to convince the people who aren't your people that you have value. They will miss it completely.
သင့်ကိုသဘောမကျသူတွေကို သင့်ရဲ့တန်ဖိုးကို သက်သေပြဖို့ ကိုယ့်ရဲ့ ရှားပါးတဲ့အချိန်နဲ့ စိတ်နှလုံးကို မဖြုန်းတီးပစ်ပါနဲ့။ သူတို့မြင်ကြမှာ မဟုတ်ဘူး။
They won't buy what you are selling.
သင်လုပ်ပြသမျှ သူတို့ယုံမှာမဟုတ်ပါဘူး။
Don't try to convince them to walk your path with you
because you will only waste your time and your
emotional good health.
သင်နဲ့အတူ သင်ယုံကြည်ရာလမ်း အတူလျှောက်လှမ်းဖို့လည်း သူတို့ကို စိတ်ဝင်စားလာအောင်မကြိုးစားနဲ့၊ ကိုယ့်အချိန်နဲ့ စိတ်ချမ်းသာမှုတွေပဲ အလဟဿ ဖြစ်သွားလိမ့်မယ်။
You are not for them and they are not for you. You are not their cup of tea and they are not yours.
သင်နဲ့ သူတို့နဲ့ဟာ တစ်ထပ်တည်းမကျနိုင်ပါဘူး။ သင့်ကို သူတို့က သဘောမကျသလို သင့်စိတ်ထဲလည်း သူတို့အပေါ်ဒီလိုပဲရှိမှာလေ။
Politely wave them aside and you move on as
well.
သူတို့ကို ယဥ်ကျေးစွာနဲ့ပဲမသိကျိုးကျွန်ပြုလိုက်ကာ ကိုယ့်လမ်းကိုယ်ဆက်သွားပါလေ။
Seek to share your path with those who recognize and appreciate your gifts, who you are.
သင့်ရဲ့ တန်ဖိုးအစွမ်းအစတွေကို သိပြီး တန်ဖိုးထားတဲ့သူတွေနဲ့သာ သင့်ရဲ့ ဘဝခရီးမှာ အတူတကွသွားကြပါ။
Be who you are. You are not everyone's cup of tea and that is OK.
ကိုယ့်ပုံစံနဲ့သာ ကိုယ်နေပါ။ သင့်ကို လူတိုင်းကတော့ သဘောမကျနိုင်ဘူး၊ ဒါဟာလည်း ပြဿနာမဟုတ်ပါဘူး။
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း