30/01/2025
FYI
✨✨ Let's Learn about everything ✨✨
30/01/2025
FYI
13/12/2024
FYI ✨✨✨
han တက်နေတဲ့ uni ကပေးတာမို့ Scholarship အကြောင်း သိချင်တာရှိရင် လာမေးလို့ပါတယ်ရှင့် han သိသလောက် ဖြေပေးသွားပါ့မယ်နော်
📣SUT Announcement: The Royal Scholarship 2025 🎓
Suranaree University of Technology (SUT), Thailand 🇹🇭 is now calling for applications for The Royal Scholarship 2025 for ASEAN countries students to study in SUT international undergraduate programs, 5 scholarships for each program, giving a total of 20 scholarships.
APPLY at: https://interadmission.sut.ac.th/scholarship/
✅Eligible International Programs:
1. Bachelor of Engineering in Civil Engineering
2. Bachelor of Engineering in Mechanical and Aeronautical Engineering
3. Bachelor of Engineering in Petrochemical and Polymer Engineering
4. Bachelor of Technology Program in Innovative Agripreneur
✅Applicant Qualifications:
- Completed study in grade 12 or equivalent or expected to complete by May 2025
- Outstanding academic performance
- Good command in English
- ASEAN country citizen (Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, Philippines, Singapore & Vietnam)
✅Important Dates:
SUT OPEN HOUSE LIVE on Facebook from February - March 2025
Application Period: 15 December 2024 - 31 March 2025
Announcement of candidates selected for online interview: (To be confirmed) in April 2025
Interview date: (To be confirmed) in April 2025
Announcement of successful candidates: (To be confirmed) in May 2025
🎥About SUT: https://bit.ly/3ZOEuDE
📲Contact Information:
Email: [email protected]
Tel. +66 4422 4145
Website: https://interadmission.sut.ac.th/
Facebook: https://www.facebook.com/SUTCenterforInternationalAffairs
Center for International Affairs https://cia.sut.ac.th/
Suranaree University of Technology
12/06/2024
Hello! Hello!👋👋
han 3လပိုင်းကတည်းက စာမေးပွဲတွေနဲ့သံသရာလည်ရင်း စာမေးပွဲပြီးတော့ Scholarship လျှောက်ဖို့ပြင်ဆင်ရ၊အခုတလောပိုင်းကျလဲကျောင်းသွားတက်ဖို့ပြင်ဆင်နေရတာမို့ hanရဲ့pageလေးကိုပစ်ထားမိပြီး ပျောက်နေတာ တော်"ကြာပြီပေါ့နော်။ဒီနေ့မှာတော့ han က IQRA Online Languages Centre က (3)ရက်တာကျင်းပမဲ့ Volunteerism Workshop မှာ Guest speaker အနေနဲ့ The impact of volunteering ခေါင်းစဉ်နဲ့ ပါ၀င်ဆွေးနွေးပြီး sharing လုပ်ပေးသွားမှာမို့ စိတ်၀င်စားရင် Workshop လေးမှာပါ၀င်ဖို့ Registration form ဖြည့်လိုက်တော့နော်👀✨
(နောက်ပိုင်းမှာလဲ han page ကို active ပြန်လုပ်ပီး scholarship tipsတွေ sharing လုပ်ပေးသွားမှာမို့ stay tuned နော်👀)
28/01/2024
Hello Learners 👋
ပျောက်နေတဲ့ hanလေးပြန်ပေါ်လာပါပြီရှင်။ပထမဆုံးအနေနဲ့ han အခုတလော အလုပ်တွေရှုပ်နေတာနဲ့ page မှာ အခုရက်ပိုင်း active မဖြစ်မိလို့ Learners လေးတွေကို တောင်းပန်ပါတယ်ရှင့်။နောက်လာမဲ့ အပတ်တွေမှာတော့ page မှာ လူငယ်တွေအတွက် အကျိုးရှိမဲ့ content တွေကို han ပုံမှန်တင်ပေးသွားပါ့မယ်ရှင့်။
ဒီနေ့မှာတော့ han က GEDရဲ့ဘာသာရပ်တွေထဲကတစ်ခုဖြစ်တဲ့ Social Studies အကြောင်းနဲ့ tipsတွေ tricks တွေအပြင် resources တွေကိုပါ sharing လုပ်ပေးသွားမှာပဲဖြစ်လို့ အဆုံးထိ ပြီးအောင်ဖတ်ပေးကြပါနော်။
📖Overview
GED Social Studies မှာဆိုရင်တော့ han တို့က USရဲ့ History အကြောင်းအရာတွေကို အဓိကလေ့လာရမှာဖြစ်ပြီး Social Studies Concepts တွေကို နားလည်အောင်လေ့လာထားရမှာ ဖြစ်ပါတယ်။(ဥပမာ-ခုနှစ်တွေ၊ Historical Events တွေနဲ့ Concepts တွေကို han တို့ ကျက်စရာမလိုပေမဲ့ Backgrounds knowledges တွေနဲ့ Social Studies မှာသုံးလေ့သုံးထရှိတဲ့ vocab တွေကို လေ့လာပြီးသိထားဖို့တော့လိုပါမယ်။ နောက်ထပ်အနေနဲ့ကတော့ Social Studies နဲ့ပတ်သတ်တဲ့ data graphsတွေ charts တွေကို ဘယ်လိုကြည့်ရမလဲဆိုတာလဲ သိထားရပါမယ်။
📒Topics for Background Knowledges
han တို့ GED Social Studies မှာBackground Knowledges အတွက်လေ့လာထားရမဲ့ topics (4) ခုရှိပါတယ်။
(1) Civics and Government
(2) United States History
(3) Economics
(4) Geography the World တို့ပဲဖြစ်ပါတယ်။
📝Format
Social Studies မှာတော့ Part 1ခုပဲရှိပါတယ်။ အခြားဘာသာရပ်တွေလိုပဲ screen ပေါ်မှာ calculator ပေးထားမှာဖြစ်ပြီး passages တွေမှာ highlight လဲလုပ်လို့ရပါတယ်။
Questions Tyesတွေကတော့- (1) Multiple choices (2) Drag and drop (3) Select an area နဲ့ (4) Drop Down စတဲ့ ပုံစံလေးတွေပဲဖြစ်ပါတယ်။
⏰Duration
Social Studies အတွက် exam duration ကတော့ (70) မိနစ်ပေးထားပါတယ်။ပထမဆုံးမဖြေခင် instructions ဖတ်တာနဲ့ နောက်ဆုံး final review အပါအ၀င် မိနစ်(70) ပေးထားတာဖြစ်ပါတယ်။
📄Test Topics
GED official website ကဖော်ပြထားတဲ့ Social Studies မှာ အဓိကမေးတဲ့ မေးခွန်းအမျိုးအစားတွေကတော့-
(1) Reading for Meaning in Social Studies
(2) Analyzing Historical Events and Arguments in Social Studies
(3) Using Numbers and Graphs in Social Studies တို့ပဲဖြစ်ပါတယ်။
🌻My experience, Tips & Strategies
han တုံးကတော့ အစပိုင်းမှာ social ကိုကြောက်တဲ့ထဲမှာပါပါတယ်။နောက်ပိုင်း Practice တွေလုပ် Historical Documents တွေဖတ်တာများလို့ မကြောက်တော့ပဲ Social Studies ကိုစိတ်၀င်စားလာပြီး အားတိုင်း Social ပဲလုပ်နေမိတော့ပါတယ်😁။ Practice လုပ်တဲ့အခါမှာ Time management ပါတခါထဲလုပ်ပါ။ Presidents တွေရဲ့ speech တွေနဲ့ကိုဖတ်စရှိအောင် exam မတိုင် Google မှာရှာပြီးဖတ်ကြည့်ပါ။han တုံးကတော့ ထင်ရှားတဲ့ Court Cases တွေလဲအချိန်ရရင် YouTube ကနေလေ့လာပါတယ်။နောက်ထပ် han sharing ပေးချင်တဲ့ tip ကတော့ ပထမဆုံးမေးခွန်းကိုဖတ်ကြည့်ပြီး ဘာအကြောင်းကိုမေးထားလဲဆိုတာ သိအောင်လုပ်ပါပြီးတော့မှ သူပေးထားတဲ့ စာပိုဒ်နဲ့အဖြေတွေကိုဖတ်ပြီး အဖြေတွေထဲက မေးထားတဲ့မေးခွန်းနဲ့ အသင့်လျော်ဆုံး အဖြေကိုရွေးပါ။Fact vs Opinion ကွဲ"ပြား"သိအောင်လုပ်ပြီး ခွဲတတ်အောင် Fact နဲ့ Opinion ခွဲခိုင်းတဲ့ မေးခွန်းတွေ exam မတိုင်ခင်များ" practice လုပ်ပါ။
Practice books တွေကတော့အရင် content တွေမှာ han သုံးခဲ့တဲ့ စာအုပ်တွေပဲသုံး social မှာလဲ အဲ့လိုပုံစံအတိုင်းပဲ သုံးသွားပါတယ်။နောက်တစ်ချက်က stay informed & apply using for questions လုပ်ဖို့ပါ။ Social မှာ အမှတ်ကောင်း"ရချင်တယ် ဆိုရင်တော့ historical events တွေကို ကိုယ်ကများ"သိပြီး Concepts တွေကို analyzing လုပ်ပြီး questions တွေအပေါ်မှာ အသုံးချတတ်ဖို့များ"လေ့ကျင့်သင့်ပါတယ်။
💫Resources
Practice test Websites
Exam မဖြေခင်မှာ practice လုပ်ကြဖို့အတွက် ဒီ websites လေးတွေကို recommend ပေးပါတယ်။
https://ged.com/practice-test/en/social-studies/
https://www.varsitytutors.com/ged_social_studies-practice-tests
https://www.mometrix.com/academy/ged-social-studies-practice-test/
https://www.gedpracticequestions.com/ged-social-studies-practice-test/
https://www.testprepreview.com/ged/ged-social-studies-practice-test.htm
https://gedpracticetest.net/quizzes/ged-social-studies-practice-test/
https://gedeno.com/ged-social-studies-practice-test/
https://www.testpreptoolkit.com/free-ged-social-studies-practice-test
https://www.kaptest.com/study/ged/ged-practice-questions-social-studies/
https://highered.mheducation.com/sites/0809222299/student_view0/ged_practice_test.html
https://uniontestprep.com/ged-test/practice-test/social-studies/pages/35
https://gotestprep.com/ged-social-studies-test/
https://app.essentialed.com/ged-social-studies-practice-test
YouTube Channels
https://youtube.com/?si=nBN # #
ဒီ Channel ကတော့ Students တွေအတွက်မဖြစ်မနေ subscribe လုပ်ထားသင့်တဲ့ Channel လေးပါ။Social Studies အတွက် History တွေအပြင် Economics ပိုင်းနဲ့ အခြားသော ဘာသာရပ်တွေပါ ရှင်းပြထားတာတွေရှိတာမို့ subscribe လုပ်ထားကြဖို့ recommend ပေးပါတယ်။
https://youtube.com/?si=PNmW9cG10g-4pIaV
https://youtube.com/?si=SRVzDo_V0trfAJ1X
https://youtube.com/?si=xS0-f2DMf9vs4TxR
ဒီ Channels လေးတွေကတော့ han Social မှာစာလုပ်ရတာပျင်းလာပြီဆိုရင် အမြဲသွားကြည့်ဖြစ်တတ်တဲ့ Channels လေးတွေပါ။ History အကြောင်းတွေကို ကာတွန်းလေးတွေနဲ့ပြောပြထားလို့ Historical Eventsတွေကို သေချာမှတ်မိနေဖို့ အထောက်အကူပြုပါတယ်။
https://youtube.com/?si=Ki_D3dDXJJ4_GAHX
ဒီ Channel လေးမှာတော့ USရဲ့နာမည်ကြီး Court cases တွေအပါအ၀င် History အကြောင်းတွေပါ လေ့လာလို့ရမှာဖြစ်ပါတယ်။
https://youtube.com/?si=b8u39P97uuKtKRfq
ဒီ Channels ကတော့ GED အတွက် Social Studies အပြင် အခြားဘာသာရပ်တွေကို မြန်မာလိုရှင်းပြထားတာကြောင့် စာလေ့လာရတာ ပိုအဆင်ပြေတာကြောင့် subscribe မဖြစ်မနေလုပ်ထားကြပါ။
Other Channels & Social Studies Playlists
https://youtube.com/?si=nc_8j897sgy0tCxh
https://youtube.com/?si=xJPCd1LOah6pGRaT
https://youtube.com/?si=kROyEqPTAUzRW6hq
https://youtube.com/?si=LsiIsxHSzWp9vfsz
https://youtu.be/Mn26nX9TzF4?si=AMW6xyn769-m9eYO
https://youtube.com/playlist?list=PLCnOKaKKk51S4N8s9s6VNJj2zKp0-qGHP&si=M8G0yM5tZEN3p5do
https://youtube.com/playlist?list=PLuvh_mVv-3qEx0a3qTEsyYxxqlNvVFXLr&si=DMZflBdYUkMxVZVL
https://youtu.be/cVDohMM4XXk?si=i_7ylisdKcf2lGRG
ဒီနေ့မှာတော့ han က GED Social Studies ဘာသာရပ်အကြောင်းနဲ့ tips & strategies တွေအပြင် resources တွေကို sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။GED ပြင်ဆင်နေတဲ့ Learnersလေးတို့အတွက်အသုံး၀င်လိမ့်မယ်လို့ han မျှော်လင့်ပါတယ်ရှင့်။ han အရင်က GED ဘာသာရပ် Mathနဲ့ Sciences အကြောင်းကိုလဲ sharing လုပ်ပေးထားပါတယ်။GEDပြင်နေတဲ့ Learnersလေးတို့မဖတ်ရသေးရင်
ဖတ်လို့ရအောင် hanဒီမှာ link ချပေးပါမယ်။
https://m.facebook.com/story.php?story_fbid=122117530406082603&id=61552478098720&mibextid=Nif5oz
https://m.facebook.com/story.php?story_fbid=122125948166082603&id=61552478098720&mibextid=Nif5oz
GED ပတ်သတ်ပြီးတစ်ခု"သိချင်တာပဲဖြစ်" အကြံတောင်းချင်တာပဲဖြစ်" မေးချင်တာရှိရင်လဲ pg cb ကို လာမေးလို့ ရပါတယ်ရှင့်။ han သိသလောက် အကုန်ဖြေပေးပါ့မယ်ရှင့်။နောက်ထပ်လူငယ်တွေအတွက် အသုံး၀င်မဲ့ content လေးတွေကိုလဲ sharing လုပ်ပေးသွားမှာမို့ han ရဲ့page နဲ့ Telegram Channel လေးကိုလဲ Like& Subscribe မလုပ်ရသေးရင် လုပ်ထားကြပါဦးနော်🙆
https://t.me/hanlearningwonderland
21/12/2023
✨“6 Steps to Prepare Before 2024”✨
“If you want to next year to be the best of your years (or) you want to be your year,this content is for you ”🫵
မကြာခင်မှာ New year ရောက်တော့မှာ ဖြစ်လို့ New year မှာ New me ဖြစ်အောင် ပြင်ဆင်ဖို့အတွက် အကောင်းဆုံး အချိန်က ဒီအချိန်ပါပဲနော်။ဒါကြောင့် han က ဒီနေ့မှာ နှစ်သစ်မှာ Powerful Transformative ဖြစ်အောင်လို့ ကြိုပြင်ဆင်သင့်တဲ့အချက်(6) ချက်ကို sharing လုပ်ပေးသွားပါ့မယ်။
ဒီ Content လေးက Learners လေးတို့အတွက် နှစ်သစ်အတွက် ပြင်ဆင်တဲ့အခါမှာ အကျိုးရှိဖို့ မျှော်လင့်ပါတယ်ရှင့်။
Telegram Channel
https://t.me/hanlearningwonderland
02/12/2023
မင်္ဂလာညချမ်းလေးပါရှင်🌠
ဒီတစ်ခေါက် han sharing လုပ်ပေးမဲ့ အလှည့်ကျတဲ့ GED ဘာသာရပ်ကတော့ Science ဘာသာရပ်အကြောင်းပဲ ဖြစ်ပါတယ်ရှင်။
📖Overview
GED Science ကတော့ memorization testမဟုတ်ပေမဲ့လဲScience concepts တွေကိုသေချာနားလည်ဖို့တော့လိုပါမယ်။Scientific dataတွေ ဖော်ပြထားတဲ့ graph တွေ chartsတွေကို သေချာဖတ်တတ်ပြီး နားလည်ရပါ့မယ်။GED Science ကဘယ်လိုမျိုးလေ့လာရမလဲဆိုရင် (ဥပမာ-hanတို့ ကျောင်းတက်တုံးကလို Chemistry မှာ Period table ကြီးကို အလွတ်ကျက်နေစရာ မလိုပါဘူးရှင်။ han တို့ Period table မှာပါတဲ့ Elements တွေရဲ့ names တွေ symbolsတွေကို သိထားပြီဆိုရင် အဆင်ပြေပါပြီ)
📒Topics
han တို့ GED Science မှာ အဓိကလေ့လာရမဲ့အပိုင်း(3)ပိုင်း ရှိပါတယ်။အဲ့တာတွေကတော့-
1.Life Science(Biology)
2.Physical Science (Physics + Chemistry)
3.Earth and Space Science တို့ပဲဖြစ်ပါတယ်။
🖋️Format
GED Science မှာတော့ hanတို့ exam ဖြေရင် math လိုမျိုး Part-1,2 ရှိတာမဟုတ်ပဲ Part-1 တစ်ခုပဲရှိပါတယ်။Physics လိုမျိုးတွက်ရမဲ့ ပုစ္ဆာတွေအတွက်ဘScreen ပေါ်မှာ Calculator ကိုပေးထားမှာဖြစ်ပါတယ်။Passages တွေဖတ်တဲ့အခါမှာ Hightlight လုပ်လို့လဲရပါတယ် ။Question Types တွေကတော့-(1)Fill in the blank (2)Drag and Drop (3)Select an area (4)Drop-down (5) Multiple choices စတဲ့ပုံစံလေးတွပဲဖြစ်ပါတယ်။
🕰️ Duration
Science မှာတော့ ကြာချိန်မိနစ် (90) ပေးထားပါတယ်။ပထမဆုံးမဖြေခင် instructions ဖတ်တာနဲ့ Final review လုပ်ဖို့(2)မိနစ်အပါအ၀င်မိနစ်(90)ပေးထားတာပါ။
📝Test Topics
GED official ကပြောထားတဲ့ Science ရဲ့ အဓိကမေးတဲ့ မေးခွန်းခေါင်းစဉ်(3)ခုကတော့-
1.Reading for Meaning in Science
2.Designing and Interpreting Science Experiments
3.Using Numbers and Graphics in Science
ပဲဖြစ်ပါတယ်။
🌻My experience & Tips
han Science ဖြေတုံးက experience ဆိုရင်တော့ အချိန်ကကွတ်တိလောက်ကျပါတယ်။ပြန် check ချိန် 2 မိနစ်ပဲရပါတယ်။han Science ဖြေတုံးက experiments တွေ အမေးများလို့ han လဲ experiments တွေ သေချာဖတ်ပြီး စဉ်းစားနေတာနဲ့ အချိန်ကကွတ်တိလောက် ကျသွားတာပါ။ဒါကြောင့် han အကြံပေးချင်တာက Learnerလေးတို့ Science ဖြေတော့မယ်ဆိုရင် han လိုမဖြစ်အောင် experiments မေးခွန်းတွေဖတ်တဲ့အခါမှာ time managementကို သေချာကြိုပြင်ဆင်ထားကြပါ။နောက်ထပ်တစ်ခု ပြောချင်တာကလေ han တို့ GED Science အတွက် exam မှာမေးတဲ့ experiment ပုံစံတွေက လေ့ကျင့်ဖို့ resources တွေကနည်းတယ်လို့ ပြောလို့ရပါတယ်။han တို့ လေ့ကျင့်တဲ့စာအုပ်တွေထဲမှာက Concept knowledge questions တွေပဲပါတာများပါတယ်။ဒါကြောင့် experiments မေးခွန်းတွေများများ လေ့ကျင့်ချင်ရင်တော့ han ကတော့ဖြေခါနီးရင် flashကို၀ယ်ပြီး ကိုလေ့ကျင့်ဖို့ recommend ပေးပါတယ်။ han ကတော့ စာအုပ်တွေထဲက Concepts တွေကို နားလည်အောင်ဖတ်ပြီး အပြင်က Science article တွေလဲ ဖတ်ကြည့်ပီး Practice Test တွေများ"ဖြေကြည့်ပါတယ် ။han Practice လုပ်တဲ့စာအုပ်တွေကတော့ ပထမဆုံးအနေနဲ့ Kaplan နဲ့ MC Graw Hill preparation ကိုလုပ်ပါတယ်။MC Graw Hill preparation ကိုလုပ်ပြီးရင် တစ်ခန်းစီအလိုက် MC Graw Hill Science Work book ကို Practice လုပ်ပါတယ် အဲ့လိုလုပ်မယ်ဆိုရင် han တို့ ဥပမာ- Preparation book မှာ Life Science ခေါင်းစဉ်ကို လေ့လာပြီးသွားပြီဆိုရင် Work book မှာ Questions တွေကို Practice လုပ်ပြီး Concepts တွေကို ဘယ်လောက်နားလည်ပြီး Questions တွေပေါ်မှာ ဘယ်လောက် apply လုပ်နိုင်လဲဆိုတာ လေ့ကျင့်လို့ရမှာပဲ ဖြစ်ပါတယ်။နောက်ထပ် han Science အတွက် Practiceလုပ်ဖြစ်ခဲ့တဲ့ စာအုပ်တွေကတော့- Dummies, Barron, Learning express, Princeton စတာတွေပဲဖြစ်ပါတယ်။(ဒါကတော့hanမှတ်မိသလောက်ရေးထားတာပါ။)
💫Other Resources
YouTube Channels များ
https://youtube.com/
https://youtube.com/
https://youtube.com/
https://youtube.com/
https://youtube.com/
https://youtube.com/
https://youtube.com/
https://youtube.com/?si=EWs_Nz_a1o6-pFR5
https://youtube.com/?si=X2YO0Gu7PZNu-3eQ
https://youtube.com/?si=-P_MCuIsEDUq2WTW
ဒီ Channels တွေကတော့ Practice လုပ်လို့ရပြီး Concepts တွေရှင်းပြထားတာလေးတွေလဲပါလို့ han အမြဲကြည့်ဖြစ်ခဲ့ပါတယ်။
hanက Science ကြိုက်တဲ့သူဆိုတော့စာအုပ်ထဲကနဲ့အပေါ်မှာပြထားတဲ့ YouTube Channels တွေအပြင် အခြား Science knowledges တွေရအောင် စာလုပ်ရတာပျင်းလာရင် ဒီ Channelsလေးတွေကိုလဲ အမြဲတမ်းကြည့်ဖြစ်ပါတယ်။
https://youtube.com/?si=3G3OVd1hNM-RzKAb
ဒီ Channels ကတော့ Physics,Chemistry, Biology, Environmental science အစုံပါပါတယ်။
https://youtube.com/?si=Xe6MnioKKHpp2pec
ဒီဟာကတော့ han အကြိုက်ဆုံးလို့ ပြောလို့ရပါတယ် Biology အကြောင်း တကယ်စုံပါတယ်။
https://youtube.com/?si=NmAsWrawHo6BmlF6
ဒါကတော့ Chemistry အတွက်ပါ subscribeလုပ်ထားသင့်ပါတယ် ။
https://youtube.com/?si=4Ze59XIbkZX5RxqA
ဒါကလဲ Science Knowledge တွေပါတင်ပေးလို့ subscribe လုပ်ထားသင့်ထဲမှာပါပါတယ်။
https://youtube.com/?si=ypav8vWh_NLCeB--
ဒါကPhysics and Chemistry အတွက်စုံတဲ့Channelလေးပါ။
han ပြောခဲ့တဲ့ အပြင်က Science articlesလေးတွေ ဖတ်ချင်တယ်ဆိုရင် ဒါလေးတွေကတော့ han ဖတ်နေကျ website လေးတွေပါ။
https://www.snexplores.org/
https://futurumcareers.com/articles -47560
https://www.sciencejournalforkids.org/
https://www.nationalgeographic.com/pages/topic/latest-stories
han Practice လုပ်ဖြစ်တဲ့ Websites တွေနဲ့ Appsတွေကတော့ han အရင်တခါ math content မှာဖော်ပြခဲ့တဲ့ဟာတွေပဲ လုပ်ဖြစ်ပါတယ်။အဲ့ဒီ Websites တွေနဲ့ Apps တွေ
ထဲမှာ ဘာသာစုံ Practice လုပ်လို့ရပါတယ်။အရင် han ရေးပေးခဲ့တဲ့Math content ကိုအောက်မှာlinkချပေးပါ့မယ်။မဖတ်ရသေးရင် သွားဖတ်ကြပါနော်။
https://m.facebook.com/story.php?story_fbid=122117530406082603&id=61552478098720&mibextid=Nif5oz
ဒီနေ့မှာတော့ han က GED Science ဘာသာရပ်အကြောင်းနဲ့ tips တွေနဲ့ resources တွေကို sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။GED ပြင်ဆင်နေတဲ့ Learnersလေးတို့အတွက်အသုံး၀င်လိမ့်မယ်လို့ han မျှော်လင့်ပါတယ်ရှင့်။တစ်ခု"သိချင်တာရှိရင်လဲ pg cbကို လာမေးလို့ ရပါတယ်ရှင့်။နောက်ထပ်လူငယ်တွေအတွက် အသုံး၀င်မဲ့ဟာလေးတွေကိုလဲ sharing လုပ်ပေးသွားမှာမို့ han ရဲ့page နဲ့ Telegram Channel လေးကိုလဲ Like& Subscribe လုပ်ထားကြပါဦးနော်🙆
https://t.me/hanlearningwonderland
12/11/2023
⏳How To Stop Wasting Your Time⏳
မင်္ဂလာညချမ်းလေးပါရှင့်။🌠Learner လေးတို့ တခါတရံမှာ နေ့တစ်နေ့သာပြီးမြောက်သွားတယ် ကိုယ်လုပ်မဲ့ အလုပ်တွေ မပြီးမြောက်လိုက်ရတာမျိုးတွေ ရှိကြလား?🤔 ညဘက်အိပ်ခါနီးမှ ကိုယ်တစ်နေ့တာလုပ်ခဲ့တာတွေ ပြန်စဉ်းစားကြည့်မိတော့မှ “ငါဒီနေ့အချိန်တွေ ဖြုန်းမိသွားတာပဲ။ငါအချိန်ဖြုန်းနေတာကို ရပ်သင့်ပြီ” ဆိုပြီးအတွေး၀င်တာမျိုးတွေရော ရှိဖူးကြလား? 🤔ဒါမှမဟုတ်ကိုယ်တိုင် အချိန်တွေဖြုန်းမိနေမှန်းမသိ ဖြုန်းမိနေကြတာမျိုးကောရှိကြလား? 🤔အခုလို နည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာ han တို့ လူငယ်အများစုက social media နဲ့ entertainment ဘက်မှာပဲ အချိန်ကိုဖြုန်းမိမှန်းမသိ ဖြုန်းမိနေကြတာမျိုးတွေ ရှိကြပါတယ်။💁ဒီနေ့မှာတော့ han က ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် နည်းလမ်း (6) ခုကို sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ကဲစလိုက်ကြရအောင်😉
🧐1.Figure Out Your True Goals & Desires
လူအများစု အချိန်တွေဖြုန်းမိနေတာက ဘာကြောင့်လဲဆိုရင်သူတို့မှာ တိကျပြတ်သားတဲ့ Goal တွေမရှိသေးလို့ အချိန်တွေဖြုန်းမှန်းမသိ ဖြုန်းမိနေကြတာပါ။han တို့ဖြစ်ချင်တဲ့ကြီးမားတဲ့ Goal တွေကို မသိသေးရင်တောင်မှ တစ်နေ့တာမှာ ငါဘယ်အရာကို ပြီးမြောက်အောင်လုပ်မယ်၊ဒီတစ်ပတ်အတွင်းမှာ ဘယ်အရာတွေ ပြီးမြောက်ရမယ်၊တစ်လအတွင်းမှာ ဘယ်လို တိုးတက်လာစေရမယ် စတဲ့ Goal သေးသေးလေးတွေကနေ စကြည့်ပါ။ဒါဆိုရင် han တို့ချမှတ်ထားတဲ့ Goal တွေ နောက်လိုက်ရင်းနဲ့ အချိန်ဖြုန်းဖို့အတွက် အချိန်မရှိတော့တာမျိုးတောင် ဖြစ်သွားပါလိမ့်မယ်။
🗒️2.Schedule Your Day
han တို့ တစ်နေ့တာမှာ ကိုယ်ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုပြီး Schedule (or) To-do list လေးတွေ ချရေးထားပါ။
📌3.Set Your Deadline
han တို့ ကိုယ်တိုင်လုပ်ရမဲ့အလုပ်တွေကို ဘယ်အချိန်အတွင်းမှာ ပြီးရမယ်ဆိုတဲ့ တိကျတဲ့ Deadline လေးတွေ သတ်မှတ်ထားမယ်ဆိုရင် han တို့ အချိန်ဖြုန်းမိတာတွေ နည်းသွားမှာဖြစ်ပါတယ်။
🫡4..Work On Your Most Important Tasks First
han တို့ အရေးကြီးဆုံးဖြစ်တဲ့ အလုပ်တွေ အရင်ဆုံးလုပ်ထားမယ်ဆိုရင် ကျန်တဲ့ han တို့ လုပ်ရမဲ့အလုပ်တွေကပေါ့ပေါ့ပါးပါး Prouctive ရှိစွာနဲ့ ကောင်း"လုပ်နိုင်မှာ ပဲဖြစ်ပါတယ်။ဒီလိုဆို အချိန်ဖြုန်းတာမျိုးမရှိတော့ပဲ ကိုယ်လုပ်ရမယ့်အလုပ်ကို အချိန်တိုအတွင်းမှာ ပြီးမြောက်နိုင်မှာပဲဖြစ်ပါတယ်။
💡5.You Should Know Distraction
ဒါကတော့ အဓိကအကြောင်းရင်းပါပဲ han တို့ အချိန်တွေဖြုန်းမိနေတဲ့ အဓိကအကြောင်းအရင်းက ဘာတွေလဲဆိုတာအရင်သိအောင် လုပ်ထားရပါမယ်။han တို့လိုလူငယ်တွေ
အဓိက အချိန်ဖြုန်းမိနေတဲ့ နေရာတစ်ခုကတော့ Social Media ပါပဲ။အဲ့တော့ han တို့ ဖုန်းကိုဝေးရာမှာထားတာပဲဖြစ်"၊Noti တွေကို off ထားတာပဲဖြစ်"၊Social Media တွေမှာ Time limitedလုပ်ထားတာမျိုးတွေပဲဖြစ်"လုပ်ထားပါ။
⌛6.Use the Pomodoro Technique
ဒီနည်းလမ်းကတော့ han အကြိုက်ဆုံး တစ်ခုဖြစ်ပါတယ်။han တို့ လုပ်ရမယ့်အလုပ်တစ်ခုကို 25 minutes timerတစ်ခု ထားလုပ်ပါ။han တို့25 minutes အတွင်းမှာလုပ်ရမယ့်အလုပ်ကိုပဲလုပ်ပြီး အာရုံစိုက်ထားလိုက်ပါ။25 minutes timer ပြည့်သွားပြီးဆိုရင် 5 minutes break ယူလိုက်ပါ။ break အတွင်းမှာ ကိုယ်လုပ်ချင်တာလုပ်လို့ရပါတယ် ဒါပေမဲ့ Phone တော့မကိုင်ပါနဲ့။break ပြီးသွားပြီဆိုရင်လဲ ခုနကလိုပဲ အလုပ်လုပ်ဖို့ 25 minutes timer တစ်ခု ပြန်ထားပြီးအလုပ်ပြန်လုပ်ပါ 5 minutes breakပြန်ယူပါ။အဲ့လိုမျိုးကို 4ကြိမ် ပြီးပြီဆိုရင် 25 minutes break ယူပါ။အဲလိုပုံစံအတိုင်း Pomodoro Technique ကို အသုံးပြုသွားမယ်ဆိုရင် han တို့လုပ်နေတဲ့ အလုပ်အပေါ်မှာ အာရုံစိုက်မှုပိုကောင်းလာပြီး မြန်"ဆန်"နဲ့အချိန်တိုအတွင်းမှာပဲ အလုပ်တွေအများကြီး ပြီးမြောက်သွားမှာပဲဖြစ်ပါတယ်။
ဒီနည်းလမ်းလေးတွေကို အသုံးပြုမယ်ဆိုရင် han တို့အချိန်ဖြုန်းတာတွေ နည်းလာပြီး အလုပ်တွေ အများကြီးပြီးမြောက်လာမှာပဲ ဖြစ်ပါတယ်။😊အားလုံးအတွက်အသုံး၀င်လိမ့်မယ်လို့လဲ han မျှော်လင့်ပါတယ်ရှင့်။🤗နောက် content တွေမှာ ပြန်တွေ့ပါမယ်ရှင့်။🙋
Han's Learning Wonderland Telegram Channel
https://t.me/hanlearningwonderland
05/11/2023
Hello!👋မင်္ဂလာပါရှင့်။🤗
ပျောက်နေတဲ့ hanလေး ပြန်လာပါပီရှင့်😊ဒီနေ့ han sharing လုပ်ပေးသွားမှာကတော💁GED ရဲ့ Subject တစ်ခုဖြစ်တဲ့ Mathematical Reasoning အကြောင်း၊Study tips လေးတွေနဲ့ resource လေးတွေ အကြောင်းပဲဖြစ်ပါတယ်ရှင့်။ကဲစလိုက်ကြရအောင်နော်🥰
📖Overview 📖
han တို့ GED Math မှာတော့ မဖြစ်မနေ သိသင့်သိထိုက်တဲ့ Math Concepts, Measurements, Equation တွေကိုလေ့လာရမှာပဲဖြစ်ပါတယ်။ han တို့ GED Math မှာကံအကောင်းဆုံးတစ်ခုကတော့ မြန်မာကျောင်းတုံးကလို han တို့ Math formula တွေကို အလွတ်မှတ်ထားစရာမလိုပဲ examမှာ အသုံးပြုရမဲ့ formula sheet ပေးထားမှာဖြစ်ပါတယ်🤩။
🖋️ Topics 🖋️
han တို့ GED Math မှာ အဓိကလေ့လာရမဲ့ topics(4)ခုရှိပါတယ်။အဲ့တာတွေကတော့-
1.Basic Math
2.Geometry
3.Basic Algebra
4.Graph and Function တို့ပဲဖြစ်ပါတယ်။
📝 Format 📝
han တို့ GED Math ဘာသာရပ်ကို Exam မှာ Part1&2 ဆိုပြီး နှစ်ပိုင်းခွဲပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။Part 1မှာကတော့ Calculator သုံးခွင့်မရှိဘဲ Part 2 မှာတော့ Calculator သုံးခွင့်ပေးပါတယ်။ hanတို့သုံးရမဲ့ Calculator နဲ့ Formula sheet ကတော့ Computer screen ပေါ်မှာရှိနေမှာပဲဖြစ်ပါတယ်။
🖊️Question Type🖊️
hanတို့GED Mathရဲ့မေးခွန်းပုံစံကတော့(1) Multiple choice (2) Drag and drop (3)Fill in the blank (4) Select an area (5) Drop-down စတဲ့ မေးခွန်းပုံစံတွေပဲဖြစ်ပါတယ်။
⌛Duration⌛
hanတို့ Exam မှာ Mathအတွက် ကြာချိန်ကတော့ ပထမဆုံး instructionတွေ ဖတ်ဖို့၊final review ပြန်ကြည့်ဖို့2 minutesနဲ့ Part1&2ကြား 3minutes breakအပါအ၀င် 115 minutes ပေးထားပါတယ်။ဒီထဲမှာ GED လေ့လာနေတဲ့
Leaner လေးတွေ Math ဖြေရင် အချိန်မလောက်မှာ မစိုးရိမ်ပါနဲ့နော် hanဖြေတုံးကဆို 15 minutes တောင်ပြန်စစ်ဖို့အချိန်ပိုနေပါသေးတယ်😉။
🌻My Experience & Study Tips🌻
GED Math ကတော့ မြန်မာကျောင်းသားတွေအတွက် လွယ်တယ် လို့ပြောလို့ရတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပြီးအမှတ် 200 အပြည့်ရအောင် ကြိုးစားလို့ရမယ့် ဘာသာရပ်တစ်ခုလဲဖြစ်ပါတယ်။ဒါကြောင့် GED Math မှာ အမှတ်200 အပြည့်ရချင်တယ်ဆိုရင် han အနေနဲ့ အကြံပေးချင်တာကတော့ Practice များ"လုပ်ဖို့ပါ။ရှိသမျှစာအုပ်နဲ့ website တွေ app တွေ အကုန်လေ့ကျင့်ပြီး Practice Test တွေလဲများ"ဖြေကြည့်ပါ။ han GED Math မဖြေခင်တုံးက လေ့ကျင့်ခဲ့တဲ့ ပုံကတော့ class ကသင်လိုက်တဲ့ တစ်နေ့စာတစ်နေ့ကို ပုံမှန် Practice လုပ်သွားပါတယ် ဒီနေ့ ဉပမာအားဖြင့် Function ပိုင်းသင်လိုက်တယ်ဆိုရင် han က Function ပိုင်းနဲ့ ဆိုင်တဲ့ Workbook နဲ့ အခြားစာအုပ်တွေထဲက Function ပိုင်း exercise တွေ အကုန်လိုက်လုပ်ပါတယ်။ Youtube မှာလဲ Practice မေးခွန်းတွေနဲ့ short tips လေးတွေလိုက်ကြည့်ပါတယ်။တစ်ပတ်တခါ app နဲ့ websites က Practice questions တွေ ဖြေကြည့်ပါတယ်။နောက်ထပ် han တစ်ခုအကြံပေးချင်တာကတော့ Practice Test တွေမှာ မှားခဲ့တာတွေကို သေချာမှတ်ထားပြီး ပြန်လေ့ကျင့်ပါ။ GEDမှာက han တို့ ဖြေရမယ့် ဘာသာရပ်တွေ အကုန်လုံးက unseenမေးခွန်းတွေဖြစ်တာမို့ ရှိသမျှ Practice တွေကို အကုန်လေ့ကျင့်မှသာ Problem solving skill, Critical thinking skill တိုးတက်လာပြီး han တို့လိုချင်တဲ့ target score တွေကို ရရှိမှာ ဖြစ်ပါတယ်။ han တို့GED Mathကို exam သွားဖြေဆိုတဲ့အခါမှာလဲစိတ်"အေး"ထားပုစ္ဆာတွေကို သေချာဖတ်ပြီး ဖြေမယ်ဆိုရင် Math က အမှတ်ကောင်း" ရနိုင်ပါတယ်။မသိတဲ့ပုစ္ဆာရှိရင်လဲ အဲ့ပုစ္ဆာမှာပဲ အချိန်တွေ ကုန်မနေဘဲနဲ့ ခဏ Skip ခဲ့ပြီး ကျန်တာတွေ အကုန်ဖြေပီးသွားတဲ့ အချိန်ရောက်မှ အဲ့ပုစ္ဆာကိုခေါင်းအေး"ထားပြီး သေချာပြန်စဉ်းစားကြည့်ပါ။နောက်ဆုံးစဉ်းစားကြည့်လို့ မရတော့ဘူးဆိုမှ han တို့ဖြစ်နိုင်တယ်ထင်တဲ့ တစ်ခုကို ရွေးပြီးဖြေခဲ့ပါ။ Blank ချန်မထားခဲ့ပါနဲ့နော် han တို့ guessing လုပ်တဲ့ဟာက မှန်ရင်မှန်နိုင်တာကြောင့်မို့ပါ။အကုန်လုံးဖြေပီးသွားလို့ အချိန်ပိုနေရင်လဲ end test မလုပ်ပစ်ဘဲ ရသလောက် သေချာပြန်စစ်ကြည့်ပါ။
💫 Resources 💫
ဒီမှာတော့ han GED Math ဖြေတုံးက လေ့ကျင့်ခဲ့တဲ့ resource တွေကို sharing လုပ်ပေးချင်ပါတယ်။
Books 📚 MC Graw Hill preparation book, MC Graw Hill Work book, Kaplan, Dummies,Barron, Learning express,GED Math Tutorစတဲ့စာအုပ်တွေပဲဖြစ်ပါတယ်။ဒါ han မှတ်မိသလောက် ပြောပြပေးထားတာပါ။
YouTube Channels 💻
1.Ultimate Algebra (အဲ့ Channel မှာတော့ GED Math အတွက် short tips လေးတွေနဲ့ တွက်နည်းလေးတွေပါတင်တာမို့ han အရမ်းကြိုက်တဲ့ Channelတစ်ခုဖြစ်ပါတယ်။)
https://youtube.com/?si=Ue201iQUZ1kAo1a7
2.Test Prep Champion (ဒီ Channel ကတော့ GED ဘာသာရပ်အကုန်လုံးအတွက် Practice question တွေတင်ပေးနေတာမို့ Practice လုပ်ကြည့်ရင်ကောင်းတဲ့ Channel တစ်ခု ဖြစ်ပါတယ်။)
https://youtube.com/?si=nbNIt0EWWkWz8K_k
3.The Organic Chemistry Tutor (ဒီ Channel ကလဲ Math အပြင် Physics & Chemistry အတွက်ပါ video လေးတွေ ရှိတာမို့ကျောင်းသူ/သားတွေ subscribe လုပ်ထားသင့်ပါတယ် GED Mathအတွက်လဲvideoလေးတွေရှိပါတယ်)
https://youtube.com/?si=g-jAW4ud91Bk7CXn
4.Weiss Videos(ဒီ Channel မှာလဲ GED Math အတွက် video လေးတွေ တင်ထားပေးတာမို့ hanလေ့လာခဲ့တုံးကအဆင်ပြေတဲ့ Channelတွေထဲက တစ်ခုဖြစ်ပါတယ်)
https://youtube.com/?si=D7nScLEyx7VhYPmp
5.Light & Salt Learning (GED Mathပဲတင်တဲ့ Channel တစ်ခုဖြစ်ပြီး han ကြိုက်တဲ့ Channelတွေထဲကတစ်ခုပါ)
https://youtube.com/?si=lqdP6TAjGsOqjx4F
6.Purely President (GED YouTube Channels တွေထဲက မေ့ထားလို့မရတဲ့ Channelတစ်ခုပါ Math အပြင်အခြားဘာသာရပ်တွေ အတွက်ပါ Practice question တွေတင်ပေးတာမို့ subscribe လုပ်ကိုလုပ်ထားသင့်ပါတယ်)
https://youtube.com/?si=Tzf9rBYiP3Hv5U8I
Websites📱
https://practicetestgeeks.com/ged-practice-test-exam/
https://gedtestpro.com/
https://www.varsitytutors.com/ged-practice-tests
https://www.passged.com/free-test
https://bestgedclasses.org/practice-tests/
https://www.4tests.com/ged-practice-test
https://gedpracticetest.net/
https://www.khanacademy.org/math
Apps📱
1.GED Test Pro
2.GED Practice Test စတာတွေပဲဖြစ်ပါတယ်။
ဒီနေ့han sharing လုပ်ပေးသွားတဲ့ GED Mathအကြောင်း၊Study tips နဲ့ Resources တွေက GED လေ့လာနေတဲ့ learner လေးတွေအတွက် အသုံး၀င်မယ်လို့ မျှော်လင့်ပါတယ်ရှင့်🤩။တကယ်လို့ GED အကြောင်းတစ်ခု"သိချင်တာပဲဖြစ်" GEDစာအုပ်လေးတွေကိုလိုချင်တာပဲဖြစ်" pgရဲ့cbမှာလာပြောပေးလို့ရပါတယ်ရှင့် 🥰han အကုန်လုံးကို free sharing လုပ်ပေးပါ့မယ်နော်။
နောက်ထပ် Content တွေမှာလဲ GED ရဲ့အခြားဘာသာရပ်တွေ အကြောင်း၊ international educationအကြောင်းနဲ့ အခြားလူငယ်တွေ သိသင့်သိထိုက်တဲ့ knowledge တွေကို sharing လုပ်ပေးသွားမှာဖြစ်လို့ hanရဲ့page လေးကို like & follow မလုပ်ရသေးဘူးဆိုရင် like & follow လုပ်ထားဖို့ မမေ့ပါနဲ့နော်😍။han ရဲ့t elegram channel မှာလဲ content လေးတွေတင်ပေးသွားမှာဖြစ်လို့ telegram channel ကိုလဲ join ပေး ကြပါအုံးနော်😍
https://t.me/+GP1umUtMYPUyZTll
hanတို့နောက်contentတွေမှာပြန်တွေ့ပါမယ်ရှင့်။🥰
24/10/2023
Hello! 👋မင်္ဂလာညချမ်းလေးပါရှင်။🌠
🙋Han's Learning Wonderland ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင့်။
ဒီနေ့မှာတော့ han က Self-Study✍️ကို ဘယ်လို effective ဖြစ်အောင် လုပ်ရမလဲဆိုတာလေးကို sharing လုပ်ပေးချင်ပါတယ်ရှင့်။
💁han တို့ language တွေပဲဖြစ်"၊ အခြား han တို့ စိတ်၀င်စားတဲ့ courseတွေကို လေ့လာတာပဲဖြစ်"၊ သင်တန်းကစာတွေ (သို့) ကျောင်းသင်ခန်းစာတွေပဲဖြစ် Self-Study✍️ လုပ်လို့ရမဲ့ Tips လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
🍁(1) Set Specific Goals 💫(တိကျတဲ့ Goalတွေ ချမှတ်ထားပါ)
han တို့ Self-Study✍️ စလုပ်တော့မယ်ဆိုရင် ကိုယ်သင်ယူမဲ့ အရာအပေါ်မှာ goal တွေချမှတ်ထားပါ။(eg. Language တစ်ခုကို han တို့စပြီး Self-Study✍️လုပ်မယ်ထားပါတော့ hanတို့အနေနဲ့ ဒီ language ကို3လအတွင်းမှာ ဘယ်level ထိရောက်အောင်လုပ်မယ်) စသဖြင့်ပေါ့နော် hanတို့ Goal လေးတွေ ချမှတ်ထားရပါမယ်။
🍁(2) Find your resources🕵️ (သင်ယူလို့ရမဲ့နေရာတွေရှာပါ)
han တို့ အခုချိန်မှာလေ့လာလို့ရမယ့် resourceတွေအများကြီးရှိနေပြီမို့ ကိုယ်ဘယ်ကနေသင်ယူမလဲ (YouTubeကနေလား၊Text book📚တွေကနေလား၊အခြားအပြင်စာအုပ်တွေနဲ့လား၊ websiteတွေကလား)စသဖြင့် hanတို့ resourceတွေရှာကြည့်ပါ။ han အနေနဲ့ကတော့ resource ကို text book 📚တစ်မျိုးထဲပဲ ကိုင်ရတာကြိုက်တဲ့သူ မဟုတ်တော့ text book 📚အပြင်အခြားအပြင်က resource တွေပါတွဲပြီး လေ့လာသင့်တယ်လို့ recommend ပေးပါတယ်။ဒီအချက်မှာ han တစ်ခုအကြံပေးချင်တာ ကတော့ Self-Study ကို han လိုမျိုး text book📚 တစ်ခုထဲပဲကိုင်ရတာ မကြိုက်တဲ့သူမျိုးဆိုရင် Study မလုပ်ခင် resource တွေ ကြိုပြီး ရှာထားသင့်ပါတယ်။
🍁(3) Time Management & Make it a habit⌛ (စာလုပ်ချိန်သတ်မှတ်ထားခြင်းနှင့်အကျင့်တစ်ခုတစ်ခုလိုမျိုးဖြစ်အောင်ပြုလုပ်ပါ)
han တို့ Self-Study သမားတွေကTime Management⌛ က တကယ်ကို အရေးကြီးပါတယ်။Self-Study✍️ တစ်ပတ်နှစ်ပတ်လောက် လုပ်ပြီးတာနဲ့ ဆက်မလုပ်ဖြစ်တော့တာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒါကြောင့် စာလုပ်မဲ့အချိန်ကို han တို့တိ"ကျ" (eg.9:00am-10:am) 1နာရီအကြာ⌛ (သို့) 2နာရီအကြာ သတ်မှတ်ထားသင့်ပါတယ်။ နောက်တစ်ချက်က hanတို့ နေ့တိုင်း တတ်နိုင်သမျှ သတ်မှတ်ထားတဲ့အချိန်ကိုပဲ စာအမြဲလုပ်သင့်ပါတယ်။ အဲ့တာမှ အသိစိတ်ကနေ“ဒီအချိန်ရောက်ရင် ငါစာလုပ်ရမယ်”ဆိုတာမျိုးဖြစ်လာပြီး han တို့ နေ့တိုင်း ပုံမှန်လုပ်နေကျ အကျင့်တစ်ခု ဖြစ်လာပါလိမ့်မယ်။
han တို့ နေ့တိုင်း စာလုပ်လုပ်တဲ့အခါမှာလဲ han အကြံပေးချင်တာက lesson schedule လေးတွေကို ကြိုပြီး ဆွဲထားသင့်ပါတယ်။ မနက်ဖြန်မှာ ငါဘယ်ခေါင်းစဉ်လေ့လာမယ် ဆိုပြီး ဒီနေ့ညလောက်ကတည်းက စီစဉ်ထားသင့်ပါတယ်။
🍁(4) Destructions🙅 (အနှောင့်အယှက်များ)
han တို့ Study📝 လုပ်တော့မယ်ဆိုရင် ဒီအချက်ကအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ hanတို့ စာလုပ်တော့မယ်ဆိုရင် အရေးကြီးဆုံးအချက်က Phone📱 ကိုဝေးရာမှာထားလိုက်ပါ။ noti တွေတက်လာရင် han တို့ဖွင့်ကြည့်ပြီး စာလုပ်ရမှာကို အာရုံမလာတော့ဘဲ ပျင်းသွားတတ်တာ ကြုံဖူးကြမှာပေါ့နော်။ဒါကြောင့် han တို့ စာလုပ်တော့မယ်ဆိုရင်Phone📱ကိုဝေးရာမှာထားလိုက်ပါ။နောက်တစ်ချက်ကတော့ တိတ်ဆိတ်ပြီး han တို့ ကိုယ်တိုင် သက်သောင့်သက်သာဖြစ်တဲ့ နေရာမှာ စာလုပ်ပါ။
🍁(5) Reviewing your lessons📝 (သင်ခန်းစာများကိုပြန်လည်လေ့လာပါ)
ဒါကတော့ han တို့ နောက်ဆုံး အရေးကြီးဆုံးအချက်ပါ။ကိုယ်လေ့လာခဲ့တဲ့ သင်ခန်းစာတွေကို han တို့အနည်းဆုံး 1ပတ်တစ်ခါလောက် review ပြန်လုပ်ပေးသင့်ပါတယ်။ဒါမှ han တို့လေ့လာခဲ့တဲ့ အရာတွေက မေ့မသွားဘဲခေါင်းထဲမှာစွဲနေမှာပြီး လေ့လာခဲ့တာတွေကို အမြဲမှတ်မိနေမှာဖြစ်ပါတယ်။
ဒါကတော့💁 han တို့ Self-Study✍️ လုပ်ရင်effective ဖြစ်စေမဲ့ Tips လေးတွေကိုပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ အားလုံးအတွက်အသုံး၀င်မယ်လို့ han မျှော်လင့်ပါတယ်ရှင့်😍😍။ han ဒီထဲမှာ ပြောပြထားတဲ့အချက်တွေအပြင် အခြား learnerလေးတွေ အမြဲလုပ်နေကျ အချက်လေးတွေရှိရင်လဲ comment မှာsharing လုပ်ပေးလို့ရပါတယ်နော်😊။ han တို့နောက် content တွေမှာ ပြန်တွေ့ပါမယ်ရှင့်။🙆🙆
20/10/2023
Hi guys! 👋👋👋Han's Learning Wonderland page🙋 လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင့်။😊
ဒီနေ့ han sharing လုပ်ပေးမဲ့အကြောင်း အရာကတော့💁 လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Critical thinking skill အကြောင်းကို han sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။
hanတို့ ပထမဆုံးအနေနဲ့ Critical thinking ဆိုတာဘာလဲ ဆိုတာကစလိုက်ကြရအောင်🤨
Critical thinking ဆိုတာကတော့ hanတို့နေ့စဉ်ဘ၀မှာ အချက်အလက်၊အဆို၊ထင်မြင်ယူဆချက်တွေနဲ့ စဉ်းစားဆုံးဖြတ်စရာတွေ အမျာကြီးရှိနေပါတယ်။တချို့အချက်အလက်တွေ ကတော့ အသေးအဖွဲ အရေးမကြီးပေမဲ့ တချို့အကြောင်းအရာတွေကတော့ han တို့ဘ၀ပြောင်းလဲဖို့အတွက် ရွေးချယ်ဆုံးဖြတ်ရတာမျိုးတွေရှိတတ်ပါတယ်။ han တို့ဘ၀မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်စရာတွေကြုံလာတဲ့အခါမှာ မှန်ကန်စွာရွေးချယ်ဆုံးဖြတ်နိုင်ဖို့အတွက်ဆိုရင် Critical thinking🤔 (ဝေဖန်ပိုင်းခြားစဉ်းစားခြင်း) ကိုအသုံးပြုရပါမယ်။ကိုယ်မှန်တယ်ထင်လို့ ရွေးချယ်လိုက်တဲ့ သူတွေထက် Critical thinking 🤔အသုံးပြုပြီးရွေးတဲ့သူတွေဟာ အဘက်"ကနေ စဉ်းစားချင့်ချိန်ပြီး ရွေးချယ်တဲ့အတွက် ပိုပြီးမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ရွေးချယ်နိုင်ပါလိမ့်မယ်။
အာ့ဆိုhan တို့ရွေးချယ်မှုတွေပြုလုပ်တဲ့အခါမှာCritical thinking 🤔ဘယ်လိုလုပ်ကြရမလဲ?
han တို့ ကိုယ်တိုင်အတွက် အကောင်းဆုံးရွေးချယ် ဆုံးဖြတ်မှုတွေ ပြုလုပ်ဖို့အတွက်တခြားသူတွေလုပ်လို့ hanတို့ လိုက်လုပ်တာထက် ကိုယ်တိုင်ရွေးချယ်ပြီး ကိုယ့်အတွက်အဆင်ပြေမယ့်အရာတွေကို ရွေးချယ်တာပိုပြီးမှန်ကန်ပါတယ်။😐
Critical thinking 🤔လုပ်ရာမှာ အသုံးချဖို့အတွက် နည်းလမ်းအမျိုး"ရှိပေမဲ့ han ကတော့ ဒီမှာအရေးကြီးတဲ့💁(3 Steps)ကိုပြောပေးသွားမှာဖြစ်ပါတယ်။
Step 1☝️ မေးခွန်းထုတ်ပါ။
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကိုယ်ဘာကိုလိုအပ်လဲ ကိုယ်ဘာကိုရှာနေတာလဲ ဆိုတာ ကိုယ့်ကိုကိုယ်သိပါ။
(ဥပမာအားဖြင့်- လူတစ်ယောက်က လက်ဖက်ရည်🫖ထက် ကော်ဖီက☕ ပိုကောင်းတယ်လို့ ပြောလာရင် သူ့အမြင်ကိုလက်ခံပြီး ရွေးချယ်လိုက်တာထက် han အနေနဲ့ လက်ဖက်ရည်🫖နဲ့ ကော်ဖီ☕ဘယ်ဟာ ပိုကောင်းလဲဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ “han ကိုယ်တိုင် လက်ဖက်ရည်🫖နဲ့ကော်ဖီ☕ ဘယ်ဟာပိုကောင်းလဲဆို”တဲ့ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ကြည့်ဖို့ လိုလာပါပြီ)
Step 2✌️ အချက်အလက်တွေကိုစုဆောင်းပါ။🕵️
(အပေါ်က han ပြောခဲ့သလိုပဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ရန် hanတို့ ကိုယ်တိုင်အချက်အလက်တွေဖြစ်တဲ့ ကော်ဖီရဲ့အားနည်းချက်တွေ အားသာချက်တွေနဲ့ သူတို့ပြောတဲ့ လက်ဖက်ရည်ထက် ကော်ဖီကပိုကောင်းတယ်လို့ ပြောတဲ့အချက်အလက်တွေက ဘယ်အချက်အလက်တွေကို မှီပြီးပြောထားလဲ အဓိပ္ပာယ်ကောရှိရဲ့လား🤨 ကိုယ့်အတွက်ကောအဲ့အချက်တွေက တကယ်အဆင်ပြေလား အခြားသူတွေအတွက်ကော ဒါက အဆင်ပြေလိမ့်မလားဆိုပြီး စတဲ့အချက်အလက်တွေကို စုံစမ်းဆန်းစစ်ကြည့်ဖို့လိုပါတယ်🕵️)
Step -3 👌ဆုံးဖြတ်ချက်ချပါ။
နောက်ဆုံး han တို့ အနေနဲ့ အကြောင်းအရာတစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီး အချက်အလက်များကို စုစည်းကာ အခြားသတင်းရင်းမြစ်များနှင့် အထောက်အထားများကို နှိုင်းယှဉ်ပြီး han တို့ကိုယ်တိုင် မေးခွန်းထုတ်ထားနဲ့ ပေါင်းစပ်ပြီး ကိုက်ညီမှုရှိတယ်ဆိုရင်နောက်ဆုံး အချက်အနေနဲ့ han တို့ သေချာပြီဆိုရင် မှန်ကန်တဲ့ make a decision ကိုချလိုက်နိုင်ပါပြီ။🫡
နောက်တစ်ခုက Critical thinking skill🤔ဟာဆိုရင် han တို့ မြန်မာကျောင်းမှာတော့ လေ့လာခဲ့ရခြင်းမရှိပေမဲ့🤷 han GED စလေ့လာတော့ hanရဲ့ tr ကပြောတယ် GEDဆိုတာက သင်ရိုး 50%နဲ့ Critical thinking 50%ဆိုပြီး hanတို့ကိုပြောပြပေးဖူးပါတယ်။ American ရဲ့ Education system ကလဲ Critical thinking ပေါ်မှာအခြေခံထားတယ်ဆိုတာ han သိခဲ့ပါတယ်။
Critical thinking 🤔ဆိုတော့hanရဲ့ experience လေးတစ်ခုကို hanပြောပြပါ့မယ် GED RLA ဘာသာရပ်ကိုစလေ့လာတုံးက seniorတွေက ပြောကြတယ် RLAက Critical thinking ကောင်းမှ အမှတ်ကောင်းရတာဆိုပြီး ခဏ"ပြောကြတာတွေ့ရတယ် han ကလဲ အခုမှစပြီးလေ့လာတာရယ် ဗဟုသုတ သိပ်မရှိသေးတာရယ် ပါတာပေါ့နော် သူတို့ပြော"နေတဲ့ Critical thinking 🤔ဆိုတာဘာလဲဆိုတာ han မသိခဲ့ဘူး🤷။ ခဏ"ပြောကြတာ တွေ့တော့ han လဲ Youtube, Googleနဲ့ Critical thinking အကြောင်းရေးထားတဲ့ စာအုပ်တွေ ဖတ်ကြည့်ပြီးလေ့လာကြည့်လိုက်တယ်။အဲ့တော့မှ hanသိလိုက်ရတာက Critical thinking skillဆိုတာ RLAဘာသာရပ်နဲ့ Academic ပိုင်းမှာပဲ အသုံး၀င်တာမဟုတ်ဘဲ han တို့ဘ၀မှာ ဆုံးဖြတ်ချက်တွေမှန်"ကန်"ချနိုင်ဖို့အတွက် မသိမဖြစ် သိထားရမယ့် skill တစ်ခုဆိုတာ han သိလာခဲ့တယ်။ဒါကြောင့် ဒီနေ့မှာ han က Critical thinking 🤔အကြောင်းကို လူငယ်တွေသိရှိရန် အတွက် sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်။အာ့ဆို ဒီနေ့လူငယ်တွေအတွက်သိသင့်တဲ့ Critical thinking skill အကြောင်းကိုသိသွားလောက်ပြီ ထင်ပါတယ်။😇
🥰🥰နောက်ထပ်hanရဲ့ content တွေမှာပြန်တွေ့ပါမယ်ရှင့်။😍😍