12/03/2022
မန္တလေးမြို့သာ စက်မှုစုံမှာရှိတဲ့ Deheus Myanmar ( International Animal Nutrition) စက်ရုံအတွက် Quality Control Male 1 post ခေါ်နေတာပါရှင့်
Chemistry, Chemical, IC နဲ့ပြီးတဲ့ကျောင်းသားတွေ လျောက်လို့ရပါတယ်
https://www.jobnet.com.mm/job/quality-control-yangon-de-heus-myanmar-co-ltd/67273
အပေါ်က link က လျောင်နိုင်သလို [email protected] ကိုလဲ email ပို့ပြီး လျောက်ထားနိုင်ပါတယ်ရှင့်
Quality Control in Yangon
De Heus Myanmar Co., Ltd, Yangon, Myanmar » Click here for more information «
03/03/2022
ဉာဏ်စမ်းလေးတွေဖြေရင်း ဖုန်းဘေလ်လက်ဆောင်ယူကြမယ်
Activity for 1 Year Anniversary of MICSA.
ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
02/08/2021
28.2.2021 တွင် စကစရဲ့ မတရားဖမ်းဆီးခံခဲ့ရသော
ကုန်ထုတ်ဓာတုဗေဒ (ရတနာပုံ) မှ
တီချယ် ဒေါ်ဝေဖြိုးမွန်
2.8.2021 တွင် အိုးဘိုထောင်မှ ပြန်လည် လွတ်မြောက်လာပါပြီ ...
ဆရာ ဆရာမများနဲ့ ကျောင်းသူကျောင်းသားများ
သိချင်နေတဲ့ သတင်းလေးမို့ တင်ပေးတာပါ ♥️♥️♥️
27/07/2021
Let's Donate and Save lives
ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ဖြစ်တဲ့ အာဏာရှင်စနစ်ဆိုးကို တိုက်ထုတ်နိုင်ဖို့ဆိုရင် ဒီpandemicကြီးမှာ ကြိုးစားရှင်သန်
နေနိုင်ဖို့က အရေးကြီးပါတယ်။ ဒီလိုရှင်သန်နိုင်ဖို့ဆိုတာကလည်း ကျွန်တော်တို့အချင်းချင်း ကိုယ့်အနီးစပ်ဆုံးဖြစ်တဲ့ ပတ်ဝန်းကျင် တွေမှာ မိမိတတ်နိုင်တဲ့ဖက်ကနေ ရိုင်းပင်းကူညီကြဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ MICSAအသင်းအနေဖြင့် ကုန်ထုတ်ဓာတုဗေဒအသိုင်းအဝိုင်းမှ မိသားစုဝင်များအားလုံး ဒီ third wave ကို ကျော်လွှားနိုင်ကြဖို့ အချင်းချင်း ရိုင်းပင်းကူညီနိုင်ရန်အတွက် အလှူငွေများ ကောက်ခံလျက်ရှိပါတယ်။ covid 19 ရောဂါဝေဒနာ ခံစားနေရပြီး အသက်ရှူဖို့အတွက် Oxygen အခက်အခဲဖြစ်နေတဲ့ IC အသိုင်းအဝိုင်းမှဖြစ်စေ၊ အခြားအကူအညီတောင်းခံလာသူ မည်သူ့ကိုမဆို Oxygenအိုးများ အရေးပေါ် ကူညီငှားရမ်းပေးနိုင်ရန်အတွက် ရည်ရွယ်ကောက်ခံနေရခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ MICSAအသင်းမှလည်း Oxygen အလှူအတွက် မတည်ငွေ 300,000ကျပ်ဖြင့် ပါဝင်လှူဒါန်းထားပါတယ်။ ICအသိုင်းအဝိုင်းမှ မိသားစုဝင်များအနေဖြင့်လည်း ဒီရောဂါဆိုးမှ အချင်းချင်းကာကွယ်ပေးကြတဲ့အနေနဲ့ လိုအပ်နေသူတွေကိုအသက်ရှူခွင့်၊ အသက်ရှင်သန်ခွင့်ရအောင် တတ်အားသရွေ့ ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
ပါဝင်လှူဒါန်းလိုပါက အလှူငွေများကို အောက်ဖော်ပြပါ Donation Form မှတဆင့် bank account/Wave Pay/KBZ pay များသို့ ပေးပို့လှူဒါန်းနိုင်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSfBURbmMQ1D2dNLhiz0dZU3jdiz0ztj5BoY_LzU266x1ptfWw/viewform?usp=sf_link
ပေးပို့လှူဒါန်းရာမှာ အဆင်မပြေမှုများ ရှိခဲ့လျှင်လည်း ကျွန်တော်/ကျွန်မတို့ MICSA page messengerကို လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။
(လှူဒါန်းငွေကောက်ခံရရှိမှု/အောက်ဆီဂျင်လှူဒါန်းမှုနဲ့ အထွေထွေ မျှဝေလှူဒါန်းနိုင်မှု စာရင်းများကို MICSA Page မှ အသေးစိတ် ထပ်မံထုတ်ပြန်ပေးသွားပါမည်။)
18/07/2021
ရတနာပုံတက္ကသိုလ်၊ ယာယီတက္ကသိုလ်ကောင်စီမှ
ကုန်ထုတ်ဓာတုဗေဒဌာန၊ တွဲဖက်ပါမောက္ခ
ဒေါက်တာစန်းစန်းထွေးထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့။
23/06/2021
FYI
MICSA ရဲ့ တတိယမြောက် Zoom Meetingမှတစ်ဆင့် ကျင်းပမယ့် Knowledge Sharing ပွဲလေးကို စတင်မိတ်ဆက်လိုက်ပါပြီ
- What is HACCP ??
HACCP ဆိုတာ Hazard Analysis Critical Control Points ဆိုတာထက် ပိုမိုသိရှိနားလည်စေဖို့နဲ့ လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးချတတ်စေဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့အသင်းကနေ ရန်ကုန်တက္ကသိုလ်၊ IC 1986- Batch က ဆရာကြီး တစ်ဦးနဲ့ ချိတ်ဆက်ကျင်းပပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။
IC ဘာသာရပ်ဖြင့် အလုပ်ဝင်မယ့် Undergraduate တွေနဲ့ Fresh Graduate ကျောင်းသား/သူတွေ မဖြစ်မနေ တက်ရောက်နားထောင်သင့်တဲ့ Knowledge Sharing ပွဲလေးမို့ လက်လွှတ်မခံသင့်ပါဘူးခင်ဗျာ။
Graduate နဲ့ လုပ်ငန်းခွင်မှာ ရောက်ရှိနေကြတဲ့ QA,QC,Lab Technician, Production operator, Production Supervisor များ လည်း တက်ရောက်သင့်တဲ့ ပွဲလေးဖြစ်ပါတယ်နော်
ပွဲလေးကိုတော့ IC ကျောင်းသား/သူတွေအပြင် ဆက်စပ်မေဂျာများဖြစ်တဲ့ BE Chemical, Chemistry, Biochemistry, Microbiology နှင့် အခြားသိပ္ပံဆိုင်ရာဘာသာရပ်အထူးပြု ကျောင်းသား/သူများလည်း တက်ရောက်နိုင်ပါတယ်နော်။
တက်ရောက်နားထောင်မယ်ဆိုပါက အောက်ပါ Linkကနေတစ်ဆင့် Register တင်ပြီး လျေှာက်ထားနိုင်ပါတယ်ခင်ဗျာ။
https://docs.google.com/forms/d/e/1FAIpQLSd3nx3PkSRCz6HLbq29u9epRNHx6xrVFifimrD_bNI0nTIm4A/viewform?usp=sf_link
ပထမဆုံး ေလျှာက်ထားလာသူ အယောက်(၁၀၀)ဦးကိုသာ တက်ရောက်ခွင့် Zoom Meeting Link ပေးပို့မှာဖြစ်ပါတယ်။
မှတ်ချက် ။ ။ မိမိ အမှန်တကယ်မတက်ရောက်နိုင်ဘဲ အလျင်စလို Register တင်ထားပါက အမှန်တကယ်တက်ရောက်လိုတဲ့ အခြားသူအတွက် နစ်နာစရာလေးတွေ ဖြစ်ပေါ်လာမည်ကို သတိပြုပေးကြပါ။
MICSA မှ ကျင်းပသော Knowledge Sharing program များကို (၃)ပွဲဆက်တိုက် အမှန်တကယ်မတက်ရောက်နိုင်ဘဲ စာရင်းတင်သွင်းပါက MICSA အသင်း၏ Banned Person (ပိတ်ပင်ထားသော လူပုဂ္ဂိုလ်) စာရင်း၌ (၃)လတိတိ ထည့်သွင်းခံရမည် ဖြစ်ပြီး ထိုသူသည် (၃)လတိတိ အသင်း၏ မည်သည့် activities ၌မဆို ပါဝင်ခွင့်ရရှိမည်မဟုတ်ပါ။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာကုန်ထုတ်ဓာတုဗေဒ ကျောင်းသား/သူများအသင်း
13/06/2021
Cosmetic safety and quality assuring
Knowledge Sharing for Cosmetic Safety and Quality Assuring
⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺
Cosmetics နှင့် toiletry products များနှင့် ပတ်သတ်ပြီး awareness ရရှိစေရန် MICSA ရဲ့ ဒုတိယမြောက် Knowledge Sharing Program လေးလာပါပြီခင်ဗျာ
ဘယ်သူတွေတက်လို့ရလဲ ❓❓❓❔❔
✅စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်
ဘာတွေဆွေးနွေးသွားမှာလဲ ❓❓❓❔❔
✅ေဈးကွက်အတွင်း တရားမဝင် ပျံနှံ့လျက်ရှိသည် အလှကုန်နှင့် ရေချိုးခန်းသုံး ပစ္စည်းများတွင် ပါဝင်သော Chemical များ၏ ဆိုး ကျိုး၊ ဆိုးပြစ်များ၊ နိုင်ငံတကာမှ ပိတ်ပင်ထားသော ဓာတုပစ္စည်းများ၊ အစားထိုးအသုံးပြုနိုင်သည့် တရားဝင် chemical များ၊ Product တစ်ခုထုတ်လုပ်ပါက မဖြစ်မနေထားရှိရမည့် QC/ QA သတ်မှတ်ချက်များနှင့် အခြားသော ဗဟုသုတ ရစရာများကို ဆွေးနွေး ေဟာပြောသွားမှာပါ
ဘယ်နေ့ ဘယ်အချိန်လဲ ❓❓❓❔❔
✅ဗဟုသုတ ဆွေးနွေးပွဲလေးကို (17.6.21)ရက်နေ့ ညနေ၇နာရီမှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်
ဘယ်လို register တင်ရမလဲ❓❓❓❔❔
✅ အောက်ပါ Form link ကို ဝင်ရောက်ပြီး အခမဲ့ စာရင်းသွင်းနိုင်ပါတယ်ခင်ဗျာ
MICSA မှ email ဖြင့် zoom meeting link ပြန်လည် မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ (15.6.21) ရက်နေ့နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
Regestration Form link ⬇⬇⬇
https://docs.google.com/forms/d/e/1FAIpQLSeV6rRGHJ24khvnXNffmvj2ZXsSkclIdyzJ_JQZMQ-Xx5e8Rw/viewform?usp=sf_link
Let's build the better future
MICSA
10/06/2021
MICSA အင်္ဂလိပ်စာသင်တန်းလေး လာပါပြီ