Naychi Hsu Pyae's Teen Language Lab: Unlock Fluency

Naychi Hsu Pyae's Teen Language Lab: Unlock Fluency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Naychi Hsu Pyae's Teen Language Lab: Unlock Fluency, Education Website, Mandalay.

English စာကို self study လုပ်ချင်တဲ့သူတွေအတွက် tips 🧼 အားတဲ့အချိန်မှာ Self study လုပ်ချင်တဲ့သူတွေအတွက် နည်းလမ်းကောင်းတစ်...
04/06/2023

English စာကို self study လုပ်ချင်တဲ့သူတွေအတွက် tips 🧼
အားတဲ့အချိန်မှာ Self study လုပ်ချင်တဲ့သူတွေအတွက် နည်းလမ်းကောင်းတစ်ချို့ပါ

Reading and writing
Four skills ထဲမှာ စာဖတ်တာနဲ့ရေးတာနဲ့တိုက်ရိုက် ဆက်သွယ်နေတာပါ။ writing မှာ ထွက်တဲ့ output က reading မှာ ကိုယ်ဖတ်ခဲ့တဲ့ input ပါဘဲ ။ စာဖတ်တဲ့နေရာမှာ ကိုယ်ဖတ်တဲ့ စာအုပ်က language usage ကအရေးကြီးပါတယ်။ ကိုယ့်ရဲ့ Eng level အပေါ်မှာမူတည်ပြီး စာကိုရွေးဖတ်တက်ရပါတယ်။ ဘယ်လိုစာအုပ်မျိုးကိုရွေးဖတ်သင့်လဲဆိုရင် ကမ္ဘာကျော်စာရေးဆရာကြီးတွေရဲ့ နာမည်ကြီးဝတ္ထုတွေကို ဇာတ်လမ်းလဲမပျောက်အောင် level အမျိုးမျိုးက စာဖတ်သူတွေနဲ့အဆင်ပြေအောင် ပြန်ပြီးရေးထားတဲ့ retold စာအုပ်ကလေးတွေပါ။ ( retold တွေအကြောင်းနဲ့ reading in English tips တွေ ကို နောက်ပို့စ်တစ်ခုမှာ အသေးစိတ်ထပ်တင်ပေးပါမယ် ။ ) ဒီစာအုပ်လေးတွေကို စနစ်တကျ သာ အချိန်ပေးပြီးဖတ်မယ်ဆိုရင် writing မှာလည်းတိုးတတ်လာမှာပါ။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာပါတဲ့ article လေးတွေကိုလည်းတစ်နေ့တစ်ပုဒ်ဖြစ်ဖြစ် ဖတ်ရင်လည်းအဆင်ပြေပါတယ်။ Academic writing လုပ်နေတဲ့သူတွေကတော့ essay တွေကိုများများဖတ်ကြည့်ပါ။ သူများသုံးထားတဲ့ vocabularies တွေ expressions တွေကို လေ့လာပြီး note book လေးထဲမှာ မှတ်ထားကြည့်ပါ။ ကိုယ်ပြန်ရေးမယ့် output မှာ အကျိုးသက်ရောက်ပါတယ်။

Listening and Speaking
စောစောကပြောခဲ့သလိုပါဘဲ listening နဲ့ speaking ကလည်းပတ်သတ်နေတာပါ။ good English speakers တွေကိုများများနားထောင်လေ output skill ဖြစ်တဲ့ speaking ကတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ writing လိုမျိုး စာအုပ်ထဲမှာချရေးတာမျိုး typing လုပ်တာမျိုးမဟုတ်ဘဲ တစ်စုံတစ်ယောက်နဲ့ communication လုပ်ရမှာမျိုး ဖြစ်တဲ့အတွက် confidence ရှိဖို့ကအရေးကြီးပါတယ်။ Confidence ဘယ်လိုရှိအောင်လုပ်လဲဆိုရင်တော့ ရှိချင်ယောင်ဆောင်လိုက်ပြီး ပြောချကြည့်ပါ။ အမှားပြောမိမှာကြောက်နေပြီးမပြောဘဲနေရင်တော့ ပြောတတ်စရာလမ်းမရှိပါဘူး။ နောက်တစ်ခုက မြန်ဖို့မကြိုးစားပါနဲ့ ကိုယ်ပြောချင်တာကိုရှင်းရှင်းလင်းလင်း deliver လုပ်နိုင်ဖို့ကိုအရင်ဦးစားပေးပါ ။ movie တွေကြည့်ပြီးတော့လည်းသင်ယူလို့ရပါတယ်။ကြည့်တဲ့နေရာမှာလည်း မြန်မာစာတမ်းထိုးနဲ့ကြည့်တာထက် Eng subtitlesနဲ့ကြည့်ကြည့်ပါ နောက်ပိုအဆင့်တတ်ချင်ရင် ‌စာတမ်းထိုးမပါဘဲ ကြိုးစားကြည့်ပါ။ 🧼
လာမယ့်ပို့စ်တွေမှာလည်း study tips တွေ personal experiences in improving English skills တွေကို အများကြီး share ပေးသွားမှာပါ။ 🌸✨
I'll put more details in the upcoming posts.💗

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Naychi Hsu Pyae's Teen Language Lab: Unlock Fluency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Naychi Hsu Pyae's Teen Language Lab: Unlock Fluency:

Shortcuts

Share