Teacher Nwe Ni

Teacher Nwe Ni

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Teacher Nwe Ni, Tutor/Teacher, Mandalay.

03/04/2024

"ပျော်စရာ ကောင်းတဲ့ Lumos သင်္ကြန်ပွဲ"
Hello!
Lumos က ကျောင်းသား ကျောင်းသူတွေအတွက်
သင်္ကြန်ပွဲလေး ကျင်းပပေးမယ်ဆို
ဘယ်လိုသဘောရပါသလဲ🤗
ဟုတ်ပါတယ်
လာမယ့် တနင်္ဂနွေနေ့ မနက် 10-12နာရီမှာ
Lumos အင်္ဂလိပ်စာ သင်တန်းမှာ
သင်္ကြန်ပွဲလေး ကျင်းပပါမယ်နော်

သင်္ကြန်သီချင်းလေးတွေ ဆိုကြမယ်
သင်္ကြန်အက လေးတွေ ကကြမယ်
နွေအပူကို အံတုဖို့
မုန့်လက်ဆောင်း ချိုချိုအေးအေးလေး
သောက်ကြရင်း
ပျော်စရာ Activities တွေလည်းပါဦးမှာမို့

Lumos ရဲ့
ကျောင်းသားတိုင်း လက်မလွှတ်သင့်တဲ့
သင်္ကြန်ပွဲတော်လေးကို
လာရောက်ကြဖို့
ဖိတ်ကြားပါရစေ😊

29/02/2024

ဆယ်ကျော်သက်(အသက် 12 နှစ်မှ 16နှစ်ထိ)
ကျောင်းသားများအတွက်
နွေရာသီ အင်္ဂလိပ်စာ သင်တန်း

English for Teenagers
Summer Program

Teenager Summer Class

မနက် 8:00 မှ 9:00 ထိ
(တနင်္လာ မှ သောကြာ )

စဖွင့်မည့်ရက် - မတ်လ (4)ရက်၊ တနင်္လာနေ့။

ပြောင်းလဲလာတဲ့ ပညာရေးစနစ်သစ်မှာ
အင်္ဂလိပ်စာ သင်ရိုးသစ်ဟာ
မြန်မာကျောင်းသားအများစုအတွက်
စိန်ခေါ်မှုတစ်ရပ်ပါ။

သင့်ကလေး သင်ရိုးသစ် အင်္ဂလိပ်စာကို
အမှီလိုက်နိုင်ဖို့ လိုအပ်တဲ့ အခြေခံ Grammar တွေအပြင်
Four Skills လုံးပါ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ပေးဖို့
Lumos ရဲ့ Summer Class မှာ သင်တန်းတက်ဖို့ အကြံပြုပါရစေ

* Grammar ကိုအခြေခံမှစ၍ ပိုင်နိုင်စေဖို့​ပျော်ရွှင်ဖွယ် Activities တွေနဲ့ သင်ယူရမှာဖြစ်ပါတယ်။

*တီချယ်နဲ့ စိတ်ဝင်စားဖွယ် Reading တွေ အတူတူဖတ်ကြရမှာဖြစ်ပါတယ်။
စာဖတ်တဲ့ အလေ့အကျင့်ကောင်းလေးတွေရဖို့ပါ လမ်းညွှန်သင်ကြားပေးသွားမှာပါ။

*Listening Skill တိုးတက်စေဖို့ သက်ဆိုင်ရာ သင်ခန်းစာနဲ့ ပတ်သက်တဲ့ Listening တွေ အတူတူနားထောင်ကြရမှာပါ။

* Speaking Skill ကောင်းလာစေဖို့ ပြောရဲဆိုရဲရှိလာစေဖို့ သူငယ်ချင်းတွေနဲ့ Speaking အတူတူလေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

* Writing ပိုင်းမှာ တိကျသေချာတဲ့ နည်းလမ်းတွေနဲ့ Essay, Letter တွေ ရေးတတ်စေဖို့ လေ့ကျင့်သင်ကြားသွားမှာပါ။

မန္တလေးမြို့ရဲ့
အချက်အချာကျတဲ့နေရာမှာ
ကျယ်ဝန်းလှတဲ့ စာသင်ခန်းအတွင်း
အတွေ့အကြုံပြည့်ဝတဲ့
ဆရာ ဆရာမတွေက စိတ်ရှည်စွာ
သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကြေး 3 လစာကို 180000 ကျပ်
ကျသင့်မှာဖြစ်ပြီး
ပထမဦးဆုံး စာရင်းပေးအပ်နှံသူ ကျောင်းသား (10)ဦးအတွက်
150000 ကျပ်သာ ကျသင့်မှာမို့
သင်တန်းမြန်မြန်လေး အပ်ဖို့တော့
လိုမယ်​နော့်။

Lumos ရဲ့ Summer Class မှာ
အင်္ဂလိပ်စာကို ပျော်ရွှင်စွာ သင်ယူကြပြီး
သင်ရိုးသစ်ရဲ့ စိန်ခေါ်မှုကို
အတူတူရင်ဆိုင်ဖြေရှင်းကြပါစို့။

👉 သင်တန်းစုံစမ်းရန်

09-458716061 / 09-797397520

👉 သင်တန်းလိပ်စာ

3rd Floor @ Yar Zar Business Center
39လမ်း ၊ လမ်း 70 နှင့် 71လမ်း ကြား၊
ဗန်းမော်တိုက်လမ်း၊ မန္တလေးမြို့။

👉သင်တန်းကြေးပေးသွင်းရန်

KBZ Pay (KPay)/AYA/KBZ Mobile Banking
In Cash
(Messenger သို့ စုံစမ်း၍ သင်တန်းအပ်နှံနိုင်ပါပြီ။)

👉သင်ကြားမည့် ဆရာမ

1. Teacher Nwe Ni
M.A. (English), Mandalay University
B.A.(English) , MUFL
Dip. in ELT, Mandalay University
Diploma in TESOL , London TTC, UK
TKT(Young Learners)

Photos from Lumos English Language Centre's post 31/01/2024

နိုင်ငံခြားမှာ တက္ကသိုလ်
တက်ချင်ပေမယ့်
ဘယ်ကစရမှန်း မသိသူများ
ဘယ်တက္ကသိုလ် ရွေးရမှန်းမသိသူများအတွက်
Scholarship အစီအစဉ် သိလိုသူများအတွက်
ရည်ရွယ်၍
Lumos English Language Centre မှ
ပညာရေး ဟောပြောပွဲလေး
ကျင်းပပြုလုပ်ရန်
စီစဥ်ထားပါသည်။

စိတ်ဝင်စားသူများ စာရင်းပေးနိုင်သလို
သူငယ်ချင်းများ သိရန်အတွက်လည်း
Share လုပ်ပေးစေလိုပါသည်။

https://m.facebook.com/story.php?story_fbid=887957743332548&id=100063549921795&mibextid=Nif5oz

11/01/2024

မဝေးတော့တဲ့ အနာဂတ်မှာ

09/01/2024

B & B ဆိုတာဘာလဲ။
👇

09/01/2024

နေ့စဥ်သုံးဝါကျများ

1.Self-care is not selfish.
ကိုယ့်ကိုယ်ကို ဂရုစိုက်တာဟာ တစ်ကိုယ်ကောင်း
ဆန်တာမဟုတ်ဘူး။

2.Did you use to be selfish?
မင်းတစ်ကိုယ်ကောင်း ဆန်လေ့ရှိလား။

3.What a selfish thing to do!
ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်တဲ့
လုပ်ရပ်လဲ။

4.You can't accuse me of being selfish.
မင်းငါ့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ စွပ်စွဲ
လို့တော့မရဘူး။

5.Don't be so selfish.
အဲ့ဒီ့လောက်ကြီးတစ်ကိုယ်ကောင်းမဆန်ပါနဲ့။
တစ်ကိုယ်ကောင်း သိပ်မဆန်နဲ့။

Tr. Nwe Ni
Lumos English Language Centre

09/01/2024

မြင်မြင်ချင်း အချစ်ကို
ယုံပါသလား

08/01/2024

ခုတစ်မျိုး
တော်ကြာတစ်မျိုးကို
ဘယ်လို
ခေါ် ပါသလဲ🤔

08/01/2024

တစ်ခုခုကို သံသယ ရှိနေပြီလား

08/01/2024

နေ့စဉ်သုံး ဝါကျများ

1.Stop talking nonsense.
အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့။

2.What are you talking about?
မင်းဘာအကြောင်းတွေပြောနေတာလဲ။

3.I don't know what you are talking about.
မင်းဘာတွေပြောနေတာလဲငါနားမလည်ဘူး။

4.Talk the talk and walk the walk.
ပြောလည်း ပြော၊ ပြောတဲ့အတိုင်းဖြစ်အောင်လုပ်။

5.Stop talking and listen.
စကားပြောနေတာရပ်ပြီးနားထောင်တော့။

Tr.Nwe Ni
Lumos English Language Centre

01/01/2024

SMART Goals

ရည်မှန်းချက် Goal တွေချမှတ်ရာမှာ
SMART ကျဖို့လိုပါတယ်။

S - Specific
M - Measurable
A - Attainable /Achievable
R - Realistic
T - Timely

ဒီငါးချက်နဲ့ ကိုက်ညီမှသာ ကိုယ့်ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှာပါ။

(1)Specific
တိကျသေချာတဲ့ ရည်မှန်းချက်ဖြစ်ဖို့
ဒီရည်မှန်းချက်မှာ ဘယ်သူတွေပါလဲ၊
ဘာတွေပြီးမြောက်ရမှာလဲ၊ ဘယ်နေရာ၊ ဘယ်အချိန်မှာလဲ၊ ဘာ့ကြောင့်
ဒီရည်မှန်းချက် ချတာလဲ စသည်ဖြင့် မိမိကိုယ်တိုင် မေးခွန်းတွေပြန်မေးဖို့လိုပါတယ်။

(2)Measurable
Measurable goal ဖြစ်ဖို့
ကိုယ့်ရည်မှန်းချက်သည် ဘယ်လောက်ထိ တိုးတက်​​ပြီလဲဆိုတာတိုင်းတာလို့
ရနိုင်ရပါမယ်။
Result က ဘယ်လောက်ထိပြီးပြီလဲ၊
သတ်မှတ်ထားတဲ့ deadline မှာ
ပြီးမြောက်သလား စသည်ဖြင့်
တိုင်းတာနိုင်ရပါမယ်။

(3)Achieveable
ကိုယ့်ရည်မှန်းချက်သည် ဖြစ်နိုင်တဲ့ ရည်မှန်းချက်လား၊ လက်လှမ်းမှီတဲ့ ရည်မှန်းချက်လား စဥ်းစားရပါမယ်။
စိန်ခေါ်မှုတွေ များနိုင်ပေမယ့် ဖြစ်နိုင်ချေရှိတဲ့ Goal မျိုးဖြစ်ရပါမယ်။

(4) Realistic
Realistic goal လက်တွေ့ကျတဲ့ ရည်မှန်းချက်ဖြစ်ဖို့ လိုပါတယ်။
ကိုယ် ဘာလုပ်နိုင်လဲ၊ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း စသည်ဖြင့် သိဖို့ လက်တွေ့ကျဖို့ လိုအပ်ပါတယ်။
ဥပမာ တစ်လအတွင်းကိုယ်အလေးချိန် ပေါင်100 ကျရမည် ဆိုတာမျိုးတော့ လက်တွေ့မကျပါ။ တစ်လ ငါးပေါင် ဆယ်ပေါင်ကျရမည်ဆိုလျှင်တော့လက်တွေ့ဖြစ်နိုင်တဲ့ ရည်မှန်းချက်ပါ။

(5)Timely
ရည်မှန်းချက်သည် အချိန်ကာလ
တစ်ခု ချမှတ်ပြီး ဘယ်နေ့ ဘယ်ရက်မှာ
ဘာတွေပြီးမြောက်အောင် လုပ်ဆောင်မယ်ဆိုပြီး Target date ထားပြီး လုပ်ဆောင်သင့်ပါတယ်။

နောက်ထပ်ပြောချင်တာကတော့
မိမိရည်မှန်းချက်သည် မိမိ တကယ်ဖြစ်ချင်တဲ့ရည်မှန်းချက်မျိုး ဖြစ်ရပါမည်။
တခြားသူ၏ရည်မှန်းချက်များကို အားကျပြီး လိုက်လုပ်တာမျိုး မဖြစ်သင့်ပါ။

ရည်မှန်းချက် တစ်ခုပြီးတိုင်း
မိမိကိုယ်ကို ဆုချဖို့မမေ့ပါနဲ့ဦး။
စားချင်တာ ဝယ်စားတာမျိုး၊
ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကြည့်တာမျိုး၊အဝတ်အစား၊ စာအုပ်၊
အသုံးအဆောင် ဝယ်တာမျိုးစသည်ဖြင့်
မိမိဘာသာ ဆုချနိုင်ပါသည်။

နှစ်သစ်မှာ SMART ကျကျ
ရည်မှန်းချက် ချကြပါစို့။

31/12/2023

📝⭐⭐ New Year's Resolutions
for English Language Learners📝⭐⭐

2024 မှာ မိမိရဲ့ English Language Skills
တိုးတက်စေဖို့ ဘာတွေလုပ်ကြမလဲ...

ဒီနေ့မှာတော့
လွယ်ကူထိရောက်တဲ့
နည်းလမ်းလေးတွေ
ပြောပြပေးသွားပါမယ်။

🌟1. Learn a language with a friend or friends.🌟

Online ပေါ်မှာ အင်္ဂလိပ်လို
အမြဲရေးတင်တဲ့
သူငယ်ချင်းတွေရှိပါသလား🤔🤔

သူတို့ Share တဲ့
English စာတိုးတက်မယ့်နည်းလမ်းတွေ၊
English လိုရေးထားတဲ့ သတင်း၊ ဆောင်းပါး၊အင်္ဂလိပ်သီချင်းတွေ
Videos, Talks, Blog posts စတာတွေကို
အနည်းဆုံး တစ်နေ့တစ်ခါတော့
လေ့လာဖို့ မိမိကိုယ်ကို တွန်းအားပေးပါ။💪

Lumos ကစီစဥ်ပေးတဲ့
Discussion Channel တွေကို
အခမဲ့ တက်ရောက်ပြီးတော့လည်း
သူငယ်ချင်းအသစ်တွေနဲ့ အင်္ဂလိပ်စာကို ​လေ့လာနိုင်ပါတယ်။👩‍🏫

🌟2.Actively take note of new Vocabulary.🌟

အင်္ဂလိပ်စာလုံး အသစ်တစ်ခုကြားတိုင်း
စာအုပ်တစ်အုပ် သို့မဟုတ် ဖုန်းထဲမှာ
ချရေးဖို့ 📝အကျင့်တစ်ခု📝
လုပ်ဆောင်ကြည့်ပါ။

Vocabulary ရဲ့ အဓိပ္ပာယ်တင်မဟုတ်ဘဲ
စကားလုံးကို သုံးပြီး
ဝါကျတည်ဆောက်ကြည့်ပါ။
ဒီလို စာကြောင်းရေးလိုက်​​ခြင်းဟာ
အဲဒီစကားလုံးကို မှတ်မိဖို့အများကြီးအထောက်အကူပြုပါတယ်။

🌟3. Speak to someone new.🌟

အင်္ဂလိပ်စာသင်ယူတဲ့အခါ ကိုယ့်ရဲ့
Comfort zone က ခဏထွက်ကြည့်ပါ။ ကိုယ်သိချင်တဲ့ မေးခွန်းတွေကို
တခြားသူကို မေးပါ။

အင်္ဂလိပ်စာသင်တန်းတက်နေသူဆိုလျှင်
ကိုယ့်ရဲ့ ဆရာမကိုမေးပါ။
မေးခွန်းတွေ အများကြီး မေးဖို့
မကြောက်ပါနဲ့။

🌟 4. Learn one new word each day/ each week.🌟

အင်္ဂလိပ်စာတိုးတက်ဖို့
နေ့စဥ် လုပ်ဆောင်ရာမှာ
တစ်နေ့ကို စကားလုံးအသစ်တစ်လုံး လေ့လာဖို့ အလေ့အကျင့်လုပ်ပါ။
ကိုယ်လေ့လာနေတဲ့ စကားလုံးအသစ်ကို မကြာခဏ သုံးကြည့်ပါ။

Writing နဲ့ Speaking မှာ
လက်တွေ့သုံးကြည့်ပါ။
စကားလုံးသီးသန့်မှတ်ထားတာထက်စာရင် စာကြောင်းမှာ ထည့်သုံးတာက
ပိုပြီးမှတ်ရလွယ်ပါတယ်။

🌟5. Find a language exchange partner.🌟
English Speaking တိုးတက်စေဖို့
ကိုယ်နဲ့စကားပြောလေ့ကျင့်မယ့်
သူငယ်ချင်းရှာပါ။

Native Speaker နဲ့ဆိုရင် ပိုကောင်းပါတယ်။ ဒီလို One-on-one language exchange
တွေဟာ တစ်ခါတလေမှာ
အဖွဲ့လိုက်ပြောရတာထက်
ပိုထိရောက်ပါတယ်။

🌟6.Find a language pen friend.🌟

Writing Skill တိုးတက်စေဖို့ Pen friend ထားပြီး email ပုံမှန် အပြန်အလှန်ပို့ပါ။

နောက် email မပို့ချင်ဘူးဆိုရင်
စာရွက်ပေါ်မှာ ချရေးတာလည်းပိုပြီးအဆင်ပြေပါတယ်။

🌟7.Do things that you already like doing, but in English.🌟

ကိုယ်လုပ်ချင်တာ စိတ်ဝင်စားတာကို
လုပ်ပါ။ ဒါပေမယ့် အင်္ဂလိပ်လို လေ့လာပါ။ ဥပမာ ကိုယ်က အားကစားကို
စိတ်ဝင်စားရင် အားကစားနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်သတင်းတွေနားထောင်ပါ။
Video တွေကြည့်ပါ။

Music ပိုင်း၊ သီချင်းဆိုတာ စိတ်ဝင်စားရင်
အင်္ဂလိပ်သီချင်းတွေ နားထောင်ပါ၊
လေ့လာပါ၊ သီဆိုပါ။
မိမိစိတ်ဝင်စားတာလုပ်ရင်း အင်္ဂလိပ်စာကိုလေ့လာပြီးသား ဖြစ်သွားပါမယ်။

🌟8. Have an English boyfriend/girlfriend.🌟

ဒီနည်းက နည်းနည်းထူးဆန်းနေပေမယ့် တချို့သူတွေက
ဒီနည်းကို အသုံးပြုကြပါတယ်။
"The power of love"လို့ဆိုရမလားပဲ..

English လိုပဲ တစ်ချိန်လုံး
ပြောချင်နေပြီးတော့ လေ့လာသင်ယူဖို့
အမြဲ တက်ကြွနေတာကြောင့်
အင်္ဂလိပ်စာကို အထိ​ရောက်ဆုံးနဲ့
အမြန်ဆုံး တတ်မြောက်လွယ်ပါတယ်။

🌟9.Keep track of your progress.🌟

မိမိရဲ့ အင်္ဂလိပ်စာတိုးတက်မှုကို
အမြဲသုံးသပ်ပါ။ တစ်ပတ်တာ သို့
တစ်လတာရဲ့ အဆုံးမှာ ကိုယ်သင်ယူခဲ့တဲ့အရာတွေကို ပြန်လည်လေ့လာပါ။

🌟🌟Revisit your goals regularly and be aware of your achievements.🌟🌟

New Year's Resolution တစ်ခုအနေနဲ့
သင့်ရဲ့ English တိုးတက်​စေရန် မှာ
သင်တန်းတက်ရောက်ဖို့
အကြံပြုပါရစေ။

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay