Alin DaGar-Art school

Alin DaGar-Art school

Share

အလင်းတံခါးပန်းချီ /ပန်းပု/အနုပညာကျောင်းကို1992ခုနှစ်တွင် မန္တလေးမြို့မှာစတင်တည်ထောင်ခဲ့ပါတယ်။

Photos from Alin DaGar-Art school's post 09/05/2025

🌈🌈🌈🌈🌈🌈🌈🌈
အလင်းတံခါးအနုပညာသင်တန်းကို တစ်ပတ် ငါးရက် ကြာသပတေးနေ့မှ တနင်္လာနေ့ အတွင်း
နံနက် 9နာရီမှ
ညနေ ငါးနာရီအထိ ပုံမှန် ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်...။
🤗🤗🤗🥰🥰🥰🥰🥰🥰🥰

10/04/2025

🎨🏫Safe....
အလင်းတံခါး အနုပညာ ကျောင်းမှာ ကြီးကြီးမားမား ထိခိုက်တာမရှိပါဘူး။ အပေါ်ထပ် အရုပ်ငယ် များပြိုလဲလို့ အရုပ်ငယ်များ ကျိုးပဲ့ ထိခိုက်သွားတာ နဲ့ ဧည့်ခန်းဖက် နံရံ အက်ကြောင်းထင် (ပြုပြင်ရနိုင် ) လောက်ပဲရှိပါတယ်။
ရေ၊မီး ပုံမှန်ပြန်ရနေသလို ဆိုလာလျှပ်စစ် စနစ် ကလည်းထိခိုက်မှု လုံးဝ မရှိတာကြောင့် သင်တန်းအနေနဲ့ ပုံမှန်လည်ပတ်နေပါတယ် လို့ သတင်းစကား မေးသူများကို ကျေးဇူးတင်စွာနဲ့ တုန့်ပြန်‌ဖြေကြားလိုက် ပါရစေခင်ဗျာ...။🙏🙏🙏
🎨🎨🎨🎨 သင်္ကြန်ပိတ်ရက်
‌ တဆက်တည်း အလင်းတံခါးအနုပညာသင်တန်းကျောင်းကို သင်္ကြန်နှစ်ကူး ပိတ်ရက်အနေနဲ့ 13.4.2025 တနင်္ဂနွေ နေ့မှ
17.4.2025 ကြာသပတေးနှစ်ဆန်းတစ်ရက်နေ့ အထိ သင်တန်းနားထားမှာဖြစ်ပြီး 18.4.2025သောကြာနေ့
နှစ်ဆန်းနှစ်ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားပါမယ်လို့ လည်း အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ....။

ကျောင်းသားမိဘများနဲ့ ငလျင်ဒဏ်ခံရတဲ့ မိဘပြည်သူ မောင်နှမ များအားလုံး...

ဆိုးဝါးတဲ့ ဒီ အတွေ့အကြုံကနေလျင်မြန်စွာနဲ့ ပြန်လည် ထူထောင်နိုင်ကြပါစေ...။

အသက်ရှည် ဘေးကင်းစွာနဲ့ မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြပါစေ...။

နှစ်သစ်မှာဘဝကိုအေးချမ်းတည်ငြိမ်စွာနဲ့
အနာဂါတ်ခရီးလျှောက်လှမ်းနိုင်ကြပါစေ...
လို့ အလင်းတံခါး အနုပညာသင်တန်းကျောင်းမိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ....။ 🙏
🩵🩵🩵🩵🩵🩵🩵🩵🩵🩵
...မင်္ဂလာရှိသောနှစ်သစ် ဖြစ်ကြပါစေ...
🩷🩷🩷🩷🩷🩷🩷🩷🩷🩷

28/03/2025

ငလျင်ဘေးဒဏ်က လွတ်ကင်းကြပါစေ ။
(၂၉ရက်နေ့တစ်ရက် သင်တန်းပိတ်ပါတယ်ခင်ဗျာ...။)

Photos from Alin DaGar-Art school's post 28/02/2025

Acrylic painting 🎨

နွေရာသီ အားလပ်ရက် မှာ ကလေးပန်းချီပဲရှိတာ မဟုတ်ပါဘူး။ အကြီးတန်းအတွက်
Acrylic class ရှိပါတယ်။ အချိန်က တပတ်ငါးရက် နှစ်လလောက် ဆက်တိုက်သင်ယူနိုင်ရင်ကို အ‌ခြေခံကျကျ အတော်အတန် ရေးတတ်နိုင်ပါတယ်။ Professional အဆင့်ရေးတတ်ဖို့က တော့ အဲ့ဒီလောက်အချိန်နဲ့ မလောက်ပါဘူး။
🌟အရွယ်အားဖြင့် အကြီးတန်း၁၆နှစ်အရွယ်နဲ့အထက် မှ သင့်တော်ပါမယ်။
🌟တပတ်ငါးရက် ‌တနေ့အနည်းဆုံး
နှစ်နာရီအချိန်ပေးနိုင်ရပါမယ်။
🌟သင်တန်းကာလ နှစ်လမှ သုံးလ( တယောက်ချင်းစီ ရဲ့ သင်ခန်းစာ လိုက်နိုင်မှုပေါ်မူတည်ပြီး ကွဲပြားနိုင်လို့ဖြစ်ပါတယ်။)
🌟မနက် ၇နာရီ ခွဲမှ ညနေ ငါးနာရီ အတွင်း ကိုယ်အဆင်ပြေသလို လာရောက်သင်ယူလို့ရပါတယ်။(သင်ကြားချိန် ကန့်သတ် ထားခြင်း မရှိပါ။)
🌟အင်္ဂါ နဲ့ ဗုဒ္ဓဟူး ရက်တွေ အမြဲတမ်း ပိတ်ပါတယ်.....။
🌟ဆေးပစ္စည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ယူဆောင်လာရမှာဖြစ်ပါတယ်။

ကိုင်တွယ် အသုံးပြုပစ္စည်းအနေနဲ့🎨

Postar color (ခေါ် )ရေဆေးအထူ
ကို စတင်သင်ကြား ရပါမယ်။acrylic လို ပလတ်စတစ်ဆေးမဟုတ်ပေမယ့် အသုံးပြုရေးဆွဲပုံခြင်း အတူတူပါပဲ။
ဈေးသက်သာသလို လေ့ကျင့်တဲ့ အခါ စာရွက်ပေါ်မှာ acrylic ထက်ပိုအဆင်ပြေ
ပြေလေ့ကျင့်နိုင်လို့ဖြစ်ပါတယ်။
အခြေခံ postar color သင်တန်းဖြစ်ပေမယ့် တဦးတယောက်ချင်းစီ အလိုက် လိုအပ်သလို သင်ကြားမှာဖြစ်လို့ ကြိုးစားချင်စိတ်ပဲ ရှိဖို့လိုပါတယ်။
Postar color (ရေဆေးအထူ)ဟာ ကိုင်တွယ်ရေးဆွဲရာမှာ ရေဆေးအပါး
(Transparent watercolor)လောက်
ရေးဆွဲရမခက်ခဲတာကြောင့် အမှားအယွင်း
ခံပြီး တက်မြောက်လွယ်ပါတယ်။

(နမူနာပုံမှာ Alin DaGar-Art school ရဲ့ လက်ထောက် နည်းပြရေးဆွဲပြထားတဲ့ postar color လက်ရာဖြစ်ပါတယ်....။
အသေးစိတ် သိလိုတာရှိရင် ဖုန်းဆက် စုံစမ်းမေးမြန်းနိုင်ပါတယ်....။🧑‍🎨

Photos from Alin DaGar-Art school's post 15/02/2025

💝💝💝💝💝💝💝💝💝💝
Gift to a friend "Event အတွက် အလင်းတန်းတို့ လက်ရာကို Details ကြည့်ရအောင်.....။🙆🙆🙆🙆🙆

Photos from Alin DaGar-Art school's post 15/02/2025

🌟💥🌟💥🌟💥🌟💥🌟💥
ဒီတ‌ခါ အလင်းတံခါး အနုပညာ သင်တန်းကျောင်းရဲ့Gift to a friend လို့ အမည်ပေးထားတဲ့ Event အတွက် သင်တန်းသား/သင်တန်းသူ ကလေးငယ်များရဲ့ အားထုတ်ထားကြမှုပါ။🥰💝

Photos from Alin DaGar-Art school's post 08/02/2025

Summerရောက်တော့မယ် အလင်းတန်းတို့....🥳

01/01/2025

🎉🎉🎉မင်္ဂလာ နှစ်သစ်ကူး အခါသမယ ဖြစ်ကြပါစေလို့
အလင်းတံခါး မိသားစုမှ ဆုတောင်းမေတ္တာ
ပို့သလိုက်ပါတယ်ခင်ဗျာ...🥰🥰🥰

25/12/2024

Merry Christmas ⛄

Photos from Alin DaGar-Art school's post 23/12/2024

Christmas toys.🎄🌟🎄🌟

Photos from Alin DaGar-Art school's post 23/12/2024

Christmas toys .🎄🌟🎄

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


56 Street/Between 24×25/That Yat Kone/
Mandalay

Opening Hours

Monday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00