Water Pal

Water Pal

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Water Pal, Mandalay.

Photos from Water Pal's post 13/03/2026

ဒီလမှာ International Women Day ရှိတော့
Water နဲ့ ပတ်သက်တဲ့ research paper တွေ
ဖတ်တဲ့အခါ water and gender အပိုင်း
ပိုဖတ်ဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင်လည်း Water sector ထဲက
အမျိုးသမီးတစ်ယောက် ဆိုတော့
ကျနော့်ရဲ့ အတွေးလေးတွေကို
ချရေးဖြစ်ခဲ့ပါတယ်။

ဖတ်ရှုပေးကြပါအုံးနော်။ ✨

12/03/2026

Water Pal ရေမိတ်ဆွေကနေ ကြိုဆိုလိုက်ပါတယ်ရှင်
ခဏဆိုပြီး နားလိုက်တာ
တော်တော်ကြာသွားတော့ မေ့များသွားကြပြီလားရှင် 😅

ပြန်မိတ်ဆက်ပါရစေနော်…
ရေမိတ်ဆွေဆိုတဲ့ ဒီ page လေးမှာ
ရေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို
ဖတ်ရှုနားဆင်နိုင်မှာ ဖြစ်ပါတယ်။

ရေမိတ်ဆွေရဲ့ အဓိက ရည်ရွယ်ချက်က
ရှုပ်ထွေးတယ် ဖတ်ရခက်တယ်လို့
ယူဆကြတဲ့ ရေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို
တတ်နိုင်သလောက် ကြိုးစားပြီး
ရှင်းရှင်းလင်းလင်း အလွယ်ကူဆုံး ပုံစံနဲ့ မျှဝေသွားဖို့ပါ။

ကျနော်တို့တူတူ ရေနဲ့ပတ်သက်တဲ့
အကြောင်းအရာတွေကို လေ့လာလိုက်ကြရအောင်နော်။

ရေမိတ်ဆွေကနေ ပြန်လည် ကြိုဆိုပါတယ်ရှင်။

23/05/2023

ကျန်းမာရေးအခြေအနေကြောင့် ရေပျိုမေ podcast လေးကို ခေတ္တ ရပ်နားခွင့််ပြုပါလို့ ခွင့်ပန်ပါရစေရှင်။ အမြန်ဆုံး ပြန်စနိုင်ဖို့ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားနေမှာမလို့ ဒီအတောအတွင်း episode လေးတွေ ပြန်နားဆင်ရင်း စောင့်မျှော်ပေးမယ်လို့ မျှော်လင့်နေပါတယ်ရှင်။နားလည်ချစ်ခင်​ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။💗

16/05/2023

💧✨Women in Water Episode 7✨💧

In this episode, we had the pleasure of sitting down with the amazing guest, Vera Lagendijk. Get ready to be inspired by her remarkable journey and experiences.
Tune into gain insights. 🎧🎙️🎧
Feel free to ask questions or share your ideas in the comment box.🤩

Disclaimer: The views expressed in this podcast are those of the guest and do not necessarily relate with any individual and/or organizations.

15/05/2023

ရေပျိုမေ Episode 7

Firstly,we're thrilled to bring you the upcoming episode of Women in Water(Yay Pyo May). 🎧✨In this episode, we dive deep into the journey of a remarkable woman,Vera Lagendjik,who is making a splash in the world of water. Get ready to be inspired and empowered as we explore her experiences in the water sector.Stay tuned for tomorow episode!

Last but not least, we would like to extend our deepest sympathies to all those who have bbeen affected by the Mocha Cyclone. Our heart goes out to the individuals and communities who endured loss, destruction and hardship during this difficult time. All my prayers and best wishes are with you.🤍🤍🤍

09/05/2023

စိတ်ရောကိုယ်ပါ ထိခိုက်နာကျင်ပြီး ပင်ပန်းနေတဲ့အတွက် podcast လေးကို ဒီတစ်ပတ်တော့ နားခွင့်ပြုပါလို့ မေတ္တာရပ်ခံပါရစေရှင်။

02/05/2023

💧✨ရေပျိုမေ Episode 6💧✨

ဒီအပတ်ရဲ့ ရေပျိုမေ Podcast လေးမှာ ဖိတ်ကြားထားသူကတော့ နာဂစ်ဒဏ်ကို ကိုယ်တိုင်တွေ့ကြုံခံစားဖူးပြီး WASH sector ထဲမှာလုပ်ကိုင်နေတဲ့ မဝင့်သူသူအောင်ပဲ ဖြစ်ပါတယ်ရှင်။ ဒီအပိုင်းမှာတော့ WASH sector ထဲမှာ မဝင့်သူသူအောင် စိတ်ဝင်စားတဲ့ အပိုင်းတွေနဲ့ ဂုဏ်ယူရတဲ့ အဖြစ်အပျက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်ရှင်။သတိမမူမိတဲ့ အကြောင်းအရာတွေကို ပေါ့ပေါ့ပါးပါး ရင်းရင်းနှီးနှီး ‌ပြောပြပေးသွားလို့ အကျိုးများမှာ အသေချာပါရှင်။ 🎧🎙️🎧
သိချင်တာတွေရှိရင် comment မှာ ဖြစ်စေ message box မှာ ဖြစ်စေ မေးလို့ရပါတယ်နော်။

ဒီအပိုင်း‌လေးမှာ အစီအစဉ်တင်ဆက်သူ ကျွန်မ နေမကောင်းဖြစ်ပြီး အသံဝင်နေတဲ့အတွက် နားဆင်သူတွေအဖို့ အနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် နားလည်ပေးပါလို့ မေတ္တာရပ်ခံပါရစေရှင်။ အားလုံးလည်း ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ တိုက်တွန်းပါရစေ‌ရှင်။☺️

Disclaimer
ယခု Podcast တွင် ဆွေးနွေးမျှဝေခဲ့သည်များအားလုံးမှာ မဝင့်သူသူ‌‌အောင်၏ တစ်ကိုယ်ရေ အတွေးအမြင်၊သဘောထားများသာ ဖြစ်ပြီး မည်သည့် လုပ်ငန်းခွင်၊အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များနှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။

01/05/2023

နာဂစ်ဒဏ်ကို ကိုယ်တိုင်ခံစားခဲ့ရပြီး WASH sector လောကထဲကို ရောက်ရှိလာတဲ့ ရေပျိုမေ

ဒီအပတ်ရေပျိုမေ အစီအစဉ်လေးမှာ ဖိတ်ကြားထားတဲ့သူကတော့ နာဂစ်ဒဏ်ကို ကြုံတွေ့ခံစားဖူးတဲ့ လပွတ္တာသူလေး မဝင့်သူသူအောင်ပဲ ဖြစ်ပါတယ်ရှင်။ လက်ရှိမှာတော့ မဝင့်သူသူအောင်ဟာ WASH Coordinator ရာထူးနဲ့ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ဒီ podcastလေးမှာတော့ ထူးထူးခြားခြား အမှိုက်အကြောင်းကို ဆွေးနွေးပြောဆိုထားပြီး အမှိုက်ကြောင့် မြေအောက်ရေအပေါ် အကျိုးသက်ရောက်မှုတွေအကြောင်း research လုပ်ဆောင်လျက်ရှိကြောင်းလည်း မဝင့်သူသူအောင်က ရှင်းပြပေးသွားပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးမလို့ နားထောင်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။🎧🎙️🎧

မနက်ဖြန် အင်္ဂါနေ့ည ၇နာရီမှာ တင်ဆက်ပေးမှာ ဖြစ်လို့ နားထောင်ပေးကြပါအုံးနော်🤩

25/04/2023

💧✨ရေပျိုမေ Episode 5💧✨

ရေပျိုမေ Podcast လေးကို တင်ဆက်လာခဲ့တာ ခုဆို အပိုင်း၅ကို ရောက်ရှိလို့ လာပါပြီရှင်။ဒီ episode လေးမှာ‌တေ့ာ မတူညီတဲ့ Background ကနေ WASH sector ထဲကို passion ကြောင့်မလို့ ဝင်ရောက်လာခဲ့တဲ့ မနိုင်နိုင်နေသဇင်ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေနဲ့ ပီတိဖြစ်ဖွယ်ဖြစ်ရပ်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်ရှင်။🎧🎙️🎧

သိချင်တာတွေရှိရင် comment မှာ ဖြစ်စေ message box မှာ ဖြစ်စေ မေးလို့ရပါတယ်နော်။☺️

Disclaimer
ယခု Podcast တွင် ဆွေးနွေးမျှဝေခဲ့သည်များအားလုံးမှာ မနိုင်နိုင်‌နေသဇင်၏ တစ်ကိုယ်ရေ အတွေးအမြင်၊သဘောထားများသာ ဖြစ်ပြီး မည်သည့် လုပ်ငန်းခွင်၊အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များနှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။

24/04/2023

Passion ကြောင့် WASH sector လောကထဲကို ရောက်ရှိလာတဲ့ ရေပျိုမေ

ဒီအပတ်ရေပျိုမေ အစီအစဉ်လေးမှာ ဖိတ်ကြားထားတဲ့သူကတော့ ဝါသနာကို အရင်းတည်ပြီး Passion ကြောင့်မလို့ WASH sector လောကထဲကို ရောက်ရှိလာခဲ့တဲ့ မနိုင်နိုင်နေသဇင်ပဲ ဖြစ်ပါတယ်ရှင်။
Hygiene Promotion အပိုင်းကို အဓိကထား လုပ်ဆောင်နေတဲ့ မနိုင်နိုင်နေသဇင်ဟာ WASH sector လောကထဲကို ရောက်ရှိလာပုံတွေ နဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေကို ဒီ podcast လေးထဲမှာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောဆို ဆွေးနွေးထားပါတယ်။ဝါသနာပါရာလုပ်ရင်း Passion ကို ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းဟာ စိတ်အားတက်ဖွယ်ကောင်းလှတာမလို့ နားဆင်ကြည့်ပါလို့ တိုက်တွန်းပါရစေရှင်။

မနက်ဖြန် အင်္ဂါနေ့ည ၇နာရီမှာ တင်ဆက်ပေးမှာ ဖြစ်လို့ နားထောင်ပေးကြပါအုံးနော်🤩

18/04/2023

💧✨ရေပျိုမေ Episode 4💧✨

ဒီ episode မှာ‌တေ့ာWASH sector မှာ လုပ်ငန်းအ‌‌ေတွ့အကြုံ စုံလင်လှတဲ့ မခင်နီလဲ့ဝင်းရဲ့ အတွေ့အကြုံတွေ၊ဂုဏ်ယူစရာ ဖြစ်ရပ်တွေအပြင် WASH sector ထဲမှာ လုပ်ကိုင်လိုသူတွေအတွက် အကြုံပြုချက်တွေကိုပါ နားဆင်ရမှာ ဖြစ်ပါတယ်ရှင်။🎧🎙️🎧
သိချင်တာတွေရှိရင် comment မှာ ဖြစ်စေ message box မှာ ဖြစ်စေ မေးလို့ရပါတယ်နော်။😉

Disclaimer
ယခု Podcast တွင် ဆွေးနွေးမျှဝေခဲ့သည်များအားလုံးမှာ မခင်နီလဲ့ဝင်း၏ တစ်ကိုယ်ရေ အတွေးအမြင်၊သဘောထားများသာ ဖြစ်ပြီး မည်သည့် လုပ်ငန်းခွင်၊အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များနှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။

17/04/2023

WASH sector မှာ လုပ်ငန်းအတွေ့အကြုံ စုံလင်တဲ့ ရေပျိုမေ

အားလုံးပဲ မြန်မာနှစ်ဦးမှာ ကျန်းမာပျော်ရွှင်ပြီး ဘေးဘယာအပေါင်း ဝေးကွာညောင်းကြပါစေရှင်။

ဒီနှစ်သစ်မှာတော့ WASH sector လောကမှာ လုပ်ငန်းအတွေ့အကြုံ စုံလင်လှတဲ့ မခင်နီလဲ့ဝင်းကို ဖိတ်ကြားထားပါတယ်ရှင့်။
မခင်နီလဲ့ဝင်းဟာ ယခုလက်ရှိမှာတော့ WASH Manager အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ စုံလင်လှတဲ့ အတွေ့အကြုံတွေပေါ် အခြေတည်ပြီး ဖြတ်သန်းခဲ့တဲ့ လုပ်ငန်းခွင်တစ်လျှောက် ရရှိလာတဲ့ ဗဟုသုတတွေကို ရင်းရင်းနှီးနှီး ပြောပြပေးသွားမှာဖြစ်လို့ လက်မလွတ်သင့်တဲ့ episode တစ်ခုပဲ ဖြစ်ပါတယ်ရှင့်။

မနက်ဖြန် အင်္ဂါနေ့ည ၇နာရီမှာ တင်ဆက်ပေးမှာ ဖြစ်လို့ နားထောင်ပေးကြပါအုံးနော်🎧🤩🎧

💦မနက်ဖြန်ညကျ ဆုံတွေ့ကြမယ်နော်။💦

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Website

Address


Mandalay