27/08/2024
သင်ဟာ ကျောင်းသားငယ်များကို အင်္ဂလိပ်ဘာသာစကားသင်ကြားပေးနေတဲ့ (သို့) စတင်သင်ကြားမယ့် ဆရာ၊ ဆရာမတစ်ဦးဖြစ်ပါသလား။ ဆရာ၊ ဆရာမတစ်ဦးအနေဖြင့် ကျောင်းသားငယ်များအတွက် မိမိ၏ သင်ကြားနည်းစနစ်များကို မြှင့်တင်ပြီး ကိန်းဘရစ်ချ်အင်္ဂလိပ်ဘာသာစကားစာမေးပွဲများမှာ ကောင်းမွန်စွာဖြေဆိုနိုင်ဖို့ ၎င်းတို့ကို အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ပေးလိုပါသလား။ ဒီမေးခွန်းတွေအတွက် သင့်အဖြေက "ဟုတ်တယ်" ဆိုရင်တော့ ယခုဖွင့်လှစ်ပို့ချမယ့်သင်တန်းက သင့်အတွက်ပါပဲ။
SEI ၏ အွန်လိုင်းဆရာလေ့ကျင့်ရေးအစီအစဥ်မှ ဖွင့်လှစ်မယ့် "YLE Exam Preparation Training: Starters, Movers and Flyers" အပတ်စဥ် (၃) သင်တန်းအတွက် စတင်စာရင်းသွင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာကြေညာလိုက်ပါတယ်။
(၉) နာရီကြာမြင့်မယ့် ဒီသင်တန်းကိုတော့ Starters၊ Movers နှင့် Flyers ကဲ့သို့သော ကိန်းဘရစ်ချ် အင်္ဂလိပ်ဘာသာစကားစာမေးပွဲများအတွက် ကျောင်းသားငယ်များအား ထိထိရောက်ရောက် လမ်းညွှန်ပြင်ဆင်ပေးနိုင်ရန် မရှိမဖြစ်လိုအပ်သည့် အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများဖြင့် ဆရာ၊ ဆရာမများအား အကောင်းဆုံးလေ့ကျင့်သင်ကြားပေးရန် အထူးဒီဇိုင်းရေးဆွဲထားတာပါ။
သင်တန်းအမည် - YLE Exam Preparation Training: Starters, Movers and Flyers - Batch III
သင်တန်းကြာမြင့်ချိန် - ၃ ပတ် (၉ နာရီ)
သင်တန်းစမည့်ရက် - ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)
သင်တန်းရက်များ - ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် သောကြာနေ့များ
သင်တန်းအချိန် - မြန်မာစံတော်ချိန် ည (၇) နာရီမှ (၈) နာရီ
သင်တန်းကြေး - ၄၀,၀၀၀ ကျပ်
သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများ
-------------------------------
Saya Ty
PhD(Thesis; Pedagogic Methodology)
Dip in TESOL (London Teacher Training College)
သင်တန်းအကြောင်း အသေးစိတ်ဖတ်ရှုရန် - https://docs.google.com/document/d/1GY4eioQ6J5gN5vJKKoC-ezHSI_oVEc7lnkINnYgO2jY/edit?usp=sharing
ယခုသင်တန်းသို့ ပါဝင်တက်ရောက်လိုသူများသည် မြန်မာတက္ကသိုလ်ဝင်တန်း (သို့) GED (သို့) IGCSE စာမေးပွဲတခုခု ဖြေဆိုအောင်မြင်ခဲ့ကြောင်း လက်မှတ် (သို့) အထောက်အထားပြသနိုင်ရမှာဖြစ်ပြီး အသက် (၁၈) နှစ်ပြည့်ပြီးသူများဖြစ်ကြဖို့လိုပါတယ်။ ကျောင်းသားငယ်များကို သင်ကြားရန် စိတ်အားထက်သန်ပြီး သင်တန်းပြီးဆုံးတဲ့ထိ ပါဝင်တက်ရောက်နိုင်သူများဖြစ်ဖို့လည်း အထူးလိုအပ်ပါတယ်။
သင်တန်းအပ်နှံရန် -
- ဂူးဂဲလ်ဖောင်တွင် အချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းပေးပါ။
-အဆင်ပြေရာ သင်တန်းကြေးပေးသွင်းမည့်နည်းလမ်းကို ရွေးချယ်ပြီး သင်တန်းကြေးပေးသွင်းပါ။
-သင်တန်းကြေးပေးသွင်းခဲ့သည့် အချက်အလက်များပါဝင်သည့် စခရင်ဓာတ်ပုံ (သို့) စလစ်ကို ဂူးဂဲလ်ဖောင်တွင် တပါတည်းဖြည့်သွင်းပါ။
-အချက်အလက်များဖြည့်သွင်း၍ (၂) ကြိမ်စစ်ဆေးပြီးနောက် Submit ပြုလုပ်ပါ။
- ရက်သတ္တပတ် (၁) ပတ်အတွင်း သင်တန်းအချက်အလက်များပါဝင်သည့် အီးမေးလ်တစ်စောင် လက်ခံရရှိပါမည်။
သင်တန်းအပ်နှံရန်ဂူးဂဲလ်ဖောင် - https://docs.google.com/forms/d/e/1FAIpQLSfhjuuVsPvMOf5E55XGSMR30K64ktHz83exl0YJ0Y9xUHNoeA/viewform?usp=sf_link
ယခုသင်တန်းအတွက် သင်တန်းသား/သူ (၂၀) ဦးသာ လက်ခံမှာဖြစ်ပြီး သတ်မှတ်လူဦးရေပြည့်ပါက စာရင်းလက်ခံခြင်းကို ရပ်နားမှာဖြစ်ပါတယ်။ သင်တန်းအပ်နှံနိုင်မယ့် နောက်ဆုံးရက်ကတော့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက် မြန်မာစံတော်ချိန် ည (၁၁:၅၉) နာရီထိဖြစ်ပါတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို လက်မလွတ်စေရလေအောင် ယခုပဲ အမြန်ဆုံး စာရင်းသွင်းအပ်နှံလိုက်ပါ။
Are you a teacher of Young Learners (YLs) or the new one to teaching YLE? Do you want to improve your YLE exam preparation skills? Are you really interested in learning more about YL pedagogy? If "YES", this upcoming course is exactly for you!
We are thrilled to open registrations for our virtual certificate course entitled YLE Exam Preparation Training: Starters, Movers and Flyers - Batch III through SEI's teacher training programs.
This 9-hour intensive course is specifically designed to equip educators with the essential skills and knowledge required for effectively guiding young learners through Cambridge YLE Examination Process, esp. for Starters, Movers and Flyers.
Course Title - YLE Exam Preparation Training: Starters, Movers and Flyers - Batch III
Course Duration - 3 Weeks (9 Hours)
Commencing Date - September 1st Week, 2024
Days - Wed, Thu and Fri
Time Slot - 7:00 PM - 8:00 PM MMT
Fees - 40,000 MMK
Platform - Zoom Cloud Meetings
Instructor
---------
Saya Ty
PhD(Thesis; Pedagogic Methodology)
Dip in TESOL (London Teacher Training College)
Learn more about this course - https://docs.google.com/document/d/1GY4eioQ6J5gN5vJKKoC-ezHSI_oVEc7lnkINnYgO2jY/edit?usp=sharing
To enroll in this course, participants should be at the age of 18 years and/or older, have any document or certificate which shows the completion of the Myanmar Matriculation Examination or GED or IGCSE, show strong interest and passion in teaching and working with Young Learners, and have firm commitment to engage in lessons, assignments and activities of the program till its completion.
For the enrollment process, you need to
- fill your information in the Google Form,
-choose the plans for payment, and transfer the fees,
-check the payment info and upload your payment receipt through the Google Form,
-submit after you've completed and double-checked, and
- receive the course information via email within a week.
Google Form for enrollment - https://docs.google.com/forms/d/e/1FAIpQLSfhjuuVsPvMOf5E55XGSMR30K64ktHz83exl0YJ0Y9xUHNoeA/viewform?usp=sf_link
We have a seat limit of 20 for this course. Thus, if the seats are all filled, the admissions will be closed. The enrollment deadline is at 11:59 PM MMT on September 3, 2024. ENROLL NOW not to miss this opportunity!