Golden Academic Learning Center

Golden Academic Learning Center Study GED and University Preparatory Program in Mandalay !!

🗣 Debate လုပ်ခြင်း၏ အကျိုးကျေးဇူးများ• 𝐈𝐦𝐩𝐫𝐨𝐯𝐞𝐝 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬Debate ပြုလုပ်ခြင်းက က သင့်နေ့စဉ်ဘဝတွင် မရှိမဖြစ...
03/08/2023

🗣 Debate လုပ်ခြင်း၏ အကျိုးကျေးဇူးများ

• 𝐈𝐦𝐩𝐫𝐨𝐯𝐞𝐝 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬
Debate ပြုလုပ်ခြင်းက က သင့်နေ့စဉ်ဘဝတွင် မရှိမဖြစ်လိုအပ်သော လျှပ်တပျက် ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှုစွမ်းရည်ကို တိုးတက်စေရန် ကူညီပေးပါလိမ့်မည်။ထိုတွေးခေါ်မှုစွမ်းရည်တိုးတက်ခြင်းဖြင့် သံသယစိတ်များကို လျှော့ချပြီး စိတ်ကူးသစ်အတွေးသစ်များပေါ်ပေါက်လာကာ စူးစမ်းချင်စိတ်များဖြစ်ပေါ်လာစေပါတယ်။

• 𝐈𝐦𝐩𝐫𝐨𝐯𝐞𝐝 𝐀𝐫𝐭𝐢𝐜𝐮𝐥𝐚𝐭𝐢𝐨𝐧
Debate ပြုလုပ်ခြင်းက အကြောင်းအရာများစွာကို ပြောပြရာတွင် နားထောင်သူ ရှင်းလင်းစွာနားလည်စေရန်အတွက် ကျွမ်းကျင်စွာပြောဆိုနိုင်သူတစ်ဦးဖြစ်လာစေရန် ကူညီပေးနိုင်ပါသည်။ပြောဆိုရာတွင်လည်း စကားသံအနိမ့်အမြင့် အပြင် နားထောင်သူ၏အခြေအနေကိုပါအကဲခတ်ပြောဆိုနိုင်လာစေမှာဖြစ်ပါတယ်။

• 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐭𝐫𝐨𝐥
စိတ်ခံစားမှုများကို ထိန်းသိမ်းနိုင်ခြင်းသည် စကားရည်လုပြောဆိုရာတွင် အသုံးဝင်ရုံသာမက သင့်ဘဝတွင်ကြုံတွေ့နိုင်သောအခြေအနေအရပ်ရပ်တွင်ပါအသုံးဝင်နိုင်ပြီးလူအများကပါ လေးစားမှုရရှိစေမှာဖြစ်ပါတယ်။

• 𝐀 𝐁𝐫𝐨𝐚𝐝𝐞𝐫 𝐕𝐢𝐞𝐰 𝐨𝐟 𝐭𝐡𝐞 𝐖𝐨𝐫𝐥𝐝
စကားရည်လုပြောဆိုခြင်းဟာ လူတစ်ဦးချင်းစီအား ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးအပေါ် အတွေးအမြင်သစ်များ ဖော်ထုတ်ရာတွင်လည်း ကူညီပေးနိုင်ပါသည်။

Golden Academic Learning Center ၏ Program များအကြောင်းအသေးစိတ်သိရှိလိုပါက
☎️Phone: 09-409268800

𝐐𝐮𝐨𝐭𝐞 𝐨𝐟 𝐭𝐡𝐞 𝐝𝐚𝐲 💛"Education is the most powerful weapon which you can use to change the world"..........𝐍𝐞𝐥𝐬𝐨𝐧 𝐌𝐚𝐧𝐝𝐞𝐥𝐚....
27/07/2023

𝐐𝐮𝐨𝐭𝐞 𝐨𝐟 𝐭𝐡𝐞 𝐝𝐚𝐲 💛

"Education is the most powerful weapon which you can use to change the world"..........𝐍𝐞𝐥𝐬𝐨𝐧 𝐌𝐚𝐧𝐝𝐞𝐥𝐚.


"အာဇာနည်နေ့ ဒို့မမေ့"🇲🇲 ၂၀၂၃ ခုနှစ် ဇူလိူင် ၁၉ ရက်နေ့တွင် ကျရောက်သော ၇၆ နှစ်ပြည့် အာဇာနည်နေ့ အား Golden Academic Learnin...
19/07/2023

"အာဇာနည်နေ့ ဒို့မမေ့"
🇲🇲 ၂၀၂၃ ခုနှစ် ဇူလိူင် ၁၉ ရက်နေ့တွင် ကျရောက်သော ၇၆ နှစ်ပြည့် အာဇာနည်နေ့ အား Golden Academic Learning Center မှကြိုဆိုဂုဏ်ပြုအပ်ပါသည်။

📆 ထိုနေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် ရုံးတစ်ရက်ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


📢 ရုံးပိတ်ရက်ကြေညာခြင်း 📢၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ သည် “အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)”နေ့ အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖ...
28/06/2023

📢 ရုံးပိတ်ရက်ကြေညာခြင်း 📢

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ သည် “အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)”နေ့ အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် ရုံးတစ်ရက်ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။


𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 🧔💛ဇွန်လ (၁၈) ရက်နေ့ ယနေ့မှာ ကျရောက်သော အဖေများနေ့တွင် အဖေများအားလုံး ကျန်းမာချမ်းသာပြီး အသက်ရှည်ကြပါစ...
18/06/2023

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 🧔💛

ဇွန်လ (၁၈) ရက်နေ့ ယနေ့မှာ ကျရောက်သော အဖေများနေ့တွင် အဖေများအားလုံး ကျန်းမာချမ်းသာပြီး အသက်ရှည်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


ကမ္ဘာတစ်ဝမ်းမှ GED ကိုလက်ခံမှုအများဆုံး  နိုင်ငံ(၅)နိုင်ငံကမ္ဘာတစ်ဝမ်းမှ GED ကိုလက်ခံမှုအများဆုံးနိုင်ငံ (၅)နိုင်ငံအား က...
04/06/2023

ကမ္ဘာတစ်ဝမ်းမှ GED ကိုလက်ခံမှုအများဆုံး နိုင်ငံ(၅)နိုင်ငံ

ကမ္ဘာတစ်ဝမ်းမှ GED ကိုလက်ခံမှုအများဆုံးနိုင်ငံ (၅)နိုင်ငံအား ကျောင်းသားလူငယ်များနှင့် မိဘများသိရှိစေရန် မျှဝေပေးလိုက်ရပါတယ်။ GED ပညာရေး မှာ တက္ကသိုလ်ဝင်တန်းမပြီးမြောက်သူများအတွက် Education Opportunity တစ်ခုရရှိစေရန် ရည်ရွယ်တာဖြစ်တဲ့ အတွက် ကျောင်းသား၊သူများအတွက် ပညာရေးအခွင့်အလှမ်းတွေ မဆုံးရှုံးရအောင် တက်ရောက်ရန်အသင့်တော်ဆုံးဖြစ်ပါတယ်။

🇺🇸 American - အမေရိကန်နိုင်ငံရဲ့ ၁၂တနိးပညာရေး High School Diploma ဖြစ်တာနဲ့အညီ GEDကိုလက်ခံမှုအများဆုံးနိုင်ငံဖြစ်ပြီး GED + IELTS Or Duolingo ရမှတ်များဖြင့် University များ Community College ဝင်ခွင့်များလည်းလျှောက်ထား၍တက်ရောက်နိုင်မည်ဖြစ်ပါတယ်။

🇹🇭 Thailand- ထိုင်းနိုင်ငံသည် တခြားသောနိုင်ငံများထက်ယှဉ်လျှင် GEDကိုလက်ခံမှုများသော နိုင်ငံတစ်ခုဖြစ်ပြီး GED အောင်လတ်မှတ်ဖြင့် လျှောက်ထားနိုင်သော တက္ကသိုလ်များလည်း ပေါများလှပါတယ်။

🇯🇵 Japan - GEDဖြင့်လျှောက်ထားနိုင်သောPrivate University များစွာရှိသော နိုင်ငံတစ်ခု လည်းဖြစ်ပါတယ်။

🇲🇾 Malaysia- Budget saveပြီး GED လက်ခံသောနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

🇨🇳 China - တရုတ်နိုင်ငံတွင်လည်း GED ဖြင့်လျှောက်ထားနိုင်သော ကျောင်းအမျိုးအစားပေါင်း များစွာရှိပါတယ်။

ကျောင်းသားရဲ့ Critical Thinking ကို ပိုမိုကောင်းမွန်လာစေပြီး အချိန်တိုအတွင်း GED Target Scores ရရှိအောင် သင်ကြားပေးမယ့် သင်တန်းအား သေချာရွေးချယ်တက်ရောက်ဖို့ လိုအပ်ကြောင်း အကြံပြုပါရစေ။

GED အကြောင်းအသေးစိတ်သိရှိလိုပါက -
☎️Phone: 09409268800



What is GED ❓ GED ဆိုတာဘာလဲ ❓🔵 GED ဆိုသည်မှာ  ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတကာတက္ကသိုလ်အများစုမှ အသိအမှတ်ပြုသည့် 'Graduate Eq...
03/06/2023

What is GED ❓ GED ဆိုတာဘာလဲ ❓

🔵 GED ဆိုသည်မှာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတကာတက္ကသိုလ်အများစုမှ အသိအမှတ်ပြုသည့် 'Graduate Equivalency Degree' သို့မဟုတ် ' General Education Development Diploma' တစ်ခုဖြစ်ပါတယ်။ GED ပညာရေး မှာ တက္ကသိုလ်ဝင်တန်းမပြီးမြောက်သူများအတွက် Education Opportunity တစ်ခုရရှိစေရန် ရည်ရွယ်တာဖြစ်တဲ့ အတွက် ကျောင်းသား၊သူများ အနေဖြင့် ပညာရေးအခွင့်အလှမ်းတွေ မဆုံးရှုံးရအောင် တက်ရောက်ရန်အသင့်တော်ဆုံးဖြစ်ပါတယ်။

GED မှာ ဘယ်လိုဘာသာရပ်တွေသင်ကြားရမလဲ ❓
📒 Mathematical Reasoning
📒 Reasoning Through Language Arts
📒 Science
📒 Social Studies အစရှိတဲ့ ဘာသာရပ်(၄) မျိုးကို အဓိကထားသင်ကြားရမှာဖြစ်ပါတယ်။

ဘာသာရပ်တစ်ခုချင်းစီရဲ့ အောင်မှတ်များ ❓
📌 GED exam ဖြေဆိုဖို့စဉ်းစားထားရင် ဘာသာရပ်တစ်ခုချင်းစီရဲ့ အမှတ်ပေးစည်းမျဉ်းများကို သိထားဖို့ရန်လိုအပ်ပါတယ်။
📌 ဘာသာရပ်တစ်ခုချင်းစီရဲ့ အမှတ်ပြည့်မှာ 200 ဖြစ်ပြီး ကျောင်းသားတစ်ယောက်သည် ဘာသာရပ်တစ်ခုတွင် အနည်းဆုံး 145 မှတ်ရမှသာလျှင် စာမေးပွဲအောင်မှာဖြစ်ပါတယ်။
📌 145/164 ( Passing Score)
📌 165-175 (College Ready)
📌 175-200 ( College Ready + credit)
📌 100-144 (Fail)
📌 Scholarship ရရှိဖို့ကြိုးစားနေသူများအတွက်တော့ 180-200 အမှတ်ရရင်တော့ ပညာသင်ဆုရရှိဖို့ရန် အတွက်အခွင့်အလမ်းပို၍များပါတယ်။

🔵 GED ဖြေဆိုပြီးထားတဲ့ကျောင်းသား၊သူများအနေနှင့် GED ဘာသာရပ်ကိုလည်း စနစ်တကျတက်ပြီး စာမေးပွဲကိုလည်း အောင်မြင်ပြီးပြီးဆိုရင်တော့ GED အောင်လက်မှတ်နှင့် နိုင်ငံခြားမှာရှိသော Universityများ၊ College များတွင် ကျောင်းလျှောက်ပြီး ဆက်လက်တက်ရောက်နိုင်ပြီဖြစ်ပါတယ်။ ထိုမှတစ်ဆင့် မိမိ ရည်မှန်းထားသော ရည်မှန်းချက်များ၊အခွင့်အလမ်းအသစ်များရောက်ရှိလာမှာ ဖြစ်ပါတယ်။

GED ပြီးရင်ဘယ်နိုင်ငံတွေမှာကျောင်းဆက်တက်လို့ရပါသလဲ ❓
🔵 U.S, Canada, Australia, Asia countries စသောနိုင်ငံများမှ တက္ကသိုလ်အများစုမှာ GEDကိုလက်ခံကြပါတယ်။ (မိမိတက်မည့်ကျောင်းပေါ်မူတည်ပြီး IELTS နှင့် SAT ကဲ့သို့သော လိုအပ်ချက်များ အနည်းငယ် ထပ်ရှိလာနိုင်ပါတယ်။GEDနဲ့အလွယ်ဆုံးနဲ့ အမြန်ဆုံးသွားရောက်နိုင်သည့်နိုင်ငံမှာ Thailand မှ universities များဖြစ်ပါတယ်။ အသေးစိတ်အတွက် မိမိတက်မည့် University အပေါ်မူတည်ပြီး လိုအပ်ချက်များအား မေးမြန်းစုံစမ်းဖို့လိုမှာဖြစ်ပါတယ်။

GED ဖြေဆိုရန်လိုအပ်ချက်များ✍️✍️

GED ဖြေဆိုရမည့် Test Center များမြန်မာနိုင်ငံတွင် Center 3ခုရှိပါတယ်။ ရန်ကုန်တွင်(၂)ခု၊ Mandalay တွင် (၁)ခုရှိပါသောကြောင့် ကျောင်းသား၊သူများအနေနှင့် ဖြေဆိုရန် အဆင်ပြေလွယ်ကူလှပါတယ်။
Exam Fees အနေနှင့် တစ်ဘာသာ $80နဲ့ 4ဘာသာပေါင်း $320ဖြစ်ပြီး၊ တစ်ဘာသာချင်းဖြေဆိုလို့ရပါတယ်။ မိမိရရှိထားသော အမှတ်အားမကြိုက်လျှင် $80နှင့် Retake ပြန်လုပ်၍ ပြန်ဖြေရန်အတွက် Email ပို့၍ ပြန်လည် ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
GEDသည် Life time အောင်လက်မှတ်တစ်ခုဖြစ်ပါတယ်။ GED နှင့်ကျောင်းပီးသွားလျှင် Private University များတွင် ကျောင်းဆက်တက်လို့ရပါတယ်။ အစိုးရ University များတွင် တက်ရောက်၍မရပါ။
GED အကြောင်းအသေးစိတ်သိရှိလိုပါက👉
☎️Phone : 09 409 268 800


Address

Block 5, Unit 7, 73rd Road, Mingalar Mandalay , Chanmyatharsi Township
Mandalay
05041

Opening Hours

Monday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Golden Academic Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category