13/01/2025
လူတစ်ယောက်ကိုချစ်တယ်ဆိုတာ
ပိုင်ဆိုင်ရပြီးမှပိုသိသာတဲ့အရာမျိုးပါ
ပုံမှန်သူငယ်ချင်းဖြစ်နေတုန်းက ဘယ်ချိန်လိုင်းတက်တယ်ဘယ်သူတေနဲ့စကားပြောတယ် ကသိပ်အရေးမကြီးပေမယ့် ရည်းစားတေဖြစ်သွားကြတဲ့အခါ ဘယ်သူနဲ့စကားပြောနေမလဲ ငါ့ကိုရောချစ်သေးရဲ့လား စသဖြင့်စိုးရိမ်စိတ်တေကနေလွတ်လပ်ခွင့်ကိုပိတ်ပင်မိတာမျိုးတေဖြစ်လာမိတယ် ကိုယ့်ထမင်းကိုစားပြီးကိုယ်နဲ့သွေးမတော်သားမစပ်တဲ့သူကို အလကားနေဘယ်သူကစိတ်ပူပေးမှာလဲသဝန်တေတိုနေမှာလဲသေချာတာတစ်ခုကသွေးသားတော်စပ်တဲ့သူတေထက်မင်းကိုပိုချစ်နေလို့ပါ
ချစ်မိတော့အတ္တကြီးမိလာတာ တစ်ခြားအရာတေမဟုတ်ဘူး မင်းကိုပိုင်ဆိုင်ချင်စိတ် မင်းနဲ့ပက်သတ်ပြီးဦးစားပေးမှုတေအကုန်လုံးကို ကိုယ့်အတွက်ပဲဖစ်စေချင်မိတဲ့ အချစ်လွန်ကဲ အတ္တတေဝင်လာတာ အရာရာသဝန်တေတိုနေလို့အလကားသက်သက်ပြဿနာရှာတယ်မထင်ပါနဲ့ မင်းကအရာအားလုံးထက်ပိုအချစ်ခံနေရတာ သူ့ကိုယ်သူထက်မင်းကိုပိုချစ်တဲ့သူကိုပိုင်ဆိုင်ထားရတာကို ဂုဏ်ယူလိုက်စမ်းပါ ရဲရဲဝံ့ဝံ့နဲ့ ငါ့ကောင်/ကောင်မလေးက ငါ့ကိုအရမ်းချစ်တာဆိုပြီးဝံ့ ကြွားလိုက်စမ်းပါ
သဝန်တိုပြီးပြဿနာရှာမိနေတဲ့သူက မင်းအပေါ်ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူး သူ့ကိုယ်သူထက်မင်းကိုပိုချစ်နေတတ်လို့ အရာရာသဝန်တိုတတ်တဲ့ချစ်သူမျိုးပိုင်ဆိုင်ထားရင်လုံးဝလက်လွှတ်မခံပါနဲ့ ❤👫❤