Nonplus Online Academy

Nonplus Online Academy Online Learning Platform for business,money and management.

Money Management ငွေကြေးစီမံခန့်ခွဲမှု သင်တန်း  စပါပြီ။❗သင်ဟာ ငွေကြေးစီမံခန့်ခွဲမှု အားနည်းသူတစ်ယောက်လား?ဒါမှမဟုတ်💸ငွေကြ...
15/02/2024

Money Management
ငွေကြေးစီမံခန့်ခွဲမှု သင်တန်း စပါပြီ။

❗သင်ဟာ ငွေကြေးစီမံခန့်ခွဲမှု အားနည်းသူ
တစ်ယောက်လား?

ဒါမှမဟုတ်

💸ငွေကြေးကိုကောင်းစွာစီမံခန့်ခွဲတတ်ချင်သူ တစ်ဦးလား?

ဒါဆိုဒီသင်တန်းက သင့်အတွက်ပါ 🔔
လူတိုင်းငွေနဲ့ကင်းကွာနေလို့မရပါဘူး
လူတော်တော်များများဟာ ငွေကြေးရဖို့အတွက်
အချိန်အများအပြားကို သုံးကြရပါတယ်
သို့ပေမဲ့လူအများစုက
ငွေကြေးစီမံခန့်ခွဲအားနည်းနေကြပါတယ်
အိတ်ပေါက်နဲ့ ဖားကောက်သလိုပါပဲ
သင်ဟာငွေကြေးကို ကိုင်တွယ်ရမည့်သူဖြစ်တာကြောင့်
ငွေကြေးကိုကောင်းစွာစီမံနိုင်ဖို့ လိုပါတယ်
ငွေကြေးစီမံခန့်ခွဲမှု ကောင်းတဲ့သူတိုင်းက
မချမ်းသာကြပါဘူး
ဒါပေမဲ့ ချမ်းသာတဲ့သူတိုင်းက ငွေကြေးစီမံခန့်ခွဲမှု
ပညာရပ်ကိုကျွမ်းကျင်ကြပါတယ်
ဒါကြောင့်သင်ကိုယ်တိုင်ကလဲ ငွေကြေးကိုကောင်းစွာစီမံ
တတ်ဖို့လိုပါတယ်

💵Money Management
ငွေကြေးစီမံခန့်ခွဲမှု သင်တန်း

📃ဘာတွေသင်ကြားပေးမှာလဲ
အဓိက သင်ကြားပေးမှာသည် Personal Finance ဆိုတဲ့ ကိုယ်ပိုင် ငွေကြေးစီမံခန့်ခွဲမှု ပညာရပ်ကိုသင်ကြားပေးမှာ ဖြစ်ပါတယ်
Why Money Management?
ဘာကြောင့်ငွေကြေးကိုစီမံခန့်ခွဲမှုပညာတတ်သင့်လဲ
Cashflow Quadrants
ငွေကြေးရှာဖွေမှုပုံစံများ
Saving Vs Investing
ငွေစုခြင်း နဲ့ ရင်းနှီးမြှပ်နှံခြင်း
Money Skills
ငွေကြေးဆိုင်ရာကျွမ်းကျင်မှု
Assets Vs Liabilities
ပိုင်ဆိုင်မှု နဲ့ ပေးဆပ်မှု
Wealth Triangle
ကြွယ်ဝမှုအတွက် ထောက်တိုင်သုံးခု

ဒါအပြင် ငွေကြေးနဲ့ပတ်သက်ပြီး သင့်ကိုယ်သင်

ဘယ်လို ဘယ်လိုသုံးသပ်ရမလဲဆိုတဲ့
📊Analysis လုပ်နည်းတွေ ပါ ပါဝင်မှာဖြစ်ပါတယ်
☑️တတ်ရောက်သင့်သူများ
💰ငွေကြေးကို ကောင်းစွာစီမံ တတ်ချင်သူများ
💰ငွေကြေးစီမံခန့်ခွဲမှု အားနည်းသူများ
💰ငွေကြေးပညာတတ်မြောက်လိုသူများ
💰ငွေကြေးကိုင်တွယ်သုံးစွဲနေသူများ
💰အိမ်ထောင်ရှင်အမျိုးသမီးများ
💰ကျောင်းသူကျောင်းသားများ
💰ငွေကြေးပညာကိုစိတ်ပါဝင်စားသူများ
💰လုပ်ငန်းရှင်များ
💰ဝန်ထမ်းများ

📖ဘယ်လိုသင်ကြားမှာလဲ
Facebook Group ဖြင့်သင်ကြားပေးပါမည်
နေ့စဉ် Video ဖိုင် တင်ပေးသွားမှာမလို့
မိမိအဆင်ပြေတဲ့အချိန်လေ့လာနိုင်သည်
အိမ်စာများပါဝင်ပါမည်

⏱️သင်ကြားချိန်ဘယ်လောက်ကြာမှာလဲ

အချိန် - ၁ လ
📋ဘယ်နေ့ သင်တန်းစမှာလဲ
သင်တန်းကြေးပေးသွင်းပြီးတာနဲ့ တက်ရောက်နိုင်ပါပြီ
ပုံမှန်သင်တန်းကြေး - 59000Ks

ပထမဆုံး သင်တန်းသားအယောက် ၂၀ အတွက် -29000Ks
NonPlus သင်တန်းသားဟောင်းများ - 29000Ks
အထူး Bonus အဖြစ်

💎Business Model Canvas💎 အတန်းပါ
တတ်ရောက်နိုင်မည်

သင်တန်းကြေး ကို KBZ / AYA / CB / AGD / UAB
တို့မှ ငွေသွင်းနိုင်သလို
KBZ pay နဲ့ Wave Money မှလဲ ငွေပေးသွင်းနိုင်ပါသည်

NonPlus Academy ရဲ့ Messenger မှဆက်သွယ်
စုံစမ်းနိုင်ပါပြီ
📧Email : [email protected]
☎️Phone : 09740862688 / 09740862699

၂၀၂၃ မှာ ကိုယ်ရခဲ့တဲ့ သင်ခန်းစာက ဘာဖြစ်မလဲ ?
02/01/2024

၂၀၂၃ မှာ ကိုယ်ရခဲ့တဲ့ သင်ခန်းစာက ဘာဖြစ်မလဲ ?

မရောင်းတတ်ရင် မချမ်းသာဘူးဆိုတာ ယုံလား?ကိုယ်ရောင်းနေတဲ့ လုပ်ငန်းရဲ့ထုတ်ကုန်ဟာ စျေးကွက်က ဘယ်လောက်ထိပေါက်နိုင်လဲဆိုတာကော လေ...
30/03/2023

မရောင်းတတ်ရင် မချမ်းသာဘူးဆိုတာ ယုံလား?
ကိုယ်ရောင်းနေတဲ့ လုပ်ငန်းရဲ့ထုတ်ကုန်ဟာ စျေးကွက်က ဘယ်လောက်ထိပေါက်နိုင်လဲဆိုတာကော လေ့လာဆန်းစစ်ကြည်ဖူးလား ?
ချမ်းသာအောင်မြင်နေတဲ့လူတိုင်းဟာ Marketingနဲ့ မကင်းကြပါဘူး။
သင်ဟာ ဝန်ထမ်းတစ်ဦးဖြစ်တယ်ဆိုတောင်မှ သင့်ကိုယ်သင် လစာကောင်းကောင်းရအောင် ရောင်းနိုင်ဖို့လိုအပ်ပါတယ်။
အကယ်၍သင်ဟာလုပ်ငန်းရှင်ဖြစ်တယ်ဆိုရင်တော့ရောင်းတတ်ဖို့လိုမယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။
ချမ်းသာနေတဲ့သူတိုင်းကလဲ အရောင်းပညာတတ်မြောက်ကြတယ်။
ဒီတော့ မားကတ်တင်းပညာရပ်ကိုအခြေခံကစတင်သင်ယူပါ။
တတ်ရောက်သင့်သူများ
-မားကတ်တင်းကို ယခုမှ စတင် လေ့လာလိုသူများ
-စီးပွားရေးလုပ်ငန်းရှင်များ
-မားကတ်တင်းနဲ့ပတ်သက်ပြီး အလုပ်လုပ်ကိုင်နေသူများ
-ကျောင်းသူကျောင်းသားများ
-ဘွဲ့ရစ လူငယ်များ
-စီးပွားရေးပညာရပ်ကို လေ့လာလိုက်စားလိုသူများ
-လုပ်ငန်းခွင်ဝင်ရန် ကြိုးစားနေသူများ
-မားကတ်တင်းပညာရပ်ကို စိတ်ပါဝင်စားသူများ
ဘာတွေသင်မှာလဲ
-Market & Marketing
-Marketing Activities
-Marketing Mix
-Needs Wants Demands
-Market Research
-STP
-Distribution Channels
-Market Differentiation Strategy
စတဲ့ အကြောင်းအရာတွေသင်ကြားပေးသွားပါမည်
ဘယ်လိုသင်မှာလဲ ?
👉 Facebook Group နဲ့ သင်ကြားပေးပါမည်။
Video များဖြင့် သင်ကြားပေးပါမည်။
ဘယ်အချိန်စသင်မှာလဲ ?
👉သင်တန်းကြေး ပေးသွင်းပြီးတာနဲ့ တတ်လို့ရပါပြီ။
အချိန်မရွေးလေ့လာနိုင်ပါတယ်။
Video တွေကလဲ မဖြတ်ပစ်ပါ။
မေ့သွားမှာ တို့ နောက်ကျမှာတို့ ပူစရာမလိုပါ။
👉သင်တန်းကြေး - 9000 ကျပ်
👉သင်တန်းကြေး ကို KBZ / AYA / CB / AGD / UAB
တို့မှ ငွေသွင်းနိုင်သလို
KBZ pay နဲ့ Wave Money မှလဲ ငွေပေးသွင်းနိုင်ပါသည်)
NonPlus Online Academy ရဲ့ Messenger မှဆက်သွယ်ဆုံစမ်းနိုင်ပါပြီ

Nonplus မှ ဖွင့်လှစ်ထားသော သင်တန်းများတက်ရောက်လိုပါက
https://m.facebook.com/story.php?story_fbid=pfbid0TGNoDeRgbV27Fr2L48MpwHthpBxV45TREokz3NnmTHPEiBfX7wJHQW9seaXQPrkhl&id=100071558711856&mibextid=Nif5oz

Email : [email protected]
Phone : 09788080026 / 09788080027


သူဌေးဖြစ်နည်း သို့မဟုတ် သူဌေးဖြစ်ချင်သူများ လိုက်နာရမည့် အချက်လေးချက်  #1 ဘယ်လုပ်ငန်းကိုပဲလုပ်လုပ် အဲ့ဒိ့လုပ်ငန်း နဲ့ ပက...
28/03/2023

သူဌေးဖြစ်နည်း

သို့မဟုတ်

သူဌေးဖြစ်ချင်သူများ လိုက်နာရမည့် အချက်လေးချက်

#1 ဘယ်လုပ်ငန်းကိုပဲလုပ်လုပ် အဲ့ဒိ့လုပ်ငန်း နဲ့ ပက်သက်သမျှ ပညာရပ်တွေကို စေ့စေ့စုံစုံ တတ်သိနားလည်အောင် ဆည်းပူး လေ့လာထားရမယ် အထူးကြိုးစားရမယ်။

#2 အဲ့ဒီလိုကြိုးစားပြီးရှာဖွေလုပ်ကိုင် လို့ရတဲ့ ပစ္စည်းဥစ္စာတို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရမယ်

#3 သူဌေးကြီးဖြစ်ဖို့ တတိယနည်းကတော့ မိတ်ဆွေကောင်းရှိရမယ်

#4 သူဌေး ဖြစ်ချင်ရင် ရှာဖွေလို့ရတဲ့ ပစ္စည်းဥစ္စာတွေကို ထိုက်ထိုက်တန်တန် ဝေဖန် ပိုင်းခြားပြီး သုံးစွဲတတ်ရမယ်

ဒါကတော့ ဆရာကြီးမင်းသိင်္ခ ရေးသားထားတဲ့
"ပုဏ္ဏားဘကွန်း "ဆိုတဲ့ စာအုပ်မှကောက်နုတ်ထားခြင်းဖြစ်ပါတယ်
အခွင့်အခါသင့်လျှင်လဲ ဖတ်ကြည့်ပါ

လွယ်လွယ်နဲ့ တော်တော်အနက်ရှိတဲ့ လမ်းညွှန်ချက်တွေပါ
ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းတွေပါ

တစ်ချက်ခြင်းသေချာဖတ်ပါ ပြီးလျှင်ဘယ်လိုလုပ်မယ်ဆိုတာ မျက်လုံးထဲမှာပုံဖော်ကြည့်ပါ

လိုက်နာပြီးလုပ်ဆောင်ကြည့်ပါမိတ်ဆွေသေချာပေါက် အောင်မြင်ပါတယ်

Nonplus မှ ဖွင့်လှစ်ထားသော သင်တန်းများတက်ရောက်လိုပါက
https://m.facebook.com/story.php?story_fbid=pfbid0TGNoDeRgbV27Fr2L48MpwHthpBxV45TREokz3NnmTHPEiBfX7wJHQW9seaXQPrkhl&id=100071558711856&mibextid=Nif5oz

အောက်ဖော်ပြပါဖောင်လေးမှာ သင့်အကြံပြုချက်လေးတွေဖြေခဲ့ပေးပါဦးနော်။
https://forms.gle/r4BTpZMTaXBG6Z1r8

Give us a follow.
TikTok
tiktok.com/
Instagram
https://instagram.com/nonplus_myanmar


ဒီဘက်ခေတ်မှာ ဒီဂျစ်တယ်က လူတိုင်းနဲ့ ကင်းကွာလို့မရဘူးမဟုတ်လား ။ ဒါဆို အခြေခံလောက်တော့သိထားသင့်ပါတယ်။အပွင့်လင်းဆုံးပြောရရင...
26/03/2023

ဒီဘက်ခေတ်မှာ ဒီဂျစ်တယ်က လူတိုင်းနဲ့ ကင်းကွာလို့မရဘူးမဟုတ်လား ။ ဒါဆို အခြေခံလောက်တော့သိထားသင့်ပါတယ်။
အပွင့်လင်းဆုံးပြောရရင် ဒီသင်တန်းဟာ အခြေခံလောက်ကိုသာ ရည်ညွှန်းပြီး နားလည်လွယ်အောင် ရှင်းပြပေးထားတာပါ။ သို့ပေမဲ့ လုံးဝမသိသေးတဲ့သူတွေအတွက် အခက်အခဲကြီးဖြစ်နေနိုင်ပါတယ်။
လုပ်ငန်းခွင်မှာဆိုရင်လဲ ဒါတွေက တကယ်ကိုအရေးပါပါတယ်။ တတ်ထားရင်ကောင်းမယ်လို့တော့အကြံပြုလိုပါတယ်။
☝2000 ခုနှစ် စောပိုင်းကိုပြန်သွား
ကြည့်လိုက်ရအောင်!
ရုပ်ရှင်ကြည့်ဖို့ TV ရှိရမယ် ။
📬စာပို့ဖို့ စာတိုက်တွေကနေ
တဆင့်ပို့ရတယ်။
📰 သတင်းဖတ်ဖို့သတင်းစာ ဝယ်ဖတ်ရတယ်။ စသည်ဖြင့်ပေါ့။
အခုအချိန်မှာတော့ Mobile phone laptop ရှိနေရုံနဲ့ အပေါ်ကအရာ အားလုံးကိုMobile Device ပေါ်မှာပဲလုပ်လို့ရလာပါပြီ။
ရုံးကိစ္စ ကျောင်းကိစ္စ စာရွက်စာတမ်းတွေဟာလဲ စာရွက်တွေပေါ်မှာ မရှိတော့ပါဘူး။
အကုန်📱 Mobile Device ပေါ်မှာ
ရောက်လာကြပါပြီ။
လမ်းဟောင်းကြီးအတိုင်းသွားနေတုန်းပဲလား?
အလုပ်ခွင်အတွက်စာရွက်တွေပဲသုံးနေတုန်းလား?
Traditional📝 အတိုင်းပဲ အလုပ်လုပ်နေတုန်းလား?
Digital📱 ကိုကောင်းကောင်းအသုံးချဖို့လိုလာပါပြီ။
ဆိုတော့ကျွန်တော်တို့တွေဟာလဲ Mobile Device တွေ Digial စနစ်တွေထွန်းကားလာတာနဲ့ အညီ Digital နည်းပညာတွေကိုလေ့လာဖို့လိုလာပါတယ်။
ဒီလို ထွန်းကားလာတဲ့ digital နည်းပညာတွေကို
လေ့လာ သိရှိထားမယ်ဆိုရင် ကျွန်တော်တို့နေ့စဉ်
ဘဝမှာ အရင်ကထက် ပိုပြီး
Smart👨‍💼 ကျလာမယ်။
Productivity📈 တွေပိုတိုးလာနိုင်ပါတယ်။
အချိန်ကုန်သက်သာလာမယ်။⏰
အလုပ်ပိုတွင်လာပါမယ်။💰
ဒါ့အပြင် ယနေ့ခေတ်လူငယ်တွေဟာ အလုပ်ခွင်ဝင်တဲ့အခါမှာလဲ Digital Skill တွေရှိထားဖို့လိုအပ်ပါတယ် ။
လုပ်ငန်းခွင်မှာလဲ ဒီလို Digital Skill တွေဟာမရှိမဖြစ်လိုအပ်ပါတယ်။
ဒီလို ဖြစ်လာဖို့အတွက် Nonplus ကနေ Digital Skill Online Class ကိူဖွင့်လှစ်လိုက်ပါပြီ။
သင်ကြားပေးမည့်အကြောင်းအရာများ
💎Social Media App and Tools
👉 Social media app and tools ဆိုတဲ့အပိုင်းမှာဆိုရင် လက်တွေ့မှာအသုံးဝင်တဲ့ social media တွေအကြောင်းကို လေ့လာရပါမယ်။
💎Trending Technologies
👉 ဒီအခန်းမှာဆိုရင်လဲ
အခုလက်ရှိ နဲ့ နောင်မှာထွန်းကားလာနိုင်တဲ့
နည်းပညာတွေအကြောင်းကို လေ့လာရပါမယ်။
💎Google Account & Mail
👉 Google account and mail မှာဆိုရင်လဲ
Google account ရှိ ခြင်းရဲ့ကောင်းကျိုးတွေနဲ့ account create လုပ်နည်းတွေအပြင် Gmail ကို scratch ကနေဘယ်လိုသုံးရမလဲဆိုတာကိုလေ့လာရပါမယ်။
💎Google Drive
👉 Google drive အပိုင်းမှာဆိုရင်လဲ ကျွန်တော်တို့ရဲ့
File folder တွေကို ဘယ်လို drive ထဲမှာသိမ်းထားလို့ရတယ် ဘယ်လို access ပြန်လုပ်ရမလဲဆိုတာ လေ့လာရပါမယ်။
💎Google Form
👉 Google form အပိုင်းမှာဆိုရင်လဲ form တွေကို create လုပ်နည်း သူ့ထဲပါတဲ့ tools တွေသုံးနည်းနဲ့
ရလာတဲ့ form ကို ဘယ်လို analyst လုပ်မလဲဆိုတာကိုလေ့လာရပါမယ်
💎Google Docs
💎Google Slides
💎Google Sheet
👉 Google docs slides sheet
အခန်းတွေမှာဆိုလဲ
Microsoft tools တွေကို ဖယ်ပြီး ဘာကြောင့်
Google tools တွေကို သုံးသင့်သလဲဆိုတာရယ်
Cloud ပေါ်မှာ ကိုယ့်ရဲ့thesis အတွက်ပဲ ဖြစ်ဖြစ်
Pitching အတွက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ presentation ကို ဘယ်လို ပြင်ရမလဲဆိုတာကို
လေ့လာရပါမယ်။
💎Google Ads
💎Glideapps
👉 Google ads နဲ့ glideapps
အပိုင်းမှာတော့ Google ads တွေကိုသုံးပြီး ဘယ်လို ဝင်ငွေရနိုင်
လဲဆိုတာရယ် coding မသိပေမဲ့ glideapps ကိုသုံးပြီး mobile app တွေကိုဘယ်လို ဖန်တီးလို့ရမလဲဆိုတာကိုလေ့လာရပါမယ်
ဘယ်သူတွေတက်သင့်လဲ
💡 Digital Skill အားနည်းသူများ
💡 လာမဲ့အနာဂတ်မှာ ထွန်းကားလာမဲ့ နည်းပညာများကိုလေ့လာလိုသူများ
💡 ကျောင်းသူကျောင်းသားများ
💡 အလုပ်ရှာနေသူများ
💡 အလုပ်ခွင်ဝင်မည့်သူများ.
💡 ဘွဲ့ရကာစများ.
💡 Google Drive /Forms/Sheet နဲ့ Gmail ကစလို့ကောင်းကောင်းမသုံးတက်သေးသူများ
👩‍👧‍👧 မှတ်ချက် ယနေ့ခေတ်မှာ နည်းပညာခေတ်ပါ ဒါကြောင့် ၁၀ နှစ်ကျော်ကလေးငယ်များလဲ တက်ရောက်သင့်ပါတယ်
💰 အထူးသင်တန်ကြေး-9000ကျပ်
🕰 သင်တန်းကြာချိန် - သင်ယူသူအပေါ်မူတည်ပါတယ် ။ သင်ခန်းစာတွေက Ready ပါပဲ။
📲 (နည်းပညာပြောင်းလဲလာတာနဲ့အမျှပြောင်းလဲတိုးတက်လာမဲ့အကြောင်းအရာများကိုလဲ သင်တန်းကာလပြီးသည်အထိ Update အနေနဲ့ထပ်ဖြည့်ပေးသွားပါမည်)💻
⏱သင်တန်းစမည့်အချိန် - သင်တန်းကြေး ပေးသွင်းပြီးတာနဲ့ တက်ရောက်နိုင်ပါပြီ။
📱သင်ကြားမည့်ပုံစံ -Facebook Group တွင် Video ဖိူင်များတင်ပေးထားမည်ဖြစ်သောကြောင့် အချိန်မရွေးနေရာမရွေးလေ့လာနိုင်ပါသည်။
သင်တန်းတက်လိုပါက DS လို့ Comment ရေးခဲ့ပေးပါ ဆက်သွယ်ပေးပါမယ်နော်
🖥သင်တန်းတက်ရန်
☎ 09788080026 / 09788080027
Nonplus ရဲ့ Chat Box ကနေ
တဆင့် ဆက်သွယ်တက်ရောက်နိုင်ပါပြီ။

Nonplus မှ ဖွင့်လှစ်ထားသော သင်တန်းများတက်ရောက်လိုပါက
https://m.facebook.com/story.php?story_fbid=pfbid0TGNoDeRgbV27Fr2L48MpwHthpBxV45TREokz3NnmTHPEiBfX7wJHQW9seaXQPrkhl&id=100071558711856&mibextid=Nif5oz


" တတ်ကိုတတ်မြောက်ထားရမည့် ပညာ သုံးမျိုး "ဒီပညာ သုံးမျိုး ကျွမ်းကျင်ထားဖို့ လိုပါတယ်နံပါတ် ၁   " အတန်းပညာ "ဒီပညာက အခြေခံ ...
25/03/2023

" တတ်ကိုတတ်မြောက်ထားရမည့် ပညာ သုံးမျိုး "

ဒီပညာ သုံးမျိုး ကျွမ်းကျင်ထားဖို့ လိုပါတယ်

နံပါတ် ၁ " အတန်းပညာ "

ဒီပညာက အခြေခံ Foundation ပဲ
ကျောင်းမှာစာသင်တယ် ကျောင်းမှာ ရတဲ့ပညာက အတန်းပညာ ပါပဲ

ဆိုလိုတာက မြန်မာစာဆိုရင် ဘယ်လိုရေးရမယ်
ဘယ်လိုဖတ်ရမယ် ဘယ်လိုပြောရမယ် စသည်ဖြင့်သင်ရတယ်
အင်္ဂလိပ် စာဆိုလည်း အဲ့လိုပါပဲ 4 skill ပေါ့ အကြမ်းဖျင်း
အရေး အဖတ် အပြော နားထောင်ခြင်း စတဲ့ skill လေးခုပေါ့
သခ်ျာဆိုရင် အပေါင်း အနုတ် အမြှောက် အစား စသည်ဖြင့်ပေါ့
ပထဝီ ဆိုရင် ကမ္ဘာမြေကြီးအကြောင်း တော တောင် သဘာဝ ရေမြေ အကြောင်းစသည်ဖြင့် သင်ရတယ်
သမိုင်း ဆိုရင် အတိတ်က ကမ္ဘာမှာဘာတွေဖြစ်ခဲ့တယ် မြန်မာမှာဘာတွေဖြစ်ခဲ့တယ် သင်ရတယ်
Biology မှာဆိုရင်လည်း တိရိစ္ဆာန်တွေအကြောင်း လူတွေအကြောင်း သတ္တဝါတွေအကြောင်း ပါတာပေါ့
ဘောဂမှာဆိုရင်လည်း ချုံပြောရရင် စီးပွားရေးအကြောင်းပေါ့
ရူပဗေဒဆိုရင်လည်း သိပ္ပံ နဲ့ဆိုင်တဲ့ပညာရပ်တွေပေါ့

ပြောရမယ်ဆိုရင် knowledge (ဗဟုသုတ)အပိုင်းတွေ အများကြီးပါတာပေါ့

ဒါတွေက အတန်းပညာပါ
သင့်အနေနဲ့ ကျောင်းနေခဲ့ရသည်ဖြစ်စေ
မနေခဲ့ရသည်ဖြစ်စေ ဒါတွေကို သိထားဖို့လိုပါတယ် ဘာကြောင့်လဲဆိုတော့ ဒါက အခြေခံမလို့ပါ

နံပါတ် ၂ အသက်မွေးဝမ်းကြောင်း ပညာ

ဒီပညာတတ်ထားရင် သင်ထမင်းတော့မငတ်ဘူးပေါ့
ဒါကတော့ skill ပိုင်းဖြစ်သွားပြီ

ဥပမာ စျေးရောင်းတတ်တာ
Marketing ကျွမ်းကျင်တာ
customer service လုပ်တတ်တာ
စာသင်ပေးတတ်တာ
လက်မှုပညာတွေတတ်တာ
Chefခေါ်တဲ့စာဖိုမှုး ပညာကျွမ်းကျင်တာ
ငွေစာရင်းကိုင်တတ်တာ
Handmade ပစ္စည်းတခုခုလုပ်တတ်တာ
ပွဲစားလုပ်တတ်တာ
ကျောင်းဆရာ/ဆရာမ
အင်ဂျင်နီယာ
ဆရာဝန် စသည်ဖြင့်ပေါ့ အများကြီးပါ

တတ်ထားတဲ့ အသက်မွေးဝမ်းကြောင်းပညာပေါ်မူတည်ပြီး ဝင်ငွေတော့ ကွာသွားနိုင်ပါတယ်

ဒီနေရာမှာပြောချင်တာက certificate နဲ့မဆိုင်ပါ
တကယ်လုပ်တတ်တာ skillရှိတာကို ဆိုလိုပါတယ်
အင်ဂျင်နီယာချင်းတူနေရင်တောင် ဝင်ငွေကွာပါတယ်
skill နဲ့အများကြီးဆိုင်ပါတယ်

ခဏလောက်ရပ်ပြီး စဉ်းစားကြည့်ပါ
သင် ဘယ်အရာကို ကျွမ်းကျင်အောင်တတ်မြှောက်ထားလဲ?
သင်နဲ့ တတ်ထားတဲ့ပညာချင်းတူတယ် ဒါပေမဲ့ သင့်ထက် ဝင်ငွေများနေတဲ့သူတွေ မြင်ဖူးလား ?
ဘာ ကွာ သွား လဲ ?

သင့်အနေနဲ့ ဒီပညာရပ်မှာအားနည်းနေတာရှိရင် အစွမ်းကုန်ထပ်ဖြည့်ပါ

နံပါတ် ၃ ငွေကြေးပညာ

ဒီပညာက ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူကို ခွဲခြားပေးတဲ့ပညာပါပဲ

လူအများစုက အပေါ်က ပညာနှစ်ခု တတ်ထားရင်ကို
ဘဝမှာသင်စရာကုန်သွားပြီလို့ ထင်နေတတ်ကြတယ်
အဲ့ဒီထဲမှာ သင်ကောပါနေရင် ချက်ချင်းပြင်ပါ

ငွေကြေးပညာဆိုတာ ငွေရေးကြေးရေးကို ဘယ်လိုစီမံခန့်ခွဲလဲဆိုတာနဲ့ ဆိုင်ပါတယ်
ဝင်ငွေများများရဖို့လည်း လိုပါတယ်
ဝင်ငွေကိုကောင်းကောင်းစီမံတတ်ဖို့ လိုပါတယ်

ငွေကြေးကိုသုံးစွဲတဲ့အခါ လိုချင်တာနဲ့လိုအပ်တာကို ခွဲတတ်ဖို့လည်း လိုပါတယ်
သေးသေးလေးတွေ လျှောက်သုံးနေရင် အကြီးကြီးမရပဲ ဖြစ်တတ်တယ်
ဒီတော့ ငွေကြေးကိုသေချာစီမံခန့်ခွဲပါ
ပုထုစဉ်လူသားတိုင်း ငွေကြေး ဆိုတာနဲ့ ပက်သတ်နေရပါတယ်
"ပိုက်ဆံက ပါးစပ်တော့မပါ ပါ
ဒါပေမဲ့ အရမ်းစကားပြောတယ်"
ဒါကြောင့်သင့်အနေနဲ့ငွေကြေးပညာအားနည်းနေရင်ဆက်ဖြည့်ပါ
စာရင်းဇယားနဲ့သေချာသုံးစွဲပါ

ဒီပညာ ကျွမ်းကျင်ထားတဲ့ သူက ချမ်းသာသွားတာပါပဲ

ဒါကတော့ဘဝအတွက် လိုအပ်တဲ့ပညာသုံးမျိုးပါ

သင်ချမ်းသာချင်ရင် သုံးမျိုးလုး ကျွမ်းကျင်ထားဖို့ လိုပါတယ်
သင်ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ရင်လဲ သုံးမျိုးလုံး ကျွမ်းကျင်ထားဖို့ လိုပါတယ်
သင်ဟာ တိုးတတ်ချင်တယ်ဆိုရင်လဲ ဒီသုံးမျိုးလုံး ကျွမ်းကျင်ထားဖို့ လိုပါတယ်

ကိုယ့်ကိုယ်ကို အမြဲတမ်းဆန်းစစ်ပါ
အချိန်တွေ အားနေရင်ဖြစ်ဖြစ်
အချိန်တွေ ပိုနေရင်ပဲဖြစ်ဖြစ် ဒီပညာသုံးမျိုးကို ဖြည့်နေပါ

သင့်အနေနဲ့ ဘယ်ပညာမှာ အားသာပြီးဘယ်ပညာမှာအားနည်းနေလဲဆိုတာ commentရေးခဲ့ပါဉီး

စာအဆုံးထိဖတ်ပေးလို့ကျေးဇူးပါ

သင့်မိတ်ဆွေတွေဖတ်လို့ရအောင်စာကိုshareနိုင်ပါတယ်

Nonplus မှ ဖွင့်လှစ်ထားသော Money Management ငွေကြေးစီမံခန့်ခွဲမှုသင်တန်း တက်ရောက်လိုပါက __
https://m.facebook.com/story.php?story_fbid=pfbid0TGNoDeRgbV27Fr2L48MpwHthpBxV45TREokz3NnmTHPEiBfX7wJHQW9seaXQPrkhl&id=100071558711856&mibextid=Nif5oz

အောက်ဖော်ပြပါဖောင်လေးမှာ သင့်အကြံပြုချက်လေးတွေဖြေခဲ့ပေးပါဦးနော်။
https://forms.gle/r4BTpZMTaXBG6Z1r8

Give us a follow.
TikTok
tiktok.com/

Instagram
https://instagram.com/nonplus_myanmar



အနာဂတ်မှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ယခုပဲစတင်လိုက်ပါ။စီးပွားရေးလုပ်ငန်းမစတင်ခင်မှာ စီးပွားရေးအ...
23/03/2023

အနာဂတ်မှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ယခုပဲစတင်လိုက်ပါ။
စီးပွားရေးလုပ်ငန်းမစတင်ခင်မှာ စီးပွားရေးအစီအမံကို ကောင်းစွာရေးဆွဲ တတ်ဖို့လိုပါတယ်။
Business Plan ကို စာမျက်နှာတစ်ခုထဲမှာ အစီအစဉ်ကျကျ ရေးဆွဲနိုင်ချင်ရင်တော့
Business Model Canvas သင်တန်းက သင့်အတွက် ပါ။
👉ဘာတွေသင်မှာလဲ?
Customer Segments
Value Proposition
Channel
Customer Relationship
Revenue Stream
Key Resources
Key Partners
Key Activities
Cost Structure
စတာတွေကိုသင်ကြားသွားမှာဖြစ်ပါတယ်။
👉သင်တန်းကြေး
ယခင် - 29000 ကျပ်
👉ယခု သင်တန်းကြေး10000 ကျပ်
(70% Off)တည်းနဲ့ တက်ရောက်နိုင်ပါပြီ။
👉ဘယ်လိုသင်ကြားပေးမှာလဲ ?
Facebook Secret Group ကနေ Video တွေနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။
👉ဘယ်အချိန်သင်ကြားမှာလဲ ?
သင်တန်းကြေးပေးသွင်းပြီးတာနဲ့ သင်ယူနိုင်ပါပြီ
(သင်တန်းကြေး ကို KBZ / AYA / CB / AGD / UAB
တို့မှ ငွေသွင်းနိုင်သလို
KBZ pay နဲ့ Wave Money မှလဲ ငွေပေးသွင်းနိုင်ပါသည်)
NonPlus Academy ရဲ့ Messenger မှဆက်သွယ်ဆုံစမ်းနိုင်ပါပြီ။

Nonplus မှ ဖွင့်လှစ်ထားသော သင်တန်းများတက်ရောက်လိုပါက
https://m.facebook.com/story.php?story_fbid=pfbid0TGNoDeRgbV27Fr2L48MpwHthpBxV45TREokz3NnmTHPEiBfX7wJHQW9seaXQPrkhl&id=100071558711856&mibextid=Nif5oz

Email : [email protected]
Phone : 09788080026 / 09788080027

ကိုယ်ပိုင်စီးပွားရေးဘယ်လိုလုပ်မလဲ သို့မဟုတ် ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်ချင်သူများအတွက် အပိုင်း ၂အပိုင်း ၁ ကို ရှေ့မှ...
21/03/2023

ကိုယ်ပိုင်စီးပွားရေးဘယ်လိုလုပ်မလဲ

သို့မဟုတ်

ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်ချင်သူများအတွက်

အပိုင်း ၂

အပိုင်း ၁ ကို ရှေ့မှာ ရေးသားေဖာ်ပြပေးထားပေးထားပါတယ်

ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အတွက် သင့်အနေနဲ့ဘာတွေအခက်အခဲဖြစ်နေတာလဲ?

အရင်းအနှီးကြောင့်လား ?
အတွေ့အကြုံ လိုမယ်ထင်သေးလို့လား ?
ကို့ယ်ကိုကိုယ်ယုံကြည်မှု မရှိတာလား ?
ကြောက်နေတာလား ?

ဘာကြောင့် ကိုယ်ပိုင်လုပ်ငန်းမစနိုင်သေးတာလဲ ?

အကြံတချို့ပေးပါရစေ

ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အချက်တစ်ချို့ မျှဝေပေးချင်ပါတယ်

နံပါတ် ၁ "Turn Your Hobby into Business"
သင့်ရဲ့ဝါသနာကိုစီးပွားရေးအဖြစ်ပြောင်းပါ !

သင့်အနေနဲ့ဘာလုပ်ရမှန်းမသိရင် ဝါသနာပါတာနဲ့စလုပ်လိုက်ပါ

သင်ဘာဝါသနာပါလဲ ?
ဥပမာ သင်က အဝတ်အစားပိုင်း ဝါသနာပါရင် အဝတ်အစားနဲ့ပတ်သက်တဲ့အလုပ်ကို လုပ်ပါ
သင်က ပန်းချီဆွဲတာဝါသနာပါရင် ပန်းချီဆွဲတာနဲ့ပက်သတ်ဆက်နွယ်တဲ့လုပ်ငန်းမျိုးစပါ
အချက်အပြုတ်ဝါသနာပါရင် စားသောက်ကုန်ထုတ်ပြီး ရောင်းလို့ရတယ်
စက်ချုပ်တာပဲဖြစ်ဖြစ်
အရောင်းအဝယ် စိတ်ဝင်စားတာပဲဖြစ်ဖြစ်
စာသင်ပြတာပဲဖြစ်ဖြစ်
Travel blogger တို့ Food Blogger တို့ Beauty Blogger တို့လဲ ဝါသနာပါရင်လုပ်လို့ရတယ်
စသည်ဖြင့် !
သင်ဝါသနာပါတာနဲ့ပဲ စလုပ်ပါ

ဘာကြောင့်လဲဆိုတော့ သင်ဝါသနာပါတဲ့အလုပ်ဖြစ်နေတော့ သင့်အနေနဲ့အဲ့ဒါလုပ်ရရင်ကိုပျော်နေပါလိမ့်မယ်
အလုပ်ကိုပျော်ပျော်ရွှင်ရွှင်လုပ်တော့ အောင်မြင်နိုင်ချေပိုများပါတယ်
ကိုယ့်ဝါသနာဖြစ်နေတော့ ပုံမှန်လေ့လာလိုက်စားဖြစ်မယ်
မောတယ်ပန်းတယ်ဆိုတာ သိပ်မရှိတာနိုင်ပါ (ဝါသနာပါနေတာကိုး)

အသိ ကလေးတစ်ယောက်အကြောင်း ပြောပြပါမယ်

သူက ဓာတ်ပုံရိုက်တာ အရမ်းဝါသနာပါတယ်
အားနေ ဓာတ်ပုံပဲရိုက်နေတတ်တဲ့သူမျိုး
သူက တက္ကသိုလ်တောင်မပြီးလိုက်ဘူး ကျောင်းတတ်ရင်း photographer လုပ်တာပေါ့

သူစလုပ်တုန်းက မှတ်မိတယ် 2017 အစလောက်ပဲ
သိပ်မကြားဘူး နှစ်နှစ်ပဲရှိသေးတယ်
သူအောင်မြင်နေတဲ့အနေအထားရောက်နေပြီ
သိန်းဆယ်ဂဏန်း ဝင်တယ် သူ့ဝင်ငွေက !
သူရဲ့နောက်မှာ သူ့အဖွဲ့တောင်ဖြစ်နေပြီ
၄ ယောက်လောက်ပါမယ်

သူကျွန်တော်နဲ့တွေ့တော့ ပြောတယ်
သူ့အနေနဲ့ Production ကို ဒီနှစ်ကုန်စထောင်မယ်တဲ့ဗျာ
သူက ဘွဲ့ရမဟုတ်ဘူးနော် ပြောချင်တာ!
သူဝါသနာပါတာလေးနဲ့တင် လုပ်သွားတာ

မိတ်ဆွေစဉ်းစားကြည့် ?
အချိန် နှစ်နှစ်ပဲ !
သူအရမ်းပြောင်းလဲသွားတာ

အခုဆို သူ့အလုပ်က တောက်လျှောက်ရှိတယ်
နေ့တိုင်းအလုပ်ရှိတယ်

သူဝါသနာပါတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့် အလုပ်ပေါ်မှာစိတ်ဝင်စားမှုက ရာနှုန်းပြည့်ရှိတယ်
အလုပ်ကိုပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ သူသိတယ်
သူ့ဝါသနာဆိုတော့ အမြဲလုပ်ဖြစ်နေတယ်
အမြဲတမ်း လေ့လာလိုက်စားဖြစ်တယ်
သူ့ဝင်ငွေနဲ့သူ camera တွေပြန်ဝယ်တယ်
လိုအပ်တာတွေဖြည့်တယ်

အလုပ်ကိုအလုပ်နဲ့တူအောင်ကြိုးစားတယ်
အောင်မြင်အောင်ကြိုးစားတယ်

ဒါကြောင့်သင့်အနေနဲ့ ဘာစလုပ်ရမှန်းမသိရင် ဝါသနာပါတာနဲ့စလုပ်ပါ

နံပါတ် ၂ " Turn Your Knowledge into Business"

သင့်ရဲ့ဗဟုသုတ သို့မဟုတ် သင့်ရဲ့ကျွမ်းကျင်မှုကို စီးပွားရေးအဖြစ်ပြောင်းလဲပါ

FB သုံးရင်း တွေ့မိလား
တချို့သူတွေဆိုရင် သူတို့ရဲ့ဗဟုသုတတွေ
သူတို့ကျွမ်းကျင်တာတွေ share ပေးကြတယ်
အဲ့ဒါကနေတဆင့် ပိုက်ဆံရှာကြတယ်
တချို့ဆို Video တွေတင်ကျတယ်
လုပ်ငန်းတွေကသူတို့video တွေမှာ ကြေငြာထည့်တယ်
သူတို့ဝင်ငွေရတယ်
ဒါကလဲ စီးပွားရှာခြင်းတမျိုး

နောက်ပြီး သင့်အနေနဲ့ ကျွမ်းကျင်ထားတာဘာရှိလဲ ?
သင်ကျွမ်းကျင်တာနဲ့ လုပ်ငန်းစလို့ရတယ်

ဥပမာ သင်က ဖုန်းတွေကလိတတ်တယ် ပြင်တတ်တယ်ဆိုပါစို့ ဒါဆို ဖုန်းတွေပြင်တဲ့လုပ်ငန်းစလို့ရတယ်
electronic device တွေစိတ်ဝင်စားရင်လဲ ရောင်းတဲ့လုပ်ငန်းလုပ်လို့ရတယ်
စာသင်တာဝါသနာပါရင် သင်တန်းဖွင့်လို့ရတယ်
သင်ကျွမ်းကျင်ထားတာတွေသင်တန်းပြန်ပေးလို့ရတယ်
စသည်ဖြင့် အများကြီးပါ

သင်ကျွမ်းကျင်တဲ့အလုပ်ဖြစ်တဲ့အတွက် က အစ အ အဆုံးသင်သိတယ်
ဘာတွေကို ဘယ်လိုလုပ်ရမယ်သင်သိတယ်
ဒါကြောင့်သင့်ရဲ့ကျွမ်းကျင်မှုကနေလဲ လုပ်ငန်းစလုပ်လို့ရတယ်

သင့်အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ဘာလိုလဲဆိုရင်

"စလုပ်ဖို့" ပဲလိုပါလိမ့်မယ်

ဒီမှာအကြံပေးချင်တာက သူများလုပ်တိုင်းလိုက်မလုပ်ပါနဲ့
ဟိုဟာလေးကောင်းတယ် လုပ်ကြည့်မယ်
ဒီဟာလေးကောင်းတယ် လုပ်ကြည့်မယ်
ကြာရင် သင်အရင်းပါ ပြုတ်လိမ့်မယ်

သင့်အနေနဲ့
1. ဝါသနာပါတာနဲ့ လုပ်ငန်းစချင်စ
2. ကျွမ်းကျင်တာနဲ့ လုပ်ငန်းစချင်စ

အဓိက က "စလုပ်ဖို့" ပဲ

အားနည်းချက်တွေ ရှိသေးလို့!!!
ပြည့်စုံမှစမယ်ဆိုရင် သင်လုပ်ငန်းစလုပ်ဖြစ်တော့မယ် မဟုတ်ပါ !!!

ဒါကြောင့် အခု စလိုက်ပါ

ကျန်အပိုင်းများကျန်ရှိသေးပါသည်

စာအဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးပါ

သင့်မိတ်ဆွေတွေဖတ်လို့ရအောင် စာကိုပြန် share နိုင်ပါတယ်

Nonplus မှ ဖွင့်လှစ်ထားသော သင်တန်းများတက်ရောက်လိုပါက____
https://m.facebook.com/story.php?story_fbid=pfbid0TGNoDeRgbV27Fr2L48MpwHthpBxV45TREokz3NnmTHPEiBfX7wJHQW9seaXQPrkhl&id=100071558711856&mibextid=Nif5oz

အောက်ဖော်ပြပါဖောင်လေးမှာ သင့်အကြံပြုချက်လေးတွေဖြေခဲ့ပေးပါဦးနော်။
https://forms.gle/r4BTpZMTaXBG6Z1r8

Give us a follow.
TikTok
tiktok.com/

Instagram
https://instagram.com/nonplus_myanmar




Money Management ငွေကြေးစီမံခန့်ခွဲမှု သင်တန်း  စပါပြီ❗သင်ဟာ ငွေကြေးစီမံခန့်ခွဲမှု အားနည်းသူတစ်ယောက်လား?ဒါမှမဟုတ်💸ငွေကြေ...
19/03/2023

Money Management
ငွေကြေးစီမံခန့်ခွဲမှု သင်တန်း စပါပြီ
❗သင်ဟာ ငွေကြေးစီမံခန့်ခွဲမှု အားနည်းသူ
တစ်ယောက်လား?
ဒါမှမဟုတ်
💸ငွေကြေးကိုကောင်းစွာစီမံခန့်ခွဲတတ်ချင်သူ တစ်ဦးလား?
ဒါဆိုဒီသင်တန်းက သင့်အတွက်ပါ 🔔
လူတိုင်းငွေနဲ့ကင်းကွာနေလို့မရပါဘူး
လူတော်တော်များများဟာ ငွေကြေးရဖို့အတွက်
အချိန်အများအပြားကိုသုံးကြရပါတယ်
သို့ပေမဲ့လူအများစုက
ငွေကြေးစီမံခန့်ခွဲအားနည်းနေကြပါတယ်
အိတ်ပေါက်နဲ့ ဖားကောက်သလိုပါပဲ
သင်ဟာငွေကြေးကို ကိုင်တွယ်ရမည့်သူဖြစ်တာကြောင့်
ငွေကြေးကိုကောင်းစွာစီမံနိုင်ဖို့လိုပါတယ်
ငွေကြေးစီမံခန့်ခွဲမှု ကောင်းတဲ့သူ တိုင်းက
မချမ်းသာကြပါဘူး
ဒါပေမဲ့ ချမ်းသာတဲ့သူတိုင်းက ငွေကြေးစီမံခန့်ခွဲမှု
ပညာရပ်ကိုကျွမ်းကျင်ကြပါတယ်
ဒါကြောင့်သင်ကိုယ်တိုင်ကလဲ ငွေကြေးကိုကောင်းစွာစီမံ
တတ်ဖို့လိုပါတယ်
💵Money Management
ငွေကြေးစီမံခန့်ခွဲမှု သင်တန်း
📃ဘာတွေသင်ကြားပေးမှာလဲ
အဓိက သင်ကြားပေးမှာသည် Personal Finance ဆိုတဲ့ ကိုယ်ပိုင် ငွေကြေးစီမံခန့်ခွဲမှု ပညာရပ်ကိုသင်ကြားပေးမှာ
ဖြစ်ပါတယ်
Why Money Management?
ဘာကြောင့်ငွေကြေးကိုစီမံခန့်ခွဲမှုပညာတတ်သင့်လဲ
Cashflow Quadrants
ငွေကြေးရှာဖွေမှုပုံစံများ
Saving Vs Investing
ငွေစုခြင်း နဲ့ ရင်းနှီးမြှပ်နှံခြင်း
Money Skills
ငွေကြေးဆိုင်ရာကျွမ်းကျင်မှု
Assets Vs Liabilities
ပိုင်ဆိုင်မှု နဲ့ ပေးဆပ်မှု
Wealth Triangle
ကြွယ်ဝမှုအတွက် ထောက်တိုင်သုံးခု
ဒါအပြင် ငွေကြေးနဲ့ပတ်သက်ပြီး သင့်ကိုယ်သင်
ဘယ်လို ဘယ်လိုသုံးသပ်ရမလဲဆိုတဲ့
📊Analysis လုပ်နည်းတွေ ပါ ပါဝင်မှာဖြစ်ပါတယ်
☑️တတ်ရောက်သင့်သူများ
💰ငွေကြေးကို ကောင်းစွာစီမံ တတ်ချင်သူများ
💰ငွေကြေးစီမံခန့်ခွဲမှု အားနည်းသူများ
💰ငွေကြေးပညာတတ်မြောက်လိုသူများ
💰ငွေကြေးကိုင်တွယ်သုံးစွဲနေသူများ
💰အိမ်ထောင်ရှင်အမျိုးသမီးများ
💰ကျောင်းသူကျောင်းသားများ
💰ငွေကြေးပညာကိုစိတ်ပါဝင်စားသူများ
💰လုပ်ငန်းရှင်များ
💰ဝန်ထမ်းများ
📖ဘယ်လိုသင်ကြားမှာလဲ
Facebook Group ဖြင့်သင်ကြားပေးပါမည်
နေ့စဉ် Video ဖိုင် တင်ပေးသွားမှာမလို့
မိမိအဆင်ပြေတဲ့အချိန်လေ့လာနိုင်သည်
အိမ်စာများပါဝင်ပါမည်
⏱️သင်ကြားချိန်ဘယ်လောက်ကြာမှာလဲ
အချိန် - ၁ လ
📋ဘယ်နေ့ သင်တန်းစမှာလဲ
သင်တန်းကြေးပေးသွင်းပြီးတာနဲ့ တက်ရောက်နိုင်ပါပြီ
ပုံမှန်သင်တန်းကြေး - 59000Ks
ပထမဆုံး သင်တန်းသားအယောက် ၂၀ အတွက် -29000Ks
NonPlus သင်တန်းသားဟောင်းများ - 29000Ks
အထူး Bonus အဖြစ်
💎Business Model Canvas💎 အတန်းပါ
တတ်ရောက်နိုင်မည်
(သင်တန်းကြေး ကို KBZ / AYA / CB / AGD / UAB
တို့မှ ငွေသွင်းနိုင်သလို
KBZ pay နဲ့ Wave Money မှလဲ ငွေပေးသွင်းနိုင်ပါသည်)
🎓သင်တန်းပြီးဆုံးပါက Certificate ရရှိပါမည်
NonPlus Academy ရဲ့ Messenger မှဆက်သွယ်
စုံစမ်းနိုင်ပါပြီ

Nonplus မှ ဖွင့်လှစ်ထားသော သင်တန်းများတက်ရောက်လိုပါက
https://m.facebook.com/story.php?story_fbid=pfbid0TGNoDeRgbV27Fr2L48MpwHthpBxV45TREokz3NnmTHPEiBfX7wJHQW9seaXQPrkhl&id=100071558711856&mibextid=Nif5oz

📧Email : [email protected]
☎️Phone : 09683722588/09772885466


ကိုယ်ပိုင်လုပ်ငန်း လုပ်နေရင်ပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်လို့ရည်ရွယ်ထားရင်ပဲ ဖြစ်ဖြစ်စဉ်းစားလို့ရအောင် အကြံဉာဏ်တစ်...
18/03/2023

ကိုယ်ပိုင်လုပ်ငန်း လုပ်နေရင်ပဲဖြစ်ဖြစ်
ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်လို့ရည်ရွယ်ထားရင်ပဲ ဖြစ်ဖြစ်
စဉ်းစားလို့ရအောင် အကြံဉာဏ်တစ်ချို့ ပေးပါရစေ

အရင်ဆုံးအတိတ်ကိုပြန်သွားကြည့်ရအောင်

ဟိုအရင်တချိန် Internet ဆိုတာ သိပ်ခေတ်မစားခင်တုန်းက Internet ကဖေးဆိုတဲ့ဆိုင်တွေရှိခဲ့တယ်
ဆိုင်တွေကနည်းသေးတာပေါ့ အစပိုင်းတော့ တစ်နာရီ ၅၀၀လောက်နဲ့ သုံးလို့ရတယ် နောက်ပိုင်းဆိုင်တွေများလာတယ် စျေးတွေလျှော့လာတယ် နောက်တော့ တနာရီ ၃၀၀ လောက်သာရတော့တယ်

နောက်ပြီး ဖုန်းဆိုင်လေးတွေ. ဖုန်းရောင်းတဲ့ဆိုင်မဟုတ်ဘူး ဖုန်းပြောရင် တစ်မိနစ် ဘယ်လောက်ဆိုပြီးပေးရတဲ့ဆိုင်လေးတွေ အခုပိတ်ကုန်ရပြီ မရှိကြတော့ဘူး

မန္တလေးမှာဆို ဟိုးအရင်က မြင်းလှည်း ဆိုက္ကား ခေတ်ကနေ ဆိုင်ကယ်တက္ကစီ ခေတ်ရောက်လာပြန်ပြီ
ပုံမှန်ဆိုက္ကားသမားဘဝကနေဆိုင်ကယ်ကယ်ရီသမားအဖြစ်ကူးရပြန်တယ်
အခုဆိုရင် သုံးဘီးတွေခေတ် ဖြစ်လာပြီ
လမ်းတိုင်း နေရာတိုင်း သုံးဘီးတွေဖြစ်နေပြီ

အဲ့တော့လူတချို့က စီးပွားရေး လုပ်ဖို့စဉ်းစားရင် သူများလုပ်တာလိုက်လုပ်ကြတယ်
အဲ့တော့ အခုတချို့ သုံးဘီးတွေက ငုတ်တုတ်ဖြစ်သွားတာပေါ့

စာရေးသူမြင်ဖူးတယ် မြို့တစ်မြို့မှာ ကွမ်းယာဆိုင်ကို လမ်းတလမ်းထဲထင် ဟိုနားတဆိုင်ဒီနားတဆိုင်နဲ့ နီးနီးနားနားလေးတင် စုစုပေါင်း ၈ ဆိုင်ရှိတယ် ဒါတောင်ကပ်ရပ်က သုံးဆိုင်နော်!

နောက်တခု အိမ်ဆိုင်/ကုန်စုံဆိုင်လေးတွေ အရမ်းများခဲ့တယ် အခုတော့ G&G တို့ abcတို့ CoCo တို့ စတဲ့ convenient store တွေဝင်လာတယ် တချို့အိမ်ဆိုင်တွေရောင်းမကောင်းတော့ဘူး

ဥပမာ ပြောရရင်တော့အများကြီးကျန်ပါသေးတယ်
(သင်သိတာရှိရင်လဲ comment ရေးခဲ့ပေးပါဉီး)
ဒါမှမဟုတ်
(သင့်အနေနဲ့အဲ့လိုကြုံ နေရရင်လဲ comment ရေးခဲ့ပေးပါဉီး)

ဒါဆို ကျွန်တော်တို့စဉ်းစားကြည့်ရအောင်

ဘာတွေသတိထားမိလဲ?

ခေတ်ရဲ့ အပြောင်းအလဲ!!!
လူတွေရဲ့သူများလုပ်တိုင်းလိုက်လုပ်တဲ့အကျင့်!!!

စတာတွေကြောင့် တချို့ လုပ်ငန်းတွေမပြေလည်တော့ဘူး

အခုခေတ်က

"နှေးတဲ့ ငါးကို မြန်တဲ့ငါးက စားတယ်"
"သေးတဲ့ငါးကိုလဲ ကြီးတဲ့ ငါးက စားတယ်"

အဲ့တော့ သင့်အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်စိတ်ကူးရင် အဓိက အရေးကြီးတဲ့အချက်ကို ဂရုစိုက်ရမယ်

အဲ့ဒါ "သူများမလုပ်နိုင်တဲ့ လုပ်ငန်းကိုလုပ်ခြင်း" ပဲ
စီးပွားရေးဆိုတော့ ပြိုင်ဘက်ဆိုတာရှိလာမှာဘဲ !

ဒါဆိုဘယ်လိုလုပ်မလဲ

1. အရင်းအနှီး ငွေပမာဏအားဖြင့် များတဲ့လုပ်ငန်းကိုလုပ်ခြင်း
ဥပမာ ကား showroom , ကရိန်းဝန်ဆောင်မှုလုပ်ငန်း,
Hotel လုပ်ငန်း ,ဘဏ်လုပ်ငန်း,ဆေးရုံ လုပ်ငန်း, ရွှေဆိုင် စသည်ဖြင့်ပေါ့
အရင်းနှီးကတော့ အနည်းဆုံးဆိုရင် သိန်း ထောင်ဂဏန်းသောင်းဂဏန်းလောက် သုံးရမယ်

သင့်အနေနဲ့ အိမ်ဆိုင်လေးသာဖွင့်ရင် လူတိုင်းနည်းပါးလိုက်ဖွင့်လို့ရတယ်
ဒီလိုလုပ်ငန်းတွေကတော့ လူတော်တော်များများလိုက်မလုပ်နိုင်ပါ
အရင်းအနှီးများသလိုအမြတ်များတယ်

2. နည်းပညာအားဖြင့် အရမ်းမြင့်တဲ့လုပ်ငန်း သို့မဟုတ် နည်းပညာကိုများစွာအခြေခံထားတဲ့လုပ်ငန်း

ဒါကတော့ service (ဝန်ဆောင်မှု) ပေးတဲ့လုပ်ငန်းတွေများပါတယ်

ဥပမာ မြန်မာမှာဆိုရင် 2C2P လို ငွေကြေးဝန်ဆောင်မှုလုပ်ငန်း
ICT solution လို့ခေါ်တဲ့ နည်းပညာလုပ်ငန်းတွေ
ကမ္ဘာမှာဆို ကျွန်တော်တို့အခုသုံးနေကြတဲ့ FACEBOOK လို လုပ်ငန်းမျိုးတွေပါ

နည်းပညာအားဖြင့်အရမ်းမြင့်မားနေဖို့တော့လိုပါတယ်
ကိုယ်ကိုယ်တိုင်ကျွမ်းကျင်ပြီးစျေးကွက်လိုအပ်ချက်ဖြည့်ပေးဖို့လဲလိုပါတယ်

ဒါကလဲ လူတော်တော်များများ လိုက်မလုပ်နိုင်ပါ
မြန်မာမှာဆို ပြိုင်ဘက်ကင်းဖြစ်နေတဲ့ နည်းပညာကုမ္ပဏီတွေရှိပါတယ်
ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာနည်းပညာအားတဲ့သူများစွာရှိနေလို့ပါ

3. Creation(ဖန်တီးမှု) & Innovation (ဆန်းသစ်တီထွင်မှု) တို့ကိုအဓိက အခြေခံထားတဲ့လုပ်ငန်း

ဒါကတော့ သာမာန်လုပ်ငန်းတွေကို ဆန်းသစ်တီထွင်ပြီးလုပ်တာမျိုးပါ

သင့်ရဲ့ ဖန်တီးနိုင်မှု တီထွင်ကြံဆမှုပေါ်မှာဘဲမူတည်ပါတယ်
ဥပမာ စားသောက်ဆိုင်ပဲ အများနဲ့မတူတဲ့ဆိုင်
Rangoon Tea House လိုမျိုး
Yangoods လို အမျိုးသမီးလက်ကိုင်အိတ်ရောင်းတဲ့ ဆိုင်မျိုးတွေပါ
စားသောက်ဆိုင် ပဲ အိတ်ဆိုင်ပဲ ဒါပေမဲ့ သူတို့လို လူတိုင်းလိုက်မလုပ်နိုင်ပါ
ပုံမှန်စားသောက်ဆိုင်က ဖွင့်လို့လွယ်တယ်ထားဉီး
တီထွင်ဖန်တီးမှုနဲ့စျေးကွက်ထိုးဖောက်နိုင်တဲ့ဆိုင်ကတော့ လူတိုင်းလိုက်မလုပ်နိုင်ပါ

ဒါဆိုကိုယ်လုပ်မဲ့လုပ်ငန်းအတွက် သူများနဲ့မတူအောင် ဘယ်လိုလုပ်မလဲစဉ်းစားပါ

အဲ့တော့ သင့်အနေနဲ့လုပ်ငန်းလုပ်နေတယ်ဖြစ်ဖြစ် လုပ်ဖို့စိတ်ကူးရှိတယ်ဖြစ်ဖြစ်
1 နဲ့ 2 ကို မလုပ်နိုင်ရင်တောင် နည်းလမ်း 3 ကို ရွေးပါ

လုပ်ငန်းလုပ်ရင် ရိုးရိုးကြီးပဲမစဉ်းစားပါနဲ့

ကိုယ့်လုပ်ငန်းမှာ သူများနဲ့မတူတဲ့အားသာချက်ရှိအောင် တည်ဆောက်ပါ

နောက်တခေါက် ပြန်ပြောပါမယ်

ကိုယ့်လုပ်ငန်းမှာ သူများနဲ့မတူတဲ့ အားသာချက်တခုခုရှိအောင် တည်ဆောက်ပါ

'စေတနာနဲ့ပြောတယ်မှတ်ပါ'
သင့်အနေနဲ့ လုပ်ငန်းလုပ်ဖို့စိတ်ကူးရှိရင်လဲ comment ပေးခဲ့ပါဉီး
ကိုယ်လုပ်မဲ့လုပ်ငန်းစဉ်းစားထားတာရှိရင်လဲ comment ပေးခဲ့ပေးပါဉီး

စာအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးပါခင်မျာ

သင့်မိတ်ဆွေအတွက်ဗဟုသုတရအောင် share ပေးနိုင်ပါတယ်

Nonplus မှ ဖွင့်လှစ်ထားသော သင်တန်းများတက်ရောက်လိုပါက____
https://m.facebook.com/story.php?story_fbid=pfbid0TGNoDeRgbV27Fr2L48MpwHthpBxV45TREokz3NnmTHPEiBfX7wJHQW9seaXQPrkhl&id=100071558711856&mibextid=Nif5oz

အောက်ဖော်ပြပါဖောင်လေးမှာ သင့်အကြံပြုချက်လေးတွေဖြေခဲ့ပေးပါဦးနော်။
https://forms.gle/r4BTpZMTaXBG6Z1r8

Give us a follow.
TikTok
tiktok.com/

Instagram
https://instagram.com/nonplus_myanmar




Strategy မဟာဗျူဟာမဟာဗျူဟာ အပိုင်းဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကဏ္ဍ တစ်ခုဖြစ်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်ရောက်ခြင်း မရောက်...
14/03/2023

Strategy
မဟာဗျူဟာ

မဟာဗျူဟာ အပိုင်းဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကဏ္ဍ တစ်ခုဖြစ်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်ရောက်ခြင်း မရောက်ခြင်းဟာ မဟာဗျူဟာအပေါ်အများကြီးမူတည်ပါတယ်။ မဟာဗျူဟာ ဆိုတာ လုပ်ငန်းကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ လိုအပ်ပါတယ်။ စီးပွားရေးနဲ့ ဆက်ဆိုင်တဲ့အခြေအနေ နောက်ခံ မြင်ကွင်းအားလုံးကို ခြုံငုံသုံးသပ်ပြီးမှ မဟာဗျူဟာကို ချမှတ်ရတာပါ။
တနည်းအားဖြင့် မဟာဗျူဟာ ဆိုတာ Long term plan တစ်ခုပါပဲ ။ ဘယ်လို Long Term plan ဆိုတော့ ရည်မှန်းချက် ကိုရောက်အောင်သွားဖို့ လုပ်ဆောင်ရမဲ့ အရာတွေပါဝင်တဲ့ အရာပါ။Strategy မှာဘာတွေပါဝင်လဲဆိုရင် ရည်မှန်းချက် ၊ လုပ်ဆောင်ချက် ၊ နောက်ပြီး ရည်မှန်းချက်သွားဖို့ လိုအပ်တဲ့ အရင်းအမြစ် Resources တွေပါဝင် ပါတယ်။

Strategy Vs Tactics
မဟာဗျူဟာ နှင့် နည်းဗျူဟာ

ဒီနေရာမှာ Strategy နဲ့ Tactics ကို အနည်းငယ်အကျဉ်းဖော်ပြလိုပါတယ်။

Strategy ဆိုတာ What နဲ့ Why ကိုအခြေခံပါတယ်။ဘာလုပ်မှာလဲ ဘာကြောင့်လုပ်မှာလဲ စဉ်းစားတွက်ချက်တာပေါ့။ Tactics က How ဘယ်လိုလုပ်မှာလဲဆိုတဲ့ Action ပါပဲ။
Strategy က အနာဂတ်ကို ကိုယ်စားပြုပါတယ်။
Tactics က Day to Day နေ့စဥ္လုပ်ရမဲ့ လုပ်ဆောင်ချက်တွေကိုကိုယ်စားပြုပါတယ်။
ဒီတော့ရှင်းပါတယ် Day to Day Action တွေရအောင် လုပ်နိုင်ရင် သွားချင်တဲ့ Strategy ပုံစံထွက်ပါတယ်။ ဒါဆို ပန်းတိုင်ကလဲ မခက်တော့ဘူးပေါ့။

Goal & Strategy & Tactics

Goal ဆိုတာ လုပ်ငန်းတစ်ခုရဲ့ အဓိက ပန်းတိုင်။

Strategy ကတော့ Goal ကိုသွားမဲ့ Long Term Plan ပါ။ နောက်ပြီး Strategy က Logic ကျပါတယ်။

Tactics က ချထားတဲ့Strategy ကိုဖြစ်မြောက်အောင်လုပ်ရမ​ဲ့ လုပ်ဆောင်ချက်တွေပါ။

Strategy က Planningပိုင်းမှာပါဝင်ပြီး Tactics က Doing အပိုင်းမှာပါဝင်ပါတယ်။Strategy ကို Long term အနေနဲ့ကြည့်ရပြီး Tactics ကို Short term အနေနဲ့ကြည့်ရပါတယ်။
ဒီမှာ STRATEGY ကိုအဓိက ပြောမှာပါ။

STRATEGY မှာဆိုရင်

1. Seven S Model
2. Integration and Expansion Strategies
3. The Value Chain Model
4. Levels of Strategy
5. Industry Analysis
6. Generic Strategies
7. Portfolio Strategies
8. Synergy and Strategy
စတာတွေဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုကို ဒီ Strategy တွေ သုံးပြီး လုပ်ဆောင်နိုင်ပါတယ်။ လုပ်ငန်းအခြေအနေပေါ်မူတည်ပြီး တစ်ခုနဲ့ တစ်ခု အသုံးချရတာမတူညီပါဘူး။ ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီတဲ့ Strategy ကိုသုံးရတာပါ။လုပ်ငန်းတစ်ခုဟာရေရှည်ရပ်တည်နိုင်ဖို့ Strategy သေချာပေါက်လိုပါလိမ့်မယ်။
တစ်ခုချင်းကို နောက်ပိုင်းမှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။

Business Plan ရေးဆွဲနည်း
https://m.facebook.com/story.php?story_fbid=pfbid02v4SBd9mN2MFRThWsdHgafUT9f23KjCrLm4VpcewRUxWkqTGZhcuTvRXhDXStpaJXl&id=100071558711856&mibextid=Nif5oz

Money Management ငွေ​ကြေးစီမံခန့်ခွဲမှု
https://m.facebook.com/story.php?story_fbid=pfbid0CPj31Y8oZj6PNaQKrQSath86Vjtv4G8wgZp7gbv66ZqJTbDZu1VwhXZRptZbRVejl&id=100071558711856&mibextid=Nif5oz

Nonplus Online Academy မှ ဖွင့်လှစ်ထားသော သင်တန်းများတက်ရောက်လိုပါက
https://m.facebook.com/story.php?story_fbid=pfbid0TGNoDeRgbV27Fr2L48MpwHthpBxV45TREokz3NnmTHPEiBfX7wJHQW9seaXQPrkhl&id=100071558711856&mibextid=Nif5oz

အောက်ဖော်ပြပါဖောင်လေးမှာ သင့်အကြံပြုချက်လေးတွေဖြေခဲ့ပေးပါဦးနော်။
https://forms.gle/r4BTpZMTaXBG6Z1r8

Give us a follow.
TikTok
tiktok.com/
Instagram
https://instagram.com/nonplus_myanmar





Persona ဆိုတာ ဘာလဲ ? Persona ဆိုတာ မိမိ လုပ်ငန်းရဲ့ Potential အရှိဆုံး ဖြစ်လာနိုင်မယ့် Customer တစ်ယောက်ရဲ့ Behavior ကို...
11/03/2023

Persona ဆိုတာ ဘာလဲ ?

Persona ဆိုတာ မိမိ လုပ်ငန်းရဲ့ Potential အရှိဆုံး ဖြစ်လာနိုင်မယ့် Customer တစ်ယောက်ရဲ့ Behavior ကို လေ့လာသတ်မှတ်တာပါ။

ရေးဆွဲလိုက်တဲ့ Persona ပေါ်မူတည်ပြီး သူကြိုက်နိုင်တဲ့ Product, Service, Marketing တွေကို သွားပါတယ်။

Persona ကို ကိုယ့်လုပ်ငန်းရဲ့ Target Customer တွေရဲ့ အကြောင်းကို ပိုပြီးကောင်းကောင်းသိလာနိုင်ဖို့နဲ့ ရောင်းအားတက်ဖို့၊ ကိုယ့် customers တွေ စိတ်တိုင်းကျ ကျေနပ်ဖို့အပြင် Loyal Customer တွေ ရရှိဖို့အတွက် ရည်ရွယ်ပြီး ရေးဆွဲအသုံးပြုပါတယ်။

Persona ရေးဆွဲတဲ့အခါ အသုံးပြုသူ ရဲ့

နာမည်
အသက်အပိုင်းအခြား
အလုပ်အကိုင်
မိသားစု
တည်နေရာ
Personality
Goals သူ့ရဲ့အနာဂတ်အိမ်မက်
Motivation ဖြစ်စေတဲ့အရာတွေ
Frustrations သူဆုံးရှုံးရမှာကြောက်တဲ့အရာတွေ
Channels အသုံးအများဆုံး Channels တွေ
Interests သူစိတ်ဝင်စားတဲ့အရာတွေ
Favorite Places စသဖြင့် အသေးစိတ် ရေးဆွဲပါတယ်။

ကိုယ်ရေးအကျဉ်းဖြစ်တဲ့ အသက်အပိုင်းအခြား၊ အလုပ်အကိုင်၊ မိသားစု၊ တည်နေရာ ကိုတော့ သတ်မှတ်ထည့်ရေးပေးရပါမယ်။ ဒီနေရာမှာ ကိုယ့်လုပ်ငန်းရဲ့ User Perona ကို တည်ဆောက်နေတာဖြစ်တာကြောင့် နာမည်ကိုတော့ စိတ်ကူးယဉ် ကြိုက်တာပေးလို့ရနိုင်ပြီး အသက်အပိုင်းအခြား၊ အလုပ်အကိုင်၊ မိသားစု၊ တည်နေရာတွေကိုတော့ ကိုယ့်လုပ်ငန်းရဲ့ customers တွေအပေါ် အခြေခံပြီး တည်ဆောက်ပေးရပါမယ်။

Personality အနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ customers တွေရဲ့ အကျင့်စရိုက်၊ အမူအကျင့်လေးတွေ သတ်မှတ်ရပါမယ်။ ကိုယ်က ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ထားပြီး ကိုယ့် customers တွေက စျေးထဲမှာ စျေးဝယ်လေ့ရှိသလား၊ Super Market တွေမှာ ပိုဝယ်လေ့ရှိသလား၊ ဘယ်ရက်တွေမှာ အများဆုံး စျေးဝယ်တတ်လဲ၊ဘာအတွက်ဝယ်တတ်တာလဲဆိုတာမျိူးလေးတွေ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

Customers တွေရဲ့ goal ကိုလည်းမမေ့သင့်ပါဘူး။ သူတို့ရဲ့ ဘဝတစ်နေ့တာပိုမိုလွယ်ကူကောင်းမွန်လာစေဖို့ဆိုတာအပေါ်အခြေခံပြီး ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှူတွေက သူတို့ Goal အနာဂတ်အတွက် ဘယ်လိုနေရာမှာ အကျိုးပြုပေးနိုင်လဲဆိုတာ စဉ်းစားနိုင်ရပါမယ်။

Motivation ဖြစ်တဲ့ သူတို့ကို စိတ်ဓာတ်တက်ကြွစေတဲ့အရာတွေက ဘာတွေလဲ၊ ဆုံးရှုံးရမှာ ကြောက်တဲ့အရာတွေက ဘာတွေလဲ၊ ကိုယ့်ရဲ့ customers တွေက ဘယ် social media platforms တွေမှာ ပိုပြီး Active ဖြစ်သလဲ၊ ဘာလုပ်ရတာကို စိတ်ဝင်စားကြလဲ၊ သူတို့အကြိုက်ဆုံးအရာတွေ စတဲ့ ကိုယ့် customer တွေရဲ့ အကြောင်းကို လူတစ်ယောက်အနေနဲ့ ဖန်တီးထားပြီး သတ်မှတ်တာကို Persona လို့ ခေါ်ပါတယ်။

ရေးဆွဲလိုက်တဲ့ Persona ဟာ ကိုယ့်လုပ်ငန်းရဲ့ ဝန်ဆောင်မှု၊ ထုတ်ကုန်တွေကို လုံးဝအသုံးပြုနိုင်မယ့် လူတစ်ယောက်ရဲ့ အကြောင်းကို ပုံဖော်ရေးဆွဲသလိုပါပဲ။

ကိုယ့်ရဲ့ Product, Service Line ပေါ်မူတည်ပြီး Persona က တစ်ယောက်ကနေ ပိုများနိုင်ပါတယ်။

သင့်လုပ်ငန်းမှာရော Persona ရှိထားပြီလား ?

Nonplus မှ ဖွင့်လှစ်ထားသော သင်တန်းများတက်ရောက်လိုပါက
https://m.facebook.com/story.php?story_fbid=pfbid0TGNoDeRgbV27Fr2L48MpwHthpBxV45TREokz3NnmTHPEiBfX7wJHQW9seaXQPrkhl&id=100071558711856&mibextid=Nif5oz

အောက်ဖော်ပြပါဖောင်လေးမှာ သင့်အကြံပြုချက်လေးတွေဖြေခဲ့ပေးပါဦးနော်။
https://forms.gle/r4BTpZMTaXBG6Z1r8

Give us a follow.
TikTok
tiktok.com/
Instagram
https://instagram.com/nonplus_myanmar




Address

73 Street
Mandalay
05062

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959683722588

Website

Alerts

Be the first to know and let us send you an email when Nonplus Online Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Nonplus Online Academy:

Shortcuts

Share

Category