11/08/2024
#သင်္ချာကတွက်စာဆိုပေမယ့်ကျက်သင့်မကျက်သင့်!!!
သင်္ချာမှာ မကျက်ရဘူးလို့ တထစ်ချမပြောဆိုသင့်ပါ။သင်္ချာမှာ ကျက်စရာ၊မှတ်စရာတွေ အများကြီးရှိပါတယ်။အလွတ်ကျက်မှတ်ထားမှ သာ လိုအပ်သည့်အခါ ထုတ်၍ အသုံးပြုနိုင်မည်ဖြစ်သည်။
ဥပမာ ကျွန်တော်တို့ ငယ်စဉ်ကတည်း ဂဏန်းသင်္ချာ တွက်တဲ့အခါ လက္ခဏာတူရင် ပေါင်း ၊တူတဲ့ လက္ခဏာ ပြန်တပ်။ လက္ခဏာ မတူရင် နှုတ်၊ ကြီးတာထဲက ငယ်တာနှုတ် ၊ကြီးသော ကိန်း၏ လက္ခဏာကို ပြန်တပ် စသည်အားဖြင့် ကျက်မှတ်ခဲ့လို့ ကြီးလာတဲ့အထိ တော်တော် များများ မှတ်မိကြ မှာပါ။ အတန်းကြီးတော့ အက္ခရာသင်္ချာ ( Algebra)၊ ဂျီဩမေတြီ( Geometry ) ၊ ကဲကုလ (Calculus) စသည့် သင်္ချာ field ပေါင်းစုံက ပုံသေနည်း များကို ကျက်မှတ်ခဲ့ရပါတယ် ။
သို့သော် မည်သို့ကျက်ရမည်ဆိုသည်နှင့် မည်သည့်အချက်တွေကို ကျက်ရမယ်ဆိုတာက အရေးကြီးတာပါ။ကျက်ရမည်ဆိုတိုင်း အကုန်လုံးကိုမဆိုလိုပါဘူး။သင်္ချာကို ကျက်ပြီးတွေး ၊တွေးပြီးတွက်ရမှာပါ။
မကျက်မမှတ်ပဲနဲ့ အတွေးနဲ့ အတွက်ချည်းအားမထားသင့်ပါဘူး။ မတွေးဘဲနဲ့ အကျက်နဲ့ အတွက်ကိုချည်းပဲလည်း အားမထားသင့်ပါဘူး။ဒါကြောင့် သင်္ချာတွက်ရာမှာ အကျက်၊အတွေး၊အတွက် သုံးမျိုးစလုံးကို သူ့အပိုင်းနဲ့သူ မှန်မှန်ကန်ကန် အားထားလေ့ကျင့်ဖို့လိုအပ်ပါတယ်။
August 7 /2024
Shein Htet Zaw
Credit ပေးပါတယ်။