29/12/2025
🇯🇵 Japanese Reading Practice (N3/N4 Level) 🎮
ဒီနေ့တော့ ဂျပန်နိုင်ငံက ဂိမ်းကစားသူတွေအတွက် အထူးစီစဉ်ထားတဲ့ "e-Sports Hotel" အကြောင်း ဖတ်ကြည့်ကြမယ်။
📝 ဂျပန်စာ ဖတ်ကြည့်ကြမယ်
"eスポーツは、日本でもとても人気になっています..."
(ပုံထဲကစာကို ဖတ်ပြီး ဘာသာပြန်ကြည့်ရအောင်)
💡 အဓိက ဆိုလိုရင်းကတော့ -
ဂျပန်မှာ e-sports တွေ ခေတ်စားလာတာနဲ့အမျှ Osaka မြို့မှာ "esports hotel e-ZONe ~Cyberspace~" ဆိုတဲ့ ဟိုတယ်တစ်ခု ရှိပါတယ်။ အိမ်မှာ ဂိမ်းဆော့တာနဲ့ မတူတဲ့အချက်က သူငယ်ချင်းတွေနဲ့ ဘေးချင်းယှဉ်ပြီး ဆော့လို့ရတာပါ။ ပင်ပန်းရင် ဘေးက ကုတင်မှာ ချက်ချင်းအိပ်၊ ပြီးရင် ပြန်ထဆော့လို့ ရတဲ့အတွက် ဂိမ်းသမားတွေအတွက် သုခဘုံပါပဲ။
📌 မှတ်သားစရာ ဝေါဟာရများ
施設 (Shisetsu) = အဆောက်အအုံ/အထောက်အကူပြုနေရာ
並んで (Narande) = ယှဉ်လျက်/တန်းစီလျက်
特訓 (Tokkun) = အထူးလေ့ကျင့်ခြင်း (Special Training)
隣 (Tonari) = ဘေး/အနီးနား
電脳空間 (Dennou Kuukan) = "Cyberspace" (ဆိုက်ဘာ ဟင်းလင်းပြင် / ကွန်ပျူတာ ကွန်ရက်ကမ္ဘာ)
ကဲ... ဒီလိုဟိုတယ်မျိုး မြန်မာပြည်မှာရှိရင်ရော သွားတည်းကြမလား? 😁
စာကို အသံထွက်ဖတ်ကြည့်ပြီး အောက်က Comment မှာ "ဖတ်ပြီးပြီ" လို့ မန့်ခဲ့ပေးဦးနော်။ 👇👇
29/12/2025
🇯🇵 စီးပွားရေးလုပ်ငန်းခွင်သုံး ဂျပန်စာ (敬語 - Keigo) လေ့လာကြစို့
ဂျပန်ကုမ္ပဏီတွေမှာ အလုပ်လုပ်တဲ့အခါ ယဉ်ကျေးရုံတင်မကဘဲ အဆင့်အတန်းရှိတဲ့ 敬語 (Keigo) ကို သုံးတတ်ဖို့ အလွန်အရေးကြီးပါတယ်။ အောက်ပါပုံစံတွေကို ကြည့်ပြီး အရပ်သုံးစကားကနေ စီးပွားရေးသုံးစကား ဘယ်လိုပြောင်းလဲသွားသလဲဆိုတာ လေ့လာကြည့်ရအောင်။
👇🏾(ပုံလေးတွေရဲ့အောက်မှာ သေချာရှင်းပြထားပါတယ် ထောက်ပြီး ကြည့်ကြည့်ပါ)👇🏾
🌟🌟Keigo ဆိုတာ စာအုပ်ထဲမှာ ဖတ်ရုံနဲ့တင်မရဘဲ လက်တွေ့မှာ ထပ်ခါတလဲလဲ သုံးကြည့်မှသာ နှုတ်ကျိုးသွားမှာဖြစ်ပါတယ်။
သင်ကော ဘယ် Keigo အသုံးအနှုန်းကို အခက်ခဲဆုံးလို့ ထင်ပါသလဲ? ကော်မန့်မှာ ပြောခဲ့ပေးပါဦး!
25/06/2025
病院(びょういん)でよく見かける言葉(ことば)
ဆေးရုံမှာ တွေ့ရတတ်တဲ့ စကားလုံးများ
---
1. 受付(うけつけ)
👉 ミャンマー語: လက်ခံရာနေရာ / စာရင်းသွင်းရာနေရာ
📌 説明: လူနာတွေ၊ ဧည့်သည်တွေကို လက်ခံတဲ့နေရာ။ ဆေးရုံ၊ ရုံးတွင် စာရင်းသွင်းဖို့နေရာ။
---
2. 事務室(じむしつ)
👉 ミャンマー語: ရုံးခန်း
📌 説明: ရုံးစာရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာ။ ဝန်ထမ်းတွေ ရုံးစာတွေကို စီမံတာ။
---
3. 診察室(しんさつしつ)
👉 ミャンマー語: ဆရာဝန်စစ်ဆေးခန်း
📌 説明: ဆရာဝန်က လူနာကို စစ်ဆေးတဲ့နေရာ။ ဆေးရုံ၊ ကျန်းမာရေးစင်တာမှာရှိတတ်တယ်။
---
4. 検査室(けんさしつ)
👉 ミャンマー語: စစ်ဆေးခန်း / စမ်းသပ်ခန်း
📌 説明: သွေး၊ ဆဲလ်၊ ဗီဇ စတဲ့အရာတွေကို စမ်းသပ်ဖို့နေရာ။ ဆေးရုံထဲမှာရှိတတ်တယ်။
---
5. 消火器(しょうかき)
👉 ミャンマー語: မီးသတ်ဗုံး
📌 説明: မီးလောင်တဲ့အခါ မီးကို တိုက်ဖျက်ဖို့အသုံးပြုတဲ့ကိရိယာ။ အရေးပေါ်အတွက် တပ်ဆင်ထားတတ်တယ်။
---
6. X線撮影室 ( エックスせんさつえいしつ)
👉ミャンマー語 : X-ray ဓာတ်မှန်ရိုက်ခန်း
📌 説明:> X-ray ဆွဲခန်းကတော့ လူနာရဲ့ ခန္ဓာကိုယ်အတွင်း (အရိုး၊ ဖက်ဖျဉ်း၊ အသည်းစသည်) ကို X-ray ရောင်ခြည်နဲ့ ရိုက်ကူးဖော်ပြပြီး၊ ရောဂါတွေ၊ ညစ်ထွေးမှုတွေ ရှိမရှိ စစ်ဆေးတဲ့အခန်း ဖြစ်ပါတယ်။
17/06/2025
နေ့စဉ်အသုံးအနှုန်းများ
_____________________
いつも (အမြဲတမ်း)
* 私はこのお菓子がすきですから、コンビニへ行く時 いつも つい買ってしまう。*
ကျွန်တော် ဒီမုန့်ကိုအရမ်းကြိုက်တာကြောင့် ၂၄နာရီစတိုးကိုသွားတိုင်း အမြဲလိုလို ဝယ်မိတယ်။
よく (မကြာခဏ)
* 駅前のラーメン屋には 仕事から帰る時によく寄っています。*
ဘူတာရှေ့မှာရှိတဲ့ ခေါက်ဆွဲဆိုင်ကို အလုပ်ကနေပြန်လာချိန်မကြာခဏဝင်ဖြစ်ပါတယ်။
時々 - ときどき (တစ်ခါတစ်ရံ)
* 一人暮らしですから、ときどき 外食しています。*
တစ်ယောက်တည်းနေတာကြောင့် တစ်ခါတစ်ရံအပြင်ထွက်စားလေ့ရှိတယ်။
偶に - たまに (ရံဖန်ရံခါ)
* バイトが忙しい(いそがしい)ですから、運動不足でたまに 運動しようと思っています。*
အချိန်ပိုင်းအလုပ်က အလုပ်ရှုတ်လို့ ကိုယ်လက်လှုပ်ရှားမှုတွေချို့တဲ့ပြီး ရံဖန်ရံခါတော့ အားကစားလုပ်မယ်လို့တွေးထားပါတယ်။
めったに~ない (တော်ရုံ)
* 1. 私はめったに外食しません。
ကျွန်တော်ကတော်ရုံ အပြင်ထွက်စားလေ့မရှိဘူး။
2. 彼はめったに怒らないので、今日は本当にびっくりした。
သူက တော်ရုံစိတ်မဆိုးတာကြောင့် ဒီနေ့ကတကယ်ကိုအံ့ဩသွားခဲ့တယ်။
3. この店は人気なので、めったに席が空いていない。
ဒီဆိုင်ကနာမည်ကြီးတာကြောင့် တော်ရုံနဲ့ နေရာမလွတ်ဘူး။
席が空いている - ခုံနေရာလွတ်တယ် ၊ ဆိုင်မှာ နေရာလွတ်နေတယ် ဆိုင်မှာ လူအရမ်းမကျဘူးကိုဆိုလိုပါတယ်
4. 山田さんはめったに会社を休まない。
Yamadaက တော်ရုံနဲ့ ကုမ္ပဏီကနေ နားရက်မယူဘူး။
5. 東京ではめったに雪が降らない。
တိုကျိုမှာ တော်ရုံနဲ့ နှင်းမကျဘူး။
6. あの先生はめったに冗談を言わない。*
အဲ့ဆရာက တော်ရုံနဲ့ ရယ်စရာတွေကိုမပြောဘူး။
全然 - ぜんぜん (လုံးဝ)
* 私はお酒を全然飲まないよ。牛乳だけ。
ကျွန်တော်အရက်ကိုလုံးဝမသောက်ဘူး။😆 နွားနို့တစ်ခုတည်း။
*コーヒーを飲み過ぎで昨夜は全然 眠れなかった。
ကော်ဖီတွေအသောက်လွန်ပြီး မနေ့ညက လုံးဝ အိပ်မပျော်ခဲ့ဘူး။