Central - Montessori International Centre

Central - Montessori International Centre

Share

educational center Montessori International Centre

Photos from Central - Montessori International Centre's post 13/05/2025

မှ
💃Dar Dar လေး မေမေရဲ့ ချစ်စရာ တီချယ်များအတွက် အမောပြေစရာ ဆက်ကြိုးစားရမည့် ကျေနပ်စရာ
review လေး😘
ကျေးဇူးပါ မေမေရှင်🙏🙏🙏

🥰၄နှစ်ခွဲ သမီးလေးရဲ့ စာရေးဟန် စာဖတ်သံ🥰

သမီးလေး စာသင် မပျင်း ကျောင်းပျော်တာကို ဒီမေမေ အရမ်းကျေနပ်ကြည်နူး😍

သမီးလေးရဲ preschool life လေးကို ဖိအားမရှိပဲ… သမီးလေး ပြန်တွေးတိုင်း ပျော်ရွှင်စေခဲ့ရလို့… ပီတိအရမ်းဖြစ်ရတယ်….

ရွေးချယ်မှု မှန်ကန်ခဲ့လို့ ကျောင်းတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်…

Thank you Central - Montessori International Centre ❤️

Thank you I Can Read Myanmar - Mandalay❤️

Thank you Matrix English Language School

13/05/2025

ဒီနေ့ Happy ကျောင်းက parent meeting ဆိုတော့
တီချယ်နဲ့သွားတွေ့တယ်…
ဘာရယ်မဟုတ်ပါဘူး ကျောင်းအနေနဲ့ကျ သူတို့လက်ထဲမှာ ကလေးလေးက ဘာလေးတွေတိုးတက်လာပါတယ် ကျောင်းဘက်ကနေ သူတို့လေးတွေကို ဘယ်လိုပျိုးထောင်ပါတယ်စသဖြင့်ပေါ့နော်ရှင်းပြတယ်။ ကလေးကိုလဲ မေမေ့ရှေ့တင် နမူနာ activity အနဲငယ်လုပ်ပြခိုင်းတယ်။ မေမေရော အမြင်ဘယ်လိုရှိလဲကျေနပ်လား အဆင်ပြေလား ပြီးတော့ Happy ပေါ်မြင်တဲ့ အမြင်လေး စသဖြင့် တီချယ်နဲ့ဆွေးနွေး စကားတွေပြောတာပေါ့…

ကိုယ်က လေကြောရှည်တဲ့သူဆိုတော့ ပြောရင်း တခြားအကြောင်းအရာတွေပါ ဆက်စပ်ပြီး ကိုယ်လဲ ကျောင်းလိုပုံစံ training center လေး လုပ်ဖို့ ရည်ရွယ်နေတာကိုပါပြောခဲ့သေးတာ😂 တီချယ်နဲ့စကားအများကြီးပြောခဲ့တော့ တီချယ်လဲ အချိန်တွေ အများကြီးဖဲ့ပေးလိုက်ရမှာ အားတောင်နာတယ်❤️

Happyနဲ့ပတ်သက်လို့ တီချယ်ကမှတ်ချက်ပေးတာတော့ Happy က ကျန်တဲ့ကလေးတွေထက်ကို သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ပိုတယ်တဲ့လေ.. ဟုတ်တယ်လို့ ဒါက ကောင်းလဲကောင်းသလို မကောင်းလဲမကောင်းဘူး မကောင်းတာက မိဘ အနေထိုင်ကြပ်တာ😅 နဲနဲမှအမှားမခံဘူး.. ဒီအမေက သူ့အတွက် role modelပဲဆိုတော့ အပြောအဆို အပြုအမူကအစ အမေက နဲနဲမှ မှားလို့မရဘူး.. သူ့ကို ဆုံးမတဲ့ပုံစံ trainတဲ့ပုံစံ ပျိုးထောင်နေတဲ့ပုံစံလမ်းလွဲလို့ လုံးဝမရပါဘူး။ မကောင်းတာဆိုလဲ မှတ်တတ်၊ ကောင်းတာဆိုလဲ မှတ်တတ်တယ်။ မကောင်းတာမှန်းသိရင်တောင် သူ့စိတ်ထဲ မေမေတောင်လုပ်သေးတာပဲဆိူပြီး အယူလွဲနိုင်တာပေါ့နော်… ဒါကြောင့် ဥာဏ်ကောင်းတဲ့ ကလေးလေးတွေရဲ့ မိဘဖြစ်ရတာ ပိုတာဝန်ကြီးတယ်။ ဒါပေမယ့် ကျေနပ်တယ်ရှင့်🥰

ဒီလိုလေးဖြစ်လာစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ကိုယ်ဝန်ကိုဂရုစိုက်၊ အာဟာရဖြစ်မယ့်အစားအစာတွေစား၊ stressနဲအောင်နေ စိတ်ကြည်အောင်ထားခဲ့တယ်။ parenting နဲ့ပတ်သက်တာတွေ ကြိုလေ့လာဖတ်တယ်။ ဗိုက်ကလေးကို ပွတ်ပြီး စကားပြောတယ်… အပိုတွေလို့ သူများတွေပြောနိုင်တဲ့ အဲ့အပိုမှန်သမျှ တပြားမှမလျော့ပဲ ကျွန်မလုပ်ပါတယ်☺️
မွေးပြီးတော့လဲ developmental milestone တွေကိူ အမြဲစောင့်ကြည့်ပြီး tummy time ဆို tummy
ဖြည့်စွက်စာအရွယ်ဆို ဖြည့်စွက်စာကအစ အရာရာအကုန်ကို စနစ်တကျပျိုးထောင်ခဲ့တာ ဒီpageလေးက သက်သေပါပဲ😍

ကိုယ်စနစ်တကျပျိုးထောင်ခဲ့တဲ့အပင်လေးက အရွယ်မရောက်သေးပေမယ့် တဖြည်းဖြည်း ရုပ်လုံးပေါ် အခက်အလက်လေးတွေထွက်လာတာမြင်ရတော့ ပန်းပျိုးသူအနေနဲ့တကယ်ကိုပီတိဖြစ်ရတယ်.. ရင်ကဖြစ်တဲ့ သားဆိုတော့ အတိုင်းမသိပေါ့ရှင်❤️

ဒါလေးကတော့ ဒီနေ့ Happy နဲ့ပတ်သက်လို့ အနီးကပ်ပျိုးထောင်နေကြတဲ့ တီချယ်တွေဆီက မှတ်ချက်ကောင်းတွေရလို့ ဝမ်းသာဂုဏ်ယူစွာ မှတ်တမ်းတင်တဲ့ အမှတ်တရပါ 🥰



Photos from Central - Montessori International Centre's post 12/05/2025

🎉မန္တလေးမြို့ မှ မိဘမျာဧ။်ချစ်လှစွာ‌‌ေသာ သားသားမီးမီးလေးများ အတွက်



💥မိဘများအတွက် တန်းဖိုးမဖြတ်နိုင်သော ပညာ စတင်သင်ယူမည့် ချစ်လှစွာသောသားငယ်/သမီး‌ငယ်လေးများ အတွက် စိတ်ချလုံခြုံနွေးထွေးသော ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီးပေးနိုင်ရန် , နိုင်ငံတကာ သင်ရိုး နှင့် မြန်မာသင်ရိုး တို့ကို အသက်အရွယ် အလိုက် စနစ်တကျ သင်ယူနိုင်ရန် (RCIS)

မှ နွေးထွေးစွာ ကြိုဆိုလျက်ပါ။

👯ကလေးဘဝ အခြေခံအတန်းပညာသင်ယူခြင်း၏ အစ မူကြိုပတ်ဝန်းကျင် မှ ရုတ်တရက်ပြောင်းလဲသွားသော အခြေခံ အတန်းများသို့ တက်ရောက်ကြရာတွင်

📌မိမိ ကိုယ်ကို ယုံကြည်ချက်များ မပျက်စေဘဲ ပတ်ဝန်းကျင်အသစ်စနစ်တကျ ပုံဖော်တည်ဆောက်နိုင်ရန်။

📌ပေါင်းသင်းဆက်ဆံရေးနယ်ပယ်‌ေကာင်းတစ်ခုတည်ဆောက်နိုင်ရန်။

📌သင်ကြားရေးနယ်ပယ် အပြောင်းအလဲတွင် စိတ်ဒါဏ်ရာ မပါသော ရောက်ရာပတ်ဝန်းကျင်တွင် လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ နေထိုင်ခွင့်ရပြီး လက်တွေ့ပြုလုပ်ခြင်း
နည်းများဖြင့် ကစားရင်းသင်ယူနိုင်ရန်။

📌မန္တလေးမြို့၏ ယခု လက်ရှိ ဖြစ်ပေါ်ခဲ့သော အနေအထားများအရ
သဘာဝဘေးငလျင်ဒါဏ်
လုံးဝ ပတ်သက်ခဲ့ခြင်း
မရှိသော ငလျင်မထိသော(ခုမှ စတင်တည်ဆောက်)
တစ်ထပ် အဆောက်အဦး အသစ်စက်စက်များ ဖြင့် သင်ကြားနိုင်ရန်။

📌သင်ကြားရေးတွင် စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်သော ဘာသာရပ် (local & International)ဆရာ/ဆရာမများနှင့် စည်းကမ်းတကျ သင်ယူနိုင်ရန်။

📌 International school
ဖြစ်သော်လည်း စည်းကမ်း
တကျ နည်းလမ်းမှန်ကန်စွာ
မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ဧ။်သဘော သဘာဝ တို့နှင့်
မလွတ်အောင် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ကြီးကြပ် သင်ကြား/သင်ယူနိုင်ရန်။

📌ငယ်ရွယ် နုနယ်သော ကလေးငယ်များကို ဆရာ/ဆရာမများမှ စာသင်ကြားခြင်း သက်သက်မျှ မဟုတ်ဘဲ အားကစား ဂီတ ပန်းချီ ဘာသာစကား စသည့် လွတ်လပ်ပေါ့ပါးသော
ကလေးငယ်များလိုက်နာနိုင်သော စည်းကမ်းဘောင်အတွင်းမှခေတ်မီ သင်ကြားရေး နည်းစနစ်များဖြင့် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ကစားရင်း သင်ယူခွင့် ရရှိနိုင်ရန်။

📌စိတ်လုံခြုံမှု ကိုယ်လုံခြုံ မှု အပြည့်ဖြင့် ငယ်ဘဝ၏ စာသင်ခန်း အတွင်း စာသင်ကြားရခြင်း အနှစ်သာရ အပြည့် ရရှိနိုင်ရန်။

📌သင်ကြားရေးတွင် စိတ်လုံခြုံစွာ စိတ်ဒါဏ်ရာ
မပါဘဲ ငယ်ဘဝ ရရှိခဲ့သော စိတ်ပျော်ရွှင် ကျေနပ်ခြင်းသည် တစ်ဘဝလုံး ရပ်တည်မှု အတွက်များစွာ လွှမ်းမိုး အကျိုးသက်ရောက် အထောက်အကူ ဖြစ်စေ၍
ထိုသို့သော အချက်များ ရရှိနိုင်ရန်
သို့ အမြန်ဆုံး လာရောက်လေ့လာ စာရင်းသွင်း အပ်နှံကြပါစို့။

🫅 (RCIS)မှာ ကလေးငယ်များကို အသက် (2)နှစ် မှ (15)နှစ် အရွယ် ကလေးငယ်များကို လက်ခံ သင်ကြားပေးမှာ ဖြစ်ပါတယ်။

✍️ တည်နေရာကတော့
ခုချိန်ကာလမှာ မိဘများ အကြိုက် ဆီမကုန် လူမပန်းသော နေရာ (64လမ်း*သိပ္ပံလမ်း)မှာ ကလေးတွေ လုံခြုံအေးချမ်းစွာပညာသင်ယူနိုင်ဖို့ အဲကွန်း တပ်ဆင်ထားသော စာသင်ခန်းများတွင် လုံခြုံရေးအတွက် CCTV အပြည့်
တပ်ဆင်ပေးထားပြီး သဘာဝဘေးအန္တရာယ် ကင်းရေးအတွက် ရှေ့ရှု တည်ဆောက်ထားသော တစ်ထပ် အဆောက်အဦးများ နှင့် အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနိုင်ဖို့ မှာအမြန်ဆုံး စာရင်းသွင်း အပ်နှံလိုက်ကြပါစို့။

🏛️


💥Theikpan Campus
64th Street
Between 101&101A Road
Chanmyatharsi Townships
Mandalay
☎️09-772060922








Photos from Central - Montessori International Centre's post 25/09/2024

မန္တလေးမြို့တွင် ဖွင့်လှစ်သည့်
CENTRAL-Montessori International Centre ( #ကျောင်းအပ်လက်ခံပြီ)

👯 နုနယ်ဖြူစင်သော သင်ယူစ အနာဂတ်ကြယ်ပွင့်လေးများဖြစ်တဲ့ ကလေးငယ်လေးများရဲ့ ဘဝအစ မှန်ကန်သော ပြုစုပျိုးထောင်မှု

👯 စိတ်ဒါဏ်ရာမပါသော ပေါ့ပါးပျော်ရွှင်တက်ကြွသော ဘဝကိုရရှိဖို့အကောင်းဆုံးဖြစ်စေချင်သော ဖေဖေ‌၊ မေမေတို့ မျှော်လင့်ထားတဲ့ အကောင်းဆုံးနည်းစနစ်များ နှင့် လေ့ကျင့်ပျိုးထောင်နိုင်ဖို့အတွက် ဖေဖေ မေမေ တို့ရဲ့ ချစ်ရလွန်းတဲ့ သားသား မီးမီးလေးများအတွက် ကမ္ဘာ‌ေပါ်မှာ ကလေး ပြုစု ပျိုးထောင်နည်း စနစ်များထဲမှ တစ်ခု အပါအဝင်အကောင်းဆုံးသော သင်ကြားရေး သင်ရိုးနည်းစနစ်တခု ဖြစ်တဲ့ Montessori Method 📥ဖြင့် သင်ကြားပြုစု ပျိုးထောင်ပေးမည့် ကလေးတွေကို ဦးနှောက်ပိုင်း ဆိုင်ရာတင်မက ကိုယ်ကျင့်တရားကောင်းမွန်အောင်အပြင် ကိုယ့်ကို ကိုယ်ထိန်းနိုင်ပြီးသူတပါးကို မှီခိုလိုစိတ် (independent person) တယောက် အဖြစ် ရပ်တည်နိုင်အောင် အခြေခံကောင်းများ ရရှိအောင် လေ့ကျင့် ပျိုးထောင် ပေးမည့် 📥Montessori Method နည်းစနစ်ဖြင့် အသုံးပြု လေ့ကျင့် သင်ကြားပေမည့် ဒို့ မန်းရွှေမြို့ ရဲ့ CENTRAL - Montessori International Centre ဖြစ်ပါတယ်။

👯 CENTRAL Montessori က Montessori Method နှင့် ပျိုးထောင်ရာတွင် ငယ်ရွယ် နုနယ်သော ကလေးငယ်များကို ဆရာမက စာသင်တာမျိုး မဟုတ်ဘဲ ကလေးတွေကို လွတ်လပ်ပေါ့ပါးသော သူတို့ လိုက်နာနိုင်သော စည်းကမ်းဘောင်လေး အတွင်းမှ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်ခွင့်ပေးပြီး လက်တွေ့ ပြုလုပ်ခြင်း နည်းများဖြင့် ကစားရင်း သင်ယူကြရမှာ ဖြစ်ပါတယ်။

⛹️ ထိုကဲ့ သို့ လေ့ကျင့် ပျိုးထောင်ပေးရခြင်းမှာ ကလေးငယ်လေးများ ကြီးပြင်း လာချိန်တွင် -
🏆မိမိကိုယ် မိမိ ယုံကြည်ချက်များ တည်ဆောက် ရရှိနိုင်ရန်
🏆ပေါင်းသင်း ဆက်ဆံရေး ကောင်းစေရန်
🏆သင်းကြားမှု စတင်ခံယူခဲ့ကြသော ငယ်ဘဝတွင် စိတ်ဒါဏ်ရာများ မရရှိကြဘဲ ငယ်ဘဝတွင် ရရှိခဲ့သော စိတ်ပျော်ရွှင် ကျေနပ်ခြင်း၏ အနှစ်သာရသည် တစ်ဘဝလုံး စိတ်လုံခြုံမှုနှင့် ဘဝရပ်တည်မှုအ‌ေပါ် တွင် လွှမ်းမိုးအကျိုးသက်ရောက်မှု ရရှိခြင်းများကို များစွာအထောက်အကူ ပြုနေရန် အတွက်ရည်ရွယ် လေ့ကျင့်ပေးရခြင်းဖြစ်ပါတယ်။

🧑‍🤝‍🧑 CENTRAL- Montessori မှာ
ကလေးငယ်များကို အသက် (2)နှစ်မှ (6)နှစ် အရွယ်ကလေးငယ်များကို လက်ခံ ပျိုးထောင်ပေးမှာ ဖြစ်ပါတယ်ရှင်။

🧑‍🤝‍🧑ဒီလို အသက်အရွယ်လေးတွေကို လက်ခံ ခြင်း အားဖြင့်အငယ်လေးတွေက အကြီးလေးတွေ ဆီက အတုယူ သင်ကြားနိုင်ရန် နှင့် အကြီးလေးတွေက အငယ်လေးတွေကို ညှာတာ ရိုင်းပင်းတတ်ရန် အတွက် ရည်ရွယ်မှု ပါတဲ့ method ဖြစ်ပါတယ်ရှင်။

⛹️ ကလေးတစ်ယောက်ချင်းစီရဲ့ အားသာချက်၊ အားနည်းချက်အပေါ်မူတည်ပြီး စိတ်ဖိစီးမှု မရှိစေဘဲ တဦးချင်းကို ဂရုစိုက်သင်ကြားပေးပြီး၊ ကလေးရဲ့ စိတ်ကို အဓိကထားပြီး၊ ကလေးရဲ့ activity ကို တိုးတက်စေမယ့် ကလေးဗဟိုပြု သင်ကြားပျိုးထောင်ပေးမည့် နည်းစနစ် ဖြစ်သည့် Montessori Method ကို ကလေးငယ်လေးက အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်ရှင်။

✍️🌐 Montessori Method ကို Dr. Maria Montessori (Italy နိုင်ငံသူ) က လွန်ခဲ့သော နှစ်ပေါင်း (100)ကျော်က စတင် ပြုစု တည်ထောင် ခဲ့တာ ဖြစ်ပြီး 🌐ယခုအခါ ကမ္ဘာတဝှမ်းလုံး USA, Canada, UK, Europe, Japan, Singapore အပါအဝင် နိုင်ငံပေါင်း( 120)ကျော်မှာ ကျောင်းပေါင်း (22,000) ဖွင့်လှစ် သင်ကြားနေကြပြီ ဖြစ်ပါတယ်။

Montessori Method မှာ ကလေးငယ်များသည် တကယ့် သဘာဝလက်တွေ့ကျသော သင်ယူမှု သင်ထောက်ကူ ပစ္စည်းများ Montessori အထောက်အကူ ပစ္စည်းများကိုသာ အသုံးပြု သင်ကြားကြရမှာ ဖြစ်ပါတယ်။

💥 ဒါကြောင့် Montessori Method နည်းစနစ်မှန်မှန်ဖြင့် သင်ကြား ပျိုးထောင်ပေးမည့်
📌ကလေးတစ်ယောက်ရဲ့ သိလိုစိတ်
📌စူးစမ်းလေ့လာလိုစိတ် တို့ကို အလေးထားပီး
📌သူတပါးကို ‌အနှောင့်အယှက် ပေးလိုသောစိတ်မျိုး ကို မဖြစ်စေသော
💥ကိုယ်ပိုင်ရွေးချယ်ခွင့်
💥ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုသာ အလေးထား အသားပေး လေ့ကျင့်ပျိုးထောင်ပေးသော
Montessori Method အတိုင်း
Montessori သင်ကြားရေး အမှန်
Montessori Method အပြည့်ဖြင့်
Montessori Method ၏ လေ့ကျင့်မှု သင်ကြားရေးအခန်း လေ့ကျင့်ရေးပစ္စည်း စစ်စစ်များကိုသာ အမှန်တကယ် သုံးစွဲ သင်ကြားလေ့ကျင့်ပေးသည့် မန္တလေးမြို့ မှ CENTRAL- Montessori International Centre ကို အမြန်လာရောက် စာရင်းသွင်းအပ်နှံလိုက်ပါ။

CENTRAL - Montessori International Centre က ဘယ်နေရာမှာလဲ?
📣 ခုလို အချိန်ကာလမှာ မိဘတွေအကြိုက် ဆီမကုန် လူမပန်းတဲ့
မန္တလေးမြို့အတွင်း မှာ ကလေးလေးတွေ လုံခြုံအေးချမ်းစွာ သင်ယူနိုင်မည့် အပြင် ကလေးများလုံခြုံဘေးကင်းမှုအတွက် CCTV အပြည့် တပ်ဆင်ထားသည့် အဲကွန်း ဖွင့်ပေးထားမည့် CENTRAL- Montessori International Training Centre ရဲ့ တည်နေရာကတော့

CENTRAL - Montessori International
🏛️Centre (1)
No.(190) 36လမ်း၊
(82လမ်း* 83လမ်းကြား)
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
☎️ Phone: 09 77 2060 922

Central - Montessori International
🏛️Centre (2)
58လမ်း(132-133)ကြား၊
ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့
☎️ Phone - 09 772060922

အမြန်စာရင်းသွင်းထားလိုက်တော့နော်...

10/07/2024

📜Central - Montessori International Centre ကို ယုံကြည်စွာ အပ်နှံခဲ့သော babyလေးများ ၏ မိဘများထဲမှ မေမေတစ်ဦးရဲ့ တီချယ်များ အမောပြေစေသော တက်ညီလက်ညီ ကြိုးစားခဲ့ကြသော ရလဒ်reviewလေး📜🥰🥳🙏🙏🙏
📜ကစ်ကစ်လေး ကို အခု ၂နှစ်နဲ့၇လအရွယ်လေးမှာတော်တော်များများက ကလေးလေးက သွက်တယ် လူမကြောက်ဘူး စကားလဲတတ်တယ် အမျိုးမျိုးပြောကြတယ် အဓိကက သူ့ပင်ကိုယ်ဥာဏ်အပြင် ရွေးချယ်ခဲ့တဲ့ကျောင်းရဲ့ နည်းစနစ်ကျနမှုလဲပါပါတယ်
ကစ်ကစ်လေးတက်နေတဲ့ ကျောင်းက Montessori Method ဖြစ်တာကြောင့် ပိုစိတ်တိုင်းကျခဲ့ရတယ်

ကစ်ကစ်လေး ၂နှစ်မှာ Central - Montessori International Centre မှာ စ ထားခဲ့ပါတယ် စထားတုန်းကအစမ်းအနေနဲ့ part time ပါ ဘေဘီ့အခြေနေကြည့်ပြီး ဆရာမကြီးရဲ့ဆုံးဖြတ်ချက်အရ ၂လလောက်နဲ့ full time ပြန်ပြောင်းထားခဲ့ပါတယ်
တချို့ကတော့ ကလေးလေး မိဘရင်ခွင်နေရမယ့်အရွယ်လေးကို ထားတယ် ဘာညာ အပြစ်ဆိုကြတာပေါ့နော်
ကိုယ့်အနေနဲ့က အွန်လိုင်းအလုပ်လုပ်ရတဲ့မေမေဖြစ်တာကြောင့် ကလေးကိုသွန်သင်မှု ထိန်းကျောင်းမှုအပိုင်းမှာ အားနည်းပြီး ဖြစ်သလို ထားမိမှာစိုးရိမ်တာနဲ့ စောစော join ခဲ့တာပါ

ကစ်ကစ်လေးကို ကျောင်းစထားတုန်းက Diaper လုံးဝမလွတ်သေးပါဘူး ဆရာမလေးတွေရဲ့ စိတ်ရှည်မှု သည်းခံမှုတွေနဲ့အတူ အခုဆို ရှူး” အီး” ပြောတတ်ပြီး diaper လွတ်သွားပါပြီ (ဒီအချက်လေးကို အကျေနပ်ဆုံးပါပဲ အစကအရမ်းစိုးရိမ်ခဲ့တာ ကလေးလေးကိုငြိုငြင်မှာ အဆင်မပြေဖြစ်မှာကို)

ငယ်ငယ်လေးနဲ့ကျောင်းထားတဲ့အခါ ပထမဆုံးရင်ဆိုင်ရတာကတော့ ကျောင်းပို့ရင်ငိုတာပါ (တချို့တော့ငိုချင်မှငိုမယ်) ကစ်ကစ်ကတော့ ငိုပါတယ် စထားတဲ့လကနေစပြီး ၂-၃လလောက်ထိ တချို့ရက်တွေ အမေကိုတွယ်ပြီး ငိုတယ် တချို့ရက်တွေကျလဲ သူ့အသိစိတ်လေးနဲ့သူ အေးဆေးလေးသွားတယ် အခုဆို လုံးဝကို မငိုတော့ပါဘူး သူပုံမှန်လုပ်ဆောင်ရမယ့်အရာဆိုတာကို သူလက်ခံသွားပုံပါပဲ ။

နောက်တစ်ခုက ကစ်ကစ်လေးက အရမ်း independent ဖြစ်တာပါ ဘယ်အရာမဆို ကိုယ်တိုင်လုပ်ချင်တာပါ လှေကားတက်တာကအစ ထမင်းစား ရေသောက် ခုဆို Toilet သွားတာတောင် ခုံလေးယူပြီး သူကိုယ်တိုင်တက်နေလို့ မေမေတို့ကို အသိပေးပြီးမှ တက်ဖို့မှာနေရပါတယ် ။ independent ဖြစ်ချင်းရဲ့အားသာချက်က ဘယ်သွားသွားသူ့အတွက်အလုပ်တစ်ခုပိုမနေတော့ပါဘူး မနက်စာစားရင်လဲ သူ့အတွက်ခွဲပေးထားယုံနဲ့ သူ့ပါသူအေးဆေးလေးစားနေတာမျိုး… တနေရာရာသွားကြရင်လဲ ချီခိုင်းပွေ့ခိုင်းတာမျိုးမရှိဘဲ သူကိုယ်တိုင်တတ်နိုင်သ၍ လိုက်ပါသွားလာတာမျိုး စသဖြင့်ပေါ့…

စာတတ်မြောက်မှုအပိုင်းကတော့ ကလေးလေးငယ်သေးတာမို့ တအားမမျှော်လင့်ထားပေမယ့် ကိုယ်အံ့အားသင့်ရလောက်တဲ့အထိ တချို့စကားလုံး အပြောဆိုလေးတွေ Vocab လေးတွေသူသိနေပါပြီ ဒီကျောင်းလေးက international ကျောင်းလေးမို့ အသုံးနှုန်းလေးတွေကလဲ e လိုပဲ used to ပါ

နိဂုံးချုပ်အနေနဲ့ပြောရရင် - ကိုယ်တိုင်က ကလေးလေးကို international တွေမှာထားဖို့ရည်ရွယ်ထားရင် ၂နှစ်/၂နှစ်ခွဲလောက်မှာ ဒီလိုကျောင်းလေးကြိုjoinဖို့အကြံပေးပါရစေ ။ ဒါမှသာ ကလေးလေးတွေ ကျောင်းနဲ့စိမ်းမနေဘဲ အစစအရာရာ သူတို့ကိုယ်သူတို့ အားကိုးတတ်တဲ့အလေ့ကျင့်ကောင်းလေးတွေနဲ့အတူ ကျောင်းပျော်လေးတွေအဖြစ် ဖေဖေမေမေတို့ စိတ်ချမ်းသာစွာတွေ့ရမှာပါ ။တကယ်ကို အကျိုးရှိပြီး နည်းမှန်လမ်းမှန်တဲ့ ကျောင်းလေးမို့ မေတ္တာနဲ့ ညွှန်းပေးလိုက်ပါတယ် ။
Review ရေးနေမကျတဲ့ သာမန်မေမေတစ်ယောက်အနေနဲ့မို့ စာလေးတွေအစီစဉ်မကျရင် သည်းခံဖတ်ပေးပါနော် ။
တခြားကလေးလေးနဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေသိချင်ရင် လာမေးပါနော် ကိုယ်သိသလောက်လေး လမ်းညွှန်ပေးပါမယ်

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


36th Street, 82nd&83rd Road
Mandalay