11/08/2023
Global Warming ကို လျှော့ချနိုင်မဲ့ Google AI
ဩဂုတ် ၉ရက်နေ့က ထုတ်ပြန်ခဲ့တဲဘ ကြေငြာချက်တစ်ခုမှာ Google ဟာ Airline တစ်ခုနဲ့ပူးပေါင်းပြီး လေယာဉ်ပျံတွေက ထုတ်လွှတ်တဲ့ Contrails တွေကို လျှော့ချနိုင်ဖို့ AI တစ်မျိုး တည်ဆောက်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။
Contrails ဆိုတာကတော့ လေယာဉ်ပျံတွေ အထူးသဖြင့် Jet Fighter တွေပျံသန်းတဲ့အခါဖြစ်ပေါ်လာတဲ့ အဖြူရောင် မီးခိုငွေ့ပုံစံ တိမ်အတန်းလိုက်ကြီးကိုဆိုလိုတာပါ။
ဒီ Contrails တွေဟာ လေယာဉ်ပျံတွေရဲ့ Exhaust Engines တွေကနေ ထုတ်လွှတ်တဲ့အငွေ့တွေ ခဲသွားတဲ့အခါမှာ ဖြစ်ပေါ်လာပါတယ်။ UN ရဲ့ ပြောကြားချက် အရ ဒီတိမ်ခိုးငွေ့တွေက ပျံသန်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ Global Warming Effect ရဲ့ သုံးပုံတစ်ပုံအထိ သက်ဆိုင်နေပါတယ်။
ဒါကြောင့် Google ဟာ သူ့ရဲ့ AI ကို Satellite ဓာတ်ပုံ၊ ရာသီဥတု အခြေအနေ နှင့် ပျံသန်းတဲ့လမ်းကြောင်းတွေ အစရှိတဲ့Data တွေထည့်ပြီး Contrails တွေအများဆုံးလျှော့ချနိုင်တဲ့ ပျံသန်းမှုလမ်းကြောင်းများကို Generate လုပ်ခိုင်းခဲ့ပါတယ်။
US Pilots တွေဟာ ဒီ AI-generated လမ်းကြောင်းတွေအတိုင်း ၆လကြာကာလအတွင်း အကြိမ် ၇၀ ပျံသန်းခဲ့ပါတယ်။ အကျိုးရလဒ်အနေနဲ့ကတော့ တိမ်ခိုးတိမ်ငွေ့အတန်းကြီးတွေကို 54% အထိလျှော့ချနိုင်ခဲ့ပါတယ်။
တီထွင်ကြံဆတတ်တဲ့သူတွေကတော့ AI ကို အကောင်းဆုံး အသုံးချနေပါပြီ။ မိတ်ဆွေတို့လည်း ခေတ်နောက်ကျမကျန်ခဲ့ရအောင် စတင်လေ့လာကြပါ။
စေတနာများစွာဖြင့်