Kyaw Kyar Private High School - Mandalay

Kyaw Kyar Private High School - Mandalay

Share

Private High School

11/11/2025

မန္တလေးဆေးတက္ကသိုလ်ဝင်ခွင့်ရရှိခဲ့ကြသော ကျော်ကြားကပကရဲ့သမီးငယ်လေးများအတွက် မိဘများနှင့်ထပ်တူ အတိုင်းမသိဝမ်းသာဂုဏ်ယူရပါသည်။ပညာရေးခရီးလမ်းဖြောင့်တန်းထွဠ်ထိပ်ရောက်စေသောစ်။။ 85.မရွှန်းလဲ့မှူးအောင် 267. 155.မရွှန်းလဲ့မေ 263။ 189.မခင်နဒီဇော်262.

Photos from Kyaw Kyar Private High School - Mandalay's post 27/09/2025

ကျော်ကြား ကိုယ်ပိုင်အထက်တန်းကျောင်းမှ
ကျောင်းသူလေးများဖြစ်တယ့်

✨ မနခ ၁၆၃ မရွှန်းလဲ့မှူးအောင်
✨ မနခ ၁၄၃ မခင်နဒီဇော်
✨ မနခ ၁၄၉ မရွှန်းလဲ့မေ တို့သည်

🩺 ဆေးတက္ကသိုလ်ဝင်ခွင့်လူ‌‌ေတွ့ နှုတ်‌မေးစာမေးပွဲသို့ ဝင်‌ေရာက်ဖြေဆိုခွင့် ရသည့်အတွက် မိဘများနှင့်ထပ်တူ ကျော်ကြားကပက မှ အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။

IC Thet Naing

Photos from Kyaw Kyar Private High School - Mandalay's post 30/08/2025

ကျော်ကြားရဲ့ငါးဘာသာဂုဏ်ထူးရှင်နှင့်အမှတ်တရ။

Photos from Kyaw Kyar Private High School - Mandalay's post 01/08/2025

2025ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမှတ်တမ်း✨
၁။ မနခ-၁၆၃ အ၊သ၊ဓ၊ရ၊ဇ
၂။မနခ-၁၃၉ ဓ၊ရ၊ဇ
၃။မနခ-၁၄၃ ဓ၊ရ၊ဇ
၄။မနခ-၁၄၆ ဓ၊ရ၊ဇ
၅။မနခ-၁၄၈ ဓ၊ရ၊ဇ
၆။မနခ-၁၄၉ ဓ၊ရ၊ဇ
၇။မနခ-၁၅၄ ဓ၊ရ၊ဇ
၈။မနခ-၅၅၉ ဓ၊ဇ
၉။မနခ-၁၄၁ ဇီ
၁၀။မနခ-၁၄၇ ဇီ
၁၁။မနခ-၁၅၅ ဇီ
၁၂။မနခ-၁၅၉ ဇီ
၁၃။မနတ-၁၈၄၁ ဇီ
၁၄။မနအ-၇၇၅ ဇီ
ရိုးရိုးအောင်နှင့်ဂုဏ်ထူးများဖြင့်‌ေအာင်မြင်သူများအားလုံးကိုဂုဏ်ပြုအပ်ပါသည်။

26/07/2025

2025ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမှတ်တမ်း✨
၁။ မနခ-၁၆၃ အ၊သ၊ဓ၊ရ၊ဇ
၂။မနခ-၁၃၉ ဓ၊ရ၊ဇ
၃။မနခ-၁၄၃ ဓ၊ရ၊ဇ
၄။မနခ-၁၄၆ ဓ၊ရ၊ဇ
၅။မနခ-၁၄၈ ဓ၊ရ၊ဇ
၆။မနခ-၁၄၉ ဓ၊ရ၊ဇ
၇။မနခ-၁၅၄ ဓ၊ရ၊ဇ
၈။မနခ-၅၅၉ ဓ၊ဇ
၉။မနခ-၁၄၁ ဇီ
၁၀။မနခ-၁၄၇ ဇီ
၁၁။မနခ-၁၅၅ ဇီ
၁၂။မနခ-၁၅၉ ဇီ
၁၃။မနတ-၁၈၄၁ ဇီ
၁၄။မနအ-၇၇၅ ဇီ
ရိုးရိုးအောင်နှင့်ဂုဏ်ထူးများဖြင့်‌ေအာင်မြင်သူများအားလုံးကိုဂုဏ်ပြုအပ်ပါသည်။

07/07/2025

7.7.2025
ကျောင်းကောင်စီကတိသစ္စာခံယူပွဲ

Photos from Kyaw Kyar Private High School - Mandalay's post 07/07/2025

7.7.2025
ကျောင်းကောင်စီကတိသစ္စာခံယူပွဲ

05/06/2025

ယုံကြည်မှုအတွက် အထူးကျေးဇူးတင်ပါသည်။

Photos from Kyaw Kyar Private High School - Mandalay's post 16/05/2025

✨ 2025 ~ 2026 ပညာသင်နှစ် အတွက် စာရင်းလက်ခံနေပါပြီ ✨

🏫 22.5.2025 ကြာသာပတေးနေ့ တွင်
ကျောင်းအပ်လက်ခံပါမည်။

🗓️ 2.6.2025 တွင် အတန်းများအားလုံး
စတင်ဖွင့်လှစ်သင်ကြားပါမည်။

ကျောင်းသူ/ ကျောင်းသား
များအတွက် သင်ကြားရေးအဆင်ပြေ စေရန် နှင့် စိတ်လုံခြုံမှု ဘေးအန္တရာယ် ကင်းရှင်းမှု ရှိစေရန် လုံခြုံမှုအပြည့်ရရှိစေမည့် တစ်ထပ်ဆောင်စာသင်ခန်းများအား အရည်အသွေးပြည့်၀သော အင်ဂျင်နီယာများနှင့်အတူ အင်တိုက်အားတိုက်
ထပ်မံဆောက်လုပ်ဖြည့်စည်းပေးနေပါသည်။

ဝါရင့်သဘာရင့် ဆရာကြီး ဆရာမကြီးများနှင့်ဖွဲ့စည်းထားပြီး ‌ စည်းကမ်းပြည့်ဝသော စိတ်အေးငြိမ်းစေသော ရပ်၀န်းမှာ ပညာသင်ကြားလိုသူများအတွက် ရွေးချယ်စရာ

👉 ကျော်ကြား ပညာရေး 👈

01/05/2025

"မိဘများအတွက် ရွှေရင်အေး"

ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မိဘများနှင့်ကျောင်းသားများသည် ပညာရေးနှင့်စိတ်လုံခြုံအန္တရာယ်ကင်းရှင်းရေးအတွက် အထူးပူပင်သောက ရောက်ခဲ့ရပါသည်။ကျော်ကြား ကျောင်း၏ အဆောက်အဦးအချို့မှာလည်း ငလျင်ဒဏ် သင့်ခဲ့ပါသည်။

ငလျင်ဒဏ်သင့် အဆောက်အဦးများ၏ ကြံ့ခိုင်ရေးနှင့် ပတ်သက်ပြီး ကျွမ်းကျင်သော ဆောက်လုပ်ရေး အတွေ့အကြုံ ပညာရှင်များ,အင်ဂျင်နီယာများ နှင့် ဆောက်လုပ်ရေး company များက အကြိမ်ကြိမ် စစ်ဆေးခဲ့ပါသည်။ထို့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(မန္တလေး) MEAG မှ Dr.လှမျိုးအောင် ဦးဆောင်သော အင်ဂျင်နီယာ အဖွဲ့မှလည်း လူအား,စက်အား တို့ဖြင့် သေချာစွာစစ်ဆေးပြီး လိုအပ်သည်များကို အကြံပြုမှာကြားခဲ့ပါသည်။၎င်းတို့၏အကြံပြုချက်များအတိုင်း အဆောက်အဦးများမူလအနေအထား ကြံ့ခိုင်မှု ပြန်လည်ရရှိနိုင်စေရန် လိုအပ်သောပြုပြင်ထိန်းသိမ်းမှုများကို အောင်ဇမ္ဗူကျော် Company မှ တာ၀န်ယူပြုလုပ်ပေးနေပါသည်။

အထူးသဖြင့် အထပ်မြင့်အဆောက်အဦးများကို စိုးရိမ်နေကြသောမိဘများအတွက် ရွှေရင်အေးရအောင် 2025.2026 ပညာသင်နှစ်တွင် တန်းခွဲများအားလုံး၏ #စာသင်ဆောင်များကိုတစ်ထပ်ဆောင် များဖြင့်သာ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်အောင် ကျော်ကြား ကပကမှ စီစဉ်ထားရှိပြီး ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

ကျော်ကြားကိုယုံကြည်စိတ်ချချစ်ခင်သူများအားလုံးဤpostကို ရှယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

27/04/2025

သဘာ၀ဘေးဒဏ်ကြောင့် စာမေးပွဲအဖြေစာရွက်များ ပျက်စီးဆုံးရှုံးမှုများဖြစ်သွားပါသဖြင့်2025တက္ကသိုလ်၀င်တန်းစာမေးပွဲကို16.6.2025မှစ၍ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်းပညာရေး၀န်ကြီးဌာနမှသတင်းထုတ်ပြန်ခဲ့ပါသည်။

ကျော်ကြား ကပက တွင် 2025 ပညာသင်နှစ်အတွက် G -12 တတ်ရောက်ခဲ့ကြသောသားတို့သမီးတို့နှင့်မိသားစု၀င်များမှာ သဘာ‌၀ဘေးဒဏ်ကိုအနည်းနှင့်အများထိခိုက်ခံစားခဲ့ရပြီးစိတ်နှလုံးညှိုးနွမ်းမှုများကြုံတွေ့ခဲ့ရမည်မှာအမှန်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကျော်ကြား ကပက မှတည်ထောင်သူဆရာကြီးနှင့် ဘာသာရပ်ဆရာဆရာမများအားလုံးညှိနှိုင်းပြီး ဖေးမ ကူညီသည့်အနေဖြင့်တက္ကသိုလ်၀င်တန်းစာမေးပွဲများပြန်လည်ဖြေဆိုနိုင်ကြစေရန်သင်ကြားရေးအတွက် မေလဆန်းမှစ၍ #လုံး၀လုံး၀အခမဲ့ ပြန်လည်သင်ကြားပေးသွားပါမည်။

လိုအပ်သောအခြားအခက်အခဲများရှိပါကလည်းသားတို့သမီးတို့ကိုတတ်စွမ်းနိုင်သမျှအကူညီများပေးအပ်သွားပါမည်။

သို့ဖြစ်၍ မေလ2ရက်နေ့မှစတင်၍ ကျော်ကြား ကပက ရုံးခန်းသို့ အမြန်ဆုံးဆက်သွယ်ကြပါရန် နွေးထွေးစွာဖိတ်ခေါ်အပ်ပါသည်။

သားတို့သမီးတို့နှင့်အမြဲရှိနေမည့်
" ကျော်ကြား" ကိုယ်ပိုင်ကျောင်း

Photos from Kyaw Kyar Private High School - Mandalay's post 04/04/2025

ငလျင်ဘေးအတွက် 87 IC Group နှင့် Kyaw Kyar Family တို့၏ အလှူ

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


25-87C×88
Mandalay