Grow With Wai

Grow With Wai ဂျပန်သွားချင်သူတိုင်း Amazing နဲ့ အကောင်အထည်ဖော်လိုက်ပါ။

Golden Week မှာ ဒို့ဆိုတစ်နေကုန် အိပ်ပစ်မှာကွာ 😎အလုပ်လုပ်ရတာ ပင်ပန်းတော့အလုပ်ကပေးနားတုန်းအပြည့်အဝနားရမယ်လေနော် 🤭မိနစံတို...
04/05/2025

Golden Week မှာ ဒို့ဆို
တစ်နေကုန် အိပ်ပစ်မှာကွာ 😎

အလုပ်လုပ်ရတာ ပင်ပန်းတော့
အလုပ်ကပေးနားတုန်း
အပြည့်အဝနားရမယ်လေနော် 🤭

မိနစံတို့ရော ဘာတွေလုပ်ခဲ့လဲဆိုတာ
Comment မှာ ပြောပြခဲ့ပါဦးရှင့် 🙆🏻‍♀️




02/05/2025

ခုထိ ကိုယ့်မှာ ဟိုလှန်၊ ဒီလှန်နဲ့
လှန်လို့ကောင်းတုန်း

စာရွက်ပြောပါတယ် 🙁

စာလုပ်ရမယ်....စာလုပ်ရမယ်....




🎓 Scholar Season တွေလည်း ပြန်စပြီဆိုတော့ဘာတွေပြင်ဆင်ထားရမလဲဆိုတာ သေသေချာချာ သိပြီလား 🤔⁉️ဒီနေ့ Amazing လေးတို့ကို ပြောပြပ...
01/05/2025

🎓 Scholar Season တွေလည်း ပြန်စပြီဆိုတော့
ဘာတွေပြင်ဆင်ထားရမလဲဆိုတာ သေသေချာချာ သိပြီလား 🤔⁉️

ဒီနေ့ Amazing လေးတို့ကို ပြောပြပေးချင်တဲ့အကြောင်းအရာလေးက ဒီရာသီဆို ဂျပန်မှာ Scholar Program တွေ Application စတင်လက်ခံတဲ့ရာသီပေါ့။

ဒါကြောင့် ကိုယ့်ဘက်က ဂျပန်မှာ ကျောင်းလျှောက်ချင်တယ်၊ ကျောင်းနဲ့သွားမယ်၊ Scholar လျှောက်မယ်ဆို ဒီနေ့ပြောတာလေးတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်နော်။

✅ ဂျပန်စာ အနည်းဆုံး N4 Level (or) N3 Level အထိ သင်ထားပါ။
ဂျပန်ဆိုတာ သိတဲ့အတိုင်း သူတို့နိုင်ငံရဲ့ ဘာသာစကားကို အလေးထားတဲ့နိုင်ငံဖြစ်တာကြောင့် ဂျပန်စာကို Basic ကနေ N3 Level အထိ တက်မြောက်ထားဖို့ လိုအပ်ပါတယ်နော်။ ဒါမှ ကျောင်းလျှောက်တဲ့အခါ အင်တာဗျူးမှာ အခက်မတွေ့မှာဖြစ်ပါတယ်။

✅ စာရွက်စာတမ်းပြည့်စုံအောင် ပြင်ဆင်ထားပါ။
များသောအားဖြင့် ဆယ်တန်းအောင်လက်မှတ်၊ အထက်တန်းပြီးဆုံးကြောင်းလက်မှတ်၊ ဂျပန်စာအောင်လက်မှတ်၊ Passport လက်မှတ် စတာတွေလိုအပ်ပါတယ်။ Program အလိုက်၊ ကျောင်းအလိုက်ကတော့ တစ်ကျောင်းနဲ့တစ်ကျောင်း မတူညီနိုင်တာကြောင့် Notary ပြန်တာတွေကိုလည်း ဂရုတစိုက်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်နော်။

✅ ကိုယ်လျှောက်မယ့် ကျောင်း၊ Program အကြောင်း သေချာလေ့လာထားပါ။
ဂျပန်မှာက မြို့အလိုက်၊ ခရိုင်အလိုက်ရှိတဲ့ကျောင်းတွေကပေးတဲ့ Scholar Program တွေက မတူညီနိုင်တာကြောင့် ခေါ်ဆိုတဲ့ Intake, Application ဖွင့်တဲ့ Date, Deadline, School Activities စတာတွေကို အသေးစိတ်လေ့လာထားဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကျောင်းပြီးရင် အလုပ်အကိုင်တွေအနေနဲ့ရော ဘာတွေရှိလဲ၊ ကျောင်းတက်နေစဉ်အတွင်းရော အချိန်ပိုင်းလုပ်ခွင့်ရှိ၊ မရှိ စတာတွေကို စီနီယာတွေကိုမေးတာ၊ (သို့) မိမိကိုယ်တိုင် စုံစမ်းတာ၊ မြန်မာမှာရှိတဲ့ အေဂျင်စီတွေနဲ့ ချိတ်ဆက်တာ စတာတွေ ပြုလုပ်သင့်ပါတယ်။

ကဲ ဒါကတော့ Scholar Season မှာ ကိုယ်တိုင်ပြင်ဆင်ထားရမယ့် အချက်ကလေးတွေပဲဖြစ်ပါတယ် 🥰

လာမယ့် 2026 April Intake အတွက် COE အောင်ချက် 100% ရရှိထားတဲ့ Kaigo Scholar မိန်းကလေးသီးသန့်အတွက် လျှောက်လွှာတွေလည်း ခေါ်နေတာဖြစ်လို့ ‌အသေးစိတ်ကို အောက်က Link ကနေတစ်ဆင့် ကြည့်နိုင်ပါတယ်။

🖇️ https://www.facebook.com/share/p/19eLJnxJGh/?mibextid=oFDknk

🇯🇵 ဂျပန်သွားမယ့် အိပ်မက်
Amazing JLC နဲ့ ချိတ်ဆက် 🤝




ပိတ်ရက်လည်းဖြစ်၊ စာကလည်း လုပ်ချင်သလိုလို၊ မလုပ်ချင်သလိုလိုနဲ့မမဆောင်းဖြစ်နေတယ်ဆို နည်းလမ်းလေးတစ်ခုပြောပြမယ်နော်...ဒါကတော...
30/04/2025

ပိတ်ရက်လည်းဖြစ်၊ စာကလည်း လုပ်ချင်သလိုလို၊ မလုပ်ချင်သလိုလိုနဲ့
မမဆောင်းဖြစ်နေတယ်ဆို နည်းလမ်းလေးတစ်ခုပြောပြမယ်နော်...

ဒါကတော့ Anime ကြည့်ပြီး စာလုပ်တာပေါ့ အဟိ 😁

Anime ကြည့်ရင်း အပန်းလည်းဖြေ၊ ဇာတ်ကားထဲမှာပါတဲ့ Kaiwa လေးတွေလည်း မှတ်ရင်းနဲ့ဆို စာလည်းလုပ်ဖြစ်၊ အပန်းလည်းဖြေဖြစ်တာပေါ့ကွယ်...

ဆိုတော့ ပိတ်ရက်မှာ Anime ဇာတ်ကားကောင်းလေးတွေကြည့်ရင်း စာလုပ်လို့ရအောင် Anime Sharing List လေးတင်ပေးလိုက်ပါတယ်ရှင်...

ပိတ်ရက်လေးမှာ စာလည်းလုပ်၊ အပန်းလည်းဖြေပေါ့နော်..🙄




အလုပ်သွားလုပ်မယ့်သူတွေဒါကို သိသင့်တယ်နော် 💯သိတဲ့သူတွေက Comment မှာ မန့်ခဲ့ပါဦးရှင် 🙆‍♀️
27/04/2025

အလုပ်သွားလုပ်မယ့်သူတွေ

ဒါကို သိသင့်တယ်နော် 💯

သိတဲ့သူတွေက Comment မှာ မန့်ခဲ့ပါဦးရှင် 🙆‍♀️



⭕ ဘာသာစကားတစ်ခုကို သင်ယူဖို့ ဘယ်အရာတွေက ကိုယ့်ကို ဟန့်တားနေတာလဲ?တကယ်တော့ ဘာသာစကားတစ်ခုခုကို သင်ယူတတ်မြောက်ထားတယ်ဆိုရင် အ...
26/04/2025

⭕ ဘာသာစကားတစ်ခုကို သင်ယူဖို့ ဘယ်အရာတွေက ကိုယ့်ကို ဟန့်တားနေတာလဲ?

တကယ်တော့ ဘာသာစကားတစ်ခုခုကို သင်ယူတတ်မြောက်ထားတယ်ဆိုရင် အချိန်တစ်ခုရောက်ရင် ကိုယ်ကသူများထက် တစ်ဗန်းသာစေမှာပါ...

လုပ်ငန်းခွင်မှာပဲရောက်ရောက်၊ နိုင်ငံခြားကို အလည်အပတ်ထွက်တဲ့အခါပဲဖြစ်ဖြစ် Communication လုပ်တဲ့အခါ ကိုယ်လည်ပတ်တဲ့ နိုင်ငံရဲ့ ဘာသာစကားကို တတ်မြောက်ထားတဲ့အခါ ပိုပြီးအဆင်ပြေချောမွေ့စေမှာပါ။

ဒါကြောင့် တစ်ခါတလေ လမ်းပျောက်နေတယ်လို့ ခံစားနေရတယ်ဆိုရင်၊ ဘာဆက်သင်ရမလဲ၊ ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေတယ်ဆိုရင်

ဘာသာစကားကို အခြေအနေ တစ်ခုထိ ကောင်းကောင်းကျွမ်းကျင်အောင်သာ လေ့လာသင်ယူပါ၊

ဘာသာစကား သင်ကြားတဲ့အခါမှာလည်း

ကိုယ်တကယ် သဘောကျ၊ စိတ်ဝင်စားတဲ့ ဘာသာစကားကို သင်ယူပါ၊

Timeline ဆွဲပါ၊ (အချိန်ကာလ ဘယ်လောက်ရောက်ရင် ဘယ် Level ထိ ရောက်ရမယ်ဆိုတဲ့ Goal လေးတွေ ချမှတ်ထားပါ။)

ထပ်ခါထပ်ခါ လေ့ကျင့်ပါ၊

နေ့စဉ်နေ့တိုင်း ဖြည်းဖြည်းချင်း တိုးတက်အောင် ပုံမှန်ပြုလုပ်ပါ၊

ထိထိရောက်ရောက် သင်ကြားမှုရှိဖို့လည်း လိုအပ်ပါတယ်။

မင်မင်ပြောခဲ့သလို ဘာသာစကားတစ်ခုကို သေသေချာချာ သင်ယူမယ်ဆိုရင် ဘယ်တော့မှ အလဟဿဖြစ်မှာ မဟုတ်ပါဘူးနော်...✔

ဒါကြောင့် အခုအချိန်ကစပြီး ဘာသာစကားကို စသင်ဖို့ အကြံပေးချင်ပါတယ်ရှင် 💗

ဂျပန်ဘာသာစကားကို အခြေခံကစပြီး ထိထိရောက်ရောက် လေ့လာသင်ကြားချင်တယ်ဆို
မင်မင်တို့ Amazing Japanese Language Center မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 🙆‍♀️🎌

🎌 ဂျပန်သွားမယ့် အိပ်မက်
Amazing နဲ့ချိတ်ဆက် 🤝




24/04/2025

🎌 ဂျပန်နိုင်ငံသွားမယ်ဆိုရင် မဖြစ်မနေ ပြုလုပ်ရမှာက "Aisatsu" နှုတ်ဆက်ခြင်းက သိပ်ကိုအရေးကြီးလှပါတယ်။

ဆိုတော့ ပုံမှန် မြန်မာအချင်းချင်းတွေ့ရင် "နေကောင်းလား?"၊ "အဆင်ပြေလား?" ဆိုတာကို ဂျပန်မှာလည်း ဘယ်လိုမျိုး “Aisatsu” ပြောဆိုလေ့ရှိကြလဲဆိုတာကို Video လေးနဲ့ လေ့လာလို့ရအောင် မျှဝေပေးလိုက်ပါတယ်ရှင့် 🙆‍♀️

နောက်အပတ်တွေမှာလည်း ဘယ်လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ Video တွေနဲ့ တင်ဆက်ပေးသွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ဖို့ ပြောချင်ပါတယ်ရှင့် 🥰

🎌 ဂျပန်သွားမယ့် အိပ်မက်
Amazing JLC နဲ့ ချိတ်ဆက် 🤝




ဘယ်အရာပဲဖြစ်ဖြစ် ကျရှုံးမှု မရှိအောင်၊ ရှုံးနိမ့်မှု မရှိအောင် ကြိုတင်ပြင်ဆင်ဖို့က အဓိကကျပါတယ် Amazing လေးတို့ရေ !!!အခုတ...
24/03/2025

ဘယ်အရာပဲဖြစ်ဖြစ် ကျရှုံးမှု မရှိအောင်၊ ရှုံးနိမ့်မှု မရှိအောင် ကြိုတင်ပြင်ဆင်ဖို့က အဓိကကျပါတယ် Amazing လေးတို့ရေ !!!

အခုတော့ စာကို သေချာ အာရုံစိုက်ပြီး စာမေးပွဲမှာ အကောင်းဆုံးဖြေဆိုဖို့ ကြိုးစားရမယ်နော် 😘😘😘



ဂျပန်နိုင်ငံရဲ့ ပထဝီဖွဲ့စည်းပုံအရဒေသတွေ၊ ခရိုင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ဒေသအားဖြင့် ဘယ်နှခုရှိလဲဆိုတာ...Comment မှာပြ...
23/03/2025

ဂျပန်နိုင်ငံရဲ့ ပထဝီဖွဲ့စည်းပုံအရ
ဒေသတွေ၊ ခရိုင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့
ဒေသအားဖြင့် ဘယ်နှခုရှိလဲဆိုတာ...

Comment မှာပြောပေးခဲ့ပါဦးရှင့်....😍🙌



🎌 ဂျပန်နိုင်ငံကို သွားမယ်ဆိုရင် ဂျပန်နိုင်ငံအကြောင်းကို ကောင်းကောင်းသိဖို့တော့ လိုအပ်မယ်နော် ‼ဒါကြောင့် မင်မင်က ဒီနေ့မှာ...
22/03/2025

🎌 ဂျပန်နိုင်ငံကို သွားမယ်ဆိုရင် ဂျပန်နိုင်ငံအကြောင်းကို ကောင်းကောင်းသိဖို့တော့ လိုအပ်မယ်နော် ‼

ဒါကြောင့် မင်မင်က ဒီနေ့မှာ ဂျပန်နိင်ငံအကြောင်းနဲ့ ပတ်သက်တဲ့ ထူးခြားချက်လေးတွေကို မျှဝေပေးချင်ပါတယ်ရှင့် 😍

⭕ ဂျပန်နိုင်ငံဟာ အချိန်ကို သိပ်လေးစားတဲ့ နိုင်ငံဖြစ်တာကြောင့် သူတို့နိုင်ငံမှာ အသုံးများတဲ့ ရထားတွေဆို တစ်လအတွင်း ရထားအချိန်နောက်ကျတာဟာ (၇) စက္ကန့်ပဲ နောက်ကျပါတယ်တဲ့။ ဒါကြောင့် ဂျပန်မှာ ရထားနဲ့အလုပ်သွားမယ့်သူတွေ၊ ကျောင်းတက်မယ့်သူတွေဆို ရထားအချိန်မတိုင်ခင် စောရောက်နေဖို့ သိပ်ကို အရေးကြီးလှပါတယ်။

⭕ Toilet Sign ကို ပထမဆုံးစတင်တီထွင်တဲ့နိုင်ငံဟာ ဂျပန်နိုင်ငံပါပဲ။
ဂျပန်နိုင်ငံဟာ ၁၉၆၄ ခုနှစ် တိုကျိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ အသုံးပြုတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေကို ရေးဆွဲရာကစပြီး နိုင်ငံတကာက နိုင်ငံခြားသားတွေပါ
နားလည်နိုင်တဲ့ Toilet Sign တွေကို ဖန်တီးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

⭕ Vending Machine တွေ များပြားတဲ့နိုင်ငံဟာ ဂျပန်နိုင်ငံပါပဲ။
အလိုအလျောက် ရောင်းသူမဲ့စက်တွေကို ဂျပန်နိုင်ငံရဲ့ နေရာတိုင်းနီးပါးမှာ တွေ့ရှိရတာဖြစ်လို့ လက်ထဲမှာ အကြွေစေ့ရှိတာနဲ့ အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

⭕ ကလေးတွေကို ငယ်စဉ်ကတည်းက ကျောင်းတွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာကို လေ့ကျင့်သင်ကြားပေးလျက်ရှိတဲ့နိုင်ငံဟာလည်း ဂျပန်နိုင်ငံပါပဲ။
ကိုယ့်ကိုယ်ကိုယ် လေးစားတတ်စေဖို့၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကောင်းမွန်အောင် အထူးတလည် လေ့ကျင့်သင်ကြားပေးခြင်းပဲဖြစ်ပါတယ်။ ဒါကလည်း ဂျပန်နိုင်ငံဟာ တခြားသောနိုင်ငံတွေနဲ့ မတူညီတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။

⭕ ဂျပန်လူမျိုးတွေဟာ တစ်ယောက်တည်း ခရီးသွားရတာ သဘောကျတဲ့ လူမျိုးတွေပဲဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်း စစ်တမ်းကောက်ချက်အရ ဂျပန်မှာ ခရီးသွားရာသီတွေ၊ ပိတ်ရက်ရှည်တွေရတဲ့အခါ ယောကျ်ားလေးတွေရော၊ မိန်းကလေးတွေပါ တစ်ယောက်တည်း ခရီးသွားမှုတွေ များပြားတယ်လို့ တွေ့ရှိရပါတယ်။ ရာခိုင်နှုန်းအားဖြင့် 29% အထိရှိတယ်လို့လည်း ဆိုကြပါတယ်။

ဒါတွေကတော့ ဂျပန်နိုင်ငံရဲ့ ထူးခြားချက်အဖြစ် ရပ်တည်နေတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတရစရာ အချက်တွေကို မျှဝေပေးမှာဖြစ်လို့ စောင့်ကြည့်ဖို့ ပြောချင်ပါတယ်ရှင့် 😘🙌




Address

40th Street, 69 B
Mandalay
05031

Alerts

Be the first to know and let us send you an email when Grow With Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share