Learn Chinese With Xiao xiao

Learn Chinese With Xiao xiao

Share

Let's study Chinese kids

Photos from Learn Chinese With Xiao xiao's post 20/10/2023

Hello! 大家好 🤍🍀
အားလုံးပဲ မင်္ဂလာပါ🤍🍀
好久不见 🤍🍀
ရှောင်းရှောင်းတို့မတွေ့တာကြာပြီနော် 🤍
ဒီနေ့မှာတော့ ရှောင်းရှောင်းနဲ့အတူ စိတ်၀င်စားဖွယ်ကောင်းပြီး အသုံးလဲအရမ်း၀င်တဲ့
စာကြောင်းအတိုအထွာလေးတွေကို လေ့လာကြည့်ရအောင်ပါ🤍🍀

ရှောင်းရှောင်း HSK 1 ပညာဒါနသင်တန်းလေးလဲဖွင့်လှစ်ထားပါတယ်ရှင် လာရောက် join နိုင်ပါတယ်နော်🤍🍀




09/10/2023

Hello!大家好🤍
消消 回来了🤍
အားလုံးပဲ မင်္ဂလာပါ ရှောင်းတို့မတွေ့တာ ကြာပြီနော်
အားလုံးကို ဒီနေ့သတင်းကောင်းလေး ပေးချင်လို့ပါ
အခုတော်တော်များများ Chinese နဲ့ပတ်သတ်ပြီးပညာဒါနသင်တန်းလေးတွေဖွင့်ဖြစ်ကြတယ်ပေါ့နော်။
များသောအားဖြင့် pinyin နဲ့ basic ကိုသင်ပေးကြတယ်ပေါ့။
Xiao Xiao ကတော့ အဲ့ဒီ basic သင်ပြီးသွားပြီ pinyin တွေလဲရနေပြီဆိုတဲ့လူတွေ အတွက် ဒီ
HSK 1 ပညာဒါန သင်တန်းလေးကို ဖွင့်လစ်ပေးတာပါ။
HSK 1 ဘာတွေပါမလဲဆိုတော့ 单词 Danci ဆိုတဲ့ စကားလုံးလေးတွေ 生词 ဆိုတဲ့ စကားလုံးအသစ်ကလေးတွေ စာကြောင်းတည်ဆောက်ပုံတွေ ပါ၀င်မှာပါ ဒါလေးတွေကို ရှောင်းနဲ့ တစ်လတာ အတူဖြတ်သန်းရင်း သင်ယူကြရအောင်ပါ။

Join Group 🤍👇
https://m.facebook.com/groups/698755948794395/?ref=share&mibextid=NSMWBT

23/06/2023

Announcement 🔥
ရှောင်းရှောင်း အရေးကြီးတဲ့ သင်တန်းလေးတွေ တတ်နေတာမလို့ ကာလတစ်ခုလောက်ထိ ရှောင်း တရုတ်စာနဲ့ပတ်သတ်တာတွေ မျှဝေပေးတာကို ခေတ္တလောက် နားပါရစေရှင် အဲ့ဒီအတွက် လဲ တောင်းပန်ပါတယ်🥺💛

06/06/2023

Hello! 大家好吗?
အားလုံးပဲ နေကောင်းကျန်းမာကြပါရဲ့လားရှင် 🤍

消消来了🤍 ရှောင်းလာပြီ ဒီနေ့မှာတော့ ရှေ့ရက်တွေတုန်းက ပြောပြခဲ့တဲ့ နေ့တွေရက်တွေလတွေရဲ့
meaning တွေကို အသုံးပြုပြီးတော့ စာကြောင်းတည်ဆောက်ပုံလေး ပြော‌ပြပေးသွားပါ့မယ်နော် 🍀ရှောင်းနဲ့အတူ လိုက်လေ့လာကြည့်ရအောင်ပါ🍀

အောက်ကပုံလေးမှာ ဖော်ပြထားတဲ့အတိုင်း ဒီနေ့ကဘာနေ့ဘာလ ဆိုတာအတိအကျဖော်ပြပုံလေးတွေကိုပြောပြပါမယ်။

ဥပမာ ဒီနေ့ဆို ဇွန်လ ၆ ရက်နေ့ဆိုတော့
今天 六月立号。
今天 - ဒီနေ့
六月 - ဇွန်လ ( 6လပိုင်း )
六号 - ၆ရက်နေ့။ အဲ့လိုမျိုးလေးပါ။

မနက်ဖြန်က ၆လပိုင်း ၇ရက်နေ့ဆိုရင်တော့
眀天 六月七号。
明天 - မနက်ဖြန်က
六月 - ဇွန်လ
七号 - ၇ရက်နေ့။။ ဒီလိုမျိုးလေးပါ။

မနေ့က ၆လပိုင်း ၅ရက်နေ့ဆိုရင်
昨天六月五号。
昨天 - မနေ့က
六月 - ဇွန်လ
五号 - ၅ရက်နေ့.

အရှေ့မှာ ရှောင်းက နေ့ရက်အတွက် 日/号 ကောသုံးလို့ ရတယ်လို့ပြောထားခဲ့ပေမယ့် 日ကိုကျတော့ စကားပြောနေရာမှာ ပိုအသုံးများပြီး 号ကိုတော့ စာရေးတဲ့အပိုင်းမှာ ပိုအသုံးများတယ်ဆိုတာလေး ဗဟုသုတအနေနဲ့ သိရှိသွားကြပါစေနော်🤍🍀
ဒီနေ့တော့ ဒီလောက်ပါပဲနော်🤍🍀




Photos from Learn Chinese With Xiao xiao's post 02/06/2023

Hello! 大厜弽
消消来了😸
အားလုံးပဲမင်္ဂလာပါ ရှောင်းရှောင်း ပြန်လာပါပြီနော်
ရှောင်းရှောင်းကို စောင့်နေကြတဲ့ လူများရှိမလား🍀

ပြီးခဲ့တဲ့အပတ်မှာ ရှောင်းက လတွေ ရက်သတ္တပတ်တွေ အကြောင်းပြောပြီးတဲ့နောက် ဒီနေ့မှာတော့ နေ့ရက်လေးတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်🍀
နောက်ရက်တွေမှာ Grammar စာကြောင်းဖွဲ့ပုံလေးတွေကို ပြောပြပေးအုံးမှာ ဖြစ်တဲ့အတွက် ရှောင်းရှောင်း page လေးကို like & followingလုပ်ပြီး ဆက်ဆက်စောင့်ကြည့်လေ့လာပေးကြပါအုံးနော် 🤍

ဒီနေ့အတွက်တော့ 再见ပါ🤍




Photos from Learn Chinese With Xiao xiao's post 28/05/2023

Hey!大厜弽
好久不见🍀
ရှောင်းတို့မတွေ့တာ အလစ်တဲလေး ကြာသွားပြီပေါ့နော် 🍀

今天 ရှောင်းက ရှောင်းတို့အရင် သိထားပြီးသား ဂဏန်းနံပါတ် တွေနဲ့ 月yuè လဆိုတဲ့ noun လေးနဲ့ကပ်ပြီး ဒီလဟာ ဘာလလဲပြောနိုင်ဖို့ ပြောပြပေးသွားမှာပါ အရင်တပတ်ကလဲ ဘာနေ့ဆိုတာကို ဘယ်လိုပြောရလဲ ဖော်ပြပေးပြီးသွားပြီ ဆိုတော့ ဆက်ကြည့်ရအောင်ပါ🍀

အရမ်းကိုလွယ်ပြီး ပျော်စရာကောင်းမှာပါနော်🍀




Photos from Learn Chinese With Xiao xiao's post 25/05/2023

Hello! 大厜
ရှောင်းတို့တွေ့ပြန်ပါပြီနော်🍀

‌တနေ့က ဂဏန်းအက္ခရာလေးတွေကို သင်ယူပြီးပြီဆိုတော့ အဲ့ဒီ ဂဏန်းလေးတွေကို အခြေပြုပြီး
ဒီနေ့ကဘာနေ့လေးပါဆိုပြီး ပြောနိုင်ဖို့ ရှောင်း"နဲ့အတူလေ့လာကြရအောင်ပါ🍀

ရှောင်းက စာကျက်ရမခက်ခဲအောင် တစ်ခုသင်ပေးပြီးရင် နောက်တစ်ခုကျရင် ဆက်စပ်တာလေးတွေ
ထပ်သင်ပေးနေတာဖြစ်တဲ့အတွက် လေ့လာရလွယ်ကူမယ်လို့ထင်ပါတယ် ရှောင်း page လေးကိုအမြဲစောင့်ကြည့်နေရင် အကျိုးမယုတ်လောက်ဖူးလို့ရှောင်းက ကတိပေးနိုင်ပါတယ် ဒီထက်ပိုပြီး တရုတ်စာလေးတွေ လေ့လာချင်ရင် page လေးကို like & following လုပ်ပြီး သူငယ်ချင်းမိတ်ဆွေတွေသိအောင် share ပေးသွားကြပါအုံးနော်🍀

ဒီနေ့အတွက်တော့ 再见 ပါ🍀
祝你一天都过得很愉快!
ပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေရှင်🍀




Photos from Learn Chinese With Xiao xiao's post 23/05/2023

Hello !
Today is numbers day.
ကဲ ရှောင်းရှောင်း လာပါပြီ🍀

ဒီနေ့မှာတော့ လွယ်ကူတဲ့ ဂဏန်းနံပါတ်ကလေးတွေကို ရှောင်းရှောင်းတို့ရဲ့ ငယ်ဘ၀ အချစ်တော်ထဲကတစ်ယောက်ဖြစ်တဲ့ အေရီရယ် လေးနဲ့အတူ လေ့လာလိုက်ကြရအောင်ပါ။

ဒီမှာ ‌ရှောင်းက တစ် ကနေ တစ်ဆယ် ထိပြောပြပေးထားပါတယ်။

ဆယ့်တစ်ကနေ ဂဏန်းအကြီးတွေကို ရေတွက်လို့ရမယ့် ပုံစံလေး ဖြည့်စွက်ပြောပြပေးပါမယ်နော်🍀

တရုတ်ရဲ့ ဂဏန်းရေတွက်ပုံကလဲ ရှောင်းတို့ မြန်မာနဲ့နည်းနည်းဆင်ပါတယ်။

ဥပမာ ၁၁ ကို မြန်မာမှာ ဆယ့်တစ် တစ်နည်း
တစ်ဆယ့်တစ်လို့ သုံးသလိုမျိုး
တရုတ် ဂဏန်း ၁၁ ကိုရေတွက်ချင်ရင်လဲ

တစ်ဆယ့်တစ်
တစ်ဆယ်က 十 - shí , တစ် က 一 - yī
ဆိုတော့ တစ်ဆယ့်တစ် 11 ဆိုရင် 十一 ပါ။

အဲ့လိုပဲ ဆယ့်နှစ် ဆို တစ်ဆယ့်နှစ်လို့မြင်ကြည့်ပါ
တစ်ဆယ်က 十 ,နှစ်က 二
ဆိုတော့ ဆယ့်နှစ် 12 ဆိုရင် 十二 ပါ။

အဲ့ဒီကနေ 19 တစ်ဆယ့်ကိုး ဆိုရင် 十几 shí jiǔ ပါ။

နှစ်ဆယ်ဆိုရင်ကျတော့ နှစ်ကအရင်လာတာမလို့
二 ပြီးမှ ဆယ်ဂဏန်း 十 နဲ့တွဲလိုက်ရင်
二十 èr shí 20 နှစ်ဆယ်ပါ။

သုံးဆယ် 30 三十
လေးဆယ် 40 四十
ငါးဆယ် 50 五十
ကိုးဆယ် 90 九十

တစ်ရာဆိုရင်တော့ 百 bǎi ( ပိုင် )
一百 လို့လဲ ရပါတယ်။

ကဲ ဒီနေ့တော့ ဂဏန်းလေးတွေ လေ့လာကြတာ ဒီလောက်ပါပဲ နော်🍀 နောက်နေ့ကျ ဒီဂဏန်းလေးတွေကိုပဲ သုံးပြီး ဆက်စပ်တဲ့ meaning ‌ဆက်လေ့လာနိုင်ကြဖို့ Page လေးကို like & following
လုပ်ပြီး share ပေးသွားကြပါအုံးနော်🍀
ဒီနေ့တော့ 再见 ပါ။



't repost my photos anywhere

21/05/2023

Alert!🚨
Give away & Announcement လုပ်ရင်းနဲ့ သတိထားမိအောင် ရှောင်းက
ပြောပြစရာလေး တစ်ချို့ရှိနေပါတယ်။စေတနာနဲ့ပြောပြခြင်းမျိုးသာဖြစ်ပါတယ်။

အခုခေတ်က အရင်တုန်းကလိုမဟုတ်ပဲ ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်(language)တွေကို application တွေ ပညာဒါန ဂရုတွေကနေတစ်ဆင့်
အရင် အခြေခံအဆင့်အနေနဲ့ သင်ကြားလို့ ရနေပြီဆိုတာသိကြမှာပါ။

ရှောင်းကိုယ်တိုင်လဲ အဲ့လို ပညာဒါနဂရုကနေတစ်ဆင့်တတ်ပြီး သင်ယူချင်တဲ့အတွက် သက်ဆိုင်ရာ ဘာသာရပ်ဆရာမဆီမှာ သေချာသင်ယူနေရဆဲပါ။

အခုနောက်ပိုင်းမှာတအား အတွေ့များလာတာက ဘယ်ဘာသာရပ်မဆို ဥပမာ တရုတ်စာကို ၃လပြတ်အတတ်သင်တို့ ၂လပြတ် အရေးဖတ်ပြောတို့ဆိုတာတွေအရမ်းကြားနေမြင်နေရပါတယ် အဲဒီလို post
တွေမှာလဲ အခုရှောင်းသင်ပြပေးနေတဲ့ post ‌တွေထက် စိတ်၀င်စားမှုပိုများတာကိုလဲ တွေ့ရပါတယ်။

တစ်ခုသတိပေးချင်တာ ဘာသာစကားတစ်ခုဆိုတာ အများကြီးကျယ်ပြန့်ပါတယ် တကယ်တတ်လို့သင်ကြားနေတဲ့ ဆရာမတွေကိုယ်တိုင်ကလဲ အသစ်သစ်တွေကို သင်ယူနေဆဲကျောင်းသားတွေဖြစ်တာကို သတိပြုမိစေချင်ပါတယ်။

ဥပမာ ရှောင်းတို့ဆိုလဲ မြန်မာစကားကို အရေး အဖတ်အပြော ကျွမ်းကျင် လာဖို့တောင် ကိုယ့်ဘာသာစကားဖြစ်ပါလျက်နဲ့ မူကြိုကနေအထက်တန်းထိ ပုံစံမျိုးစံနဲ့သင်ကြားရတာတောင်မှ
အမှန် တကယ် ချက်နဲ့လက်နဲ့ပြောတတ်ဆိုတတ်ဖို့ဆိုတာ အများကြီး စိတ်ပါ၀င်စားစွာ စိတ်ရှည်စွာသင်ကြားဖို့လိုအပ်ပါတယ်။

ပိုကြာကြာ‌လေ့လာနိုင် ပိုကြာကြာစိတ်၀င်စားနိုင်သူကပိုရပြီး ခဏလေးစိတ်၀င်စားတဲ့သူက အနဲအကျဉ်းနဲ့ လုံးစေ့ပတ်စေ့ တတ်မြောက်နိုင်မှာမဟုတ်တဲ့အတွက် သင်တန်းတွေတတ်တဲ့အခါ မိမိတို့ရဲ့ ချွေးနဲစာတွေ မဆုံးရလေအောင် မိမိတို့မျှော်လင့်ထားသလောက်တတ်ကျွမ်းနိုင်ဖို့ဆို အချိန်တစ်ခုပေးပါ သင်တန်းတွေနဲ့ပတ်သတ်လို့သေချာလေ့လာပါလို့အကြံပေးချင်ပါတယ်။

ဟုတ်တယ် ၂လလောက်နဲ့လေ့လာလို့မရနိုင်ဘူးလားဆို ရနိုင်တာပေါ့။
ဘယ်လိုမျိုးရနိုင်မလဲ အခြေခံအဆင့်လောက် HSK level 1 အနဲအကျဉ်းလောက်တော့ တတ်မြောက်နိုင်ပါတယ် ဒီထက်ပိုအချိန်ပေးနိုင်တဲ့သူတွေဆို ဒီထက်ပိုတတ်မြောက်နိုင်ပါတယ် လပြတ်လောက်နဲ့ ဘာသာတစ်ခုကိုမတတ်ကျွမ်းနိုင်ကြောင်း နိဂုံးချုပ်ရင်းနဲ့ follower 5000 ပြည့်တဲ့နေ့မှာ ရှောင်းလောင်ရှီးဆီမှာ တရုတ်စာအခြေခံနဲ့ HSK level 1 အတွက် အခမဲ့ပညာသင်ကြားနိုင်ဖို့ Give away 5ယောက်စာပေးမယ့်အကြောင်း သတင်းကောင်းပါးပါရစေရှင်🍀

Photos from Learn Chinese With Xiao xiao's post 21/05/2023

Hello! 大家好💚
ရှောင်းရှောင်း ဖြစ်ပါတယ်။
ဒီနေ့အတွက်လည်း ရှောင်းရှောင်းလာပါပြီ။

ပြီးခဲ့တဲ့နှစ်ရက်တုန်းက နာမ်စားတွေ ကိုယ့်ရဲ့ မိသားစု၀င်တွေကို ခေါ်ဆိုနိုင်မယ့် ‌အခေါ်အဝေါ်
တစ်နည်းအားဖြင့် noun form လေးတွေကို သင်ကြားပေးပြီးတဲ့နောက်မှာ...

ဒီနေ့မှာ တော့ ရှောင်းက verb တစ်ခုအကြောင်းသင်ကြားရင်း ကိုယ်သင်ထားတဲ့ noun / pronoun
လေးတွေသုံးပြီး စာကြောင်း တစ်ချို့ တည်ဆောက်ပြပါမယ်။ဆိုတော့ စကြရအောင်ပါ...🍀

ဒီနေ့က 是-shì ဆိုတဲ့ verb အကြောင်းလေးကို
ပြောပြမှာပါ။
是-shì က ဒီမှာဘာနဲ့တူလဲဆိုရင် အင်္ဂလိပ်စာမှာ ရှိတဲ့ Verb to be နဲ့တူပါတယ် ။ ဖြစ်တယ်/ဟုတ်တယ်
ဆိုပြီး ဖော်ပြ/ အတည်ပြုတဲ့အဓိပ္ပာယ်မျိုးပါ။
ဥပမာ ပြောရရင် ကိုယ်ကဘယ်သူ ဘယ်ဝါ ဖြစ်တယ်၊
သူများက ဘယ်သူဖြစ်တယ် ဆိုတာမျိုး ဖော်ပြဖို့
ဒါကဘာဖြစ်တယ် ဘာပစ္စည်းဖြစ်တယ် ဆိုတာဖော်ပြဖို့ အဓိကသုံးပါတယ် ။

是-shì ရဲ့ အငြင်းပုံစံ (negative) ပုံစံကတော့
不是-bú shì ပါ။ မဟုတ်ဖူး မဖြစ်ဖူးလို့ အဓိပ္ပာယ်ရပါတယ်။

အဲ့လိုဆိုရင် ရှောင်းက တနေ့ကသင်ပေးတဲ့ စကားလုံး‌လေးတွေနဲ့ စာကြောင်းတစ်ချို့တည်ဆောက်ပြပါမယ်။

他是我爷爷。သူကကျွန်တော့်အဖိုးဖြစ်ပါတယ်။
他-သူ
是-ဖြစ်သည်
我爷爷-ငါရဲ့ဖိုးဖိုး

她是我姐姐。 သူမကငါ့ရဲ့မမပါ။
她-သူ(မ)
是-ဖြစ်တယ်
我姐姐-ငါရဲ့မမ

အငြင်းပုံစံလဲတစ်ခုလောက်ပြပေးပါမယ်။

他 不是 我 哥哥。သူကငါ့ရဲ့အစ်ကိုမဟုတ်ပါဘူး။
他-သူ
不是-မဟုတ်ဖူး
我哥哥-ငါ့ရဲ့အစ်ကို။

ဒီလောက်ဆိုရင် 是 အကြောင်းကိုနားလည်ပြီး စာကြောင်းလေးတွေ ဆောက်လို့ရတယ်ဆို ရှောင်းသင်ထားပေးတာလေးကို နားလည်ရင် comment မှာ စာကြောင်းလေး‌တွေ ဆောက်ပြပေးခဲ့ကြပါအုံး။

ဒီနေ့အတွက်တော့ဒီလောက်ပါပဲ💚
再见 ပါ💚



'trepostmyphotosanywhere
&enjoy

Photos from Learn Chinese With Xiao xiao's post 19/05/2023

ကဲ ဒီနေ့အတွက် ရှောင်းရှောင်းပြန်လာပါပြီနော်🙋🍀

တနေ့က ကိုယ့်ကိုယ်ကိုယ်နဲ့ သူများတွေကိုခေါ်ဆိုနိုင်ဖို့ နာမ်စားလေးတွေကို ပြောပြခဲ့ပြီးပါပြီနော်။
ဒီနေ့မှာတော့ ကိုယ်ရဲ့မိသားစု၀င်တွေကို တရုတ်လိုလေး ခပ်မိုက်မိုက် ခေါ်နိုင်ဖို့အတွက် ရှောင်း က
ပြောပြပေးထားပါတယ်နော်🍀

နောက်ပြီး Hànzì စာလုံးရေးနည်းလေးတွေကိုပါတစ်ခါတည်း ဖော်ပြပြီးသားဖြစ်တဲ့အတွက် စုတ်ချက်လေးတွေကို ကြည့်ရေးပြီး စာလုံးလေးတွေပါတစ်ခါတစ်ခါတည်း ရေးကျက်နိုင်ပါတယ်နော်🍀

နောက်နေ့တွေမှာ လဲ grammar လေးတွေနဲ့ အခုသင်ကြားခဲ့ရတဲ့ နာမ်စားလေးတွေကိုသုံးပြီး စာကြောင်းလေးတွေ သင်ပေးအုံးမှာဖြစ်တဲ့အတွက်
ဆက်ဆက်စောင့်‌ကြည့်‌အားပေးကြပါအုံးနော်🍀

对!我是消消!
再见💚


't repost my photos anywhere

& Enjoy

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00