Sharing is Caring

Sharing is Caring

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sharing is Caring, School, Mandalay.

17/08/2025

ဘာလို့ အကိုက်ခဲပျောက်ဆေးတွေက ကျောက်ကပ်ထိစေတာလဲ? 🤔💊

ဟုတ်ပါတယ်၊ တချို့သော အကိုက်ခဲပျောက်ဆေးတွေကို ပမာဏအများကြီး သောက်ခြင်း သို့မဟုတ် ရေရှည်စွဲသောက်ခြင်း က ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။



1️⃣ NSAID (Non-Steroidal Anti-Inflammatory Drugs)
• NSAID ဆိုတာ Steroid မဟုတ်သော အရောင်ကျဆေးများ ဖြစ်ပြီး အကိုက်ခဲနှင့်ရောင်ရမ်းမှုကိုသက်သာစေပါတယ် 💥.
• အဲဒီဆေးတွေက Prostaglandin ဆိုတဲ့ Hormone ကို လျော့ကျစေပြီး ကိုက်ခဲနာကျင်မှုနှင့်ရောင်ရမ်းခြင်းကို သက်သာစေသော်လည်း၊ ဒီ Hormone ဟာ ကျောက်ကပ်ဆီကို သွေးစီးဆင်းမှုကောင်းစေခြင်း အတွက်လည်း အရေးကြီးပါတယ် .
• ဒါ့ကြောင့် NSAID တွေကို ရေရှည် သို့မဟုတ် အများကြီး သောက်မိရင် ကျောက်ကပ်ဆီသို့ သွေးစီးဆင်းမှု လျော့နည်းစေပြီး ကျောက်ကပ်ပျက်စီးနိုင်ပါတယ် ⚠️.

စျေးကွက်ထဲတွင် အသုံးအများဆုံးNSAID များ 📝:
Ibuprofen, Aceclofenac, Diclofenac, Mefenamic Acid, Piroxicam, Etoricoxib, Celecoxib, Aspirin, Naproxen



2️⃣ Paracetamol
• အကိုက်ခဲပျောက်ဆေးဆိုတာနဲ့ တန်းသိတဲ့ Paracetamol ကဆိုရင်လည်း အများကြီးသောက်မိရင် ကျောက်ကပ်ထိခိုက်နိုင်ပါတယ် ⚠️.



✅ သတိပေးချက်
• အကိုက်ခဲပျောက်ဆေးများကို ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်များ၏ ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့ အရေးကြီးပါတယ် 🩺💊.

ELP-Pharmacist (MDY)
ကျန်းမာပျော်ရွှင် ဆေးဆိုင်- 𝐉𝐎𝐘 & 𝐇𝐄𝐀𝐋𝐓𝐇 𝐏𝐇𝐀𝐑𝐌𝐀𝐂𝐘

16/08/2025

ရာသီအကူးအပြောင်းကြောင့် 🤧 နှာစေးနှာပိတ်ခေါင်းကိုက်လာရင် ဘာကိုရွေးချယ်မလဲ?
ကဲ…ဒီ symptoms တွေ ခံစားနေရပြီဆို 📝 အောက်ပါ Brand တွေကို ရွေးချယ်လို့ရပါတယ်နော် 👇



1. Chericof Flu Plus 💊
ပါဝင်ပစ္စည်းများ—
• Paracetamol (200mg) 🤕
• Chlorpheniramine (8mg) 😪
• Phenylephrine (25mg) 😪

💡 အကြံပြုချက်
• နှာစေးနှာပိတ်တာ ပြင်းထန်ရင် Chericof Flu Plus ကိုရွေးချယ်ပါ
• Chlorpheniramine (8mg) / Phenylephrine (25mg) နဲ့ extended release ဖြစ်လို့ stronger & longer effect ရမှာ ဖြစ်ပါတယ် ⏱️
• PPA free သောက်ချင်သူတွေအတွက် သင့်တော်ပါတယ် ✅
• Paracetamol-200mg ပါလို့ mild pain & headache အတွက် အဆင်ပြေပါတယ်
• တရက် နှစ်ကြိမ် သောက်ရုံနဲ့ လုံလောက်ပြီး ဆေးခဏခဏ မသောက်ချင်သူတွေအတွက် Best choice 🏆



2. Mixagrip or Neo Mixagrip 💊💊
Mixagrip
ပါဝင်ပစ္စည်းများ—
• Paracetamol (500mg) 🤕
• Phenylpropanolamine (25mg) 😪
• Chlorpheniramine Maleate (2mg) 😪

Neo Mixagrip
ပါဝင်ပစ္စည်းများ—
• Paracetamol (500mg) 🤕
• Phenylephrine (10mg) 😪
• Chlorpheniramine Maleate (2mg) 😪

💡 အကြံပြုချက်
• Pain & Fever ပြင်းထန်ရင် Mixagrip နှစ်ခုထဲက တခုခုကို ရွေးချယ်လို့ရပါတယ်
• Neo Mixagrip → PPA free ✅
• Mixagrip → နှာပိတ်နှာရည် ယိုသက်သာမြန်ချင်ရင်ရွေးချယ်ပါ 💧
• ⚠️ PPA ပါတာကြောင့် အမျိုးသမီးတွေဆီမှာ ဦးနှောက်သွေးယိုစီးမှု (Hemorrhagic stroke) ဖြစ်
နိုင်ပါတယ် ၊ လူတိုင်းမှာတော့မဖြစ်ပါဘူး (Rare case) ၊ဒါပေမယ့် Safe ပိုဖြစ်ချင်ရင် PPA free များကို သောက်နိုင်ပါတယ်✅



3. Fluza 💊
ပါဝင်ပစ္စည်းများ—
• Paracetamol (500mg) 🤕
• Phenylephrine (5mg) 🌡️
• Chlorpheniramine Maleate (2mg) 😴

💡 Fluza → Neo Mixagrip နဲ့တူပါတယ်



⚠️ Contraindications⚠️
Flu ဆေးအများစုမှာပါဝင်တဲ့ Phenylephrine၊ Phenylpropanolamine တွေက သွေးတိုးရောဂါ, နှလုံးရောဂါ, Thyroid ပြဿနာရှိသူတွေအတွက် မသင့်တော်ပါနော် ❌

ELP-Pharmacist(MDY)
ကျန်းမာပျော်ရွှင် ဆေးဆိုင်- 𝐉𝐎𝐘 & 𝐇𝐄𝐀𝐋𝐓𝐇 𝐏𝐇𝐀𝐑𝐌𝐀𝐂𝐘

Flu Plus

Mixagrip

09/08/2025

“Strength comes from unseen roots”

😊a gift from my lovely sister,💜

11/05/2025

Difference between “Make” & “Do”

ကဲ….ဒီနေ့တော့ အမြဲ ဇဝေဇဝါ ဖြစ်ရတဲ့ “Do” နဲ့ “Make” ရဲ့ ကွာခြားချက်လေးကို လာပြောပြမယ်နော်!
“ပြုလုပ်သည်” ဆိုတဲ့ အဓိပ္ပါယ်တူပေမယ့် သုံးတဲ့အခါမှာ ကွာခြားချက်လေးရှိပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်ရအောင်!



💥 Do

➡️ “Do” ဆိုတာက တာဝန်ယူပြီးလုပ်ရတဲ့အလုပ်တွေ၊ ပုံမှန်လုပ်ဆောင်နေကျအရာတွေမှာ သုံးပါတယ်။
➡️ လုပ်ငန်းစဉ် ကို ပိုပြီးအရေးပေးပါတယ်။

📌 Examples:

1️⃣ Do homework 📚

2️⃣ Do the dishes 🍽️

3️⃣ Do your best ✨

4️⃣ Do the laundry 🧺



✨ Make

➡️ “Make” ဆိုတာကတော့ တစ်ခုခုကို ဖန်တီးတာ၊ ထုတ်လုပ်တာ၊ ဒါမှမဟုတ် ရလဒ်တစ်ခု ဖြစ်စေတဲ့အခါမှာသုံးပါတယ်။
➡️ ဖြစ်လာမယ့် ရလဒ် (သို့မဟုတ်)အရာဝတ္ထုကို ပိုပြီးအရေးပေးပါတယ်။

📌 Examples:

1️⃣ Make a cake 🎂

2️⃣ Make a mistake ❌

3️⃣ Make a decision 🧠

4️⃣ Make money 💵



ကဲ… ဒီလိုဆိုရင် “Do” နဲ့ “Make” အသုံးကွာခြားချက်လေး သိပြီပေါ့နော်!
လေ့လာချင်သူတွေအတွက် ပြန်မျှဝေပေးရအောင်နော်!😊😊

24/04/2025

💡Used to💡

✏️Today, I’d like to discuss how to use “used to.”

✏️There are three forms of “used to”:
1. Used to + infinitive (base verb)
2. Be used to + Noun / Pronoun / V-ing
3. Get used to + Noun / Pronoun / V-ing

🔍Now, let’s look into how they’re different.

✏️**(1) Used to + infinitive (base verb)**

– This is used for something that happened repeatedly or existed in the past, but no longer happens or exists now.

♻️Example:
She used to be a long-distance runner when she was younger.

✏️**(2) Be used to + Noun / Pronoun / V-ing**

– This is used when someone is already familiar or comfortable with something.

♻️Example:
I have lived in Yangon for 3 years, so I am used to taking YBS buses.
I am used to this city now and I don’t feel lonely anymore.

✏️**(3) Get used to + Noun / Pronoun / V-ing**

– This is used when someone is in the process of becoming familiar with something.
Compared to “be used to,” this implies the transition stage — you’re not fully familiar yet, but you’re getting there.

♻️Example:
I’m getting used to my new job.
Since I transferred to Singapore, I think I’ll get used to the food soon.

📝Note📝
✅“Used to + infinitive” is for past situations that are no longer true now.
✅“Be used to” and “Get used to” can be used for present, past, or future situations, and are followed by V-ing / Noun / Pronoun.



-B2grammar

22/04/2025

That’s the basic part of Grammar ✅

22/04/2025

Different Uses of “Used to”😍😍😍

💡Used to💡
************

✏️ဒီနေ့တော့ Used to အသုံးလေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးချင်ပါတယ်

✏️Used to (3) မျိုး ရှိပါတယ်။

(1)Used to + infinitive (base verb)
(2)Be used to + Noun /Pronoun/Ving
(3)Get used to + Noun/Pronoun/Ving

🔍ကဲ… ဒါဆို ဘယ်လို အသုံးလေးတွေ ကွာလဲ ဆက်လေ့လာကြမယ်နော်

✏️(1) Used to + infinitive (base verb)

-ဒါကိုတော့ အတိတ်မှာ ထပ်ခါထပ်ခါ လုပ်ခဲ့၊ဖြစ်ခဲ့ပေမယ့် ခုချိန်မှာ မလုပ်တော့၊မဖြစ်တော့တဲ့ အကြောင်းအရာတွေအတွက် အသုံးပြုပါတယ်

♻️Example-
She used to be a long-distance runner when she was younger.

✏️(2) Be used to + Noun /Pronoun/Ving

-သူ့ကိုကျတော့ ဘယ်လို အခြေအနေမှာ အသုံးပြုလဲဆိုရင် တခုခုကို အသားကျသွားတာ၊ရင်းနှီးကျွမ်းဝင်သွားတာနဲ့ပတ်သက်ပြီး အသုံးပြုလို့ရပါတယ်

♻️Example-
I have lived in Yangon for 3 years,so I am used to taking YBS buses.

I am used to this city now and I don’t feel lonely anymore.

✏️(3) Get used to + Noun/Pronoun/Ving

-ဒီနောက်ဆုံး pattern လေးကိုရော ဘယ်နေရာမှာသုံးလဲ ဆက်ကြည့်ရအောင်နော်
သူ့ကိုတော့ တခုခုကို အသားကျလာတာ၊ရင်းနှီးလာတာနဲ့ ပတ်သက်ပြီး သုံးပါတယ်နော်
Be used to ကကျ သူနဲ့ ယှဉ်မယ်ဆို တခုခုကို လုံးဝ အသားကျသွားပြီ၊ရင်းနှီးသွားပြီဆိုတဲ့ အခြေအနေမှာ သုံးပါတယ်

♻️Example-

I’m getting used to my new job.

Since I transferred to Singapore, I think I’ll get used to the food soon.

📝Note 📝

✅Used to + infinitive ကို past situations that is not true for now အတွက် သုံးပါတယ်

✅Be used to နဲ့ Get used to ကိုတော့ Present,Past,Future Situations တွေအတွက် အသုံးပြုနိုင်ပါတယ်။သူ့နောက်ကနေ Ving /Noun/Pronoun လိုက်ရပါတယ်နော်။



-B2grammar

18/04/2025

📌 Minerals 📌

In order for our body to function properly and stay healthy, it’s important to consume a balanced amount of carbohydrates, proteins, and fats. Along with these macronutrients, we also need an adequate intake of vitamins and minerals. While vitamins are quite well-known, not many people understand the role of minerals in our body.

✅ There are two types of minerals:
1. Macrominerals – These are minerals required by the body in large amounts. Examples include:
Calcium, Phosphorus, Magnesium, Sodium, Potassium, Chloride, and Sulfur.
2. Microminerals (or Trace minerals) – These are needed in smaller amounts, but they are equally important. Examples include:
Iron, Manganese, Copper, Iodine, Zinc, Cobalt, Fluoride, Selenium, Chromium, and Molybdenum.

✅ It’s not about the amount required that defines their importance — both macrominerals and microminerals are essential for the body.

✅ Key functions of minerals in the body:
1. They help build and maintain strong bones and teeth.
2. They regulate fluid balance and electrolytes inside and outside of cells.
3. They assist in converting the food we eat into energy.

Photos from Sharing is Caring's post 21/09/2024

A Refreshing & Nutritious Smoothie
**************************************

ခုတလောပိုင်း အရမ်းပူလွန်းလို့ ချွေးတွေတအားထွက် ပြီး ရေဓာတ်ဆုံးရှုံးလို့ လူကလည်း နုံးချိချိ ဖြစ်နေတာနဲ့ Smoothie လေး တခွက် ဖျော်သောက်🍹🍹🍹
ရိုးရိုးရှင်းရှင်းပါဘဲ အိမ်မှရှိတဲ့ အသီးတွေနဲ့ ပျားရည်လေးနဲ့ ဖျော်လိုက်တာ Woow amazing tasty 😋 သံပုရာနံ့သင်းသင်းလေးနဲ့ အတော် သောက်လို့ကောင်း👍👍👍

ကောင်းကျိုးများကတော့…
(၁)ရေဓာတ်ဖြည့်ပေးပါတယ်
(၂)Vitamins , Minerals & Antioxidants များပြည့်ဝစွာ ရရှိစေနိုင်ပါတယ်
(၃)အစာခြေဖျက်ခြင်းကိုအထောက်အကူပြုပေးပါတယ်
(၄)Low-calorie ဖြစ်လို့Weight ထိန်းပေးပါတယ်

by Aaeli
for you

16/09/2024

📌Brace တပ်ပီးပီးခြင်း ၇ရက်ကို အာဟာရပြည့်အောင်ဘယ်လိုစားသောက်မလဲ❓❓

-Brace တပ်ပီးပီးချင်းမှာ သိပ််မစားနိုင်လို့ အရင်လို အစာအုပ်စုကြီး (၃) ခု မမျှတတော့ ကျန်းမာရေးအတွက် စိတ်ပူနေရတဲ့သူတွေအတွက် မင်မင်အကြံပြု မျှဝေပါရစေ…

Breakfast
-ကြက်ဥပြုတ် (2)လုံး
-ပဲနို့
-အာလူးပြုတ် (1)လုံး

Lunch
-ကြက်ဥပြုတ်(1)လုံး
-ကန်စွန်းဥပြုတ်(1)လုံး
-Mixed fruits smoothie
(Fiber rich fruits)

Dinner
-ပဲနို့
-ဖရုံသီးပြုတ်

ကဲ ဒီလိုဆို အစာမကြေမှာလည်း စိတ်မပူရတော့ဘူး
ဝိတ်ကျ လှပ ပြီး ဝါးတဲ့အခါ သွားနာခြင်း မရှိတော့ဘူး(ဝါးစရာမလိုလို့🤣)

😂ဟီးဟီး😂-မဝလို့ ခေါက်ဆွဲပြုတ် တခါတလေစားတာ မပါဘူးပေါ့ 🤣🤣🤣 အဲ့လိုဆို ဝဥကြာဇံသုပ်(ကြက်သားထည့်👍) သုပ်စားပါနော်🙂‍↕️🙂‍↕️

⛔️သတိ⛔️❌❌ဒါကို ရှောင်ဖို့ဆို အစားအသောက် Video တွေ မကြည့်ပါနဲ့❌❌
(ကိုယ်တွေ့ဖြစ်ရပ်မှန်🤓)




by Aaeli
for you

07/09/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay

Opening Hours

Saturday 17:00 - 19:00
Sunday 17:00 - 19:00