Teacher Yu English

Teacher Yu English Good things come to those who wait.

"Cute ways to say Good Night in English"Good Night သုံးမယ့်အစား Cute types ဖြစ်တဲ့ ဒါလေးတွေပြောင်းသုံးကြည့်လို့ရပါတယ်။Sl...
10/05/2024

"Cute ways to say Good Night in English"

Good Night သုံးမယ့်အစား Cute types ဖြစ်တဲ့ ဒါလေးတွေပြောင်းသုံးကြည့်လို့ရပါတယ်။

Sleep tight, little star

Rest well, little sunshine

Sweet dreams, tiny dreamer

Nighty night, sleepyhead

Off to dreamy adventures!

Don't let the bedbugs bite 😁

April  Booster Class(One on One)Class 1 - 2:00 PM to 3:00 PMClass 2- 6:30 PM to 7:30 PM
11/04/2024

April

Booster Class
(One on One)

Class 1 - 2:00 PM to 3:00 PM

Class 2- 6:30 PM to 7:30 PM

April 📌   Booster (One on One)March  to May 📌 Elementary (four Skills) to pre- inter
09/04/2024

April

📌 Booster (One on One)
March to May

📌 Elementary (four Skills) to pre- inter

အမှားများကြတဲ့ One by one နဲ့ One on One(သိပြီးသူများ ကျော်သွားပါရှင့်။အမှားကြီးကိုလက်ကိုင်သုံးနေဆဲ အင်္ဂလိပ်စာလေ့လာသူမျ...
17/02/2024

အမှားများကြတဲ့
One by one နဲ့ One on One

(သိပြီးသူများ ကျော်သွားပါရှင့်။အမှားကြီးကိုလက်ကိုင်သုံးနေဆဲ အင်္ဂလိပ်စာလေ့လာသူများအတွက် ရည်ရွယ်ပါသည်။)

လွယ်လွယ်နားလည်အောင် ပြောရရင်

လူနှစ်ယောက်တည်းသာရှိတဲ့ ဆွေးနွေးပွဲ(အတန်း)ကို One on One လို့ သုံးရပါတယ်။နှစ်ယောက်တည်းရှိတဲ့အတန်းမှာ One by one သုံးလို့မရပါဘူး။

(အချို့က One to one လို့လည်း သုံးကြပါတယ်။ One to one က အချိုးချတဲ့နေရာမှာသုံးတာ ပိုသင့်တော်ပါတယ်။)

- discuss it directly without involving anyone else

💜💜💜💜💜💜💜💜💜💜💜💜

အတန်းထဲ ကျောင်းသားအများကြီးရှိတဲ့အခါမှာ ဆရာဖြစ်သူက တစ်ယောက်ချင်းစီကိုစာမေးမယ်ဆိုရင် One by one ( by one ) သုံးလို့ရပါတယ်။

ပြောချင်တာက တစ်ယောက်ပြီးတစ်ယောက် စာမေးမယ်လို့ ဆိုလိုတာပါ။ အဲဒါကမှ by one စစ်စစ်ပါ။

- One person or thing following another in order.





.

English သင်တန်းတက်လိုပါက စုံစမ်းနိုင်ပါသည်။

Tr. Profile

https://m.facebook.com/story.php?story_fbid=268439359607132&id=100093232097995&mibextid=Nif5oz

Photo Google

 #အင်္ဂလိပ်စကားပြော ကိုပဲ အဓိကထားပြီး သီးသန့်သင်ကြားပေးမယ့် အတန်းမှာ📌 အသက် 15 နှစ်အထက်ကိုပဲ လက်ခံပါမယ်။ကလေးငယ်တန်း မသင်ပ...
08/02/2024

#အင်္ဂလိပ်စကားပြော ကိုပဲ အဓိကထားပြီး သီးသန့်သင်ကြားပေးမယ့် အတန်းမှာ

📌 အသက် 15 နှစ်အထက်ကိုပဲ လက်ခံပါမယ်။ကလေးငယ်တန်း မသင်ပါဘူးရှင့်။

📌 Adult learners အတွက်ပဲ training ပေးပါတယ်။

📌 ညပိုင်း #ရုံးချိန်လွတ် တစ်တန်းလွတ်ပါပြီ။အချိန်ကို လာရောက်ညှိနိုင်ပါတယ်။

📌 One on One Class အတွက် စာရင်းပေးလို့ရပါပြီရှင်။



Photo by Tr.Yu

Elementary 4 Skills တန်း (One on One) Class က ကျောင်းသားလေးနဲ့ 2024 နှစ်သစ်အမှတ်တရ...
02/01/2024

Elementary 4 Skills တန်း (One on One) Class က ကျောင်းသားလေးနဲ့ 2024 နှစ်သစ်အမှတ်တရ...



One on One (  သီးသန့် တစ်ယောက်ချင်းအတန်းလေးတွေကို အချိန်ညှိပြီး လက်ခံ‌သင်ကြားပေးနေပါပြီ)အင်္ဂလိပ်စာလေ့လာတဲ့ Learners တို...
19/12/2023

One on One
( သီးသန့် တစ်ယောက်ချင်းအတန်းလေးတွေကို အချိန်ညှိပြီး လက်ခံ‌သင်ကြားပေးနေပါပြီ)

အင်္ဂလိပ်စာလေ့လာတဲ့ Learners တို့အနေနဲ့ YouTube ဟာမပါမဖြစ် အရေးကြီးဆုံးပါပဲ။

Luke's English Podcast ဆိုတဲ့ channel လေးကို အောက်မှာ share ပေးထားပါတယ်နော်။

လေးတွေနားထောင်ပြီး English ကို ကိုယ့်ဟာကိုယ် Self- Study လုပ်လို့ရပါတယ်။

An award-winning podcast for learners of English, since 2009.👉 More information about Luke's English Podcast https://teacherluke.co.uk/👉 More information a...

"ဝါသနာ နဲ့ ကျွမ်းကျင်မှု""ဝါသနာ"(1) မသိစိတ်ကနေ အမြစ်တွယ်နေတာမျိုးပဲဖြစ်ဖြစ်...(2) ကိုယ်ကိုယ်တိုင် သိလာလို့ပဲဖြစ်ဖြစ် ရူး...
20/11/2023

"ဝါသနာ နဲ့ ကျွမ်းကျင်မှု"

"ဝါသနာ"

(1) မသိစိတ်ကနေ အမြစ်တွယ်နေတာမျိုးပဲဖြစ်ဖြစ်...

(2) ကိုယ်ကိုယ်တိုင် သိလာလို့ပဲဖြစ်ဖြစ် ရူးသွပ်စွာ စွဲလန်းနေတာမျိုး....

တချို့က ကိုယ်ဘာဝါသနာပါလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိကြဘူး။
ကိုယ်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဝါသနာဆိုတာ လူတိုင်းဆီမှာတော့ ရှိတယ်။

ငါကတော့ ဘာဝါသနာမှ မပါဘူး။စားတာပဲ စိတ်ဝင်စားတယ်။အားတိုင်းစားချင်နေတာပဲ...ဆိုရင်

အဲ့ဒါလည်း ဝါသနာပဲ...
အစားကို ခုံမင်တာမျိုးပေါ့...ဒီနေ့ ဘာစားရင်ကောင်းမလဲ...အပြင်သွားရင် ဘာစားရမလဲ ....စသည်ဖြင့် အမြဲတွေးနေတာမျိုး..

ဒါက ဥပမာပေးတာပါ..

ဝါသနာဆိုတာ တမျိုးတည်းလည်း ရှိနိုင်သလို လေးငါးမျိုးလည်း ဖြစ်နိုင်တာပဲ...ကိုယ်ဘာဝါသနာပါလဲ ဆိုတာ ကိုယ့်ဟာကိုယ် ရှာဖွေနိုင်ရင် အကောင်းဆုံးပဲ။

💮💮💮💮💮💮💮💮💮💮💮💮

"အကျိုးကျေးဇူးက..."

ဝါသနာပါတဲ့အရာကို လုပ်နေရရင် စိတ်ကအလိုလို ပျော်ရွှင်လာမယ်။အေးချမ်းလာမယ်။မလိုအပ်တဲ့နေရာတွေမှာ အချိန်မဖြုန်းပစ်တော့ဘူး။သူတပါးအပေါ်မှာ ယုတ်မာတဲ့အတွေးတွေ လျော့နည်းလာမယ်...

💮💮💮💮💮💮💮💮💮💮💮💮

"ဝါသနာကနေ အောင်မြင်မှုရနိုင်လား"

ရနိုင်ပါတယ်။ဒါပေမယ့် ခဲယင်းတယ်။
လိုအပ်တာက အချိန်ပေးနိုင်ရမယ်...ငွေကြေးပံ့ပိုးပေးနိုင်ရမယ်...သံယောဇဉ်ထက် ဝါသနာကိုပိုအားသာရမယ်...အဲ့ဒါဆိုရင် အောင်မြင်နိုင်ပါတယ်။

💙💙💙💙💙💙💙💙💙💙💙

"ကျွမ်းကျင်မှု"

(1) အလုပ်တစ်ခုကို စားဝတ်နေရေးအရ လုပ်ကိုင်ရင်းနဲ့မှ ကျွမ်းကျင်လာတာမျိုး

(2) လုပ်တာကြာလာလို့ ကျွမ်းကျင်လာတာမျိုး

(3) ကိုယ့်အလုပ်အတွက် လိုအပ်မယ်ထင်လို့ လေ့လာရင်းကနေ ကျွမ်းကျင်လာတာမျိုး

အထူးသဖြင့် comfort zone လို့ခေါ်တယ်။အလုပ်မှာ smart ဖြစ်တယ်။ငွေ
ရတယ်။အဲ့ဒါ ကျွမ်းကျင်မှုကနေ လာတာပဲ....

💮💮💮💮💮💮💮💮💮💮💮💮

"ကျွမ်းကျင်မှုကနေ အောင်မြင်မှုရနိုင်လား"

သေချာပေါက် ရနိုင်တယ်။အချိန်တိုအတွင်းမှာ ဖြစ်နိုင်တယ်။ကျွမ်းကျင်မှု ရှိပြီးသား ငွေရှိပြီးသားလူတစ်ယောက်က ဒါကိုထပ်ပြီး တိုးချဲ့ဖို့ဆိုတာ သတ္တိနဲ့ဇွဲပဲ လိုတယ်။

💙💙💙💙💙💙💙💙💙💙💙💙💙

"ဝါသနာနဲ့ ကျွမ်းကျင်မှုက တထပ်တည်း ကျနိုင်လား"

လူအပေါ်ပဲမူတည်တယ်။

- သိတတ်ပါပြီဆိုကတည်းက ကိုယ်ဘာဝါသနာပါလဲသိရင်

- နောက်ကနေ ထောက်ပံ့ပေးနိုင်မယ့် ငွေကြေးအင်အားရှိရင်

- ကိုယ်တိုင်က ကြိုးစားအားထုတ်မှုရှိရင်

ဝါသနာနဲ့ ကျွမ်းကျင်မှုက တထပ်တည်းကျနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဝါသနာနဲ့ကျွမ်းကျင်မှုကို တထပ်တည်းကျပြီး လုပ်ကိုင်နိုင်တဲ့သူက ရှားပါတယ်။

လက်ချိုးရေရမယ်။
ကိုယ်အပါအဝင်ပေါ့။

💙💙💙💙💙💙💙💙💙💙💙💙

စာဖတ်ခြင်းမှ ရလာသော ဗဟုသုတများကို ကိုယ်ပိုင်အတွေးဖြင့် ရေးသားပါသည်။

💙💙💙💙💙💙💙💙💙💙💙💙💙

ဒီတီချယ်က စာသင်ရုံသက်သက် မဟုတ်ဘဲ အတန်းထဲမှာ Knowledge sharing လေးတွေလည်း လုပ်ပေးပါသေးတယ်။

Hello အားလုံးပဲမင်္ဂလာပါ...ဒီနေ့မှာတော့ အက်မင်က နေ့လယ်နေ့ခင်းမှာ တရေးတမောအိပ်တဲ့အခါ သုံးရတဲ့ အသုံးလေးကို ပုံလေးနဲ့ တကွ ပ...
17/11/2023

Hello အားလုံးပဲမင်္ဂလာပါ...
ဒီနေ့မှာတော့ အက်မင်က နေ့လယ်နေ့ခင်းမှာ တရေးတမောအိပ်တဲ့အခါ သုံးရတဲ့ အသုံးလေးကို ပုံလေးနဲ့ တကွ ပြပေးထားပါတယ်။

nap/ siesta = တမှေးအိပ်ခြင်း

Noun ဖြစ်ပါတယ်။

သူ့ကိုသုံးတဲ့အခါ take ဒါမှမဟုတ် have နဲ့တွဲသုံးလို့ ရပါတယ်။

take a nap
take a siesta

have a nap
have a siesta

ဥပမာ။ ။

(1) I'm quite tired, so I'm going to take a short nap.

ငါ အရမ်းကိုပင်ပန်းနေလို့ တမှေးလောက်အိပ်ရတော့မယ်။

(2) After a long morning of work, Maria decided to take a siesta to recharge her energy.

တမနက်လုံး အလုပ်တွေလုပ်ပြီးတဲ့နောက်မှာ Maria က သူမရဲ့ အားအင်တွေ ပြန်ပြည့်အောင်လို့ တမှေးအိပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

💮💮💮💮💮💮💮💮💮💮💮💮

English Speaking Booster Class စုံစမ်းလိုပါက

Friday, Saturday and Sunday မနက်ခင်းပိုင်း

10:00 AM to 12:00 PM အထိ တစ်ချိန်လွတ်ပါတယ်ရှင်....

Page messenger မှစုံစမ်းနိုင်သလို Personal account မှလည်း တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Teacher Yu English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category