SEIN Class Online Learning

SEIN Class Online Learning

Share

Online Learning Class

23/10/2023

သင်တန်းကြေး ၃၀၀၀ ကျပ်တည်းနဲ့ အင်္ဂလိပ်စာအခြေခံသင်တန်းတက်လိုက်ပါ။ 👉👉👉
📚
Facebook private group နဲ့သင်တာဖြစ်လို့ အချိန်၊ရက် ကန့်သတ်ချက်မရှိပါ။ ကိုယ်ကြိုက်တဲ့ချိန်၊အဆင်ပြေတဲ့ချိန်မှာ ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။😊
📚
ပြီးတော့ gp ထဲကနေလည်း မထုတ်ဘူးနော်၊ ရာသက်ပန်ထားပေးမှာ။🤝
📚
မရှင်းတာရှိရင်လည်း Chat box မှာအချိန်မရွေးမေးလို့ရပါတယ်။
📚
အခုမှ အင်္ဂလိပ်စာကို စပြီးလေ့လာမယ်ဆိုတဲ့သူတွေ၊ ဘယ်ကစလေ့လာရမလဲမသိဘူးဆိုတဲ့သူတွေအတွက် အခြေခံအကျဆုံးအဆင့်ကနေ စပြီးလေ့လာရမှာဖြစ်ပါတယ်။👍
📚
သင်တန်းပြီးသွားရင်လည်း ကိုယ့်မှာ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး အခြေခံအုတ်မြစ်ကောင်းကောင်းရသွားပြီဖြစ်လို့ ကိုယ်ကိုယ်တိုင်နောက်ထပ် အလွတ်တန်းဆက်ပြီးလေ့လာမယ်ဆိုလည်း လေ့လာလို့ရသွားပြီနော်။👍👍
📚
Speaking အတွက် လိုအပ်တဲ့ အခြေခံသင်ခန်းစာများကိုလည်း ထည့်ပေးထားပါတယ်။ 👌👌
✅✅✅
အင်္ဂလိပ်စာအခြေခံသင်တန်းဖြစ်လို့ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးအခြေခံကောင်းကောင်းရချင်တယ်၊ Grammar ကိုပိုင်ပိုင်နိုင်နိုင်ရချင်တယ်၊ စာကြောင်းတွေတည်ဆောက်ချင်တယ်၊ ရေးတတ်ချင်တယ်၊ အင်္ဂလိပ်လိုရေးထားတဲ့စာတွေ သတင်းတွေဖတ်တတ်ချင်တယ်၊ စကားပြောအတွက် အခြေခံတွေလေ့ကျင့်ချင်တယ် ဆိုတဲ့သူတွေ တက်ရောက်နိုင်ပါတယ်။
👉👉
အခုပဲ chat box မှာ စာရင်းပေးလိုက်တော့နော်။ ☺

17/03/2023
04/02/2023

Why don't we rewrite the stars? 😁😁
Photo credit.

30/01/2023

Article နဲ့ပက်သတ်ပြီး စည်းမျဥ်းတွေက အနည်းငယ်များတယ်။ အခုပြသွားတဲ့ video လေးကတော့ ဒီစည်းမျဥ်းတွေကို မှတ်မိလွယ်အောင် ဟာသပုံစံလေးနဲ့ပြသွားတာ တော်တော်လေးကောင်းပါတယ်။

27/01/2023

Future နဲ့ပက်သတ်ပြီးသုံးနိုင်တဲ့အသုံးတွေဖြစ်ပါတယ်။ အလွန်မှတ်သားဖွယ်ကောင်းပါတယ်။ ရုတ်တရက်ကြည့်ရင် မှတ်ရတာများတယ်ဆိုပေမယ့် သေချာလေ့လာကြည့်ရင် မှတ်သားရတာမခက်သလို စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ ကျွန်တော့်ရဲ့သင်တန်းမှာလည်း ဒီအကြောင်းတွေကိုအသေးစိတ်စနစ်တကျ တင်ပြထားပါတယ်။ အင်္ဂလိပ်စာကိုအခြေခံမှစ စနစ်တကျလေ့လာချင်တယ်ဆိုရင်တော့ Sein Class မှာလည်း တက်လို့ရနေပြီနော်။

16/01/2023

😁😁
Just kidding! 😜
Photo Credit.

29/12/2022

Mask မတပ်လို့ ဘဏ်ထဲကဆွဲထုတ်ခံလိုက်ရတဲ့အမျိုးသမီး။
အမေရိကန်ပြည်ထောင်စုရဲ့တရားဥပဒေစိုးမိုးရေး ဘယ်လောက်အထိအားကောင်းလဲ။

Disclaimer # #
I do not own the video.This video belongs to the original uploader.I just translated it. No other intention. For educational purpose only.
No ads included.

23/12/2022

belong to နဲ့ belong with ဘာကွာလဲ။....
belong to ဆိုတာက ပိုင်ဆိုင်ခြင်းကိုပြတဲ့ Phrase တစ်ခုပဲဖြစ်ပါတယ်။ သို့သော် ဒီPhrase ကိုသုံးတဲ့အခါမှာ ပိုင်ဆိုင်ခံနာမ်ကိုအရင်ရေးရပါမယ်။ to ရဲ့နောက်မှာ ပိုင်ဆိုင်သူနာမ်ကိုရေးရပါမယ်။
ဥပမာ ဒီကားကိုကျွန်တော်ပိုင်တယ်ဆိုရင်
(This car belongs to me.) ဖြစ်ပါတယ်။ (I own this car.) လို့ဆိုလိုတာဖြစ်ပါတယ်။
This books belong to her.
That house over there belongs to him.
Belong with ဆိုတာက လူနှစ်ယောက် သို့မဟုတ် အရာဝတ္ထုနှစ်ခုက အတူရှိသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်ပါတယ်။
Belong with ဆိုတာက should be နဲ့အဓိပ္ပါယ်ဆင်တူပါတယ်။
ဥပမာ (You don't belong with Kyaw Kyaw. You belong with Zaw Zaw.)
မင်းကျော်ကျော်နဲ့အတူမရှိသင့်ဘူး(အတူမရှိရဘူး)။မင်းဇော်ဇော်နဲ့ပဲအတူရှိသင့်တယ်။ ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ပြောချင်တာက ဖြစ်သင့်တယ်၊လိုက်ဖက်တယ်၊တွဲဖက်ညီတယ် ဒီလိုအဓိပ္ပါယ်ဖြစ်ပါတယ်။

လူတစ်ဦးနဲ့တစ်ဦး belong to ဆိုပြီးသုံးလို့မရပါဘူး။ ဥပမာ You belong to me ဆိုပြီးမသုံးရပါ။ လူတစ်ယောက်ကိုလူတစ်ယောက်ကပိုင်ဆိုင်တယ်လို့မပြောသင့်ပါဘူး။ ဒါကြောင့် You belong with me လို့သာသုံးရပါမယ်။
ရှေးယခင်ခေတ်တွေက အနောက်ဥရောပမှာ လင်မယားဆိုလျှင် ယောကျ်ားကမိန်းမကို ပိုင်ဆိုင်တဲ့သဘောဖြစ်လို့ ယောကျ်ားဖြစ်သူကကိုယ့်မိန်းမကို You belong to me လို့ပြောနိုင်ပေမယ့် အခုခေတ်အခြေအနေအရ အဲလိုမသုံးသင့်တော့သလို သုံးလည်းမသုံးကြတော့ပါဘူး။
စာလေးကိုအဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
Sein Class Online Learning

20/12/2022

အားလုံးပဲမင်္ဂလာပါ။ ဒီနေ့မှာတော့ အင်္ဂလိပ်စကားပြောမှာ အသုံးများတဲ့ စကားလုံးဖြစ်တဲ့ ain't ဆိုတဲ့ စကားလုံးလေးအကြောင်းပြောပြပေးချင်ပါတယ်။

ဒီအသုံးက အရေးမှာသုံးလို့မရပါဘူး။ စကားပြောတဲ့နေရာမှာပဲသုံးရမှာဖြစ်ပါတယ်။ ပြီးတော့ informal way ဖြစ်ပါတယ်။

ain't ဆိုတာက ဒီစကားလုံးများကို အစားထိုးသုံးစွဲထားတာဖြစ်ပါတယ်။ အဲဒါတွေကတော့ ( am not, is not, are not, have not, has not) တို့ပဲဖြစ်ပါတယ်။

ဥပမာ I am not doing nothing. ဆိုရင်
I ain't doing nothing. လို့ပြောလို့ရပါတယ်။

အခြားဥပမာများမှာ
She is not going to sleep.
(She ain't going to sleep.)
You are not scared anything.
(You ain't scared anything.)
He does not have a car.
(He ain't got a car.)
I have not done anything wrong.
(I ain't done nothing wrong.)

အင်္ဂလိပ်စာကိုအခြေခံမှစတင်လေ့လာလိုသူများအတွက် အင်္ဂလိပ်စာအခြေခံသင်တန်းကို Sein Class တွင်ဖွင့်လှစ်သင်ကြားပေးနေပါပြီ။ တက်ရောက်လိုပါက Page messenger တွင်စုံစမ်းနိုင်ပါသည်။

27/11/2022

မနေ့က မေးခွန်းလေးမှာ အဖြေမှန်ကတော့ Need ဖြစ်ပါတယ်။
Need ကို Helping Verb အနေနဲရော Main Verb အနေနဲ့ရော သုံးလို့ရပါတယ်။
Helping Verb အနေနဲ့သုံးမယ်ဆိုရင်တော့
(She need go there.) လို့သုံးရပါမယ်။
Main Verb အနေနဲ့သုံးမယ်ဆိုရင်တော့
(She needs to go there.) လို့သုံးရပါမယ်။
ဒါဆိုရင် နောက်တပတ်ကျရင်လည်း အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး အခုလိုမေးခွန်းလေးတွေဖြေဖို့ Page ကို Like and Follow လုပ်ထားကြဦးနော်။
See you...

26/11/2022

ကဲ အ​ဖြေမှန်​​လေးကို ရွေးချယ်​ပေးပါဦး သင်တန်းသားတို့.....။

She.....go there.
(need/need to/needs)

နောက်နေ့ဒီအချိန်လေးမှာပဲ အဖြေလာတိုက်ကြဦးနော်။

Send a message to learn more

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


22nd Street, Between 87&87streets
Mandalay