lately ကို late ရဲ့ adverb လို့ ထင်မိရင် လက်ညိုးထောင်
တကယ်တော့
late က adj/adv နှစ်မျိုးစလုံးရပါတယ်
နောက်ကျသော/နောက်ကျစွာ နှစ်ခုစလုံး late ပါပဲ
lately က adv တော့ဟုတ်ပါတယ်
ဒါပေမယ့် နောက်ကျစွာမဟုတ်ပါဘူး
"အခုတေလာ" လို့အဓိပ်ပါယျရပါတယျ
ဥပမာ
I have had a trouble sleeping lately.
ငါ အခုတေလာ ငါအိပ္မရဘူး
Lately, I have been very busy.
အခုတေလာ ငါအလုပ်တွေတအားရှုပ်တယ်
lately သုံးမယ်ဆိုရင် မဖြစ်မနေမှတ်ဖို့ကတော့ perfect tense နဲ့ပဲ ရေးရတယ်ဆိုတာပါပဲ ( perfect မွာမွ present perfect tense ကိုအသုံးအမ်ားဆုံး)
ဘေးကင်းကျန်းမာကြပါစေ
ဆရာဇော်
ရွှေဇွန်မြေအင်္ဂလိပ်စာ
Sayar Zaw Online English
ဆရာဇော် ရွှေဇွန်မြေကိုယ်တိုင်သင်ကြာ
လွဲတတ်တာလေးတွေ
ငါမနေ့ကဆံပင်ညှပ်ခဲ့တယ်ဆိုတာကို
I cut my hair yesterday. လို့ပြောရင် ကိုယ့်ဘာသာကိုယ် ကပ်ကြေးကိုင် မှန်ထဲကြည့်ညှပ်တာဖြစ်သွားမယ် ( အဲလိုညှပ်ရင်တော့ ဗူးသီးကြွက်ကိုက်ကေပဲဖြစ်မှာပေါ့ဗျာ )
အဲဒီလို သူများကိုလုပ်ပေးခိုင်တာမျိုးဆိုရင် ဒီလိုလေးရေးရတယ်
ဒီပုံစံလေးသေချာမှတ်ထားပါ
(have + thing + V3)
I (had + my hair + cut) yeaterday.
I had my hair cut yesterday.
ငါမနေ့က ဆံပင်ညှပ်ခဲ့တယ်
နောက်ထပ်ဥပမာလေးကြည့်ပါအုံး
I am going to (have my car repaired) tommorow.
မနက်ဖြန်ငါ့ကားလေးပြင်ရအုံးမယ်
( ဆိုင်သွားပြင်မှာကိုဆိုလို )
I am going to repair my car tomorrow.
မနက်ဖြန်ငါ့ကားလေးပြင်ရအုံးမယ်
( ကိုယ့်ဘာသာကိုယ်ပြင်မှာကိုဆိုလို )
အဲ ဒါနဲ့ စကားပြောမှာ have နေရာ get အစားထိုးသုံးသေးတယ်ဆိုတာလေးမှတ်လိုက်ပါအုံး
အင်္ဂလိပ်စာသုတပွားကြပါစေဗျာ
ဆရာဇော်
ရွှေဇွန်မြေ(အင်္ဂလိပ်စာ)
အင်္ဂလိပ်စာလေ့လာလိုသူများ profile မှာ ဝင်ပြီး follow see first လုပ်ထားနိုင်ပါတယ်
see first လုပ်ထားမှ ကိုယ့် Timeline မှာ နေ့စဉ် တင်သမျှ တက်လာမှာဖြစ်ပါတယ်
သေချာသိထားသင့်တဲ့ doubt နဲ့ suspect ခြားနားချက်
နှစ်ခုစလုံးကတော့ မြန်မာလို သံသယရှိသည် ဆိုတဲ့ အဓိပ္ပါယ်မှာ လာတူနေပါတယ် ဒါပေမယ့်အသုံးကတော့ မတူပါဘူး
မတူတာကို အကြမ်းအားဖြင့် ဒီလိုအရင်မှတ်ပါ
doubt က မထင်တဲ့ သံသယ
suspect က ထင်တဲ့ သံသယ
ဆက်သွားမယ် နမူနာလေးနဲ့
I doubt that he is telling the truth.
သူအမှန်တွေပြောနေတယ်လို့ ငါမထင်
သူအမှန်တွေပြောနေတယ်ဆိုတာကို ငါသံသယရှိတယ်
They suspect the vaccine has side effects.
ဒီကာကွယ်ဆေးက ဘေးထွက်ဆိုးကျိုးတွေရှိတယ်လို့ သူတို့ သံသယရှိတယ်
ဒီကာကွယ်ဆေးက ဘေးထွက်ဆိုးကျိုးတွေရှိတယ်လို့ သူတို့ထင်တယ်
ကဲ အဲဒီဥပမာနှစ်ခုကို တွေးရင်းတွေးရင်း ပိုသိလာပါလိမ်မယ်
ဘေးကင်းကျန်းမာကြပါစေ
ဆရာဇော်
ရွှေဇွန်မြေ အင်္ဂလိပ်စာ
just အသုံး
just ကို တိတိကျကျ ကွက်တိ အံကိုက် ဆိုတဲ့အဓိပ်ပါယျနဲ့ adv အဖြစ်သုံးလို့ရပါတယ်
ဥပမာ
This sweater is just my size.
ဒီဆွယ်တာက ငါ့ဆိုဒ်နဲ့ အတော်ပဲ (အံကိုက်ပဲ)
She looks just like her mother.
သူမက သူ့အမေနဲ့ ချွတ်စွပ်တူတာ
It's just as I thought.
ငါထင်တဲ့အတိုင်း ကွက်တိပဲ
နောက်တစ်မျိုး
ဖြစ်ပျက်သွားတာ မကြာသေးတာကိုဖော်ပြရမှာလည်းသုံးနိုင်ပါတယ်
'လုပ်ပြီးကာစ'
I've just heard the news.
ဒီသတင်းကို ငါကြားပြီးကာစရှိသေးတယ်
When you arrived,he had only just left.
သူထွက်သွားပြီးကာစရှိသေး မင်းရောက်လာတာပဲဗျာ
နောက်တစ်နည်း
မျှသာ
It was just an ordinary day.
ထိုဟာက သာမန်ရက်တစ်ရက်မျှသာ
Just for fun.
ဟာသအတွက်မျှသာ
အခုဖော်ပြပေးလိုက်တာကတော့ အသုံးအများဆုံးနေရာတွေပဲဖြစ်ပါတယ်
ဆရာဇော်
အင်္ဂလိပ်စာလေ့လာလိုသူများ profile ကိုဝင်ပြီး follow see first လုပ်ပြီး နေ့စဉ်လေ့လာနိုင်ပါတယ် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ဖို့ များစွာအထောက်အကူရပါလိမ့်မယ်
"keep" တစ်လုံး ဘယ်လိုသုံး
1. keep = သိမ်းထားသည်
Do you want this book back.
မင်းဒီစာအုပ်ပြန်ယူမလား?
No, you can keep it.
မယူပါဘူး မင်းသိမ်းထားလိုက်။
2. keep = ----ထား/ -----နေ/ ဆက်----
ထား *I'm so tired. I can't keep my eyes open.(keep+N+adj/V)
မောလွန်လို့ မျက်လုံးကို ဖွင့်မထားနိုင်တော့ဘူး
နေ *Keep still. ငြိမ်ငြိမ်နေ (keep+adj)
ဆက် *Keep going .(keep+ving) We are nearly there. ဆက်သွား ရောက်လုပြီ
အကျဉ်းမျှ ရှင်းပြခြင်းသာဖြစ်ပါကြောင်း
အင်္ဂလိပ်စာသုတပွားကြပါစေဗျာ
ထပ်ဆင့် share နိုင်ပါတယ်
ဆရာဇော်
ရွှေဇွန်မြေ(အင်္ဂလိပ်စာ)
အင်္ဂလိပ်စာလေ့လာလိုသူများ page ကိုဝင်ပြီး page like & follow see first လုပ်ပြီး နေ့စဥ်လေ့လာနိုင်ပါတယ် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ဖို့ များစွာအထောက်အကူရပါလိမ့်မယ်
see first လုပ်ထားမှ ကိုယ့် Timeline မှာ နေ့စဉ် တင်သမျှ တက်လာမှာဖြစ်ပါတယ်
In case အသုံး မှတ်ပါအုံး
--လို့--ငြား/
--သော်ရှိ မ--သော်ရှိ/
ခဲ့သော်
ဆိုတာတွေကို in case အသုံးပြုပြီးရေးနိုင်တယ်
in case ကို ဖြစ်လာနိုင်ခြေကို မှန်းဆပြောဆိုတဲ့အခါသုံးရပါတယ်
Lets take our swimming costumes in case theres a pool at the hotel.
ဟိုတယ်မှာ ရေကူးကန်ရှိလို့ရှိငြား ရေးကူးဝတ်စုံယူခဲ့ရအောင်
( ရှိမရှိမသိဘူး ဟိုတယ်ဆိုတာ ရေကူးကန်ရှိတတ်လို့ )
သတိထားစရာက if နဲ့မတူဘူးဆိုတာပဲ
Lets take our swimming costumes if theres a pool in the hotel.
ဟိုတယ်မှာ ရေကူးကန်ရှိရင် ရေးကူးဝတ်စုံယူခဲ့ရအောင်
( ရှိရင်ယူမယ် သိအောင် ဖုန်းဆက်မေးတန်မေးမယ် )
နောက်ထပ်ဥပမာ
Shall I keep some chicken salad for your brother in case hes hungry when he gets here?
မင်းအကိုရောက်ရင် ဆာသော်ရှိ မဆာသော်ရှိ ကြက်သားသုတ်လေး သိမ်းထားလိုက်ရမလား
In case I forget later, here are the keys to the garage.
ငါမေ့ခဲ့သော် ဟောဒီမှာ ဂိုထောင်သော့တွေ
ကဲ in case အသုံးလေး သုံးတတ်ကြပါစေဗျာ
အင်္ဂလိပ်စာနေ့စဥ်လေ့လာလိုသူများ
အပေါ်က Sayar Zaw Online English ဆိုတာကို နှိပ်ပြီး page ကိုဝင်ပါ
Page Like & follow see first လုပ်ပါ
နေ့စဥ်တင်သမျှ အင်္ဂလိပ်စာ များကို ဖတ်နိုင်ပါပြီ
ဆရာဇော်
ရွှေဇွန်မြေ အင်္ဂလိပ်စာ
11/01/2025
hotel နှင့် motel ဘာကွာလဲ?
ဒီလိုပါ
hotel ကတော့ အများသိပြီးသားထားလိုက်ပါတော့
motel က motor hotel ကို အတိုပေါင်းခေါ်လိုက်တာပါ
motor hotel ဆိုတာ ကားနဲ့သွားလာရင်း ရပ်နားတည်းခိုလို့ရတဲ့ ကားထားစရာတွေပါစီစဉ်ပေးထားတဲ့ hotel ပါပဲ
motor က mo ကိုယူ
hotel က tel ကိုယူ ပြီး
motel ဖြစ်လာတာပါ
ဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်
မေးထားသမျှထဲက အချိန်ရင်ရသလို တစ်ခုချင်း ဖြေပေးနေပါတယ် ကိုယ်မေးတာမသိရသေးခင် သူများမေးတာဖတ်ရတာလည်း ဗဟုသုတရမှာပါ
နေ့စဥ်ဖတ်ဖို့ follow see လုပ်ထားနိုင်ပါတယ်
ဆရာဇော်
ရွှေဇွန်မြေ အင်္ဂလိပ်စာ
the next day နဲ့ the very next day ဘာကွာလဲ ဘယ်လိုထူးပြီးဘာသာပြန်ရမလဲ
သေချာတာကတော့ ဒီနေရာမှာ very ကို အလွန်လို့မယူရမှာတော့သေချာတယ် 😁
ဒီတော့ ဥပမာလေးနဲ့ပြောတော့မယ်
He had surgery and the next day he ran a marathon.
သူ ခွဲစိပ်ကုသမှုခံယူတယ် နောက်တစ်နေ့မှာ မာရသွန်ဝင်ပြေးတယ်
စဥ်းစားကြည့်ပါ ခွဲစိပ်ကုသမှုခံယူပြီးနောက်တစ်နေ့မှာ မာရသွန်ဝင်ပြေးနိုင်တယ်ဆိုတဲ့ ကြံ့ခိုင်မှုဟာ အချိန်အားဖြင့် မြန်လွန်းတယ်
အဲဒီတော့ အဲဒါကိုပေါ်အောင် လေးနက်သွားအောင်တော့ပြောသင့်တယ်
ဒီလိုလေးပြောမယ်
သူခွဲစိပ်ကုသမှုခံယူပြီး နောက်တစ်နေ့မှာပဲဗျာ မာရသွန်ဝင်ပြေးပါလေရော
He had surgery and the very next day he ran a marathon.
very ဟာ နောက်တစ်နေ့ဆိုတာကို မြန်ဆန်လွန်းတဲ့သဘောနဲ့လေးနက်သွားစေပါတယ်
ဘေးကင်းကျန်းမာကြပါစေ
အင်္ဂလိပ်စာသုတပွားကြပါစေ
ဆရာဇော်
ရွှေဇွန်မြေ အင်္ဂလိပ်စာ
buy နဲ့ purchase ဘာကွာလဲ
ဘာကွာလဲဆိုတဲ့မေးခွန်းဖြစ်လာပြီဆိုကထဲက ဆင်တူလို့ပဲ တစ်ချို့နေရာတွေမှာ ဖလှယ်ပြီးသုံးလို့ရလို့ပဲ အဲဒါမျိုးကို interchangeable လို့ခေါ်ပါတယ်
အခု buy နဲ့ purchase ကလည်း interchangeable ပါပဲ ဖလှယ်သုံးလို့ရပါတယ် သုံးကြပါတယ်
buy နဲ့ purchase နှစ်ခုစလုံးက ဝယ်ယူမှုဆိုတဲ့ Noun အဖြစ်လည်းသုံးလို့ရပါသေးတယ်
ကောင်းပြီ ဘာကွာလဲပြောကြစို့
buy က informal သုံး
purchase က formal သုံး
ဒါပဲကွာပါတယ်
formal က အခန့်သုံး
informal က နေ့စဥ်သုံးကိုပြောတာပါ
အဝတ်အစားလိုပြောရင်တော့ ပွဲနေ့ပွဲတိုင်ဝတ်နဲ့ အိမ်နေရင်းဝတ်ပေါ့
ဆိုင်တွေမှာရေးထားတာ ဖတ်ဖူးကြမှာပါ
" Thank you for your purchase"
ဝယ်ယူမှုအတွက် ကျေးဇူးတင်ပါတယ်
ခန့်ခန့်ညားညားလေးသုံးတာပေါ့နော်
ကဲ ဥပမာ နှစ်ကြောင်းကြည့်ကြအုံးစို့
1.I would like to -------- a new home.
2.She wants to --------- a hamburger.
အဲဒီဝါကျနှစ်ခုမှာ buy နဲ့ purchase တစ်ခုစီထည့်ပါဆိုရင်
1 က purchase ထည့်ရမယ်
2 ကတော့ buy ပေါ့
အိမ်ဝယ်တယ်ဆိုတာနဲ့ ဟမ်ဘာဂါဝယ်တာ ဘယ်ဟာကို formal ပိုသုံးသင့်လည်းစဥ်းစားရင် အဖြေထွက်ပါတယ်
အိမ်ဝယ်တာကိုရော buy သုံးမရဘူးလားလို့မေးရင် ရပါတယ်
တော်ကြာ buy နဲ့ ဝယ်ဝယ် purchase နဲ့ ဝယ်ဝယ် ပိုက်ဆံပေးဝယ်ရတာ အတော် အရစ်ရှည်တဲ့လူဆိုပြီး မုန့်တွေဝယ်ကျွေးနေမှာစိုးလို့
သုံးပါ သုံးပါ အဆင်ပြေသလိုသုံးကြပါ😁
ကျမ်းမာရွှင်လန်းကြပါစေဗျာ
ဆရာဇော်
ရွှေဇွန်မြေအင်္ဂလိပ်စာ
အင်္ဂလိပ်စာလေ့လာလိုသူများ profile ကိုဝင်၍ follow လုပ်ထားပါ
sleep / sleepy နဲ့ asleep ဘာကွာလဲ?
sleep က အားလုံးသိ အိပ်သည် အိပ်ခြင်းပေါ့
Verb အနေနဲ့သုံးရင်
Did you sleep well?
အိပ်ရေးဝရဲ့လား
Noun အဖြစ်သုံးတော့
Poe Htaung talked in his sleep last night.
မနေ့ညက ဖိုးထောင် ယောင်နေတာ
asleepက အိပ်ပျော်သော adj
Quiet! The baby's asleep.
တိတ်တိတ်နေ ကလေးအိပ်ပျော်နေတယ်
asleep ကို verb to be အစား fall/fell နဲ့လည်းတွဲသုံးနိုင်ပါတယ်
She fell asleep because she was tired.
သူမ မောလို့ အိပ်ပျော်သွားခဲ့တယ်
sleepy အိပ်ချင်သော
I'm sleepy.
အိပ်ချင်ပြီ ( မျက်ခွံတွေလေးပြီး ပါးစပ်ကြီးဖြဲတဝှားဝှားသန်းလာတာ )
I want to sleep.
အိပ်ချင်ပြီ
( မျက်ခွံတွေလေးချင်လည်းလေးမယ် အိပ်ချိန်ရောက်လို့ နားချင်တာမျိုးလည်းဖြစ်ချင်ဖြစ်မယ် )
အဲ ကြုံလို့ပြောရအုံးဗျာ
light sleeper အိပ်ရေးဆတ်သူ
heavy sleeper အိပ်ရေးကြီးသူ
အသုံးတည့်ကြပါစေဗျာ
အင်္ဂလိပ်စာလေ့လာသူများ
ဒီ account မှာ follow see first လုပ်၍ နေ့စဉ်လေ့လာနိုင်ပါတယ်
ဆရာဇော် (ရွှေဇွန်မြေ)
lazy နဲ့ bored ဘာကွာလဲ ?
lazy ပျင်းရိသော
ဘာမှမလုပ်ချင်မကိုင်ချင် မလှုပ်ချင်မရှားချင်ဖြစ်တဲ့သဘော
bored ငြီးငွေ့သော
အခြေအနေတစ်ခုအပေါ်မှာ မပျော်ပိုက်တော့တာ စိတ်မဝင်စားတော့တာ အီလာတာ အဲလိုသဘော
ဥပမာလေးနဲ့မှ ရှင်းတော့မပေါ့လေ
I felt too lazy to get out of bed this morning.
ဒီမနက်က ငါ အိပ်ရာထဲကမထချင်အောင်ကို ပျင်းတာကွာ
( မလှုပ်ချင် မရှားချင် မှိန်းနေချင် )
Mg Po is a lazy boy.
မောင်ပိုသည် လူပျင်းတစ်ယောက်ဖြစ်သည်
( ဘာမဖြတ်ဖြတ်လတ်လတ် တက်တက်ကြွကြွမရှိ လက်ကြောမတင်းတဲ့ အရည်အသွေးထူးကို ပိုင်ဆိုင်သော 😁 )
Are you bored with your present job?
မင်လက်ရှိအလုပ်မှာ ပျင်းသလား
( အခြေအနေတစ်ခုမှာ မပျော်ပိုက်တဲ့သဘော စိတ်မဝင်စားတဲ့သဘော )
If we knew all of life's secrets, we might be bored.
ဘဝလျှ ို့ဝှက်ချက်တွေအားလုံးကို သိခဲ့ရင် ကြှနျုပျတို့ ပျင်းသွားမှာပါ
( စိတ်ဝင်စားစရမရှိလို့ ငြီးငွေ့တဲ့သဘော )
နဲနဲရှည်သွားပြီဆိုတော့
You get bored of reading.
ဖတ်ရတာပျင်းရောပေါ့
မေးသူတစ်ယောက် သိသူအများဖြစ်ကြပါစေ
ဆရာဇော် ရွှေဇွန်မြေ
Online အင်္ဂလိပ်စာသင်တန်း
အင်္ဂလိပ်စာလေ့လာလိုသူများ profile ကိုဝင်ပြီး တင်ပြီးသမျှလေ့လာပါ နေ့စဥ်ဖတ်လိုပါက follow ကိုနှိပ် see first ကို ရွေးပေးလိုက်ပါ
ဆရာဇော်
ရွှေဇွန်မြေ အင်္ဂလိပ်စာ
lately နဲ့ late ဘာကွာလဲ
တော်တော်ကိုကွာပါတယ်
ဒါပေမယ့်
"အခုတေလာ" လို့အဓိပ္ပါယ်ရပါတယ်
ဥပမာ
I have had a trouble sleeping lately.
ငါ အခုတေလာ အိပ္မေပ်ာ္ဘူး
Lately, I have been very busy.
အခုတလော ငါအလုပ်တွေတအားရှုပ်တယ်
lately သုံးမယ်ဆိုရင် မဖြစ်မနေမှတ်ဖို့ကတော့ perfect tense နဲ့ပဲ ရေးရတယ်ဆိုတာပါပဲ ( perfect မှာမှ present perfect tense ကိုအသုံးအများဆုံး)
ဆရာဇော်
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Mandalay