27/05/2025
IGCSE တက်ဖို့ စာအုပ်တွေ ၀ယ်ဖို့ လိုနေပြီလား🧑🏫
လူသုံးအများဆုံးဖြစ်တဲ့ Pearson Edexcel IGCSE student book တွေ ၀ယ်လို့ရပြီနော်💫
Original စာအုပ်ပုံစံအတိုင်း ကော်ချုပ်(glue binding) နဲ့လည်း ချုပ်ပေးနေပါပြီ
Black & White, Inkjet Colour, Laser Colour ကြိုက်ရာနဲ့ အော်ဒါတင်လို့ရပါတယ်
✔️ Mathematics B
✔️ Further Pure Mathematics
✔️ Mathematics A
✔️ Chemistry
✔️ Physics
✔️ Biology
✔️ Human Biology
✔️ Accounting
✔️ Economics
✔️ Business
✔️ English as a Second Language
✔️ English Language A
✔️ English Language B
✔️ ICT
✔️ Computer Science
📞 09400556640
📦Deli အပ်လို့ရတဲ့မြို့တိုင်း deli အပ်ပေးပြီးတော့
ကျန်မြို့များလည်း prepaid စနစ်နဲ့ ကားဂိတ်တင်ပေးပါတယ်
13/03/2025
IGCSE စာမေးပွဲတွေအတွက် လေ့ကျင့်ဖို့ Past Paper တွေ လာရောက်မှာယူလို့ရပြီနော်🫶
IGCSE O level ဖြေမယ့်ကျောင်းစားတွေအနေနဲ့ လေ့ကျင့်ရည်ပြည့်၀နေစေဖို့ လေ့ကျင့်တဲ့အခါ past paper 📃 တွေကို ကြည့်ရလွယ်အောင် paper တွေကို စနစ်တကျ သပ်သပ်ရပ်ရပ်လေး စာအုပ်ချုပ်ပေးပါတယ်📚
✅ paper တွေ ရှာရလွယ်အောင် အောက်က ပုံတွေထဲမှာပြထားသလို မာတိကာ နဲ့ page no. လေးတွေပါ လုပ်ပေးထားပါတယ်🤗
✅ ကိုယ်လိုချင်တဲ့paper တွေနဲ့ ကိုယ်လိုချင်တဲ့နှစ်အလိုက် မှာလို့ရပါတယ်🌟
✅ marking schemes (ans key) လည်း ထည့်ပေးထားပါတယ်✨
✅ English as a second language past paper အတွက် Listening Mp3တွေ၊ ICT အတွက် practical file တွေလည်း viber, telegram, google drive ကနေ ပို့ပေးပါတယ်။
📱 09400556640
10/01/2025
IGCSE တက်ဖို့ စာအုပ်တွေ ၀ယ်ဖို့ လိုနေပြီလား🧑🏫
လူသုံးအများဆုံးဖြစ်တဲ့ Cambridge IGCSE coursebook တွေ ၀ယ်လို့ရပြီနော်💫
Original စာအုပ်ပုံစံအတိုင်း ကော်ချုပ်(glue binding) နဲ့လည်း ချုပ်ပေးနေပါပြီ
Black & White, Inkjet Colour, Laser Colour ကြိုက်ရာနဲ့ အော်ဒါတင်လို့ရပါတယ်
✔️ Mathematics (Core & Extended)
✔️ Additional Mathematics
✔️ Chemistry
✔️ Physics
✔️ Biology
✔️ Accounting
✔️ Economics
✔️ Business Studies
✔️ English as a Second Language
✔️ First Language English
✔️ ICT
✔️ Computer Science
📞 09400556640
📦Deli အပ်လို့ရတဲ့မြို့တိုင်း cash on deli ရပြီးတော့
ကျန်မြို့များလည်း prepaid စနစ်နဲ့ ကားဂိတ်တင်ပေးပါတယ်
05/01/2025
GED IGCSE ဆိုတာဘာလဲ
Part-2
✨ IGCSE Exam ✨
▫️ တစ်နှစ်မှာ စာမေးပွဲ ၃ခါ ရှိပါတယ်။ Edexcel နဲ့ CIE စာမေးပွဲ အချိန်တွေမတူကြပါဘူး။ ဒါပေမဲ့ အကြမ်းအားဖြင့် January/February လောက်မှာတစ်ခါ၊ May/June လောက်မှာ တစ်ခါ၊ October လောက်မှာ တစ်ခါ ရှိပါတယ်။
▫️Exam period က တစ်လလောက်ကြာပါတယ်။ ဘာသာတိုင်းနီးပါး တစ်ဘာသာကို ၂ရက်ဖြေရပါတယ်။ ထုတ်ပြန်ထားတဲ့ timetable အတိုင်း ဘာသာတစ်ခုချင်းဆီအတွက် ဖြေရမယ့်ရက်တွေမှာ စာမေးပွဲသွားဖြေရပါတယ်။ နေ့တိုင်း ဖြေရတာမဟုတ်ပဲ ပိတ်ရက်တွေလည်း ရှိတဲ့အတွက် စာကြည့်ချိန်လည်းရပါတယ်။
▫️ Exam fee ကတော့ တစ်ဘာသာကို အခု လက်ရှိမှာတော့ 3သိန်း ၀န်းကျင် ရှိကြပါတယ်။ ဒေါ်လာဈေးအတက်အကျနဲ့ လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။
British Council က ထုတ်ပြန်တဲ့ တစ်ဘာသာချင်းဆီအတွက် exam fee မှာ အတိအကျကြည့်နိုင်ပါတယ်။
▫️Paper ပေါ်မှာ ချဖြေရတဲ့ စာမေးပွဲဖြစ်တဲ့အတွက် ချက်ချင်းတော့ အမှတ်မသိရပါဘူး။ Result ကတော့ ဖြေပြီး ၁လကျော် ၂ လလောက်နေရင် ထွက်ပါပြီ။
✨GED Exam ✨
▫️GED ကတော့ တစ်နှစ်မှာ ကိုယ်ကြိုက်တဲ့အချိန်မှာ ဖြေလို့ရပါတယ်။ ဖြေရမယ့်ရက်မှာ Test Center ကို သွားပြီး ဖြေရုံပါပဲ။
▫️တစ်ဘာသာချင်းဆီလည်း ဖြေရမယ့်ရက်ကို ကိုယ်ကြိုက်သလိုရွေးလို့ရပါတယ်။ စာမေးပွဲဖြေဖို့ ကိုယ် ready ဖြစ်တဲ့အထိ သေချာလေ့ကျင့်ဖို့ အချိန်သေချာရပါတယ်။
▫️ Exam fee က တစ်ဘာသာကို USD 80$ ရှိပါတယ်။
Real Exam မဖြေခင်တော့ Ready Test ဆိုတဲ့ အကြိုအစမ်းဖြေကြည့်တာ လုပ်ရပါသေးတယ်။ Ready Test အောင်ပြီဆိုမှ Real Exam ၀င်ဖြေရပါတယ်။
▫️ Computer Based ဖြေရတာဖြစ်တဲ့အတွက် Result ကတော့မြန်ပါတယ်။ ဖြေပြီး ၂၄ နာရီအတွင်းသိရပါတယ်။ လူတိုင်းနီးပါး ဖြေပြီး ၁နာရီ ၂နာရီအတွင်းသိကြရပါတယ်။
✨ IGCSE Subjects ✨
▫️ English မှာဆိုရင် Second Language နဲ့ First Language ဆိုပြီး 2 မျိုးရှိတဲ့ထဲက တစ်မျိုးတော့ မဖြစ်မနေယူရပါတယ်။
▫️ သင်္ချာဆိုရင်လည်း Edexcel အတွက်ဆိုရင်Math B။
CIE အတွက်ဆို Extended Math ယူရပါတယ်။
▫️ ကျန်တဲ့ ဘာသာတွေကတော့ ကိုယ်လျှောက်လမ်းပေါ် မူတည်ပြီး စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။ အများစုကတော့ English ရယ်၊ Math 2မျိုးရယ်၊ Physics, Chemistry တော့ယူကြပါတယ်။
(ကိုယ်တက်ချင်တဲ့ ကျောင်း or major ရဲ့ ၀င်ခွင့်အတွက် လိုအပ်တဲ့ subject တွေ ရဲ့ requirement တွေကိုသိထားရင်လည်း ပိုကောင်းပါတယ်။ စာမေးပွဲဖြေဖို့ပြင်နေချိန်မှာ အဲ့subject တွေအတွက်ပိုပြီး အားစိုက်လုပ်ဖို့ မိုတီရတာပေါ့)
▫️ ဘယ်subject တွေပဲ ယူယူ English စာ အခြေခံကောင်းဖို့ရယ်၊ စာကိုမျက်စိကျက်လိုက်တာ မှတ်လိုက်တာမဟုတ်ပဲ သေချာနားလည်ဖို့ရယ်၊ မေးခွန်းဟောင်းများများ လေ့ကျင့်ထားရယ် အရေးကြီးပါတယ်။ကျောင်းသားရဲ့ နားလည်မှု၊ တွေးခေါ်တတ်မှုကို အဓိက စစ်မေးတာဖြစ်တဲ့အတွက် စာကျက်ပြီးဖြေလို့ အဆင်မပြေပါဘူး။
✨ GED subjects ✨
▫️RLA (Reasoning Through Language Art) လို့ခေါ်တဲ့ English စာမှာ သူ့ရဲ့နာမည်အတိုင်းပဲ passage တွေမှာ ပေးထားတဲ့ information, detail လောက်ကိုပဲ မေးတာမဟုတ်ပဲ စာရေးသူရဲ့ ဆိုလိုချက်၊ စိတ်ကူး၊ ရည်ရွယ်ချက် စတဲ့ ကိုယ်တိုင် reasoning ကောင်းကောင်းနဲ့စဉ်းစားရမယ့် မေးခွန်းမျိုးတွေ မေးပါတယ်။
▫️ RLA ဟာဆိုရင် မြန်မာကျောင်းသားအများစု အမှတ်နည်းနေကျ ဘာသာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်က English စာ အခြေခံလည်းကောင်းတယ် စာလည်း သေချာလုပ်တယ်ဆိုရင်တော့ အမှတ်ကောင်းပါတယ်။ consistency မြဲမြဲနဲ့ သေချာလေ့ကျင့်မယ်ဆိုရင်တော့ ဘယ်ဘာသာမဆို ကောင်းကောင်းဖြေနိုင်ပါတယ်။
▫️သင်္ချာကတော့ တော်တော် လွယ်တယ်လို့ပြောလို့ရပါတယ်။ မြန်မာကျောင်း grade9 ပြီးရင်ကို GED သင်္ချာကို လိုက်နိုင်ပါတယ်။ သင်္ချာမှာ အဓိကကတော့ မေးခွန်းကို သေချာနားလည်ပြီး English လိုရေးထားတာကို သင်္ချာလို ပြန်နားလည်ဖို့ အရေးကြီးပါတယ်
▫️ Science ကတော့ Life Science, Earth and Space Science, Physical Science ဆိုပြီး သုံးမျိုးပေါင်းဖြေရတာဖြစ်ပါတယ်။ သုံးခုပေါင်းဖြေရတာဖြစ်တဲ့အတွက် IGCSE မှာလိုတော့ in-depth မလေ့လာရပါဘူး။ Science ကလည်း သင်္ချာလိုပဲ မြန်မာကျောင်းသားတွေအတွက် သိပ်ပြီးအခက်အခဲ မတွေ့တဲ့ ဘာသာဖြစ်ပါတယ်။
▫️ Social Studies ကတော့ US History, World History, Geometry, Economics စတဲ့အကြောင်းအရာကို လေ့လာရတဲ့ဘာသာဖြစ်ပါတယ်။
✨ IGCSE Pathways ✨
▫️ IGCSE O-Level ပြီးသွားရင် A-Level ဆက်တက်လို့လည်း ရပါတယ်။
▫️ထိုင်းက တစ်ချို့Uni တွေမှာ တိုက်ရိုက်တက်လို့ပါတယ်။ US community college တွေလည်းတက်လို့ရပါတယ်။ Japan ကကျောင်းတွေကတော့ A Level ပဲ လက်ခံကြပါတယ်။
▫️ Europe, Australia, Singapore, Malaysia တို့မှာ University တိုက်ရိုက် တန်းjoin တာထက် foundation program 6လ ၁နှစ် အရင်တက်ပြီးမှ University တက်ကြရတာတွေရှိပါတယ်။
▫️ Singapore က Polytechnic တွေမှာလည်း တက်လို့ရပါတယ်။ Poly တက်ဖို့ဆိုရင်တော့ English စာက First Language ယူဖို့တော့လိုပါတယ်။
✨ GED Pathways ✨
▫️US က High School Diploma ဖြစ်တဲ့အတွက် US Community College တိုင်းမှာ တက်လို့ရပါတယ်။ University တိုက်ရိုက်တက်ချင်တယ်ဆိုလည်း ranking မြင့်တဲ့ ကျောင်းတွေကလွဲလို့ GED နဲ့ တက်လို့ရကြပါတယ်။
▫️ Europe တို့၊ Australia တို့ဘက်မှာလည်း GED နဲ့ လက်ခံတဲ့ကျောင်းတွေက foundation program ပြန်တက်ရပါသေးတယ်။
▫️ Japan မှာဆိုရင်လည်း US လိုပဲ ranking မြင့်တဲ့ကျောင်းတွေကလွဲ English လိုသင်တဲ့ ကျောင်းတွေမှာ GED နဲ့ တက်လို့ရပါတယ်။
▫️ထိုင်းမှာ GED နဲ့ ကျောင်းတော်တော်များများ လက်ခံကြပါတယ်။ O-Level ထက်တောင် လက်ခံတဲ့ကျောင်းပိုများကြတယ်။
▫️Singapore မှာတော့ GED နဲ့ဆိုရင် Private Uni တွေမှာ foundation program ကနေ စပြီး တက်လို့ရပါတယ်။
📌 GED, IGCSE မှ မဟုတ်ပဲ ဘာပဲတက်တက် အရေးအကြီးဆုံးကတော့ အရင်ဆုံး ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေကို GED နဲ့ လက်ခံလား IGCSE နဲ့ လက်ခံလား၊ တစ်ခြား ဘာတွေလိုအပ်သေးလဲဆိုတာ အရင် လေ့လာထားတာ အများကြီး အကျိုးရှိပါတယ်။
📌 ကိုယ်သွားချင်တဲ့ career or ဘွဲ့ အတွက် သင်လျော်မယ့်ကျောင်းတွေ ကြိုတင်ရှာထားပြီးတော့ စာမေးပွဲတွေ မဖြေခင်ကတည်းက ကိုယ်လိုချင်တဲ့ ကျောင်းအတွက် requirement တွေကို သိထားတာကောင်းပါတယ်။ အဲ့ဒါမှလည်း ကိုယ်လိုအပ်တဲ့အမှတ်ကို သိထားပြီး စာသေချာလုပ်ဖို့ အမြဲ သတိရနေစေမှာပါ။
📌 ကျောင်းတွေ လျှောက်တဲ့အခါမှာ GED / IGCSE တစ်ခုတည်းပဲမဟုတ်ပဲ တစ်ခြား requirement တွေပါ တောင်းတဲ့ ကျောင်းတွေရှိပါတယ်။ GED နဲ့ လက်ခံတဲ့ကျောင်းတွေက GED+SAT+IELTS သုံးခုမှာ နှစ်ခု သို့မဟုတ် သုံးခုတောင်းကြပါတယ်
30/12/2024
ယနေ့ကျရောက်သော ကရင်နှစ်သစ်ကူးအခါသမယကနေ စပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်💫
17/10/2024
🌟 ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေကြောင်း ကျွန်တော်တို့ 720s မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🌟
10/07/2024
ကျွန်တော်တို့ ကျောင်းသားတွေအနေနဲ့ရော ကျောင်းသားမိဘတွေအနေနဲ့ပါ educational path ရွေးချယ်ရတာ တစ်ခါတလေ စဉ်းစားရခက်၊ ရွေးချယ်ရခက်တွေ ကြုံတွေ့နေကျပါ။ အထူးသဖြင့် international education တွေဖြစ်တဲ့ IGCSE တို့၊ GED တို့မှာ ရွေးချယ်ရခက်လေ့ရှိကြပါတယ်။ အခု ကျွန်တော်တို့ရဲ့ အခု IGCSE & GED ပို့စ်မှာတော့ educational path ရွေးချယ်ရာမှာ သေချာရွေးချယ်နိုင်ဖို့ သိသင့်သိထိုက်တဲ့ information တွေကို part-1 အနေနဲ့ sharing လုပ်ပေးမှာပါ🤗
✨ IGCSE ဆိုတာ ဘာလဲ ❓
▫️ IGCSE (International General Certificate of Secondary Education) ဆိုတာကတော့ English language အခြေပြု သင်ကြားရတဲ့ ဘာသာရပ်တွေနဲ့ secondary education ပြီးမြောက်ကြောင်း စစ်ဆေးပေးတဲ့ စာမေးပွဲပါ။
▫️ IGCSE မှာ Edexcel နဲ့ Cambridge (CIE) ဆိုပြီး 2မျိုးရှိပါတယ်။
ဘာကွာလည်းဆိုတော့ စာစစ်ဌာန ကွာသွားတာပါ။ ဘယ်တစ်ခုကမှ တစ်ခြားတစ်ခုထက် ပိုကောင်းနေတာမျိုးမရှိပါဘူး။ 2ခုလုံးအတူတူပါပဲ။
ယေဘုယျအားဖြင့် သင်ရတဲ့စာတွေက တူတယ်ဆိုပေမဲ့ Edexcel အတွက် စာလေ့လာပြီးတော့ CIE မှာသွားဖြေလို့တော့ အဆင်မပြေနိုင်ပါဘူး။
▫️ Edexcel က Person Publishing Company ကနေ စာမေးပွဲစစ်တာဖြစ်ပြီးတော့ CIE က Cambridge University ကနေ စစ်တာဖြစ်ပါတယ်။ UK အခြေစိုက်ဆိုပေမဲ့ 2ခုလုံးက တစ်မ္ဘာလုံးအတိုင်းအတာမှာ တန်းတူ အသိအမှတ်ပြုခံရပါတယ်။
✨ GED ဆိုတာ ဘာလဲ ❓
▫️GED (General Educational Development) ဆိုတာကတော့ အမေရိကန်နိုင်ငံရဲ့ highschool education ပြီးမြောက်ကြောင်း စစ်ဆေးပေးတဲ့ စာမေးပွဲပါ။
▫️ GED မှာဆိုရင် IGCSE က Edexcel, CIE တို့လို ၂မျိုးမရှိတော့ပါဘူး။ GED က သတ်မှတ်ထားတဲ့ ဘာသာရပ်တွေ ကိုပဲ လူတိုင်းဖြေဆိုရတာဖြစ်ပါတယ်။
▫️ GED ဆိုတာက အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းမတက်လိုက်ရတဲ့သူတွေ၊ ပညာရေး တစ်ပိုင်းတစ်စ ဖြစ်နေသူတွေအတွက် အထက်တန်းပြီးဆုံးကြောင်းပြနိုင်ပြီးတော့ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေရဲ့ highschool education နဲ့ ညီမျှတဲ့ diploma တစ်ခုလည်းဖြစ်ပါတယ်။
✨ ဖြေရမယ့် subjects တွေက ဘာတွေလဲ❓
▫️IGCSE မှာဆိုရင် subject ပေါင်းများစွာရှိတဲ့အထဲကနေမှ ကိုယ်ဖြေချင်တဲ့ subject တွေကို ရွေးပြီး ဖြေရတာဖြစ်ပါတယ်။ အနည်းဆုံး 5ဘာသာကနေ စပြီး ဖြေရတာပါ။ များသောအားဖြင့် 7/8 ဘာသာ ယူကြတဲ့သူတွေ များပါတယ်။
ဥပမာအနေနဲ့ subject တစ်ချို့ကို ဖော်ပြပေးလိုက်ပါမယ်။
- English as a Second Language
- English B / First Language English
- Math B / Extended Math
- Further Pure Math / Additional Math
- Physics
- Chemistry
- Biology
- Human Biology
- Business Studies
- Economics
- Information and Communication Technology
- Computer science
▫️ GED မှာဆိုရင် ဖြေဆိုရတဲ့ 4ဘာသာကို GED ဖြေတဲ့ လူတိုင်းမဖြစ်မနေ ဖြေဆိုရပါတယ်။ IGCSE မှာလို ရွေးချယ်လို့မရပါဘူး။
ဖြေဆိုရတဲ့ 4ဘာသာ ကတော့
1. Reasoning Through Language Arts
2. Science
3. Mathematical Reasoning
4. Social Studies တွေပါ။
အလွယ်မှတ်မယ်ဆိုရင်တော့ English, Math, Science, Social Studies ဖြစ်ပါတယ်။
♦️IGCSE O-level ဖြေဖို့ ပြင်ဆင်ချိန်ဘယ်လောက်ကြာလဲ❓
▫️ IGCSE မှာဆိုရင်တော့ O-level အတွက် မြန်မာကျောင်းသား အများစုကတော့ ၁နှစ်ကနေ ၂နှစ်အတွင်း ပြင်ဆင်ကြပါတယ်။
▫️ အသက် 14-17နှစ် ကျောင်းသားတွေ အများစုဖြေကြတဲ့ စာမေးပွဲပါ။
အသက်အငယ်ဆုံးအနေ နဲ့ မြန်မာကျောင်း Grade 9 ပြီးပြီးသားသူတွေနဲ့ Year 10 ပြီးပြီသားသူတွေ ကနေ စပြီးတော့ IGCSE O Level မှာ စာလိုက်နိုင်ကြပါတယ်။
▫️ စာမေးပွဲအတွက် ပြင်ဆင်ဖို့ စာသင်ရမယ့်ကာလကတော့ မိမိရဲ့စာလိုက်နိုင်မှုနဲ့ ရှိပြီးသားအခြေခံပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ကြပါဘူး။ တစ်ချို့ဆိုရင် 1 နှစ်အတွင်း၊ 8 လအတွင်း စသဖြင့် intensive class တွေနဲ့ စာမေးပွဲ၀င်ဖြေကြတဲ့သူတွေတောင် ရှိပါတယ်။
♦️ GED ဖြေဖို့ ပြင်ဆင်ချိန် ဘယ်လောက်ကြာလဲ❓
▫️ GED ဖြေဖို့ မြန်မာကကျောင်းသားတွေအနေနဲ့ များသောအားဖြင့် 3-4လ ကနေ 1 နှစ်အတွင်း ပြင်ဆင်ကြပါတယ်။
▫️ GED ဖြေဖို့ ကြာချိန်ကလည်း မိမိရဲ့ အခြေခံရှိပြီးသားပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အသက် 14-15 နှစ် ဆို GED ဖြေဖို့ စပြီး ပြင်ဆင်လို့ ရပါပြီ။
✨ IGCSE ရော၊ GED အတွက်ရော အရေးကြီးတာကတော့ English စာ အရည်အချင်းပါ။ မိမိအနေနဲ့ Textbook တွေ၊ မေးခွန်းတွေကို ကောင်းစွာနားလည်အောင် ဖတ်နိုင်လောက်တဲ့ ကျွမ်းကျင်မှုမျိုးတော့ လိုမှာဖြစ်ပါတယ်။ English စာရမှလည်း ဘာသာတိုင်းကို အလွယ်တကူ လေ့လာလို့ ရမှာပါ။
❗❗ IGCSE နဲ့ GED အကြောင်းကို နောက်လာမယ့် Part 2 မှာ ဆက်ပြီး ပြောပြပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ page ကိုလည်း following လေးလုပ်ထားပေးပါ။
education path တွေနဲ့ပတ်သက်ပြီး information and knowledge post တွေ တင်ပေးသွားမှာမလို့ share ပေးသွားလို့လည်းရပါတယ် 🤗
messenger - http://m.me/100087628040988
telegram - t.me/
28/06/2024
ကျွန်တော်တို့ အရင်တစ်ပတ်ကတင်ခဲ့တဲ့ post မှာ Polytechnic အကြောင်း သိသွားပြီဆိုတော့ အခု post မှာ Singapore 🇸🇬 က Government Polytechnic ကျောင်း ၅ကျောင်း ရဲ့ အကြောင်းကို သိရအောင် knowledge sharing လုပ်သွားမှာဖြစ်ပါတယ်။
တကယ်လို့ စင်္ကာပူက Polytechnic တွေ အကြောင်း မဖတ်ရသေးရင် ဒီမှာ ဖတ်လို့ရတယ်နော် ✨
https://www.facebook.com/share/p/6rzpKtviQRDJrah2/?mibextid=qi2Omg
အဆိုပါ Polytechnic ကျောင်း ၅ကျောင်းကတော့
1️⃣ Singapore Polytechnic
2️⃣ Ngee Ann Polytechnic
3️⃣ Nanyang Polytechnic
4️⃣ Temasek Polytechnic
5️⃣ Republic Polytechnic
🔴 Singapore Polytechnic 🔴
▫️1954 တွင် စတင်တည်ထောင်ခဲ့ပြီးတော့ စင်္ကာပူမှာ ပထမဆုံးနဲ့ သက်တမ်းအရင့်ဆုံး Polytechnic 🏫 ပါ။
▫️စင်္ကာပူမှာ အကောင်းဆုံး နဲ့ နာမည်အကြီးဆုံး Polytechnic ကျောင်းလို့ ပြောလို့ရပါတယ်
▫️ Project-based learning အခြေပြုကာ Practical skills နဲ့ Technical education မှာ နာမည်ကြီးတဲ့ကျောင်းပါ။ လုပ်ငန်းခွင် နေရာအသီးသီးအတွက် ကျောင်းသားများကို နှစ်စဉ် မွေးထုတ်ပေးလျက်ရှိပါတယ်။
▫️ Architecture, Interior Design, နဲ့ Civil Engineering 🏗️ တွေမှာနာမည်အကြီးဆုံးကျောင်းပါ။ ဒါ့အပြင် Computer Engineering, Electrical engineering နဲ့ Applied Sciences တွေမှာလည်း လူကြိုက်များပြီး နာမည်ကြီးပါတယ်။
▫️ ဒီကျောင်းမှာ Archi လျှောက်မယ်ဆိုရင်တော့ interview တော့ဖြေရပါတယ်
▫️ Singapore Polytechnic က ကျောင်းဆင်းတွေဟာဆိုရင်လည်း Engineering မှသည် Business အထိ သက်ဆိုင်ရာ နယ်ပယ်အသီးသီး မှာအောင်မြင်နေကြသူ များစွာရှိနေပါတယ်
▫️ School of Majors တွေကတော့
- School of Architecture & the Built Environment
- School of Business
- School of Computing
- School of Electrical & Electronic Engineering
- School of Mechanical & Aeronautical Engineering
- School of Chemical & Life Sciences
- School of Life Skills & Communication
- Media, Arts & Design School
- School of Mathematics & Science
- Singapore Maritime Academy ဆိုပြီး ရှိကြပါတယ်။
တက်ရောက်နိုင်တဲ့ full-time Diplom ပေါင်း 34ခု နဲ့ 2024မှာ အဆိုပါ Diploma courseတစ်ခုစီ အတွက် ခေါ်ယူခဲ့တဲ့ ကျောင်းသားအရေအတွက်ကို ဥပမာအနေနဲ့ အောက်ကလင့်မှာ အပြည့်အစုံ ကြည့်လို့ရပါတယ်။ ✨
https://www.sp.edu.sg/sp/education/full-time-diploma-courses/course-intake-and-jae-elr2b2
🔴 Ngee Ann Polytechnic 🔴
▫️ 1963 တွင် စတင်တည်ထောင်ပြီးတော့ အဓိကအားဖြင့် Creativity နဲ့ Entrepreneurship မှာ ထင်ရှားပြီး အသိအမှတ်ပြု ခံရတဲ့ ကျောင်းပါ။
▫️Business programmes တွေနဲ့ Entrepreneurship education ပိုင်းမှာဆိုရင် စင်္ကာပူမှာ နာမည်အကြီးဆုံး ကျောင်းပါ။
▫️ ဒါ့အပြင် Media & Design ပိုင်းမှာဆိုရင်လည်း ngee ann poly ဟာ လူကြိုက်များပြီးတော့ သက်ဆိုင်ရာ industries တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ကျောင်းဆင်းပေါင်းများစွာကိုလည်း မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
▫️ Civil Engineering နဲ့ပတ်သက်တဲ့ diploma ကတော့ ဒီကျောင်းမှာဆိုရင် part-time diploma အနေနဲ့ပဲရတာပါ။
▫️ School of Majors တွေကတော့
- School of Business & Accountancy
- School of Design & Environment
- School of Engineering
- School of Film & Media Studies
- School of Health Sciences
- School of Humanities & Social Sciences
- School of Infocomm Technology
- School of Life Sciences & Chemical Technology
- School of Interdisciplinary Studies
တက်ရောက်နိုင်တဲ့ full-time Diplom ပေါင်း 41ခုရှိပြီးတော့ နဲ့ 2024မှာ Diploma courseတစ်ခုစီ အတွက် ခေါ်ယူခဲ့တဲ့ ကျောင်းသားအရေအတွက်ကို ဥပမာအနေနဲ့ အောက်ကလင့်မှာ အပြည့်အစုံ ကြည့်လို့ရပါတယ်။ ✨
https://www.np.edu.sg/admissions-enrolment/academic-matters/elr2b2
🔗 ဒါကတော့ course တွေချည်း သတ်သတ် ပြထားတဲ့ လင့်ပါ✨
https://www.np.edu.sg/schools-courses/full-time-courses
🔴 Nanyang Polytechnic 🔴
▫️1992 တွင် စတင်တည်ထောင်ပြီးတော့ Technology နဲ့ Innovation ပိုင်းမှာ အသိအမှတ်ပြုခံရတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
▫️ Engineering, Health Sciences, IT ပိုင်းမှာ စုံလင်လှတဲ့ Diploma ပေါင်းများစွာပြီးတော့ ဒီကျောင်းမှာတော့ အဓိကအားဖြင့် နာမည်ကြီးတာကတော့ IT နဲ့ Nursing ဖြစ်ပါတယ်။
▫️ Ngee Ann နဲ့ Nanyang poly တွေမှာဆိုရင်ဖြင့် Asian Nursing Scholarship နဲ့ တက်ရောက်နိုင်တဲ့ အခွင့်အရေးတွေလည်း ရှိပါတယ်။
▫️ Architecture ပိုင်းမှာလည်းပဲ နာမည်ကြီးတဲ့ကျောင်းဖြစ်ပါတယ်။ Civil Engineering တော့ ဒီကျောင်းမှာ မရှိပါဘူး။
▫️ Nanyang Poly မှာဆိုရင် Nursing နဲ့ Architecture က interview ဖြေရပါသေးတယ်။ Nursing ကတော့ အယောက် 700 ကျော်လောက် ခေါ်ပြီးတော့ Archi ကတော့ အယောက် 50 ၀န်းကျင် လောက်ခေါ်ပါတယ်။
▫️ School of Majors တွေကတော့
- School of Applied Science
- School of Business Management
- School of Design & Media
- School of Engineering
- School of Health & Social Sciences
- School of Information Technology တို့ပဲ ဖြစ်ပါတယ်။
Diploma courses ပေါင်း 37ခုရှိပြီစတော့ course လေ့လာချင်ရင်တော့ 🔗 အောက်ကလင့်မှာ ၀င်ကြည့်လို့ရပါတယ်။ ✨
https://www.nyp.edu.sg/student/study/find-course
🔴 Temasek Polytechnic 🔴
▫️ 1990 တွင် တည်ထောင်ခဲ့ပြီးတော့ Law နဲ့ Design programmes တွေမှာ နာမည်ရပြီးသား ကျောင်းပါ။
▫️စင်္ကာပူက ကျောင်းတွေထဲမှာ 🇲🇲မြန်မာကျောင်းသား အများဆုံး ကျောင်းဖြစ်ပါတယ်
▫️ စင်္ကာပူမှာရှိတဲ့ တစ်ခုတည်းသော Law နဲ့ပတ်သက်တဲ့ course ရှိတဲ့ ကျောင်းဖြစ်ပါတယ်။ Diploma in Law & Management ဆိုပြီး ကျောင်းသားတွေအတွက် legal နဲ့ ပတ်သက်တဲ့ နယ်ပယ်တွေမှာ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ပြင်ဆင်ပေးတဲ့ Diploma course လည်းဖြစ်ပါတယ်။
▫️ Law နဲ့ Design အပြင် Applied Sciences, Business, IT ဘက်တွေမှာလည်း ကျောင်းသားတွေအတွက် creativity နဲ့ practical skills တွေ အဓိကထား သင်ကြားပေးလျက်ရှိပါတယ်။
▫️School of Majors တွေကတော့
- School of Applied Science
- School of Business
- School of Design
- School of Engineering
- School of Humanities & Social Sciences
- School of Information & IT တွေပဲဖြစ်ပါတယ်။
Diploma ပေါင်း 43 ခုကို သင်ကြားပေးပို့ချပေးလျက်ရှိပါတယ်။အောက်ကလင့်မှာ ဆိုရင် ဒီကျောင်းမှာ တက်ရောက်နိုင်တဲ့ Diploma courses တွေကို ကြည့်လို့ရပါတယ်။ ✨
https://www.tp.edu.sg/schools-and-courses/students/all-diploma-courses.html
🔴 Republic Polytechnic 🔴
▫️ 2002 တွင် စတင်တည်ထောင်ခဲ့ပြီးတော့ Sport Science programmes တွေ နဲ့ နာမည်ကြီးတဲ့ ကျောင်းပါ။
▫️ စင်္ကာပူမှာ ပထမဆုံး problem-based learning ကို အခြေပြုပြီး လက်တွေ့ဘ၀ ပြဿနာတွေ၊ အခြေအနေတွေကို ကောင်းစွာဖြေရှင်းနိုင်စေဖို့ ကျောင်းသားတွေကို အဓိကထား သင်ကြားလျက်ရှိတဲ့ ကျောင်းဖြစ်ပါတယ်။
▫️ Industry Partnership ပေါင်း 2,000 ကျော်နဲ့ ချိတ်ဆက်ထားတာမလို့ ကျောင်းသားတွေအနေနဲ့ internship တွေ၊ collaboration တွေနဲ့ အတွေ့အကြုံရဖို့ အခွင့်အလမ်းကောင်းတဲ့ ကျောင်းပါ။
▫️School of Majors တွေကတော့
- Applied Sciences
- School of Engineering
- School of Hospitality
- School of Infocomm
- School of Management and Communication
- School of Sports, Health & Leisure
- School of Technology for Arts တွေပဲဖြစ်ပါတယ်
ကျောင်းမှာ တက်ရောက်နိုင်တဲ့ Diploma Course များကို
အောက်ပါ လင့်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ် ✨
https://www.rp.edu.sg/schools-courses/courses/full-time-diplomas
telegram - t.me/Academy720s
messenger - m.me/100087628040988
23/06/2024
IGCSE O-level ဖြေပြီး ကျောင်းရွေးနေတဲ့သူတွေ၊ ဘာလုပ်ရမှန်းမသိတဲ့သူတွေအတွက် အခွင့်အလမ်းပေါင်းများစွာနဲ့ အနာဂတ် အဆင့်မြင့်ပညာရေးမှာ စိတ်ချရမယ့် Singapore နိုင်ငံက Government Polytechnic တွေဟာ အကောင်းဆုံးတွေထဲက ရွေးချယ်စရာတစ်ခုဖြစ်နေပါတယ်။
♦️ Polytechnic ဆိုတာ ဘာလဲ❓
▫️ Polytechnic တွေဟာ project-based learning အခြေပြုပြီး practical skill နဲ့ real-world experience တွေ ရရှိစေဖို့ရာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ စာတွေ့သာမကပဲ လက်တွေ့ပိုင်းဆိုင်ရာမှာပါ ထူးချွန်ဖို့ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါတယ်။
▫️ကိုယ် ရွေးချယ်မယ့် major အတွက် လိုအပ်တဲ့ fundamental တွေကို ပထမ ၂နှစ်မှာ သင်ယူရပြီးတော့ နောက်ဆုံးနှစ်မှာ internship ပါ ဆင်းနိုင်မယ့်အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။
♦️ ဘယ်သူတွေ လျှောက်လို့ရလဲ။ ဘယ်အချိန်မှာ လျှောက်လို့ရလဲ❓
▫️ မြန်မာကျောင်း ၁၂တန်း နဲ့ IGCSE O-level ဖြေဆိုထားတဲ့သူတွေ လျှောက်လို့ရပါတယ်။
▫️ တစ်နှစ်မှာ April Intake တစ်ခုတည်းပဲ full-time Diploma programmes တွေ လက်ခံတာဖြစ်တဲ့အတွက် တစ်နှစ်တစ်နှစ်ကို လျှောက်တဲ့ ကျောင်းသား များစွာရှိတဲ့ ကျောင်းတွေဖြစ်ပါတယ်။
▫️ application period က နှစ်စဉ် January လမှာ ဖြစ်ပါတယ်။
♦️ NUS, NTU (world top 10 universities) စတဲ့ Singapore က University ကြီးတွေမှာ တက်ဖို့ အထောက်အကူဖြစ်မှာလား❓
▫️ Polytechnic ကျောင်းတွေကနေ ကျောင်းပြီးသွားရင်
NUS (National University of Singapore),
NTU (Nanyang Technological University) စသဖြင့်
world ranking ထိပ်ဆုံးမှာရှိတဲ့ University တွေမှာ ဆက်လက်ကျောင်းတက်ဖို့ လွယ်ကူသွားမှာဖြစ်ပါတယ်။
မြန်မာကျောင်းသားတွေအတွက်လည်း NUS, NTU စသဖြင့် စင်္ကာပူက University ကြီးတွေမှာ တက်ဖို့ အထိရောက်ဆုံး လမ်းကြောင်းဖြစ်တဲ့အတွက် Polytechnic ကျောင်းတွေကိုပဲ ရွေးချယ်ကြတာဖြစ်ပါတယ်။
▫️ Polytechnic Diploma နဲ့ full-time အလုပ်လုပ်ရင်းနဲ့လည်း မိမိကိုယ်ပိုင်၀င်ငွေဖြင့် NUS, NTU စတဲ့ university ကြီးတွေမှာ part-time undergraduate course တွေ တက်ပြီး အဆင့်မြင့်ပညာရေးကို ဆက်လက် တက်ရောက်နိုင်တာဖြစ်တဲ့အတွက် Polytechnic ပြီးတာနဲ့ university ကို full-time တန်းမတက်ပဲ အလုပ်လည်းလုပ်ချင်တဲ့သူတွေ၊ budget ချွေတာချင်တဲ့ သူတွေအတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခုလည်း ဖြစ်နေပါတယ်။
♦️ ဘာကြောင့် Polytechnic တွေဟာ လူငယ်ကျောင်းသားတွေကြားမှာ နာမည်ကြီးပြီး အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်နေရတာလဲ ❓
▫️စင်္ကာပူမှာ Polytechnic ကျောင်း ၅ ကျောင်းရှိပါတယ်။ ကျောင်း ၅ ကျောင်းလုံးမှာ ကျောင်းသားတွေအတွက် အဆင့်မြင့်ပညာရေးကို ဆက်လက် တက်လှမ်းရာ လမ်းကြောင်းဖြစ်တဲ့ Diploma courses တွေကို University တွေထက် ကျောင်းလခသက်သာစွာနဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
▫️ Polytechnic ကျောင်းတွေက စင်္ကာပူ ပညာရေး၀န်ကြီးဌာန လက်အောက်မှာရှိပြီးတော့ Polytechnic ကျောင်းတွေမှာတက်မယ်ဆိုရင် international student တွေအနေနဲ့ ကျောင်းပြီးရင် စင်္ကာပူမှာ ၃နှစ် အလုပ်လုပ်ပေးရုံနဲ့ စင်္ကာပူအစိုးရရဲ့ ပညာသင်စရိတ်လျှော့ချခွင့် Tuition Grant ရရှိမှာဖြစ်ပါတယ်။
▫️ ဒါ့အပြင် Tuition Grant အပြင် Tuition fees Loan ပါ ယူခွင့်ရှိတဲ့အတွက် Loan ယူမယ်ဆိုရင် တစ်နှစ်ကို SGD 4,000 လောက်ပဲ ကုန်ကျပြီး အကောင်းဆုံး ပညာရေးတွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။
▫️ Government Polytechnic ဖြစ်တဲ့အတွက်ကြောင့် Private တွေနဲ့ မတူတဲ့ အားသာချက်ကတော့ ကျောင်းတက်နေရင်း part-time job တွေ လုပ်လို့ရပြီး နေစရိတ်ကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့် လုံလောက်နိုင်ပါတယ်။
▫️ အစိုးရ Poly ကနေ ကျောင်းပြီးတဲ့သူတွေဟာ private college တွေကနေ ကျောင်းပြီးတဲ့သူတွေထက် အလုပ်အကိုင် အခွင့်အလမ်း များစွာပိုရကြပါတယ်။
▫️Polytechnic ကျောင်းတွေကနေ ကျောင်းပြီးသွားတဲ့သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အရှိန်အဟုန်နဲ့ မြင့်မားနေဆဲဖြစ်တဲ့အတွက် ပညာရေးအသိုင်းအဝိုင်းမှာလည်း မကြာခဏ recommend ပေးလေ့ရှိကြပါတယ်။
phone ☎️ - 09400556640
telegram - Academy720s