04/07/2020
မိမိတို့ကျောင်းများ၊ သင်တန်းများ နှင့် သင်ခန်းစာများအတွက် Canvas Learning Management System ဖြင့်ကိုယ်ပိုင် online သင်ကြားရေး စနစ်တည်ဆောက်လိုသူများဆက်သွယ်နိုင်ပါသည်။ online teaching and learning စနစ် အတွက် သင်ကြားရေးပိုင်းနှင့် နည်းပညာပိုင်းချိတ်ဆက်မှု အကြံဉာဏ်များ၊ စနစ်များတည်ဆောက်ရန်ဆွေးနွေးခြင်းများပြုလုပ်ပေးသည်။
Teacher Hein Ko
09402715069
12/05/2020
https://m.facebook.com/story.php?story_fbid=10223061835275780&id=1277569416
How To Avoid Parent Complaints About Online Learning - Smart Classroom Management
Online learning increases the possibility of receiving complaints from parents—because they’re now able to see everything their child sees. They can judge and dissect every lesson and assignment as it’s given. They can note every frustration, every moment of confusion, and every small struggle...
06/05/2020
သင်ကြားသင်ယူမှုစီမံခန့်ခွဲသည့်စနစ် (LMS) ဆိုတာဘာလဲ?
LMS တစ်ခုဆိုတာ နည်းပညာအသုံးပြုသင်ကြားသင်ယူမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ (ပုံမှန်သင်ကြားရေးစနစ်တွေ၊ ကျောင်းတွေမှာလဲ တည်ဆောက်ထားသင့်ပါတယ်။) LMS ရဲ့အဓိကဝိသေသလက္ခဏာတွေကိုတော့ အတိုကောက် အက္ခရာတွေရဲ့မူရင်းစာလုံးတွေရဲ့အဓိပ္ပါယ်နဲ့သိနိုင်ပါတယ်။
L — Learning. (သင်ယူမှု၊ ဒီနေရာမှာသင်ကြားသင်ယူမှုလို့ အဓိပ္ပါယ်ဖွင့်ဆိုပါမယ်။)
LMS တစ်ခုနဲ့သင်ဟာ အီလက်ထရောနစ်သင်ခန်းစာတွေအသုံးပြုတဲ့ သင်ကြားသင်ယူမှုလမ်းကြောင်းများနဲ့ သင်ထောက်ကူပစ္စည်းတွေအတွက် နေရာတစ်ခုဖန်တီးနိုင်ပါတယ်။ ဒီနေရာမှာ သင်ကြားလို၊ သင်ယူလိုတဲ့အကြောင်းအရာတွေ စုစည်းပေးထားပြီး အလွယ်တကူအသုံးချ ဝေမျှနိုင်တဲ့နေရာတစ်ခုအဖြစ် အသုံးပြုလို့ရတဲ့အတွက် သင့်လုပ်ငန်းရဲ့ အဆင့်အတန်းကို မြှင့်ပေးနိုင်ပါတယ်။
M — Management. (စီမံခန့်ခွဲမှု)
သင်ကြားသင်ယူမှုလမ်းကြောင်းတွေ၊ သင်ယူသူကျောင်းသား ကျောင်းသူတွေ နောက်ဆုံးသင်ကိုယ်တိုင်ရဲ့ သင်ကြားမှုစွမ်းရည်တွေ တိုးတက်လာအောင်တောင်မှပဲ စီမံခန့်ခွဲနိုင်ပါတယ်။
အခြားသော အချက်အလက်ဝေငှမှုစနစ်များ (File sharing services) များနဲ့မတူဘဲ LMS တစ်ခုဟာ သင်ကြားရေးအတွက်လိုအပ်တဲ့ files တွေသိမ်းထားတာမျိုးပဲမဟုတ်ပါဘူး။ LMS ဟာ သင်ကြားလေ့ကျင့်မှုလုပ်ငန်းစဥ်များကို စီမံခန့်ခွဲပြီး သေသေချာချာ တည်ဆောက်ထားတဲ့စနစ်မျိုး (ဘယ်အချိန်မှာဘယ်သင်ခန်းစာကို စလေ့လာလို့ရအောင် အစီအစဥ်ဆွဲထားမယ်၊ ဘယ်စာရွက်စာတမ်းက ဘယ်အချိန်ထုတ်ပေးမယ်ဆိုတာ၊ ဘယ်မေးခွန်းဘယ်အချိန်မေးမယ်၊ ဖြေတာမှန်/မမှန်ချက်ချင်းစစ်မယ်) ဖြစ်ပါတယ်။ သင်တန်းတစ်ခုစတော့မယ်ဆို သင်လုပ်ရမယ့်အလုပ်က ကျောင်းသားသို့မဟုတ် သင်တန်းပေးလိုတဲ့အလုပ်သမားကို သင်ကြားလိုတဲ့ သင်တန်းထဲထည့်ပြီး သူ့ကိုအကြောင်းကြားရုံပါပဲ။
အခုပဲ ၀န်ထမ်းတစ်ယောက်ခန့်လိုက်ပြီ၊ ကျောင်းသားတစ်ယောက်ရပြီဆိုတာနဲ့ သူ့ကိုသင်တန်းပေး၊ သင်ကြားမှုထဲထည့်ပြီး အကြောင်းကြားသင်ကြားရုံ၊ သင်ယူခိုင်းရုံ ပါပဲ။ လုပ်ငန်းထုတ်ကုန်တွေအရောင်းထိုင်းနေပြီလား၊ သင်ရဲ့အရောင်းသမားတွေကို virtual clients တွေနဲ့လေ့ကျင့်ပေးလို့ရပါသေးတယ်။
Calendar Features(ရက်စွဲတွေနဲ့ချိတ်ဆက်ပြီးစီမံခန့်ခွဲနိုင်မှု)တွေရဲ့ကျေးဇူးကြောင့် online training တွေကို စီမံခန့်ခွဲရုံ၊ သင်ကြားပေးရုံသာမကဘဲ တကယ့်အပြင်ကစာသင်ခန်း၊ သင်တန်းများမှာလဲအသုံးချလို့ရပါတယ်။ (Lesson Plan များထည့်သွင်းထားခြင်း၊ သင်ခန်းစာသင်ကြားမှုအဆင့်များကြိုတင်သွင်းထားခြင်း) LMS တစ်ခုဟာ သင်ကြားသူ၊ သင်ယူသူတွေအတွက် to-do app (ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတာ ကြိုတင်စီစဥ်မှုတွေရေးထားနိုင်တဲ့နေရာ) တစ်ခုအဖြစ်လဲ ပုံစံချထားလို့ရပါတယ်။
S — System. (စနစ်၊ တိတိကျကျပြောရရင် Computer နဲ့တည်ဆောက်ထားတဲ့စနစ်)
ငြီးငွေ့စရာကောင်း၊အချိန်ယူရပြီး မလုပ်ရင်လဲမဖြစ်တဲ့အလုပ်တွေဖြစ်တဲ့ အမှတ်စစ်ခြင်း၊ ရလဒ်တွေတွက်ချက်ခြင်း၊ စာရင်းအင်းတွေတွက်ချက်ခြင်း၊ အစီရင်ခံစာတွေပြင်ခြင်း၊စတဲ့အလုပ်တွေကို LMS တစ်ခုက သူ့ဘာသာသူလုပ်ပေးနိုင်ပါတယ်။ (ကြိုတင်တော့ အစီအစဥ်ချထားပေးဖို့လိုပါတယ်။) ဒါ့အပြင် ကိုယ်ရုံးခန်းထဲက Computer ရှေ့မှာတင်ထိုင်ပြီး ကျောင်းသားတွေကို၊ အလုပ်သမားတွေကို သင်တန်းပေး၊ စာသင်နိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် LMS တစ်ခုဟာ သင့်ကိုယ်ပိုင် online universityတစ်ခုပါပဲ။ LMS စနစ်ကသင့်ကို အီလက်ထရောနစ်သင်ကြားသင်ယူမှုလမ်းကြောင်းတွေကို သိမ်းထားနိုင်၊ ဖန်တီးနိုင်ခွင့်ပြုပြီး ကျောင်းသားတွေသင်ယူသူတွေကို သင်စီစဥ်ထားတဲ့မာတိကာအစီအစဥ်တွေ အသုံးပြုခွင့်ပေး၊ သင်ကြားသင်ယူမှုရလဒ်တွေ စီစဥ်တွက်ချက်ရာမှာကူညီပေးပါတယ်။
ကိုးကား
iSpring Learn: Ultimate LMS to boost your competitive edge
မိမိတို့ကျောင်း၊ သင်တန်း၊ ကိုယ်ပိုင် Online သင်ကြားမှုစနစ်၊ ကျောင်းသားများလေ့လာသင်ယူမှု(သင်ခန်းစာကိုonlineဆွေးနွေးခြင်း၊ အတန်းတွင်းသင်ခန်းစာလေ့ကျင့်ခန်းများဂိုက်ဆရာနှင့်အတူonlineလေ့ကျင့်ခြင်း၊ အိမ်စာများ online မှတဆင့်ရယူပြီး အမှတ်စစ်ပေးမည့်ဆရာသို့တင်ခြင်း)စနစ် တည်ဆောက်လိုသူများ ဆက်သွယ်နိုင်ပါသည်။
Teacher Hein Ko
09402715069
Watch the video to see how an LMS works and how it can help your business grow.
#
What is LMS [Learning Management System]? 2020
An LMS is a software that delivers online courses to your employees, providing them with fresh data when it’s not possible to gather in one place. Trial iSpr...
05/05/2020
သင်သိပါသလား???
စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းရဲ့ Product Training, Service Training, Staff Training တွေကို online ကပို့ချနိုင်အောင်စီစဉ်၊ တက်ရောက်သူတွေကလည်း အချိန်မရွေးတက်ရောက်နိုင်ပြီး၊ လုပ်ငန်းရဲ့ သင်တန်းခန်းမအတွက်စားရိတ်၊ ဟိုတယ်စားရိတ်၊ ခရီးစားရိတ်၊ စား စားရိတ်၊ ဘာညာသာရကာစားရိတ်အားလုံးကိုလျော့ချလို့ရတယ်ဆိုတာ။
05/05/2020
Online စာသင်ခန်းတွေအတွက် တိုက်ရိုက်သင်ကြားပို့ချခြင်းသင်ခန်းစာ(Live Lesson)နှင့် ကျောင်းသားကိုယ်တိုင်လုပ် (Student-paced)သင်ခန်းစာတွေဘယ်လိုကွာခြားလဲ။
Live lesson
တိုက်ရိုက်သင်ကြားပို့ချခြင်းသင်ခန်းစာ(Live Lesson)ဆိုတာ ကျောင်းသားတွေအသုံးပြုတဲ့ online learning devices (Phone, Laptop, Tablet)စတာတွေနဲ့ ဆရာရဲ့ deivce ချိတ်ဆက်ပြီး အပြန်အလှန်ဆက်သွယ်လို့ရတဲ့သင်ကြားသင်ယူမှုအတွေ့အကြုံတွေရရှိစေတယ်။ Zoom အစရှိတဲ့ App တွေအသုံးပြုပြီး online meeting ဖြင့်သင်ခန်းစာပို့ချမယ်၊ handout တွေပေးပို့မယ်၊ပြန်ရယူမယ်ဆိုတာမျိုးသက်သက်မဟုတ်ဘဲ၊ online ကျောင်းသားကျောင်းသူတွေက ဆရာသင်ကြားနေတာကိုတိုက်ရိုက်ပါ၀င်ခွင့်ရပြီး အတန်းတွင်းဘယ်သူတွေရှိတယ်၊ ဆရာစီစဥ်ထားတဲ့ အတန်းတွင်းမေးခွန်း (formative assessment)တွေကို သင်နေတုန်းမှာပဲမေးရင် ဖြေနိုင်မယ်၊ ဘယ်သူကကိုယ့်ထက်ပိုဖြေနိုင်လဲဆိုတာလဲသိနိုင်မယ်၊ ဆရာကအုပ်စုဖွဲ့ဆွေးနွေးစေရင်အုပ်စုဖွဲ့ပြီးဆွေးနွေးနိုင်မယ် ပြီးတော့စုပေါင်းစဥ်းစားထားတဲ့အဖြေတွေကိုအခြားသူတွေကို စာသင်နေတုန်းမှာပဲမျှဝေနိုင်အောင် online သင်ခန်းစာကိုရေးသားထားခြင်းပဲဖြစ်ပါတယ်။
Student-paced
ကျောင်းသားကိုယ်တိုင်လုပ်(Student-paced)သင်ခန်းစာ ဆိုတာကတော့ပိုပြီးတော့လွတ်လွတ်လပ်လပ်သင်ယူနိုင်တဲ့သင်ခန်းစာမျိုးပါ။ ကျောင်းသားတွေကသေချာ designဆွဲတင်ထားတဲ့သင်ခန်းစာတွေကိုမိမိဘာသာလေ့လာပြီးမေးထားတဲ့နားလည်မှုစစ်ဆေးတဲ့ quizတွေကိုဖြေမယ်။ သင်ခန်းစာမှာပါ၀င်တဲ့ Assignment တွေကိုလုပ်မယ်။ ပြီးတော့ဆရာ့ဆီပြန်ပို့မယ်၊ ဆရာကဒါတွေကိုစစ်ဆေးပြီးအမှတ်ပေးမယ်။ ကျောင်းသားကသင်ခန်းစာကိုကြိုက်တဲ့အချိန်၊ကြိုက်တဲ့နေရာက တက်နိုင်ပါတယ်။ ကျောင်းသားကိုယ်တိုင်လုပ်ရတာဆိုပေမယ့် ဆရာကကျောင်းသားလုပ်ထားသမျှ (သင်ခန်းစာကိုဘယ်လောက်လေ့လာထားပြီးလဲ၊ နောက်ကျနေပြီလား၊ ဘယ်မေးခွန်းတွေကိုဖြေထားပြီးအမှတ်ဘယ်လောက်ရသလဲ)ဆိုတာသိရှိနေပါတယ်။ အချိန်မရွေးစာလုပ်ဖို့၊ မေးခွန်းတွေနားမလည်ရင်မေးဖို့ discussionလုပ်နိုင်ပါတယ်။ကျောင်းသားမိဘတွေတောင်မိမိကလေးလေ့လာနေမှုအခြေအနေကိုသိလိုလျှင် သိနိုင်အောင်စီစဥ်ပေးထားနိုင်ပါတယ်။
နှစ်ခုလုံးရဲ့အကောင်းဆုံးအပိုင်းက တော့ဆရာအနေနဲ့မေးချင်တာတွေ၊ စာမေးပွဲမေးခွန်းတွေကို သေချာ design ဆွဲပြီးစနစ်ထဲထည့်သွင်းပေးနိုင်လေလေ စာစစ်ရသက်သာလေပါပဲ။ စနစ်က မိနစ်ပိုင်းအတွင်းအလိုလျောက်စစ်ဆေးပြီး ကျောင်းသား၊ မိဘ၊ ဆရာ သုံးဦးလုံးတပြိုင်ထဲသိနိုင်အောင် report လုပ်ပေးနိုင်ပါတယ်။ ပြန်ဖြေဖို့လိုအပ်ရင်ပြန်ဖြေနိုင်အောင်လဲ စီစဉ်ထားနိုင်ပါတယ်။
ကိုးကား https://nearpod.zendesk.com/hc/en-us/articles/205646409-What-are-the-differences-between-Live-Lesson-and-Student-paced-session-types-
မိမိတို့ကျောင်း၊ သင်တန်း၊ ကိုယ်ပိုင် Online သင်ကြားမှုစနစ်၊ ကျောင်းသားများလေ့လာသင်ယူမှု(သင်ခန်းစာကိုonlineဆွေးနွေးခြင်း၊ အတန်းတွင်းသင်ခန်းစာလေ့ကျင့်ခန်းများဂိုက်ဆရာနှင့်အတူonlineလေ့ကျင့်ခြင်း၊ အိမ်စာများ online မှတဆင့်ရယူပြီး အမှတ်စစ်ပေးမည့်ဆရာသို့တင်ခြင်း)စနစ် တည်ဆောက်လိုသူများ ဆက်သွယ်နိုင်ပါသည်။
Teacher Hein Ko
09402715069
05/05/2020
Stay at Home ကာလ အတန်းတွင်းသင်ကြားမှု ခက်ခဲသည့်အချိန်အတွင်းသာ အသုံးပြုလို့ရသည့် စနစ်မျိုးသာမကဘဲ ပုံမှန်စာသင်နှစ်များအတွက် နေ့စဉ်သင်ကြားသင်ယူမှုကိုအထောက်အကူပေးနိုင်မည့်စနစ်မျိုးဖြစ်ပါသည်။
မိမိတို့ကျောင်း၊ သင်တန်း၊ ကိုယ်ပိုင် Online သင်ကြားမှုစနစ်၊ ကျောင်းသားများလေ့လာသင်ယူမှု(သင်ခန်းစာကိုonlineဆွေးနွေးခြင်း၊ အတန်းတွင်းသင်ခန်းစာလေ့ကျင့်ခန်းများဂိုက်ဆရာနှင့်အတူonlineလေ့ကျင့်ခြင်း၊ အိမ်စာများ online မှတဆင့်ရယူပြီး အမှတ်စစ်ပေးမည့်ဆရာသို့တင်ခြင်း)စနစ် တည်ဆောက်လိုသူများ ဆက်သွယ်နိုင်ပါသည်။
ပါဝင်မည့်သင်ကြားသင်ယူမှုဖြစ်စဥ်များ
- သင်ကြားသင်ယူမှုပြီးဆုံးချိန်တွင် ရရှိမည့်ရလဒ်များကို သင်ကြားမည့်သင်ခန်းစာများလိုက်ကြိုတင်အကြောင်းကြားနိုင်ခြင်း။
- သင်ခန်းစာများ မစတင်မှီ ကြိုတင်လေ့လာစရာများကို အကြောင်းကြားနိုင်ခြင်း။ ကြိုတင်လေ့လာထားမှုရှိမရှိ စစ်ဆေးနိုင်ခြင်း။
- Zoom App အသုံးပြု၍ online စာသင်ကြားခြင်း သို့မဟုတ် မိမိစိတ်ကြိုက်သင်ကြားမှု video ဖိုင်ဖြင့်သင်ကြားနေမှုကို ကျောင်းသားများနှင့်အတူစောင့်ကြည့်ဆွေးနွေးခြင်း။
- သင်ခန်းစာပြီးဆုံးပြီးနောက် နားမလည်သည့်အချက်များ၊ ပိုမိုသိရှိလိုသည်များကို စာသင်ကြားသည့်ဆရာ သို့မဟုတ် လမ်းညွှန်ဆရာနှင့်အတူ onlineဆွေးနွေးခြင်း။ ဆွေးနွေးမှုများကို အချိန်မေရွးပြန်လည်ကြည့်ရှုနိုင်ခြင်း။
- သင်ခန်းစာသင်ကြားမှုရလဒ်များ ရရှိမှုရှိ၊မရှိ မေးခွန်းတိုများ စနစ်မှစစ်မေးပေးခြင်း။ ရလဒ်များထုတ်ပြန်ပေးခြင်း။
- လေ့ကျင့်စရာများ၊ အိမ်စာများကို online မှတဆင့်ပေးပို့၊ ပြန်လည်ရယူစစ်ဆေးပြီး ရလဒ်များကို ထုတ်ပြန်ပေးခြင်း။
- သင်ခန်းစာတစ်ခုလုံးပြီးဆုံးပြီးနောက် စစ်မေးလိုသည်များကို စနစ်တွင်ကြိုတင်ရေးသားထားပြီးစစ်မေးနိုင်ခြင်း။
အသေးစိတ်သိလိုပါက
Teacher Hein Ko
09402715069