YDP Academy Online International School

YDP Academy Online International School

Share

Education is the most powerful weapon you can use to change the world

09/06/2026

🏛️ Grade 4 မြန်မာစာ – “ပုဂံ” သင်ခန်းစာကို ကလေးတွေအတွက် အသက်ဝင်အောင် လေ့လာကြမယ်! 📚✨

“ပုဂံ” ဆိုတာ စာအုပ်ထဲက စာပိုဒ်တစ်ပုဒ်အနေနဲ့ပဲ သိထားရုံနဲ့ မလုံလောက်ပါဘူး။

ဒီဗီဒီယိုလေးမှာတော့ စတုတ္ထတန်း မြန်မာစာပြဋ္ဌာန်းစာအုပ်ထဲက “ပုဂံ” သင်ခန်းစာကို အခြေခံပြီး ပုဂံရဲ့ သမိုင်းနောက်ခံ၊ ထူးခြားတဲ့ ဗိသုကာလက်ရာများ၊ စာအုပ်ထဲမှာ မပါတဲ့ စိတ်ဝင်စားဖွယ် ဗဟုသုတများကို တီချယ်အိနဲ့ တူတူထည့်သွင်းဆွေးနွေးပေးထားပါတယ်။
🌟
Video လေးကြည့်ရှုလိုပါက👇👇

https://youtu.be/_iy9IQaMv_I

👦👧 ကလေးတွေ သင်ခန်းစာကို ပိုမိုမြင်ယောင်နားလည်လာစေဖို့
❓ မေးရင်းဖြေရင်း
💬 ဆွေးနွေးရင်း
🏯 ပုဂံမြို့ဟောင်း
အကြောင်းအရာတွေကို စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားပါတယ်။

စာမေးပွဲအတွက်သာမက ဗဟုသုတတိုးပွားစေဖို့၊ သမိုင်းကို ချစ်မြတ်နိုးတတ်စေဖို့ ရည်ရွယ်ထားတဲ့ သင်ခန်းစာဗီဒီယိုလေး ဖြစ်ပါတယ်။ ❤️

#မြန်မာစာ

08/06/2026

🎓 မိဘများ၏ ယုံကြည်မှုကို အောင်မြင်မှုဖြင့် သက်သေပြနေသော YDP Academy

GED အောင်မြင်သူ (၅၀) ဦး • ဂုဏ်ထူးရှင် (၁၀) ဦး 🏆

2026 ခုနှစ် နှစ်စမှ မေလအထိ YDP Academy တွင် GED Program ကို အောင်မြင်စွာ ဖြတ်သန်းပြီး GED Certificate ရရှိသူ စုစုပေါင်း (၅၀) ဦး အထိ ရှိလာပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ 🎉

ထို့အပြင် ထူးချွန်စွာ ကြိုးစားအားထုတ်ခဲ့ကြပြီး GED Credit (ဂုဏ်ထူး) ရရှိသူ (၁၀) ဦး အထိ ရှိလာပြီဖြစ်သည်မှာ YDP Academy အတွက် ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ 🌟🏅

အောင်မြင်မှုများသည် ကျောင်းသား၊ ကျောင်းသူများ၏ ဇွဲလုံ့လ၊ ကြိုးစားအားထုတ်မှုနှင့် ပညာရေးအပေါ် အလေးထားမှုတို့၏ အကောင်းဆုံး သက်သေတစ်ရပ် ဖြစ်ပါတယ်ရှင့်။

YDP Academy မိသားစုအနေဖြင့် GED အောင်မြင်သူ (၅၀) ဦးနှင့် ဂုဏ်ထူးရှင် (၁၀) ဦးတို့အား အထူးဂုဏ်ပြုအပ်ပြီး ရှေ့ဆက်မည့် တက္ကသိုလ်ပညာရေးနှင့် ဘဝခရီးလမ်းများတွင် ပိုမိုမြင့်မားသော အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်။✨






04/06/2026

အိန္ဒိယနိုင်ငံ SRM institute of science and technology မှာ တတ်ရောက်နေတဲ့ ဆရာဇာနည် ပြောပြပေးထားတဲ့ ဆရာဆရာမများအတွက် ရာသက်ပတ်လေ့လာလို့ရမဲ့ Video Class

30/05/2026

GED Science Foundation Class R & Intensive Batch-11 တတ်ရောက်ဖြေဆိုသွားတဲ့ “Kaung Myat” ရဲ့အောင်မြင်မှု ဖြစ်ပါတယ်ရှင့်။
Congratulations 🎉

Main Tr- Tr Phoo
Guide Tr - Tr Hnin


30/05/2026

GED Social Studies Foundation Class U & Intensive Batch-11 တတ်ရောက်ဖြေဆိုသွားတဲ့ “Min Thuta” ရဲ့အောင်မြင်မှု ဖြစ်ပါတယ်ရှင့်။
Congratulations 🎉

Main Tr- Tr Myat
Guide Tr - Tr Di Di


29/05/2026

👨‍👩‍👧‍👦 ကလေးတွေ အချိန်လေးစားတတ်ဖို့
မိဘတွေ၊ ဆရာ/ဆရာမတွေက ဘာတွေ သင်ပေးသင့်လဲ? ⏰✨
ကလေးတွေဟာ “နားထောင်ပြီး” သင်ယူတာထက်
“မြင်ပြီး” ပိုသင်ယူကြပါတယ် 💡
ဒါကြောင့် မိဘနဲ့ ဆရာ/ဆရာမတွေက
အချိန်တန်ဖိုးကို ကိုယ်တိုင်ပြသပေးဖို့ အရေးကြီးပါတယ် 🌱
📌 သင်ပေးသင့်တဲ့ အရာလေးတွေကတော့…

✅ အချိန်မှန်လာတတ်တဲ့ အကျင့်
ကျောင်းသွားချိန်၊ စာလုပ်ချိန်၊ အိပ်ချိန်တွေကို ပုံမှန်ထားပေးပါ။

✅ “Promise” ကို တန်ဖိုးထားတတ်အောင် သင်ပေးပါ
“5 မိနစ်နေရင်လာမယ်” လို့ ပြောထားရင် တကယ်လာပေးတာမျိုးက ကလေးကို တာဝန်ယူတတ်စေပါတယ်။

✅ Time Table လေးနဲ့ နေထိုင်တတ်အောင် လေ့ကျင့်ပေးပါ။ကစားချိန်၊ စာလုပ်ချိန်၊ နားချိန်တွေကို balance ဖြစ်အောင် ကူညီပေးပါ။

✅ အချိန်မှန်တဲ့အခါ ချီးကျူးပေးပါ 💛
“ဒီနေ့ အချိန်မှန်လုပ်နိုင်တာ တော်လိုက်တာ” ဆိုတဲ့ စကားလေးက ကလေးကို ယုံကြည်မှု ပိုရှိလာစေပါတယ်။

✅ အခြားသူတွေရဲ့ အချိန်ကိုလည်း တန်ဖိုးထားတတ်အောင် သင်ပေးပါ။နောက်ကျခြင်းက ကိုယ့်အချိန်တင်မဟုတ်ဘဲအခြားသူတွေရဲ့ အချိန်ကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ နားလည်လာစေပါ။

⏰ အချိန်လေးစားတတ်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့ တစ်နေ့တည်းနဲ့ မရနိုင်ပေမယ့် နေ့စဉ်သေးသေးလေးကနေ စပြီး လေ့ကျင့်ပေးနိုင်ပါတယ် 🌟

⏰ “အချိန်” ကို လေးစားတတ်တဲ့ ကလေးက ဘဝမှာ ပိုပြီး အောင်မြင်နိုင်ပါတယ်…

📌 အချိန်လေးစားတတ်တဲ့ ကလေးတွေက
✅ စည်းကမ်းရှိလာတယ်
✅ တာဝန်ယူတတ်လာတယ်
✅ စာလုပ်ချိန်၊ ကစားချိန်ကို ကိုယ်တိုင်စီမံတတ်လာတယ်
✅ အခြားသူတွေရဲ့ အချိန်ကိုလည်း တန်ဖိုးထားတတ်လာတယ်

အနှစ်ချုပ်ရသော် ကျောင်းသွားချိန်ကို မှန်မှန်လိုက်နာတတ်တဲ့ ကလေးဟာနောက်ပိုင်းမှာ အလုပ်၊ ပညာရေး၊ လူမှုဆက်ဆံရေးမှာပါ ယုံကြည်ရတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

24/05/2026

YDP Academy ရဲ့ GED Foundation Scholarship Program က
သင့်ရဲ့ ပညာရေးအိပ်မက်ကို အမှန်တကယ် စတင်နိုင်မယ့် အခွင့်အရေးတစ်ခုပါ။ ✨

💥 ယခု Scholarship English Test ကို ဖြေဆိုပြီး
🏆 Scholarship ရရှိထားသူ (၄) ဦး ရှိသွားပါပြီ။

အမှန်တကယ်ကြိုးစားချင်တဲ့ ကျောင်းသား/သူတွေက
အခွင့်အရေးကို အရင်လက်ဦးနေကြပါပြီ 🚀

⏳ Scholarship English Test Registration ကို
📅 May 25 ရက်နေ့ထိသာ လက်ခံတော့မှာဖြစ်ပါတယ်။

“နောက်မှလုပ်မယ်…” ဆိုတဲ့ အတွေးက
တစ်ခါတလေ ကိုယ့်အခွင့်အရေးကို လက်လွတ်သွားစေနိုင်ပါတယ်။

ဒီတစ်ကြိမ်က
✔️ GED ကို သေချာအခြေခံကစသင်ချင်သူ
✔️ International University ကို ရည်မှန်းထားသူ
✔️ ကိုယ့်အနာဂတ်ကို ပြောင်းလဲချင်သူတွေအတွက်
အကောင်းဆုံး Start ဖြစ်လာနိုင်ပါတယ်။ 🌍📚

Scholarship လျှောက်လိုသူများ မူရင်း post မှ စည်းကမ်းချက်လေးများ သေချာဖတ်ရှုပေးပါရန်
GED Foundation Class D-1 (လူပြည့်)
GED Intensive Batch-12 (လူပြည့်)

GED Foundation Class E-1 အတွက်သာ လျှောက်ထားနိုင်ပါသည်။
မူရင်း post ဖတ်ရန်👇👇

https://www.facebook.com/share/p/18b6qEZbv6/?mibextid=wwXIfr



22/05/2026

🎉 Congratulations 100% Scholarship Award! 🎉
YDP Online International School မှ ဖွင့်လှစ်သော GED Intensive အတန်းတွင် 100% Scholarship ဆွတ်ခူးရရှိသွားခဲ့သည့် YDP Academy ၏ GED Foundation Class ကျောင်းသားဟောင်း (Mg Lwin Moe Aung) အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း YDP မိသားစုမှ သတင်းကောင်းပါးအပ်ပါတယ်ရှင့်။ 👏✨

🎓ရည်မှန်းချက်တွေဆီ အရောက်လှမ်းမယ့် ကမ္ဘာ့အဆင့်မီ ပညာရေးခရီးလမ်းမှာ မောင်လွင်မိုးအောင်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ဆက်လက်သိမ်းပိုက်နိုင်ပါစေကြောင်း YDP မှ ထပ်ဆင့် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်!ရှင့်။🌟

🚨GED အတန်းကို ထူးချွန်စွာ အောင်မြင်လိုပါက 23/5/2026 (မနက်ဖြန်)မှာစတင်မည့် GED Intensive အချိန်စာရင်း အသေးစိတ်ကို အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါတယ်ရှင့်။
https://www.facebook.com/share/p/18jxG293Er/

📩 အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
• Telegram: t.me/ydpacademy22
• Telegram Channel:https://t.me/YDP_Academy
• Phone: ☎️ 09-444874007



17/05/2026

🎉 ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ 🎉
YDP Academy Online International School ရဲ့ နွေရာသီ Summer Program အတန်းအသီးသီးမှာ တက်ကြွစွာ ပါဝင်ဆင်နွှဲပြီး ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေ ပြသနိုင်ခဲ့ကြတဲ့ သားသားမီးမီးတို့ရေ... အားလုံးပဲ မင်္ဂလာပါရှင်။
ကလေးတို့ရဲ့ နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိရှိ ဖြတ်သန်းရင်း သက်ဆိုင်ရာဘာသာရပ်အလိုက် ကြိုးစားအားထုတ်မှုကြောင့် ထူးချွန်ဆုတွေ ဆွတ်ခူးရရှိခဲ့ကြတဲ့ ကြယ်ပွင့်လေးတွေကို YDP မိသားစုမှ အားရပါးရ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြေညာပေးလိုက်ရပါတယ်။
ဆုရရှိသွားကြတဲ့ အရည်အချင်းရှိ ကျောင်းသား/ကျောင်းသူလေးများကတော့... 👇
💻 Coding Class For Summer Program
နည်းပညာခေတ်မှာ တီထွင်ဖန်တီးနိုင်စွမ်းအပြည့်နဲ့ Code တွေ ရေးသားပြီး အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ -
🎓Mg Eantt Bhone Thant Ko Ko 🎓
📐 Geometry 3D နည်းပညာ သင်္ချာအတန်း
ရုပ်လုံးကြွ 3D သင်္ချာပညာရပ်တွေကို စိတ်ကူးစိတ်သန်း ကောင်းမွန်စွာနဲ့ အပိုင်နိုင်ဆုံး တွေးခေါ်တွက်ချက်ဖန်တီးနိုင်ခဲ့တဲ့ -
🎓Mg Arkar Phyo🎓
🗣️ English Speaking Class
အင်္ဂလိပ်စာ အပြောစွမ်းရည်မှာ ယုံကြည်မှုအပြည့်နဲ့ သွက်လက်ချက်ချာစွာ ပြောဆိုဆွေးနွေးနိုင်ခဲ့တဲ့ -
🎓Mg Hein Thit Min Tun 🎓
✍️ ကလေးတို့ ပျော်ရွှင်ရာ စာစီစာကုံးရေးသားနည်းပညာအတန်း
ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေကို ရသမြောက်လှပတဲ့ စာလုံးလေးတွေအဖြစ် ပျော်ပျော်ရွှင်ရွှင် ပုံဖော်ရေးသားနိုင်ခဲ့တဲ့ -
🎓Mg T Khant Htal🎓
🚨ဆုရရှိသွားတဲ့ သားသားမီးမီးတို့အပြင်၊ ဒီသင်တန်းတွေကို အစအဆုံး ကြိုးစားတက်ရောက်ခဲ့ကြတဲ့ ကလေးတွေအားလုံးဟာ YDP ရဲ့ ဂုဏ်ဆောင်လေးတွေပဲ ဖြစ်ပါတယ်။ အဖိုးတန်လှတဲ့ နွေရာသီအချိန်တွေကို အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြလို့ ကလေးတို့အားလုံးကို အထူးပဲ ဂုဏ်ယူမိပါတယ်ရှင့်။

🌞နောင်လာမယ့် Program တွေမှာလည်း ဒီထက်မက ပိုမိုထူးချွန်ပြီး အောင်မြင်မှုတွေ ဆက်လက်ဆွတ်ခူးနိုင်ကြပါစေကြောင်း YDP ဆရာ/ဆရာမများအားလုံးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 🌟🌟

17/05/2026


GED Social Studies foundation Class R & GED Intensive Batch-11 တတ်ရောက်ဖြေဆိုသွားတဲ့ “Lu Maw” ရဲ့Credit ဖြင့် အောင်မြင်မှု ဖြစ်ပါတယ်ရှင့်။
Big Congratulations 🎉

Main Tr- Tr Myat
Guide Tr - Tr DiDi


Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay