Star Link Education Centre

Star Link Education Centre

Share

Welcome to Stars Link. This is a language class for everyone, from young learners to adults. You can join online classes right now.

There are phonics classes for kids and Cambridge English classes.

17/02/2026

အားလုံးပဲ မင်္ဂလာပါရှင့်

ချစ်ခင်ရတဲ့ဖေဖေမေမေတွေ တောင်းဆိုကြလို့ Star Link Education Centreမှာ နွေရာသီ English Grammar and Writing online တန်းအသစ်လေးရှိပါမယ်ရှင်။

Grammar တန်းလေးကို
1. Level 1 (7-10 years) နှင့်
2. Level 2 ( 10 years above)
ဆိုပြီး နှစ်တန်းခွဲထားပါတယ်ရှင်

1.Level 1 အတန်းကို လက်ရှိ Starters, Movers and Flyers သို့ G2, 3 and 4 တက်နေကြတဲ့ သားသား၊မီးမီးတို့ တက်လို့ရပါတယ်ရှင့်။

2. Level 2 အတန်းကိုတော့ KET တန်း သို့ G5, 6 and 7 တက်နေကြတဲ့ ကလေးတို့တက်လို့ရပါမယ်ရှင်။

3. အတန်းချိန်လေးတွေကတော့
Level 1. Tue, Wed and Thurs: 9-10 am
Level 2. Tue, Wed and Thurs: 10-11 am

4. သင်တန်းကာလကတော့ သုံးလကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းစမည့်ရက်ကတော့ March 3 (မတ်လ ၃ရက်နေ့) ဖြစ်ပါတယ်။

5. သင်တန်းကြေး _ 180,000 ( 3 months)
Star Linkမှ ကျောင်းသားဟောင်းများအတွက် 10% Discount ရှိပါမယ်ရှင်။

သင်တန်းနှင့်ပတ်သက်သည်များ အသေးစိတ်သိရှိလိုပါက Star Link page messenger သို့ Telegram သို့ Phone ဆက်၍သော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။
Contant no: 09798543720
Telegram no: 09975411405

Star Link Education Centre

Photos from Star Link Education Centre's post 12/09/2025

Congratulations to YLE Stars from Star Link Education Centre 🎉

ဒီတစ်ခါတော့ တို့ Movers and Flyers ပေါက်စလေးတွေအတွက် ဂုဏ်ပြုရမယ့်အချိန်ပါနော်

ပျော်ပျော်ရွှင်ရွှင်ဖြေခဲ့ကြပြီး ပျော်ပျော်ကြီးအောင်ပွဲခံရမယ့်အချိန်ရောက်လာပါပြီရှင်

နောင်နှစ်တွေမှာလည်း အောင်မြင်မှုတွေဆက်တိုက်ရအောင် တူတူဆက်ကြိုးစားကြမယ်နော် 🥰😍

Tr May

Photos from Star Link Education Centre's post 12/09/2025

Congratulations to Our KET & PET Stars from Star Link Education Centre 🎉

We're so proud to celebrate the outstanding achievements of our students who worked hard and have successfully passed the KET and PET exams.

This success is a reflection of your commitment, passion for learning, and resilience.
May this achievement be the stepping stone to much more greater milestones in your English learning journey.

Keep shining, keep believing, and keep reaching for your goals, my dears.

Once again, congratulations to each and every one of you 🥰😍

Tr May

Photos from Star Link Education Centre's post 29/08/2025

Wow, wow, wow! 🥳
Huge congratulations to all my amazing students who took Cambridge B2 First exam! 🎉👏🎊
Your dedication and hard work have truly paid off.
Now it’s time to reap the rewards of your success. 🌟
I’m incredibly proud of each and every one of you! 💖

Tr May

Photos from Star Link Education Centre's post 10/08/2025

Movers and Flyers students from Star Link took the Cambridge YLE Exam on August 9.
KET and PET candidates took the exam Today, 10 August.

I truly believe you all did your best, and your hard work will surely pay off, my dears.

First, my heartfelt thanks go to each candidate and their parents for trusting me throughout this language-learning journey—from the early days of childhood to now.
Here, I also want to express my special thanks to Ama Ma Aye Hlaing, one of the parents who helped me get the takeaway lunchboxes for all the candidates.

Second, my deepest appreciation goes to Tr Ei—my sister from another mother and my reliable colleague. Thank you for teaching with love and kindness, and for always standing by my side, especially during the most challenging times of my new motherhood and tight schedules.

Third, I want to offer my deepest gratitude to the one who is always by my side—my incredible partner, whose unwavering love and support have been a constant source of strength. Your patience, understanding, and kindness have made every challenge easier to face. I couldn’t have done it without you.

We made it through the toughest part of the year, one that was deeply impacted by the earthquake.

We’ve done well and are now beginning to reap the rewards of our efforts.

Let’s keep that great energy going!

With LOVE,
Tr May Thae
10-8-2025

Photos from Star Link Education Centre's post 31/07/2025

အားလုံးပဲ မင်္ဂလာပါရှင်
Star Link ရဲ့ ထုံးစံအတိုင်း exam ချိန်ကျမှ ကိုယ်ထင်လာပြပါပြီရှင်

ပုံမှန်ဆို နှစ်စဉ် မေ လဆို Cambridge exam ဖြေနေကျဟာ
ဒီနှစ်တော့ ငလျင် ဂယက်ရိုက်မှုကြောင့် ကလေးတွေ ဒီနေ့မှ exam စဖြေကြရပါတယ်

ဒီနေ့ July 31 မှာတော့ Star Link Education Centre မှ ကလေးအကြီးဆုံးတွေ ဖြစ်တဲ့
ကိုကို မမတွေ က FCE (B2 - First for school exam) ကို ပွဲဦးထွက် ဖြေဆိုကြပါတယ်

I believe they tried their best.
ကျွန်မ သူတို့ကို ရလာဒ်ဘာဖြစ်ရမယ်ဆိုတာထက်
အကောင်းဆုံးကြိုးစားလာဖို့ ပဲ မှာလိုက်ပါတယ်

ဒီကလေးတွေဟာ ကျွန်မနဲ့ Flyers တန်း ကတည်းက
စဉ်ဆက်မပြတ်သင်ယူလေ့လာခဲ့ကြတဲ့
ကျွန်မရဲ့ အချစ်ဦးကလေးတွေ ဆိုပါတော့
သူတို့လေးတွေတောင် အချင်းချင်း Best friends ဖြစ်နေပြီရယ်
သူတို့ဟာ ကျွန်မထက် ပိုတော်တဲ့ ကလေးတွေ ဖြစ်လာကြပါပြီ

ဒီအတန်းပြီးရင် သူတို့ကျောင်းစာဆက်လိုက်ရမယ့် သူရှိတယ်
CAE ဆက်တက်မယ့် သူလည်း ရှိရဲ့
ဘယ်လမ်းကြောင်းကိုပဲ ရွေးရွေး
အခြေခံကို ကောင်းအောင်တည်ပေးခဲ့လို့
သူတို့ဟာ English Language နဲ့ပတ်သက်ရင်
စိတ်ချယုံကြည်ရတဲ့ အနေအထားရှိနေပါပြီ
ဘယ်နေရာမှာ ဘယ်သူနဲ့ယှဉ်ယှဉ်
ကျွန်မ ကလေးတွေ မျက်နှာငယ်ရမှာ မဟုတ်ဘူးဆိုတာ
ကျွန်မ ယုံကြည်ပြီးသားပါ

ကျွန်မ ပေါင်းသင်၊ ရေလောင်းပေးလိုက်ရတဲ့
ဒီ ပန်းပင်ကလေးတွေ အပင်လည်းသန် ရနံ့လည်းမွှေးလို့
ရှေ့ဆက်ပွင့်လန်းလာကြအုံးမှာ မြင်ယောင်ရင်း
ဆရာမ ကျွန်မ ပီတိဖြစ်ရသလို ခွန်အားလည်းရပါတယ်

ကျွန်မတို့ ချစ်ရတဲ့ ကလေးတွေ
ဒီကမ္ဘာကြီးရဲ့ ရောက်ရာကျရာ နေရာမှာ
လောကရဲ့ ကောင်းကျိုးကို ဆောင်ရွက်နိုင်တဲ့သူတွေ ဖြစ်ပါစေ

တီချယ်သဲ
31.7.2025

Photos from Star Link Education Centre's post 22/02/2025

အားလုံးပဲ မင်္ဂလာပါရှင်

Star Link မှ အတန်းသစ်စောင့်မျှော်နေကြတဲ့ ဖေဖေမေမေတို့အတွက် သတင်းကောင်းလေးပါးပါရစေ။ ဒီနှစ်နွေသုံးလမှာတော့ Jolly Phonics and Pre Starters (online) အတန်းသစ်လေးတွေ ရှိပါမယ်။ မတ်လ (4) ရက် အင်္ဂါနေ့ မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်ရှင့်။

1. Jolly Phonics (level -1)
Age - 5-8 years
Days - Mon - Wed
Time - 9.00 - 10.30am
Duration - 4 March to 28 May, 2025
Fees - 150000
(50000 per month)

Jolly phonics တန်းလေးကတော့ ခုမှအင်္ဂလိပ်စာ စသင်မယ့် သားသားမီးမီးတို့နှင့် သင့်တော်ပါတယ်။ A-Z letter sounds ‌and letter formation လေးတွေကို songs and actions လေးတွေ နဲ့ ပျော်ပျော်ရွှင်ရွှင် လေ့လာရမှာဖြစ်ပါတယ်။ ဒါ့အပြင် Blending ကိုလည်း ကလေးလေးတွေ မိမိဘာသာ ဘယ် letter sounds လေးပဲတွဲတွဲ အသံလေးတွေ Blendတတ်ပြီး CVC words လေးတွေ Word family Phonics readers လေးတွေ ဖတ်တတ်လာနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်ရှင်။

2. Pre Starters
Age - 6-8 years
Days - Mon - Wed
Time - 11.00 - 12.00 am
Duration - 4 March to 28 May, 2025
Fees - 150000
(50000 per month)

Pre Starters တန်းလေးကတော့ Starters level မှာ ရှိသင့်တဲ့ skills တွေရယ် Classroom language တွေရယ်နှင့် ရင်းနှီးလာအောင် လေ့ကျင့်ပေးမယ့် Intro to Language skills တန်းလေးပဲ ဖြစ်ပါတယ်ရှင်။ Phonics ပြီးပြီးသား ကလေးလေးတွေ သို့မဟုတ် Grade (1/2) တက်ထားပြီး sentence တချို့ ဖတ်တတ်နေပြီဖြစ်တဲ့ သားသားမီးမီးတို့နှင့် သင့်တော်ပါတယ်။ ဒါပေမဲ့ Level testလေးတော့ စစ်ရပါမယ်ရှင်။

✅ Course books fees ကို သီးသန့်ပေးရပါမယ်ရှင်။

✅ အတန်းအားလုံး Zoom application နှင့် သင်ကြားမှာ ဖြစ်ပါတယ်ရှင်။

✅ လူဦးရေကန့်သတ်ထားသဖြင့် အမြန်လေးစာရင်းပေးဖို့ လိုပါတယ်ရှင်။

✅ အသေးစိတ် သိရှိလိုပါက Page chat box ကနေသော်လည်းကောင်း ဖုန်းဆက်၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

Star Link Education Centre
09798543720

Photos from Star Link Education Centre's post 14/11/2024

Advantage Tier Awarding & Cambridge English Gathering Ceremony (2024)

ဒီနေ့ British Council မှ ကျင်းပတဲ့ပွဲလေးမှာ နှစ်စဉ် ကလေးများကို အင်္ဂလိပ်စာ လေ့ကျင့်သင်ကြားပေးပြီး Cambridge English examsများ ဝင်ရောက်ဖြေဆိုကြတဲ့အတွက် ကျွန်မတို့ Star Link Education Centre ကို British Council မှ Advantage Standard Member အဖြစ် အသိအမှတ်ပြု ချီးမြှင့်ခြင်းခံရပါတယ်။ ကျွန်မတို့လို Language centre အသေးလေးအတွက် ရှေ့ဆက်ဖို့အားအင်မို့ များစွာဝမ်းသာဂုဏ်ယူမိပါတယ်။

တဆက်တည်းမှာပဲ ကျွန်မတို့ သင်တန်းလေးကို ဘာကြော်ငြာပို့စ်မှ အထူးအထွေတင်တာမရှိပဲတောင် ကျွန်မဆီမှာ ခုချိန်ထိယုံကြည်စွာနဲ့ မိမိတို့ ကလေးငယ်များကို ပညာသင်ကြားခွင့်ပေးထားကြတဲ့ မိဘအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီယုံကြည်မှုတွေကြောင့်ပဲ အခုဆို ကျွန်မသင်တန်းလေးမှာ ကလေးတွေကို Phonics ကနေ FCE (B2) level အထိ ‌အတန်းများစွာ လေ့ကျင့်သင်ကြားပေးခွင့်ရနေပါပြီ။

ခက်ခဲတဲ့ ကာလမှာ စာမေးပွဲဖြေဖို့ အရမ်းမတိုက်တွန်းဖြစ်ပေမဲ့ အခွင့်ရလို့ ကျွန်မနဲ့အတူ ကြိုးစား‌လေ့ကျင့် ဝင်ရောက်ဖြေဆိုကြတဲ့ ကလေးအားလုံးရော၊ စာမေးပွဲတွေမဖြေဖြစ်ပေမဲ့ level အလိုက် အမြဲလေ့ကျင့်သင်ယူကြတဲ့ သင်တန်းက တပည့်အားလုံးကိုရော Star Link Education Centre ဆိုပြီး ရပ်တည်နိုင်အောင် အတူရှိနေပေးကြလို့ ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးလည်း မှန်ကန်တဲ့လမ်းကြောင်းလေးပေါ် ‌တဖြေးဖြေးနဲ့ တရွေ့ရွေ့ ချီတက်ကြအုံးစို့။

အတူတူ လက်တွဲ သင်ကြားပေးတဲ့ ညီမလေး တီချယ်အိကိုလည်း ကျေးဇူးတင်ပါတယ်နော်။

တီချယ်မေ
14-11-24

Photos from Star Link Education Centre's post 20/06/2024

Hello, attention , please 👋🤗

သားသားမီးမီးတို့ တီချယ်တို့ ကြိုးစားပမ်းစားဖြေဆိုထားကြတဲ့ Cambridge English Exam results လေးတွေ ရပြီဆိုတော့ ဂုဏ်ယူဝမ်းမြှောက်ရမယ့် အချိန်ရောက်ပါပြီရှင့်။
Full shields များနဲ့ အောင်မြင်ကြတဲ့ တီချယ့်ကလေးလေးတွေအားလုံးကို တီချယ်က ကျေးဇူးအထူးတင်ပါတယ်။ ကလေးတို့ကို အစစပံ့ပိုးပေးကြတဲ့အပြင် ဒီတီချယ်ကို ယုံကြည်ပေးပြီး အပ်ပေးထားတဲ့ ဖေဖေမေမေတစ်ဦးချင်းစီအားလုံးကိုရော အလွန်ကျေးဇူးတင်ပါတယ်နော်။

တီချယ်ကတော့ အားလုံးအတွက် ဂုဏ်ယူမဆုံး တပြုံးပြုံးပါနော်။
အစလှတဲ့ ပထမဆုံးခြေလှမ်းလေးတွေကနေ နောင်နှစ်များစွာထိ အောင်မြင်မှုတွေဆီ အတူတူကြိုးစားရုန်းကြပါအုံးစို့ ချစ်ရတဲ့ ကလေးတို့ရေ။

Tr Thae
Star Link Education Centre

Photos from Star Link Education Centre's post 10/05/2024

Online က ပေါက်စတွေ YLE May exam လေး တဖြတ် ဖြေကြပြန်ပေါ့။
ပေါက်စတွေက တနှစ်ပြီး တနှစ် ဖြေးဖြေးမှန်မှန်ချီတက်နေကြပေါ့
ဘာသာစကားသင်ယူလေ့လာမှုဆိုတာ ရပ်မနေပဲ တရွေ့ရွေ့ ရှေ့ဆက်ချီတက်နေဖို့အဓိကမို့လား ❤️
ချစ်တယ် ပေါက်စတို့ရေ။

Tr May
Star Link Education Centre

Photos from Star Link Education Centre's post 19/04/2024

March 6 ရက်နဲ့ Jan 30ရက်က ဖြေဆိုခဲ့ကြတဲ့ YLE Movers and Starters results လေးတွေပါရှင့်။
အားလုံး Full shields တွေနဲ့ အောင်မြင်ကြလို့ တီချယ်တို့အားလုံး ဝမ်းသာကြည်နူးမိပါတယ်။
Results လေး‌ထွက်တာတော့ ကြာပြီရယ်။ ခုမှ Post တင်ဖြစ်တာပါရှင့်။
အတူတူကြိုးစားပေးကြတဲ့ သားသား မီးမီးတို့ကိုလည်း ကျေးဇူးပါနော်။

Congratulations, my dear kids 🎉🎉

Star Link Education Centre

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay