Símbolo

Símbolo

Share

Very First AI School in Myanmar (မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး​သော AI သင်တန်း​ကျောင်း): Empowering AI and IT Education

Simbolo သည် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ Artificial Intelligence နင့် IT နည်းပညာများကို စိတ်ဝင်စားသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော သင်တန်းကျောင်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့မှ AI နှင့် ITဘာသာရပ်အပေါ်အထူးစိတ်ဝင်စားသူများ ထံသို့ သင်ယူသူဗဟိုပြုနည်းလမ်းများဖြင့် အရည်အသွေးပြည့်မီသော သင်တန်းများကို အထူးသင့်လျော်သောဈေးနှုန်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Photos from Símbolo's post 30/03/2025

ဝမ်းနည်းမှုဖြင့် အသိပေး အကြောင်းကြားခြင်း

အောက်ပါ အကြောင်းအရာကို လေးစားရပါသည့် Símbolo မှ ဆရာ/ဆရာမများ ၊ ကျောင်းသူ/သားများ ထံသို့ Símbolo ၏ ကျန်ရှိ ဝန်ထမ်းများမှ ဝမ်းနည်းမှုဖြင့် အသိပေး အကြောင်းကြားလိုပါသည်။

(၂၈ ၊ မတ်လ ၊ ၂၀၂၅) (သောကြာနေ့) နေ့လယ်တွင် မိမိတို့အတူတကွ ကြုံတွေ့ခဲ့ရပါသော ပြင်းထန်မှုရှိသည့် ငလျင်ကြောင့် Simbolo ၏ တည်ထောင်သူ နှင့် Chief Executive Officer (CEO) ဖြစ်သော ဆရာဖြိုးသူထက်သည် ၎င်း၏ မိဘနှစ်ပါး ၊ ညီငယ်ဖြစ်သူ၊ Simbolo ၏ Head of Academic Department ဖြစ်သည့် ဆရာမအိသန္တာအောင် တို့နှင့်အတူ ၎င်း၏ မွေးနေ့ပွဲကျင်းပနေစဉ်တွင်ပင် အဆောက်အအုံပြိုကျ၍ ကွယ်လွန်ခဲ့ရပါသည်။

အထက်ပါ ကိစ္စများကြောင့် မိမိတို့အဖွဲ့ဝင်များသည် လွန်စွာစိတ်ထိခိုက်မှုဖြစ်ရသလို ၊ သက်ဆိုင်ရာ မိသားစုဆွေမျိုးများနှင့် ထပ်တူလည်း ဝမ်းနည်းရပါသည်။

သို့အတွက် မိမိတို့အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုခံစားခဲ့ရသူများ နှင့် သက်ဆိုင်ရာ မိသားစုများအတွက် လိုအပ်မှုရှိသော ကိစ္စများတွင် မိမိတို့ဆောင်ရွက်နိုင်သည်များဖြင့် ကူညီကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်းနည်းမှုဖြင့် အသိပေးလိုပါသည်။

Simbolo မှ သင်တန်းများ ၊ လုပ်ငန်းများ နှင့် ပတ်သက်၍မူ

မိမိတို့ ကျန်ရှိဝန်ထမ်းများမှ ဆရာဖြိုးသူထက် နှင့် Simbolo ၏ သက်ဆိုင်သော ပူးပေါင်းဆောင်ရွက်သင့်သူများနှင့် ပူးပေါင်းကာ လက်ရှိဆောင်ရွက်နေသော သင်တန်းများကို (အတန်းအပေါ်မူတည်၍) ယာယီရပ်ဆိုင်းထားကာ ကာလတခုအကြာတွင် မူလစီစဉ်ထားခဲ့သည့်အတန်းချိန်များအတိုင်း အတတ်နိုင်ဆုံး ပြည့်မှီစေရန် ကြိုးစားသွားမည်ဖြစ်ပါသည်။
အတန်းများ ပြန်လည်စတင်မည့်ရက်ကို Símbolo မှ အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

ရုံး၏ ရေရှည်လည်ပတ်ရေး အတွက်မူလည်း ဆရာဖြိုးသူထက် နှင့် Simbolo ၏ သက်ဆိုင်သူအသီးသီး နှင့် ပူးပေါင်းကာ ဆုံးဖြတ်ချက်ရယူဆောင်ရွက်သွားမည်ဖြစ်သလို ၊ ကျွန်ုပ်တို့ ကျန်ရှိဝန်ထမ်းများ နှင့် သက်ဆိုင်သူများ ပူးပေါင်းဆောင်ရွက်သော ကိစ္စများတွင် Simbolo ၏ ဆရာ ၊ ဆရာမများ နှင့် ကျောင်းသူ ၊ ကျောင်းသားများ အတွက် မထိခိုက်စေရေးကိုလည်း ဆရာဖြိုးသူထက်၏ ကောင်းမွန်စွာဆောင်ရွက်ပေးလိုသော ထားရှိခဲ့သော ဆန္ဒနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လက်ရှိ ဆရာဖြိုးသူထက် နှင့် ဆရာမအိသန္တာအောင်တို့ သင်ကြားနေသော အတန်းများကိုမူ ရပ်နားထားမည်ဖြစ်ကာ နောက်ဆက်တွဲကိစ္စများအတွက် မိမိတို့ ရုံးအဖွဲ့မှ သက်ဆိုင်သူ ကျောင်းသူ/သားများအား ထပ်မံ၍ ဆက်သွယ်ဆောင်ရွက်ပေးလိုပါသည်။

Simbolo မှ လေးစားရပါသည့် အခြား ဆရာ ၊ ဆရာမများ လက်ရှိ ဆောင်ရွက်နေသော General နှင့် One-on-One Class များကိုမူ “အတန်းတွင် သင်ကြားပါသော ဆရာ ၊ ဆရာမတို့၏ ဆောင်ရွက်နိုင်မှုအနေအထား နှင့် အဆိုပါအတန်းများမှ တက်ရောက်နေပါသော ကျောင်းသူ/သားတို့၏ တက်ရောက်နိုင်မှုအနေအထားများအပေါ်မူတည်ကာ” လိုအပ်မှုအတိုင်း မိမိတို့၏ ရုံးအဖွဲ့မှ ညှိနှိုင်း၍ အတန်းသင်ကြားမှုကို ဆောင်ရွက်သွားလိုပါကြောင်း လေးစားမှုဖြင့် အသိပေးလိုပါသည်။
မိမိတို့ရုံးအဖွဲ့ဝင်များမှ လေးစားရပါသည့် ဆရာ ၊ ဆရာမများ နှင့် ကျောင်းသူ/သားတို့၏ မေးမြန်းမှုများကိုလည်း အချိန်တခုအတွင်း အတတ်နိုင်ဆုံးပြန်လည်ဖြေကြားကာ ပူးပေါင်းဆောင်ရွက်သွားလိုပါသည်။

ငလျင်ဘေးတွင် ကွယ်လွန်ခဲ့ရပါသော ဆရာဖြိုးသူထက် ၊ ဆရာ၏ မိသားစုဝင်များ နှင့် အခြားအခြားသော ကွယ်လွန်ခဲ့ရသူအားလုံးအတွက် ကောင်းမွန်ရာဘုံဘဝသို့ ရောက်ရှိနိုင်ပါစေကြောင်း မိမိတို့ ရုံးအဖွဲ့သားများမှ ဆရာတို့၏ ကောင်းမှုများကို ပြန်လည်အမှတ်ရကာ ဆုတောင်းအပ်ပါသည်။

ဝမ်းနည်းမှုများဖြင့်
Simbolo ၏ ကျန်ရှိ ဝန်ထမ်းများ
၃၀ ၊ မတ်လ ၊ ၂၀၂၅

29/03/2025

မန္တလေးမဟာအောင်မြေ (91H*42H) နားက အခြေအနေ သွားကြည့်ပေးလို့ရတဲ့သူများ ရှိမလားရှင်
Símbolo founder Ko Phyo Thu Htet နဲ့ သူ့မိသားစု၊ Mdy ရုံးက အမတစ်ယောက်တို့ရဲ့ အခြေအနေ အတိအကျ သိချင်လို့ပါ
အဲ့နားအနီးတစ်ဝိုက် နေတဲ့သူတွေရှိရင်လဲ ဆက်သွယ်ပေးပါနော်
Ph no - 09768895447, 09960122584 တို့ကို ဆက်သွယ်လို့ရပါတယ်။

28/03/2025

🙏🏽 အနယ်နယ် အရပ်ရပ်မှ သူများအားလုံး ငလျင်ဒဏ်မှ ကင်းလွတ်ပြီး ဘေးကင်းလုံခြုံကြစေဖို့ Símbolo မှ ဆုတောင်းလိုက်ပါတယ်။
အဝေးရောက်နေသူတွေလည်း မိသားစုနဲ့ အမြန်ဆုံး အဆက်အသွယ်ရကြပါစေ။

🚨 နောက်ဆက်တွဲအန္တာရယ်တွေလဲ ရှိနိုင်တာကြောင့် သတိဝီရိယထားပြီး ဂရုစိုက်ကြပါနော်။

Photos from Símbolo's post 27/03/2025

🏅Symbol တစ်​ယောက် AI Engineer Intern ရရှိ

Symbols ​လေးတို့​ရေ Simbolo မှာ AI အတန်း​တွေ တက်​ရောက်ခဲ့တဲ့ ကို Pyae Phyo Paing ဟာဆိုရင် Company တစ်ခုမှာ AI Engineer Intern အ​နေနဲ့ ရရှိခဲ့တာမို့ ဂုဏ်ယူဝမ်း​မြောက်စွာ ​ဖော်ပြလိုက်ရပါတယ်။



26/03/2025

💫 Símbolo participating in "TECH4ALL"

မတ်လ (30)ရက်နေ့၊ Time City မှာ ကျင်းပပြုလုပ်မယ့် MyStories made by MyJobs.com.mm ရဲ့ "TECH4ALL - Technology without Limits" ပွဲမှာ Símbolo လည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ Símbolo အနေနဲ့……
👉 AI နှင့် IT နည်းပညာကို စိတ်ဝင်စားသူတွေ တက်ရောက်နိုင်တဲ့ Courses တွေအကြောင်း နဲ့
👉 စီးပွားရေးလုပ်ငန်းတွေအတွက် ပေးအပ်လျက်ရှိတဲ့ AI Tools နှင့် AI ပိုင်းဆိုင်ရာ Training တွေအကြောင်းကို
မျှဝေပြောကြားသွားမှာ ဖြစ်ပါတယ်။

🤹 ဒါ့အပြင် AI Game Activities တွေ ပျော်ရွှင်စွာဆော့ကစားရင်း လက်ဆောင်တွေပေးမယ့် အစီအစဉ်တွေ ရှိသလို

✨ AI Tools တွေကို စမ်းသပ်အသုံးပြုနိုင်မယ့် Demo တွေကိုလည်း ထားရှိပေးသွားမှာဖြစ်လို့ AI နဲ့ IT နယ်ပယ်ကို စိတ်ဝင်စားသူတွေ လာရောက်လေ့လာနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

"TECH4ALL" ပွဲအကြောင်း အသေးစိတ် သိရှိလိုပါက MyStories made by MyJobs.com.mm page တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။





Photos from Símbolo's post 26/03/2025

💡Símbolo မှ AI အကြောင်း မျှဝေမှု ပုံရိပ်များ

2025 ခုနှစ်၊ မတ်လ (25)ရက်နေ့ KBTC - School of Information Technology မှ ကျင်းပပြုလုပ်သော "AI Readiness for 21st Century Youths" Seminar ပွဲတွင် Símbolo ၏ Founder ဖြစ်သူ Ko Phyo Thu Htet မှ AI နည်းပညာအကြောင်းများကို မျှဝေပေးခဲ့ပါတယ်။

🎀 Símbolo အနေနဲ့ ဒီလိုမျိုး ပါဝင်ဆောင်ရွက်နိုင်ခဲ့သည်ကို ဝမ်းမြောက်ဂုဏ်ယူရင်း လှုပ်ရှားမှုပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။




25/03/2025

✨ Our student gets SAT Math score 750/800 ✨

Símbolo မှာ Sr. Nyein Thiha Zaw နဲ့ Math One on one အတန်းယူခဲ့တဲ့ ကျောင်းသားတစ်ယောက်ကတော့ SAT Math score 800 မှာ 750မှတ် ရရှိခဲ့ပါတယ်။

🎀 အခုလို အမှတ်ကောင်းတွေ ရရှိခဲ့တဲ့အတွက် Símbolo မှ အတိုင်းမသိအောင် ဝမ်းသာပိတိ ဖြစ်ရပါတယ်။

သင်ကြားပေးတဲ့ instructor တွေရဲ့ အသင်အပြကောင်းမှုကို ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုပါ ထပ်လောင်းတဲ့အခါ အခုလို ဂုဏ်ယူဖွယ်ရာ ရလဒ်တွေကို အံ့မခန်း မြင်တွေ့ရတော့တာပါပဲ။

📨 AI နှင့် IT သင်တန်းတွေ စုံစမ်းလိုတဲ့ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ Group လိုက်ဖြစ်စေ၊ One on One အတန်းတွေအတွက်ဖြစ်စေ Page Messenger မှာ အသေးစိတ် လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။





Photos from Símbolo's post 23/03/2025

🎈 Symbol တွေ ရန်ကုန်မှာ ဆုံနေပြီနော်။

ဒီနေ့၊ မတ်လ (၂၃) ရက်နေ့မှာ Yangon မှာ ရှိတဲ့ Símbolo ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အတူဆုံစည်းကာ Símbolo Team Gathering လေး ကျင်းပဖြစ်ခဲ့ပါတယ်။

🎀 တွေ့ဆုံခဲ့ရတဲ့ Symbol လေးတွေကို ကျေးဇူးအထူးတင်ရှိရင်း ဒီနေ့ရဲ့ Activities တွေကို ပျော်ရွှင်နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။

နောက်ထပ်လည်း အနယ်နယ်အရပ်ရပ်မှာ ရှိကြတဲ့ Symbol လေးတွေနဲ့ တွေ့ဆုံချင်ပါသေးတယ်။

See you soon 🔜




22/03/2025

🍃 နွေရာသီအားလပ်ရက်တွင် AI နည်းပညာကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူနေကြသော ဆယ်ကျော်သက်လူငယ်လေးများ

👇Símbolo International School မှ ပထမဆုံးအနေနဲ့ ဖွင့်လှစ်တဲ့ AI For Teens Summer School Program ရဲ့ (Day - 1) ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်။

AI For Teens Summer School Program အကြောင်းကို စိတ်ဝင်စားပါက Símbolo International School တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။




21/03/2025

❓Programming language တွေ အများကြီးထဲကမှ Python ကို ဘာကြောင့် အသုံးများတာလဲ။

နည်းပညာနယ်ပယ်ကို စတင်ဝင်ရောက်မယ့်သူတွေဆိုရင် အခြေခံပေါင်းကူးအနေနဲ့ programming language တစ်ခုခုကို ပထမဆုံး လေ့လာသင်ယူကြပါတယ်။

Programming Language တွေက လူတွေရေးသားလိုက်တဲ့ code တွေကို ကွန်ပျူတာများ နားလည်နိုင်သည့် (0,1) binary code များအဖြစ်သို့ ပြောင်းလဲပေးတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးတာပါ။

Programming language အမျိုးအစားတွေ အနေနဲ့ Python, Java, JavaScript, C, C++, R programming အစရှိသဖြင့် များစွာရှိပါတယ်။

📌 ဒီအမျိုးအစားတွေထဲကမှ Python ကို ဘာကြောင့် အသုံးများရတာလဲဆိုရင်

▫️အသုံးပြုရလွယ်ကူခြင်း

Python syntax တွေက ရိုးရှင်းတဲ့ English စကားလုံးတွေကို အသုံးပြုထားတာကြောင့် ဖတ်ရလွယ်ပြီး အသုံးပြုရန်လည်းလွယ်ကူပါတယ်။

▫️ဘက်စုံအသုံးပြုနိုင်ခြင်း

Python language ကို AI Field မှာသာမက Web Development, Game Development, Data Science, Data Analysis, Cyber Security အစရှိတဲ့ နယ်ပယ်အသီးသီးမှာ အသုံးပြုနိုင်ပါတယ်။

▫️Library ပေါများခြင်း

Python မှာ ရှုပ်ထွေးသောတွက်ချက်မှုများကို ဖြေရှင်းပေးနိုင်တဲ့ Scientific & Mathematical library တွေ၊
Machine Learning Algorithm တွေကို အကောင်အထည်ဖော်ရာမှာ အရေးပါတဲ့ Scientific & Numeric Library တွေလဲ ပါဝင်ပါတယ်။

▫️System မျိုးစုံတွင် အသုံးပြုနိုင်ခြင်း

Windows, MacOS, Linux စတဲ့ Operating System အမျိုးမျိုးမှာ ပြုပြင်ပြောင်းလဲစရာမလိုပဲ အံဝင်ခွင်ကျအသုံးပြုနိုင်တဲ့ Cross-Platform programming language တစ်ခု ဖြစ်ပါတယ်။

▫️Free အသုံးပြုနိုင်ခြင်း

Python က open source software တစ်ခုဖြစ်တာကြောင့် Free အသုံးပြုနိုင်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ Programming Language ‌များစွာထဲမှာ Python က အသုံးများပြီး လူကြိုက်များနေရတာပါ။

ဒီနေ့မှာတော့ Symbol တွေ အတွက် Python Programming Language နဲ့ ပက်သက်ပြီး Knowledge sharing ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

နောက်အပတ်တွေမှာလည်း ဘယ်လိုအကြောင်းအရာတွေ မျှဝေပေးဦးမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။





21/03/2025

💫 React JS Class 💫

React JS သီးသန့် သင်ချင်တဲ့ ကျောင်းသား၊ကျောင်းသူတွေ အတွက် Símbolo မှာ လာမယ့် March လ 22ရက်နေ့ဖွင့်မယ့် အတန်းတစ်ခု ရှိပါတယ်။

ဒီအတန်းက Real World Projects တွေမှာ လက်တွေ့အသုံးပြုနေတဲ့ React Lifecycle, React Hooks တွေကို သေချာ Handleလုပ်နိုင်အောင် သင်သွားမှာဖြစ်ပြီး API Binding, Form Handling, Redux အစရှိတာတွေကိုပါ အသေးစိတ် Project-based သင်သွားမှာဖြစ်လို့ Front-end ပိုင်းမှာ project အတွေ့အကြုံရရှိချင်သူတွေ တက်ရောက်နိုင်ပါတယ်။

👇 သင်ကြားမယ့် course outline ကတော့ အောက်ပါအတိုင်းပါ။

- Introduction to React
- React components and props
- React hooks
- API calling with Axios in React
- Custom hook
- React router dom
- Useful and popular UI libraries for React
- Form handling with react hook form
- Redux
- React-redux

🔗 ကြာချိန်က 2လ ကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးကတော့ Course တစ်ခုလုံး အပြီးအစီးကို (1သိန်းကျပ်)ပဲ ကျသင့်မှာဖြစ်ပါတယ်။ အတန်းတက်ရောက်မယ့်သူတွေအနေနဲ့ HTML, CSS, Bootstrap, JavaScript သိထားဖို့တော့ လိုအပ်ပါမယ်။

အတန်းတက်ဖို့ စိတ်ဝင်စားသူတွေက အောက်က register form မှာ စာရင်းသွင်းပြီး သင်တန်းအပ်နှံနိုင်ပါတယ်နော်။

👉 Register form - https://forms.gle/toPkJ3zNPdz3SMJM62

📌 Class Details

Start Date: 22.3.2025 (Sat, Sun)
Time: 8:30 AM to 10:00 AM
Duration: 2 months
Fee: 100,000 MMK



Photos from Símbolo's post 19/03/2025

✨ အခြေခံမှ စတင်ပြီး လုပ်ငန်းခွင်ဝင်နိုင်တဲ့ အနေအထားထိ ရောက်အောင် သင်‌ကြားပေးမယ့် 𝗨𝗫/𝗨𝗜 𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹 𝗖𝗼𝘂𝗿𝘀𝗲 - 𝗕𝗮𝘁𝗰𝗵 7✨

UX/UI ပိုင်းကိုစိတ်ဝင်စားပေမယ့်
ဘာအခြေခံမှရှိမထားလို့ ဘယ်ကနေစတင်လေ့လာရမလဲ?
လုပ်ငန်းခွင်ဝင်နိုင်တဲ့ အနေအထားထိ cover ဖြစ်အောင် ဘာတွေသင်ယူသင့်လဲ?
မသိ ဖြစ်နေတဲ့ Symbols ‌လေးတွေ အတွက် Símbolo ကနေပြီး 𝗨𝗫/𝗨𝗜 𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹 𝗖𝗼𝘂𝗿𝘀𝗲 - 𝗕𝗮𝘁𝗰𝗵 7ကို ဖွင့်လှစ်ပေးလိုက်ပါတယ်။

📌 UX/UI ဆိုတာ User Experience ( UX ) design နဲ့ User Interface ( UI ) design ကိုခေါ်တာဖြစ်ပါတယ်။

UX design ကတော့ user တယောက်က digital product တစ်ခုကို အသုံးပြုတဲ့အခါ အသုံးပြုရလွယ်ကူစေဖို့၊ ဒီ product နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိလာစေဖို့အတွက် လိုအပ်နိုင်ချေရှိတဲ့ features တွေကို ထည့်သွင်းပေးရတဲ့အပိုင်း ဖြစ်ပြီး

UI design က digital product တွေ ဖြစ်တဲ့ app (သို့) website တခုခုကို ဝင်ရောက်တဲ့အခါ မြင်ရတဲ့ layouts, colors‌, Fonts, illustration နဲ့ typography တွေ၊ button တွေ၊ navigation တွေ အစရှိတာတွေကို အမြင်အာရုံအရ ဆွဲဆောင်မှုရှိစေဖို့ ဖန်တီးရတဲ့ အပိုင်းဖြစ်ပါတယ်။

ဆိုတော့ UX/UI design ပိုင်းကို ကောင်းကောင်း နားလည်ထားတာနဲ့ user တွေအတွက် အသုံးပြုရလွယ်ကူအဆင်ပြေပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ digital product တွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

🔺ဒီလိုမျိုး Digital ခေတ်မှာ အရေးပါလှတဲ့ UX/UI design ကို စိတ်ဝင်စားတယ်၊ လေ့လာချင်တယ်၊ UX/UI နဲ့ ပက်သက်ပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်မယ်လို့ စဉ်းစားထားတယ်ဆိုရင် အခုပဲ Símbolo ရဲ့ 𝗨𝗫/𝗨𝗜 𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹 𝗖𝗼𝘂𝗿𝘀𝗲 ကို လာရောက်အပ်နှံဖို့ အကြံပြုလိုက်ပါတယ်။

ဒီတစ်ခေါက် ဖွင့်လှစ်တဲ့ Class မှာဆိုရင် UXUI ကို Basic မှစပြီး ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်တဲ့ Advanced level အထိ ရောက်အောင် စနစ်တကျ ပြင်ဆင်ရေးဆွဲထားတဲ့ curriculum အသစ်တွေနဲ့ သင်ကြားရမှာပဲ ဖြစ်ပါတယ်။

သင်ကြားပေးမယ့် ဆရာမ ကတော့ UX/UI design ပိုင်းမှာ passionate ဖြစ်ပြီး user တွေ အတွက် အသုံးပြုရ လွယ်ကူချောမွေ့စေတဲ့ functions တွေ ပါဝင်တဲ့ digital interface များစွာကို Design ဆွဲဖူးတဲ့ အတွေ့အကြုံရှိသူ Tr. Shoon Yati Zaw ပဲ ဖြစ်ပါတယ်။
တီချယ်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို အသုံးချပြီး UXUI ကို လက်တွေ့ဘဝမှာ ‌ကျွမ်းကျင်စွာ အသုံးပြုနိုင်‌စေဖို့ သင်ကြားပြသပေးမယ့်အပြင် အတန်းတွင်းမှာ project တွေပါ ပြုလုပ်ရမှာဖြစ်တာကြောင့် project experience ရရှိပြီး portfolio အတွက်လဲ များစွာအထောက်အကူဖြစ်စေမှာပါ။

𝗨𝗫/𝗨𝗜 𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹 𝗖𝗼𝘂𝗿𝘀𝗲 ကို တက်ရောက်မဲ့ student တွေ အနေနဲ့ ကွန်ပျူတာအခြေခံ နဲ့ အင်တာနက်အသုံးပြုနည်း အခြေခံကို သိရှိထားဖို့ လိုအပ်ပါတယ်။

📌 Course Details

Start Date - April 4, 2025

Time - 10:00 AM to 11:30 AM ( Sat & Sun )

Duration - 2 months

Course Fee - 150,000 mmk (75000 mmk per month )

Teaching Platform - Zoom (Live Section)

အတန်းကို zoom ကနေသင်ကြားပေးမှာဖြစ်ပြီး သင်ခန်းစာတွေကို ပြန်လေ့လာနိုင်စေရန်အတွက် google classroom မှာလည်း recording ထားထားပေးမှာပါ။

အတန်း တက်ရောက်မယ်ဆိုရင် အောက်ပါ form လေးကို ဖြည့်ပြီး စာရင်းပေးသွင်း အပ်နှံနိုင်ပါတယ်။

https://forms.gle/jFWHjfFxJijWGoWg6

Form ဖြည့်သွင်းဖို့ အခက်အခဲရှိပါက Símbolo page messenger မှ တစ်ဆင့် စာရင်းပေးသွင်းအပ်နှံနိုင်ပါတယ်။

https://m.me/Simboloit

📨 အခြားသော IT သင်တန်းတွေ စုံစမ်းလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့လည်း Page Messenger မှာ အသေးစိတ် လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။



Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address


Maharaung Myay
Mandalay

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00