Free Education Service

Free Education Service Education is free here

EFL teacher ပေါက်စလေးများအတွက်Virginia Woolf ရဲ့ The Waves စာအုပ်ကိုဖတ်ရင်း  EFL teacher ပေါက်စလေးများအတွက်  စာပိုဒ်လေးတ...
19/08/2026

EFL teacher ပေါက်စလေးများအတွက်

Virginia Woolf ရဲ့ The Waves စာအုပ်ကိုဖတ်ရင်း EFL teacher ပေါက်စလေးများအတွက် စာပိုဒ်လေးတစ်ပိုဒ်ကို မျှဝေလိုက်ပါတယ်။ ကလေးတွေကို writing သင်ရင် idea လေးတွေရမယ်လို့မျှော်လင့်ပါတယ်။

ဒီစာပိုဒ်ထဲမှာ ဇာတ်ကောင်တွေဟာ သူတို့မြင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖော်ပြကြတာလေးပါ။

သူတို့သုံးတဲ့ အသုံး အနှုန်းလေးတွေဟာ EFL ကျောင်းသား​တွေကို သင်ရာမှာ အသုံး၀င်ပါတယ်။

စာပိုဒ်ကိုအရင်ဖတ်ကြည့်ပါ။

🟨THE WAVES

The leaves are gathered round the window like pointed cars," said Susan.

"A shadow falls on the path," said Louis, " like an elbow bent."

"Islands of light are swimming on the grass," said Rhoda. "They have fallen through the trees."

"The birds' eyes are bright in the tunnels between the leaves," said Neville.

"The stalks are covered with harsh, short hairs," said Jinny, "and drops of water have stuck to them."

"A caterpillar is curled in a green ring," said Susan, "notched with blunt feet."

"The grey-shelled snail draws across the path and flattens the blades behind him," said Rhoda.

"And burning lights from the window-panes flash in and out on the grasses," said Louis.

"Stones are cold to my feet," said Neville. "I feel each one, round or pointed, separately."

Virginia Woolf

ဒီစာပိုဒ်ထဲက အရေးအသား ပုံစံက EFL ကလေးတွေ ကိုသင်ရင်သိပ်ကောင်းတဲ့ပုံစံလေးပါ။ အရင်ဆုံး စာပိုဒ်ထဲက အသုံးအနှုန်းလေးတွေကိုသေချာလေ့လာကြည့်ပါ။

🟨 The leaves are gathered round the window like pointed ears.

စာရေး သူက သစ်ရွက်တွေကို There are leaves around the window လို့ ရိုးရိုးရေးလို့ရတယ်။ ဒါပေမဲ့သူမရေးခဲ့ဘူး။ like pointed ears လို့ ရေးလိုက်တယ်။😁

ပြတင်းပေါက်ကို ဝိုင်းထားတဲ့ သစ်ရွက်တွေရဲ့ ပုံစံ ကို ကြည့်တဲ့အခါ ချွန်ထက်တဲ့ နားရွက်တွေလို မြင်လာတယ်။

အဲဒီမြင်ကွင်းကို စိတ်ထဲမှာ ပုံပေါ်လာတယ်။

🟨A shadow falls on the path … like an elbow bent.

အရိပ်တစ်ခု လမ်းပေါ်ကျနေတယ်လို့ပဲ ရေးမယ့်အစား
အရိပ်ကို an elbow bent ကွေးထားတဲ့ တံတောင်ဆစ်တစ်ခုနဲ့ နှိုင်းယှဉ်လိုက်တယ်။ အရိပ်ရဲ့ပုံစံပိုပေါ်သွားတယ်။

ဒီနှစ်ကြောင်းလုံးမှာ simile ဥပမာလင်္ကာ ကို သုံးလိုက်တာပေါ့လေ။

မြက်ပေါ်မှာ သစ်ပင်ကြားကနေ အလင်းရောင်ကျလာတာကိုလည်း Sunlight falls on the grass လို့ ရိုးရိုးရေးမယ့်အစား

🟨Islands of light are swimming on the grass. လို့ရေးလိုက်တယ်။

ဒီမှာ Islands of light က metaphor ရူပက အလင်္ကာ၊

အလင်းရောင်ကွက်လေးတွေ Islands of light ကို swimming နဲ့ တွဲလိုက်တော့ အလင်းကွက်လေးတွေ မြက်ခင်း ပေါ်မှာ ပေါ်လိုက်မြုပ်လိုက် ပုံစံကိုပိုထင်ဟပ်စေ တယ်။ Personification လို့ ယူဆနိုင်ပါတယ်။ ကလေးအဆင့်ပေါ့လေ။

နောက် အတန်းမြင့်လာရင်တော့ ပိုပြီးအသေးစိတ် ဆွေးနွေးလို့ရပါတယ်။Zoomorphism လိုမျိုးတွေ တောင်ဆွေးနွေး ကြပါလိမ့်မယ်။

ဒါပေမဲ့ ကလေးတွေအတွက်တော့ အဲဒါက အရေးမကြီးသေးပါဘူး။ အရေးကြီးတာက swimming ဆိုတဲ့ verb ကြောင့် အလင်းကွက်လေးတွေ မြက်ခင်းပေါ်မှာ ရွေ့လျားနေတဲ့ပုံကို မြင်လာဖို့ပါ။

အလင်းရောင်တွေ ရွေ့လျားပြီး မြက်ခင်းပေါ်မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ မြင်ကွင်းကို စာဖတ်သူကို ခံစားစေတာပါ။

🟨The birds' eyes are bright in the tunnels between the leaves.

tunnels between the leaves ဆိုတဲ့ အသုံးအနှုန်းလေးကလှတယ်

သစ်ရွက်တွေကြားက နေရာလွတ်ကို spacesလို့ မရေးဘဲ tunnels လို့ ရေးတယ်။ ဒီစကားလုံးတစ်လုံးကြောင့် သစ်ပင်အုပ်ထဲမှာ လမ်းကြောင်းလေးတွေ၊ သစ်ရွက်တွေကြားက tunnel လေးတွေ ဖြစ် နေသလို မြင်စေတယ်။

ဒီနေရာမှာစာရေးသူ ရဲ့ အရေးအသားရဲ့ အဓိကအားသာချက်တစ်ခုကတော့

တိကျတဲ့ noun တွေကို ရွေးခြင်းပါပဲ။ စာဖတ်သူရဲ့ imagination ကို လှုံ့ဆော်ပေးနိုင်တဲ့ noun ကို ရွေးတယ်။

🟨A caterpillar is curled in a green ring…

ပေါက်ဖတ် လေးတစ်ကောင်က အစိမ်းရောင်ကွင်းလေးလို ကွေးနေတယ်။ (လိပ်ပြာမဖြစ်မီအကောင်လေး)

curled in a green ring ပေါက်ဖတ် ကောင်ရဲ့ ကွေးနေတဲ့ပုံစံကို မြင်စေတယ်။

notched with blunt feet

ဆိုတဲ့ အသုံးအနှုန်းက အသေးစိတ် ကိုပေါ်လွင်စေတယ်။

ဒီမှာ စာရေးသူဟာ caterpillar ဆိုတဲ့ noun တစ်လုံးနဲ့ ရပ်မနေဘူး။

🟥shape
🟥texture
🟥movement
🟥detail

ဆိုပြီး အရာဝတ္ထုကို အနီးကပ်ကြည့်ပြီး စကားလုံးတွေ ထပ်ဖြည့်သွားတယ်။ဒါတွေဟာကျောင်းသားကိုကောင်းကောင်း သင်ပြလို့ရတဲ့ပုံစံ။ ကလေးတွေ လည်း လိုက်ရေးရတာကြိုက်မဲ့ပုံစံပါပဲ။

🟨The grey-shelled snail draws across the path…

ခရုတစ်ကောင် လမ်းကို ဖြတ်သွားတယ်။

ဒါကို The snail moves across the path လို့ မရေးဘဲ draws across the path လို့ ရေးတယ်။

move က လှုပ်ရှားမှုကို ရိုးရိုးပြောတယ်။ draw ကတော့ ခရုက လမ်းပေါ်မှာ တရွေ့ရွေ့ ဆွဲသွားသလို၊ နှေးနှေးနဲ့ ဆက်တိုက်ရွေ့နေတဲ့ movement ကို ပိုခံစားရစေတယ်။ ပြီးတော့ flattens the blades behind him လို့ ဆက်ရေးလိုက်တော့ သူရွေ့သွားတဲ့နောက်မှာ ဘာတွေဖြစ်ကျန်ခဲ့လဲဆိုတာပါ မြင်လာရတယ်။

ခရုသွားတဲ့လမ်းမှာ မြက်တွေ ပြားသွားတယ်ပေါ့လေ။

ဒီလိုနဲ့ ခရုရဲ့ လှုပ်ရှားမှု ကြောင့်ကျန်ခဲ့တဲ့ သက်ရောက်မှု ကို ပြတယ်။

အရာတစ်ခုကို တိုက်ရိုက်မပြောဘဲ၊ သူ့ရဲ့ effect ကို ပြခြင်းပေါ့။

Virginia Woolf ရဲ့ စကားလုံးရွေးချယ်မှုက အားကောင်းတယ်။

အလွန်ခက်ခဲတဲ့ vocabulary တွေကို အသုံးပြုထားတာ မဟုတ်ဘူး။

leaves, shadow, path, grass, birds, eyes, water, caterpillar, snail, stones

လိုမျိုး ရိုးရိုး စကားလုံးတွေပဲသုံးတယ်။

ဒါပေမဲ့ အဲဒီရိုးရိုးစကားလုံးတွေကို ထူးခြားတဲ့ verb, adjective, simile , metaphor တွေနဲ့ တွဲသုံးလိုက်တယ်။

🟨Simple vocabulary + precise observation + imaginative expression

ဆိုတဲ့ လှပတဲ့ အရေးအသားပုံစံ ဖြစ်တယ်။

English writing တိုးတက်ချင်တဲ့ ကျောင်းသားတွေ အထူးသတိထားသင့်တဲ့အချက်ပေါ့။

Vocabulary များအောင် အဘိဓာန်ထဲက စကားလုံးခက်ခက်တွေကို မှတ်နေဖို့ထက် ရိုးရိုးလေးနဲ့ ဆန်းအောင်ဘယ်လိုရေးသွားလဲ ဆိုတာ ပိုအဓိကကျတယ်။

ဥပမာ -

မိုးစက်တွေပြတင်းတံခါးပေါ်လာစင်တာကို

The rain fell on the window. လို့ရေးမယ်ဆိုပါစို့။

ဒါပေမဲ့ အဲဒီဝါကျမှာ စာရေးသူရဲ့ အမြင် မပါသေးဘူး။

စာရေးသူက ဘယ်လိုမြင်သလဲဆိုတာ ထည့်လိုက်တဲ့အခါ

The rain tapped softly against the window.

သို့မဟုတ်

Tiny drops raced down the glass.

လိုမျိုး ဖြစ်လာနိုင်တယ်။

ဒီမှာ English vocabulary ပိုများသွားတာထက် observation ပိုကောင်းတာ ကို တွေ့ရတယ်။

ဒါကြောင့် စာရေးတတ်ချင်ရင် စာဖတ်ရုံနဲ့ မပြီးဘူး

စာဖတ်တဲ့အခါ reader တစ်ယောက်လိုပဲ မဖတ်ဘဲ writer တစ်ယောက်လို ဖတ်ဖို့လိုတယ်။

ဘာကြောင့် ဒီ verb ကို သုံးတာလဲ
ဘာကြောင့် ဒီ adjective ကို ဒီနေရာမှာ ထည့်တာလဲ
ဘာကြောင့် moveမသုံးဘဲ drawသုံးတာလဲ
ဘာကြောင့် spacesမသုံးဘဲ tunnels သုံးတာလဲ

အစရှိသဖြင့် လေ့လာရမယ်။

ဒါကို close reading လို့ ခေါ်လို့ရတယ်။

ပြီးတော့ ကိုယ်တိုင် ပြန်ရေးကြည့်ရမယ်။

ဥပမာ စာအုပ်ထဲမှာ

“Islands of light are swimming on the grass.”

လို့ ဖတ်လိုက်ရင် အဲဒီပုံစံကို တိုက်ရိုက်ကူးမရေးဘဲ ကိုယ့်ပတ်ဝန်းကျင်က မြင်ကွင်းတစ်ခုကို ရွေးပြီး ကိုယ်ပိုင် metaphor တစ်ခု ဖန်တီးကြည့်ရမယ်။

အဲဒီလိုနဲ့ စာဖတ်ခြင်းက vocabulary learning တစ်ခုတည်း မဟုတ်တော့ဘဲ writing apprenticeship တစ်ခု ဖြစ်လာတယ်။ ဒါမျိုးကိုကလေးတွေကို
Teacher တွေ အနေနဲ့ ကလေးကို လေ့ကျင့်ပေးလို့ရပါတယ်။

🟥Notice
🟥Question
🟥Analyse
🟥Imitate
🟥Create

ပုံစံသွားပါ။

ဥပမာ-

Notice
What do you notice?

Question
Why did Woolf choose draws instead of moves?

Analyse
What does draws make you imagine?

Imitate
Write one sentence using the same technique.

ပြီးမှ ကျောင်းသားတွေကို-
Create ဖန်တီးခိုင်းပါ

Look at something outside your classroom. Don't just name it. Describe its shape, movement, texture, sound, or effct.

လို့ assignment ပေးပါ။

အဲဒီအချိန်မှာ

📒 reading - close reading - imitation -original writing

ဆိုတဲ့ writing apprenticeship ဖြစ်သွားပါတယ်။

မြန်မာစာအရေးအသားမှာလည်း ထိုနည်းတူလေ့လာလို့ရတယ်။

ဘာသာစကားက မတူပေမဲ့ အရေးအသားကောင်းတစ်ခုရဲ့ အခြေခံကတော့ တူတယ်။

စကားလုံးကို သေချာရွေးပါ။
လူတိုင်းမြင်တဲ့အရာကို လူတိုင်းမမြင်ဖူးသေးတဲ့ပုံစံနဲ့ ရေးကြည့်ပါ။

အောင်မြင်ကြပါစေ။




လူကောင်းတွေ၊ အတွေးအခေါ်ရှိသူတွေကဆိတ်ဆိတ် နေရင် ပညာရှိလို့ ပြောလို့ရပေမဲ့ သူတို့ဆိတ်ဆိတ် နေတာကြောင့်ပဲအသံကျယ်ပြီး အတွေးအခ...
17/08/2026

လူကောင်းတွေ၊
အတွေးအခေါ်ရှိသူတွေက
ဆိတ်ဆိတ် နေရင် ပညာရှိလို့ ပြောလို့ရပေမဲ့ သူတို့
ဆိတ်ဆိတ် နေတာကြောင့်ပဲ
အသံကျယ်ပြီး အတွေးအခေါ်မပြည့်တဲ့ အရူး ​တွေက
စင်ပေါ်ရောက်သွားရင်
လူမှုအသိုင်းအဝိုင်းက ပျက်စီးသွားမယ်။

ယနေ့ခေတ်မှာ တွေ့ရတာ တွေ ပါပဲ။ ဟောင်ဖွာဟောင်ဖွာနဲ့ confidence အပြည့်နဲ့ ပြောချင်​ရာပြော နေသူတွေ ဟာ follower များစွာ ရသလို လူအာရုံစိုက်မှုလည်း ခံရပါတယ်။
ဒါတွေဟာ ငွေ ဖြစ်လွယ်ပါတယ်။

ဒါကြောင့် တိတ်တိတ်နေထောင်တန် ဆိုတဲ့စကားထက် ပေါက်ကရပြောရင်းနာမည် ​ကြီးရင် သန်းချီတန်တယ်ဆိုတာ ကို အများကလက်ခံလာကြပါပြီ။

Attention Economy ခေတ်ဆိုတော့ အာရုံစိုက်ခံရရင် ငွေဖြစ်တာပါပဲ။ ဒါကြောင့် လူတွေက Quality ထက် Quantity သို့မဟုတ် Shock ဖြစ်စေမယ့်အရာတွေကိုပဲ ဦးစားပေး ဖြန့်ဝေလာကြပါတယ်။

​အနှစ်သာရ မရှိဘဲ ယုံကြည်မှုအပြည့်နဲ့ ပြောဆိုနေတာတွေက လူငယ်တွေကို လမ်းမှားရောက်စေပါတယ်။

အထူးသဖြင့်
🟨ဆယ်လီတွေကို idol လုပ်လာတဲ့ culture

🟨 အတွေးမပါ၊ content မပါပဲ attention ရတဲ့ပုံစံတွေ

🟨 ကလေးတွေက အဲဒီအရာတွေကို normal လို့ ထင်လာတာတွေ

ဒါတွေက နောက် generation အတွက် အန္တရာယ်ရှိပါတယ်။

တိတ်တိတ်နေတာက အပြစ်မဟုတ်ပါဘူး။
ဒါပေမဲ့

မမှန်တဲ့အသံတွေ ပိုကျယ်လာတဲ့အခါ
မှန်တဲ့အသံတွေကလည်း
အသံထွက်ဖို့ တာဝန်ရှိတယ်။

မိဘတွေဘက်ကလည်း
ကလေးကို ဖုန်းမပေးဘူးဆိုတာထက်

ဘာကြည့်နေလဲ
ဘယ်သူကို အားကျနေလဲ
အဲဒီ idol က ဘာ idea တွေ ပေးနေလဲ

ဆိုတာ သေချာ ကြီးကြပ်ဖို့လိုပါတယ်။

အောင်မြင်ကြပါစေ။



ရည်မှန်းချက် မြင့်ပြီး Lowkey လေးဖြစ်ချင်တာ။ အင်ယာကြီး၊ ဆရာ၀န်ကြီး မဟုတ်တော့ဘူး။
15/08/2026

ရည်မှန်းချက် မြင့်ပြီး Lowkey လေးဖြစ်ချင်တာ။ အင်ယာကြီး၊ ဆရာ၀န်ကြီး မဟုတ်တော့ဘူး။

Primary ကလေးတွေ ကို English Writing တိုးတက်ချင်ရင် စာများများဖတ်ခိုင်းပါ။Primaryအရွယ်မှာ English Writing သင်တဲ့အခါ Gramm...
14/08/2026

Primary ကလေးတွေ ကို English Writing တိုးတက်ချင်ရင် စာများများဖတ်ခိုင်းပါ။

Primaryအရွယ်မှာ English Writing သင်တဲ့အခါ Grammar rules ထက် စာဖတ်တဲ့အလေ့အကျင့် တည်ဆောက်ပေးတာက ပိုအရေးကြီးပါတယ်။

ကလေးတွေဟာ စာအုပ်လေးတွေ ဖတ်ရင်းနဲ့

စကားလုံးအသစ်တွေကို သဘာဝအတိုင်း သင်ယူလာမယ်။

Sentence တွေကို ဘယ်လိုတည်ဆောက်ထားလဲ သိလာမယ်။

စကားလုံးတွေကို ဘယ်လိုတွဲသုံးရမလဲ နားလည်လာမယ်။

Story တစ်ခုကို ဘယ်လိုစပြီး ဘယ်လိုအဆုံးသတ်ရမလဲ သိလာမယ်။

ကိုယ်ပိုင်အတွေးတွေကို စာနဲ့ဖော်ပြဖို့ ပိုလွယ်လာမယ်။

Writing အပေါ်မှာလည်း ယုံကြည်မှု ပိုရှိလာမယ်။

ဒါကြောင့် Primary ကလေးတွေ ဖတ်သင့်တဲ့စာအုပ်လေးတွေ ရွေးပြီးဖတ်ခိုင်းပါ။

ကလေးရဲ့ အသက်နဲ့ Reading Level အလိုက် ရွေးပေးပါ။

အစပိုင်းမှာ

🟨The Very Hungry Caterpillar Eric Carle

🟨Brown Bear, Brown Bear, What Do You See?
Bill Martin Jr.

🟨Dear Zoo
Rod Campbell

🟨Where Is the Green Sheep?
Mem Fox

လိုမျိုး ရိုးရှင်းတဲ့ စာကြောင်းတွေနဲ့ ပုံပြင်စာအုပ်တွေ ကနေ စဖတ်ခိုင်းပါ။

နည်းနည်း Reading အားကောင်းလာရင်

🟨Frog and Toad series
Arnold Lobel

🟨Elephant & Piggie series
Mo Willems

🟨Nate the Great series
Marjorie Weinman Sharmat

🟨Magic Tree House series
Mary Pope Osborne

လိုမျိုး ကလေးတွေ ကိုယ်တိုင်ဖတ်နိုင်တဲ့ စာအုပ်တွေကို တဖြည်းဖြည်း တိုးပေးနိုင်ပါတယ်။

ဒါပေမယ့် စာအုပ်ဖတ်ခိုင်းရုံနဲ့ မပြီးသေးပါဘူး။

စာဖတ်ပြီးတဲ့နောက် ကလေးကို စာအနည်းငယ် ပြန်ရေးခိုင်းကြည့်ပါ။

“What happened in the story?”
“Who is your favourite character?”
“Why do you like this character?”
“What would you do if you were the character?”

စတဲ့ မေးခွန်းလေးတွေကို ကလေးနဲ့ အမေးဖြေလုပ်ကြည့်ပါ။

ကလေးက စာအုပ်ထဲက စာကြောင်းတစ်ကြောင်းကို သဘောကျရင်လည်း

ဒီလိုပုံစံနဲ့ ကိုယ်တိုင် စာကြောင်းတစ်ကြောင်း ရေးကြည့်မလား

ဘာညာပြောပြီး စာရေးဖို့ဆွဲဆောင်ပါ။

အရေးကြီးဆုံးက Writing ကို အမှားရှာတဲ့အလုပ်တစ်ခုလို မလုပ်မိပါစေနဲ့။

မူလတန်းအရွယ်ကလေးတစ်ယောက်အတွက် စာရေးခြင်းဟာ
ကိုယ့်အတွေး၊ ကိုယ့်စိတ်ကူးနဲ့ ကိုယ့်အတွေ့အကြုံတွေကို စာနဲ့ဖော်ပြနိုင်တဲ့ ပျော်စရာအတွေ့အကြုံ ဖြစ်ရင်ပိုကောင်းပါတယ်။

ဒါကြောင့် မိဘတွေနဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ fun ဖြစ်စေမည့် ပုံစံနဲ့သာချည်းကပ်ပါ။

အောင်မြင်ကြပါစေ။


Teacher ပေါက်စလေးများ သတိပြုရန် (၁၃)Classroom Management and Lesson Planningဆရာ၊ ဆရာမတိုင်းမှာ ကိုယ်ပိုင်သင်ကြားဟန်၊ ကို...
13/08/2026

Teacher ပေါက်စလေးများ သတိပြုရန် (၁၃)

Classroom Management and Lesson Planning

ဆရာ၊ ဆရာမတိုင်းမှာ ကိုယ်ပိုင်သင်ကြားဟန်၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင် Lesson Plan ရှိကြပါတယ်။

Teacher ပေါက်စလေးတွေအနေနဲ့ တခြားဆရာ၊ ဆရာမတစ်ယောက် ပြင်ဆင်ထားပြီးသား Lesson Plan ကို အတန်းထဲမှာ အ သင့် ယူသုံးတာကိုတော့ သတိထားသင့်ပါတယ်။

Lesson Plan ဟာ

ငါ့အတန်းက ကလေးတွေ ဘယ်လိုလဲ။
သူတို့ ဘာကို သိပြီးပြီလဲ။
ဘာကို မသိသေးလဲ။
ဘယ်လိုသင်ရင် ပိုနားလည်မလဲ။
ဘယ် Activity က သူတို့အတွက် သင့်တော်မလဲ။
အချိန်ဘယ်လောက်ပေးသင့်လဲ။

ဆိုတဲ့ အချက်တွေပါနေပါတယ်။

ဒါကြောင့် တခြားသူရဲ့ Lesson Plan ကို ယူသုံးလိုက်ရင် အဲဒီဆရာရဲ့ အတွေးနဲ့ အာဘော်ကိုပဲ လိုက်သွားမိနိုင်ပါတယ်။

မိမိစဥ်းစားရမယ့်အချက်တွေ မိမိအာဘော်တွေ ကျန်ခဲ့နိုင်ပါတယ်။

Coursebook တူတူသင်ကြတဲ့ ဆရာ၊ ဆရာမတွေမှာ

“Unit 1, 2, 3 Lesson Plan ကို ငါ့ဆီက ယူလိုက်။ Unit 4, 5, 6 ကိုတော့ နင့်ဆီက ယူမယ်” ဆိုပြီး Lesson Plan အချင်းချင်း လဲသုံးတာမျိုး တွေ့ရတတ်ပါတယ်။

ပညာဖလှယ်ဖို့၊ တခြားဆရာတွေရဲ့ သင်ကြားနည်းတွေကို လေ့လာဖို့အတွက်တော့ အရမ်းကောင်းပါတယ်။

ဒါပေမယ့် သူ့ Lesson Plan ကို ယူပြီး သူ့အတိုင်းသင်၊
ကိုယ့် Lesson Plan ကို သူ့ကိုပေးပြီး သူ့အတိုင်းသင်

ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားရင်တော့ ကိုယ့်ရဲ့ Teaching Ideas တွေ ဖွံ့ဖြိုးလာဖို့ အခွင့်အရေးနည်းသွားနိုင်ပါတယ်။

Teacher တစ်ယောက်အနေနဲ့
ကိုယ်တိုင်စဉ်းစားတတ်ဖို့လည်း လိုပါတယ်။

တခြားဆရာရဲ့ Lesson Plan ကိုလည်း ဖတ်ပါ။

သူဘာကြောင့် ဒီ Activity ကိုရွေးတာလဲ စဉ်းစားပါ။

ဘာကြောင့် ဒီအချိန်မှာ ဒီမေးခွန်းကို မေးတာလဲ စဉ်းစားပါ။

ပြီးရင် ငါသာ ဒီအတန်းကို သင်ရရင် ဘယ်လိုပြင်မလဲ။

လို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။

အဲဒီကနေ ကိုယ့်ရဲ့ Teaching Style နဲ့ ကိုယ့်ရဲ့ Teaching Ideas တွေ စတင်ဖွံ့ဖြိုးလာပါလိမ့်မယ်။

Lesson Plan ကောင်းတစ်ခုမှာ အနည်းဆုံး
Clear Objectives ရှိရမယ်။ Well-organized Activities ဖြစ်ရမယ်။
Good Time Management ရှိရမယ်။

ဒီအခြေခံတွေကောင်းပြီဆိုရင် ကျန်တာကတော့ သင်ကြားမယ့် ဆရာ၊ ဆရာမရဲ့ အာဘော်၊ အတွေ့အကြုံနဲ့ အတန်းထဲက ကလေးတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။

ဒါကြောင့် Lesson Plan ဆိုတာ သူများဆီက ကူးယူသုံးဖို့အတွက် မဟုတ်ပါဘူး။

သူများရဲ့ Lesson Plan ကို လေ့လာပါ။

ဒါပေမယ့် ကိုယ့်အတန်းအတွက်တော့ ကိုယ်တိုင်စဉ်းစားပြီး ပြန်တည်ဆောက်ပါ။

ဘာကြောင့်လဲဆိုတော့

Lesson Plan သည် သင့်အတွက် သင်ကြားရေးမြေပုံ၊ သင့်ရဲ့ Teaching Philosophy နဲ့ Teaching Voice ကိုလည်း ဖော်ပြနေတဲ့အရာ ဖြစ်လို့ပါ။





စာရေးတာဝါသနာပါသောwriting သင်သော ဆရာ ဆရာမ တို့အတွက်ဖတ်ကြည့်သင့်သောစာအုပ်လေး ပါ
11/08/2026

စာရေးတာဝါသနာပါသော
writing သင်သော ဆရာ ဆရာမ တို့အတွက်ဖတ်ကြည့်သင့်သောစာအုပ်လေး ပါ





ဆရာတစ်ယောက်အနေနဲ့ မိမိထရော်မာ တွေကို သတိထားပြီး မိမိဘာသာ ကုစားနိုင်ဖို့ ကြိုးစားရပါမယ်။ ကျောင်းသား တွေဟာ ဆရာရဲ့ မကုစားရသ...
11/08/2026

ဆရာတစ်ယောက်အနေနဲ့ မိမိထရော်မာ တွေကို သတိထားပြီး မိမိဘာသာ ကုစားနိုင်ဖို့ ကြိုးစားရပါမယ်။

ကျောင်းသား တွေဟာ ဆရာရဲ့ မကုစားရသေးတဲ့ ဒဏ်ရာ တွေကို ခံယူဖို့ တာဝန်မရှိပါ။

ဆရာတစ်ယောက်ရဲ့ အပြုအမူ၊ စကားလုံးနဲ့ သင်ကြားပုံတွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိပါတယ်။ ထရော်မာတွေ ကို တစ်ဆင့်ပြီးတစ်ဆင့် နောက်မျိုးဆက်တွေဆီ လက်ဆင့်မကမ်း မိဖို့လိုပါတယ်။

ယနေ့ ဆရာဖြစ်နေသူတွေက ယခင်က ကျောင်းသားတွေ ဖြစ်ခဲ့ကြဖူး ပါတယ်။ မိမိတို့ ခံခဲ့ရတဲ့ အတွေ့အကြုံတွေထဲက မကောင်းတာတွေကို ပယ်၊ ကောင်းတာကို ဆက်သယ်လာပါ။

ကွန်တော်တို့ရဲ့ ထရော်မာတွေကို ကျွန်တော်တို့နော်မျိုးဆက်ကိုလက်ဆင့်မကမ်းဖို့သတိထားကြပါစို့။


အောင်မြင်ကြပါစေ။

ကလေးကဂိမ်းဆော့နေတာများနေပြီ၊ screen time များနေပြီဆိုလျှင် အဲဒီနေရာမှာ ကလေးပျော်မယ့် Physical Activities တစ်ခုခု နဲ့အစား...
10/08/2026

ကလေးကဂိမ်းဆော့နေတာများနေပြီ၊ screen time များနေပြီဆိုလျှင် အဲဒီနေရာမှာ ကလေးပျော်မယ့် Physical Activities တစ်ခုခု နဲ့အစားထိုးလိုက်ပါ။

တစ်အိမ်လုံး မှာ တန်ဖိုးအရှိဆုံးကဘာလဲ။ အချိန်လား ငွေလား စီးပွားရေးလား ၊ ကလေးလား။
သေချာ ခွဲတတ်အောင်ကြည့်ပါ။ ကလေးကိုအချိန်ပေးပါ။

ကလေးက memory တွေ absorb လုပ် တာကောင်းတဲ့အချိန်၊ စူးစမ်းတဲ့အချိန်မှာ ပျော်စရာ ခံစားချက်တွေပေးလိုက်ပါ။ ဆုံးမစရာရှိတာဆုံးမပါ။ သွန်သင်ပါ။

​ကလေးတစ်ယောက်ရဲ့ ကမ္ဘာမှာ မိဘက အရာရာပါပဲ။ အဲဒီအချိန်လေးမှာ ပျော်စရာ Memory တွေ များများထည့်ပေးလိုက်တာက နောင်တစ်ချိန် သူအရွယ်ရောက်တဲ့အခါ ခိုင်မာတဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်လာမှာပါ။ နောက်သူ့မျိုးဆက်ကိုပျိုးထောင်တဲ့အခါ မှာလည်း မှန်ကန်စွာပျိုးထောင်နိုင်ပါလိမ့်မယ်။

ကလေးအသက် ၁၄ လောက်ထိပဲ မိဘစကားနဲ့ အတူတူ စကားပြောချိန် ၊ လည်ပတ်ချိန်ရှိတာပါ။ ကျန်တဲ့သူ့သက်တမ်းမှာ မိဘ နဲ့အတူ ဖြတ်သန်းဖို့ အချိန်မရှိတော့ပါ။

သူအရွယ်ရောက် လာလို့ ရည်းစားရလာရင် ၊ နိုင်ငံခြားကျောင်းသွားတက်ရင်၊ ကိုယ်နဲ့အတူတူ နေတဲ့အချိန် ပျောက်ပြီ။

သူ့ခေါင်းထဲမှာလည်း သူ့ရည်းစား နဲ့၊ ဘော်ဒါတွေ နဲ့ Hang out လုပ်ဖို့ပဲစဥ်းစားတော့မှာ။

ဆယ်ကျော်သက်ကလေးတွေ မိဘနဲ့အတူတူ အပြင်မသွားချင်တော့တာ။ ဘော်ဒါတွေနဲ့ဘဲ သွားချင်တာ ။ ဒါတွေက သိသာထင်ရှားတဲ့ဥပမာတွေပါ။ ဒါဟာ သဘာ၀ ပါပဲ။

ကိုယ့်ကလေးခေါင်း ထဲမှာ ကိုယ့်အကြောင်းအချိန်ပြည့်စဥ်းစားတာ ကလေးအရွယ်ပဲရှိပါတယ်။ ဒီအရွယ်မှာ ပျိုးထောင်ပါ သွန်သင်ပါ။ အချိန်ပေးပါ။ အမှတ်တရတွေ ဖန်တီးပါ။

မြန်မာနိုင်ငံမှာ ကံဆိုးတဲ့ ကလေးတွေ။ ကျောင်းမတက်နိုင်တာတွေ အများကြီးရှိပါတယ်။ မိဘမစုံတော့ တာတွေ အများကြီးရှိပါတယ်။

ကိုယ့်သားသမီးဟာ အင်မတန်ကံကောင်းစွာနဲ့ ကိုယ့် ဆီမှာလူလာဖြစ်တယ်။ အချိန်ပေးလိုက်။ အပင်ပန်းခံလိုက်ပါ။ ကံကောင်းလွန်းလို့ကိုယ့်ဆီလူလာဖြစ်တဲ့ကလေးကို ကံမဆိုးပါစေနဲ့။ ကောင်းစွာပျိုးထောင်လိုက် ပါ။ လူအချင်းချင်း စာနာတတ်ဖို့သင်ပါ။

ကလေး ထိန်းတာ လွယ်ပါတယ်။
ပျိုးထောင်တာက တော့ခက်ပါတယ်။

ကလေးတွေကို ကောင်းစွာပျိုးထောင်နိုင်ကြပါစေ။



ကလေးသည် ပတ်ဝန်းကျင်၏ရိုက်ခတ် မှုကို ခံရပြီး ထိုပတ်ဝန်းကျင်၏ ပုံသွင်းခြင်းကို ခံရတတ်သည်။ကလေးသည် ပတ်ဝန်းကျင် ကိုကြည့်ပြီး ...
07/08/2026

ကလေးသည် ပတ်ဝန်းကျင်၏ရိုက်ခတ် မှုကို ခံရပြီး ထိုပတ်ဝန်းကျင်၏ ပုံသွင်းခြင်းကို ခံရတတ်သည်။

ကလေးသည် ပတ်ဝန်းကျင် ကိုကြည့်ပြီး လောကကြီး မမျှတကြောင်းသိလာသည်။ လောကကြီးက မျက်နှာလိုက်ကြောင်းသိလာသည်။ ပတ်ဝန်းကျင်မှ လူများကလည်း ချစ်စရာ ကလေးလေး သို့မဟုတ် မျက်နှာကြီး သားသမီးများ ဆိုလျှင် ဟယ်ချစ်စရာလေးတော့ ဆိုပြီးကောက်ချီသည် မျက်နှာသာပေးသည်။

ရုပ်ရည် နွမ်းပါး သော သို့မဟုတ် မျက်နှာမွဲ သားသမီး များဆိုလျှင်တော့ ကောက်ချီဖို့ဝေးစွ ရှိသည်ဟုပင်မထင်ပေ။ Attention Bias ပေါ့လေ။

ဒါသည်သဘာဝပင်ဖြစ်သည်။ မူကြို တက် ခါစမှ စကာ ကျောင်းတက်သည့် အရွယ် ၊ နောက်ဆုံး ရည်းစားထားသည့် အချိန် အထိ ပင်။

ကျောင်းသွားသောအခါတွင်လည်း ကလေးကများသော အခါ ဆရာ ဆရာမတို့ သည် ရင်ဘတ်နှင့် အကုန်မဆံ့ပေ။ ကလေးတိုင်းကို attention မပေးနိုင်ပေ။

ချွဲတတ်သောကလေး ကိုချွဲလို့ချစ်သည်။ ဆိုးသောကလေးကိုဆိုးလို့ချစ်သည်။ ချစ်စရာ ကလေးကို ချစ်စရာလေးမို့ချစ်သည်။ သာမန် ကလေးများကိုတော့ အာရုံသိပ်မစိုက်နိုင်ပေ။

ထိုအခါ အချို့ ကလေးတို့ကလည်း ဆရာ ဆရာမ တို့၏ အာရုံစိုက် မှု Attention ရရန် ကြိုးစားတတ်ကြသည်။
ဤသို့ဖြင့် ပြောဆိုရခက်သော ကလေး၊ ဆုံးမရခက်သောကလေး ဆိုပြီးဖြစ်လာသည်။

ပတ်ဝန်းကျင်၏ချစ်ခင်မှုကို ခံရသောကလေးသည် ပတ်ဝန်းကျင်ကို ချစ်တတ်လာသည် သို့မဟုတ် အနည်းငယ် ရောင့်တက် လာမည်။ ပတ်ဝန်းကျင်၏ ဂရုစိုက်မှုကို မရသော ကလေးသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘဲ အတ္တ ကြီးလာသည် သို့မဟုတ် ခွင့်လွှတ် နားလည်တတ်လာသည်။

Every child is special ဟုပြောကြသည်။ မှန်ပါသည်။ ချစ်စရာ မကောင်းသော သာမန်ကလေးသည်လည်း special ဖြစ်ပါသည်။ ဆိုးသွမ်းသော ကလေးသည် လည်း special ဖြစ်ပါသည်။ ချစ်စရာ ကလေးသည်လည်း special ဖြစ်ပါသည်။ သင့်ဘေးတွင် ကလေးများစွာသည် သင့်ထံမှသင်ယူနေသည်။ သင့်ရဲ့ အာရုံစိုက်မှုကိုတောင့်တနေသည်။

သင့်သားသမီးသည် လည်း special ဖြစ်သလို မိဘမဲ့ ဂေဟာက ကလေးသည် လည်း special ဖြစ်ပါသည်။ သင် တို့ ဖေ့ဘုတ်ပေါ်တွင် ကြည့်ပြီးသနားနေသော လမ်းဘေးမှ မိဘမဲ့လေးများသည် သင့် ထံမှ အလှူငွေ တစ်ချို့ လိုအပ်နေသလို၊

ကျောင်းသွားခါနီး သင့် ကို နှုတ်ဆက်စကား ပြောချင်နေသော မုန့်ဖိုး အပြင် သင့် ဆီက
‘ဒီနေ့ကျောင်းမှာ ဘယ်လိုလဲ။ စာရပြီလား။ ဘာညာ ' စသဖြင့် သင့်ဆီမှ စကားတစ်ချို့မျှော်လင့်နေသော သင်၏ ကလေးသည်လည်း special ဖြစ်ပါသည်။

သင့်က​လေးမဟုတ်​သော်​လည်း ပတ်​၀န်းကျင်​မှက​လေးများသည်​သင့် အတွက်​Special ဖြစ်​ပါလိမ့်​မည်​။

ကလေးများကို အာရုံစိုက်ပါ ။

ခင်ဗျားတို့ကျနော်တို့သည် အိုမည်။သေမည်။

သို့သော် အနာဂတ်ကိုတော့ ကလေးများ၏ လက်ထဲတွင် ထည့်ပေးခဲ့ရမည်။

ထို့ကြောင့် ကလေးများကို ကောင်းမွန်စွာ ဆက်ဆံကြပါစို့။

ကလေးများကို ကောင်းမွန်စွာ ဆက်ဆံသော လူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာသော ကလေးများသည်လည်း တစ်နေ့တွင် ထိုလူ့အဖွဲ့အစည်းကို ကောင်းမွန်စွာ ပြန်လည်တည်ဆောက်ပေးကြလိမ့်မည်။

သို့သော် ကလေးများ၏ နာကျင်မှုကို လျစ်လျူရှုထားသော လူ့အဖွဲ့အစည်းသည် အနာဂတ်တွင် ထိုနာကျင်မှု၏ အကျိုးဆက်များကို ပြန်လည်ခံစားရနိုင်သည်။

ဒါသည်ပင် လူ့သဘာဝဖြစ်ပါသည်။



ယနေ့ခေတ် ဘဝဟာ မလွယ်ကူပါဘူး၊ အရာရာ ချောမွေ့နေလိမ့်မယ်လို့လည်း မမျှော်လင့်ထားပါနဲ့။ Life today is not easy – just don’t ex...
04/08/2026

ယနေ့ခေတ် ဘဝဟာ မလွယ်ကူပါဘူး၊ အရာရာ ချောမွေ့နေလိမ့်မယ်လို့လည်း မမျှော်လင့်ထားပါနဲ့။

Life today is not easy – just don’t expect it to be breezy.

ကလေးတွေရဲ့ စိတ်ဝိညာဉ်ထဲမှာ အနာဂတ်ရှိနေပါတယ်၊ ဒါကြောင့် သူတို့ကို စဥ်ဆက်မပြတ် ပျိုးထောင်ပေးဖို့ လိုပါတယ်။

Kids hold in their souls the future – therefore, they need constant nurture.

ဘာပဲလုပ်လုပ် နှလုံးသားထဲကနေ စတင်ပါ၊ အဲဒါဟာ အကောင်းဆုံးသော စတင်ခြင်းပါပဲ။

Constantly come from the heart – it is sincerely the best start.

လောကကြီးရဲ့ လက်ရှိအခြေအနေတွေဟာ တကယ်ပဲ စိတ်ချမ်းမြေ့စရာတွေတေ။ာ့မဟုတ်ဘူး

The ways of the world at present – are certainly not pleasant.

ပြဿနာတွေကို မျက်ကွယ်မပြုပါနဲ့၊ အဖြေကို ရှာဖွေပြီး ဖော်ထုတ်ပါ။

To the problem, don’t be blind – for the solution, seek and find.



Address

84th Street
Mandalay

Website

Alerts

Be the first to know and let us send you an email when Free Education Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Free Education Service:

Shortcuts

Share

Category