12/02/2023
Credit-Dr.Soe Than
ဒီနောက်ပိုင်းမှာ အင်္ဂလိပ်စာလေ့လာနေသူများအတွက် ညွှန်ပြပေးခဲ့တဲ့ online resources ၁၃ ခုကို ပြန်စုပြီး ဖော်ပြပေးလိုက်ပါတယ်။
❤️အင်္ဂလိပ်စကားပြောရာမှာ အသံထွက်ကို မှန်ချင်သူတွေ၊ native speaker တွေ ပြောတာကို နားလည်ချင်သူတွေ လေ့လာဖို့ ရတနာသိုက်တစ်ခုကတော့ Oxford online English website ပါပဲ။
British English အသံနဲ့ သင်ပေးထားတဲ့ အဖိုးတန် video lesson တွေပါ။
Pronunciation နဲ့ ပတ်သက်လို့ vowel တွေကို အသံထွက်ပုံ၊ consonant တွေကို ထွက်ပုံ၊ stress, weak forms, linking sound, sentence level အသံထွက်ပုံ စသည်ဖြင့် အခြေခံမှ စလေ့လာနိုင်ပါတယ်။
သူတို့ အသံထွက်ပုံကို နားလည်ချင်ရင်၊ အတုယူချင်ရင် သူတို့ကိုယ်တိုင် သင်ပြထားတဲ့ video lesson တွေမှ လေ့လာပါ။ British accent အသံကြီး ထွက်အောင် အတင်းလိုက်လုပ်နေစရာ မလိုပါဘူး။ ကိုယ့်အသံထွက် မှားမနေဘို့၊ လူနားလည်အောင် ရှင်းရှင်းပြောတတ်ဖို့သာ အဓိကကျပါတယ်။
စကားလုံးတစ်ခုရဲ့ အသံထွက်ကို မသေချာရင်၊ သံသယရှိရင် ဖုန်းထဲမှာ Oxford သို့မဟုတ် Cambridge အဘိဓာန် ထည့်ထားပြီး အသံထွက်ကို ထပ်ခါ ထပ်ခါ နားထောင်ကြည့်ပါ။
အောက်မှာ video lesson တွေရဲ့ link ပေးထားပါတယ်။
https://www.oxfordonlineenglish.com/english-pronunciation-secrets
❤️စာပေ ရတနာသိုက်ကြီး နောက်တစ်ခု
Lit2Go လို့ခေါ်တဲ့ literature website ကြီးတစ်ခုပါ။
ဝတ္ထု၊ ကဗျာ၊ essay၊ ဂန္တဝင်စာပေ classics တွေ၊ Shakespeare ရဲ့ ပြဇာတ်တွေ၊ sonnet ကဗျာတွေ၊ Aristotle မှအစ ကလေးတွေဖတ်ဖို့ ပုံပြင် fairy tales တွေအဆုံး... အားလုံး အခမဲ့ ဖတ်နိုင်ပါတယ်။ စာဖတ်ချင်တယ်၊ ဖတ်စရာမရှိလို့၊ မဝယ်နိုင်လို့ဆိုသူတွေ၊ ဒီမှာ လာဖတ်ပါ။
ဒီ website ကို အကြိုက်ဆုံးအချက်ကတော့ တင်ပေးထားတဲ့ စာအုပ်တိုင်းကို အသံဖိုင်ပါတယ်။ အသံထွက်ဖတ်ပြထားတဲ့ audio file ကို စာအုပ်အပေါ်မှာ တင်ပေးထားတယ်။ ဖတ်ရင်းနဲ့လည်း နားထောင်နိုင်တယ်။ listening skill ပါ ရမယ်။ ကျွန်တော်ဆို Shakespeare ရဲ့ sonnet လေးတွေ နားထောင်ကြည့်ပြီး သဘောကျနေတဲ့ ပညာဒါန website ပါ။
နောက်ထပ် အသုံးဝင်တာတစ်ခုက ဒီ website မှာ တင်ပေးထားတဲ့ စာအုပ်တွေကို အလွယ် အခက် အဆင့်ခွဲပေးထားတယ်။ Flesch–Kincaid Grade Level ကိုသုံးပြီး grade K မှ 1 to 12 ဆိုပြီး ၁၃ ဆင့် ခွဲပေးထားတယ်။ ကလေးစာအုပ်တွေဆို K ကို နှိပ်ကြည့်ပြီး ရှာနိုင်တယ်။ အဆင့်မြင့်မြင့် ခက်တဲ့ ဝတ္ထုမျိုးဆို grade 11, 12 စသည်ဖြင့် ရှာလို့ရတဲ့ Readability ခွဲပေးထားတာ အဆင်ပြေတယ်။
အောက်က link ကိုနှိပ်ကြည့်ပြီး ဖတ်လို့ရပါတယ်။
သာဓု သာဓု သာဓု....
https://etc.usf.edu/lit2go/books/
❤️ကျွန်တော် အမြဲညွှန်းပေးလေ့ရှိတဲ့ ဆရာကြီး Mr.Keithရဲ့ အင်္ဂလိပ်စာ သင်ခန်းစာများ စုထားတဲ့ website ပါ။ Keith Speaking Academy လို့ခေါ်ပါတယ်။
IELTS အတွက်ပဲလေ့လာလာ၊ English ကို အပြော အရေး Upper-intermediate အဆင့် လေ့လာလာ အထူးကောင်းမွန်သည့် video lesson များ။ ပေးထားတဲ့ မှတ်စုများ၊ လေ့ကျင့်ခန်းများဟာလည်း IELTS speaking module မှာ ပုံစံကျကျပြောနိုင်ဖို့ topic အလိုက် သင်ခန်းစာတွေ ပေးထားတယ်။ အသံထွက် မှန်အောင်လေ့လာဖို့ သင်ခန်းစာတွေလည်း ပါတာမို့ self-study လုပ်နေသူများ စနစ်ကျစွာ လေ့လာနိုင်ဖို့ ကောင်းမွန်တာမို့ ထပ်ညွှန်းပေးလိုက်ပါတယ်။
https://keithspeakingacademy.com/ielts-speaking-free-live-lessons/?fbclid=IwAR3RudkjpFTumcYbN0j6dOfjGcHg6onkCKs8bhLIBPmoFBGrtzPFKOJn71o
❤️Speaking နဲ့ Listening ကို အိမ်မှာ self-study လေ့လာချင်သူများအတွက် ကောင်းမွန်သော သင်ခန်းစာ website တစ်ခုပါ။
Speaking ပြောတတ်ဖို့ဆိုတာ ဘယ်အခြေအနေမှာ ဘယ်လိုစကားမျိုးကို ပြောရမယ်ဆိုတာကို သိထားဖို့လိုပါတယ်။ နှုတ်ဆက်ရင် ဘယ်လိုပြောသလဲ၊ တောင်းပန်ရင် ဘယ်လိုပြောရသလဲ၊ အကျိုး အကြောင်း ရှင်းပြချင်ရင်၊ သတင်းကောင်း၊ သတင်းဆိုး ပြောမယ်ဆိုရင်၊ စသည်ဖြင့် situation ကို မူတည်ပြီး ဝါကျမျိုးစုံကို ပြောဖို့ သိထားဖို့လိုပါတယ်။
အခုပေးထားတဲ့ website မှာ situation/topic ကဏ္ဍ ၅၀ ပါတယ်။ ပေးထားတဲ့ ဝါကျတိုင်းကို နားထောင်ကြည့်ဖို့ audio ပါတယ်။ Audio Lesson ပေါင်း ၅၀။ အလွတ်ရအောင်သာ လေ့ကျင့်ကြပါ။
https://basicenglishspeaking.com/common-expressions-english/
❤️University of Texas မှ ပညာဒါန ELT သင်ခန်းစာများ။
အင်္ဂလိပ်စာ သင်ပေးနေကြတဲ့ လူငယ် ဆရာ ဆရာမများ professional development အတွက် သင်ရိုးကုန် ဝင်ဖတ်ပါ။ တင်ပေးထားတဲ့ တစ်မိနစ်စာ video လေးများကိုလည်း ကြည့်ပါ။
https://m.facebook.com/story.php?story_fbid=194523113089136&id=100075943461750
❤️လူငယ်တွေကို ဒီတစ်ခါ ညွှန်းချင်တာက YouTube ပေါ်က Izzy Sealey ရဲ့ video လေးတွေဖြစ်ပါတယ်။
Izzy ဟာ Cambridge University ရဲ့ medical school မှာ ၇ နှစ်တာ ဆေးကျောင်းသူဘဝ သူ့ရဲ့ အတွေ့အကြုံတွေ၊သူ့ရဲ့ စာဖတ်ပုံ၊ နိုင်ငံခြားဘာသာစကားလေ့လာပုံ၊ လူငယ်များ သိသင့်သိထိုက်တဲ့ ဘဝအတွေးအခေါ်တွေကို short video clip လေးတွေနဲ့ တင်ပြထားတာ ကျွန်တော်တော့ အတော်လေးသဘောကျတယ်။ သူ့ video လေးတွေကို earpods, headphones လေးနဲ့ ကြည့်ရင်းနဲ့ မှတ်သားစရာလေးတွေအပြင် posh British accent လေးပါ ကိုယ်ပိုင်ဖြစ်လာစေနိုင်တာမို့ Izzy Sealey ကို recommend လုပ်ပါရစေ။
https://youtube.com/
❤️အိမ်မှာနေရင်း English speaking ကို self-study လုပ်ဖို့
ဒီတစ်ခါတော့ talkenglish.com ဆိုတဲ့ website လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခြေခံမှစပြီး လေ့လာချင်သူများ ဖုန်းပေါ်မှာ သို့မဟုတ် tablet ပေါ်မှာ နားကြပ်လေးနဲ့တပ်ပြီး လေ့လာ လေ့ကျင့်ကြဖို့ အတော်လေးကောင်းတဲ့ resources တွေ lesson တွေ စုပေးထားတဲ့ website တစ်ခုပါ။
Speaking သင်ခန်းစာတွေ အသံဖိုင်နဲ့ နားထောင်လေ့ကျင့်ပါ။ idiom သင်ခန်းစာတွေ၊ listening အတွက် video lesson တွေ အများကြီးပါပါတယ်။ အကောင်းဆုံးကတော့ pronunciation အသံထွက် သင်ခန်းစာတွေကို အသံဖိုင်တွေနဲ့ ထည့်ပေးထားတာပါပဲ။ အထပ်ထပ်အခါခါ နားထောင်ပါ။ Internet connection ကောင်းကောင်းရှိဖို့ပဲ လိုပါတယ်။ အောက်က link ကို နှိပ်လိုက်ပြီး စမ်းကြည့်ပါ။
https://www.talkenglish.com/lessondetails.aspx?ALID=001
❤️BBC 6 Minute English
Listening skills တွေ ပိုကောင်းလာအောင် အိမ်မှာ နားကျပ်လေးတပ်ပြီး တစ်နေ့ နည်းနည်း ဖြည်းဖြည်းချင်း လေ့လာသွားဖို့ အကောင်းဆုံး resource တစ်ခုကတော့ BBC 6 Minute English မှာ တင်ပေးထားတဲ့ ၆ မိနစ်ကြာ podcast လေးတွေဖြစ်ပါတယ်။
podcast တစ်ခုကို အနည်းဆုံး ၅ ခေါက်လောက် နားထောင်ပါ။ topic အလိုက် usage ကောင်းတွေ၊ idiom တွေကိုပါ ထည့်သုံးပြထားလို့ listening skills အပြင် usage တွေကိုပါ လေ့လာရမှာဖြစ်တယ်။ အခု စုစုပေါင်း podcast တွေ ၁၄၉ ခုရှိတယ်။ တစ်နေ့ တစ်ခုနှုန်းနဲ့ဆို ၅လလောက် လေ့လာရမယ်။ နာနာ နားထောင်ရင် British accent လေး ကိုယ်ပိုင်ရသွားနိုင်ပါတယ်။
အောက်မှာ link ပေးထားပါတယ်။
https://www.bbc.co.uk/programmes/p02pc9tn/episodes/player
စာတန်းထိုးတာကို ကြည့်ချင်ရင်တော့ YouTube မှာ ရှာကြည့်နိုင်ပါတယ်။
https://youtube.com/playlist?list=PLcetZ6gSk96-FECmH9l7Vlx5VDigvgZpt
❤️English listening and speaking skills ရော အသုံးအနှုန်း usage တွေ idiom တွေပါ တိုးတက်လာချင်ရင် VOA Learning English website မှာ English in a Minute အစီအစဉ်ရဲ့ တစ်မိနစ်စာ video လေးတွေကို နားထောင်ပါ။ စာတမ်းထိုးပေးတယ်။ ဖြည်းဖြည်းပြောပေးတယ်။ တစ်မိနစ်စာ ထိရောက်ပါတယ်။
အခြေခံအဆင့် စာသင်သားများ အိမ်မှာ self-study လုပ်ဖို့ ရတနာသိုက်နောက်တစ်ခုပါပဲ။
ဒီခေတ်ကလေးတွေ ကံကောင်းပါတယ်။ ကျွန်တော်တို့ကျောင်းသားဘဝက internet မရှိ၊ mobile phone မရှိတော့ ဒါမျိုးတွေလိုချင်ရင် အိမ်ကနေ ဘတ်စကားစီးပြီး British Council တို့ American Center တို့ကို သွားခဲ့ရတယ်။
အောက်မှာ link လေးပေးထားတယ်။ လေ့လာပါ။ လေ့ကျင့်ပါ။
https://learningenglish.voanews.com/z/3619
❤️ပုံစံကျကျပြောတတ်ချင်သူများအတွက်
သိသူ ဖော်စား၊ မသိသူ ကျော်သွားပေါ့။
အင်္ဂလိပ်စကားပြောကို အသံ အဖိ အပေါ့၊ အနိမ့်အမြင့် ပီသမှန်ကန်အောင် အိမ်မှာ ဆရာလွတ်လေ့ကျင့်ချင်ကြသူ အခြေခံသမားများအတွက်
အမေရိကားက Barauch College က ပေးထားတဲ့ ဒီ website မှာ
Stress,
Rhythm,
Intonation,
Linking and Connected speech စသည်တို့ကို အပိုင်းလိုက် ရှင်းပြချက်များ၊ ဥပမာများ၊ နမူနာနားထောင်ရန် အသံဖိုင်များ အတော်လေး ပြည့်စုံစွာပေးထားပါတယ်။ ကိုယ်လေ့လာချင်တဲ့ အပိုင်းကို နှိပ်လိုက်ရုံပါပဲ။
ဒီ link လေးကို နှိပ်ပြီး သွားလေ့လာနိုင်ပါတယ်။
https://tfcs.baruch.cuny.edu/rhythm-intonation-more/?fbclid=IwAR2cySFBzxEeDCIDbmx6toCv2yKUL2gz14Ac2oFnmiHzy0xYXUcV17DM8NU
❤️စာသင်သားများအတွက် ရတနာသိုက် နောက်တစ်ခု
အိမ်မှာ အင်္ဂလိပ်ကို ဆရာလွတ် လေ့လာနေသူ ကျောင်းသားလူငယ်များအတွက် အတော်လေး ပြည့်စုံကောင်းမွန်တဲ့ free resources website တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။
Learn English Today လို့ခေါ်ပါတယ်။
Kathleen လို့ခေါ်တဲ့ England က ဆရာမကြီးတစ်ဦးက ၂၀၀၃ ခုနှစ်လောက်ကတည်းက စတင်ထားခဲ့တဲ့ ပညာဒါန website ပါ။ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ ဘာတွေလေ့လာနိုင်သလဲဆိုတော့ Grammar topic ပေါင်းစုံ၊ လေ့ကျင့်ခန်းတွေ၊ Vocabulary ကဏ္ဍပေါင်းစုံ၊ Business English အသုံးတွေ ဝေါဟာရတွေ၊ Phrasal verb တွေ၊ Quotations အဆို အမိန့်တွေ......
ကျွန်တော်အကြိုက်ဆုံးကတော့ Idioms တွေကို theme/topic အလိုက် အပိုင်း ၆၀ ကျော်ခွဲပြီး နမူနာဝါကျတွေနဲ့ စုပေးထားတဲ့ အပိုင်းပါပဲ။
Proverbs စကားပုံတွေကိုလည်း အလားတူ စုပေးထားတယ်။
စာသင်သားများ ထပ်လေ့လာသင့်တဲ့ အခြား resources တွေကိုလည်း တခန်းဖွဲ့ပြီးပေးထားတယ်။ တဝကြီး လေ့လာပါလေ့။
အားလုံး အခမဲ့ပေးထားတယ်။
Sometimes we can say the best things in life are free, and this website is one of them.
အောက်က link ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။
https://www.learn-english-today.com/index.html
❤️Google မှာ သွားပြီး Ngram Viewer လို့ ရိုက်ထည့်ပါ။
အဲဒီ website ဟာ ဘာအတွက် အသုံးဝင်သလဲဆိုတော့ အင်္ဂလိပ်စာ အသုံးတစ်ခု၊ phrase တစ်ခုကို ဒီလိုသုံးရင် မှန်ပါ့မလား၊ native speaker တွေက ဒီလို collocation မျိုးနဲ့ သုံးကြသလားလို့ ကိုယ်သံသယဖြစ်ရင် အဲဒီ site က search bar ထဲကို ကိုယ်သိချင်တဲ့ စကားစု ရိုက်ထည့်လိုက်ပါ။
သူကနေ အဲဒီ phrase ကို ဘယ်နှခုနှစ်မှ ဘယ်နှခုနှစ်အတွင်း အသုံးဘယ်လောက်များခဲ့သလဲ ဆိုတဲ့ currency ကို arrow chart နဲ့ ဖော်ပြပေးတယ်။
အောက်ဆုံးမှာပြထားတဲ့ ခုနှစ်အပိုင်းအခြားတစ်ခုကို နှိပ်ကြည့်လိုက်ရင် အဲဒီ အသုံး usage, expression ကို ဘယ်စာရေးဆရာတွေက ဘယ်စာအုပ်ရဲ့ စာမျက်နှာ ဘယ်လောက်မှာ သုံးထားခဲ့ပါတယ်ဆိုတာကို အစဉ်လိုက်ပြပေးတယ်။
ဥပမာ၊ forgot my umbrella လို့ ကျွန်တော် ရိုက်ထည့်ကြည့်တယ်။ ဒီ အသုံးကို စာရေးဆရာများစွာ သူတို့ရဲ့ စာအုပ်တွေထဲမှာ သုံးကြတဲ့ ဝါကျတွေကို ရှာပြီးပြပေးပါတယ်။
ဒါလည်းပဲ Corpus Linguistics ရဲ့ ကျေးဇူးပါပဲ။
ဘာသာစကားတစ်ခုရဲ့ grammar နဲ့ uses တွေအားလုံးကို ကျမ်းတစ်ခုမှာ အကုန်ပါနိုင်ဖို့ မလွယ်ပါဘူး။
ဘာသာစကားကို native speaker တွေက တကယ့်လက်တွေ့မှာ ဘယ်လိုသုံးကြသလဲ သိနိုင်ဖို့ သူတို့ ပြောပုံ ရေးပုံ data တွေကို စုဆောင်းထားတာကို ပြန်စေ့ငုကြည့်တဲ့ Corpus-based approach to language learning လုပ်နိုင်သူများကတော့ ပိုတာသွားမှာ သေချာပါတယ်။
Ngram Viewer ရဲ့ link ကို အောက်မှာပေးထားတယ်။
https://books.google.com/ngrams/graph?content=forgot+my+umbrella+&year_start=1800&year_end=2019&corpus=26&smoothing=3&direct_url=t1%3B%2Cforgot%20my%20umbrella%3B%2Cc0
❤️အင်္ဂလိပ်စာကို လေ့လာနေသူများအတွက် ညွှန်ပါရစေ.....
Grammar ထူးခြားချက်လေးတွေ၊ usage နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ ဆောင်းပါးလေးတွေ....
အများစုကတော့ online dictionary ကို ကိုယ်မသိတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဖွင့်ကြည့်ဖို့လောက်သာ သုံးကြမယ် ထင်ပါတယ်။
Dictionary ကြီးတွေကို ဝင်ပြီး ဘာသာစကား အသုံးချပုံနဲ့ ပတ်သက်တဲ့ မှတ်စုတွေ၊ ဆောင်းပါးတွေလည်း ဝင်ဖတ်လို့ရတာ သတိထားမိကြပုံမရပါ။
ဥပမာ....
ဒီ Merriam Webster အဘိဓာန်မှာ Usage Notes ဆိုတဲ့ အခန်းကဏ္ဍပါပါတယ်။ ပေးထားတဲ့ link ကို နှိပ်ကြည့်ပါ။ grammar, usage နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ မှတ်စုတွေ၊ ဆောင်းပါးတွေ ပေါင်း ၅၀၀ ကျော်ရှိပါတယ်။ အခြေခံ အင်္ဂလိပ်စာကောင်းရင် ဝင်ဖတ်ပြီး appreciate လုပ်နိုင်ပါတယ်။
https://www.merriam-webster.com/usage-notes/see-all
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း