အင်ဂျင်နီယာသိပ္ပံ

အင်ဂျင်နီယာသိပ္ပံ Myanmar Engineers Were Started From G.T.I

**Drawing ချိန်တိိုင်းမှာ မင်းနေရာလေး လွတ်နေတော့မယ်။**Canteen မှာလူစုံနေပေမဲ့ မင်းတို့မလာသေးလို့စောင့်နေမိရင် ငါတို့ကိုစ...
08/10/2021

**Drawing ချိန်တိိုင်းမှာ မင်းနေရာလေး လွတ်နေတော့မယ်။

**Canteen မှာလူစုံနေပေမဲ့ မင်းတို့မလာသေးလို့
စောင့်နေမိရင် ငါတို့ကိုစိတ်မဆိုးပါနဲ့။

**Workshop ချိန် practical လက်စသပ်ပြီး အတန်းလစ်ရလို့၊ပျော်ရတဲ့ခံစားမှုကို ငါတို့အတူတူ ထပ်မရနိုင်တော့ဘူးဆိုတာသိခဲ့ရင်လေ။

လေးစားပါတယ် GTI သူရဲကောင်းတို့ရေ၊
ငြိမ်းချမ်းသောကောင်းကင်မှာ ရဲရင့်စွာပျံသန်းပါ။ ငါတို့ကတော့ ဒီသွေးစွန်းမြေပေါ်ကနေ မင်းတို့အတွက်ဂုဏ်ယူလျက်၊ GTI သမိုင်းဟာ ဘယ်တော့မှ မရိုင်းခဲ့ဘူးလို့ ကြွေးကြော်ကြရင်းပေါ့..။
Admin C

ပုံကိုမူရင်းဖန်တီးပေးပို့လာသူအား လေးစားစွာ credit ပေးပါသည်။
#အင်ဂျင်နီယာသိပ္ပံGTI

28/07/2021

သတိပြုကြစေရန်
******************************************
ယခုအခါ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ မေဂျာခေါင်းဆောင် EC များ၊ ကျောင်းတွင်းနိုင်ငံရေးနဲ့မသက်ဆိုင်သော ဖွံ့ဖြိုးရေးအဖွဲ့အစည်းများတွင်ပါဝင်ဖူးသူများ၏ နေရပ်လိပ်စာအတိအကျအထိ
လှုပ်ရှားမှုရာဇဝင်မရှိသူများကိုပါ လိုက်လံဖမ်းဆီးနေကြသည်ကိုတွေ့ရှိရပါသည်။ အချို့ကျောင်းသားများမှာ ယခုဆန္ဒပြပွဲအခြေအနေကိုပင် အပြည်အစုံမသိရှိရသော နယ်ပယ်ဒေသများတွင် နေထိုင်နေပါလျက်၊ အိမ်လိပ်စာအတိုင်း လိုက်လံဖမ်းဆီးခံနေရသည်မှာ ထူးခြားလှပါသည်။ ထို့ကြောင့် အင်ဂျင်နီယာသိပ္ပံ ကျောင်းသား/သူ များ ဂရုစိုက်ဆင်ခြင်ပါရန် ဂရုပြုစေလိုပါသည်။

ကျောင်းသား၊သူများ၏ နေရပ်လိပ်စာကို ယခုကာလ၌ အကြမ်းဖက်တပ်မတော်အလိုကျ ထုတ်ပေးနိုင်သူမှာ CDM မလုပ်သော၊ စစ်ဖိနပ်အောက်မှဆရာ/ဆရာမ များဖြစ်သည်မှာထင်ရှားနေသည့်အတွက်မိမိတို့တာဝန်ခံနိုင်စေရန် နောက်ဆုံးသတိပေးပါသည်။ Non CDM tr စာရင်းကို သက်ဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့များထံပေးပို့သွားပါမည်။

အောက်ဖော်ပြပါ...
July 11 ရက်နေ့မှစ၍ GTI ကျောင်းသား၊သူများ ထူးခြားစွာ ဖမ်းဆီးခံရမှုစာရင်းနှင့်တကွ/. docx/ ။ သတင်းမပေးပို့ပဲ ပျောက်ဆုံးနေသူများလည်းရှိသည်။

Admin 01 (Student Team)
#အင်ဂျင်နီယာသိပ္ပံ

အထူးဝမ်းနည်းကြေကွဲခြင်း AGTI အင်ဂျင်နီယာကျောင်းသားဟောင်းများအသင်းဥက္ကဌ၊ ဆရာဦးငြိမ်းအောင် 1971(မြို့ပြအင်ဂျင်နီယာကျောင်း...
17/07/2021

အထူးဝမ်းနည်းကြေကွဲခြင်း

AGTI အင်ဂျင်နီယာကျောင်းသားဟောင်းများအသင်းဥက္ကဌ၊
ဆရာဦးငြိမ်းအောင်
1971(မြို့ပြအင်ဂျင်နီယာကျောင်းသားဟောင်း၊Insein GTI) သည် ယ​နေ့ ၁၇.၇.၂၀၂၁ နေ့လည် ၁၂ နာရီ ၂၇ မိနစ်တွင်
ကွယ်လွန်သွားကြောင်းကြားသိရသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရပါသည်။ ဆရာ့ဇနီးသည်လည်း Jul 13 ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်ပါသည်။

အင်ဂျင်နီယာသိပ္ပံ(G.T.I) အင်ဂျင်နီယာအခန်းကဏ္ဏ
အတွက် များစွာကြိုးပမ်းခဲ့ခြင်း၊ ပညာရေးကဏ္ဏများ တိုးတတ်စေခြင်းနှင့်၊ မိမိတို့ Admin Team
နှင့် ပူးပေါင်း၍သင်တန်းများဖွင့်လှစ်ရာတွင် များစွာကူညီပေးခဲ့သည်​့အတွက် ကျွန်ုပ်တို့မှ အစဥ်အမြဲသတိရ လေးစားလျှက်ရှိပါသည်။
ဆရာတို့ဇနီးမောင်နှံ ကောင်းရာမွန်ရာစံပါစေ...။
Admin Team

#အင်ဂျင်နီယာသိပ္ပံ

14.Jun. 2021 News________________  စစ်သူပုန်အစိုးရမှ လူငယ်များကို တော်လှန်ရေးတာဝန်များမှလမ်းကြောင်းပြောင်းစေရန် ပညာဒါနအမ...
14/06/2021

14.Jun. 2021 News
________________

စစ်သူပုန်အစိုးရမှ လူငယ်များကို တော်လှန်ရေးတာဝန်များမှလမ်းကြောင်းပြောင်းစေရန် ပညာဒါနအမည်ခံ၊ NUG အမည်အလွဲသုံးစားပြု၍ Online သင်တန်းများ
စီစဥ်ရာတွင် အင်ဂျင်နီယာသိပ္ပံ(G.T.I) များအတွက် ပါဝင်လာမည်ဖြစ်ကြောင်း ညွှန်ကြားချက်သတင်းများရရှိပါသည်။ ယခုကာလသည် Self Development လုပ်ရမည်အချိန်မဟုတ်ကြောင်း ကျောင်းသား
လူငယ်များမှသိရှိမည်ဟုယုံကြည်ပါသည်။

အင်ဂျင်နီယာသိပ္ပံ ကျောင်းသားများ၏ ပညာရေးအခြေအနေနောက်မကျစေရန် ကျွန်ုပ်တို့အဖွဲ့အစည်းများမှလည်း Backup Plan များဖြင့် စီစဥ်နေပါသဖြင့် စိုးရိမ်ခြင်းမရှိပဲ မင်းအောင်လှိုင်ဦးဆောင်သည့် ဖက်ဆစ်လက်နက်ကိုင်အဖွဲ့ အ​မြစ်ပြတ်ရေးကိုသာ အာရုံစိုက်ကြပါရန် အသိပေးအပ်ပါသည်။

Rep of Admin Team
#အင်ဂျင်နီယာသိပ္ပံ

Breaking News****************** စစ်သူပုန်အစေအပါးများမှ A.G.T.I ဒုတိယနှစ်သင်တန်းများဖွင့်လှစ်ရန် စီစဥ်နေကြောင်းသတင်းရရှိ။...
21/05/2021

Breaking News
******************

စစ်သူပုန်အစေအပါးများမှ A.G.T.I ဒုတိယနှစ်သင်တန်းများဖွင့်လှစ်ရန် စီစဥ်နေကြောင်းသတင်းရရှိ။

ပေးပို့လာသူ ဆရာလုံခြုံရေးအတွက် Date များကို ​coverတင်ထားပါသည်။

ဒုတိယနှစ်အင်ဂျင်နီယာသိပ္ပံသင်တန်းများကို ဇူလိုင်လတွင် ဖွင့်လှစ်ရန်ကြိုးစားနေပါသ​​ဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ရှိစွာဆုံးဖြတ်ရန် ဆရာတစ်ဦးအနေဖြင့် တိုက်တွန်းလိုက်ပါသည်။

Admin
#အင်ဂျင်နီယာသိပ္ပံ

Open Announcement***********************အင်ဂျင်နီယာသိပ္ပံ ADMIN TEAM ၏ ကူညီနိုင်မှုအတိုင်းအတာနှင့်အတူ CDM ဆရာ၊ဆရာမများအာ...
18/05/2021

Open Announcement
***********************

အင်ဂျင်နီယာသိပ္ပံ ADMIN TEAM ၏ ကူညီနိုင်မှု
အတိုင်းအတာနှင့်အတူ CDM ဆရာ၊ဆရာမများအား ထောက်ပံ့မှုများပေးအပ်ရာတွင် မိမိတို့ကျောင်းအတွက် Admin Team ကပေးအပ်ထားသော နံပါတ်စဥ်များအလိုက်စီစဥ်လျက်ရှိပါသည်။
နံပါတ်စဥ် မရရှိသေးသော ကျောင်းများ(နှင့်)
နံပါတ်စဥ်ရရှိပြီး အကူအညီမရသေးသော CDM ဆရာ၊ဆရာမများရှိပါက Admin Team က ဆက်သွယ်ပေးမည်ဖြစ်သောကြောင့် ခေတ္တစောင့်ဆိုင်းပေးပါရန် မေတ္တာရန်ခံအပ်ပါသည်။ ပေးအပ်မည့်ကျောင်း၏ CDMဆရာ၊ဆရာမ အင်အားကို ညီမျှစွာထည့်သွင်းတွက်ချက်ရသောကြောင့် အချိန်ယူကြရခြင်းဖြစ်ပါသည်။
Admin Team
#အင်ဂျင်နီယာသိပ္ပံ

G.T.I Final Yr များကျောင်းပြန်တတ်ကြဖို့ ကြိုဆိုပါတယ်။ဆယ်​တန်းအောင်သမျှ TU ကြွ ခေတ်ကိုပြန်သွားကြမယ်၊ ရပ်ကွက်တိုင်းမှာ TU ...
22/04/2021

G.T.I Final Yr များကျောင်းပြန်တတ်ကြဖို့
ကြိုဆိုပါတယ်။
ဆယ်​တန်းအောင်သမျှ TU ကြွ ခေတ်ကိုပြန်သွားကြမယ်၊ ရပ်ကွက်တိုင်းမှာ TU တွေ GTI တွေပြွတ်ဆောက်ပြီးပခုံးချင်းတိုက်မိသမျှဟာ အင်ဂျင်နီယာကျောင်းသားနဲ့ အင်ယာတွေချည်းဖြစ်နေမယ်၊ ဘယ်ကနေအင်ယာဘွဲ့ဘွဲ့/ဒီပလိုမာရရကျောင်းပြီးရင် အငယ်တန်းစာရေးရာထူးတွေ Driver ရာထူးတွေ ယူကြမယ့် စိတ်လှုပ်ရှားစရာခေတ်လေးကို တဖန်ပြန်လည်ပုံဖော်ကြတာပေါ့။ လုပ်ငန်းခွင်ဝင်ရင်လည်း 2021-2022 ခုနှစ်တွင်အောင်မြင်သည်ဆိုတဲ့ အင်ယာဒီပလိုမာလေးပါရင် နွေးထွေးစွာကြိုဆိုမယ့် စီနီယာအင်ယာအကိုအမတွေကအဆင်သင့်ရှိနေလေရဲ့။
မမေ့နဲ့နော် ၅ ရက် ၅လ ခွေးဖြစ်တဲ့ခုနှစ် ၂၀၂၁။....

Aung
Approved by Admin 18

#အင်ဂျင်နီယာသိပ္ပံ




သူပုန်ထုတ်တဲ့စာ ဘာမှတရားမဝင်လို့ ဖတ်စရာကိုမလိုပါ။ ဒါပေမဲ့ အဲ့မှာပါတဲ့ ၁၃ ယောက်ကတော့ စစ်သူပုန်တွေစာထုတ်ပြီးကိုခြောက်ရတဲ့ ...
24/03/2021

သူပုန်ထုတ်တဲ့စာ ဘာမှတရားမဝင်လို့ ဖတ်စရာကိုမလိုပါ။ ဒါပေမဲ့ အဲ့မှာပါတဲ့ ၁၃ ယောက်ကတော့ စစ်သူပုန်တွေစာထုတ်ပြီးကိုခြောက်ရတဲ့ ပြည်သူ့ဝန်ထမ်းအစစ်အမှန်၊ TVET သူရဲကောင်းတွေလို့ အသိအမှတ်ပြ​ု ဂုဏ်ယူပါတယ်။ ဝန်ထမ်းကို သူပုန်ကအလုပ်ရပ်နားခွင့်မရှိ။
03
#အင်ဂျင်နီယာသိပ္ပံ

အင်ဂျင်နီယာသိပ္ပံ( ကျောက်ဆည်)  ECမေဂျာမှ ဆရာ ဦးကြည်သာဦးကို စစ်သူပုန်များဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရ။      ကျောင်းသာ...
20/03/2021

အင်ဂျင်နီယာသိပ္ပံ( ကျောက်ဆည်) ECမေဂျာမှ ဆရာ ဦးကြည်သာဦးကို စစ်သူပုန်များဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရ။
ကျောင်းသား၊သူများ၏ အင်အားနှင့်စည်းလုံးမှူသည် ယခုအခါ အရေးကြီးပါပြီ။
မိမိတို့ AdminTeam မှလည်း ကိုယ်စားလှယ်စေလွှတ်၍
တဖက်တလမ်းမှ ကူညီသွားမည်။
#အင်ဂျင်နီယာသိပ္ပံ

မတ်လ ၁၉ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂၀ ရက်နေ့တွင် အလောင်းလာထုတ်ပါ။ပုံ မင်းအောင်လှိုင်ဦးဆောင်သည့်မြန်မာ့တပ်မတော်အမည...
20/03/2021

မတ်လ ၁၉ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂၀ ရက်နေ့တွင် အလောင်းလာထုတ်ပါ။

ပုံ
မင်းအောင်လှိုင်ဦးဆောင်သည့်
မြန်မာ့တပ်မတော်အမည်ခံ စစ်သွေးကြွသူပုန်အဖွဲ့
**************************************************

ကျဆုံးသူ.....
WYTU ကျောင်းဆင်းအင်ဂျင်နီယာ
ကိုမျိုးမြင့်အောင်။

အိမ်မှာနေ နေပေမဲ့လုံးဝသေချာတဲ့သေလမ်းနဲ့ ရှင်နိုင်ချေ probability များတဲ့ ခုခံကာကွယ်ရေးနည်းလမ်း
ဘယ်ဟာကိုရွေးကြမလဲအင်ဂျင်နီယာအပေါင်းတို့ရေ......။

နောက်ထပ်အင်ဂျင်နီယာ ဘယ်လောက်များများ
အိမ်ထိလာခေါ်ပြီး အလောင်းပဲပြန်ထွက်လာတဲ့အထိ စောင့်ကြရမှာလဲဗျာ။
#အေးချမ်းစွာအနားယူပါဗျာ။

#အင်ဂျင်နီယာသိပ္ပံ

TVET စစ်သွေးကြွညွှန်ချုပ် စိုင်းကျော်နိုင်ဦး****************************************နိုင်ငံတော် အစိုးရက အကြမ်းဖက်သမားဟု...
05/03/2021

TVET စစ်သွေးကြွညွှန်ချုပ် စိုင်းကျော်နိုင်ဦး
****************************************

နိုင်ငံတော် အစိုးရက အကြမ်းဖက်သမားဟု တရားဝင်ကြေငြာသော စစ်သွေးကြွအဖိုးအို မင်းအောင်လှိုင်နှင့် လူသတ်သမားများအား အားပေးထောက်ခံသည့်အ​​ပြင်
​​
သူပုန်အားဆန့်ကျင်သူ ဆရာ၊ဆရာမ များကို ထပ်မံဖိအားပေးလာသည့်( စိုင်းကျော်နိုင်ဦး) မှာ မိမိတို့ စီနီယာကြီးများ၏ ညီရင်းအကိုပမာစေတနာဆုံးမစကားကို နာခံခြင်းမရှိသည့်အတွက် ယခုအချိန်မှစ၍
ခြိမ်းခြောက်ခံ ဆရာ၊ဆရာမ များကိုကာကွယ်ရန်
၄င်းနှင့်ဆက်နွယ်သူအားလုံးကိုတက်စွမ်းသမျှစုံစမ်း၍ Social Punishment ပြုလုပ်နိုင်ကြောင်းကြေငြာသည်။

ကျောင်းသားဟောင်းများအဖွဲ့(GTI-Hinzada)
#အင်ဂျင်နီယာသိပ္ပံ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when အင်ဂျင်နီယာသိပ္ပံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category