The Road to Success - RTS Online Class

The Road to Success - RTS Online Class

Share

RTS Online Class

26/06/2022

"Checklist to success"

▪ဘဝမှာ
အရာရာကိုကိုယ်ဖြစ်ချင်တာလုပ်ပိုင်ခွင့်ရှိတယ်
ဒါပေမဲ့အောင်မြင်ဖို့အတွက် ကတော့.....

၁...ဖြစ်သင့်တာကို ဦးစားပေးတတ်ရတယ်။

၂...စိတ်ဓာတ်ခွန်အား ထက်သန်မှုရှိရတယ်။

၃...ကိုယ်ရဲ့လုပ်ရပ်တိုင်းကို လက်ခံနိူင်ရတယ်။

၄...အမှားတွေ့တိုင်း မတွေဝေပဲ
သင်ခန်းစာယူတတ်ရတယ်။

၅....အရှုံးကို လက်ခံနိူင်ရတယ်။

၆....ဝေဖန်မှုတိုင်းကို အမှားအမှန်ခွဲခြားပြီး
လက်ခံသင့်တာကို သင်ယူပြီးလက်မခံသင့်တာကို အတွေးထဲက
ချက်ချင်းထုတ်ပြစ်ပါ။

၇....သင်ယူပါ လေ့လာပါ
ပညာဆိုတာ သင်ယူလို့ကုန်သွားတယ်မရှိပါဘူး ဘယ်နေရာ၊ဘယ်သူဖြစ်ဖြစ်သင်ယူသင့်တာသင်ယူပြီး ၊လေ့လာသင့်တာ လေ့လာပါ။

၈....စိတ်ဓါတ်မကျပါနဲ့
ငွေတစ်ထောင်ကျရင်တောင် ပြန်ကောက်သေးတာပဲ
သင့်စိတ်ဓါတ်က ငွေတစ်ထောင်ထက် ပိုတန်ဖိုးရှိမှာပါ။

၉...စိတ်ကောင်းထားပါ
စိတ်ကောင်းထားရင် ကံကောင်းပါတယ်စေတနာက လူတိုင်းနဲ့မတန်ရင်နေပါစေကိုယ်ထားတဲ့ စေတနာနဲ့တန်တဲ့
အကျိုးကိုတော့ကိုယ်တိုင်ခံစားရမှာပါ။

၁၀....စာများများဖတ်ပါ
စာမဖတ်တဲ့သူက မျက်မမြင်တစ်ယောက်နဲ့အတူတူပါပဲ။

မှောင်နေတဲ့ ဘဝအားငယ်နေတဲ့စိတ် ပျောက်ကွယ်နေတဲ့ အသိဉာဏ်တွေ ပျော်ရွှင်မှု၊ငြိမ်းချမ်းမှု၊အေးချမ်းမှုစတဲ့
ခွန်အားတွေကို အလင်းပေးနိူင်တာစာအုပ်၊စာပေတွေပါပဲ။

Credit original writer

26/06/2022

"လူတွေချစ်ခင်ပြီး ကူညီချင်တဲ့ ဦးဆောင်သူဖြစ်ဖို့ အချက်{၁၀)​ ချက်"

တစ်ဆိုတဲ့အရေအတွက်ဟာ ကြီးကျယ်မြင့်မြတ်တဲ့အလုပ်တွေ လုပ်နိုင်ဖို့ အင်မတန်သေးငယ်တဲ့ အရေအတွက်ဖြစ်တယ်လို့ ကျွန်တော့်ဆရာ John Maxwell က ပြောဖူးတယ်။

မိတ်ဆွေက လုပ်ငန်းနဲ့ ဘ၀အတွက် ရည်မှန်းချက်ကြီးမားတယ်၊ အဲဒီရည်မှန်းချက်တွေကို အောင်မြင်အောင်လည်း အကောင်အထည်ဖော်နိုင်ချင်တယ်ဆိုရင် သင့်ကို ကူညီပေးမယ့်သူတွေ သင့်အဖွဲ့အစည်းမှာ ရှိဖို့လိုပါတယ်။

သင့်ကို ပံ့ပိုးကူညီပေးတဲ့သူ မရှိဘဲ အောင်မြင်တဲ့ ဦးဆောင်သူတယောက် မဖြစ်နိုင်ပါဘူး။

လူတွေ သင့်ကို ကူညီဖို့ အကူအညီမတောင်းခင် သူတို့ရဲ့ နှလုံးသားကို အရင်ဆုံး တို့ထိမိဖို့ လိုပါတယ်။ တနည်းအားဖြင့် သင့်ကို သူတို့ Heart ထိဖို့ လိုပါတယ်။ သူတို့က သင့်ကိုနားလည်နိုင်မှ စိတ်ပိုင်းဖြတ်ပြီး သင့်နောက်ကို လိုက်လာပြီး ကူညီကြမှာ ဖြစ်ပါတယ်။

လူတွေ သင့်နောက် လိုက်လာပြီး သင့်ရည်မှန်းချက်အတွက် ကူညီပံ့ပိုးပေချင်လာအောင် အောက်ပါအချက် (၁၀) ချက်ကို လက်တွေ့လုပ်ကြည့်ဖို့ Leadership Guru လို့ သတ်မှတ်ခံရတဲ့ John Maxwell ရဲ့ အကြံပြုချက်ကို လိုတိုရှင်း ပြန်ဝေမျှပါတယ်။

၁။ လူတွေကို တန်ဖိုးထားပါ

၂။ သူတို့ကို သင်လိုအပ်ကြောင်း သူတို့သိအောင် လုပ်ပါ

၃။ သင့်ခရီးစဥ်မှာ သူတို့ကို ပါ၀င်စေပါ

၄။ အသင်ခံနိုင်တဲ့စိတ်ဓာတ် ပျိုးထောင်ပါ

၅။ မေးခွန်းများ မေးပါ

၆။ သေချာနားထောင်ပါ။ မကြာခဏ နားထောင်ပါ

၇။ သူတို့ရဲ့အမြင်သဘောထားတွေကို သိအောင်လုပ်ပါ

၈။ သင့်ကို ကူညီသူတွေကို အသိအမှတ်ပြုပါ

၉။ သင့်ကို ကူညီသူတွေကို ကျေးဇူးတင်ကြောင်း ပြသပါ

၁၀။ ငါ အစား ငါတို့လို့ ပြောင်းလဲလိုက်ပါ
အားလုံးကို ကျေးဇူးတင်ပါတယ်လို့. . . .

Ref:10 tips of Leadership skills(John C.Maxwell)
Credit

04/06/2022

သူငယ်ချင်း

ဘယ်သူ့ကိုမှ အပြစ် မတင် ပါနဲ့
မင်း လဲကျတာ မင်း နဲ့ပဲ ဆိုင်ပါတယ်

မင်း ပြန်မထ တာလည်း မင်း နဲ့ပဲ ဆိုင်တယ်
မင်းကို ဆွဲထူပေးဖို့ ဘယ်သူ့မှာမှ တာ၀န် ရှိမနေ ပါဘူး

တစ်ခါတစ်လေ မလိုချင် တာတွေ
မင်းဆီ ရောက်လာ တတ်သလို
မင်းလိုချင်တဲ့ အရာတွေ ကလည်း မင်းနဲ့ အဝေးဆုံးကို
ရောက်နေတတ်တယ်

တစ်ခါတစ်လေ ၀မ်းနည်းစရာတွေက
ငါ့ဆီကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာ တတ်သလားလို့
မင်းထင်ကောင်း ထင် နေ ပါလိမ့်မယ်
ဘယ်သူ့ကိုမှ အပြစ် လို့ မတင်ပါနဲ့

ဒါ လောကဓံရဲ့ ပုံမှန် ပြကွက်တွေ ပါပဲ
အရှုပ်ထဲမှာ ရှင်းအောင်နေ အမှောင်ထဲမှာ
လင်းအောင် နေတတ် ဖို့က မင်း ရဲ့တာ၀န် ပါပဲ

စိတ်မညစ် ပါနဲ့
သိပ်ချစ်တဲ့ လူတွေ နဲ့ဝေးနေရတာ
မင်းတစ်ယောက်တည်း မှ မဟုတ်တာပဲ

လောကမှာ မင်း မလုပ်နိုင်ဘူးလို့ထင်တဲ့ အရာတွေက
မင်းရဲ့ ကြောက်ရွံစိတ်ကြောင့် ဖြစ်နေ ရတာပါ

မင်းကို ပါရမီ လိုက်ဖြည့်ပေး နေဖို့
ဘယ်သူ့ မှာမှတာ၀န်ရှိ မနေပါဘူး

မင်းတစ်ယောက်တည်း
ပြန်ထနိုင်အောင်ပဲ ကြိုးစားလိုက်ပါ

ပြန်ပြီး အားယူလို့
ထရပ် ကြည့်ကြမယ်လေ သူငယ်ချင်း.....

ဘ၀ထဲမှာ.....

မျက်ရည်ကျခဲ့ဖူးတဲ့ မျက်လုံးကပိုပြီး
ကြည်လင်တတ်ပါတယ်....။

နာကျင်ခဲ့ဖူးတဲ့ နှလုံးသာကပိုပြီး
ခိုင်မာလာတတ်ပါတယ်...။

က်ရွုံးခဲ့ဖူးတဲ့ အတိတ္က
အနာဂတ်ကောင်းကို ပိုမို ရရှိစေပါတယ်....။

မုန်တိုင်းပြီးအောင် စောင့်နေတာက
ဘ၀မဟုတ်ပဲ ...
မုန်တိုင်းထဲမှာ ဘယ်လိုရှင်သန်နေထိုင်ရမယ် ဆိုတာကို
သင်ယူနေတယ်ဆိုတာက ဘ၀ပါ..။

လေပြင်လေညှင်းထဲမှာ အသက်ရှူနိုင်မှ
အသက်ရှင်သန်တာ မဟုတ်ပဲ
မုန်တိုင်းထဲမှာ အသက်ရှင်သန်အောင်
အသက်ရှူနိုင်တာမှ ဘ၀ပါ...။

မုန်တိုင်းပြီးရင် လေပြေလေညှင်းဆိုတာ ရောက်လာမှာပါ

Credit > Originalwriter >စိတ်ခွန်အားပြည့်စာစုများ

02/06/2022

'' မင်းဒီ ဗီဒီယိုကိုမကြည့်ပါနဲ့ 🙅‍♂️🙅
မင်းအတွက်မဟုတ်ပါဘူး '' 🙅🙅‍♂️

Credit >>> Video >>> Htet Myat Aung

02/06/2022

လွတ်လပ်စွာ ရွေးချယ်ပါ

၁။ မနေ့ကဆိုတာ ကိုဘာမှပြန်သွားပြုပြင်လို့ မရနိုင်တော့လို့ ..နောက်ထပ်ကောင်းမွန်တာတွေ ထပ်လုပ်နိုင်စေဖို့ မနက်ဖြန်ဆိုတာ ရှိလာတယ်
....................
၂။ ပြဿနာတိုင်းကို ကျော်လွားနိုင်ဖို့ ကူညီပေးနိုင်မဲ့သူကတော့တစ်ယောက် တည်းပဲရှိနေပါတယ် အဲ့ဒီလူကတော့ သင်ကိုယ်တိုင်ပါပဲ
....................
၃။ ဒီကမ္ဘာပေါ်မှာ လူတွေ ရှုပ်ထွေးနေစေတဲ့ အကြောင်းအရာကတော့ ၂ မျိုး
တည်းရှိပါတယ် အဲ့တာတွေကတော့ သွားချစ်မိတာနဲ့ သွားမုန်းမိနေတာပါပဲ
....................
၄။ စိတ်ချမ်းသာမှု့ ဆိုတာ အရာရာတိုင်းကိုစိတ်တိုင်းကျဖြစ်အောင်လုပ်နိုင်ရာက ပေါက်ဖွားလာတာ မဟုတ်ပါဘူး ဒါပေမဲ့ ဘယ်အရာမှ ကိုယ်စိတ်တိုင်းကျမဖြစ်နိုင်ပါဘူးဆိုတာ လက်ခံ တဲ့ စိတ်ကနေပေါက်ဖွားလာတတ်တာပါ
......................
၅။ လူတစ်ကိုယ်အတွေးတစ်မျိုး တစ်ကိုယ်တစ်စိတ်ဆီမို့ အတွေးအခေါ်မတူတာနဲ့ သူတစ်ပါးအတွေးကိုသွားအထင်မသေးမိပါစေနဲ့
.........................
၆။ စာဖတ်တတ်တာ အရေးပါတယ် ၊ အ
ခြေအနေ ကိုဖတ်တတ်တာ ပိုအရေးပါ
တယ်၊ တစ်ပါးသူရဲ့စိတ်ကိုဖတ်တတ်တာ ပိုတောင်အရေးပါတယ် ၊ ကိုယ့်စိတ်ကို
ဖတ်တတ်တာကတော့ အရေးအပါဆုံးပါပဲ
.........................
၇။ စဉ်းစားနိုင်ရင် ကူပြီးစဉ်းစားပေးလိုက်၊ မစဉ်းစားနိုင်ရင်လည်း ကူပြီးလုပ်ပေးလိုက် ၊မလုပ်ပေးနိုင်ရင် ကူညီပါဝင်လိုက် ၊မပါ
ဝင်နိုင်ရင် အားပေးလိုက် ၊အားမပေးနိုင်
ရင်လည်း အေးအေး ဆေးဆေးနေပေး လိုက်
.......................
၈။ စင်ကြယ်နိုင်ရင်စိတ်လဲသန့်ရှင်းမယ် ၊ချထား နိုင်ရင်စိတ်လဲ ပေါ့ပါးမယ် ၊လွတ်ထားနိုင်ရင် စိတ်လည်းအေးချမ်းမယ် ၊ခွင့်လွတ်နိုင်ရင်စိတ်လည်းတည်ငြိမ်မယ်
....................
၉။ လမင်းရဲ့ အရိပ်ဟာ ရေ မျက်နှာပြင်ရဲ့ ငြိမ်သက်မှု့မှာပေါ်နိုင်သလို ပဲ အသိပညာဆိုတာ စိတ်ရဲ့တည်ငြိမ်ခြင်းကနေပေါက်ဖွားလာတတ်တယ်
..........................
၁၀။ သောက က ကိုယ့်ကိုစ်ိတ်ရှုတ်စေတာမဟုတ်ပါဘူး ၊ စိတ်ရှုတ်လို့ ကိုယ့်ကိုသောကဖြစ်စေတာပါ
........................
၁၁။ ပေးတတ်ရင် လက်ခံတတ်ရပါမယ် ၊လက်ခံတတ်ရင် ခွင့်လွတ်တတ်ရပါမယ် ၊မာတတ်ရင် ပျော့ပြောင်းတတ်ရပါမယ် ဒါမှ ဘဝကပေါ့ပါးပြီးပျော်ရွင်မှု့ရှိပါမယ်
........................
၁၂။ ငြိမ်းချမ်းဆိတ်ငြိမ်တဲ့ နေရာ အခုတစ်ရာ တောင်မှ လည်း ကိုယ့်စိတ်ရဲ့
တည်ငြိမ်မှု့လောက်မကောင်းနိုင်ပါဘူး လူအယောက်တစ်ရာကျော်သိနေလည်း ကိုယ့်ကိုကိုယ် သိနေတာလောက်မကောင်းနိုင်ပါဘူး
........................
၁၃။ ရှိတဲ့ အခါ ပေးကမ်းဖို့သိတတ်ပါစေ ၊ရတဲ့ အခါ တင်းတိမ်ဖို့ သိတတ်ပါစေ ၊
တောင်းတဲ့အခါ တန်ဖိုးကိုသိတတ်ပါစေ၊ လူဆိုတာ မွေးလာပြီး တော့ .......... အချိန်ရောက်လာတဲ့အခါ ခွဲခွာသွားရမှာပါ
………………………………………………
၁၄။ ပြန်လှည့်လို့မရတာက အချိန် ပြေးလို့မလွတ်နိုင်တာက သေခြင်းတရား ဝယ်လို့မရတာက ကျန်းမာရေးနဲ့ ဘဝ ကြိုတင် မြင်လို့ မရနိုင်တာက လူ့စိတ် သီးခံရမဲ့အရာက ကိုယ့်ရဲ့စိတ်ကို ကိုယ်
.........................
၁၅။ မီးဆိုတာ ကိုယ်ကသာသူ့အနားသွားမနေရင် မပူပါဘူး ဘယ်ဆင်းရဲဒုက္ခ ကမှ မကြီးလေးပါဘူး ကိုယ်ကသာကိုယ့်စိတ်နဲ့သွားမထမ်းထားရင်
......................
၁၆။ စိတ်ခွန်အားဆိုတာ ကိုယ့်ဘေးပတ်
ဝန်းကျင်လူတွေဆီကနေ ရှာလို့ ရချင်ရ
နိုင်ပါတယ် ဒါပေမဲ့ ခိုင်မာမှု့ကတော့
ကိုယ့်ဖာသာ တည်ဆောက်ရမှာပါ
.....................
၁၇။ တစ်ခါတစ်လေ စိတ်ဓါတ်ခွန်အားဆိုတာ သူများကို ပေးဖို့ အပြင် ကိုယ့်အ
တွက် ကိုယ်လဲ သိမ်းထားတတ်ရပါမယ်
.....................
၁၈။ ရှေ့ကို လျောက်လှမ်းဖို့ ဆုံးဖြတ်ပြီးရင်လည်းကြုံတွေ့လာရမဲ့ ပြသနာတွေ အ
တွက် အားမလျော့မိလိုက်ပါစေနဲ့
.................
၁၉။ ဥာဏ်ပညာရှိတဲ့ သူက ပြသနာတိုင်းမှာ အခွင့်အလမ်းကို ရှာဖွေ တွေ့မြင်တတ်တယ် ..ဥာဏ်မရှိတဲ့သူက အခွင့်အလမ်းတိုင်းမှာ ပြသနာကိုရှာတွေ့တတ်တယ်
....................
၂၀။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု့လွဲ မှားလို့ဒေါသထွက်ကြတာဟာ မမှားပါဘူး ဒါပေမဲ့ မတောင်းပန်တာ ကမှားတာပါ
.....................
၂၁။ လူကောင်းလူတော် ဖြစ်ပြီး၊ပျော်ရွင်စွာနေထိုင်ပြီးပျော်ရွင်မှု့တွေ မျှဝေ လိုက်ပါ ဒီမျှလောက်နဲ့ ပဲသင်ဟာ ပြီးပြည့်စုံတဲ့ လူသားပီသ သွားပါပြီ
++++++++++++++++++++
လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်ခဲ့မယ် ဆိုရင်ပေါ့

Credit >>> ဘ၀ကိုမြင့်မားစေမည့်သုတ/ရသ စာပေများ

25/05/2022

အလုပ်လုပ်ပါ
ငွေစုပါ

သေရာ မပါပေမယ့်
ရှင်ရာ ဘဝမှာတော့

လူရာဝင်တယ်!

Credit 💙💙💙

22/05/2022


#မူရင်းတင်သူCreditပါ

နိုင်ငံသားစိစစ်ရေးကဒ် ရှေ့နံပါတ်က...

၁/ ဖြစ်လျှင် ကချင်ပြည်နယ်
၂/ဖြစ်လျှင် ကယားပြည်နယ်
၃/ဖြစ်လျှင် ကရင်ပြည်နယ်
၄/ဖြစ်လျှင် ချင်းပြည်နယ်
၅/ဖြစ်လျှင် စစ်ကိုင်းတိုင်းဒေသကြီး
၆/ဖြစ်လျှင် တနင်္သာရီတိုင်းဒေသကြီး
၇/ဖြစ်လျှင် ပဲခူးတိုင်းဒေသကြီး
၈/ဖြစ်လျှင် မကွေးတိုင်းဒေသကြီး
၉/ဖြစ်လျှင် မန္တလေးတိုင်းဒေသကြီး
၁၀/ဖြစ်လျှင် မွန်ပြည်နယ်
၁၁/ဖြစ်လျှင် ရခိုင်ပြည်နယ်
၁၂/ဖြစ်လျှင် ရန်ကုန်တိုင်းဒေသကြီး
၁၃/ဖြစ်လျှင် ရှမ်းပြည်နယ်
၁၄/ဖြစ်လျှင် ဧရာဝတီတိုင်းဒေသကြီး
(၁) ကချင်ပြည်နယ် (မြို့တော် – မြစ်ကြီးနားမြို့)
ကချင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၁၈)မြို့နယ် ရှိပါသည်။
မြစ်ကြီးနားခရိုင်
၁။ မြစ်ကြီးနားမြို့နယ် – ၁/မကန(နိုင်)
၂။ ဝိုင်းမော်မြို့နယ် – ၁/ဝမန(နိုင်)
၃။ ချီဖွေမြို့နယ် – ၁/ခဖန(နိုင်)
၄။ ဆော့လော်မြို့နယ် – ၁/ဆလန(နိုင်)
၅။ တနိုင်းမြို့နယ် – ၁/တနန(နိုင်)
၆။ အင်ဂျန်းယန်မြို့နယ် – ၁/အဂယ(နိုင်)
မိုးညှင်းခရိုင်
၇။ မိုးညှင်းမြို့နယ် – ၁/မညန(နိုင်)
၈။ မိုးကောင်းမြို့နယ် – ၁/မကန(နိုင်)
၉။ ဖားကန့်မြို့နယ် – ၁/ကမန(နိုင်)
ဗန်းမော်ခရိုင်
၁၀။ ဗန်းမော်မြို့နယ် – ၁/ဗမန(နိုင်)
၁၁။ ရွှေကူမြို့နယ် – ၁/ရကန(နိုင်)
၁၂။ မံစီမြို့နယ် – ၁/မစန(နိုင်)
၁၃။ မိုးမောက်မြို့နယ် – ၁/မမန(နိုင်)
ပူတာအိုခရိုင်
၁၄။ ပူတာအိုမြို့နယ် – ၁/ပတအ(နိုင်)
၁၅။ ဆွမ်ပရာဘွမ်မြို့နယ် – ၁/ဆပဘ(နိုင်)
၁၆။ မချမ်းဘောမြို့နယ် – ၁/မခဘ(နိုင်)
၁၇။ ခေါင်းလန်းဖူးမြို့နယ် – ၁/ခဘဒ(နိုင်)
၁၈။ နောင်မွန်းမြို့နယ် – ၁/နမန(နိုင်)
(၂) ကယားပြည်နယ် (မြို့တော် – လွိုင်ကော်မြို့)
ကယားပြည်နယ်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၇)မြို့နယ် ရှိပါသည်။
လွိုင်ကော်ခရိုင်
၁။ လွိုင်ကော်မြို့နယ် – ၂/လကန(နိုင်)
၂။ ဒီးမော့ဆိုမြို့နယ် – ၂/ဒမဆ(နိုင်)
၃။ ဖရူဆိုမြို့နယ် – ၂/ဖရဆ(နိုင်)
၄။ ရှားတောမြို့နယ် – ၂/ရတန(နိုင်)
ဘော်လခဲခရိုင်
၅။ ဘော်လခဲမြို့နယ် – ၂/ဘလခ(နိုင်)
၆။ မယ်စဲ့မြို့နယ် – ၂/မစန(နိုင်)
၇။ ဖာဆောင်းမြို့နယ် – ၂/ဖဆန(နိုင်)
(၃) ကရင်ပြည်နယ် (မြို့တော် – ဘားအံမြို့)
ကရင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၇)မြို့နယ် ရှိပါသည်။
ဘားအံခရိုင်
၁။ ဘားအံမြို့နယ် – ၃/ဘအန(နိုင်)
၂။ လှိုင်းဘွဲ့မြို့နယ် – ၃/လဘန(နိုင်)
၃။ သံတောင်ကြီးမြို့နယ် – ၃/သတန(နိုင်)
ကော့ကရိတ်ခရိုင်
၄။ ကော့ကရိတ်မြို့နယ် – ၃/ကကရ(နိုင်)
၅။ ကြာအင်းဆိပ်ကြီးမြို့နယ် – ၃/ကဆက(နိုင်)
မြဝတီခရိုင်
၆။ မြဝတီမြို့နယ် – ၃/မဝတ(နိုင်)
ဖာပွန်ခရိုင်
၇။ ဖာပွန်မြို့နယ် – ၃/ဖပန(နိုင်)
(၄) ချင်းပြည်နယ် (မြို့တော် – ဟားခါးမြို့)
ချင်းပြည်နယ်တွင် ခရိုင်(၃)ခရိုင်၊ မြို့နယ် (၉)မြို့နယ် ရှိပါသည်။
ဟားခါးခရိုင်
၁။ ဟားခါးမြို့နယ် – ၄/ဟခန(နိုင်)
၂။ ထန်တလန်မြို့နယ် – ၄/ထတလ(နိုင်)
မင်းတပ်ခရိုင်
၃။ မင်းတပ်မြို့နယ် – ၄/မတန(နိုင်)
၄။ ပလက်ဝမြို့နယ် – ၄/ပလဝ(နိုင်)
၅။ မတူပီမြို့နယ် – ၄/မတပ(နိုင်)
၆။ ကန်ပက်လက်မြို့နယ် – ၄/ကပလ(နိုင်)
ဖလမ်းခရိုင်
၇။ ဖလမ်းမြို့နယ် – ၄/ဖလန(နိုင်)
၈။ တီးတိန်မြို့နယ် – ၄/တတန(နိုင်)
၉။ တွန်းဇံမြို့နယ် – ၄/တဇန(နိုင်)
(၅) စစ်ကိုင်းတိုင်းဒေသကြီး (မြို့တော် – မုံရွာမြို့)
စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင်(၉)ခရိုင်၊ မြို့နယ် (၃၇)မြို့နယ် ရှိပါသည်။
မုံရွာခရိုင်
၁။ မုံရွာမြို့နယ် – ၅/မရန(နိုင်)
၂။ အရာတော်မြို့နယ် – ၅/အရတ(နိုင်)
၃။ ချောင်းဦးမြို့နယ် – ၅/ခဥတ(နိုင်)
၄။ ဘုတလင်မြို့နယ် – ၅/ဘတလ(နိုင်)
စစ်ကိုင်းခရိုင်
၅။ စစ်ကိုင်းမြို့နယ် – ၅/စကန(နိုင်)
၆။ မြောင်မြို့နယ် – ၅/မမန(နိုင်)
၇။ မြင်းမူမြို့နယ် – ၅/မမတ(နိုင်)
ကလေးခရိုင်
၈။ ကလေးမြို့နယ် – ၅/ကလထ(နိုင်)
၉။ ကလေးဝမြို့နယ် – ၅/ကလဝ(နိုင်)
၁၀။ မင်းကင်းမြို့နယ် – ၅/မကန(နိုင်)
ကသာခရိုင်
၁၁။ ကသာမြို့နယ် – ၅/ကသန(နိုင်)
၁၂။ အင်းတော်မြို့နယ် – ၅/အတန(နိုင်)
၁၃။ ဗန်းမောက်မြို့နယ် – ၅/ဗမန(နိုင်)
၁၄။ ကောလင်းမြို့နယ် – ၅/ကလတ(နိုင်)
၁၅။ ပင်လည်ဘူးမြို့နယ် – ၅/ပလဘ(နိုင်)
၁၆။ ဝန်းသိုမြို့နယ် – ၅/ဝသန(နိုင်)
၁၇။ ထီးချိုင့်မြို့နယ် – ၅/ထခန(နိုင်)
ခန္တီးခရိုင်
၁၈။ ခန္တီးမြို့နယ် – ၅/ခတန(နိုင်)
၁၉။ ဟုမ္မလင်းမြို့နယ် – ၅/ဟမလ(နိုင်)
၂၀။ လေရှီးမြို့နယ် – ၅/လရန(နိုင်)
၂၁။ နန်းယွန်းမြို့နယ် – ၅/နယန(နိုင်)
၂၂။ လဟယ်မြို့နယ် – ၅/လဟန(နိုင်)
မော်လိုက်ခရိုင်
၂၃။ မော်လိုက်မြို့နယ် – ၅/မလန(နိုင်)
၂၄။ ဖောင်းပြင်မြို့နယ် – ၅/ဖပန(နိုင်)
ယင်းမာပင်ခရိုင်
၂၅။ ယင်းမာပင်မြို့နယ် – ၅/ယမပ(နိုင်)
၂၆။ ဆားလင်းကြီးမြို့နယ် – ၅/ဆလက(နိုင်)
၂၇။ ပုလဲမြို့နယ် – ၅/ပလန(နိုင်)
၂၈။ ကနီမြို့နယ် – ၅/ကနန(နိုင်)
ရွှေဘိုခရိုင်
၂၉။ ရွှေဘိုမြို့နယ် – ၅/ရဘန(နိုင်)
၃၀။ ဒီပဲယင်းမြို့နယ် – ၅/ဒပယ(နိုင်)
၃၁။ ကန့်ဘလူမြို့နယ် – ၅/ကဘလ(နိုင်)
၃၂။ ခင်ဦးမြို့နယ် – ၅/ခဥန(နိုင်)
၃၃။ ကျွန်းလှမြို့နယ် – ၅/ကလန(နိုင်)
၃၄။ တန့်ဆည်မြို့နယ် – ၅/တဆန(နိုင်)
၃၅။ ရေဦးမြို့နယ် – ၅/ရဥန(နိုင်)
၃၆။ ဝက်လက်မြို့နယ် – ၅/ဝလန(နိုင်)
တမူးခရိုင်
၃၇။ တမူးမြို့နယ် – ၅/တမန(နိုင်)
(၆) တနင်္သာရီတိုင်းဒေသကြီး (မြို့တော် – ထားဝယ်မြို့)
တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင်(၃)ခရိုင်၊ မြို့နယ် (၁၀)မြို့နယ် ရှိပါသည်။
ထားဝယ်ခရိုင်
၁။ ထားဝယ်မြို့နယ် – ၆/ထဝန(နိုင်)
၂။ လောင်းလုံးမြို့နယ် – ၆/လလန(နိုင်)
၃။ သရက်ချောင်းမြို့နယ် – ၆/သရခ(နိုင်)
၄။ ရေဖြူမြို့နယ် – ၆/ရဖန(နိုင်)
မြိတ်ခရိုင်
၅။ မြိတ်မြို့နယ် – ၆/မမန(နိုင်)
၆။ တနင်္သာရီမြို့နယ် – ၆/တသရ(နိုင်)
၇။ ကျွန်းစုမြို့နယ် – ၆/ကစန(နိုင်)
၈။ ပုလောမြို့နယ် – ၆/ပလန(နိုင်)
ကော့သောင်းခရိုင်
၉။ ကော့သောင်းမြို့နယ် – ၆/ကသန(နိုင်)
၁၀။ ဘုတ်ပြင်းမြို့နယ် – ၆/ဘပန(နိုင်)
(၇) ပဲခူးတိုင်းဒေသကြီး (မြို့တော် – ပဲခူးမြို့)
ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၂၈)မြို့နယ် ရှိပါသည်။
ပဲခူးခရိုင်
၁။ ပဲခူးမြို့နယ် – ၇/ပခန(နိုင်)
၂။ ဒိုက်ဦးမြို့နယ် – ၇/ဒဥန(နိုင်)
၃။ ကျောက်တံခါးမြို့နယ် – ၇/ကတခ(နိုင်)
၄။ ကဝမြို့နယ် – ၇/ကဝန(နိုင်)
၅။ ညောင်လေးပင်မြို့နယ် – ၇/ညလပ(နိုင်)
၆။ ရွှေကျင်မြို့နယ် – ၇/ရကန(နိုင်)
၇။ သနပ်ပင်မြို့နယ် – ၇/သနပ(နိုင်)
၈။ ဝေါမြို့နယ် – ၇/ဝမန(နိုင်)
ပြည်ခရိုင်
၉။ ပြည်မြို့နယ် – ၇/ပမန(နိုင်)
၁၀။ ပန်းတောင်းမြို့နယ် – ၇/ပတန(နိုင်)
၁၁။ သဲကုန်းမြို့နယ် – ၇/သကန(နိုင်)
၁၂။ ပေါက်ခေါင်းမြို့နယ် – ၇/ပခတ(နိုင်)
၁၃။ ပေါင်းတည်မြို့နယ် – ၇/ပတတ(နိုင်)
၁၄။ ရွှေတောင်မြို့နယ် – ၇/ရတန(နိုင်)
သာယာဝတီခရိုင်
၁၅။ သာယာဝတီမြို့နယ် – ၇/သဝတ(နိုင်)
၁၆။ မိုးညိုမြို့နယ် – ၇/မညန(နိုင်)
၁၇။ အုတ်ဖိုမြို့နယ် – ၇/အဖန(နိုင်)
၁၈။ လက်ပံတန်းမြို့နယ် – ၇/လပတ(နိုင်)
၁၉။ မင်းလှမြို့နယ် – ၇/မလန(နိုင်)
၂၀။ နတ်တလင်းမြို့နယ် – ၇/နတလ(နိုင်)
၂၁။ ဇီးကုန်းမြို့နယ် – ၇/ဇကန(နိုင်)
၂၂။ ကြို့ပင်ကောက်မြို့နယ် – ၇/ကပက(နိုင်)
တောင်ငူခရိုင်
၂၃။ တောင်ငူမြို့နယ် – ၇/တငန(နိုင်)
၂၄။ ထန်းတပင်မြို့နယ် – ၇/ထတပ(နိုင်)
၂၅။ ဖြူးမြို့နယ် – ၇/ဖမန(နိုင်)
၂၆။ အုတ်တွင်းမြို့နယ် – ၇/အတန(နိုင်)
၂၇။ ရေတာရှည်မြို့နယ် – ၇/ရတရ(နိုင်)
၂၈။ ကျောက်ကြီးမြို့နယ် – ၇/ကကန(နိုင်)
(၈) မကွေးတိုင်းဒေသကြီး (မြို့တော် – မကွေးမြို့)
မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၅)ခရိုင်၊ မြို့နယ် (၂၅)မြို့နယ် ရှိပါသည်။
မကွေးခရိုင်
၁။ မကွေးမြို့နယ် – ၈/မကန(နိုင်)
၂။ နတ်မောက်မြို့နယ် – ၈/နမန(နိုင်)
၃။ မြို့သစ်မြို့နယ် – ၈/မသန(နိုင်)
၄။ တောင်တွင်းကြီးမြို့နယ် – ၈/တတက(နိုင်)
၅။ ရေနံချောင်းမြို့နယ် – ၈/ရနခ(နိုင်)
၆။ ချောက်မြို့နယ် – ၈/ခမန(နိုင်)
မင်းဘူးခရိုင်
၇။ မင်းဘူး(စကု)မြို့နယ် – ၈/မဘန(နိုင်)
၈။ ပွင့်ဖြူမြို့နယ် – ၈/ပဖန(နိုင်)
၉။ ငဖဲမြို့နယ် – ၈/ငဖန(နိုင်)
၁၀။ စလင်းမြို့နယ် – ၈/စလန(နိုင်)
၁၁။ စေတုတ္တရာမြို့နယ် – ၈/စတရ(နိုင်)
ဂန့်ဂေါခရိုင်
၁၂။ ဂန့်ဂေါမြို့နယ် – ၈/ဂဂန(နိုင်)
၁၃။ ထီးလင်းမြို့နယ် – ၈/ထလန(နိုင်)
၁၄။ ဆောမြို့နယ် – ၈/ဆမန(နိုင်)
သရက်ခရိုင်
၁၅။ သရက်မြို့နယ် – ၈/သရန(နိုင်)
၁၆။ ဆင်ပေါင်ဝဲမြို့နယ် – ၈/ဆပဝ(နိုင်)
၁၇။ မင်းတုန်းမြို့နယ် – ၈/မတန(နိုင်)
၁၈။ အောင်လံမြို့နယ် – ၈/အလန(နိုင်)/မထန(နိုင်)
၁၉။ မင်းလှမြို့နယ် – ၈/မလန(နိုင်)
၂၀။ ကံမမြို့နယ် – ၈/ကမန(နိုင်)
ပခုက္ကူခရိုင်
၂၁။ ပခုက္ကူမြို့နယ် – ၈/ပခက(နိုင်)
၂၂။ ဆိပ်ဖြူမြို့နယ် – ၈/ဆဖန(နိုင်)
၂၃။ ပေါက်မြို့နယ် – ၈/ပမန(နိုင်)
၂၄။ မြိုင်မြို့နယ် – ၈/မမန(နိုင်)
၂၅။ ရေစကြိုမြို့နယ် – ၈/ရစက(နိုင်)
(၉) မန္တလေးတိုင်းဒေသကြီး (မြို့တော် – မန္တလေးမြို့)
မန္တလေးတိုင်းဒေသကြီးတွင် ခရိုင်(၇)ခရိုင်၊ မြို့နယ် (၂၈)မြို့နယ် ရှိပါသည်။
မန္တလေးခရိုင်
၁။ အောင်မြေသာဇံမြို့နယ် – ၉/အမဇ(နိုင်)
၂။ ချမ်းအေးသာဇံမြို့နယ် – ၉/ခအဇ(နိုင်)
၃။ ချမ်းမြသာစည်မြို့နယ် – ၉/ခမစ(နိုင်)
၄။ မဟာအောင်မြေမြို့နယ် – ၉/မဟမ(နိုင်)
၅။ ပြည်ကြီးတံခွန်မြို့နယ် – ၉/ပကခ(နိုင်)
၆။ ပုသိမ်ကြီးမြို့နယ် – ၉/ပသက(နိုင်)
၇။ အမရပူရမြို့နယ် – ၉/အမရ(နိုင်)
ကျောက်ဆည်ခရိုင်
၈။ ကျောက်ဆည်မြို့နယ် – ၉/ကဆန(နိုင်)
၉။ မြစ်သားမြို့နယ် – ၉/မသန(နိုင်)
၁၀။ စဉ့်ကိုင်မြို့နယ် – ၉/စကတ(နိုင်)
၁၁။ တံတားဦးမြို့နယ် – ၉/တတဥ(နိုင်)
မိတ္ထီလာခရိုင်
၁၂။ မိတ္ထီလာမြို့နယ် – ၉/မထလ(နိုင်)
၁၃။ မလှိုင်မြို့နယ် – ၉/မလန(နိုင်)
၁၄။ သာစည်မြို့နယ် – ၉/သစန(နိုင်)
၁၅။ ဝမ်းတွင်းမြို့နယ် – ၉/ဝတန(နိုင်)
မြင်းခြံခရိုင်
၁၆။ မြင်းခြံမြို့နယ် – ၉/မခန(နိုင်)
၁၇။ နွားထိုးကြီးမြို့နယ် – ၉/နထက(နိုင်)
၁၈။ ငါန်းဇွန်မြို့နယ် – ၉/ငဇန(နိုင်)
၁၉။ တောင်သာမြို့နယ် – ၉/တသန(နိုင်)
ညောင်ဦးခရိုင်
၂၀။ ညောင်ဦးမြို့နယ် – ၉/ညဥန(နိုင်)
၂၁။ ကျောက်ပန်းတောင်းမြို့နယ် – ၉/ကပတ(နိုင်)
ပြင်ဦးလွင်ခရိုင်
၂၂။ ပြင်ဦးလွင်မြို့နယ် – ၉/မမန(နိုင်)/ပဥလ(နိုင်)
၂၃။ မိုးကုတ်မြို့နယ် – ၉/မကန(နိုင်)
၂၄။ စဉ့်ကူးမြို့နယ် – ၉/စကန(နိုင်)
၂၅။ သပိတ်ကျင်းမြို့နယ် – ၉/သပက(နိုင်)
၂၆။ မတ္တရာမြို့နယ် – ၉/မတရ(နိုင်)
ရမည်းသင်းခရိုင်
၂၇။ ရမည်းသင်းမြို့နယ် – ၉/ရမသ(နိုင်)
၂၈။ ပျော်ဘွယ်မြို့နယ် – ၉/ပဘန(နိုင်)
(၁၀) မွန်ပြည်နယ် (မြို့တော် – မော်လမြိုင်မြို့)
မွန်ပြည်နယ်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၁၀)မြို့နယ် ရှိပါသည်။
မော်လမြိုင်ခရိုင်
၁။ မော်လမြိုင်မြို့နယ် – ၁၀/မလမ(နိုင်)
၂။ ရေးမြို့နယ် – ၁၀/ရမန(နိုင်)
၃။ ချောင်းဆုံမြို့နယ် – ၁၀/ခဆန(နိုင်)
၄။ ကျိုက်မရောမြို့နယ် – ၁၀/ကမရ(နိုင်)
၅။ မုဒုံမြို့နယ် – ၁၀/မဒန(နိုင်)
၆။ သံဖြူဇရပ်မြို့နယ် – ၁၀/သဖရ(နိုင်)
သထုံခရိုင်
၇။ သထုံမြို့နယ် – ၁၀/သထန(နိုင်)
၈။ ဘီးလင်းမြို့နယ် – ၁၀/ဘလန(နိုင်)
၉။ ကျိုက်ထိုမြို့နယ် – ၁၀/ကထန(နိုင်)
၁၀။ ပေါင်မြို့နယ် – ၁၀/ပမန(နိုင်)
(၁၁) ရခိုင်ပြည်နယ် (မြို့တော် – စစ်တွေမြို့)
ရခိုင်ပြည်နယ်တွင် ခရိုင်(၅)ခရိုင်၊ မြို့နယ် (၁၇)မြို့နယ် ရှိပါသည်။
စစ်တွေခရိုင်
၁။ စစ်တွေမြို့နယ် – ၁၁/စတန(နိုင်)
၂။ ပေါက်တောမြို့နယ် – ၁၁/ပတန(နိုင်)
၃။ ပုဏ္ဏားကျွန်းမြို့နယ် – ၁၁/ပဏတ(နိုင်)
၄။ ရသေ့တောင်မြို့နယ် – ၁၁/ရသတ(နိုင်)
ကျောက်ဖြူခရိုင်
၅။ ကျောက်ဖြူမြို့နယ် – ၁၁/ကဖန(နိုင်)
၆။ ရမ်းဗြဲမြို့နယ် – ၁၁/ရဗန(နိုင်)
၇။ အမ်းမြို့နယ် – ၁၁/အမန(နိုင်)
၈။ မာန်အောင်မြို့နယ် – ၁၁/မအန(နိုင်)
မြောက်ဦးခရိုင်
၉။ မြောက်ဦးမြို့နယ် – ၁၁/မဥန(နိုင်)
၁၀။ မြေပုံမြို့နယ် – ၁၁/မပတ(နိုင်)
၁၁။ မင်းပြားမြို့နယ် – ၁၁/မပန(နိုင်)
၁၂။ ကျောက်တော်မြို့နယ် – ၁၁/ကတန(နိုင်)
သံတွဲခရိုင်
၁၃။ သံတွဲမြို့နယ် – ၁၁/သတန(နိုင်)
၁၄။ တောင်ကုတ်မြို့နယ် – ၁၁/တကန(နိုင်)
၁၅။ ဂွမြို့နယ် – ၁၁/ဂမန(နိုင်)
မောင်တောခရိုင်
၁၆။ မောင်တောမြို့နယ် – ၁၁/မတန(နိုင်)
၁၇။ ဘူးသီးတောင်မြို့နယ် – ၁၁/ဘသတ(နိုင်)
(၁၂) ရန်ကုန်တိုင်းဒေသကြီး (မြို့တော် – ရန်ကုန်မြို့)
ရန်ကုန်တိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၄၅)မြို့နယ် ရှိပါသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်
၁။ တာမွေမြို့နယ် – ၁၂/တမန(နိုင်)
၂။ တောင်ဥက္ကလာပမြို့နယ် – ၁၂/ဥကတ(နိုင်)
၃။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် – ၁၂/ဒဂဆ(နိုင်)
၄။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် – ၁၂/ဒဂတ(နိုင်)
၅။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် – ၁၂/ဒဂမ(နိုင်)
၆။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် – ၁၂/ဒဂရ(နိုင်)
၇။ ဒေါပုံမြို့နယ် – ၁၂/ဒပန(နိုင်)
၈။ ပုဇွန်တောင်မြို့နယ် – ၁၂/ပဇတ(နိုင်)
၉။ ဗိုလ်တထောင်မြို့နယ် – ၁၂/ဗတထ(နိုင်)
၁၀။ မြောက်ဥက္ကလာပမြို့နယ် – ၁၂/ဥကမ(နိုင်)
၁၁။ ရန်ကင်းမြို့နယ် – ၁၂/ရကန(နိုင်)
၁၂။ သင်္ဃန်းကျွန်းမြို့နယ် – ၁၂/သဃက(နိုင်)
၁၃။ သာကေတမြို့နယ် – ၁၂/သကတ(နိုင်)
၁၄။ မင်္ဂလာတောင်ညွန့်မြို့နယ် – ၁၂/မဂတ(နိုင်)
ရန်ကုန်မြောက်ပိုင်းခရိုင်
၁၅။ တိုက်ကြီးမြို့နယ် – ၁၂/တကန(နိုင်)
၁၆။ ထန်းတပင်မြို့နယ် – ၁၂/ထတပ(နိုင်)
၁၇။ မင်္ဂလာဒုံမြို့နယ် – ၁၂/မဂဒ(နိုင်)
၁၈။ မှော်ဘီမြို့နယ် – ၁၂/မဘန(နိုင်)
၁၉။ ရွှေပြည်သာမြို့နယ် – ၁၂/ရပသ(နိုင်)
၂၀။ လှည်းကူးမြို့နယ် – ၁၂/လကန(နိုင်)
၂၁။ လှိုင်သာယာမြို့နယ် – ၁၂/လသယ(နိုင်)
၂၂။ အင်းစိန်မြို့နယ် – ၁၂/အစန(နိုင်)
ရန်ကုန်တောင်ပိုင်းခရိုင်
၂၃။ ကျောက်တန်းမြို့နယ် – ၁၂/ကတန(နိုင်)
၂၄။ ကွမ်းခြံကုန်းမြို့နယ် – ၁၂/ကခက(နိုင်)
၂၅။ ကိုကိုးကျွန်းမြို့နယ် – ၁၂/ကကက(နိုင်)
၂၆။ ကော့မှူးမြို့နယ် – ၁၂/ကမန(နိုင်)
၂၇။ ခရမ်းမြို့နယ် – ၁၂/ခရန(နိုင်)
၂၈။ ဆိပ်ကြီးခနောင်တိုမြို့နယ် – ၁၂/ဆကခ(နိုင်)
၂၉။ တွံတေးမြို့နယ် – ၁၂/တတန(နိုင်)
၃၀။ ဒလမြို့နယ် – ၁၂/ဒလန(နိုင်)
၃၁။ သန်လျင်မြို့နယ် – ၁၂/သလန(နိုင်)
၃၂။ သုံးခွမြို့နယ် – ၁၂/သခန(နိုင်)
ရန်ကုန်အနောက်ပိုင်းခရိုင်
၃၃။ ကမာရွတ်မြို့နယ် – ၁၂/ကမရ(နိုင်)
၃၄။ ကျောက်တံတားမြို့နယ် – ၁၂/ကတတ(နိုင်)
၃၅။ ကြည့်မြင်တိုင်မြို့နယ် – ၁၂/ကမတ(နိုင်)
၃၆။ စမ်းချောင်းမြို့နယ် – ၁၂/စခန(နိုင်)
၃၇။ ဆိပ်ကမ်းမြို့နယ် – ၁၂/ဆကန(နိုင်) # # #
( ဆိပ်ကမ်း မြို့နယ် ဖျက်သိမ်းပြီး ၂၀၂၀ ပြည့်နှစ်)
၃၈။ ဒဂုံမြို့နယ် – ၁၂/ဒဂန(နိုင်)
၃၉။ ဗဟန်းမြို့နယ် – ၁၂/ဗဟန(နိုင်)
၄၀။ မရမ်းကုန်းမြို့နယ် – ၁၂/မရက(နိုင်)
၄၁။ လမ်းမတော်မြို့နယ် – ၁၂/လမတ(နိုင်)
၄၂။ လသာမြို့နယ် – ၁၂/လသန(နိုင်)
၄၃။ လှိုင်မြို့နယ် – ၁၂/လမန(နိုင်)
၄၄။ အလုံမြို့နယ် – ၁၂/အလန(နိုင်)
၄၅။ ပန်းဘဲတန်းမြို့နယ် – ၁၂/ပဘတ(နိုင်)
(၁၃) ရှမ်းပြည်နယ် (မြို့တော် – တောင်ကြီးမြို့)
ရှမ်းပြည်နယ်တွင် ခရိုင်(၁၃)ခရိုင်၊ မြို့နယ် (၅၀)မြို့နယ် ရှိပါသည်။
တောင်ကြီးခရိုင်
၁။ တောင်ကြီးမြို့နယ် – ၁၃/တကန(နိုင်)
၂။ ဆီဆိုင်မြို့နယ် – ၁၃/ဆဆန(နိုင်)
၃။ ကလောမြို့နယ် – ၁၃/ကလန(နိုင်)
၄။ ရပ်စောက်မြို့နယ် – ၁၃/ရစန(နိုင်)
၅။ ညောင်ရွှေမြို့နယ် – ၁၃/ညရန(နိုင်)
၆။ ပင်းတယမြို့နယ် – ၁၃/ပတယ(နိုင်)
၇။ ပင်လောင်းမြို့နယ် – ၁၃/ပလန(နိုင်)
၈။ ရွာငံမြို့နယ် – ၁၃/ရငန(နိုင်)
၉။ ဖယ်ခုံမြို့နယ် – ၁၃/ဖခန(နိုင်)
၁၀။ ဟိုပုံးမြို့နယ် – ၁၃/ဟပန(နိုင်)
ကျိုင်းတုံခရိုင်
၁၁။ ကျိုင်းတုံမြို့နယ် – ၁၃/ကတန(နိုင်)
၁၂။ မိုင်းခတ်မြို့နယ် – ၁၃/မခန(နိုင်)
၁၃။ မိုင်းယန်းမြို့နယ် – ၁၃/မယန(နိုင်)
၁၄။ မိုင်းပျဉ်းမြို့နယ် – ၁၃/မပတ(နိုင်)
တာချီလိတ်ခရိုင်
၁၅။ တာချီလိတ်မြို့နယ် – ၁၃/တခလ(နိုင်)
၁၆။ မိုင်းဖြတ်မြို့နယ် – ၁၃/မဖန(နိုင်)
၁၇။ မိုင်းယောင်းမြို့နယ် – ၁၃/မယတ(နိုင်)
မက်မန်းခရိုင်
၁၈။ မက်မန်းမြို့နယ် – ၁၃/ပယန(နိုင်)
မိုးမိတ်ခရိုင်
၁၉။ မိုးမိတ်မြို့နယ် – ၁၃/မမတ(နိုင်)
၂၀။ မဘိမ်းမြို့နယ် – ၁၃/မဘန(နိုင်)
မိုင်းဆတ်ခရိုင်
၂၁။ မိုင်းဆတ်မြို့နယ် – ၁၃/မဆန(နိုင်)
၂၂။ မိုင်းတုံမြို့နယ် – ၁၃/မတန(နိုင်)
မူဆယ်ခရိုင်
၂၃။ မူဆယ်မြို့နယ် – ၁၃/မဆတ(နိုင်)
၂၄။ ကွတ်ခိုင်မြို့နယ် – ၁၃/ကခန(နိုင်)
၂၅။ နမ့်ခမ်းမြို့နယ် – ၁၃/နခန(နိုင်)
လင်းခေးခရိုင်
၂၆။ လင်းခေးမြို့နယ် – ၁၃/လခတ(နိုင်)
၂၇။ မိုးနဲမြို့နယ် – ၁၃/မနန(နိုင်)
၂၈။ မိုင်းပန်မြို့နယ် – ၁၃/မပန(နိုင်)
၂၉။ မောက်မယ်မြို့နယ် – ၁၃/မမန(နိုင်)
လွိုင်လင်ခရိုင်
၃၀။ လွိုင်လင်မြို့နယ် – ၁၃/လလန(နိုင်)
၃၁။ ကွန်ဟိန်းမြို့နယ် – ၁၃/ကဟန(နိုင်)
၃၂။ လဲချားမြို့နယ် – ၁၃/လခန(နိုင်)
၃၃။ မိုင်းကိုင်မြို့နယ် – ၁၃/မကန(နိုင်)
၃၄။ မိုင်းရှူးမြို့နယ် – ၁၃/မရန(နိုင်)
၃၅။ ကျေးသီးမြို့နယ် – ၁၃/ကသန(နိုင်)
၃၆။ နမ့်စန်မြို့နယ် – ၁၃/နစန(နိုင်)
လားရှိုးခရိုင်
၃၇။ လားရှိုးမြို့နယ် – ၁၃/လရန(နိုင်)
၃၈။ သိန္နီမြို့နယ် – ၁၃/သနန(နိုင်)
၃၉။ ကွမ်းလုံမြို့နယ် – ၁၃/ကလန(နိုင်)
၄၀။ မိုင်းရယ်မြို့နယ် – ၁၃/မရတ(နိုင်)
၄၁။ တန့်ယန်းမြို့နယ် – ၁၃/တယန(နိုင်)
ကျောက်မဲခရိုင်
၄၂။ ကျောက်မဲမြို့နယ် – ၁၃/ကမန(နိုင်)
၄၃။ သီပေါမြို့နယ် – ၁၃/သပန(နိုင်)
၄၄။ မန်တုံမြို့နယ် – ၁၃/မတတ(နိုင်)
၄၅။ နမ့်ဆန်မြို့နယ် – ၁၃/နဆန(နိုင်)
၄၆။ နမ္မတူမြို့နယ် – ၁၃/နမတ(နိုင်)
၄၇။ နောင်ချိုမြို့နယ် – ၁၃/နခတ(နိုင်)
လောက်ကိုင်ခရိုင်
၄၈။ လောက်ကိုင်မြို့နယ် – ၁၃/လကန(နိုင်)
၄၉။ ကုန်းကြမ်းမြို့နယ် – ၁၃/ကကန(နိုင်)
ဟိုပန်ခရိုင်
၅၀။ ဟိုပန်မြို့နယ် – ၁၃/ဟပန(နိုင်)
(၁၄) ဧရာဝတီတိုင်းဒေသကြီး (မြို့တော် – ပုသိမ်မြို့)
ဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ် (၂၆)မြို့နယ် ရှိပါသည်။
ပုသိမ်ခရိုင်
၁။ ပုသိမ်မြို့နယ် – ၁၄/ပသန(နိုင်)
၂။ ကန်ကြီးထောင့်မြို့နယ် – ၁၄/ကကထ(နိုင်)
၃။ ကျုံပျော်မြို့နယ် – ၁၄/ကပန(နိုင်)
၄။ ငပုတောမြို့နယ် – ၁၄/ငပတ(နိုင်)
၅။ သာပေါင်းမြို့နယ် – ၁၄/သပန(နိုင်)
၆။ ကျောင်းကုန်းမြို့နယ် – ၁၄/ကကန(နိုင်)
၇။ ရေကြည်မြို့နယ် – ၁၄/ရကန(နိုင်)
မအူပင်ခရိုင်
၈။ မအူပင်မြို့နယ် – ၁၄/မအပ(နိုင်)
၉။ ဓနုဖြူမြို့နယ် – ၁၄/ဓနဖ(နိုင်)
၁၀။ ပန်းတနော်မြို့နယ် – ၁၄/ပတန(နိုင်)
၁၁။ ညောင်တုန်းမြို့နယ် – ၁၄/ညတန(နိုင်)
ဟင်္သာတခရိုင်
၁၂။ ဟင်္သာတမြို့နယ် – ၁၄/ဟသတ(နိုင်)
၁၃။ ဇလွန်မြို့နယ် – ၁၄/ဇလန(နိုင်)
၁၄။ ကြံခင်းမြို့နယ် – ၁၄/ကခန(နိုင်)
၁၅။ မြန်အောင်မြို့နယ် – ၁၄/မအန(နိုင်)
၁၆။ အင်္ဂပူမြို့နယ် – ၁၄/အဂပ(နိုင်)
၁၇။ လေးမျက်နှာမြို့နယ် – ၁၄/လမန(နိုင်)
မြောင်းမြခရိုင်
၁၈။ မြောင်းမြမြို့နယ် – ၁၄/မမန(နိုင်)
၁၉။ ဝါးခယ်မမြို့နယ် – ၁၄/ဝခမ(နိုင်)
၂၀။ အိမ်မဲမြို့နယ် – ၁၄/အမန(နိုင်)
ဖျာပုံခရိုင်
၂၁။ ဖျာပုံမြို့နယ် – ၁၄/ဖပန(နိုင်)
၂၂။ ဘိုကလေးမြို့နယ် – ၁၄/ဘကလ(နိုင်)
၂၃။ ဒေးဒရဲမြို့နယ် – ၁၄/ဒဒရ(နိုင်)
၂၄။ ကျိုက်လတ်မြို့နယ် – ၁၄/ကလန(နိုင်)
လပွတ္တာခရိုင်
၂၅။ လပွတ္တာမြို့နယ် – ၁၄/လပတ(နိုင်)
၂၆။ မော်လမြိုင်ကျွန်းမြို့နယ် – ၁၄/မမက(နိုင်)
(၉) နေပြည်တော်
နေပြည်တော်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၈)မြို့နယ် ရှိပါသည်။
ဒက္ခိဏခရိုင်
၁။ ဒက္ခိဏသီရိမြို့နယ် – ၉/ဒခသ(နိုင်)
၂။ လယ်ဝေးမြို့နယ် – ၉/လဝန(နိုင်)
၃။ ပျဉ်းမနားမြို့နယ် – ၉/ပမန(နိုင်)
၄။ ဇမ္ဗူသီရိမြို့နယ် – ၉/ဇဗသ(နိုင်)
ဥတ္တရခရိုင်
၅။ ဥတ္တရသီရိမြို့နယ် – ၉/ဥတသ(နိုင်)
၆။ ပုဗ္ဗသီရိမြို့နယ် – ၉/ပဗသ(နိုင်)
၇။ တပ်ကုန်းမြို့နယ် – ၉/တကန(နိုင်)
၈။ ဇေယျာသီရိမြို့နယ် – ၉/ဇယသ(နိုင်)


; Original Uploader.

18/05/2022

တချို့က လခ ၂သိန်းလောက်အတွက်လုပ်နေချိန်
တချို့က ၆သိန်းလောက်ရနေပြီ
တချို့က ၆သိန်းလောက်နဲ့ပျော်နေချိန်
တချို့က ၁၀သိန်းဝန်းကျင်ရှာနေနိုင်ပြီ
တချို့က ၁၀သိန်းဝန်ကျင်ရှာနိုင်ချိန်မှာ
တချို့က ၁၅သိန်း၊ သိန်း၂၀ရှာနေနိုင်ပြီ
တချို့က လစဉ်ဝင်ငွေ သိန်း၃၀ ၄၀. ၅၀ /၆၀........
လ၁လ ကုန်တာခြင်းတူပေမယ့် လုပ်နိုင်စွမ်းနဲ့ ရပိုင်ခွင့်တွေ ဝင်ငွေတွေ ကွာကုန်ပြီ။

အသက်တွေကြီးလာတာချင်းအတူတူ စုဆောင်းမှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေ ကွာလာကြပြီ........
လုပ်နိုင်စွမ်းရှိတဲ့ ငယ်ရွယ်ချိန်မှာ
ပိုရုန်းကန်ပါ စွန့်စားပါ....စိတ်ကူးအိမ်မက်တွေအကောင်ထည်ဖေါ်ပါ။

သတိ
သင့်အသက်ကြီးလာနေပါပြီ။သက်တောင့်သက်သာရှိတဲ့နယ်ပယ်)မှာပဲမပျော်ပါနဲ့။ ရုန်းထွက်ပါ။ စွန့်စားပါ။
သင်လိုချင်တဲ့ဘဝကိုသင်ကိုယ်တိုင်ဖန်တီးပါ။

ဝန်ထမ်းလုပ်မယ်ဆိုလည်း အရာရောက်ပြီး
အရေးပါတဲ့သူဖြစ်ပါစေ။
ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုလဲ
ဝီရိယနှင့်အမျှော်အမြင်ရှိပါစေ။

ကြိုးစားချင်စိတ်နဲ့ လေ့လာသင်ယူစိတ်ရှိဖို့က
အဓိကကျပါတယ်။

✍👸

15/05/2022

စီးပွားရေးမှာ သိပ်အားကျရတဲ့သူတယောက်ရှိတယ်
သူပြောဖူးတဲ့ စကားတစ်ခု

လူတယောက်က တစ်လဝင်ငွေ
၁သိန်းရတယ် ဆိုပါတော့
တစ်လ ကို ၁ သိန်းသုံးတယ်

သူ တစ်လ ဝင်ငွေ ၅သောင်းပဲရတော့တဲ့အခါ
ဘာလုပ်မလဲတဲ့

ကိုယ် ထင်ခဲ့တာ
အသုံးစရိတ်ကို တဝက်လျှော့သုံးမယ်ပေါ့

သူ ရယ်တယ်
အဲ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူး

တစ်လကို ၅သောင်း အသုံးစားရိတ်ရှိနေရင်
ငါအမြဲ ဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲ
တွေးရတယ်
လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့

စောစောကပြောတော့ ဝင်ငွေက
တဝက်ကျသွားတာဆိုလို့ ပြန်မေးတော့
သူ ထပ်ရယ်တယ်

ဒီစီးပွားက ငွေဝင်နည်းရင်
အခြားတစ်ခုကိုရအောင်ကြံပေါ့
အချိန်တိုင်း ကြံစည်နေရမှာပဲလေ

လူဆိုတာ မွေးစကနေ သေသည်အထိ
ပြေးလမ်းပေါ်မှာ ပြေးနေသလိုပဲ
ပူလောင်လိုက်တာ မညည်းနဲ့
အေးချမ်းချင် တရားရိပ်ခိုလိုက်တဲ့

အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ
စက်လှေအစီး ၈၀ ပိုင်တဲ့ Company ရဲ့
Director ဖြစ်နေပြီ

သူငယ်ငယ်က သူ့မိသားစုက
စက်လှေ ၁ စီးထဲနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေ
သူ့ဘဝမှာ ရုပ်ရှင်ရုံလဲ မသိဘူး
ပန်းခြံလဲ မသိဘူး
အချစ်ကိုလဲ ဦးစားမပေးခဲ့ဘူး
အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင်
မင်းကြောင့် ငါ အာရုံစိုက်မရဖြစ်တယ်ကွ ဆိုပြီး
လှမ်းဆဲတတ်တဲ့သူမျိုးး

သူ့မှာ...
လူငယ်ဘဝလဲ ဆုံးရှုံးတယ်
ပျော်စရာဆိုတာ မရှိသလောက်ပဲ

ဒီလို နေရတာ ပျော်ရဲ့လား?
ဘဝက ဘာအဓိပ္ပါယ်ရှိမလဲ ကိုယ်မေးတော့

အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားနိုင်တယ်
ဆင်းရဲသူတွေကို ပေးနိုင်လှူနိုင်တယ်
မကျန်းမာတဲ့အခါ ကုနိုင်တယ်
ဆွေမျိုးတွေကို ထောက်ပံ့နိုင်တယ်
တစ်နေ့ သားသမီးရှိလာရင် ပြည့်စုံမှုပေးနိုင်တယ်လေ
ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို
အတ္တကြီးရာ ကျတာပေါ့တဲ့

ဘဝမှာ တခုပဲရမယ်
အောင်မြင်မှုလားး အေးချမ်းမှုလားး
နှစ်ခုလုံးလိုချင်လို့တော့ မရဘူး
ကြာလာလေ သဘောပေါက်လာလေပဲ

ထမင်းကြမ်းကို ယပ်ခပ်စားရတာ
ပြဿနာမဟုတ်ပေမယ့်
ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ ထိုင်ကြည့်ရတဲ့အခါတော့ အတော့်ကို နာကျင်ရတယ်
သူများစားရင် ကျွေးချင်တယ်
သူများဝတ်ရင် ဆင်ချင်တယ်
သူများပေးရင် ကိုယ်လဲပေးချင်တယ်
ဒါဟာ လောဘ ဆိုရင်
ဟုတ်တယ် ကျနော် သိပ်လောဘကြီးတာပဲ

Crd >>> မူရင်းတင်သူ

14/05/2022

Never_Give_Up 💪💪💪💪💪

Credit _Photo

13/05/2022

'' Jack Ma ရဲ့အကြံပေးစကား ''

သဘောကျရင် မျှ​ေ၀သွားဖို့မမေ့နဲ့နော် ☺️☺️☺️
Credit >>> Ar-Mate

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay